Monday, June 29, 2009

ရန်ကုန်တွင် A(H1 N1)တုပ်ကွေးရောဂါဝေဒနာရှင်(၁)ဦးတွေ့ ရှိ

ရန်ကုန်တွင် A (H1 N1) တုပ်ကွေးရောဂါဝေဒနာရှင်(၁)ဦးတွေ့ ရှိကြောင်းမီဒီယာများက
တရားဝင် ထုတ်ဖော် ပြောဆိုသည်။အဆိုပါသတင်းကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက
ထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။

ဇွန် (၂၆) ရက်နေ့တွင် စင်ကာပူနိုင်ငံမှ ပျံသန်းလာသော စင်ကာပူလေကြောင်းလိုင်း
3K 585 ဖြင့် လိုက်ပါလာသော ခရီးသည်များထဲမှ အသက် (၁၃) နှစ်သာရှိသေးသော
အမျိုးသမီးငယ်တဦးတွင် တွေ့ရှိခြင်းဖြစ်သည်ဟု သတင်းကြေညာချက်တွင်ပါရှိသည်။ ယင်းသတင်းနှင့်ပတ်သက်၍ လေဆိပ်တာဝန်ကျ အရာရှိတဦးက
“လေယာဉ်ဆိုက်တဲ့အချိန်မှာ ရောဂါလက္ခဏာ မတွေ့ရဘူး၊ ဒီဖြစ်စဉ်က
ကလေးရဲ့အိမ်ကိုရောက်မှ ဖြစ်တာကိုသိတယ်” ဟုပြောပါတယ်။

မီဒီယာများကဖော်ပြရာတွင် ကျန်းမာရေးဝန်ထမ်းများက လေဆိပ်တွင်
ကျန်းမာရေး စစ်ဆေးစဉ် အဆိုပါ အမျိုးသမီးငယ်တွင် အဖျားမရှိကြောင်း၊
အိမ်ရောက်ပြီး သူငယ်ချင်းများနှင့်အတူ စာဖတ်ဝိုင်းသို့ သွားရောက်စဉ်
သင်တန်းဆရာမက ၎င်းချောင်းဆိုးနေသည်ကို သတိပြုမိသဖြင့် မိဘများနှင့်
တိုင်ပင်ကာ ဇွန် (၂၆) ရက် ည (၉) နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ 
တက်ရောက်စေခဲ့ခြင်းဖြစ်ကြောင်း ပါရှိသည်။

လူနာအား ဆေးရုံကြီး သီးသန့်လူနာခန်းတွင် ထားရှိပြီး ပြည်သူ့ကျန်းမာရေး
ဓာတ်ခွဲဌာန၏ စမ်းသပ်ချက်အရ ဇွန် (၂၇) ရက်တွင် ကမ္ဘာ့လူတုပ်ကွေးရောဂါ
New Influenza A(H1 N1) ဟု အတည်ပြုခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ယခုအခါ ယင်းကလေးငယ်နှင့် စာဖတ်ဝိုင်း အတူတက်ရောက်ခဲ့သူများ၊
သင်တန်းဆရာမနှင့် မိသားစုများ၊ လူနာနှင့်အတူလိုက်ပါလာသော ခရီးသည်
(၉၁) ဦးနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် (ပြည်ပဆိုက်ရောက်) မှ
ဝန်ထမ်းများအား ရောဂါရှိ မရှိ စစ်ဆေးနေကြောင်း၊ ရောဂါဖြစ်ပွားမှု
နောက်ထပ်တွေ့ရှိပါက သတင်းထုတ်ပြန် ပေးသွားမည်ဟုလည်း
သတင်းစာများတွင် ဖော်ပြပါရှိသည်။

အဆိုပါလူနာသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော A (H1 N1) တုပ်ကွေးရောဂါပိုး တွေ့ရှိသူဖြစ်သည်ဟုလည်း ကျန်းမာရေးဌာနကပြောကြားသည်။ယခုရောဂါပိုးတွေ့ရှိသူ
မှာရန်ကုန်မြို့၊ လသာမြို့နယ်၊ ရွှေတောင်တန်းလမ်း၊အမှတ် (၁၀၄)နေအဘ ဦးတင်စိန်
အမိ ဒေါ်ရီရီအေးတို့၏သမီး မမော်လီလင်း အသက် (၁၃)နှစ်ဖြစ်ကြောင်း သိရသည်။

