Thursday, August 13, 2009

Marketing ဆိုတာ......

တစ်

ဧည့်ခံပွဲတစ်ခုမှာ အင်မတန်လှပတဲ့ မိန်းမချောတစ်ဦးကိုတွေ့ လိုက်ပြီဆိုပါတော့။
သူ့ ဆီတိုက်ရိုက်ဝင်ပြီး “ကျွန်တော်က အင်မတန်ချမ်းသာတဲ့သူဌေးပါ။
ကျွန်တော့်ကို လက်ထက်မလား” လို့ မေးရင်
အဲဒါ Direct Marketing ။ တိုက်ရိုက်ဈေးကွက်တင်တာပေါ့။

နှစ်

ပါတီမှာ သူငယ်ချင်းတစ်သိုက်နဲ့  ပျော်နေကြတုန်းမှာ အင်မတန်လှပတဲ့
မိန်းကလေးကိုတွေ့ တယ်။ သူငယ်ချင်းတစ်ယောက်က အဲဒီမိန်းကလေးဆီ
လျှောက်သွားပြီး ခင်ဗျားကို လက်ညိုးထိုးပြတယ်။
“သူက သိပ်ချမ်းသာတာ၊ သူ့ ကိုကြိုက်လိုက်ပါလား” လို့ ပြောရင်
အဲဒါ Advertising ။ ကြော်ငြာသဘောတရား။

သုံး

ပါတီမှာ မိန်းမချောလေးကိုတွေ့ လို့ တယ်လီဖုန်းနံပါတ် တောင်းထား
လိုက်တယ်။ နောက်နေ့ ကျတော့ တယ်လီဖုန်းနဲ့  လှမ်းပြီး
“ ကျွန်တော်ကသိပ်ချမ်းသာတဲ့လူပါ။ ကျွန်တော်ကို လက်ထက်မလား”
လို့ မေးရင် အဲဒါ Telemarketing ။

လေး

ပါတီမှာ ကောင်မလေးကိုတွေ့ တယ်။ စကားရောဖောရောတွေလုပ်ပြီး
အချိုရည်ယူပေး၊ စားစရာယူပေးတွေ လုပ်တယ်။ပြန်မယ်ဆိုတော့
ကားအထိလိုက်ပို့ ပေးပြီး တံခါးဖွင့်ပေးတယ်။ ပြီးတော့မှ စကားကြီး
သုံးခွန်းပြောတယ်။ အဲဒါ Public Relation ။ ပြန် /ဆက်ပေါ့။

ငါး

ပါတီမှာ ကောင်မလေးက ခင်ဗျားဆီကို တန်းတန်းမတ်မတ် ရောက်လာပြီး
“ ရှင်က သိပ်ချမ်းသာတယ်ဆို၊ ကျွန်မကို လက်ထက်ပါလားဟင်” လို့ မေးရင်
အဲဒါ Brand Recognition။ ဈေးကွက်မှာ ပစ္စည်းပေါက်သွားတာ။

ခြောက်

ပါတီမှာ ကောင်မလေကိုတွေ့ တယ်။ သူ့ ဆီသွားပြီး “ ကိုယ်ကသူဌေးလေးပါ။
ကိုယ့်ကိုလက်ထက်ပါလား” လို့  ပြောတယ်။ကောင်မလေးက လှည့်ကြည့်ပြီး
ပါးကြီးကို အားရပါးရ ထိထိမိမိ တွယ်ထည့်လိုက်တယ်။
အဲဒါ Customer Feedback ။ စားသုံးသူရဲ့ သဘောထား။

ခုနှစ်

ပါတီမှာ တွေ့ တဲ့ကောင်မလေးကို ခင်ဗျားက ချဉ်းကပ်ပြီး သုံးခွန်းသော
စကားပြောတယ်။ သူက “အတော်ပဲ ကျွန်မယောက်ျားနဲ့ မိတ်ဆက်ပေးရဦးမယ်”
ဆိုပြီး သူ့ ဘေးက ဘဲကြီး နဲ့ မိတ်ဆက်ပေးတယ်။
အဲဒါ Demand and Supply Gap ။ ၀ယ်လိုအားနဲ့ ရောင်းလိုအားကွာဟမှု။

ရှစ်

ပါတီမှာ ကောင်မလေးတွေ့ လို့ ချဉ်းကပ်ဖို့ ခြေလှမ်းပြင်နေတုန်းတစ်ယောက်က
ဝင်လာပြီး “ကိုကိုကသူဌေး၊လက်ထက်ကြရအောင် နော် ” လို့ ဖြတ်ခုတ်သွားရင်
အဲဒါ Competition, Eating into your market share ။ ဈေးကွက်အလုခံတာ။

ကိုး

ပါတီမှာကောင်မလေတွေ့ လို့  ချဉ်းကပ်လမ်းဖောက်နေတုန်း
အိမ်ကဟာမကြီးပေါ်လာပြီး “မောင်ရေ” လို့  အသံပေးလိုက်တယ်။
အဲဒါ Market Restriction ။ ဈေးကွက်ချုပ်ချယ်မှုဝင်လာတာ။



...................................

