Saturday, January 29, 2011

နည်းပညာဝဋ်ပြန်လည်နေသော အမေရိကန်စစ်တပ်










အီရတ်စစ်သွေးကြွတွေဟာ ယခုအခါမှာ အမေရိကန်စစ်တပ်ရဲ့ ထောက်လှမ်းရေးလေယာဉ်တွေဖြစ်တဲ့ Predator တွေကပို့တဲ့ Video တွေကို ဒေါ်လာ ၂၅ ဒဿမ ၉၅ တန် Windows Application တစ်ခုနဲ့ ကြားဖြတ်ဖမ်းယူနိုင်၊ Hack လုပ်နေနိုင်ကြကြောင်း သိရပါတယ်။

ယခုအခါ အီရတ်မှာ အမေရိကန်တပ်ဖွဲ့တွေကိုတိုက်ခိုက်နေတဲ့ အီရတ်စစ်သွေးကြွတွေဟာ ဟတ်ကာတွေနဲ့ အတူတူ အလုပ်တွဲလုပ်လျက်ရှိပြီး တိုင်းပြည်ရဲ့ဘယ်နေရာမှာတော့ ကျန် စစ်တပ်ရဲ့စောင့်ကြည့်ထိန်းချုပ်မှု ရှိတယ်။ မရှိဘူးဆိုတာတွကို ကြားဖြတ်သတင်းရယူနေနိုင်ပါပြီ။

ဒီအကြောင်းတွေအားလုံးကို ပြီးခဲ့တဲ့အပတ်က ဝေါလ်စထရိဂျာနယ်ပါ ဆောင်းပါးတစ်ပုဒ်မှာဖော်ပြခဲ့တာပါ။ ဒါဟာ ကန်စစ်တပ်အတွက် သိသာထင်ရှားတဲ့ နည်းပညာဆိုင်ရာလုံခြုံရေးအားနည်းချက်ပဲ ဖြစ်ပါတယ်။ ဒီအားနည်းချက် ပေါ်လာရခြင်းမှာ Predator လို့ခေါ်တဲ့ လူမပါတဲ့အဝေးထိန်းလေယာဉ်ငယ်တွေဟာ မြေပြင် ပေါ်က သူတို့ရဲ့Operator တွေနဲ့ဆက်သွယ်တဲ့နေရာမှာ Final Link မှာ Encryptionမသုံးလို့ဘဲဖြစ်ပါတယ်။ ဒါဟာ ယနေ့ခေတ် ကျွန်တော်တို့နည်းပညာကိုအသုံးပြုပြီး အလုပ်လုပ်နေပုံတွေနဲ့တော့ ဆန့်ကျင်နေသလို ပါပဲ။ ကျွန်တော်တို့ ဟာ ဘဏ်ဝက်ဘ်ဆိုက်တစ်ခု၊ ခရက်ဒစ်ကတ်ဝက်ဘ်ဆိုက်တစ်ခုကိုဝင်တိုင်း ကိုယ့်ရဲ့ ဆက်သွယ်မှုတွေကို လုံခြုံအောင် Encryption နည်းပညာအသုံးပြုပြီး ကာကွယ်ရစမြဲပဲမလား။

UAV လို့လည်း အတိုကောက်ခေါ်တဲ့ Unmanned Aerial Vehicle လူလိုက်ပါခြင်းမရှိသော လေယာဉ်တွေ ဟာ သူတို့ကိုထိန်းချုပ်ထားတဲ့ အခြေစိုက်စခန်းကနေ အဝေးကြီးသွားတာဖြစ်လို့ Operator ဆီ တိုက်ရိုက် ဆက်သွယ်မှု မလုပ်နိုင်ဘဲ ဂြိုလ်တုဆက်သွယ်မှု Satellite Link ကနေတဆင့် ချိတ်ဆက်ရပါတယ်။ ဒီတော့ ဟတ်ကာတွေဟာလည်း သူတို့ရဲ့ကိုယ်ပိုင် Satellite Modem တွေဖမ်းယူတဲ့ Dish တွေနဲ့ Sky-Grabber လို့ခေါ်တဲ့ Windows Utility  တစ်ခုကိုသုံးပြီး အဲဒီ UAV တွေရဲ့ အသံ၊ ဗီဒီယိုထုတ်လွှတ်ပေးပို့မှုမှန်သမျှကို ကြားဖြတ်နားထောင်နိုင် ဖမ်းယူထားနိုင်တော့တာပါ။

Sky Grabberလို့ခေါ်တဲ့ Windows Utility ကို ကန်ဒေါ်လာ ၂၅.၉၅ ပဲပေးရပါတယ်။ ဒါကိုရုရှားဆော့ဖ်ဝဲ ကုမ္ပဏီ Sky Software က ထုတ်လုပ်တာဖြစ်ပါတယ်။ အခုတော့ ဒါဟာအမေရိကန်လေတပ်ကို ခြိမ်းခြောက် နိုင်တဲ့ ဈေးအပေါဆုံးစွမ်းရည် အမြင့်ဆုံးလက်နက်တစ်ခု ဖြစ်လာနေပါပြီ။ ကန်လေတပ်ဟာ Predator လေယာဉ် တွေရဲ့ နည်းပညာပိုင်းမှာ လုံခြုံရေးအားနည်းချက် ရှိနေတာကို တွေ့မိတာ မကြာသေးပါဘူး။ ယမန် နှစ်ကစလို့ ကန်ထောက်လှမ်းရေးဟာ ရှီးဟိုက်စစ်သွေးကြွတစ်ဦးပိုင်ဆိုင်တဲ့ Laptop  တစ်လုံးမှာ Predator တွေကပို့တဲ့ Video Feed တွေကိုစတင်တွေ့မိပြီး သတိထားမိလာတာပါ။ ဒီနောက်တော့ ဒီလိုမျိုး အလားသဏ္ဌာန်တူဖြစ်ရပ်တွေကို အခြားစစ်သွေးကြွတွေရဲ့ Laptop တွေပေါ်မှာလည်း တွေ့လာရပါတော့ တယ်။ တကယ်တော့ Predator တွေရဲ့ထုတ်လွှင့်မှု Transmissions ပိုင်းတွေမှာ Encryted မလုပ်တဲ့ ကိစ္စ တွေဖြစ်နေတာကို စစ်ဘက်ဆိုင်ရာအသိုင်းအ၀ိုင်းတချို့မှာလည်း ယခင်ကသတိထားမိခဲ့ကြပါတယ်။

