Friday, January 28, 2011

Windows 7 Clean Installation ကို ဘယ်လိုလုပ်မလဲ

Windows XP ဒါမှမဟုတ် Windows Vista  ကနေ Windows 7  ကိုပြောင်းလဲသုံးစွဲလိုတဲ့အခါမှာupgrade  ဒါမှမဟုတ် clean installation  ပြုလုပ်ဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ upgradeလုပ်တဲ့အခါမှာရှုပ်ထွေးလွန်းတာ ကြောင့် Windows 7  ကို clean installation  ပြုလုပ်တဲ့နည်းဖြင့်သာအသုံးပြုသင့်ပါတယ်။ Windows 7 clean installation  ဟာ ရိုးရှင်းလွယ်ကူတာ ကြောင့် ကွန်ပျူတာအခြေခံလောက်သာနားလည်သူများပင် အောက်ဖော်ပြပါအချက်များကို တစ်ဆင့်ချင်း အလွယ်တကူပြု လုပ်နိုင်မှာဖြစ်ပါတယ်။

Data တွေကို backup လုပ်ခြင်း
Operating system အသစ် တွေကို install  ပြုလုပ်တဲ့အခါ တိုင်းအရေးကြီးတဲ့ဖိုင်များ မှားယွင်း ဖျက်မိခြင်း မျိုးမဖြစ်ရအောင် video, document, picture, music  စတဲ့ data တွေကို backup  လုပ်ထားဖို့လိုပါတယ်။ ပရိုဂရမ်တွေ ကိုတော့ပြန်လည် install  လုပ်ရမှာဖြစ်ပါတယ်။ Data  အားလုံးကို backup လုပ်ပြီးတဲ့အခါမှာ တော့ Windows 7  စီဒီကို disc drive  ထဲထည့်ရပါမယ်။

Windows 7 စီဒီကို boot လုပ်ခြင်း
Windows ကို clean install  လုပ်ဖို့အတွက် လက်ရှိ Windows version  တက်လာခြင်းမှရှောင် ဖယ်ရန် boot drive  ကို ပြောင်း လဲရပါမယ်။ အဲ့ဒီအတွက် BIOS  ထဲတွင်ဝင်ရောက်ပြင်ဆင်ရမှာ ဖြစ် ပါတယ်။ ကွန်ပျူတာကို စတင် ဖွင့်ပြီးတာနဲ့ F2  ဒါမှမဟုတ် Delete  ကိုနှိပ်ကာ BIOS  ထဲသို့ ၀င် ရောက်ရပါမယ်။ ထို့နောက် Boot Priority  ဒါမှမဟုတ် Boot Order  တွင် Windows 7  ထည့်ထား တဲ့ disc drive  ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ထို့နောက် save and exit  ကိုရွေးချယ်ပြီး BIOS setup  ကနေထွက်ရပါမယ်။

Windows 7 ကို Install  ပြု လုပ်ခြင်း

အထက်ပါအတိုင်းအဆင့်ဆင့် ပြုလုပ်ပြီးတဲ့အခါမှာတော့ Windows 7 installation  အတွက် on-screen  ညွှန်ကြားချက်များ ကိုတွေ့ရမှာဖြစ်ပါတယ်။ အကယ်၍ Windows 7 install  ပြုလုပ်တဲ့ screen  အစား လက်ရှိ Windows တက်လာပါက BIOS setup တွင်ရွေးချယ်ထားတဲ့ boot drive ကမှားနေလို့ဖြစ်ပါတယ်။
Windows 7 installation screen ပေါ်လာပါကအသုံးပြု မယ့်ဘာသာစကားကိုရွေးချယ်ပြီး Next  ကိုနှိပ်ပါ။
ထို့နောက် Install Now  ကို နှိပ်ပါ။

ထို့နောက်ပေါ်လာတဲ့ installation screen  တွင် I accept the license terms  ကို check  လုပ် ပြီး Next  ကိုနှိပ်ပါ။

ပေါ်လာတဲ့ screen  တွင် Custom (Advanced) option  ကိုရွေးပါ။

Custom (Advanced) option ကိုရွေးပြီးတဲ့အခါမှာ Windows 7  ကို install  လုပ်မယ့် hard drive  (သို့) partition  ကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ထို့ နောက် Next  ကိုနှိပ်ပါ။

ထို့နောက် Windows 7  ကို အလိုအလျောက် install  ပြုလုပ် တာကိုတွေ့ရမှာဖြစ်ပါတယ်။

Screenများပေါ် လိုက်ပျောက်လိုက် ဖြစ်နေတာကိုတွေ့ရမှာဖြစ်ပြီး ကွန်ပျူတာ restart  ဖြစ်သွားတာကို တွေ့ရမှာဖြစ်ပါ တယ်။

Install ပြုလုပ်မှုပြီးဆုံးတဲ့အ ခါမှာတော့ username  နဲ့ password  ကိုဖြည့်ရမယ့် screen  ကိုတွေ့ရမှာ ဖြစ်ပါတယ်။ အသုံးပြုလို တဲ့ username  နဲ့ password  ကို ဖြည့်ပြီး Next  ကိုနှိပ်ပါ။

ထို့နောက် Windows 7  ရဲ့ product key  ကိုထည့်ရမယ့် screen  ကိုတွေ့ရမှာဖြစ်ပါတယ်။ Product key  ကိုရိုက်ထည့်ပြီး Next  ကိုနှိပ်ပါ။

ထို့နောက် Security setting, Time zone and date setting  နှင့် Setting up your network  ဆိုတဲ့ on-screen  သုံးခုကိုတွေ့ရမှာဖြစ်ပါတယ်။နောက်ဆုံးအနေဖြင့် မိမိအ သုံးပြုလိုတဲ့ပရိုဂရမ်များကိုထည့်သွင်း ပြီးတဲ့အခါမှာ တော့ Windows 7  ကို စ တင်အသုံးပြုနိုင်မှာ ဖြစ်ပါ တယ်။


Ref : Internet Journal   

 

No comments: