Thursday, January 29, 2009

Recent Document တွင်အရေအတွက် ထပ်တိုးခြင်း

ဖွင့်ပြီးသား File တွေကိုအလွယ်တကူ ပြန်လည်ရှာဖွေနှိုင်ဖို့အတွက် Window XP မှာ
Recent Document ဆိုတဲ့ Function လေးပါတာသိပြီးသားဖြစ်ကြမှာပါ... ဒါပေမဲ့...
Window ရဲ့Default Setting က Document စုစုပေါင်း 15ခုပဲရပါတယ်....
ဒါကို Window Registry ထဲမှာပြင်ရေးမယ်ဆိုရင်..မိမိလိုသလိုရနှိုင်ပါတယ်....


(1).Start ထဲကနေ Run ကိုနှိပ် Regedit လို့ရိုက်ပြီး OK....

(2).Registery Window တပ်လာရင် ထပ်ပြီးအဆင့်ဆင့်သွားပါမယ်....
HKEY_LOCAL_MACHINE (click) Software (click) Microsoft (click)
Windows (click) Current Version (click) Policies

(3).Policies ဆိုတဲ့ Folder ပေါ်မှာ R-Click နှိပ်ပြီး New ထဲက Key ကိုရွေးပေးပါ...
Folder Name တောင်းရင် ကြိုက်တာတခုခုပေးလိုက်ပါ... ကျွန်တော်ကတော့
Max လို့ပေးလိုက်ပါတယ်....

(4).အဲ့ဒီ့ Max ဆိုတဲ့ Folder ပေါ်မှာ R-Click နှိပ်ပြီး New ထဲက DWord ကိုထပ်ရွေးပေးပါ...
DWord ရဲ့ Name တောင်းရင် Max Recent Document လို့ပေးလိုက်ပါ...

(5).ပြီးရင်အဲ့ဒီ့ Max Recent Document ပေါ်မှာ R-Click နှိပ်ပြီး Modify ကိုရွေးလိုက်ပါ...
Value Data ကိုတော့ ကိုယ်ထားချင်တဲ့ Document အရေအတွက်ထားနှိုင်ပါတယ်...
ကျွန်တော်ကတော့ 30 လို့ပေးလိုက်ပါတယ်....

(6).OK နှိပ်ပြီးထွက်လိုက်ပါ...။

.................

Friday, January 23, 2009

မြန်မာ့အကြိုက် Car များ - (၁)

ကျွန်တော် ကားတွေအကြောင်း ရေးချင်နေတာကြာပါပြီ..
မအားလို့ရေးကိုမရေးနှိုင်ဘူး...... ကဲ..ဒီနေ့တော့ ဆော်ပြီကွာ....

မြန်မာနိုင်ငံမှာ ကားဈေးတွေ တအားစမကြီးခင်အချိန်…96-97လောက်တုန်းကပေါ့…
TOYOTA COROLLA (SE) တစီးကို 1015သိန်း လောက်ပဲရှိမယ်ထင်တယ်…
မကြာပါဘူး…. တရိပ်ရိပ်တက်လာလိုက်တာ…. 2004 ကတော့တကယ့်ကို
ဈေးကောင်းတဲ့နှစ်အဖြစ် စံချိန်တောင်တင်ခဲ့တယ်… 1996-97 လောက်တုန်းက
ဆယ်သိန်း ကနေ 15သိန်းလောက်ပဲရှိတဲ့ ကားက 2004မှာ သိန်း၂၀၀ လောက်ဖြစ်
သွားပြီ… မြန်မာနိုင်ငံမှာ အနိမ့်ဆုံးဖြစ်တဲ့ လေးဘီးကားတောင်မှ သိန်း ၅၀
လောက်မရှိရင် အကပ်မခံဘူး…. လူတွေကလဲလူတွေပဲဗျ… ပိုက်ဆံလေးနဲနဲရှိလို့
ကားဝယ်စီးတော့မယ်ဆိုတာနဲ့ .. ပါပလေကာ(Toyota Publica)/
ဆန်နီ(Nissan Sunny)လောက်ပဲစိတ်ဝင်စားကြတာ….
ပြီးတော့… ကားဝယ်ပြီးရင်လို့ပြန်ရောင်းရင်လဲ မြတ်တယ်လို့ ကျိန်းသေတွက်ထားကြတာ…

တကယ်လဲမြတ်ခဲ့ကြတော့ ကားဆိုတာကဝယ်ပြီးရင် မြတ်တယ်ဆိုတာ
အယူအဆ တစ်ခုလိုတောင်ဖြစ်ခဲ့တယ်.. စဉ်းစားကြည်လေ..
သိန်း ၁၀၀ နဲ့ဝယ်ထားတဲ့ကားကို နဲနဲပါးပါးပြန် ရှိုင်းပြီးရောင်းရင်..
ခေါ်ဈေးက ၁၄၀....ဟော….တေ့တေ့ဆိုင်ဆိုင် ဝယ်သူပေါ်လာတော့လဲ…
၁၃၀ လောက်နဲ့ လွှတ်ပေးလိုက်တယ်… ပွဲစားကလဲ.. ဒီကားက
ဘယ်လောက်ကောင်းကြောင်း… Engineဘယ်လိုကောင်းကြောင်း…
အာပေါင်အာရင်းသန်သန်နဲ့…ဝိုင်းပြီးဖိန့် လိုက်တော့…
ဟော..အရောင်းအဝယ်ကဖြစ်ရော… အရောင်းအဝယ်ကဖြစ်တော့…
ပွဲစားက owner ဆီကပွဲစားခပေး ၂သိန်း..ဝယ်သူ ဆီကပွဲစားခပေး ၂သိန်း..
ပေါင်း ၄သိန်း အိပ်ထဲထည့် …..…. ပွဲစားတွေတော်တော်ငွေရှာရလွယ်ခဲ့တယ်..
တနေ့တနေ့… ကား ၃ ၊ ၄ စီးရောင်းရတဲ့ပွဲစားဆိုရင်…စဉ်းစားသာကြည့်…
သင်္ဘောသားတွေ.. နိုင်ငံခြားသွားတဲ့သူတွေနဲ့တောင်မှ တန်းတူအခွင့်အရေး
ရခဲ့ကြတယ်…. အဲ့ဒီ့အချိန်တုန်းက….HandPhone ကလဲ… တော်ရုံတန်ရုံလူ
မကိုင်နှိင်ကြတော့..ကွမ်းတွေစား၊ မျက်မှန်နက်ကြီးတပ်ပြီး HandPhone
ခါးချိတ်ထားတဲ့ “ကားပွဲစား” ဆိုတာနဲ့… တော်ရုံတန်ရုံလူ….ငြိမ်း….

