Friday, January 28, 2011

မိုက်ကရိုဆော့ဖ် ရဲ့ သမိုင်းဝင် နေ့ရက်များ

၁၉၇၅
ပေါလ်အယ်လန် နှင့် ဘီလ်ဂိတ်တို့ သူငယ်ချင်းနှစ်ဦးက Altairဒီစီကွန်ပျူတာများအတွက်ပရိုဂရမ်ဘာသာ စကားတစ်ခုကို ပူးပေါင်းရေးသားခဲ့ကြသည်။ဤပရိုဂရမ်ဘာသာစကားမှာ နောက်ပိုင်းတွင် မိုက္ကရိုဆော့ဖ် ကုမ္ပဏီကြီး၏ ပထမဆုံးသော ထုတ်ကုန် အဖြစ် သတ်မှတ်ခံခဲ့ ရသည်။

၁-ဇန်န၀ါရီ ၁၉၇၉
မိုက္ကရိုဆော့ဖ်ကုမ္ပဏီကို နယူးမက္ကဆီကိုပြည်နယ် Albuquerque မှ ဆီယက်တဲလ်ဒေသသို့ ပြောင်းရွှေ့ ခဲ့သည်။

၁၉၈၀
IBM ကုမ္ပဏီကြီးက ၎င်းင်း၏ပထမဆုံး ပီစီကွန်ပျူတာများအတွက် operating systemရေးသားပေးရန် မိုက္ကရိုဆော့ဖ်ကို ရွေးချယ်ခဲ့သည်။ မိုက္ကရိုဆော့ဖ်က အခြား ကုမ္ပဏီ တစ်ခုထံမှ ဆော့ဖ်ဝဲကို ဒေါ်လာ ၅၀,၀၀၀ ဖြင့် ၀ယ်ယူကာ MS-DOS ဟုခေါ်ဝေါ်ခဲ့သည်။ ကုမ္ပဏီသို့Steve Ballmer ၀င်ရောက်လာ
သည်။

၁၂-သြဂုတ်လ ၁၉၈၁
IBM က MS-DOှ အသုံးပြုထားသော ပီစီများအား ဈေးကွက်တင် ရောင်းချသည်။

၁၉၈၃
မိုက္ကရိုဆော့ဖ်က Word ဟု အမည်ပေးထားသော word processing ပရိုဂရမ်အားစတင်မိတ်ဆက်
ဖြန့်ချိပြီး Windows operating system ကို ဖြန့်ချိရန် စီစဉ်နေကြောင်းထုတ်ပြန်ခဲ့သည်။
ပေါလ်အယ်လန်က ဒုတိယဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ပြီး ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ်သာ
ရပ်တည် နေခဲ့သည်။

နိုဝင်ဘာ ၁၉၈၅
မိုက္ကရိုဆော့ဖ်က ၎င်းင်း၏ပထမဆုံး Windows version သစ်ကိုဖြန့်ချိခဲ့သည်။

၁၃-မတ် ၁၉၈၆
ကုမ္ပဏီ၏ အစုရှယ်ယာများအား ပြင်ပသို့ထုတ်ရောင်းပြီး အများပိုင်ကုမ္ပဏီတစ်ခုအဖြစ်ပြောင်းလဲ
ခဲ့သည်။

၁-သြဂုတ်လ ၁၉၈၉
မိုက္ကရိုဆော့ဖ်က ပထမဆုံးသော စီးပွားရေးလုပ်ငန်းသုံး Office ဆော့ဖ်ဝဲ suite versionကိုဖြန့်ချီ
သည်။

၁၉၉၁
အမေရိကန်ပြည်ထောင်စုကုန်သွယ်ရေးကော်မရှင်(FTC)က မိုက္ကရိုဆော့ဖ်အနေဖြင့်ပီစီ operating
system ဈေးကွက်ကို လက်ဝါးကြီးအုပ်နေကြောင်း ပြောဆိုပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်
လည်း ၂ နှစ်မျှ ကြာပြီးနောက်တွင်မူ တရားဝင်စွပ်စွဲပြောကြားမှု တစ်စုံတရာ မလုပ်တော့ဘဲ
စုံစမ်းမှုကို အဆုံးသတ်ခဲ့သည်။

၁-ဇန်န၀ါရီ ၁၉၉၄
ဘီလ်ဂိတ်နှင့် မီလင်ဒါဖရန့်ခ်ျတို့နှစ်ဦး ဟာဝိုင်အီကျွန်းပေါ်ရှိ Lanai ၌ လက်ထပ်ထိမ်းမြားခဲ့ကြသည်။