အဆိုပါရောဂါကို လူတုတ်ကွေးရောဂါဟု ခေါ်သည်။ ထိုရောဂါမှာလွန်ခဲ့သည့် ၂ လက
မက္ကဆီကိုနိုင်ငံမှအစပြုခဲ့ခြင်းဖြစ်သည်။ထိုစဉ်က၀က်တုပ်ကွေးရောဂါဟုခေါ်ကြသည်။
ကမ္ဘာတ၀ှမ်းတွင် A(H1 N1) တုပ်ကွေး ရောဂါပိုး ကူးစက်သူ၇ သောင်းခန့်ရှိပြီး၊
၃၀၀၀န်းကျင် သေဆုံးပြီးဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အဆိုအရ သိရသည်။
အမေရိကန် ပြည်ထောင်စု ကျန်းမာရေးဌာနက သောကြာနေ့ကကြေညာရာတွင်
၎င်းတို့နိုင်ငံတွင် ရောဂါပိုးရှိသူ ၁၀ သိန်းကျော် ရှိမည်ဟုခန့်မှန်းလိုက်သည်။

ဤရောဂါကို နိုင်နင်းမည့်ဆေးကို စမ်းသပ်နေဆဲ ဖြစ်ပြီး ရှေ့နှစ်လယ်ပိုင်းအထိ
တွေ့ဦးမည်မဟုတ်ကြောင်း သြစတေးလျ သိပ္ပံပညာရှင်များကို ကိုးကားပြီး သတင်းများတွင်ဖော်ပြထားသည်။မြန်မာပြည်၏ အိမ်နီးချင်း ထိုင်းနိုင်ငံတွင်
ထိုရောဂါကြောင့် သေဆုံးသူ ၂ ဦးရှိပြီဖြစ်သည်။ ရောဂါပိုးရှိသူ ၁၂၀၉ အနက်
ပြန်လည် နာလန်ထလာပြီဖြစ်သော လူနာ ၁၁၉၀ ရှိသည်ဟု ဆိုသည်။

“ကာကွယ်ဖို့အတွက်ဆိုရင် ဆေးလိပ်မသောက်နဲ့၊ လုံလုံလောက်လောက်
အနားယူရမယ်၊ အာဟာရပြည့်စုံအောင် စားရမယ်၊ ဆပ်ပြာနဲ့ ရေသုံးပြီး လက်
ခဏခဏ ဆေးပေးရမယ်”

ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ချုပ် ဒေါက်တာ မာဂရက်ချန် က ပြောပါတယ်


...................................

မိုက်ကယ်ဂျက်ဆင် ရုတ်တရက်ကွယ်လွန်






ပေါ့ပ်ဂီတလောကကို ဆယ်စုနှစ်များစွာ လွှမ်းမိုးထားခဲ့သော နာမည်ကျော် အဆိုတော်
မိုက်ကယ်ဂျက်ဆင်သည် (အမေရိကန် - LA ဒေသစံတော်ချိန်)(ဇွန်လ ၂၅ ရက်)
နေ့လည်ပိုင်းက အသက် ၅၀ အရွယ်တွင် ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။
မိုက်ကယ်ဂျက်ဆင်သည် အမေရိကန်ရှိ ကယ်လီဖိုးနီးယား ပြည်နယ်နေအိမ်တွင်
ရုတ်တရက် နှလုံးရောဂါဖောက်လာပြီး ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်ဟု LA ဆေးရုံက
ဒေသစံတော်ချိန် နေ့လည် ၂ နာရီခွဲခန့်တွင် အတည်ပြု ပြောကြားပေးခဲ့သည်။
မိုက်ကယ်ဂျက်ဆင်ကို အရေးပေါ်ဆေးရုံကားဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်
လည်း ဆေးရုံရောက်ချိန်တွင် အသက်မရှိတော့ကြောင်း သိရသည်။
မိုက်ကယ်ဂျက်ဆင်သည် လွန်ခဲ့သော နှစ်အနည်းငယ်ခန့်ကပင် ကျန်းမာရေးချို့တဲ့
နေခဲ့သည်။ သူ၏ပရိသတ်များက ဆေးရုံဝန်းကျင်တွင် စောင့်ဆိုင်းနေခဲ့ကြပြီး
လွမ်းဆွေးငိုကြွေးခဲ့ကြသည်။ ၎င်းကွယ်လွန်ခြင်းအတွက် ရုပ်မြင်သံကြားနှင့်
ရေဒီယိုများက သူ၏ ကျော်ကြားခဲ့သော သီချင်းများကို ဆက်တိုက် ထုတ်လွှင့်လျက်
ရှိသည်။