ဒီအတွက်လည်း ပြင်ဆင်မှုတချို့လုပ်ခဲ့ကြပါသေးတယ်။ကန်လေတပ်ဟာ ၁၉၉၉ ခုနှစ်မှာနည်းပညာပိုမြင့်ပြီး Encryptionလုပ်နိုင်တဲ့ မျိုးဆက်သစ် UAVတွေကိုထုတ်လုပ်ဖို့ပြင်ဆင်ခဲ့ကြပါတယ်။ဒါပေမဲ့ လော့စ်ဟိမာတင် လေယာဉ်ကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ခဲ့တဲ့စီမံကိန်းဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ပိတ်ပင်မှုကြောင့် အဆုံးသတ် သွားခဲ့ရပြန်ပါတယ်။တကယ်တော့ အီရတ်တွေဟာ ယခုမှ အမေရိကန်တို့ရဲ့ စစ်ဘက်ဆိုင်ရာ ဆက်သွယ် ချက် တွေကို ကြားဖြတ်ရယူနေတာမဟုတ်ပါဘူး။ ဆက်ဒမ်ဟူစိန်လက်ထက် အီရတ်မှာဆို သမ္မတဟူစိန်ဟာ ၎င်းရဲ့အမျိုးထဲကလူငယ်တစ်ဦးကို Computer Science နဲ့ မာစတာဘွဲ့ရအောင်သင်ခိုင်းပြီး၊ အမေရိကန် ဂြိုဟ်တု တွေကထုတ်လွှင့်တဲ့ ဆက်သွယ်ချက်တွေကို ကြားဖြတ်ရယူဖို့ တာဝန်ပေးခဲ့ဖူးပါတယ်။ “အူဟမာ” လို့ခေါ်တဲ့ ဆက်ဒမ်ရဲ့ဆွေမျိုး ထိုလူငယ်ဟာ ထိုစဉ်က ဘဂ္ဂဒတ်လေကြောင်းသုတေသနဌာနမှာလည်း လျှို့ဝှက်ရုံးခန်းတစ်ခုရထားသူပါ။

ဒီတော့ အထက်ပါအချက်တွေကိုနိဂုံးချုပ်လိုက်ရင် ကန်တာဝန်ရှိသူတွေရဲ့ပေါ့လျော့မှုဟာ တော်တော်လေး များနေပြီဆိုတာ ပေါ်လွင်နေပါတော့တယ်။ ၂၀၀၅ ခုနှစ်ထုတ် စီအိုင်အေရဲ့ အစီရင်ခံစာတစ်ခုမှာလည်း ဆက်ဒမ်ဟူစိန် ရဲ့အစိုးရဟာ အမေရိကန်တို့က တူရကီ၊ ကူဝိတ်နဲ့ကာတာတို့မှာ အီရတ်ကို မကျူးကျော်ခင် စစ်ရေးတည်ဆောက်မှုတွေလုပ်ခဲ့တာကို ကြိုသိခဲ့ကြောင်းဖော်ပြခဲ့ဖူးပါတယ်။ နည်းပညာတွေ အဆင့်မြင့် လာတာနဲ့အမျှ လုံခြုံရေးဟာလည်း ပိုမိုအရေးကြီးလာပါပြီ။ ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးဒေတာတွေ လုံခြုံရေးကနေ၊ နိုင်ငံတစ်ခုလုံးနဲ့ဆိုင်တဲ့စစ်ရေး၊ စီးပွားရေးဒေတာတွေ၊ အချက်အလက်တွေလုံခြုံရေးအထိ ဂရုစိုက်နိုင်မှ တန်ကာကျမှာဖြစ်ပါတယ်။ ကန်စစ်တပ်ဟာ သူများကိုထောက်လှမ်းဖို့ Predator ယာဉ်တွေကိုသုံးခဲ့ပေမဲ့ ဒီယာဉ်တွေဆက်သွယ်သမျှကို ငွေအကုန်အကျနည်းနည်းနဲ့ ပြန်ကြားဖြတ်ရယူလို့ ဖြစ်နေတာမို့ “ရှေ့ကဖုံးသမျှ နောက်ကပေါ်” နေတဲ့ကိန်းဆိုက်နေပါတယ်။ ဒါမှမဟုတ်သူတို့ကို “နည်းပညာဝဋ် ပြန်လည်တာ” လို့ ဆိုနိုင်ကြောင်း စီဘီအက်စ်ဝက်ဘ်ဆိုက်သတင်းတစ်ပုဒ်ကတော့ ဆိုခဲ့ပါတယ်။
Ref;U.S was Warned of Predator Drone Hacking.


 Ref : Internet Journal


Friday, January 28, 2011

IMEI အကြောင်းတစ်စေ့တစ်စောင်း

GSM ဖုန်းတိုင်းမှာ အပြည်ပြည်ဆိုင်ရာ မိုဘိုင်းတပ်ဆင်မှုအထောက်အထားနံပါတ် (IMEI) လို့ခေါ်တဲ့ serial နံပါတ်တစ်ခုစီပါဝင်ပါတယ်။ ဒီနံပါတ်တွေဟာ ဖုန်းတွေကိုထုတ်လုပ်တဲ့သူတွေအနေနဲ့ SIM ကတ်တွေကို ဖုန်းတစ်ခုကနေ အခြားဖုန်းတစ်ခုသို့ ပြောင်းလဲထည့်သွင်းတဲ့အခါမှာ မိုဘိုင်းဝန်ဆောင်မှု ကုမ္ပဏီတွေ သိရှိနိုင်ဖို့အတွက် အထောက်အကူပြုပေးနိုင်ပါတယ်။ နောက်ပြီးဖုန်းခိုးခံရခြင်းမှကာကွယ်ခြင်း၊ ဖုန်းတွေကို အဆင့်မြှင့် တင်ခြင်းတို့ပြုလုပ်တဲ့အခါမှာလည်း IMEI  နံပါတ်တွေကိုလိုအပ်ပါတယ်။ ဒါကြောင့် IMEI  နံပါတ်တွေ အသုံးဝင်ပုံနဲ့ဖုန်းအတွင်း ဘယ်လိုရှာဖွေရ မယ်ဆိုတာကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။