Wednesday, August 5, 2009

ကဲ… အခုပဲ စကြမလား…

လူဦးရေလွန်စွာမှနည်းပါးလှသောနိုင်ငံ တစ်ခုတွင်…..
နိုင်ငံတော် အစိုးရမှ ဥပဒေသစ်တရပ်ကို ထုတ်ပြန်ကြေငြာလိုက်ရာဝယ်…

လက်ထပ်ထားပြီး ငါးနှစ်အတွင်းမှာ အကြင်လင်မယားတိုင်း ရင်သွေးတယောက်
ရရှိထားပြီး ဖြစ်ရပါမယ် တဲ့။ ဒီတာဝန်ကို မကျေပွန်ခဲ့ရင် သက်ဆိုင်ရာမှ
ကြီးကြပ်၍ ယောက်ျားတယောက်ကို စေလွှတ်ကာ ထိုအိမ်ထောင်ရှင်မအား
မိခင်တယောက် ဖြစ်လာစေရေးအတွက် လိုအပ်သည်များကို တာဝန်ယူ
ဆောင်ရွက်ပေးမှာ ဖြစ်ပါသတဲ့။

ငါးနှစ်မြောက် မင်္ဂလာနှစ်ပတ်လည် ကျင်းပပြီး နောက်တနေ့မှာတော့ အခုထိ
ကလေးမရသေးတဲ့ အကြင်စုံတွဲဟာ ဒီကိစ္စကို စဉ်းစားရတော့တာပေါ့…

ယောက်ျားလုပ်သူက…

"မိန်းမရေ… ကိုယ်ကတော့အလုပ် သွားရတော့မယ်ကွာ။ ဒီကနေ့ သက်ဆိုင်ရာ
ရုံးချုပ်က လွှတ်တဲ့လူ လာလိမ့်မယ် ထင်တယ်။ ဘယ်တတ်နိုင်မှာလဲ အချစ်ရာ။
ကိုယ်ကမှ အဖြစ်မရှိခဲ့တာကိုး။ မင်းသာဖြစ်လာသမျှကို သတ္တိရှိရှိနဲ့
ရင်ဆိုင်ပေတော့နော်။ ကိုယ်သွားတော့မယ်ကွာ… "

အဲဒီလိုပြောပြီး ခေါင်းကိုငိုက်စိုက်ဆွဲ… မျက်လွှာကို အောက်ကိုချပြီး
စိတ်ဓာတ်ကျစွာနဲ့ပဲ အိမ်ကနေ ထွက်သွားတော့တယ်။ သူ့အမျိုးသမီးကတော့
အိမ်မှုကိစ္စတာဝန်တွေကို ဆက်လုပ်နေတာပေါ့။

ခဏနေတော့ အိမ်ရှေ့ကနေ ခေါင်းလောင်းသံ ကြားလိုက်ရတယ်။ တကယ်တော့
တံခါးဝမှာ စောင့်နေတဲ့သူကသက်ဆိုင်ရာက လွှတ်လိုက်တဲ့ လူမဟုတ်ပါဘူး။
မွေးကင်းစအရွယ် ကလေးလေးတယောက်ကို ဓာတ်ပုံရိုက်ပေးဖို့ လာရင်း
အိမ်နံပါတ်မှားပြီး ရောက်လာတဲ့ ကင်မရာမင်း( ဓါတ်ပုံဆရာ)တယောက်ပါ။

အမျိုးသမီးက တခါးဖွင့်လိုက်ချိန်မှာပဲ ဓာတ်ပုံဆရာက စပြောပါတယ်…

"မင်္ဂလာရှိသော နံနက်ခင်းပါခင်ဗျာ။ ကျွန်တော် လာရင်းကိစ္စကတော့… "

"သိ.. သိ.. သိပါတယ်ရှင့်… ဦး.. အဲ ကိုဘယ်သူ… "

"ကျနော့်နာမည် ဝေယံ လို့ ခေါ်ပါတယ် ခင်ဗျာ… ကျွန်တော် အထူးပြုထားတဲ့
အလုပ်အကိုင်က… "

"သိ.. သိပြီးသားပါရှင်… ခဏထိုင်ပါဦး "

"ခင်ဗျား အမျိုးသားလဲ သဘောတူမယ် ထင်ပါတယ်ဗျာ… "

"ဟုတ်တယ်ရှင့်.. ဒီမနက်ပဲ ကျမတို့ ဒီအကြောင်း ပြောဖြစ်ကြတာပါ… ဒီကိစ္စကို
ဒီအိမ်ထဲမှာပဲ ရှင်းဖို့ မှာသွားပါတယ်။ "