မိုက်ကယ်ဂျက်ဆင်သည် ၁၉၈၀ ပြည့်လွန်နှစ်များမှ ယနေ့တိုင်အောင်
ပေါ့ပ်ဂီတကို လွှမ်းမိုးသက်ရောက်ထားနိုင်ပြီး သီချင်းများသာမက
ကကြိုးကကွက်များဖြင့်လည်း ပရိသတ်ကို ဆွဲဆောင်ဖျော်ဖြေနိုင်သူဖြစ်သည်။
ယနေ့အချိန်ထိ ၎င်း၏ ဂီတအယ်လ်ဘမ်ပေါင်း သန်း ၇၅၀ ခန့်ရောင်းချထားပြီးဖြစ်သည်။ မိုက်ကယ်ဂျက်ဆင်သည် ဂုဏ်ယူစရာအကောင်းဆုံး ဆုတစ်ခုဖြစ်သည့် ဂရမ်မီဆုပေါင်း
၁၃ ဆုရရှိထားသည့် ပြိုင်ဘက်ကင်း အဆိုတော်လည်းဖြစ်သည်။ ၄င်းသည်
ကမ္ဘာအရပ်ရပ်ရှိ ကလေးများအတွက် ရန်ပုံငွေများစွာ ရှာဖွေထောက်ပံ့ပေးသူ
လည်း ဖြစ်သည်။၎င်း၏ အသားရောင်ခွဲခြားမှုကို ဆန့်ကျင်သည့် Black or White
သီချင်းသည် ယနေ့တိုင် ကျော်ကြားလျက်ရှိသည်။

အသက် ၅၀ သာရှိသေးတဲ့ ကမ္ဘာကျော်အဆိုတော် မိုက်ကယ်ဂျက်ဆင် သေဆုံးခဲ့တဲ့
ဂျွန် ၂၅ ရက်၊ ၂၀၀၉ ကို သီချင်းတွေ သေဆုံးသွားတဲ့နေ့လို့ ခေါ်ကြသလို၊ ဒီနှစ်ထဲမှာ အကြီးကျယ်ဆုံးသတင်းလို့လည်း တချို့က သတ်မှတ်ကြတယ်။ သူ့ရဲ့သတင်း
ဘယ်လောက်ထိ ဂယက်ရိုက်သွားသလဲဆိုရင် Facebook ၊ Twitter ၊ Google ၊
Wikipedia အစရှိတဲ့ ၀က်ဆိုက်တွေမှာ သုံးစွဲသူတွေ ရုတ်တရက်တိုးများလာပြီး
AT & T တယ်လီဖုန်းကွန်ယက်မှာ စာနဲ့ရိုက်ပြီးသတင်းပို့တာ ခါတိုင်းထက်
၆၀% မြင့်တက်ခဲ့တယ်။ မိုက်ကယ်ဂျက်ဆင်နဲ့ ပတ်သက်သမျှသတင်းတွေကို
အားလုံးဝိုင်းရှာကြတော့ အစပိုင်းမှာ အင်တာနက်ပေါ်ကနေ ဟက်ကာတွေ
(hacker) တိုက်ခိုက်နေပြီလို့ ထင်ခဲ့တယ်လို့ Google ကုမ္ပဏီက ပြောပါတယ်။
Youtube မှာလည်း မိုက်ကယ်ဂျက်ဆင်ရဲ့သီချင်းတွေကို ပြန်ရှာပြီးနားထောင်သူတွေ
ချက်ခြင်းများလာတယ်။ သူသေဆုံးတဲ့နေ့ကစပြီး မိုက်ကယ်ဂျက်ဆင်နဲ့ ပတ်သက်တဲ့
ဝက်ဆိုက်အသစ်တွေ ၄၀၀၀ နီးပါးရှိသွားပြီလို့ အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီ
Go Daddy က ပြောပါတယ်။ သူသေဆုံးတဲ့ညမှာပဲ သူ့ရဲ့ သီချင်းခွေ ဒီဗွီဒီခွေတွေကို
အမှတ်တရသိမ်းထားချင်လို့ ebay ပေါ်မှာ ရှာကြည့်တော့ ဈေးတွေကမြင့်ကုန်ပြီး
တချို့ဒီဗီဒီခွေတွေဆို ပစ္စည်းပြတ်နေပြီ။ နောက်ထပ် သုံးလေးပတ်လောက်
စောင့်ရတဲ့အထိ ဖြစ်သွားခဲ့တယ်။ Amazon မှာလည်း သူရဲ့ သီချင်းခွေတွေအားလုံး
တရက်ထဲမှာပဲ ရောင်းကုန်သွားပြီး ရောင်းအကောင်းဆုံး ၁၀ သီချင်းခွေစာရင်းထဲ
ဝင်သွားတယ်။ Barnes and Noble မှာလည်း ထိုအတိုင်းပါပဲတဲ့။ မိုက်ကယ်ဂျက်ဆင်
သီချင်းခွေ၊ ဗီဒီယိုခွေ၊ စာအုပ်တွေပါ ရောင်းကုန်သလောက်ဖြစ်သွားတယ်။

Apple ကုမ္ပဏီရဲ့ itune မှာလည်း သူသေပြီး မိနစ်ပိုင်းအတွင်းမှာပဲ သူ့ရဲ့နာမည်ကျော်
Thriller သီချင်းဟာ ထိပ်ဆုံး ၁၀၀ အရောင်းရဆုံး စာရင်းထဲရောက်ပြီး နာရီအနည်းငယ်
နောက်ပိုင်းမှာ ထိပ်ဆုံး ၁၀ ထဲ ရောက်သွားတယ်။ နောက်တရက်မှာတော့ ထိပ်ဆုံး ၁၀
စာရင်းထဲမှာ မိုက်ကယ်ဂျက်ဆင်ရဲ့ သီချင်း ၉ ပုဒ် ပါခဲ့ပါတယ်။ မိုက်ကယ်ဂျက်ဆင်ကို မြန်မာပြည်ကလူတွေလည်း ကြိုက်ကြပါတယ်။ သူရဲ့ Beat It ၊ Dangerous ၊
Black or White ၊ You are not a lone ၊ BAD ၊ We are the world စတဲ့သီချင်း
တွေဟာ လူကြိုက်များပြီး နာမည်ကြီး Thriller သီချင်းထဲက သရဲအက နဲ့ Billie Jean
သီချင်းက လပေါ်လမ်းလျှောက်အက (Moon Walk dance) တွေကို မှတ်မိကြအုံးမှာပါ။
သီချင်းခွေပေါင်း သန်းပေါင်း ၇၅၀ ရောင်းခဲ့ရပြီး ဂရမ်မီဆု ၁၃ ဆု၊
Rock and Roll Hall of Fame မှာ နှစ်ကြိမ်စာရင်းဝင်ခဲ့သူ၊ နှစ်ပေါင်း ၄၀ လောက်ထိ
အောင်မြင်ကျော်ကြားခဲ့တဲ့ မိုက်ကယ်ဂျက်ဆင်ကို ဂီတဘုရင်(King of Pop) လို့
သတ်မှတ်တာ မလွန်ပါဘူး။ သူရဲ့ ၁၉၈၂ ခုနှစ်က Thriller စီးရီးခွေဆိုရင် ကမ္ဘာပေါ်မှာ အရောင်းရဆုံးသီချင်းခွေအဖြစ် ယနေ့ထိ ဆက်လက်ရပ်တည်နေပါတယ်။

Biography

မိုက်ကယ် ဂျက်ဆင် သေဆုံးမှုသည် မော်ဖင်းနှင့်ဆင်တူသော Demerol အမည်ရှိ
ဆေးတမျိုးကို မူးယစ်ဆေးဝါး အနေဖြင့် သုံးစွဲခဲ့ရာကနေ သေဆုံးရခြင်းဖြစ်သည်ဟု
ယူဆကြောင်းလည်းနိုင်ငံတကာသတင်းများတွင်ဖော်ပြထား သည်။ မိုက်ကယ်ဂျက်ဆင်
သည် လူမည်း အမျိုးသား တဦးဖြစ်ပြီး သူ၏ မျက်နှာကို ခွဲစိတ်အရောင်ပြောင်းခဲ့သည့်
အတွက် လည်း လူအများကြားတွင် ထူးခြားနေခဲ့သည်။