IMEI ဆိုတာဘာလဲ
IMEI ဆိုတာ ဖုန်းအခိုးခံရ တဲ့အခါမည်သည့်ကွန်ရက်မှာမဆို ဖုန်းကိုအသုံးပြု၍မရနိုင်အောင် ပြုလုပ်ထား နိုင်တဲ့ serial  နံပါတ် တစ်ခုဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းရှိ နာမည်ကျော်မိုဘိုင်းအော်ပရေတာများဟာ နာမည်ပျက်စာရင်းဝင် IMEI  နံပါတ်များကို database  ပြုလုပ်ထားကြပါတယ်။ IMEI  နံပါတ်ကိုမှတ်ထား စရာမလိုဘဲဖုန်း အခိုးခံရတဲ့အခါမှာမိမိအသုံးပြုနေ တဲ့မိုဘိုင်းအော်ပရေတာကိုဖုန်းဆက် ပြီး IMEI  နံပါတ် ပေးလိုက်ရုံနဲ့ကာ ကွယ်နိုင်မှာဖြစ်ပါတယ်။ ဖုန်းခိုးသူအများစုဟာ ဖုန်းအသုံးပြု၍မရခင်အထိ အပြည်ပြည် ဆိုင်ရာဖုန်း များခေါ်ဆိုခြင်း၊ ဖုန်းနဲ့ပတ်သက်တဲ့ ကုန်ကျစရိတ်တွေပိုမိုများပြားအောင် ပြုလုပ်ခြင်း တို့ကိုပြု လုပ်တတ်ကြပါ တယ်။ အကယ်၍အခိုးခံရတဲ့ဖုန်း ဟာတန်ဖိုးကြီးတယ်ဆိုရင်တော့ဖုန်းခိုး သူတွေဟာ ဖုန်းကို ရောင်းချခြင်း၊ ဒါမှမဟုတ် ဖုန်းကိုပြန်လည်အသုံး ပြု၍ရအောင် activate  လုပ်ခြင်း တို့ကိုပြုလုပ်နိုင်ပါတယ်။ အကယ် ၍ IMEI  နံပါတ်နဲ့အော်ပရေ တာထံအကြောင်းကြားပြီးကာ ကွယ်ထားမယ်ဆိုရင်တော့ ဘယ်နိုင်ငံ၊ ဘယ်ကုမ္ပဏီကပဲဖြစ်ဖြစ် activate  လုပ်နိုင်မှာမဟုတ်ပါဘူး။

IMEI နံပါတ်ရှာဖွေခြင်း
ဖုန်းခိုးခံရပြီးတဲ့နောက် IMEI  နံပါတ်ကိုရှာဖွေတဲ့အခါအဆင်ပြေ ချင်မှပြေနိုင်မှာပါ။ ဒါကြောင့်ဖုန်း ၀ယ်ယူပြီး တာနဲ့ IMEI  နံပါတ်တွေ ကိုစာရွက်ပေါ်ချရေးတဲ့အကျင့်ကို လုပ်ထားသင့်ပါတယ်။ ဖုန်းတိုင်းလို လိုမှာ *#06#  လို့ရိုက်ပြီး ဂဏန်း ၁၅ လုံးပါတဲ့ IMEI  နံပါတ်တွေကို ရယူနိုင်ပါတယ်။ ဒါ့အပြင်အချို့မိုဘိုင်း opreating system တွေဟာလည်း IMEI  နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဖော်ပြပေးပါတယ်။ ဥပမာ-  iPhone  မှာ IMEI  နံပါတ်ကို Settings > General > About  တွင်ရှာဖွေနိုင် ပါတယ်။အထက်ပါ နည်းလမ်းများအပြင် IMEI  နံပါတ်ကိုဖုန်းဘက်ထရီ ထည့်ထားတဲ့အကန့်ပေါ်မှာလည်း ရှာဖွေနိုင်ပါတယ်။ နောက်ဆုံးအ နေဖြင့်ဖုန်းအခိုးခံရသည်အထိ IMEI  နံပါတ်ကိုမသိဘူးဆိုရင် တော့ IMEI  နံပါတ်တွေကို ဖုန်းဗူး ခွံပေါ်ရှိ ဘားကုဒ် (barcode)  ရဲ့ ဘေးနားမှာရှာဖွေနိုင်ပါတယ်။

သတိပြုရမည့်အချက်
ဖုန်းခိုးယူသူများဟာ IMEI  နံပါတ်များကိုပွားထားနိုင်ပြီးမိုဘိုင်း အော်ပရေတာထံသို့လိမ်လည်ဝင်ရောက်ကာ account  များကိုအ သုံးပြုနိုင်သလို IMEI  နံပါတ်အ သစ်များဖြင့်လည်းဖုန်းကိုအသုံးပြု နိုင်အောင် မိုဘိုင်း အော်ပရေတာထံ မှာပြန်လည် activate လုပ်နိုင်ပါတယ်။ ဒါပေမဲ့ IMEI စနစ်ဟာ ခိုင်မာမှု ရှိပြီးဖုန်းထုတ်လုပ် တဲ့ ကုမ္ပဏီတိုင်းဟာလည်း ဒီစနစ်ကိုအသုံးပြုတာကြောင့် သင့်ဖုန်းပျောက်ဆုံးသွားတဲ့အခါမှာ IMEI  နံပါတ်ကို လျင်မြန်စွာပေးပို့ခြင်းဖြင့်ကာကွယ်နိုင်မှာဖြစ်ပါတယ်။

အနာဂတ်မှာဖြစ်ပေါ်လာနိုင်မယ့်စနစ်များ
ယနေ့ခေတ်စမတ်ဖုန်းတွေမှာ ဖုန်းပျောက်သွားတဲ့အခါ GPS  ကနေတည်နေရာကိုရှာဖွေပေးနိုင်ခြင်း၊ ခိုးယူ ခံရတဲ့ဖုန်းအတွင်းမှ အချက် အလက်များကိုအဝေးထိန်းစနစ် ဖြင့်ဖျက်နိုင်ခြင်းစတဲ့ feature  တွေထည့်သွင်း ပေးလာကိုတွေ့ရပါ တယ်။ ဒီ feature  တွေကိုကျယ် ကျယ်ပြန့်ပြန့်အသုံးပြုလာတာနဲ့အ မျှအခိုးခံရတဲ့ဖုန်း တည်နေရာအ ပြင် ဖုန်းမှာပါဝင်တဲ့ကင်မရာ ဒါမှ မဟုတ်အသံမှတ်တမ်းမှတဆင့်ခြေ ရာခံရှာဖွေခြင်း တို့ကို လည်းပြုလုပ် နိုင်တော့မှာဖြစ်ပါတယ်။ နောက် ဆုံးအနေဖြင့်အသစ်ထွက်ပေါ်လာ မယ့်မျိုးဆက်သစ် IMEI  စနစ်ဟာ လည်းပျောက်ဆုံးသွားတဲ့ဖုန်းကိုအ သုံးမပြုနိုင်ရန်ပြုလုပ်ထားရုံသာမ ကဖုန်းကိုပြန်လည်ရှာဖွေရ ယူနိုင်တဲ့ အထိပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။

Ref : Internet Journal   

 