"ဟုတ်ကဲ့ခင်ဗျာ… အဆင်သင့်ဖြစ်ရင် အခုပဲ စလိုက်ကြရအောင်လေ။ "

"ဟို… ဟိုလေ… ကျမက ဒါမျိုးတွေ အတွေ့အကြုံမရှိဖူးတော့ ဟိုဒင်း… ဘယ်ကဘယ်လိုစရမယ်
မသိဘူးနော်…"

"ဒီကိစ္စအတွက်တော့ ကျနော့်ကို အားကိုးစမ်းဘာဗျာ…။ အင်း… ကျနော့်အထင်တော့
ဒီဆိုဖာပေါ်မှာရယ်… ဟောဟိုက စာကြည့်စားပွဲဘေးမှာရယ်… ရေချိုးခန်းထဲမှာ..
အင်္ကျီဗလာနဲ့။ ဒီကော်ဇောပေါ်မှာ ဆိုရင်တော့ ဘောင်းဘီတို ဒါမှမဟုတ် အပေါ်က
အဝတ်တထည်တော့ ဝတ်ထားမှ ကောင်းမယ်ဗျ။ "

"ဘုရား..ဘုရား… အဲလောက်ကြီးတောင်လား… "

"ဟုတ်တယ်လေဗျာ။ တခေါက်ထဲနဲ့တော့ ဘာပုံထွက်လာမလဲမှ မသိနိုင်တာ။ ပုံစံ
ခြောက်မျိုးလောက်ဆိုတော့ စိတ်ချရတာပေါ့ အမကြီးရာ။ "

"ကျမတောင်းပန်ပါတယ်ရှင်… အခုကြားရသမျှကတော့ ဘယ်လိုမှ မအပ်စပ်လို့ပါ။ "

"ဒီလိုပေါ့ဗျာ… ဘာကိုမှ ချုပ်တီးမထားဘဲ စိတ်လွတ်ကိုယ်လွတ် လွှတ်ပေးလိုက်တဲ့
အခါကျတော့ အောင်မြင်မှုက ပိုပြီး ကြီးမားတတ်တယ် မဟုတ်လား… "

"အရင်ဦးဆုံး ကျနော် ဖန်တီးခဲ့တဲ့ ပုံတွေကို ပြချင်ပါတယ်ဗျာ။ "

"ရှင်ဖန်တီးခဲ့တာ… အင်း… ပြလေ… ရှင့်မှာ အချိန်ရှိတယ် မဟုတ်လား။ "

"ဟာ… အလောသုံးဆယ် မလိုပါဘူးဗျာ။ ဒီအလုပ်မျိုး လုပ်တယ်ဆိုတာ မြန်မြန်ဆန်ဆန်
ပြီးပြီးရော ဘယ်ရပါ့မလဲ… "

(ပြောရင်း ဆိုရင်း ဓာတ်ပုံ အယ်လ်ဘမ်ကို ဖွင့်ပြပြီး)

"ဒီပုံကို ကြည့်ကြည့်ပါဗျာ။ ချစ်ဖို့ မကောင်းဘူးလား။ ဒီအတွက် ကျနော်
လေးနာရီတိတိ အချိန်ပေးခဲ့ရတယ်။ ထွက်လာတဲ့ ရလဒ်က လှမှလှပဲလေ။ "

"ဟင်းးးးးး (သက်ပြင်းတွေချလိုက် တံတွေးမြိုလိုက် လုပ်နေရင်း) ဟုတ်တယ်နော်
ကလေးလေးက ချစ်စရာလေး… ဒါပေမယ့် လေးနာရီကြီးကတော့ မများဘူးလား ရှင်… "

"ဒါပေါ့.. ဒါပေါ့… နားနားပြီး ဆက်လုပ်ရတာပေါ့… ကြည့်စမ်းပါဦးဗျာ.. ဒီအောက်က
ပုံကိုကြည့်စမ်းပါ… အဲဒီတုန်းက ကျနော်က ဘစ်စ်ကား ခေါင်မိုးပေါ်မှာ…ဗျ။ "

"ကားခေါင်မိုးပေါ်မှာ… အမေလေး… မကြားဖူးတာတွေ ကြားနေရတယ်… ထူးဆန်းပါပေ့ရှင်။ "

"ဒီလိုဗျ… အမျိုးသမီးတယောက်… သူကလဲ ကျနော့် အလုပ်အကိုင်ကို သိတယ်..
ယုံကြည်တယ်.. အားကိုးတယ်ပေါ့ဗျာ… သူက သူ့အမျိုးသားကို အထူးအဆန်း
ပြချင်လို့ဆိုပြီး ကျနော့်ကို အလုပ်လာအပ်တာပေါ့… အတွေ့အကြုံရှိနေတော့လဲ
မခက်ပါဘူးလေ။ အဲဒီအခေါက်က အလုပ်သဘောအရ ဆိုပေမယ့် ကျနော်က
တကယ့်ကို စေတနာနဲ့ စိတ်နှစ်ပြီး ကြိုးစားပေးခဲ့တာဗျ။ "