သူ့ကို ၁၉၅၈ ခုနှစ် သြဂုတ်လ ၂၉ ရက်တွင် အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်
တွင်မွေးဖွားခဲ့သည်။ မွေးချင်းမောင်နှမ ၉ ဦးရှိသည့် အနက် ၇ ဦးမြောက်ဖြစ်သည်။
အသက် ၆ နှစ်အရွယ်မှစပြီး ညီအစ်ကို ငါးဦးအဖွဲ့ ဖွဲ့ကာ ပြိုင်ပွဲဝင်ဖျော်ဖြေခဲ့သည်။
သူတို့အဖွဲ့သည် “ဂျက်ဆင်ငါးယောက်”ဟု အမည်တွင်ခဲ့ပြီး ၁၉၆၀ ခုနှစ်
နှောင်းပိုင်းကာလများတွင် အသံသွင်းဖြန့်ချိမှု စတင်ခဲ့ကြောင်း သိရသည်။
မိုက်ကယ် ဂျက်ဆင်၏ တကိုယ်တော် အယ်လ်ဘမ်မှာ ၁၉၇၂ ခုတွင် စတင်
ထွက်ရှိခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် မိုက်ကယ် ဂျက်ဆင်သည် အဲလ်ဗစ် ပရက်စလေ၏
တဦးတည်းသော သမီး လီဆာ မာရီ ကို လက်ထပ်ခဲ့ပြီး ၁၉၉၆ တွင် ကွာရှင်းခဲ့သည်။
ထိုနှစ်တွင်ပင် ဒယ်ဘီ ရိုဝီကို လက်ထပ်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ကွာရှင်းခဲ့ပြန်သည်။
သူ့တွင် စုစုပေါင်း သားသမီး ၃ ဦးကျန်ရစ်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် သူ၏
တေးအယ်လ်ဘမ်မှာ အရောင်းရဆုံး ၁၀ စာရင်းတွင် ပါဝင်ခဲ့သည်။ အမေရိကန်တွင်
အယ်လ်ဘမ် ၂၁ သန်းရောင်းရပြီး ကမ္ဘာတ၀န်း ၂၇ သန်း ရောင်းချရသည်။

၁၉၈၃ ခုနှစ်တွင် မိုက်ကယ် ဂျက်ဆင် ၏ နာမည်ကျော် “လပေါ်လမ်းလျှောက်ဟန်”
အကကို အခွေထုတ်ဖြန့်ချိခဲ့သည်။ မိုက်ကယ် ဂျက်ဆင်သည် ဂရမ်မီဆု ၁၃ ဆု
ရခဲ့သောဆုငွေနှင့်ဆိုပါလျှင် ဘ၀တလျှောက်လုံး တေးဂီတမှ ၀င်ငွေ ဒေါ်လာသန်း
၇၅၀ ခန့်ရှိမည်ဟု ခန်မှန်းရကြောင်းနှင့် လူ့သမိုင်းတလျှောက်တွင် အအောင်မြင်ဆုံး
ဖျော်ဖြေသူ ဖြစ်သွားခဲ့သည်ဟုလည်း သတင်းများတွင် ဖော်ပြထားသည်။

မိုက်ကယ် ဂျက်ဆင်သည် အရွယ်မရောက်သေးသည့် ကလေးငယ်များကို
လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုလုပ်မှုဖြင့်တရားစွဲဆို ခံရမှုများလည်း ရှိခဲ့သည်။
၁၉၉၃ ခုနှစ်တွင် အသက် ၁၃ နှစ်ရှိယောက်ျားလေးတဦးကို လိင်မှုဆိုင်ရာ
မတော်တရော်ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံရပြီး ရဲ တပ်ဖွဲ့က ၎င်း၏ နဲဗားလန်း အိမ်ကို
ဝင်စီးခံရသည်။ ၁၉၉၄ ခုနှစ်တွင်သူမတော်တရော်လုပ်ခဲ့သည် ဆိုသောကလေး၏
မိသားစုကို ဒေါ်လာ၂၃သန်းပေးပြီးကြေအေးခဲ့ကြောင်း သိရသည်။ ၂၀၀၅ ခုနှစ်တွင်
လည်း ၁၃ နှစ်သားတဦးကို ၂၀၀၃ခုနှစ်အတွင်းက မတော်တရော်ပြုခဲ့သည်ဟူသော
စွဲဆိုချက် အမှုရင်ဆိုင်ခဲ့ရကြောင်း၊ယင်းပြစ်မှုသည် ထောင်ဒဏ် နှစ် ၂၀ အထိ
ကျခံရနိုင်သည့် အမှုဖြစ်ပြီး လေးလကြာပြီးနောက် အမှုမှ ကွင်းလုံးကျွတ်လွတ်
သွားခဲ့ပြီးနောက်ပိုင်း ဘာရိန်း၊ အိုင်ယာလန်နှင့်ပြင်သစ်နိုင်ငံများတွင်နေထိုင်ခဲ့သည်။

ယင်းနောက်ပိုင်း စင်မြင့်ဖျော်ဖြေပွဲများကိုလာမည့် ဇူလိုင် ၁၃ ရက်နေ့ လန်ဒန်၌
ပွဲပေါင်း ၅၀ လုပ်ပြုရန် စီစဉ်ခဲ့ပြီး မတ်လပိုင်းကထိုပွဲလက်မှတ်များ စတင်
ရောင်းချခဲ့ရာ လက်မှတ်ပေါင်း ၇ သိန်းခွဲကျော် ကုန်သွားခဲ့သည်ဟု လည်း
သတင်းများတွင် ဖော်ပြထားသည်။

မိုက်ကယ်ဂျက်ဆင်ကို ဂင်းနစ် ကမ္ဘာ့မှတ်တမ်းစာအုပ်တွင် သမိုင်း တလျှောက်
အောင်မြင်မှုအရဆုံးသော ဖျော်ဖြေတင်ဆက်သူဟု မှတ်တမ်းတင်ထားခဲ့သည်။
ကမ္ဘာတ၀ှမ်း သန်းပေါင်းများစွာသော သူရဲ့ပရိသတ်ကို ဖျော်ဖြေခဲ့တဲ့
မိုက်ကယ်ဂျက်ဆင် အခုတော့ အေးချမ်းစွာ အနားယူအိပ်စက်သွားပါပြီ။
ဒါပေမဲ့ သူရဲ့ သီချင်းတွေကတော့ အမြဲရှင်သန်နေအုံးမှာပါ။

Rest In Peace … Michael Jackson.

သူရဲ့သီချင်းAlbum များ


.............................

Wednesday, June 10, 2009

Enter Key



အသက်၆၀ ကျော် အဖိုးကြီးများကိုသင်သော ကွန်ပြူတာခန်းတစ်ခုတွင်
Microsoft Word ကို စသင်ရာ…

“စာပိုဒ် တစ်ပိုဒ်ပြီးရင် နောက်တပိုဒ်အတွက် Enter Key ကိုနှိပ်ပါ။
E.N.T.E.R ဆိုတဲ့ Key ပါ…Keyboard မှာအကြီးဆုံး Key ပါ…တွေ့ပြီလားခင်ဗျာ…
မတွေ့သေးရင်…Right Shift Key ရဲ့ အပေါ်မှာပါ…Back Space ရဲ့ အောက်မှာပါ…
Keyboard ရဲ့ ညာဘက်အစွန်ဆုံး ထောင့်မှာလည်းရှိပါတယ် ခင်ဗျာ…
တွေ့ပြီလား ခင်ဗျာ…”

ဒါကို အဖိုးကြီးတစ်ယောက်က Enter Key ကို လက်ညှိုး ထိုးပြပြီး…

“သားလေး...... ဒါကိုနှိပ်ရမှာ လားဟင်…”

စာသင်တဲ့သူက…

“ဟုတ်တယ် အဲ့ဒါကို နှိပ်ရမှာ…ကဲ!!!ဖြောင်းဖြောင်းဖြောင်း!!!”