Windows 7 Clean Installation ကို ဘယ်လိုလုပ်မလဲ

Windows XP ဒါမှမဟုတ် Windows Vista  ကနေ Windows 7  ကိုပြောင်းလဲသုံးစွဲလိုတဲ့အခါမှာupgrade  ဒါမှမဟုတ် clean installation  ပြုလုပ်ဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ upgradeလုပ်တဲ့အခါမှာရှုပ်ထွေးလွန်းတာ ကြောင့် Windows 7  ကို clean installation  ပြုလုပ်တဲ့နည်းဖြင့်သာအသုံးပြုသင့်ပါတယ်။ Windows 7 clean installation  ဟာ ရိုးရှင်းလွယ်ကူတာ ကြောင့် ကွန်ပျူတာအခြေခံလောက်သာနားလည်သူများပင် အောက်ဖော်ပြပါအချက်များကို တစ်ဆင့်ချင်း အလွယ်တကူပြု လုပ်နိုင်မှာဖြစ်ပါတယ်။

Data တွေကို backup လုပ်ခြင်း
Operating system အသစ် တွေကို install  ပြုလုပ်တဲ့အခါ တိုင်းအရေးကြီးတဲ့ဖိုင်များ မှားယွင်း ဖျက်မိခြင်း မျိုးမဖြစ်ရအောင် video, document, picture, music  စတဲ့ data တွေကို backup  လုပ်ထားဖို့လိုပါတယ်။ ပရိုဂရမ်တွေ ကိုတော့ပြန်လည် install  လုပ်ရမှာဖြစ်ပါတယ်။ Data  အားလုံးကို backup လုပ်ပြီးတဲ့အခါမှာ တော့ Windows 7  စီဒီကို disc drive  ထဲထည့်ရပါမယ်။

Windows 7 စီဒီကို boot လုပ်ခြင်း
Windows ကို clean install  လုပ်ဖို့အတွက် လက်ရှိ Windows version  တက်လာခြင်းမှရှောင် ဖယ်ရန် boot drive  ကို ပြောင်း လဲရပါမယ်။ အဲ့ဒီအတွက် BIOS  ထဲတွင်ဝင်ရောက်ပြင်ဆင်ရမှာ ဖြစ် ပါတယ်။ ကွန်ပျူတာကို စတင် ဖွင့်ပြီးတာနဲ့ F2  ဒါမှမဟုတ် Delete  ကိုနှိပ်ကာ BIOS  ထဲသို့ ၀င် ရောက်ရပါမယ်။ ထို့နောက် Boot Priority  ဒါမှမဟုတ် Boot Order  တွင် Windows 7  ထည့်ထား တဲ့ disc drive  ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ထို့နောက် save and exit  ကိုရွေးချယ်ပြီး BIOS setup  ကနေထွက်ရပါမယ်။

Windows 7 ကို Install  ပြု လုပ်ခြင်း

အထက်ပါအတိုင်းအဆင့်ဆင့် ပြုလုပ်ပြီးတဲ့အခါမှာတော့ Windows 7 installation  အတွက် on-screen  ညွှန်ကြားချက်များ ကိုတွေ့ရမှာဖြစ်ပါတယ်။ အကယ်၍ Windows 7 install  ပြုလုပ်တဲ့ screen  အစား လက်ရှိ Windows တက်လာပါက BIOS setup တွင်ရွေးချယ်ထားတဲ့ boot drive ကမှားနေလို့ဖြစ်ပါတယ်။
Windows 7 installation screen ပေါ်လာပါကအသုံးပြု မယ့်ဘာသာစကားကိုရွေးချယ်ပြီး Next  ကိုနှိပ်ပါ။
ထို့နောက် Install Now  ကို နှိပ်ပါ။

ထို့နောက်ပေါ်လာတဲ့ installation screen  တွင် I accept the license terms  ကို check  လုပ် ပြီး Next  ကိုနှိပ်ပါ။

ပေါ်လာတဲ့ screen  တွင် Custom (Advanced) option  ကိုရွေးပါ။

Custom (Advanced) option ကိုရွေးပြီးတဲ့အခါမှာ Windows 7  ကို install  လုပ်မယ့် hard drive  (သို့) partition  ကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ထို့ နောက် Next  ကိုနှိပ်ပါ။

ထို့နောက် Windows 7  ကို အလိုအလျောက် install  ပြုလုပ် တာကိုတွေ့ရမှာဖြစ်ပါတယ်။

Screenများပေါ် လိုက်ပျောက်လိုက် ဖြစ်နေတာကိုတွေ့ရမှာဖြစ်ပြီး ကွန်ပျူတာ restart  ဖြစ်သွားတာကို တွေ့ရမှာဖြစ်ပါ တယ်။

Install ပြုလုပ်မှုပြီးဆုံးတဲ့အ ခါမှာတော့ username  နဲ့ password  ကိုဖြည့်ရမယ့် screen  ကိုတွေ့ရမှာ ဖြစ်ပါတယ်။ အသုံးပြုလို တဲ့ username  နဲ့ password  ကို ဖြည့်ပြီး Next  ကိုနှိပ်ပါ။

ထို့နောက် Windows 7  ရဲ့ product key  ကိုထည့်ရမယ့် screen  ကိုတွေ့ရမှာဖြစ်ပါတယ်။ Product key  ကိုရိုက်ထည့်ပြီး Next  ကိုနှိပ်ပါ။

ထို့နောက် Security setting, Time zone and date setting  နှင့် Setting up your network  ဆိုတဲ့ on-screen  သုံးခုကိုတွေ့ရမှာဖြစ်ပါတယ်။နောက်ဆုံးအနေဖြင့် မိမိအ သုံးပြုလိုတဲ့ပရိုဂရမ်များကိုထည့်သွင်း ပြီးတဲ့အခါမှာ တော့ Windows 7  ကို စ တင်အသုံးပြုနိုင်မှာ ဖြစ်ပါ တယ်။


Ref : Internet Journal   

 

Cell Phone Projector


ရုပ်မြင်သံကြားနဲ့ရုပ်ရှင်ဇာတ် ကားတွေကိုမြင်ကွင်းကြီးကြီးကြည့် ရတာကို ကျွန်တော်အတော် သဘော ကျတယ်။ ငယ်ငယ်ကဆို ရင် သီတင်းကျွတ်၊ တန်ဆောင် တိုင်ပွဲတော်တွေမှာ ဘောလုံးကွင်း ထဲပိတ်ကား ထောင်ပြတဲ့ ညလုံး ပေါက်ရုပ်ရှင်တွေကို လိုက်ကြည့်ရ တာအမော၊ ဗီဒီယိုတွေပေါ်လာ ပြန်တော့ ခင်ရာ မင်ရာ၊ အိမ်တွေ မှာပဲ ဒါမှမဟုတ် ဗီဒီယိုတွေ၊ ဘော လုံးပွဲတွေကို ပရိုဂျက်တာနဲ့ထိုးပြ တာကတော့ အကြိုက် ဆုံးပဲ။ မြင် ကွင်းကျယ်ကျယ်ကြိုက်ပေမယ့် ပရို ဂျက်တာတော့ မ၀ယ်နိုင်ဘူးခင်ဗျ။ အဲဒီတုန်းက ပရိုဂျက်တာ တစ်လုံး ရဲ့တန်ဖိုးဟာ မြန်မာငွေသိန်း (၂၀) နီးပါးရှိပါတယ်။