ကျွန်တော့်အထင်ပြောရရင်…. မြန်မာနိုင်ငံမှာ ကားဈေးတွေကြီးအောင်
ပွဲစားတွေလုပ်တာ.. 2004 – 5လောက်မှာ ဘယ်လောက်အထိဆိုးခဲ့သလဲဆိုရင် တခြားနိုင်ငံတွေမှရဲ့ကားသချိင်းမှာတောင်မရှိနှိုင်တော့တဲ့ 1970/75 model
ဆန်နီ(Nissan Sunny) ဆိုရင် သိန်း၂၃၀ - ၅၀ လောက်အထိ ဈေးတွေ
မြောက်ခဲ့တယ်… ဒါတောင် အောက်ကား(low Model Car)လေးတွေ…
အထက်ကား( High Model Car)တွေဆိုရင်တော့… ပြောမနေနဲ့တော့….
သိန်း ၅၀၀ဆု(ယခု သိန်း၁၀၀၀) ပေါက်ခဲ့ရင်တောင်
ခပ်ဝေးဝေးကငေးရမဲ့ကားတွေ .. ရန်ကုန်မှာ အများကြီး….
တကယ်တော့ International မှာ Car တစီးအတွက် limited warranty
က 5နှစ်ထဲပါ…ဒီလိုသာဆိုရင်.. 2009 ထဲကနေ 5နှစ် နုတ်…..
2004 နောက်ပိုင်းကားတွေ အကုန်ဘယ်နားသွားထားရမလဲ….
ဘယ်နားမှသွားမထားပါ…. 2004 Model ကားများက ဈေးကွက်ထဲမှာ..
Modelအမြင့်ဆုံးကားများအဖြစ် ဈေးခေါ်ကောင်းဆဲပါ…

International မှာ2008 Model Toyota Corolla ဆိုရင်..
US$ 18860 ပဲရှိပါတယ်….
US$ 18860 x 1250ကျပ် = 23,575,000 ကျပ်…
ဆိုတော့ သိန်း၂၃၀ ကျော်ကျော်လေးပဲရှိပါတယ်…
ရန်ကုန်မှာကတော့ သိန်း၂၃၀ ကျော်ကျော်ဆိုရင်…
1987 – 88 Model Toyota Corolla တောင်မရနှိုင်ပါဘူး….……

ပြောတာ တော်တော်တောင်ရှည်သွားပြီ…. ခွင့်လွှတ်ပါ…
ကမ္ဘာမှာနှစ်စဉ် နှစ်စဉ် ကားCompany ပေါင်းများစွာက
Carတွေဘယ်လောက်ပဲထုပ်လုပ် ထုပ်လုပ်.... မြန်မာတွေကတော့.. ကိုယ်နဲ့မတန်ရင်..လှည့်တောင်မကြည့်ပါဘူး…
ထားပါ… အခု ကျွန်တော်ပြောပြမှာက.. International မှာ
ကြိုက်မကြိုက်တော့ မသိဘူး…. မြန်မာနိုင်ငံမှာ အရမ်းကြိုက်ပြီး..
Hot ဖြစ်တဲ့ကားတွေအကြောင်းပါ….


(1) TOYOTA CALDINA

(1) First Generation Caldina ( 1992 - 1997)


1992 Toyota Caldina


1992 Toyota Caldina


1995 Toyota Caldina


1995 Toyota Caldina



(2) Second Generation Caldina ( 1997 - 2002)


1997 Toyota Caldina

1997 Toyota Caldina


(3) Third Generation Caldina ( 2002 - 2007)















..................

Tatto ထိုးကြဦးမလား - ၂

ဖြစ်နှိုင်ရင်... အကုန်လုံးထိုးပလိုက်ချင်တယ်....ဟီးဟီး
ဒါပေမဲ့... မဖြစ်ပါဘူး.... Shock ရှိတယ်.....














































....................

Monday, January 19, 2009

တရားတော်မြတ်

Ref : Forward Mail


ကျွန်တော်အိမ်ကနေ ထွက်လာတော့ Dufife Scotch Whiskyတလုံးယူုလာတယ်။
တာမွေကို ရောက်တော့ တရားပွဲဆိုင်းဘုတ်ကို တွေ့တော့စူးစမ်းချင်တဲ့ စိတ်နဲ့
ဆိုင်ကို မ၀င်သေးဘဲ၊ တရားပွဲ ရှိတဲ့ ဓမ္မာစိန္တလမ်းဘက်ကို လျှောက်သွားမိတယ်။

အဲဒီလမ်းကို မရောက်ခင်မှာဘဲ၊အဝေးကြီးတည်းက လူတွေအများကြီးထိုင်နေတာကို
မြင်နေရတယ်။ Projector အကြီးကြီးတခုကိုလည်း လှမ်းမြင်နေရတယ်။
ကျွန်တော် ဒီလိုနဲ့လျှောက်လာရင်း၊ တရားဟောမဲ့လမ်းကို ရောက်လာတော့၊
လူ ၂သောင်းလောက်၊ လမ်းဟိုဘက်ထိပ်၊ ဒီဘက်ထိပ်ထိအပြည့်ထိုင်နေတာကို
တွေ့တော့ ကျွတ်သွားတယ်။ နောက်ထပ် Projector ၃လုံးကို လမ်းတလျှောက်မှာ
ချထားတယ်။ ဟိုးဘက်လမ်းထိပ်က တရားဟောမယ့်စင်ကို သေးသေးလေးဘဲ
မြင်နေရတယ်။ Projector တွေသာချမထားရင် ဘာမှမြင်ရမှာမဟုတ်ဘူး။

လေးဖြူ ရိုးပွဲလောက်တော့ သနားတယ်ဖြစ်သွားတယ်။ လမ်းထဲမှာ အပေါ်ကနေ
တန်းထားတဲ့ တံခွန်ကြိုးတွေမှာ 'သီတဂူ' လို့ရေးထားတာတွေ့မှ၊ သီတဂူဆရာတော်
ဘုရားကြီး ဟောမှာဆိုတာသိသွားတယ်။MRTV-4 မှာဘဲမြင်ဘူးတဲ့ ဆရာတော်ကြီးကို
ကျွန်တော်လည်းမြင်ဘူးချင်နေတာနဲ့၊ ဆရာတော်ကြီးကို ဖူးအုံးမှဘဲဆိုပြီး၊
ရပ်နေမိတယ်။အဲဒီအချိန်မှာဘဲ တာဝန်ရှိသူတွေက ဆရာတော်ကြီး ကြွလာပါပြီ၊
နေရာဖယ်ပေးကြပါ ဆိုပြီး ပြောကြပါတယ်။

ဆရာတော်ကြီးရဲ့ ကားဝင်လာပြီး၊ ဆရာတော်ကားပေါ်ကဆင်းလာတော့
အင်္ကျင်္ီအဖြူနဲ့ပုဆိုးဝတ်ထားတဲ့ ယောင်္ကျားလေး ၁၀ယောက်လောက်က ဆရာတော်ကို
ရွှေထီးတွေ မိုး၊ သာသနာ အလံတော်တွေကို ကိုင်ပြီး၊ တရားဟောမဲ့ စင်ကို ပင့်ပါတယ်။
အဲဒီ အချိန်မှာ သီတဂူ တရားတော်သီချင်းကိုဖွင့်ထားပါတယ်။