"ဖြောင်းဖြောင်းဖြောင်း" = (မည်သံစွဲအလင်္ကာ)
ဇက်ပိုးကိုလက်ဝါးဖြင့်အုပ်၍ထွက်လာသောအသံ
.........................

အလုပ်ရောက်ရင်.. :)

ကြည့်ရင်းနဲ့....ကျွန်တော်တောင်ပြုံးမိတယ်... :)
ကြီးကြီးမြင်ရအောင် Picture ကို Click လိုက်နော်...!

Friday, June 5, 2009

As the time goes by...

သူငယ်ချင်းတစ်ယောက်ပို့ပေးထားတာလေးပါ..... ရယ်ရလို့.... :)









.........................

Thursday, June 4, 2009

ကျွမ်းကျင်ရာ လိမ္မာ

ကုမ္ပဏီတစ်ခုတွင် ၀န်ထမ်းများအားလုံး အသုံးပြုနေသော မိန်းဖရိန်ကွန်ပျူတာကြီးမှာ
ရပ်သွားလေသည်. . . ၀န်ထမ်းများလည်း တတ်သလောက်မှတ်သလောက်နှင့်
မိန်းဖရိန်ကွန်ပျူတာကြီး ပြန်ကောင်းလာအောင် လုပ်ကြသော်လည်း မည်သို့မှ
လုပ်၍မရဖြစ်နေသည်။ သို့နှင့် နောက်ဆုံးတွင် ကျွမ်းကျင်သူပညာရှင်တစ်ယောက်ကို
ခေါ်၍ပြရလေတော့သည်. . ., ပညာရှင်ရောက်လာပြီး ကွန်ပျူတာကို စစ်ဆေးကြည့်ရှုပြီး တူအသေးလေးတစ်လက်ကိုထုတ်၍ ကွန်ပျူတာ အနှံ့အပြားကိုလိုက်ခေါက်ရာ
မိနစ်အနည်းငယ်ကြာသော် မိန်းဖရိန်ကွန်ပျူတာကြီးမှာ ပြန်ကောင်းသွားလေသည်. . . ။

ရက်အနည်းငယ်ကြာသောအခါ ထိုကုမ္ပဏီမန်နေဂျာထံသို့ ကျွမ်းကျင်သူပညာရှင်၏ ငွေတောင်းခံလွှာတစ်စောင် ရောက်လေသည်. . .။

ကွန်ပျူတာပြင်ခ ဒေါ်လာ ၁၀၀၀ တောင်းထားခြင်းဖြစ်သည်. . .
ထိုအခါ မန်နေဂျာသည် ပညာရှင်နှင့် သွားတွေ့ပြီး ပြောလေသည်. . .။

"ဒီမှာ ခင်ဗျ ၊ ကွန်ပျူတာပြင်ခ ဒေါ်လာ ၁၀၀၀ ဆိုတာ သိပ်များပါတယ် . .
ငါးမိနစ်လောက် တူကလေးနဲ့ ဟိုခေါက် ဒီခေါက်လုပ်ပြီး ကွန်ပျူတာကောင်းသွားတာပဲ၊
ဒီလောက် ယူဖို့မကောင်းပါဘူး၊ ငွေတောင်းခံလွှာကို ပြန်ပြင်ပေးပါ. . . "။

နောက်တစ်နေ့တွင် ငွေတောင်းခံလွှာအသစ်ရောက်လာရာ,
"ကွန်ပျူတာအား တူနှင့်ခေါက်ခ ၁ဒေါ်လာ . . မည်သည့်နေရာကို ခေါက်ရမည်ကို
သိသည့်အတွက် ၉၉၉ ဒေါ်လာ၊ စုစုပေါင်း ဒေါ်လာ ၁၀၀၀ ဟူ၍ဖြစ်လေသည်. . . "

...........................