အပေါ်စက်၊ အောက်စက်တွေ ကွန်ပျူတာတွေပိုင်လာသည့်တိုင် ပရိုဂျက်တာ ပိုင်ဖို့ကိစ္စမှာ ကျွန် တော်တို့လို လူလတ်တန်းစားတွေ အဖို့တော့မလွယ်ကူခဲ့ပါဘူး။ ဒါပေ မဲ့ ခေတ်ကပြောင်းသွားပြီခင်ဗျ။ လက်ဝါးထဲထည့် ယူသွားလို့ရတဲ့ ပရိုဂျက်တာလေးတွေပေါ်လာပါပြီ၊ ဈေးကတော့မသေးလှဘူး၊Foringကသွင်းပြီးရောင်းတဲ့ ပရိုဂျက်တာ ပိစိကွေးဆိုရင် ဈေးနှုန်းက(၉)သိန်းကျော်ပါတယ်။ ပရိုဂျက်တာကြီးသက်သက် ဈေးအများကြီး ပေး ၀ယ်ဖို့ကတော့တော်ရုံလူဆိုရင်လက် တွန့်သွားမှာပါ။ ဒါကိုသိတဲ့ထုတ် လုပ်သူများက ၂၀၀၉ ခုနှစ် အစော ပိုင်းမှာ Digital camera  နဲ့တွဲပြီး ပြုလုပ်ထားတဲ့ ပရိုဂျက်တာလေးကို ထုတ်လုပ်ခဲ့ပါတယ်။ Nokia cool pix S 100 PJ  ကင်မရာကို တစ်ပါ တည်း ထည့်ရောင်းတာပါ။ ပစ္စည်း နှစ်မျိုးတွဲပါတဲ့ ကင်မရာရဲ့ ရောင်းဈေးက ဒေါ်လာ (၄၃၀) ဖြစ်ပါ တယ်။

ခုနောက်တစ်မျိုးအဆန်းတကြယ်လာပြန်ပါပြီ။ Cell Phone Projectorတဲ့၊ တစ်ကိုယ်ရေသုံး ပရိုဂျက်တာကို Cell Phone  ထဲ တွဲထည့်လိုက်တာပါ။ ဗီဒီယိုပရိုဂျက်တာရဲ့အရွယ်အ စား ကိုသာမန် ဇီးသီးတစ်လုံးလောက် ထိချုံ့ယူနိုင်ခဲ့ပြီမို့ Cell Phone  တွေထဲမှာ ပရိုဂျက်တာထည့်သွင်း ဖို့ကိစ္စဟာ အရမ်းကိုအဆင်ပြေလွယ်ကူ လာပါတယ်။ ဒီလိုသေးငယ်တဲ့ ပရိုဂျက်တာကို တီထွင်သူဟာ Chip  ထုတ်လုပ်မှု ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Texas Instrument (TI)  ဖြစ်ပါတယ်။ ဒီပရိုဂျက်တာဟာ ဈေးနှုန်းလည်းချိုသာတဲ့အတွက်နောင်တစ်ချိန်မှာ အများသူငါ မလွဲ မသွေအသုံးပြုလာရလိမ့်မယ်လိွုှု့ ကယူဆထားပါတယ်။ ပရိုဂျက် တာကို သေးငယ်လှတဲ့ Cell Phone  ထဲထည့်သွင်း နိုင်လာရ ခြင်းဟာ Projection TV  တွေမှာ အသုံးပြုတဲ့ Chip  ကို သေးသည် ထက်သေးအောင်စဉ် ဆက်မပြတ် သုတေသနပြုလုပ်ခဲ့တဲ့ IT  ရဲ့ ဆောင်ရွက်ချက်ကြောင့်ပဲ ဖြစ်ပါ တယ်။

ပရိုဂျက်တာမှာအသုံးပြုတဲ့ Digital Light Processing Chips (DLP chips)  တွေဟာ electromechanical mirror  ထောင်ပေါင်းများစွာပါဝင်ပြီ mirror  တစ်ခုစီဟာ pixel  တစ်ခုစီကို ကိုယ်စားပြုပါတယ်။ ဒီ pixel  တစ် ခုစီကိုအလင်းဖြတ်ပြီးထိုးပေးတဲ့အခါ electrical field  တစ်ခုပေါ် ပေါက်လာပါတယ်။ ဒီ field  က mirror  ကိုဆင်ခြေလျှောပုံစံစောင်း သွားစေပြီး အနီ၊ အစိမ်း၊ အပြာ LED  မီးသီးတွေကထွက်လာတဲ့အလင်း ရောင်ကို ပရိုဂျက်တာမှန်ဘီလူးထဲဖြတ်ဝင်ခွင့်ပြုပြီး နံရံ (သို့မဟုတ်) ပိတ်ကားပေါ်ကိုကျ ရောက်စေပါတယ်။

DLP pico  လို့ခေါ်တဲ့ ပထမဆုံး Microscale projector chip  တစ်မျိုးကို လွန်ခဲ့တဲ့နှစ်ထဲမှာ TI  ကထုတ် လုပ် ခဲ့ပါတယ်။ အဲဒီ ပရိုဂျက်တာကပြ သနိုင်တဲ့ ပုံရိပ်အရည်အသွေးဟာ 480 x320 pixels  ဖြစ်ပါတယ်။ အဆိုပါ chip  ကိုခုအချိန်မှာအိတ် ဆောင်ပရိုဂျက်တာတွေထဲထည့် သွင်းအသုံးပြုလျက်ရှိပါတယ်။ ဒီ chip  ကိုပဲ Cell Phone  အတွင်း ထဲထည့်သွင်းပြီး စပိန်နိုင်ငံ ဘာစီ လိုနာမြို့မှာ ကျင်းပတဲ့ Mobile World Congress မှာထုတ်ဖော်ပြသခဲ့ပါတယ်။ အဲဒီပွဲမှာပြခဲ့တဲ့ Cell Phone Projector ဟာ ဆမ်ဆောင်းအမျိုး အစား ဖုန်းထဲမှာ ထည့်သွင်းထားတာဖြစ်ပြီး ၁.၃ မီ တာထောင့်ဖြတ်အရှည်ရှိတဲ့ပုံရိပ်ကို ထုတ်ဖော်ပေးနိုင် ပါတယ်။

Cell Phone Projector နဲ့ပြ သနိုင်ခဲ့တယ်ဆိုပေမယ့် နိမ့်ကျတဲ့ ပုံရိပ်အရည်အသွေးကြောင့်ဒီပရိုဂျက်တာမျိုး ဟာ အများသုံးဖြစ်လာ ဖို့မလွယ်သေးပါဘူး။ ဒါကြောင့် TI  ဟာပုံရိပ်အရည်အသွေးပိုမိုကောင်း မွန်တဲ့ chip  အမျိုးအစားကိုဆက် လက်ထုတ်လုပ်ခဲ့ပါတယ်။ ဒုတိယ မျိုးဆက် chip  ဟာပုံရိပ်အရည်အ သွေး 850x480 pixels  ရှိတဲ့ပုံ ရိပ်ကို ထုတ်ဖော်ပေးနိုင်ပါတယ်။ DVD  ပုံရိပ်အရည်အသွေးထက် သာလွန်ပြီး Cell Phone  ထုတ် လုပ်သူအများစုကတောင်းဆိုတဲ့ပုံ ရိပ်အရည်အသွေးမျိုးလည်းဖြစ်ပါ တယ်။ ပထမ projector  မှာ mirror  ပေါင်း ၁၅၀၀၀၀ ပါဝင်ရာ ကနေ ဒုတိယ projector  မှာ mirror  ပေါင်း ၄၀၀၀၀၀ ကျော်ပါဝင်တဲ့ အဆင့်ကိုမြှင့်တင်ယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ Screen ရဲ့အရွယ်အ စားကတော့ ၂၀ ရာခိုင်နှုန်းပိုသေး သွားပါတယ်။ chip  မှာပါတဲ့ mirrorလေး တွေ ကိုစောင်း (ဇောင်း) သိမ်းပေးနိုင်တဲ့အတွက်အရွယ်အ စားပိုသေးသွားတဲ့အပြင် mirror  လေးတွေရဲ့ လျှပ်စစ်အဆက်အ သွယ်ကို ပိုကောင်းအောင်လည်း လုပ်နိုင်ခဲ့ပါတယ်လို့ IT  ကတာဝန် ရှိပုဂ္ဂိုလ်တွေ က ပြောကြားသွားပါ တယ်။ အရွယ်ပိုသေးပြီး အရည် အသွေးပိုကောင်းလာတဲ့ ပရိုဂျက် တာ chip  ဟာ Cell Phone  ထဲ ထည့်သွင်းအသုံးပြုဖို့ ပိုပြီးလက် တွေ့ကျလာပါတယ်။ ဒီပရိုဂျက် တာဟာ အလင်းရောင် အခြေအနေအမျိုးမျိုးမှာ A4  အရွယ်အစားရှိတဲ့ ပုံရိပ်ကိုအရည်အသွေးကောင်းမွန်စွာနဲ့ပြသပေးနိုင်ပါတယ်။ ပါဝါသုံးစွဲမှုအလွန်နည်းတဲ့အတွက် Cell phone  ထဲမှာရှိတဲ့ ဓာတ်ခဲကို အားအပြည့်သွင်းထားရင်နှစ်နာရီ စာရုပ်ရှင်ဇာတ်ကားတစ်ကားကြည့် နိုင်ပါတယ်။ အသစ်ထွက်လာတဲ့ chip  ကို cell phone  ထုတ်လုပ် သူအတော်များများက လက်ခံအ သုံးပြုလာခဲ့မယ်ဆိုရင် ဆမ်ဆောင်း နဲ့ပြိုင်ဘက်တွေဖြစ်တဲ့ Microvision, Motorola နဲ့ 3M  တို့ကထုတ်လုပ်မယ့် Cell Phone  ပရိုဂျက်တာတွေကိုတွေ့လာရစရာအကြောင်းရှိပါ တယ်။

Screen ကြီးကြီးတစ်မျိုးတည်း နဲ့ပြသနိုင်တဲ့ Cell Phone  မျိုးအ ပြင် Screen  နှစ်မျိုးနှစ်စားနဲ့အသုံး ပြုနိုင်မယ့် Cell Phone  မျိုးအပြင် Screen  နှစ်မျိုးနှစ်စားနဲ့အသုံးပြု နိုင်မယ့် Cell Phone  မျိုးကိုလည်း စမ်းသပ်သုတေသနပြုလျက်ရှိပါ တယ်။ အဲဒီ phone  မျိုးကျရင် screen  အသေးကဖုန်းပေါ်မှာရှိ မယ်။ ပရိုဂျက်တာနဲ့ထိုးပြနိုင်မယ့် Screen  အကြီးကတော့ ပိတ်ကား (သို့မဟုတ်) နံရံပေါ်မှာရှိပါမယ်။ Screen  နှစ်မျိုးပါတဲ့ ဖုန်းတွေဟာ စမ်းသပ်အသုံးပြုဖို့ ဖိတ်ခေါ်ခံရသူ တွေကိုမသုံးရမနေနိုင်ဖြစ်အောင်ဆွဲ ဆောင်နိုင်လိမ့်မယ်လို့ သုတေသီ တွေကဆိုပါတယ်။ Screen  နှစ်မျိုး ကိုအသုံးပြုတဲ့အတွက် မိမိတစ် ကိုယ် ထဲသိဖို့လိုတဲ့သတင်းအချက် အလက်တွေကို screen  အသေး ပေါ်မှာကြည့်ပြီး အများသူငါကြည့် ရှုစေလိုတဲ့သတင်းအချက်အလက် မျိုး (ဥပမာ- မြေပုံ၊ ဓါတ်ပုံစသည်) ကို Screen  အကြီးပေါ်မှာ ပရို ဂျက်တာနဲ့ထိုးပြီးပြသနိုင်ပါတယ်။

Cell Phone နဲ့ ရုပ်ရှင်ပိတ် ကားကြီးအရွယ်ပုံတွေကိုပြသလာ နိုင်တာကတော့ဟုတ်ပါရဲ့၊ ဒါပေမဲ့ထွက်လာတဲ့ Cell Phone Projector  တွေကိုလူတွေက၀ယ်ချင် တဲ့ စိတ်ရော ရှိမှရှိကြပါမလား။ ရှိတယ်ဆိုရင်တောင် ဘယ်လောက် များများဝယ်ကြမှာလဲ။ ဒါတွေက တော့ ထုတ်လုပ်သူတွေဘက်က စိုး ရိမ်းပူပန်မှုပါ UK  က Cell Phone  ဆိုင်ရာာနိငေ ကိစ္စကျွမ်းကျင်သူ ရု(က်)ဇီရိုကတော့ Cell Phone Projector  အသုံးပြုမယ့် လူအများစုဟာ လူငယ်တွေပဲ ဖြစ်လိမ့် မယ်လို့ဆိုပါတယ်။ အများသူငါ ၀ယ်ယူအသုံးပြုနိုင်မယ့် ဈေးချိုချို အိတ်ဆောင်ပရိုဂျက်တာလေးတွေ ပေါ်လာတာက ၀မ်းသာစရာပါ။ ဒါပေမဲ့ အိတ်ဆောင်ပရိုဂျက်တာနဲ့ပြတဲ့ show  တွေအတွက် လူ့ ကျင့်ဝတ်ပိုင်းကကြည့်ပြီး စိုးရိမ် ပူ ပန်နေသူတွေလည်းရှိပါတယ်။ ဒီ ပရိုဂျက်တာ မျိုးတွေ လူတကာကိုင် လာရင် ဘီယာဆိုင်နံရံပေါ်မှာ ပြ မယ်။ အပျော်တမ်းဗီဒီယိုရှိုးတွေ၊ ဒါမှမဟုတ် ဘတ်(စ်)ကားခေါင်မိုး မှာပြမယ်။ ဗီဒီယိုရှိုးတွေမှာပြသင့် တာရော၊ မပြသင့်တာတွေပါ ပါဝင်လာနိုင်တဲ့ အတွက် သာမန်လူတွေ ရော၊ ဥပဒေလောကသားတွေပါ စိုးရိမ်ပူပန်နေကြတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက် ပြီးဥပဒေနဲ့ထိန်း ကျောင်းမှုတွေလည်းပေါ်ကောင်း ပေါ်လာပါလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ်မကြာတော့တဲ့ အနာဂတ်ကာလမှာ Cell Phone  ကိုင်သူအတော်များများရဲ့လက်ထဲ ကိုအိတ်ဆောင်ပရိုဂျက်တာလေး တွေရောက်လာပါတော့မယ်။ ပျော် ပွဲစားရုံထဲက ဘီယာစားပွဲဝိုင်းမှာ Blackberry  ဖုန်းသုံးပြီး e-mail  ဖတ်ရင်းကြုံရတဲ့ရင်ခုန်မှုမျိုးကိုနောင် တစ်ချိန်မှာအမျိုးမျိုးသော Cell Phone  တွေကသယ်ဆောင်လာပါ လိမ့်မယ်။


Ref : Internet Journal   

 

3G ကွန်ရက် နှင့် ဟန်းဆက်


 3G ကွန်ရက်ထွန်းကားလာမည့် ယနေ့ခေတ်တွင်လူငယ်၊ လူကြီး မရွေး စိတ်ဝင်စားမှုများမှာလည်း 3G လောကထဲသို့ ရောက်ရှိလာခဲ့ သည်။ 3G ဟုဆိုရာတွင် ဂီတ နားထောင်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းတို့ ထက် ပိုမိုသည့် အင်တာနက်ကွန်ရက် ချိတ်ဆက်ခြင်းနှင့် video call တို့သည် ယနေ့ခေတ် မြန်မာပြည်သူ များအတွက် အထူးတောင့်တရာ ဖြစ်လာခဲ့သည်။

မိမိရောက်ရာနေရာမှ မိမိ၏ လက်တစ်ကွက်စာ သေးငယ်သော အရာကလေးမှသည် ကမ္ဘာလောကကြီး၏ သတင်း အချက်အလက်များကို သိနိုင်ခြင်း၊ ခွဲခွာ နေသူများနှင့် တွေ့ဆုံခွင့်တို့မှာ 3G ကွန်ရက်၏ အကျိုး သက်ရောက်မှုများ ဖြစ်ကြောင်းကို 3G ကွန်ရက် ဖော်ဆောင်လျက်ရှိသော မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရ သည်။ 3G ကွန်ရက်သည် မြန်မာ ပြည်သူများအတွက် အဆင်ပြေဆုံး ဖြစ်လာမှာဖြစ်ပြီး ရိုးရိုးဖုန်းသုံးစွဲ ခွင့်ထက် ပိုမိုသည့်စနစ်များ နှင့် သတင်း အချက်အလက်များ ရယူနိုင်ရန် ဖန်တီးထားပြီး ဖြစ်သည်။ သုံးစွဲသူ ပြည်သူများဘက်မှလည်း 3G ကွန်ရက်ရနိုင်မည့် ဖုန်းဟုဆိုလိုက် သည်နှင့် စိတ်ဝင်တစားရှိခဲ့ပြီး မည်သည့် အချိန်တွင် မြောက်မြားစွာသုံး နိုင်ခွင့်ရနိုင်မည်ကို မျှော်လင့်လျက် ရှိကြသည်။

“ 3G ကွန်ရက်က အမျိုးအစား နှစ်မျိုးရှိတယ်။ UMTS နဲ့ WCDMA ဆိုပြီး နှစ်မျိုးရှိပါတယ်။ ကျွန်တော်တို့က ကိုယ့်နိုင်ငံနဲ့ကိုက်ညီမှု ရှိမရှိကို နှစ်မျိုးစလုံးနဲ့ စမ်းသပ်ထား တယ်။ WCDMA  ဆိုရင် သုံးစွဲခွင့် ပေးထားပြီး ဖြစ်ပါတယ်” ဟု မိုဘိုင်း ဆက်သွယ်ရေးလုပ်ငန်းမှ ၀န်ထမ်း တစ်ဦးမှ ပြောပြခဲ့သည်။ 3G ကွန်ယက်ရရှိရန် နိုင်ငံတော်မှ ပြည်ပမှ စက်ပစ္စည်းများ မှာယူခဲ့ပြီး တစ်နှစ် ပြည့်လုနီးပါးအချိန်တွင် စတင်သုံး ခွင့်ရရှိနေပြီ ဖြစ်သည်။

“3G ကွန်ရက်ရရှိသော ဖုန်း တွေမှာ video call လို့ခေါ်တဲ့ နှစ်ဘက်ရုပ်မြင်ပြီး စကားပြောခြင်း များ၊ internet, email အစရှိ သဖြင့် သုံးစွဲခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။ ဈေးကွက်အတွင်းမှာရှိတဲ့ ဟန်းဆက်အတော် များများမှာလည်း 3G ကွန်ယက်ကို ကောင်းကောင်း support  လုပ်တဲ့ ဟန်းဆက် အများအပြားရှိလာပြီ ဖြစ်ပါတယ်” ဟု service ပညာရှင်တစ်ဦးမှ ပြောသည်။ ဟန်းဆက် အရောင်းဈေးကွက်တွင်လည်း 3G ကွန်ရက် အတွက် အထောက်အပံ့ပေးနိုင်မည့် ဟန်းဆက်များကို နောက်ပိုင်းတွင် အလေးထား၍ တင်သွင်း လာခဲ့သည်။
“နောက်ပိုင်းဝင်တဲ့ဟန်းဆက် တွေက UMTS တို့ WCDMA တို့ကို ရနိုင်တဲ့ dual band အမျိုးအစားတွေဖြစ် လာပါတယ်။ GSM ကွန်ရက် 900/1800/1900 တို့ကို သုံးနိုင်သလို WCDMA 2100 ကို လည်း support ပေးကြတယ်။ အဲဒီဟန်းဆက်တွေမှာဆို video call အတွက် ကင်မရာနှစ်လုံးပါ တယ်။ WAP 2.0 တို့လို internet သုံးခွင့်ကိုလည်း အထောက်အပံ့ ပေးကြတယ်။ multimedia message တွေကိုလည်း ပေးနိုင် မယ်” ဟု Kan Htoo မိုဘိုင်းဆိုင်မှ ပြော ပြသည်။ ဟန်းဆက်ရောင်းချမှုများ မှာလည်း ဈေးကွက် ၏လိုအပ် ချက် များကို ဖြည့်တင်းပေးလျက်ရှိရာ အချို့မှာ 3G  အဆင့်ရှိဖုန်းများ သည် application ထည့်သွင်းခြင်း၊ ဂိမ်းကစားခြင်း၊ audio နှင့် video ကြည့်ခြင်းတို့ကဲ့သို့ multimedia စနစ်များမှာလည်း အထူးတလည် ကောင်းမွန်လာခြင်း ကြောင့် GSM  ရိုးရိုးကိုင်ဆောင် ထားသူများလည်း ၀ယ်ယူခဲ့ကြ ခြင်းဖြစ်သည်။

“ 3G အဆင့်ရှိတဲ့ဖုန်းဆိုပြီး ၀ယ်ယူခဲ့ခြင်းဖြစ်ပါတယ်။ ကိုယ့်မှာ အင် တာနက် ကွန်ရက်မရနိုင်တဲ့ GSM ဖုန်းဖြစ်ပေမယ့်လည်း သူ့ရဲ့ လုပ်ဆောင်မှုတွေကို သဘောကျတဲ့ အတွက် ၀ယ်ယူဖြစ်ခဲပါတယ်။အရင်သုံးတဲ့ ကျွန်တော့်ဖုန်းက smart phone  အမျိုးအစားပဲဖြစ် ပါတယ်။ ဒါပေမယ့် WCDMA တို့ကို ရပိုင်ခွင့်တော့ မရှိပါဘူး။ အခု နောက်ဆုံးဖုန်းကတော့ 3G အဆင့် ရှိပါတယ်” ဟု မိုဘိုင်းဖုန်းသုံးစွဲသူ လူငယ်တစ်ဦးမှ ရှင်းပြသည်။

3G အဆင့်ရှိဖုန်းများသည် ဈေးကွက်တွင် ဈေးနှုန်း ကြီးမြင့်ကြသော်လည်း ကြိုက်နှစ်သက်သူလူငယ်လူကြီး မရွေး ၀ယ်ယူကြခြင်းသည် 3G ဟန်းဆက်၏ အောင်မြင်မှုတစ်ခု ပင်ဖြစ်သည်။ 3G ဟန်းဆက်ကိုမှကြိုက်နှစ် သက်သူ လူငယ်တစ်ဦးမှ ပြောပြရာတွင် “ 3G  ဟန်းဆက်ရဲ့ အားသာချက်တွေက များပြား သလို၊ စတိုင် လည်းကျပါတယ်။ ကိုယ့်ရဲ့ဖုန်းက နောက်ဆုံးပေါ်ဖြစ် နေတာကိုလည်း သဘောကျပါတယ်။ အမှန်တကယ် လည်း လိုချင် ပါတယ်” ဟု၎င်း၏ ခံစားချက်ကိုပြော ပြသည်။ 3G ကွန်ရက်အား စိတ်ဝင်စားသူများမှာလည်း ““ WCDMA ကွန်ရက်ဆိုတာ 3G ကွန်ရက်လို့ သတင်းစာ၊ ဂျာနယ်တွေမှာဖတ် လိုက်ရလို့ သိရတယ်။ ကိုယ်တိုင် လည်း သုံးခွင့်ရရင်ကောင်းမယ်လို့ မျှော်လင့်ထားပါတယ်။ အင်တာနက် သုံးခွင့် ရမည်ဆိုရင်ပဲ အထူး ကို ကောင်းလှပါပြီ။ လျှောက်ထားသူတိုင်း ရနိုင်ခွင့်ရှိရင်တော့ ပိုပြီး ကောင်းပါလိမ့်မယ်”” ဟု ပြောပြခဲ့ သည်။

3G ကွန်ရက် ရရှိနေသောသူများသည် 3G  ဟန်းဆက်ရှိရန်လို အပ်လာပြီဖြစ်သည်။ အချို့ဟန်းဆက်များ သည် UMTS  သာရရှိပြီး WCDMA မရနိုင်သော 3G ဟန်း ဆက်များလည်းရှိသည်။ထို့ကြောင့် 3Gကွန်ရက် ရသော GSM  ဖုန်း များ မြန်မာပြည်တွင် တိုးပွားလာ ပါက၎င်းကိုကောင်းစွာ အထောက်အပံ့ပေးနိုင်မည့် 3G ဟန်းဆက် များလည်း ရောင်းအားတက်ဖွယ်ရှိ ကြောင်း ဈေးကွက်ပညာရှင်များ မျှော်လင့်ထားကြသည်။

လူငယ် များမှလည်း 3G ကွန်ရက်ရရှိလျှင် 3G ဖုန်းကိုင်၍ စတိုင်ထုတ်ဖို့ကြံ စည်ထားကြသလို လူကြီးများမှ လည်း မိမိ၏လုပ်ငန်းများ အဆင်ပြေချောမွေ့ဖို့ 3G  ဖုန်းသည် အထူး အရေးပါမည်ကို သိထားကြသည်။
3G ဟုဆိုလိုက်တာနှင့် သုံးစွဲဖို့ ပြင်ဆင်နေကြသော မြန်မာပြည်သူ ပြည်သားများအတွက် မြန်မာ့ဆက်သွယ် ရေး လုပ်ငန်းမှ စွမ်းဆောင် လျက်ရှိကြသည်။


Ref : Internet Journal