ဆရာတော်ကြီး ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် တရားစင်မြင့်ဆီကိုကြွသွားတာကို
ကျွန်တော်ကြည့်ရင်း၊ မြတ်စွာဘုရား တာဝတိ့သာမှာ စင်္ကြ၀ဌာတံတိုင်းအထိ၊
ဗြာဟ္မာ နတ်လူ ပရိသတ်အပြည့် နဲ့ ဟောတဲ့ အဘိဓ္ဘာန်တရားပွဲကို မြင်ယောင်မိပါတယ်။
စိတ်ကူးနဲ့တွေးရင်တောင် မပြည့်စုံနိုင်လောက်အောင် ကြီးကျယ်ခမ်းနားပါတယ်။
ဇေတ၀န်ကျောင်းတော်၊ပုပ္ပဒ္ဒါရုံကျောင်းတော်တွေက မြတ်စွာဘုရားရဲ့တရားပွဲတော်
တွေကိုလည်း မျက်စိထဲမြင်လာတယ်။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ သဒ္ဓါတရား၊ ကြည်ညိုကိုင်းရိုင်းမူတွေကို နဖူးတွေ့၊
ဒူးတွေ့မြင်ရတော့ ရင်ထဲမှာ ပြောမပြနိုင်လောက်အောင် ကြည်နူးမိတယ်။
ဟိုဘက်လမ်းထိပ်က တရားစင်ကို ရောက်ဖို့ ဆရာတော်ကြီး ငါးမိနစ်လောက်
လျှောက်ရပါတယ်။ ဆရာတော်ကြီး တရားစင်မြင့်ပေါ်ကို ကြွနေတာကို
Projector တွေကပြနေပါတယ်။ ဆရာတော်ကြီး တရားစင်မြင့်ထက် ထိုင်ပြီး
မကြာမှီမှာ၊ ကြေငြာသူတယောက်က လှူတန်းသူမျာရဲ့ နာမည်များကို ခေါ်ပြီး၊
ဆရာတော်ကြီးက လှူတန်းမူ့ သ၀ဏ်လွှာများကိုလှူတန်းသူများကို
တယောက်ချင်း ချီးမြှင့်ပါတယ်။

ကျွန်တော်လည်း ပွင့်ခဲ့ဖူးတဲ့ ဘုရားတွေ၊ သံဃာတော်အားလုံးကို
ရည်စူးပြီး တတ်အားသမျှ လျှူလိုက်တော့၊ ၀မ်းသာကြည်နူးမိတယ်။
အဲဒီနောက် တရားပွဲ စပါတယ်။ ပရိသတ်က လမ်းတလျှောက်လုံး
အခင်းတွေပေါ်အပြည့်မို့လို့ ၊ ထိုင်စရာမရှိလို့ မတ်တပ်ရက်ပြီး
တရားနာတဲ့သူတွေရှိသလို၊ လမ်းပေါ် ဖိနပ်ခုထိုင်ပြီးတရားနာတဲ့သူတွေ
အပြည့်ပါ။

ကျွန်တော်အစက လက်ထဲမှာ အရက်ပုလင်းကြီးကိုင်ထားတာ
မကောင်းလို့ ခဏဘဲ တရားနာပြီးပြန်မလို့ပါ။ ဒါပေမဲ့ ဆရာတော်ကြီးဟောတဲ့
မြတ်ဗုဒ္ဓတရားတော်တွေက အဆုံးထိခေါ်ဆောင်သွားလို့...........

ထူးထူးခြားခြား အရက်ပုလင်းကိုင်ပြီး တရားနာခဲ့ရလို့ ....
အမွန်မြတ်ဆုံး ဓမ္မဒါန အဖြစ်....

.........

စာကြည့်တိုက်အသစ်အား မိတ်ဆက်ခြင်း

မြန်မာစာဖတ်ပရိသတ်များ အီးဘွတ် (ebooks) များကို အခမဲ့ အလွယ်တကူ
ဒေါင်းလုပ်လုပ်ပြီး ဖတ်ရှု့လို့ရနိုင်ပါပြီ။

အခုလက်ရှိ မြန်မာစာအုပ်များ နှင့် english စာအုပ်ပေါင်း ၃၀၀ နီးပါးတင်ထားပြီး
ဆက်လက်တင်နေဆဲဖြစ်ပါတယ်။

အာလုံးအသုံးပြုလွယ်ကူအောင် ၀ဘ်ဆိုဒ်ကို ရိုးရှင်းသေသပ်စွာပြုလုပ်ထားပြီး
စာအုပ်များကို ကိုယ်ပိုင်ဆာဗာတွင်သာ သိမ်းဆည်းထားသောကြောင့်
ဒေါင်းလုပ်လုပ်သည့်အခါ အခက်အခဲများ ဖြစ်ပေါ်ခြင်းလုံးဝ မဖြစ်ပေါ်နိုင်ပါ။

Books Hive သည် မြန်မာလူမျိုးများအတွက်သာ ရည်ရွယ်ကာ
သီးသန့်ပြုလုပ်ထားခြင်းဖြစ်ပါသည်။ သုတ ရသ ပညာပေး
စာမေးပွဲစသည်တို့နှင့် သက်ဆိုင်သည့် စာအုပ်များ တင်ထားရှိနှင့်ပြီး ဖြစ်ပါသည်။

ဝဘ်ဆိုဒ်ရဲ့လိပ်စာကတော့ www.books-hive.com ဖြစ်ပါတယ်။

အားလုံးပဲလာရောက် အားပေးကြလိမ့်မယ်လို့ မျှော်လင့်တောင်းတမိပါသည်။

ဒီအီးမေလ်းလေးကိုလဲ သူငယ်ချင်းများသိအောင် forward လုပ်ပြီး ဖြစ်စေ
google status တွင်တင်ပြီးဖြစ်စေ အကြောင်းကြား
ပေးစေလိုပါသည်။ ကျေးဇူးအများကြီးတင်ပါတယ်။


...................

Sunday, January 11, 2009

မြန်မာVideoများကြည့်ပြီး ရရှိလာသော ဗဟုသုတများ

Ref : Forward Mail

၁။ မြန်မာလူမျိုးများသည် အတိတ်ကို ခဏခဏ ပြန်သတိရလေ့ရှိသူများဖြစ်ကြပြီး
သီချင်းများလည်းနားထောင်လေ့ရှိသည်။


၂။ သီချင်းနားထောင်နေရင်း အတိတ်အကြောင်းများ ပြန်တွေးလေ့ရှိသူများ
ဖြစ်ကြသည်။အများအားဖြင့် အတိတ်ကိုအဖြူအမည်းဖြင့်သာသတိရလေ့ရှိသည်။