ဇူလိုင် ၁၉၉၄
မိုက္ကရိုဆော့ဖ်က ပီစီထုတ်လုပ်သည့်ကုမ္ပဏီများနှင့် ရယူထားသည့် သဘောတူညီချက်အားပြောင်းလဲ
ပေးမည်ဟု သဘောတူလိုက်ခြင်းကြောင့် အမေရိကန်နှင့်ဥရောပတို့၌ ဈေးကွက်လက်ဝါးကြီးအုပ်မှုဖြင့် စွပ်စွဲခံရမှုများ အဆုံးသတ်ခဲ့သည်။ သို့ရာတွင် အမေရိကန်ပြည်ထောင်စုတရားရုံးက ဤကျေအေးမှု
အား လက်ခံခြင်းမပြုဘဲ ၁၉၉၅ ခုနှစ် တွင် ထပ်မံစုံစမ်းစစ်ဆေးမှုပြုရန် အမိန့်ချခဲ့သည်။

၂၄-သြဂုတ် ၁၉၉၅
မိုက္ကရိုဆော့ဖ်က Windows 95 ကို ဖြန့်ချိသည်။

၂၇-နိုဝင်ဘာ ၁၉၉၅
မိုက္ကရိုဆော့ဖ်က Internet Explorer 2.0 ကို ဖြန့်ချိပြီး ဈေးကွက်အတွင်းရှိ Netscape \\Navigator
Web browser အား စိန်ခေါ်ခဲ့သည်။

၇-ဒီဇင်ဘာ၁၉၉၅
ဘီလ်ဂိတ်က မိုက္ကရိုဆော့ဖ်အနေဖြင့် အင်တာနက်အား ဗဟိုပြုကာ မဟာဗျူဟာ ချမှတ်လုပ်ဆောင်
သွားမည် ဖြစ်ကြောင်း အကျယ်တ၀င့် ရှင်းလင်းခဲ့သည်။

၆-သြဂုတ် ၁၉၉၇
မိုက္ကရိုဆော့ဖ်နှင့် Apple တို့က ကာလရှည်ကြာဖြစ်ပွားခဲ့သော ၎င်းတို့၏ အငြင်းပွားမှုအား
ဘေးဖယ်ကာ နည်းပညာ အပြန်အလှန်ဖလှယ် အသုံးပြုရန် သဘောတူခဲ့ကြသည်။

၂၀-အောက်တိုဘာ ၁၉၉၇
အမေရိကန် တရားရေးဌာနက မိုက္ကရိုဆော့ဖ်အနေဖြင့် Windows အတွင်း Internet browser
အား တစ်ပါတည်းထည့်သွင်း အသုံးမပြုရန် ၁၉၉၄ ခုနှစ်တွင် ချမှတ်ခဲ့သော အမိန့်ဒီဂရီအား
ချိုးဖောက်မှုဖြင့် တရားစွဲဆိုလိုက်သည်။

၁၈-မေ ၁၉၉၈
အမေရိကန် တရားရေးဌာနနှင့် ပြည်နယ်ပေါင်း ၂၀ တို့က မိုက္ကရိုဆော့ဖ်အား ဈေးကွက်
ယှဉ်ပြိုင်မှုကို ပျက်ပြားအောင် တရားမ၀င် ကြိုးပမ်းမှုဖြင့် တရားစွဲဆိုလိုက်သည်။
နောက်ပိုင်းတွင်မူ ပြည်နယ်တစ်ခုက ၎င်း၏ တရားစွဲဆိုချက်အား ပြန်လည်
ရုပ်သိမ်းသွားခဲ့သည်။

၂၁-ဇူလိုင် ၁၉၉၈
Ballme မ က ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဖြစ်လာသည်။

၁၉-အောက်တိုဘာ ၁၉၉၈
မိုက္ကရိုဆော့ဖ်အား ဈေးကွက် လက်ဝါးကြီးအုပ်မှု စွဲချက်အားစတင် ကြားနာသည်။
ဤကြားနာမှုမှာ ၁၉၉၉ ခုနှစ် နွေရာသီအထိ ကြာရှည်ခဲ့သည်။

၅-နိုဝင်ဘာ ၁၉၉၉
အမေရိကန် ပြည်ထောင်စု ခရိုင်တရားသူကြီး Thomas Penfield Jackson က ၎င်း၏စစ်ဆေးတွေ့ရှိချက် များအား ထုတ်ပြန်ပြီး မိုက္ကရိုဆော့ဖ်အနေဖြင့် ဈေးကွက်ကို လက်ဝါးကြီးအုပ်နေကြောင်းပြောဆိုလိုက်သည်။

၁၃-ဇန်န၀ါရီ ၂၀၀၀
ဘီလ်ဂိတ်က ၎င်းရယူထားသော အမှုဆောင်ချုပ်ရာထူးအား Ballmer ကို လွှဲအပ်လိုက်ပြီးနာယကရာထူးနှင့် ဆော့ဖ်ဝဲဗိသုကာချုပ်ရာထူး တို့ကိုသာ ရယူထားလိုက်သည်။

၁၇-ဖေဖော်ဝါရီ ၂၀၀၀
မိုက္ကရိုဆော့ဖ်က Windows 2000 ကို ဖြန့်ချိသည်။

၇-ဇွန်၂၀၀၀
တရားသူကြီး Jackson က မိုက္ကရိုဆော့ဖ်အား ကုမ္ပဏီနှစ်ခုအဖြစ် ခွဲထုတ်ရန်အမိန့်ချမှတ်လိုက်သည်။

၂၆-စက်တင်ဘာ ၂၀၀၀
အမေရိကန် ပြည်ထောင်စု တရားရုံးချုပ်က Jackson ၏ ဆုံးဖြတ်ချက်အား မိုက္ကရိုဆော့ဖ်မှအယူခံဝင်ခြင်း အပေါ် လက်ခံကြားနားခြင်းမပြုဘဲ အမှုအား ပြည်ထောင်စုအယူခံရုံးတစ်ခုသို့ လွှဲပေးလိုက်သည်။

၆-စက်တင်ဘာ ၂၀၀၁
အမေရိကန်တရားရေးဌာနက ၎င်းင်းတို့အနေဖြင့် မိုက္ကရိုဆော့ဖ်အား ကုမ္ပဏီနှစ်ခုအဖြစ် ခွဲထုတ်ရန်ကြိုးပမ်း တော့မည် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

နိုဝင်ဘာ ၂၀၀၁
မိုက္ကရိုဆော့ဖ်နှင့် အမေရိကန်တရားရေးဌာနတို့ အကြား ဈေးကွက် လက်ဝါးကြီးအုပ်မှုကိစ္စနှင့်ပတ်သက်ပြီး သဘောတူ ညီမှုရရှိခဲ့ကြသည်။

၂၅-အောက်တိုဘာ ၂၀၀၁
Windows XP ကို ကမ္ဘာတစ်ဝန်း၌ ဖြန့်ချိသည်။

သြဂုတ် ၂၀၀၂
အမေရိကန် တရားရေးဌာနနှင့် ပြုလုပ်ခဲ့သော သဘောတူညီမှုအား အကောင် အထည်ဖော်ရန်အတွက် မိုက္ကရိုဆော့ဖ်က ကုမ္ပဏီ၏ စီးပွားရေးနှင့် ထုတ်ကုန် အပြောင်းအလဲအား ကြေညာခဲ့သည်။

၂၃-ဇွန် ၂၀၀၃
အိတ်ဆောင်ကွန်ပျူတာနှင့် မိုဘိုင်းဖုန်းများအတွင်းထည့်သွင်းအသုံးပြုနိုင်မည့် Windows Mobile အား တရားဝင် ကြေညာသည်။

၂၄-မတ် ၂၀၀၄
ဥရောပကော်မရှင်က မိုက္ကရိုဆော့ဖ်အား ဈေးကွက် လက်ဝါးကြီးအုပ်မှု ဆန့်ကျင်ရေးဥပဒေချိုးဖောက်မှုဖြင့် ဒဏ်ငွေအဖြစ် ဒေါ်လာ ၆၁၃ သန်း စံချိန်တင်ချမှတ်ခဲ့သော်လည်းကုမ္ပဏီမှ အယူခံဝင်ခဲ့မှုကြောင့် ပြစ်ဒဏ် အား ဆိုင်းငံ့ထားခဲ့သည်။