"ဟော.. ဟောဟိုပုံကိုကြည့် အဲဒါက ပန်းခြံထဲမှာ… "

"ပန်းခြံထဲမှာဆိုတာက… လူတွေနဲ့လေ။ လူရှေ့သူရှေ့လဲ အလုပ်ဖြစ်တယ်..
ဟုတ်လား.....။ သူများတွေက ဝိုင်းကြည့်နေမှာပေါ့။ "

"လူတွေကြည့်တာ မကြည့်တာ ဂရုမစိုက်ပါဘူးဗျာ… ကုန်ကုန်ပြောမယ်… ကျနော်က
လူတမျိုးဗျ။ လူတွေ ဝိုင်းအုံကြည့်လေ ကျနော့်ရဲ့ အရည်အသွေးတွေက
တောက်ပြောင်လေပဲ…။ အဲဒီတခေါက်ကတော့… ဘယ်လိုပြောမလဲ… အမေလုပ်သူက
ဗီဒီယိုမင်းသမီးဗျ… သူက အဲဒီနည်းနဲ့ နာမည်ကြီးချင်တာလေ။
အဲဒီနောက်တော့ တကယ်လဲ ဟိုးလေးတကျော် ဖြစ်သွားတာပါပဲဗျာ။ "

"ဗုဒ္ဓော… ဘုရား.. ဘုရား… "


"ဟုတ်တယ်ဗျ… နေ့လည် နှစ်နာရီမှာ စလိုက်တာ ညနေ ငါးနာရီမှ ပြီးတယ်။
အဲဒီတုန်းကလောက် တခေါက်မှ မပင်ပန်းဖူးဘူးဗျာ.. တကယ်ပါပဲ။ အဲဒီအချိန်က
တုန်နေအောင် ချမ်းနေတဲ့ အချိန်ပေါ့။ လာကြည့်ကြတဲ့ လူတွေကလဲ ပြုံလို့ ခဲလို့…
အထပ်ထပ် စုအုံနေတာတင် အဝိုင်းကြီး ငါးထပ်လောက်ရှိတယ်။
လူက တအားများလေတော့ အလုပ်လုပ်ရတာလဲ သိပ် ခရီးမတွင်ဘူးလေ။ "

"ရှင်တို့က လူအုပ်ကြီးရှေ့မှာ... အိုးရေးးးး အိုးးရေးးး "

"ဘယ်နေရာကြည့်ကြည့် လူအုပ်ကြီးပဲ တွေ့ရတယ်။ ပရိတ်သတ်ကလဲ ပွဲကျပြီး
လက်ခုပ်တွေဘာတွေ ဝိုင်းတီးပေးကြတာဗျ။
အဲဒီမှာ အမေလုပ်သူက စိတ်တွေတိုလာတာပါပဲ… ကျနော်ကိုယ်တိုင်ကပဲ
ပွဲမပျက်အောင် ထိမ်းသိမ်းပေးခဲ့ရတာပေါ့။ နောက်တော့ ရဲတွေရောက်လာပြီး
ကျနော့်ကို လူကူရှင်းပေးတယ်… အမှန်က ကျနော်က နောက်ထပ် နှစ်ကွက်
သုံးကွက်လောက် ဆွဲချင်သေးတာဗျ။
ဒါပေမယ့် ချမ်းကလဲ ချမ်းနေကြပြီဆိုတော့… (အယ်လ်ဘမ်ကို ပြန်ပိတ်၍ )
ကဲ… အခုပဲ စကြမလား… ကျနော် ထောက်တံထုတ်လိုက်မယ်လေ… "

"ပြောပြောဆိုဆို သူ့ရဲ့ ကင်မရာထောက်တဲ့ ထောက်(Tripod)ကို
အိတ်ထဲကထုတ်ဖို့ ဇစ်ဆွဲသံလဲ ကြားလိုက်ရော… "

အဲဒီအမျိုးသမီးလဲ နေရာမှာတင် မေ့လဲကျသွားပါလေရောဗျာ…



...........................