၃။ မြန်မာလူမျိုးများသည် မည်မျှပင် ဒေါသထွက်စေကာမူ ဆဲဆိုခြင်းမပြုကြ။

၎။ အိမ်တစ်အိမ်တွင် အဖိုး၊အဖွားများသည် သြဇာအရှိဆုံးလူများ ဖြစ်ကြသည်။


၅။ အသက်၄၀ကျော် မိန်းမကြီး ၉၀%ခန့်မှာအတင်းပြောတတ်သူများသာဖြစ်ကြသည်။


၆။ ရှုပ်ပွေသော မိန်းမများသည် အချိန်ပြည့် ဖဲရိုက်နေလေ့ရှိသည်။


၇။ မိန်းကလေးများ ကားပျက်လျှင် အနီးအနားတွင် ကူညီပေးချင်သော

ယောက်ျားလေးများ အများအပြားရှိသည်။


၈။ ထိုယောက်ျားလေးများအားလုံးသည် ကားပြင်တတ်သူများသာဖြစ်ကြသည်။


၉။ ထိုမိန်းကလေးသည် Handphone ရှိသော်လည်း များသောအားဖြင့်

လမ်းသွားလမ်းလာများကိုသာ အကူအညီတောင်းလေ့ရှိသည်။


၁၀။ နယ်မှ တယောက်တည်းလာနေသော မိန်းကလေးများသည် သိန်းချီပေးရသော

အခန်းများငှားနေတတ်ကြပြီး ဘတ်စ်ကားဖြင့် သွားလာလေ့ရှိသည်။


၁၁။ ကောင်မလေးများသည် အဖေါ်မပါဘဲ ညအချိန်မတော် လူပြတ်သော

လမ်းများတွင် သွားလာလေ့ရှိသည်။


၁၂။ ထိုလမ်းများတွင် အဖေါ်မပါသော ကောင်မလေးအား ဆွဲလားရမ်းလားလုပ်ဖို့

အရက်မူးနေသော လူရမ်းကားများ လူဆိုးများ စောင့်နေတတ်သည်။


၁၃။ ထိုမိန်းကလေးများသည် အများအားဖြင့် အော်ဟစ်အကူအညီတောင်းလေ့မရှိကြ။


၁၄။ ယောက်ျားလေးများသည် တစ်ယောက်တည်းပင်ဖြစ်စေကာမူ ၂ယောက်၃ယောက်

မကသော လူဆိုး၊လူမိုက်များနှင့်ရန်ဖြစ်လေ့ရှိသည်။ ရန်ဖြစ်သည့်အခါများတွင်

တိုက်ဆိုင်စွာ ဘောင်းဘီရှည်သာ ၀တ်ထားလေ့ရှိသည်။


၁၅။ ရန်ဖြစ်သည့်အချိန်တွင် လဲကျသွားပါက ရှုံးပြီဖြစ်သည်။


၁၆။ မည်သူမဆို Taxi ငှားစီးလျှင် မည်သည့်အခါမှ ဈေးမဆစ်ကြ။


၁၇။ မြန်မာလူမျိုးများသည် ရေကူးကန်နားသို့ရောက်လျှင် မည်သူ့ကိုမဆို

ရေထဲသို့တွန်းချလေ့ရှိသည်။


၁၈။ ယောက်ျားဖြစ်ပြီး နှုတ်ခမ်းမွှေးမရှိရင် အတုတပ်ထားတတ်ထားလေ့ရှိကြတယ်။


၁၉။ အသည်းကွဲသူများသည် အလွမ်းသီချင်းများ နားထောင်ပြီး ငိုကြွေးလေ့ရှိကြပြီး

မီးရထားလမ်းဘေးတွင် လမ်းလျောက်နေလေ့ရှိသည်။


၂၀။ ဖယောင်းတိုင်များထွန်းထားလျှင် အလွန်ပင်ရိုမန်တစ်ဖြစ်သည်။


၂၁။ စားသောက်ဆိုင်တွင် စကားစမြည်ပြောမည်ဆိုပါက .. အစာလုံးဝမစားရ။

(သိပ်စားချင်လျှင် အရည်တခုခု သို့မဟုတ် အနည်းငယ်မျှ စားခွင့်ရှိသည်။ )


၂၂။ အသက်မည်မျှပင်ကြီးစေကာမူ အထက်တန်းကျောင်း တက်လေ့ရှိကြသည်။


၂၃။ ကျောင်းသူမိန်းကလေးအများစုသည် စွာကျယ်စွာကျယ်စကားပြောလေ့ရှိပြီး၊

ကင်တင်းတွင် ဟီးဟီးဟားဟား လုပ်လေ့ရှိသူများဖြစ်ကြသည်။


၂၄။ ထိုမိန်းကလေးများသည် ဆိုင်ထဲသို့ ယောက်ျားလေးတစ်ယောက်လာလျှင်

ဝိုင်းစတတ်ကြသည်။ အစခံရသော ယောက်ျားလေးတိုင်း ရှက်ပြီး အမှားမှား

အယွင်းယွင်း များလုပ်လေ့ရှိသည်။


၂၅။ တက္ကသိုလ် ကျောင်းသားဘ၀ ဆိုသည်မှာ ကင်တင်းတွင် တနေကုန်ထိုင်ပြီးရီစရာ

ဟာသများပြောကာကောင်မလေးများကို ထိုင်ငမ်းနေသောနေ့ရက်များဖြစ်သည်။


၂၆။ တက္ကသိုလ်ကျောင်းဆိုသည်မှာ Myanmar Info Tech ( ICT Park ) နှင့်

အင်းလျားကန်ဘောင်ကို ဆိုလိုခြင်းဖြစ်သည်။


၂၇။ လူငယ် ယောက်ျားလေး မိန်းကလေးများသည် ၃ယောက် ၄ယောက်

အဖွဲ့လိုက်သာပေါင်းသင်းလေ့ရှိကြသည်။ တယောက်တည်း နေလေ့သိပ်မရှိ။


၂၈။ ယောက်ျားလေးအဖွဲ့မှ တယောက်ယောက်နှင့် တခြားမိန်းကလေးအဖွဲ့မှ

တယောက်ယောက် ချစ်သူရည်းစားဖြစ်သွားလျှင် ယောက်ျားလေးအဖွဲ့မှ

ယောက်ျားလေးများသည် ထိုမိန်းကလေးအဖွဲ့မှ အခြားသော

မိန်းကလေးများနှင့် ရည်းစားဖြစ်သွားလေ့ရှိသည်။


၂၉။ သမီးရည်းစားများသည် သီချင်းဖွင့်ထားသော ပန်းခြံထဲတွင်ပြေးလွှားနေကြလေ့ရှိသည်။


၃၀။ မိန်းကလေးများ အော့အန်ပါက ကိုယ်ဝန်ရှိနေပြီဖြစ်သည်။ မွေးလာသောကလေးမှာ

ယောက်ျားလေးဖြစ်လျှင် လင်ယောက်ျားမှာ အလွန်ပျော်ရွှင်လေ့ရှိသည်။


၃၁။ ကိုယ်ဝန်ရှိသောမိန်းကလေး ချော်လဲလျှင် ကိုယ်ဝန်ပျက်ကျဖို့ ၉၀% သေချာသည်။


၃၂။ မြန်မာမိန်းကလေးများသည် စိတ်ဆိုးလျှင် ပါးရိုက်လေ့ရှိကြသည်။

မိန်းကလေးတစ်ယောက်နှင့်ရန်ဖြစ်ပါက ထိုမိန်းကလေးနှင့် ရည်းစားဖြစ်တတ်သည်။


၃၃။ မိန်းကလေးတစ်ယောက်သည် ယောက်ျားလေးတစ်ယောက်အား မကျေနပ်၍

လက်စားခြေလိုလျှင် သမီးရည်းစားအဖြစ်တွဲလေ့ရှိသည်။


၃၄။ အရက်မူးလာရင် အာလေး လျှာလေးဖြင့် စကားပြောတတ်ပြီး ..

ပြောသမျှစကားအများစုမှာ ရန်စကားများသာဖြစ်ကြသည်။

အရက်ဆိုင်အတွင်းရန်ဖြစ်လျှင် များသောအားဖြင့် ရဲလာဖမ်းလေ့မရှိ။


၃၅။ မူးရူးပြီးအိမ်ပြန်လာလျှင် အိမ်ဖော်ကောင်မလေးများအား မတရားပြုကျင့်

တတ်ကြသည်။ထိုအချိန်တွင် လျှက်စီးများလက်ခြင်း၊ စားပွဲပေါ်မှ ပန်းအိုလဲသွားခြင်း၊

ကျကွဲခြင်း၊ ပန်းပွင့်ကြွေခြင်းများဖြစ်တတ်သည်။


၃၆။ အခန်းတစ်ခန်းအတွင်းမှ ထွက်လာပြီး ပုဆိုးပြင်ဝတ်လျှင် မုဒိန်းကောင်ဖြစ်သည်။
(မုဒိန်းကောင်သည် မူးနေသူဖြစ်ပြီး မျက်နှာတွင် အဆီပြန်နေပါက ၁၀၀% သေချာသည်။)


၃၇။ မတရားပြုကျင့်ခံရသူတိုင်း ကိုယ်ဝန်ရှိလာကြသည်။ သူတို့သည် အများအားဖြင့်

တရားစွဲလေ့မရှိကြ။


၃၈။ ကိုယ်ဝန်ဖျက်ချလေ့လဲမရှိသည့်အပြင် ကလေးကို တောရွာတခုခုသို့သွားပြီး

ခက်ခဲဆင်းရဲစွာ မွေးလေ့ရှိသည်။


၃၉။ အိမ်များတွင် ချောမောလှပသော အိမ်ဖေါ်ကောင်မလေးများရှိတတ်သည်။

ထိုအိမ်ဖေါ်ကောင်မလေးများသည် အိမ်ရှင်၏ သားများနှင့် ငြိစွန်းသွားတတ်ကြသည်။


၄၀။ ရုပ်ဆိုးသောအိမ်ဖေါ်အား မည်သူမျှ မတရားပြုကျင့်ခြင်းမရှိ။

အိမ်ဖေါ်မိန်းမများ၊ ခြံစောင့်များသည် အိမ်ရှင်၏ သမီးအား မမလေး ဟုသာ ခေါ်လေ့ရှိသည်။


၄၁။ Professional Graphic Designer တစ်ယောက်သည် Laptop ဖြင့် Touch pad

ကို သုံးပြီး အံသြလောက်ဖွယ်ကောင်းသော ဒီဇိုင်းများကို Microsoft paint ဖြင့်ဖန်တီးလေ့ရှိသည်။


၄၂။ Instant Messenger / Chat Client ဆိုသည်မှာ Pagemaker / MS Word ကို ဆိုလိုခြင်းဖြစ်သည်။


၄၃။ ကွန်ပျူတာပညာရှင်များသည် စာရွက်များဖြင့်သာ အလုပ်ရှုပ်နေတတ်ကြပြီး

ကွန်ပျူတာသုံးလေ့မရှိကြ။


၄၄။ နိုင်ငံခြားသွားပြီး ပညာသင်လာပါက မြန်မာပြည်တွင် အလွန်အောင်မြင်သော

စီးပွားရေးလုပ်ငန်းရှင် (သို့) ပညာရှင်အဖြစ် ရပ်တည်နိုင်သည်။


၄၅။ စီးပွါးရေးသမားအများစုသည် အနောက်တိုင်းဝတ်စုံကို ၀တ်စုံပြည့်ဝတ်ဆင်

သွားလာလေ့ရှိသည်။ထိုလူအများစုသည် အနက်ရောင် လက်ဆွဲသေတ္တာများ

ကိုင်ဆောင်လေ့ရှိကြသည်။


၄၆။ ဆင်းရဲသားများ ရန်အလွန်ဖြစ်ကြသည်။ ဆင်းရဲသား အလုပ်သမားများသည်

စုတ်ချာသော(သို့) စုတ်ပြဲနေသောအ၀တ်အစားများသာ အမြဲလိုလိုဝတ်ဆင်ကြသည်။


၄၇။ ကျေးရွာတိုင်းတွင် ထန်းတောရှိတတ်ပြီး၊ အဆိုပါထန်းတောတွင် အချိန်ပြည့်

မူးရူးနေသူများဖြင့် ပြည့်နေသော ထန်းရည်ဆိုင်ရှိသည်။


၄၈။ ရုပ်ဆိုးသူများသည် လူဆိုး၊လူမိုက်များဖြစ်ကြသည်။ လူဆိုး၊ လူမိုက်များသည်

ဘောင်းဘီသာဝတ်ကြပြီး ပုဆိုးဝတ်လေ့မရှိကြ။


၄၉။ လူဆိုးခေါင်းဆောင်အများစုသည် ကုတ်အကျီ (သို့) Leather Jacket

ဝတ်လေ့ရှိပြီး တခါတရံ ဦးထုပ်ဆောင်းတတ်ကြသည်။


၅၀။ လူဆိုးများသည် ခြံကျယ်ကြီးများ၊ တိုက်ပျက်ကြီးများတွင် စခန်းချလေ့ရှိသည်။


၅၁။ ထောင်မှထွက်လာသူများသည် ကောင်းမွန်စွာလုပ်ကိုင်စားလေ့မရှိဘဲ လူဆိုး
များဖြင့်သာ ပြန်လည်ပေါင်းသင်းပြီး ဆက်လက်ဆိုးသွမ်းကြသည်။


၅၂။ Snooker ကစားသူ အများစုသည် အကျင့်ပျက် လူပွေများသာဖြစ်လေ့ရှိသည်။


၅၃။ မင်းသား(သို့) မင်းသမီး၏ အမေများတွင် နှလုံးရောဂါ (သို့) သွေးတိုးရောဂါများရှိတတ်သည်။


၅၄။ တယ်လီဖုန်းမှ သတင်းဆိုးကြားရလျှင် တယ်လီဖုန်းပြောနေရင်းမှမူးမေ့လဲသွားတတ်သည်။


၅၅။ ဖန်ခွက်ကျကွဲလျှင် ထိုသူနှင့်ပါတ်သက်သူ တစုံတယောက်မှာ သေဘေး(သို့)

အန္တရာယ်နှင့် ကြုံနေရသည်မှာ အသေအချာပင်။


၅၆။ နှဲသံကြားပါက (နာတာရှည်) မမာမကျန်းဖြစ်နေသူများ သေတတ်သည်။


၅၇။ သေခါနီးလူမမာများသည် စကားအလွန်များသောသူများဖြစ်ကြသည်။

သူတို့စကားပြောလို့ မပြီးမချင်း သေလေ့မရှိ။


၅၈။ အဖြူရောင်ကုတ်အကျီရှည်ဝတ်ထားပြီး နားကျပ်လည်ပင်းတပ်ထားသူတိုင်း

ဆရာဝန်များဖြစ်ကြသည်။ (သို့) ဆရာဝန်တိုင်း ဂျူတီကုတ်ဝတ်ပြီး

နားကျပ်လည်ပင်းဆွဲထားတတ်ကြသည်။


၅၉။ ခွဲစိတ်ကုသမှု မအောင်မြင်လျှင် ခွဲစိတ်ဆရာဝန်ကြီးသည် ခွဲခန်းအတွင်းမှ

ခေါင်းယမ်း၍ (သို့) မျက်နှာပျက်၍ ထွက်လာတတ်သည်။


၆၀။ မိန်းကလေးများ အဖွဲ့လိုက် ခရီးထွက်ပါက ယောက်ျားလေးအဖွဲ့တဖွဲ့နှင့်

လမ်းခရီးမှာ ကြုံတွေ့လေ့ရှိပြီး ချစ်သူရည်းစားဖြစ် သွားလေ့ရှိသည်။


၆၁။ ယောက်ျားလေးမိန်းကလေးအဖွဲ့များတွင် အချောဆုံးတယောက်မှ လွဲပြီး

ကျန်သောသူငယ်ချင်းများမှာ တချိန်လုံး ဟာသလုပ်ပြီး ရီစရာများပြောနေတတ်ကြသည်။


၆၂။ အလွန်ချောမောလှပသော ကောင်မလေးများတွင် ခပ်ပေါပေါခပ်ချာချာ

အစ်ကိုတစ်ယောက်ရှိနေတတ်သည်။


၆၃။ ထိုမိန်းကလေး၏ အဖေသည် သူ၏သားမက်လောင်းအား မည်သည့်အခါမျှ မျက်နှာကျောမတည့်။

၆၄။ ခေတ်လူငယ်အများစုမှာ မိဘ တစ်ဦး(သို့)နှစ်ဦးစလုံး မရှိတတ်ကြ။ ဦးလေး အဒေါ်များသူငယ်ချင်းများဖြင့်သာနေလေ့ရှိကြသည်။


၆၅။ ခေတ်လူငယ်အများစုသည် Shopping Mall များ၊ Snack Shop များတွင်

တချိန်လုံးအချိန်ဖြုန်းနေတတ်ကြသည်။


၆၆။ အဆိုပါ ဆိုင်များတွင် တွေ့သမျှ ကောင်မလေးများအား မျက်စပစ်ပြခြင်း

စသည် စသည်များ စိတ်ကြိုက်လုပ်ခွင့်ရှိသည်။


၆၇။ စတိုးဆိုင်ရှိ အရောင်းစာရေးမများအား စိတ်ကြိုက် ရည်းစားစကားပြောခွင့်ရှိသည်။

(အရောင်းတာဝန်ခံ/မန်နေဂျာ/Security) မည်သူကမျှ မတားဆီးကြ၊


၆၈။ ညအချိန်မတော် လမ်းမပေါ်တွင် သီချင်းအကျယ်ကြီးဆိုပြီး ဂစ်တာတီးနေသူများကို

တရပ်ကွက်လုံးက သည်းညည်းခံကြသည်။


၆၉။ ဂစ်တာတလုံးထဲဖြင့် Drum/Keyboard အသံများထွက်အောင် တီးတတ်ကြသည်။


၇၀။ အလွန်တော်သောမိန်းမများသည် အသုံးမကျသော (သို့) အလွန်မာနကြီးသော

ယောက်ျားများကို ကြိုက်နှစ်သက်ကြသည်။ အလွန်ထက်မြက်သော မိန်းမများ၏

အိမ်ထောင်ရေးသည် အဆင်မပြေ။


၇၁။ ယောက်ျားနောက် ခိုးရာလိုက်ပြေးသွားသော မိန်းကလေးများသည်

မိဘများအား ခိုးရာလိုက်သွားပြီဖြစ်ကြောင်း .. လိုက်မရှာရန် နှင့် ခွင့်လွှတ်

စေချင်ကြောင်း .. အစရှိသဖြင့် စာရေးထားတတ်ကြပြီး .. အိပ်ယာပေါ်

သို့မဟုတ် အိပ်ယာဘေးကစားပွဲပေါ်တင်ထားလေ့ရှိကြသည်။


၇၂။ ထိုစာအများစုတွင် သမီးမိုက် ဆိုသော စာသား ပါလေ့ရှိသည်။
၇၃။ ယောက်ျားလေးအများစုကတော့ မိဘကို မိန်းမခိုးမည့်ကိစ္စနှင့်

ပါတ်သက်ပြီး လုံးဝ အသိပေးလေ့မရှိ။

၇၄။ ယောက်ျားလေးများ၏အခန်းသည် လူမနေသည့်အခန်းကဲ့သို့

အစဉ်အမြဲရှင်းလင်းနေတတ်ပြီး သန့်ရှင်းနေလေ့ရှိသည်။


၇၅။ လူငယ်များသည် ပူအိုက်သောရာသီမှာပင် အနွေးထည်များဝတ်ဆင်ကြလေ့ရှိသည်။


၇၆။ လူငယ်များ၏ နာမည်အများစုမှာ ခေါ်ရခက်သော တောက်ညင်ကတ်ဖွယ်

နာမည်များဖြစ်လေ့ရှိသည်။ တခါတရံ မည်သို့မျှ တွေးတောယူဖွယ်မရလောက်သော

နာမည်မျိုးရှိသည်။


၇၇။ အခုနောက်ပိုင်းတွင် ပေါ့ပေါ့ပါးပါးစကားများကိုပင် လေးနက်အောင်

တမင်ကြိုးစားဖျစ်ညှစ်ပြောတတ်သော အကျင့်များရှိ လာကြသည်။


၇၈။ လူကြားထဲတွင် အိနြေ္ဒပျက်လောက်အောင် တကိုယ်လုံးနှင့် လက်များရမ်းခါလှုပ်ပြီး

စကားပြောတတ်သူများကို .. မထူးခြားသယောင် ဆက်ဆံပြောဆိုတတ်ကြသည်။



လိုအပ်သည်များကို မှာကြားခဲ့ပါ....Edit လုပ်ဖြည့်ဆွက်ပေးပါမည်.... ဟီဟိ

......................

Tuesday, January 6, 2009

Virgin For Sale

Ref: The Daily Telegraph
Ref: http://july-dream.blogspot.com

(1).

Taj Mahal
နဲ့ အနောက်ဘက် မိုင်သုံးဆယ်လောက် ဝေးတဲ့နေရာမှာ Jaipur ဆိုတဲ့ ပန်းနုရောင် မြို့ကလေး ရှိပါတယ်။ ကမ္ဘာလှည့်ခရီးသွား တိုးရစ်ကားတွေ ဒီရွာဘေးက ဖြတ်သန်းသွားနေပေမယ့် ခရီးသွားလမ်းညွှန် တစ်ခုအနေနဲ့ အထင်ကရဖြစ်တဲ့ မြို့လေးတော့ မဟုတ်ပါဘူး။

ဖြစ်သလိုလေး ဆောက်ထားတဲ့ တဲအိမ်စုတွေရှိတဲ့ ရွာလေးရဲ့ ညစ်ပေနေတဲ့ လမ်းပေါ်မှာ အသက် ၁၈ နှစ်အောက် မိန်းခလေးတွေနဲ့ အသက် ၁၅ နှစ်အောက် ငယ်တဲ့ ခလေးမလေး ၂ ဦး ဟိုဟိုဒီဒီ လျှောက်နေတာတို့ လမ်းဘေးမှာ ထိုင်နေတာကို တွေ့နိုင်မှာပါ။

မိတ်ကပ်တွေ အလွန်ခြယ်သထားတဲ့ ဆေးဆိုးပန်းရိုက် မျက်နှာ... ပန်းရောင် ဆာရီ လှလှလေးဝတ်လို့... မိန်းခလေးတိုင်းဟာ တစ်မျိုးစီ ငြို့ငင်ဆွဲဆောင်နိုင်မှု ရှိနေကြပါတယ်။ မီးပုံလေး ဘေးမှာ ခွေးခြေလေးနဲ့ ထိုင်နေတဲ့ သူတို့ကို လမ်းပေါ်မှာ ဖြတ်သန်းသွားတဲ့ ကားတွေပေါ်ကနေ မြင်တွေ့နိုင်မှာပါ။