Tuesday, June 2, 2009

သူငယ်ချင်း ၃ ယောက် မှိုကဇွန်း စားပြီး Food Poison ဖြစ်ကာ ဆေးရုံရောက်




ကျွန်တော့်သူငယ်ချင်းကောင်မလေး ၃ ယောက် မနေ့က 01.06.09 နေ့လည်
Lunch စားတော့သူတို့Companyကအစ်မတစ်ယောက် ကြော်လာတဲ့
မှိုကဇွန်းကိုစားပြီး ခဏနေတော့ အော့အန်ပြီးFood Poison ဖြစ်ကြလို့
မဟာမြိုင်ဆေးခန်း ကိုပြေးကြပါတယ်...။ ဟိုရောက်တော့ အခြေအနေမကောင်းတာနဲ့
ဆေးရုံတင်ပါဆိုတာနဲ့ Japanဆေးရုံ မှာတင်ထားရပါတယ်။ အခုတော့ အားလုံး
အေးအေးဆေးဆေး ဖြစ်သွားပါပြီ.။စစဖြစ်တုန်းကဆို အခြေအနေတွေ
တော်တော်ဆိုးတယ်လို့ပြောပါတယ်။ မေနွယ်ဆိုတဲ့သူငယ်ချင်းတစ်ယောက်ဆို
မျက်တွင်းတွေညိုပြီးနှုတ်ခမ်းတွေဖွေးနေတာပဲတဲ့..။ နေ့လည် Lunch စားတော့လဲ ၅ယောက်အတူတူစားကြတာကိုဇာဇာ ၊ မေနွယ် နှင့် သန္တာတို့ ၃ယောက်ပဲ ဖြစ်ကြတာ…။
သူတို့လဲ တဇွန်းနှစ်ဇွန်းပဲစားကြတာပါတဲ့..။ဒါပေမဲ့ …. မှိုကဇွန်းကြော်ပေးတဲ့
အစ်မအိမ်ကကောင်မလေးကတော့အရင်စဖြစ်တာ..
အဲဒီကောင်မလေးကအရင်သင်္ကန်းကျွန်းဆေးရုံရောက်တာတဲ့…
မှိုကဇွန်းကြော်ပေးတဲ့ အစ်မရဲ့အိမ်ကနေ ရုံးကိုလှန်းပြီး ကြော်လာတဲ့
မှိုကဇွန်းကိုမစားနဲ့တော့လို့ Phone နဲ့လှန်းပြောပေမဲ့လဲ… မမှီတော့ပါဘူး ။ဒီမှာစားပြီးနှင့်နေပါပြီ…။မှိုကဇွန်းကြော်လာပေးတဲ့ အစ်မကတော့
မဆာသေးလို့မစားသေးတာနဲ့ ဘာမှမဖြစ်ပါဘူး..။
ကျွန်တော်လဲ ကြားကြားချင်းလိုက်သွားတော့ ညနေတောင်စောင်းနေပါပြီ..။
သူတိုတွေကတော့ ကုတင်တွေပေါ်မှာ လက်ကပိုက်တွေတန်းလန်းနဲ့
Drip တွေချိတ်ထားပါတယ်…။ Urine Test ၊ Blood Test ၊ ECG တွေဘာတွေ
အားလုံးလုပ်ပြီးတော့ Drip သုံးလေးလုံးဝင်ပြီး ည7:00လောက်မှာတော်တော်
ပြန်လန်းလာကြပါပြီ…။ဆေးရုံဆင်းတာကတော့ 24hr ပြည့်မှဆင်းရမယ်
လို့ပြောပါတယ်..။တစ်ရုံးလုံးကလဲ… အားလုံးပြာပြာသလဲ ဝိုင်းပြီး Support
လုပ်ပေးကြပါတယ်…။ ဆေးရုံတက်တာ.. အိမ်ကနေဘာမှပြန်ယူစရာမလို
လောက်အောင်ကိုစောင်၊ခေါင်းဦး၊သဘက်၊အကျီ၊ထမီကအစ စီစဉ်ပေးပါတယ်..
တော်တော်လေးစားမိပါတယ်..။သူတို့ရောက်မလာခင် တစ်ရက်လောက်ကလဲ
မိသားစု ၅ယေက်စလုံး မှိုကဇွန်းကြော်စားပြီးFood Poison ဖြစ်ကြလို့
ရောက်လာကြသေးတယ်တဲ့..သူတို့ရောက်လာတော့ အဲ့ဒီ့ မိသားစုကဆင်းသွားပါပြီ…။
တော်Pတော်P….နောက်တစ်ခါ Beer သောက်ရင် မှိုကဇွန်းမစားတော့ဘူး :P ….။
ကဲ.... သူငယ်ချင်းတို့လဲ... အစားမတော် တစ်လုပ်နော်... စိုးရိမ်လို့.... :)

.............................