Thursday, July 30, 2009

နင်တို့ ဖယ်ကြစမ်း

ဟိုရှေးရှေးတုန်းကပေါ့

နေပြည်တော်အာဏာစက် မရောက်နိုင်တဲ့နေရာမှာ လူဆိုးသူခိုးတေလေဂျပိုးတွေ
နေတဲ့ အလွန့် အလွန်ကို ကြီးမားတဲ့ နေရာတခုရှိသတဲ့။အဲ့ဒီနေရာမှာ ဘုရင်မရှိတော့
ခုဏကောင်တွေ အားလုံးပေါင်းပြီးဘုရင်တယောက်ကို ရွေးလိုက်ကြတော့တာပေါ့။
အဲ့ဒီလို နဲ့ အမိုက်ဆုံး နဲ့ ညဏ်ပညာမရှိဆုံး တကောင်က ဘုရင်ဖြစ်လာပါလေရော့လား.
သူလည်း ဘုရင်ဖြစ်ရော တတိုင်းပြည်လုံးမှာ ရှိတဲ့ ပစ္စည်းမှန်သမျှကိုငါးမူးနဲ့ ပဲ
ရောင်းခိုင်းတော့တယ်။အပြင်မှာဘယ်လောက်ပဲဈေးများများ သူ့နိုင်ငံမှာတော့ ငါးမူးပဲ
တပွဲ ကို ၈၀၀ကျပ် လောက်ဈေးရှိတဲ့ ထမင်းကစားငါးမူး ပဲပေးရတယ်။

တနေ့ မှာတော့ ဒေသန္တရ ဗဟုသုတရှာဖို့ ထွက်လာတဲ့ တက္ကသီလ က ဆရာနဲ့ သူ့ရဲ့
အထူးချွန်ဆုံး တပည့် လည်ရင်းပတ်ရင်းနဲ့  အဲ့ဒီနိုင်ငံကို ရောက်လာကြတာပေါ့။
ဆရာ တော့အဲ့ဒီဒေသ ကို သိပ်သဘောမတွေ့ ဘူးပေါ့။သူ့တပည့်ကတော့ မတရား သဘောကျတယ်.အရာအားလုံး ငါးမူးကို နော်။သူ့မှာက ပိုက်ဆံ ၈သိန်းတောင်ပါလာ တာဆိုတော့ တသက်လုံးနေလို့ ရတယ်လို့ ပြောလို့ ရတာပေါ့။

ပြန်မယ့် အချိန်လည်းရောက်ရော တပည့်ဖြစ်တဲ့သူ ကမပြန်ချင်တော့ဘူး။
ဆရာက ပြောတယ်

ဒီမှာ ငါ့တပည့် စဉ်းစားညဏ်မရှိတဲ့သူ အုပ်ချူပ်တဲ့တိုင်းပြည်မှာ မနေသင့်ဘူးတို့  ဘာတို့ ပေါ့လေ။တပည့်ကတော့ NOပါ.........
အနော် ကဒီနေရာမှာနေရင် တသက်လုံး ထိုင်စားနေလို့ ရတယ် ဆရာကြီးရေ
ပညာသင်တာက အဲ့ သလို နေ ဖို့ ပဲလေတို့ ဘာတို့ ပြောပြီးတော့နေချင်ကြောင်းကို
တတွင်တွင် ပြောနေတော့ ဆရာ ဖြစ်သူ လက်လျှော့ ရတာပေါ့။ ဒီလိုနဲ့ ဆရာပြန်ခါနီး
သူ့တပည့်ကို ဂါထာတပုဒ် သင်ပေးလိုက်တယ်။ ကဲ....တပည့်ကြီးရေ တကယ်လို့ များ
ဆင်းရဲ ဒုက္ခတွေ့ နေရရင် ဒီဂါထာကို တခါရွက်လိုက် ဆရာရောက်လာမယ်လို့
ပြောပြီးတော့ ပြန်သွားပါလေရော။ တပည့်က လည်း ဟုတ်ကဲ့ခင်ဗျားလို့ ပြောပြီး
အဲ့ဒီ နိုင်ငံမှာ နေခဲ့တော့တာပေါ့ ။ ပြီးတော့ ငါးမူးတန် အစားအစာတွေ စားရင်နဲ့ 
မတရားကြီးကို ၀လာတယ်။ ၀တာမှ တကယ်ကို အကြီးအကျယ် ၀လာတာ.

တရက်မှာ အဲ့ ဒီနိုင်ငံမှာ သူခိုးတယောက် သေဆုံးသွားတယ်။ ဘာလို့ လည်းဆိုတော့
အမတ်ချူပ်ကြီးရဲ့နေအိမ်ကို အုတ်တံတိုင်းအပြင်ဘက်ကနေ ပြီးတော့ မြောင်းဖောက်ပြီး
ဝင်တာအုတ်တံတိုင်း ပြိုကျလို့ ခေါင်းပြားပြီး သေသွားတယ်။
သူခိုးမိန်းမက မကျေနပ်ဘူး ။ ဘုရင်ကြီးကို သွားတိုင်တယ်

အိုဘယ့် ရေရှင် မြေရှင် ခြံစည်းရိုးပိုင်ရှင် ဘ၀ရှင် အမိုက်တကာထိပ်ခေါင်
ကိုယ်တော် မြတ်ကြီးဘုရားးးးးးးးးအကျွန်မျိုးမ ချစ်လင် မတော်မတရား သေဆုံးခြင်းကို
တရားမျှတမှု ရှိစေတော်မူပါ.....သူ့ခမျာ မယားကျွေးရန် စီးပွားရှာ ခြင်းသာဖြစ်ပြီး
မရှိသောကြောင့် ခိုးမိခြင်းကို အပြစ်ဟု မဆိုသင့်ပါအရှင်မင်းကြီးဘုရားးးးးးးးးးးပေါ့

ဘုရင် ကလည်း တရားမျှတမှုဆိုတာကြီး ကို မြတ်နိုးတတ်သလိုလို ဖြစ်လာတယ်။
အဲ့ဒါနဲ့  အမတ်ချူပ်ကြီးကို သေဒဏ်ပေးလိုက်တယ် ။ သေဒဏ်ဆိုတာက ကြိုးပေးသတ်စေပေါ့

အမတ်ချုပ်ကြီးကအယူခံဝင်တယ်
အရှင်မင်းကြီး ထိုအခြင်းအရာမှာ ပန်းရံဆရာနှင့်သာ သက်ဆိုင်ပါသည်။

ဒါနဲ့ ....ပန်းရံဆရာ ကြိုးပေးခံလိုက်ရရော ။ ပန်းရံ ကလည်း လျှောက်ပြန်တယ်
မှန်လှပါဘုရား အကျွန်နှင့် လားလားမျှသက်ဆိုက်ခြင်းမရှိပါ
ဘိလပ်မြေရောစပ်သူ အလုပ်သမား အသုံးမကျမှုကြောင့် ဖြစ်ပါသည်.............


ဘိလပ်မြေရောစပ်သူ ထိုအလုပ်သမားအားယခုချက်ချင်းပင် သေဒဏ်ပေး၍
တရားမျှတမှုကို တည်ဆောက်အံ့ ။ မောင်အလုပ်သမားကလည်းလျှောက်တင်ပြန်တယ်
ဘ၀ရှင်မင်းတရားကြီးခင်ဗျား။ ရေထမ်းသမား ရေပိုဖြည့်ထားသောကြောင့်ဖြစ်ပါသည်

ရေထမ်းသမားအားသေဒဏ်းးးးးးးးးး
သူလည်းမခေပါဘူး ။ လျှောက်လိုက်တာကတော့
အရှင်မင်းကြီး အကျွန်ရေဖြည့်ခြင်းမှာ ပုံမှန်သာဖြစ်ပါသည် အိုးကြီးနေပါသောကြောင့်
ရေပို ထည့်မိခြင်းဖြစ်ပါသည်။

အိုးထိန်းသည်အားသေဒဏ်ပေးစေ.....!
သူကထပ်လျှောက်တင်ပြန်တယ် ။ အကျွန်လက်က ပုံမှန်လက်ပါခင်ညား
ပုံမှန်အတိုင်းဆိုရင် ရေအိုးကြီးစရာ အကြောင်းမရှိပါဘူး ။ ဒါပေမယ့် အဲ့ဒီနေ က
အိုးလုပ်နေတုန်း အင်မတန်တောင့်ဖြောင့်တဲ့ အမျိုးသမီး အကျွန်ရှေ့က ခဏခဏ
ဖြတ်သွားဖြတ် လာလုပ်ပါတယ်။ ထိုအမျိုးသမီးအား ငေးကြည့်မိသောကြောင့်
အိုးကြီးရ ခြင်းဖြစ်ပါသည်။

လာထား
ဖြတ်လျှောက်သော ထိုအမျိုးသမီးအား သေဒဏ်

အမျိုးသမီးက ထပ်လျှောက် ပြန်တယ်
မှန်လှပါ ကရုဏာ ကြီးမားလွန်းပြီး အစွန်းရောက်မိုက်ခြင်းတရားဖြင့် နိုင်ငံတော်ကို
သာယာဝပြောလှစေသူ ဘ၀ရှင်မင်းတရားကြီးရှင်….
အကျွန်မျိုးမ ဖြတ်လျှောက်ရခြင်းမှာ ဒိုဘီအား အ၀တ်အပ်ထား၍ လျှော်ပြီးမပြီး
သွားရောက် စစ်စေး ခြင်းသာ ဖြစ်ပါသည် ။
မပြီးသောကြောင့် အကြိမ်ကြိမ် သွားမေးရခြင်း ဖြစ်ပါ သည်။

ဒီလိုနဲ့ ပဲ ဒိုဘီကို လှမ်းခေါ်လိုက်တယ်
ဘုရင်ကြီး မိန့်တော်မုပုံ က

မောင်မင်း
အသင်အ၀တ်အစား ကို အချိန်မှီ မလျှော်ဖွပ်နိုင်သောကြောင့် ထိုမိန်းမအကြိမ်ကြိမ်
ဖြတ်ရလေသည် ။ ငေးမိသော အိုးထိန်းသည်ကြောင့် အိုးသည် နဂိုအရွယ်အစားထက်
ကြီးမားလာတော့သည် ။ ရေ ဖြည့်သော လုလင်က ရေ ပို ဖြည့်မိလေရာ
ဘိလပ်မြေရောစပ်သောသူ က ရေများများ လောင်း၍ အင်္ဂ့တေ ပျော့သွားသည်
ထို့ ကြောင့်ပင် ပန်းရံဆရာ တည်ဆောက်သော အမတ်ချူပ်ကြီးနေအိမ် အုတ်တံတိုင်း
ပြိုကျ၍ သူခိုးသေဆုံးရလေသည်.

ငါကိုယ်တော်မြတ်၏ သေချာတိကျသော ဆက်ဆပ်တွေးခေါ်မှုကြောင့် အသင်တရားခံ
ပြေးမလွှတ်တော့ချေ အသင်၏ထင်ရှား ကြီးမားလွန်းလှသော ပြစ်ချက်အတွက်
သေဒဏ်းးးးးးးး

ကံဆိုးချင်တော့ ကြိုးကွင်းက အသေကြီး အလျှော့အတင်းလုပ်လို့ မရဘူး ။
ဒိုဘီက အရမ်းပိန်လွန်း တဲ့အခါ ကြတော့ ဘယ်လိုမှ စွပ်လို့ မရဘူး

ဘုရင်ကြီးက အသိညဏ် ကြီးမားစွာနဲ့ မိန့် တော်မူတယ်
ဒီကောင့်ခေါင်းက မတော်ဘူးတော်တဲ့ ကောင်ကိုရအောင်ရှာပြီး ကြိုးပေးလိုက်ပေါ့…

ဒီလိုနဲ့ မင်းချင်းတို့ ရှာလိုက်ကြတော့ ခုဏက တပည့်ကလေး ကိုသွားတွေ့တယ်
သူက အရမ်းဝနေတော့ ကြိုးကွင်းနဲ့ ကွက်တိဖြစ်နေတာကိုး သူ့ကို သေဒဏ် ချလိုက်ရော။

တပည့်က ဆရာကိုသတိရပြီး ဆရာပေးတဲ့ ဂါထာကို မန်းမုတ်လိုက်တယ်ဆိုရင်ပဲ ဆရာချက်ချင်းရောက်လာတယ် ။ ဆရာ တပည့်နှစ်ယောက်က တယောက်ကို
တယောက် အချက်ပြပြီးကြိုးကွင်းထဲ သူဝင်မယ် ငါဝင်မယ်လို့ လုနေလိုက်ကြတာမှ
မသတ်ရုံ တမယ်ပဲလို့ ကို ထင်ရတယ်...။

ဘုရင်ကြီးအံ့သြတာပေါ့
ဘယ့်နှယ် သူများတွေက သေဖို့ ကြောက်နေတဲ့ အချိန်မှာ ဒီနှကောင်ကြိုးကွင်းကို
ပြိုင်လုနေရတာတုန်း

ဘုရင်ကြီးက မေးလိုက်တာပေါ့ ။ ဘာလို့ လည်းပေါ့နော်

ဆရာက ဖြေတယ်

မှန်လှပါ တရားသဖြင့်လောကပါလနတ်မင်းအား အစဉ် ပြုံးရွှင်စေတော်မူသော် အို
ဘယ့်သမားသမတ်အရှင်မင်းကြီးခင်ဗျား ။
အကျွန်က တက္ကသီလမှ ဆရာတည်းဗေဒင်သုံးပုံကို အရည်ကြို သောက်ခဲ့သူလည်း
ဖြစ်ချေတော့သည်တမုံ ယနေ့ နက္ခတ် ၊ဂြိုလ် ၊ပက်ကျိ နှင့် ခွေးချီးတို့၏ တည်နေရာအား
သေချာတိုင်းတာ၍ စစ်ဆေးကြည့်ရာ ယနေ့ သေသောသူသည် မလွှဲဧကမုချအမှန်
စကြ၀တေးမင်း ဖြစ်လတ္တံ့။ သို့ဖြစ်ပါ၍ ကြိုးကွင်းလုနေခြင်း ဖြစ်ပါသည်။

ဘုရင်က အံကြိတ်ပြီး ရှေ့တိုးလာတယ်
သယ်............ငါ ကိုယ်တော်မြတ်ရှိရက်နဲ့ သည်ငမိုက်သားတွေ စကြ၀တေးမင်း
ဆုကို ယူစရာအကြောင်းမရှိ

နင်တို့ ဖယ်ကြစမ်း.....



.................................