၂ ဧပြီ ၂၀၀၄
Sun နှင့်မိုက္ကရိုဆော့ဖ်တို့အကြား ဖြစ်ပွားခဲ့သော ဈေးကွက်လက်ဝါးကြီးအုပ်မှု ပြဿနာအား ဒေါ်လာ ၁.၉၅ ဘီလျံဖြင့် ကျေအေးလိုက်ကြသည်။

၃၀-ဇွန် ၂၀၀၄
အမေရိကန် အယူခံတရားရုံးက မိုက္ကရိုဆော့ဖ်နှင့် တရားရေးဌာနတို့အကြားရရှိထားခဲ့သော သဘောတူညီ ချက်အား အတည်ပြုပေးလိုက်သည်။

၂၂-ဒီဇင်ဘာ ၂၀၀၄
ဥရောပသမဂ္ဂ တရားရုံးတစ်ရုံးက မိုက္ကရိုဆော့ဖ်၏ မတ်လအတွင်းက အယူခံဝင်ခဲ့မှုအားပယ်ချလိုက်သည်။

၁၂-မေ ၂၀၀၅
မိုက္ကရိုဆော့ဖ်က ၎င်းင်း၏ Xbox 360 ဂိမ်းကစားစက်အား စတင်မိတ်ဆက်ပြီး နိုဝင်ဘာလ၌ ဈေးကွက်
အတွင်း ရောက်ရှိလာခဲ့သည်။

၁-ဇူလိုင် ၂၀၀၅
မိုက္ကရိုဆော့ဖ်က IBM ၏ဈေးကွက် လက်ဝါးကြီးအုပ်မူ စွပ်စွဲချက်အတွက် ငွေသား ဒေါ်လာ၇၇၅ သန်းနှင့် ဆော့ဖ်ဝဲတန်ဖိုး ဒေါ်လာ ၇၅ သန်းပေးကာ ပြေလည်မှုရယူခဲ့သည်။

၁၁-အောက်တိုဘာ ၂၀၀၅
RealNetworks နှင့် မိုက္ကရိုဆော့ဖ်တို့ အကြားဖြစ်ပေါ်နေခဲ့သော ပြဿနာအား ဒေါ်လာ၇၆၁ သန်းဖြင့် ပြေလည်လိုက်ကြသည်။

၂၃-မတ် ၂၀၀၆-
မိုက္ကရိုဆော့ဖ်က ၎င်းတို့အနေဖြင့် လာမည့်အားလပ်ရက်ရာသီ၌ Windows Version သစ်အား ဖြန့်ချိနိုင် တော့မည်မဟုတ်ကြောင်း ထုတ်ပြန်လိုက်သည်။

၁၅-ဇွန် ၂၀၀၆
ဘီလ်ဂိတ်က ၂၀၀၈ ခုနှစ် ဇူလိုင်လမှစတင်ကာ ကုမ္ပဏီ လုပ်ငန်းဆောင်တာများမှအနားယူပြီး ၎င်း၏ လူမှုရေးဖောင်ဒေးရှင်း ၌ အာရုံစိုက် လုပ်ကိုင်သွားတော့မည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

၁၄-နိုဝင်ဘာ ၂၀၀၆
မိုက္ကရိုဆော့ဖ်က Zune သီချင်းဖွင့်စက်များအား စတင်မိတ်ဆက်သည်။

၃၀-ဇန်န၀ါရီ ၂၀၀၇
ကာလအတန်ကြာ စောင့်ဆိုင်းနေခဲ့ရသော Windows Vista နှင့် Office 2007တို့အား ဖြန့်ချိသည်။

၃၁-ဇန်န၀ါရီ ၂၀၀၈
မိုက္ကရိုဆော့ဖ်က Yahoo အား ဒေါ်လာ ၄၄.၆ ဘီလျံဖြင့် ၀ယ်ယူရန် ကမ်းလှမ်းသည်။ဒေါ်လာ ၄၇.၅ဘီလျံ အထိကမ်းလှမ်းပြီး Yahooက လက်မခံခဲ့သောအချိန်၌ ၎င်း၏အဆိုပြုချက်အား ပြန်လည်ရုပ်သိမ်းသွားခဲ့ သည်။

၂၇-ဇွန် ၂၀၀၈
ဘီလ်ဂိတ်က ကုမ္ပဏီအတွင်း အချိန်ပြည့်တာဝန်ယူနေရာမှ အနားယူပြီး ဘုတ်အဖွဲ့ ဥက္ကဋ္ဌရာထူးကိုသာ ဆက်လက် ရယူထားသည်။



Ref : Internet Journal


No comments: