Thursday, March 19, 2009

ဟာသ သီချင်းလေးများ

တော်တော်ရယ်ရပါတယ်.... ဘာရယ်တော့မဟုတ်ဘူး..
နားထောင်နေရင်းကြိုက်လို့တင်ပေးလိုက်တာပါ..


ဥ သီချင်း

ဒီမှာ Download လုပ်ပါ..။



Rapperကုလား
(ဗုဒ္ဓဘာသာရော ဟိန္ဒူ မိရိုးဖလာနတ်တွေ မယ်တော်တွေကိုပါ
ကိုးကွယ်တဲ့ ဟိန္ဒူ တစ်ယောက်ဆိုထားပုံရပါတယ်) :)

ဒီမှာ Download လုပ်ပါ..။


...................

Friday, March 13, 2009

မထင်ခဲ့မိလို့

" တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး လူရှင်းတဲ့နေရာရောက်မှ
ပါသမျှလုယက်သွားတယ်ဆိုတာ ဟုတ်သလား "

" ဟုတ်ပါတယ် ၊ တရားသူကြီးမင်းရှင့် "

" ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့အော်ဟစ်အကူအညီ မတောင်းခဲ့တာလဲ "

" ကျွန်မနားကိုအသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက ဒီလိုလုပ်လိမ့်မယ် မထင်ခဲ့မိလို့ပါရှင် "


......................

ငရဲ

" ဒီလူနဲ့သမီးလက်မထပ်ချင်ဘူးမေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး ။
သူကငရဲရှိတယ်ဆိုတာကို မယုံဘူးလို့အကြောက်အကန်ပြောတယ် မေမေရဲ့ "

" လက်ထပ်မှာသာ ထပ်လိုက်ပါသမီးရယ် ၊ ငရဲတကယ်ရှိကြောင်း သိအောင်လုပ်ဖို့
မေမေ့တာဝန်ထားလိုက်စမ်းပါ "


......................

Thursday, March 12, 2009

သြော်.... ဝိတ်...ဝိတ် ဝိတ်

လူတိုင်းအတွက် အသက်ရှည်စေတဲ့ ဆောင်ပုဒ်ကတော့
လေရှု ၊ လမ်းလျှေက် ၊ ရေပိုသောက် ၊ ဆီငန်သကြား လျှော့လို့စား ဖြစ်ပါတယ်။
The Longer Your Belt, The Shorter your Life..
ခါးပတ်ရှည်လေ..အသက်တိုလေဖြစ်ပါတယ်..
ကိုယ်အလေးချိန်ပုံမှန်ရှိသူတွေ ၊ အိုဗာဝိတ်တွေ ၊ အဝလွန် နေသူတွေအတွက် လေ့ကျင့်ခန်းလေးတွေရေးလိုက်ပါတယ်…

(1).လူတစ်ယောက် ထိုင်ခုံမှာထိုင်နေရင် တစ်နာရီလောင်ကျွမ်းတဲ့ ကယ်လိုရီမှာ 80 Cal/hr ဖြစ်ပါတယ်။
(2).တစ်နာရီကြာ ဘော်လီဘော ကစားရင်(သို့) တစ်နာရီကြာ ဝိတ်မမယ်ဆိုရင် လောင်ကျွမ်းတဲ့ ကယ်လိုရီမှာ 215 Cal/hr ဖြစ်ပါတယ်။
(3). တစ်နာရီကြာ ဂေါက်ရိုက်ရင် လောင်ကျွမ်းတဲ့ ကယ်လိုရီမှာ 80 Cal/hr ဖြစ်ပါတယ်။
(4). တစ်နာရီ(4) မိုင်နှုန်းနဲ့ တစ်နာရီ လမ်းလျှေက်ရင် 325 Cal/hr ဖြစ်သွားပါပြီ။
(5). တစ်နာရီကြာ လှေလှော်မယ်ဆိုရင်တော့ 360 Cal/hr ဖြစ်ပါတယ်။
(6). တစ်နာရီကြာ ချစ်သူနဲ့ နှစ်ပါးသွားကမယ်ဆိုရင်တော့ 390 Cal/hr ပါ။
(7). တစ်နာရီကြာ တောင်တက်မယ်ဆိုရင် 430 Cal/hr ဖြစ်ပါတယ်။
(8). Aerobic တစ်နာရီကြာ ကစားရင်တော့(သို့) တစ်နာရီ တင်းနစ်ရိုက်ရင် 505 Cal/hr ဖြစ်ပါတယ်။
(9). တစ်နာရီကြာ စကိတ် စီးတာပဲဖြစ်ဖြစ် ဟော်ကီကစားတာပဲဖြစ်ဖြစ် 575 Cal/hr လောင်ကျွမ်းပါတယ်။
(10). တစ်နာရီကြာ ကရာတေးဒို ကစားတာဖြစ်စေ.. စက်ဘီးကို တစ်နာရီ(15)မိုင်နှုန်းနဲ့ တစ်နာရီကြာ စီးတာဖြစ်စေ.. တစ်နာရီ(6)မိုင်နှုန်းနဲ့ ပြေးတာဖြစ်စေ 750 Cal/hr လောင်ကျွမ်းပါတယ်။
(11). ရေကူးတာကတော့…790 Cal/hr နှုန်းနဲ့ လောင်ကြွမ်းမှု့အများဆုံးဖြစ်ပါတယ်..။


ကဲ..ကြိုက်တဲ့လေ့ကျင့်ခန်းကို ရွေးချယ်နှိုင်ပါပြီ……. :P


............

Friday, March 6, 2009

ကြိုက်တာဝယ်စား

တစ်နေ့သောအခါ အမေရိကန်နိုင်ငံရှိ ၀က်မွေးမြူသူတစ်ဦးထံသို့
လူကြီးလူကောင်းတစ်ဦး ရောက်ရှိလာပြီးစုံစမ်းလေ၏ ။

" ခင်ဗျားရဲ့ဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ "

" ကျွန်တော့်ဝက်တွေကို ထမင်းကျန်၊ ဟင်းကျန်တွေနဲ့ ဟင်းသီးဟင်းရွက်အပုပ်တွေ ရောစပ်ပြီးကျွေးပါတယ် "

" ကြားရတာစိတ်မကောင်းစရာပဲ၊
ကျွန်တော်ကကမ္ဘာ့တိရိစ္ဆာန်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကအရာရှိပါ ။ အခုလိုကျန်းမာရေးနဲ့မညီညွတ်တဲ့အစာတွေ ကျွေးမှုအတွက်ခင်ဗျားကို ဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ရပါလိမ့်မယ် "

ဒဏ်ငွေဆောင်ပြီး ( ၃ ) လခန့်ကြာပြန်သော် နောက်ထပ်လူကြီးလူကောင်းတစ်ဦး ရောက်လာပြီး စုံးစမ်းပြန်၏ ။

" ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ "

" ဟုတ်ကဲ့၊ ပေါင်မုန့်၊ ပူတင်း၊ ဒိန်ခဲ၊ အာလူး၊ ကြက်ပေါင်းနဲ့ ဗိုက်တာမင်အားဆေးတွေ ရောစပ်ပြီးကျွေးပါတယ်ခင်ဗျာ "

" အားပါး၊ အံ့သြစရာပဲ၊ ကျွန်တော်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က အရာရှိပါ ။ ကမ္ဘာကြီးရဲ့လူဦးရေလေးပုံတစ်ပုံလောက် နှစ်စဉ်အငတ်ဘေးကြုံနေရတာကိုတောင်မှ
ခင်ဗျားကခြိုးခြုံမှုမရှိဘဲ ဖြုန်းတီးပစ်နေတာ အဲဒီအတွက်ခင်ဗျားကို ဒေါ်လာတစ်ထောင်
ဒဏ်ငွေရိုက်ပါတယ် "

ဒဏ်ငွေဆောင်ပြီး များမကြာမီနောက်တစ်ဦးလာပြန်လေ၏ ။

" ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးပါသလဲခင်ဗျား "

" တစ်ကောင်ကို တစ်ဒေါ်လာစီပေးပြီး ကြိုက်တာဝယ်စားလို့ ပြောလိုက်တယ် "


.................

Thursday, March 5, 2009

လိပ်ပြာဝှက်တမ်း - ၀ိုင်းစုခိုင်သိန်း




Verse(1):
နှလုံးသားရဲ့ အတိမ်အနက်
ငါ့အတွက်တော့ အိပ်မက် မဟုတ်ဘူး
အချိန်နာရီ နေ့ရက်တွေ ပျော်စရာတွေ ဝေမျှခဲ့ဖူး
ခဏလေး မဟုတ်ဘူး ကြည်နူးခဲ့တာတွေ
အတူပျော်မြူးခဲ့တာတွေ
အမှတ်ရလို့ အောက်မေ့နေ ဘ၀ကတော့ ခြောက်သွေ့နေ
ဘယ်သူမှလဲ နားမလည်ကြဘူး
အသိစိတ်က ထိန်းချုပ်နေ မသိစိတ်ကသတိရနေ
ငါကိုယ်တိုင်တောင် နားမလည်တော့ဘူး

CHO:
ချစ်ခဲ့တာလား နင့်ကို ရူးခဲ့တာလား အချစ်ကို
ဟို အရင်လို နင်မရှိဘူး ငါ့မှာတော့ ယောင်ချာချာ တစ်ယောက်တည်းရူး
ချစ်ခဲ့တာလား နင့်ကို ရူးခဲ့တာလား အချစ်ကို
ဟို အရင်လို နင်မရှိဘူး ငါ့မှာတော့ ယောင်ချာချာ တစ်ယောက်တည်းရူး
ရူးနေပြီ....

Verse(2):
စိတ်ဓာတ်ကျအောင်လို့ ငါဘက်က လိုက်လုပ်နေလား
စိတ်ပျက်သွားအောင်လို့ တခါတလေမှာ ငါမှားခဲ့လား
ခဏလေးပါလား အတူသွားခဲ့တာတွေ အတူကစားခဲ့တာတွေ
နင်ပေးခဲ့တဲ့ အမှတ်တရတွေ ဝေးခဲ့တော့ တမ်းတနေ
ဘယ်သူမှလဲ နားမလည်ကြဘူး...
တိတ်တဆိတ် မင်းရောက်လာ တိတ်တဆိတ် မင်းထွက်ခွာ
ငါကိုယ်တိုင်တောင် နားမလည်တော့ဘူး...

CHO: x (2)



Download - (လိပ်ပြာဝှက်တမ်း - ဝိုင်းစုခိုင်သိန်း)


............

ပင်ပန်းတယ်

ယောင်္ကျားလုပ်သူထံ ထောင်ဝင်စာလာတွေ့ပြီး မိန်းမလုပ်သူသည်
ထောင်မှုးကြီးအားသွားတွေ့ကာ မေတ္တာရပ်ခံသည်။

“ထောင်မှုးကြီးရှင့်… ကျွန်မရဲ့ယောင်္ကျားကို ဒီထက်သက်သာတဲ့အလုပ်
မပေးနှိုင်ဘူးလားဟင်”

“စာအိပ်ပေါ်တံဆိပ်ကပ်ရတဲ့အလုပ်ထက်ပဲ သက်သာတာရှိဦးမလားဗျာ…”

“ဟုတ်တော့ဟုတ်ပါတယ်ရှင်…ဒါပေမဲ့..ညတိုင်းညတိုင်း တခြားထောင်သားတွေနဲ့အတူ
မြေအောက်လှိုင်ခေါင်းတူးရတာ ပင်ပန်းတယ်ပြောလို့ပါ”




...................

အရှက်ခွဲသူ

လုယက်မှု့ဖြင့်ထောင်ကျတစ်ဦး ရောက်လာသောမိန်းမထံမှစာကိုဖတ်ပြီး

တခြားထောင်သားများမမြင်အောင်ဝှက်လိုက်သည်။

“ဘာလဲ..အိမ်ရှင်မဆီက သတင်းမကောင်းဘူးထင်တယ်…”

“သတင်းမကောင်းတာကတော့ကွာ.. ပြောတောင်မပြောချင်တော့ဘူး….

ကျုပ်ရဲ့သားလေ..၂တန်းစာမေးပွဲကျလို့နောက်တနှစ်ဆက်နေရမယ်တဲ့…

မိဘတွေကိုတော်တော်အရှက်ခွဲတဲ့ကောင်”


.....................

Wednesday, March 4, 2009

Because Of You (or) အဘယ့်ကြောင့်ဆိုသော်

Kelly Clarkson ရဲ့ Because Of You သီချင်းနဲ့
ဖြူဖြူ ကျော်သိန်း
ရဲ့ အဘယ့်ကြောင့်ဆိုသော် သီချင်းလေးတွေပါ။
၂ပုဒ်စလုံး နားထောင်ရတာတော်တော်ကောင်းပါတယ်။

Kelly Clarkson ရဲ့ Because Of You သီချင်းကတော့ 2004 ကတည်းက
ထွက်နေတာပါ။Album Name ကတော့ Breakaway ပါ။













Download ( Kelly Clarkson ရဲ့ Because Of You )

Download ( ဖြူဖြူ ကျော်သိန်း ရဲ့ အဘယ့်ကြောင့်ဆိုသော် )




ကဲ... ဖြူဖြူ့အလှည့်...

အောက်ကစာသားတွေနဲ့ ပုံတွေကတော့ Forumတွေ နဲ့ Blogတွေမှာ သူ့ကိုကောင်းချီးပေးထားကြတာလေးတွေပါ..။ :P


သူသီချင်းဆိုရင် ကီးသွင်းပြီးမှဆိုတယ်နော် ... performance အရမ်းကောင်းတယ် ...
လူစင်စစ်ကနေ အတောင်တွေပေါက်တယ်... ကိုယ်ပေါ်မှာ ပါဝါရိန်းဂျား
လိုမျိုးအရောင်တွေလျှောက် ခြယ်ပြီး... စင်ပေါ်မှာ.. ဟိုဘက်လူး... ဒီဘက်လိမ့်တယ်...
ပရိသတ်ကိုခြောက်တယ်.......
:P
















......................

Tuesday, March 3, 2009

စကိတ်အဟောင်းလေး

တခါက သူငယ်ချင်း ၃ ယောက် ပါတီ ပွဲ မှအပြန် ကားမှောက်ပြီး
သေဆုံးသွားလေရာ ကောင်းကင်ဘုံ၌ ဘုရားသခင်ရဲ့စစ်ဆေးမှု့ ကိုဖြေကြားနေရပါတယ်........

ဘုရားသခင် ။ ။ မင်းတို့ လူ့ ဘ၀တုံးက အိမ်ထောင်ရေး ဘယ်နှစ်ကြိမ် ဖောက်ပြန်ခဲ့သလဲ..?

ပထမလူ ။ ။ တခါ မှ မကျူးလွန်ခဲ့ပါဘူး....အဖ ဘုရားသခင်။
ဒုတိယလူ ။ ။ ၃ ကြိမ် ကျူးလွန်ဘူးပါတယ် ...ခင်ဗျား။
တတိယလူ ။ ။ ၅ ကြိမ် ပါ....။

ဘုရားသခင် ။ ။အင်း...ဒါဆို အမိန့်ချမယ်..

- တခါမှ မကျူးလွန်ဘူးတဲ့ သူက ကောင်းကင်ဘုံမှာ စီးဖို့ မာစီဒီး တခါး ၆
ပေါက်ပါ ကားတစီး ပိုင်ဆိုင်စေ......

- ၃ကြိမ် ကျူးလွန်ထားသူကတော့... Mark II ၁စိးပိုင်စေ....

- ၅ကြိမ်သမားကတော့ ဆလွန်း တပတ်နွမ်း ပိုင်စေ....လို့အမိန့်ချမှတ်လိုက်သတဲ့။

သူငယ်ချင်း ၃ယောက် လဲ ပျော်ရွှင်စွာနဲ့ပဲ ပထမလူကိုချီးမွှန်းစကားပြောပြီး
ကိုယ်ရထားတဲ့ ကားအသီးသီးကို ယူပြီ နှုတ်ဆက်ထွက်ခွာသွားလေရဲ့။
တနေ့တော့ သူငယ်ချင်း ၃ ယောက် ကောင်းကင်ဘုံက မီးပွိုင့် မှာပြန်ဆုံကြတော့....
ပထမလူကို...သူငယ်ချင်း ၂ ယောက်က...

မင်းကတော့ ..ကောင်းကင်ဘုံမှာ အကောင်းဆုံး ကားကြီးကို စီးနေရတော့
ကံကောင်းလိုက်တာကွာလို့ ၀ိုင်းပြောနေကြတယ်...
ပထမလူက ..သူငယ်ချင်းတို့ရာ မင်းတို့ကမသိလို့ ငါ့ကိုပြောနေတာပါ....
မနေ့က ငါ့မိန်းမကို ကောင်းကင်ဘုံမှာတွေ့လိုက်တယ်ကွ....

"စကိတ်အဟောင်းလေးကို စီးလို့ကွာ"တဲ့....

................