Monday, July 27, 2009

ထီးလည်းမပါဘူး

Forward Mail ထဲကပါ...။တော်တော်ရယ်ရလို့ ပြန် Share ပေးလိုက်တာပါဗျာ။


လူတစ်ယောက်သည် သူဧ။်အပြစ်ကို သင်းအုပ်ဘုန်းတော်ကြီးထံသို့
ဝန်ချတောင်းပန်နေသည်။

ဘုန်းတော်ကြီး။ ။ မင်းမှာဘာအပြစ်ရှိလို့လဲ။

လူ။ ။ ကျွန်တော်အရင်တစ်ပတ်က ကျွန်တော့်သူငယ်ချင်းအိမ်ကို သွားလည်တယ်။
သူ့အိမ်ရောက်တော့ သူကမရှိဘူး။ အိမ်မှာသူ့မိန်းမပဲရှိတယ်။
အဲဒါနဲ့ကျွန်တော်ပြန်မယ်လုပ်တော့ .. မိုးက ၀ုန်းကနဲဆို ရွာချရော။ထီးကလည်းမပါဘူး။
ဒါနဲ့ပဲ သူငယ်ချင်းမိန်းမက မိုးခိုရင်းကော်ဖီသောက်လိုက်ဆိုပြီးကော်ဖီဖျော်တိုက်တယ်။
အဲ ... မိုးကလည်းတော်တော်နဲ့ မစဲဘူး။အဲဒါနဲ့ပဲ မထိန်းနိုင်ဖြစ်ပြီး သူငယ်ချင်းမိန်းမနဲ့
မှားသွားမိတယ်။ အဲဒါကြောင့် ခွင့်လွှတ်ပါ။

ဘုန်းတော်ကြီး။ ။ ရပါတယ်။ ဒါကလူတိုင်းဖြစ်နိုင်တာပဲ။ ခွင့်လွှတ်ပါတယ်။

လူ။ ။ မပြီးသေးဘူး။ လွန်ခဲ့တဲ့သုံးရက်လောက်က ကျွန်တော်ယောက္ခမအိမ်ကို
သွားလည်တယ်။မိန်းမကလည်း မအားလို့မလိုက်တော့ဘူးတဲ့။
ယောက္ခမအိမ်ရောက်တော့သူမရှိဘူး။ Party သွားတယ်တဲ့။ ကျွန်တော့်ခယ်မ
တစ်ယောက်ပဲအိမ်မှာရှိတယ်။ အဲဒါနဲ့ မကောင်းပါဘူးလေဆိုပြီး ပြန်မယ်လုပ်တော့
မိုးကရွာကော။ ထီးမပါလာပြန်ဘူး။ ဒါနဲ့ခယ်မကလည်း ကော်ဖီဖျော်တိုက်တယ်။ မိုးကလည်းတော်တော်နဲ့မတိတ်ဘူး။ အဲဒီ့မှာပဲ မထိန်းနိုင်ပဲ မှားသွားမိသေးတယ်။

ဘုန်းတော်ကြီး။ ။ အင်း......... နည်းနည်းတရားလွန်ပေမယ့် ခွင့်လွှတ်လိုက်ပါတယ်။

လူ။ ။ နောက်တစ်ခုကျန်သေးတယ်။ မနေ့က ကျွန်တော့်အဒေါ်အိမ်သွားတယ်။
အဒေါ်ဆိုတာ အဖွားရဲ့မွေးစားသမီးပါ။ ကျွန်တော်နဲ့တော့ ဘာမှမတော်ပါဘူး။
သူကလည်းအိမ်မှာမရှိဘူး။ သူ့ရဲ့သားပဲအိမ်မှာရှိတယ်။ကျွန်တော်ပြန်မယ်လုပ်တော့
မိုးကသဲသဲမဲမဲ ကိုချတော့တာပဲ။ အဲဒါနဲ့သူ့ရဲ့သားကကော်ဖီဖျော်တိုက်တယ်။
ထီးမပါတော့ပြန်လို့မရဘူးပေါ့။ အဲဒီ့မှာပေါ့ ... အဒေါ့်သားကနည်းနည်းနွဲ့နွဲ့လေး
ဆိုတော့ကျွန်တော်လည်း ....................

ဘုန်းတော်ကြီး။ ။ တော်တော် .. ဆက်မပြောနဲ့တော့။ ငါအကုန်လုံးကိုခွင့်လွှတ်တယ်။
ပြီးပြီမဟုတ်လား။ မင်း မင်း... မြန်မြန်ပြန်တော့။ မင်းဒီကိုလာတာထီးလည်းမပါဘူး။
အခုအပြင်မှာမိုးအုံ့နေပြီ။



...........................

Friday, July 17, 2009

သူငယ်ချင်းများအတွက် သတင်းကောင်း

မိမိ passport ပျောက်ဆုံးသွားသည်ဖြစ်စေ
သက်တမ်းဘယ်တော့ကုန်မလဲ သိချင်၍ ဖြစ်စေ
အင်တာနက်တွင် ကြည့်ရှုနိုင်ပါပြီ
Passport နဲ့ ပတ်သတ်သမျှ အချက်အလက်တွေအကုန်လုံး အင်တာနက်တွင် ရှာနိုင်ပါပြီ
ဒီအောက်က လင့်လေးကို ဝင်ပြီး ရှာကြည့်နိုင်ပါပြီ၏

PassPort Link





.................................