ဆူလီ... ၁၄ နှစ်အရွယ် အပျိုစင်လေး... သူမနဲ့ ပထမဦးဆုံး အိပ်စက်ခွင့်အတွက် လေလံပွဲကြီး ကျင်းပနေပါတယ်။ သူမ နေတဲ့ တဲအိမ်စု ရွာကလေးမှာ မိသားစု ၅၉ စု ရှိပါတယ်။ ရွာသူရွာသားတွေဟာ ရှေးအစဉ်အဆက်ကတည်းက ပြည့်တန့်ဆာလုပ်ငန်း လုပ်ခဲ့တဲ့ ဇာတ်က ဆင်းသက်လာတဲ့ လူမျိုးစုတွေပါ။ အဲဒီလို မိသားစုမှ မွေးဖွားလာတဲ့ သမီးမိန်းခလေးအဖို့ ပြည်တန်ဆာ အလုပ်ကို စတင် လုပ်ကိုင်နိုင်တာဟာ ဖြတ်သန်းရမယ့် ဘ၀လမ်းမှာ အရွယ်ရောက်ပြီဆိုတဲ့ ပြယုဂ်တစ်ခုပါပဲ။ ဒါမှမဟုတ်ရင် အခြား အိန္ဒိယသူတွေလို တင်တောင်းရမယ့် ပိုက်ဆံစုပြီး ယောကျာ်းယူကြပေါ့။ ပထမအကြိမ် အပျိုစင် ပန်းဦးလွှတ်ပွဲဟာ အလွန်ကို တန်ဖိုးကြီးတဲ့ ရောင်းကုန်တစ်ခုဖြစ်ပြီး အလယ်အလတ်ချမ်းသာတဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေဟာ လေလံပွဲမှာ ကြေးကြီးကြီး ပေးဝယ်နိုင်ဖို့ ပြင်ဆင်ကြပါတယ်။

ပုံမှန်ဈေးကတော့ ရူပီး ၁၀၀ ဖြစ်ပေမယ့် အခုလို အပျိုစင်ဆိုရင်တော့ ကြမ်းခင်းဈေး ရူပီး ၂ သောင်းကျော် လေလံပွဲမှာ ဈေးအမြင့်ဆုံး ပေးတဲ့ လူကို ရောင်းချပါတယ်။ အကယ်လို့များ ခလေးမလေးဟာ အလွန်ကို ချောမောတယ် ဆိုရင် ရူပီး ၄ သောင်းအထက် ရရှိနိုင်ပါတယ်။ လေလံပွဲမှာ အနိုင်ရသွားတဲ့ လူအနေနဲ့ ခလေးမလေးကို သူ့ စိတ်တိုင်းကျတဲ့အထိ နာရီပေါင်းများစွာ နေ့ရက်များစွာ ပိုင်ဆိုင်ခွင့်ရပါတယ်။ တချို့ဆို ရက်သတ္တပါတ်ပေါင်း များစွာအထိ သိမ်းယူထားနိုင်ပါတယ်။ သူအနေနဲ့ ငြီးငွေ့သွားပြီဆိုရင် ပန်းဦးလွှတ်ပွဲ ပြီးပြီပေါ့။

အဲဒီလို အချိန်အခါမှာ ဧည့်ခံပွဲတစ်ပွဲ ကျင်းပ ရပါတယ်။ သူတို့ရဲ့ အယူအဆအရ အခုလို ပထမအကြိမ် အပျိုရည်ဖျက်ခံရပြီး ရတဲ့ပိုက်ဆံကို သိမ်းထားရင် စုဆောင်းထားရင် ခလေးမအတွက် ကံမကောင်းစေဘူးပေါ့။ ဒါကြောင့် အဲဒီပိုက်ဆံကို သုံးပစ်ရပါတယ်။ သူမနဲ့ သူမရဲ့ ဆွေမျိုးတွေအတွက် လက်ဝတ်ရတနာတွေ ၀ယ်ကြပါတယ်။ အစားအသောက်နဲ့ ယမကာတွေနဲ့ ဧည့်ခံပါတယ်။ ကကြ ခုန်ကြပါတယ်။ နတ်ဘုရားတွေကို ပူဇော်ကြပါတယ်။

မိန်းခလေးတစ်ဦးအနေနဲ့ အိမ်ထောင်မပြုခင် တစ်ကြိမ်တစ်ခါ အပျိုရည် ပျက်သွားတာနဲ့ အိမ်ထောင်ပြုခွင့် ဆုံးရှူံးသွားပါတယ်။ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်မလား အိမ်ထောင်ပြုမလား ဆိုတဲ့ ရွေးချယ်မှုက ကာယကံရှင် မိန်းခလေးပေါ်မှာ မူတည်ပါတယ်။ ပြည့်တန်ဆာအလုပ်ကို ရွေးချယ်ပြီးတာနဲ့ ရပ်ရွာထဲမှာ သူမအတွက် မင်္ဂလာဦးည မဟုတ်တဲ့ ပွဲလေး ကျင်းပကြပါတယ်။

ဆူလီက ပြောပါတယ်။ ဒီလောကကို စတင် ၀င်ရောက်ဖို့ သူမအနေနဲ့ ပျော်ခဲ့ပါတယ်။ ဒီလောကကို သူမ ရွေးချယ်ခဲ့တာပါ။ သူမအနေနဲ့ အဲဒီလောကကြီးမှာ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကို မသိနိုင် မမြင်နိုင်ပါဘူး။ ဒီလောကထဲမှာ ကျင်လည်နေတဲ့ အခြားမိန်းခလေးတွေကို သူ သိပေမယ့် သူတို့တွေ ဘယ်လို ကျင်လည် လှုပ်ရှားနေကြသလဲ ဘာတွေဖြစ်နေကြလဲ ဆိုတာကိုတော့ သူမ မမေးရသေးပါဘူး။ ဒါကြောင့် စိုးရိမ်စိတ်နဲ့ နည်းနည်းလေးတော့ ကြောက်မိပါတယ်တဲ့။

ယောကျာ်းတွေ ဘယ်လိုပုံစံ ရှိမလဲ ဆိုတာကို သူ စိတ်မပူပါဘူး ဆိုပြီး သူမက ထပ်ပြောပါသေးတယ်။ ညစာ လာစားဖို့ လှမ်းခေါ်နေတဲ့ အမေရှိရာကို အပြေးတစ်ပိုင်း မသွားခင်လေး ပြောသွားတာလေးက..... သမီးကတော့ ပိုက်ဆံ ဈေးအများဆုံး ပေးတဲ့သူရဲ့ နောက်ကို လိုက်သွားမှာပဲ တဲ့။

(2).

နီတာ... ဟိုဘက် တဲအိမ်က အပျိုစင်လေး... သူမမှာ အစ်မ လေးယောက် ရှိပါတယ်။ အားလုံး ပြည့်တန်ဆာ လုပ်နေကြပါတယ်။ အစ်မတစ်ယောက် ပြောပါတယ်။ နီတာက အတော်လေးကို ချောတဲ့အတွက် ရူပီး ၄ သောင်းလောက် ရမယ်လို့ သူတို့ မျှော်လင့်မိပါတယ်။ အခု ရူပီး ၂ သောင်းခွဲ ဈေးလာပေးတဲ့သူ ရှိပေမယ့် ဒီလောက်နဲ့တော့ မလုံလောက်ဘူးလေ။

နီတာဟာ အသက် ၁၃ နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် သူ အစ်မတွေရဲ့ နောက်ကို ခြေရာနင်းပြီး ဒီပြည့်တန်ဆာ လောကထဲကို ၀င်ဖို့ ရွေးချယ်ထားပြီးပါပြီ။ ဒါဟာ သူမရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ပါ။ သမီး အိမ်အလုပ်တွေ ဘာမှ လုပ်စရာ မလိုတော့ဘူးလေ လို့ ရီသွမ်းသွေးပြီး ပြောသွားပါသေးတယ်။

သို့ပေမယ့်လည်း... နီတာအနေနဲ့ တစ်နေ့ကို ဧည့်သည် အယောက် ၂၀ မှ ၃၀ ကြား နေ့စဉ် လက်ခံဖို့ စာချုပ်ချုပ် လက်မှတ်ထိုးထားပါတယ်။ အသက် ၄၀ အရွယ် ရောက်တဲ့အထိပေါ့။ အသက် ၄၀ ကျော်သွားရင်... စွဲမက်ဖွယ် မရှိတော့ဘူးလို့ ထင်ခံရမယ့် အချိန်အခါကျရင် သူမအနေနဲ့ သူမမှာ ရှိလာနိုင်မယ့် သားသမီးတွေကို ပြန်လည် မှီခိုရပါတော့မယ်။

သူတို့ရွာက အုတ်စီ တိုက်အိမ်အနည်းငယ်ထဲက အိမ်တစ်လုံးဖြစ်တဲ့ ပေါင် ၁၄၆၀၀ တန် အိမ်တစ်လုံးကို နီတာရဲ့ အစ်မ ၂ ယောက်က တည်ဆောက်ခဲ့ပါတယ်။ တစ်ယောက်က အသက် ၃၅ နှစ် ရှိပြီး ကျန်တစ်ယောက်က အသက် ၂၅ နှစ်ပါ။ သူတို့အနေနဲ့ အခုလို အောင်မြင်မှုကို ဂုဏ်ယူနေကြပါတယ်။ ဆင်းရဲ မွဲတွေလွန်းလို့ ကျွန်မတို့မှာ စားစရာတောင် မရှိပါဘူး။ အခုတော့ ရှင်တို့အနေနဲ့ ကျွန်မတို့ရဲ့ ကြိုးစားမှုရလာဒ်ကို မြင်တွေ့နိုင်ပြီလေ ဆိုပြီး အသက် ၂၅ နှစ်အရွယ် မန်ဂျူးက ပြောပြပါတယ်။ သူတို့ မိသားစုမှာ မိသားစုဝင် အယောက် ၅၀ ရှိပြီး ၃၅ ယောက်က ခလေးအရွယ်ပဲ ရှိသေးပြီး ၁၅ ယောက်ကတော့ အရွယ်ရောက်ပါပြီ။

အိန္ဒိယရဲ့ ဘယ်နေရာမှာ မဆို အိမ်ထောင်ပြုမယ်ဆိုရင် သတို့သမီးက သတိုးသားကို မင်္ဂလာခန်းဝင်တွေနဲ့ တင်တောင်းရပါတယ်။ ဒါကြောင့်လည်း ကိုယ်ဝန်က သမီး မိန်းခလေး ဖြစ်နှေမှန်းသိရင် ကိုယ်ဝန်ဆောင် ကာလအတွင်းမှာကတည်းက ကလေးဖျက်ချပစ်တဲ့နှုန်း အရမ်းမြင့်တက်နေတာပါ။ အဲဒီလိုနဲ့ သမီးမိန်းခလေး မွေးဖွားနှုန်းတွေ ကျဆင်းလာပါတယ်။ အခု နီတာတို့ရဲ့ ရွာမှာဆိုရင် လက်ထပ်ယူလို့ရမယ့် သတို့သမီး အရမ်း ရှားသွားပါပြီ။ မိန်းခလေးက သတို့သားကို ခန်းဝင်ပစ္စည်း တင်တောင်းရတဲ့ ဓလေ့က အခု အဲဒီရွာမှာဆို ပြောင်းပြန်ဖြစ်သွားပါတယ်။ မင်္ဂလာ မဆောင်ခင်မှာ ယောကျာ်းလေးတွေက သမီးရှင်တွေဆီမှာ မင်္ဂလာပစ္စည်း တင်တောင်းရတာမျိုး ဖြစ်ကုန်ပါပြီ။

ဖြစ်နိုင်ချေရှိတာက ငွေရလွယ်တဲ့ လုပ်ငန်းဖြစ်နေတဲ့အတွက် မိန်းခလေးအတော်များများဟာ ပြည့်တန်ဆာ လုပ်ဖို့ ရည်ရွည်ထားကြပါတယ်။ ဒါကြောင့် လက်ထပ်ယူလို့ရမယ့် အမျိုးကောင်းသမီးတွေရဲ့ ဈေးတွေက အလွန်ကို မြင့်တက်ကုန်တာပါ။ မန်ဂျူးတို့ ညီအစ်မရဲ့ မောင် ၅ ယောက်ထဲက ၄ ယောက်အတွက် မင်္ဂလာပွဲ ကုန်ကျစရိတ်ကို ကျခံပေးခဲ့ပါတယ်။ အခုအချိန်မှာလည်း ယောင်းမတွေ၊ တူတွေ တူမတွေကိုပါ ဆက်လက် ထောက်ပံ့ပေးနေပါတယ်။ သူတို့အနေနဲ့ တစ်နေ့ကို ရူပီး ၁၀၀၀ နဲ့ ၁၅၀၀ ကြား ရှာဖွေနိုင်တယ်လေ။

အဲဒီ ဒေသအတွင်းမှာ ရှေးအစဉ်အဆက် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်တဲ့ လူမျိုးစုတွေဟာ အခုအခါမှာ နယူးဒေလီမြို့က ပြည့်တန်ဆာအိမ်တွေအထိ ဈေးကွက်ဖြန့်ကျက် လာပါပြီ။ ဒါကြောင့် အခုချိန်မှာ အဲဒီ မျိုးဆက်က မိန်းခလေးတိုင်း ပြည့်တန်ဆာ လောကထဲကို ၀င်ရောက်နေတဲ့ သံသရာကို ဖြတ်တောက်နိုင်ဖို့ ကြိုးစားနေကြပါပြီ။ အန်ဂျီအိုတွေအနေနဲ့ ပြည်တန်ဆာတွေရဲ့ ကလေးတွေရဲ့ ကျန်းမာရေး ပညာရေးတွေကို ကြည့်ရှုစောင့်ရှောက် မြင့်တင့်ပေးဖို့ ဂေဟာလေးတွေ ဖန်တီးထားကြပါတယ်။

အဲဒီပြည့်တန်ဆာလောကထဲက မိန်းမအများစုကတော့ သူတို့တွေရဲ့ သမီးတွေကို ဒီလောကထဲကို ထပ်ပြီး ၀င် မလာစေချင်တော့ပါဘူး။ သူတို့ရဲ့ လမ်းစဉ်ကို မလိုက်စေချင်ပါဘူး။ မန်ဂျူးတို့ ညီအစ်မမှာလည်း သမီးတွေ ရှိပါတယ်။ ကလေးတွေရဲ့ အဖေကတော့ သူတို့ရဲ့ ဖောက်သည်တွေထဲက တစ်ယောက်ယောက်ပေါ့။ သမီးကို ပညာတတ် ဖြစ်စေချင်တယ်။ သမီးကို ဒီလောကထဲမှာ ဘ၀ မဆုံးစေချင်ဘူး ။ သမီးကို ဒီလို အဖြစ်မခံနိုင်ဘူး လို့ ရီတူးက ပြောသွားပါတယ်။


..........................

Thursday, January 1, 2009

2009 ဆုတောင်း



သူငယ်ချင်းတွေ ၊ မိတ်ဆွေတွေ နဲ့ Blogသူ Blogသား များအားလုံး
နှစ်သစ်မှာ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း နဲ့ ပြည့်စုံပါစေ။


.................