Friday, December 26, 2008

ကြီးတော် နဲ့ အုတ်လမ်း

Reff : Forward Mail

ဒီလိုပါဗျာ..။
တစ်နေ့ ကိစ္စရှိလို့ မြို့ထဲ အသွား သူငယ်ချင်းတစ်ယောက်က
ကျွန်တော် ကို ဖုံးလှမ်းဆက်တယ်..။" ဟေ့ကောင် online တတ်ခဲ့ဦး..."တဲ့။
ဒါနဲ့ ပြန်ပြောလိုက်တယ်.." ဟာ..အိမ်မှာ မဟုတ်ဘူးကွ..မြို့ထဲရောက်နေတယ် "
ဆိုတော့.. " ရောက်ရာ အရပ်က တတ်ခဲ့ကွာတဲ့.."။
ဒါနဲ့ နီးစပ်ရာ မြန်မာဆိုင်ကနေ online တတ်ပြီး သူငယ်ချင်းနဲ့ စကားပြောနေတုန်း...
ဆိုင်ထဲကို ယောင်လည်လည် နဲ့ "တဝန်းပူ"လေးတစ်ကောင်ဝင်လာတယ်..။
(တ = တောသား) ပြီးတော့ ဆိုင်ရှင် အကိုကြီးကိုပြောတယ်...

"အကို ကျွန်တော် ကြီးတော် နဲ့ ပြောလို့ရမလား" တဲ့.။

ဆိုင်ရှင်အကိုကြီးမပြောနဲ့ ကျွန်တော်တို့တောင်မှ ကြောင်သွားတယ်..။
ဆိုင်ရှင် အကိုကြီးက " ဘာ..ဘာဗျ..".ဆိုတော့

" ကျွန်တော့်ကြီးတော် နဲ့ ပြောချင်လို့လေ.." တဲ့..ထပ်ပြောတယ်...။

ဟာ..မင်း..ကြီးတော်နဲ့ ပြောတာ ငါတို့က ဘယ်လိုလုပ်သိမှာလဲ..။

မင်းဖာသာ မင်းပြောပေါ့ကွ..ဆိုတော့..
သူက ဟာ..ကျွန်တော် မသိလို့ ခင်ဗျားကိုမေးတာပေါ့ဗျ...။
ဒါနဲပဲ မနေနိုင်မထိုင်နိုင် ၀င်မေးမိတော့..

" နေပါဦးကွ..မင်း ကြီးတော်က ဘယ်မှာနေတာလဲ.." ဆိုတော့မှ...
အဖြစ်မှန်ကိုသိရတော့တယ်...။

" ကျွန်တော် ရွာက ထွက်လာတော့ ရန်ကုန်မှာတည်းတဲ့
ဘကြီးဘုန်းကြီးက ပြောလိုက်တာလေ..
မင်း မလေးရှားရောက်ရင် ဖုန်းပြောတာက ဈေးကြီးတယ်...။
အင်တာနက်ဆိုင်ကို ရှာပြီးသွား..ပြီးရင် ကျွန်တော် ကြီးတော်
ပြောချင်လို့ပါဆို သူတို့ လုပ်ပေးလိမ့်မယ်...တဲ့ "။

အဲတော့မှပဲ..ကျွန်တော်တို့ အပတ်လည်တော့တယ်ဗျာ....။
သူပြောချင်တဲ့...ကြီးတော် ဆိုတာ...ဂျီတော့ပ်(Gtalk) ကိုးဗျ...။
ဂျီတော့ပ်(Gtalk) တောင်မှ ကြီးတော် ဖြစ်အောင် လုပ်တဲ့လူတွေ...။

နောက်ပြီးတော့ သူဆက်ပြောတဲ့ စကားကြားတော့ မှ ကျွန်တော့်တို့ လဲ
ပက်လက်လန်တာပါပဲ..။
" အင်း ဘကြီးဘုန်းကြီးက ပြောလိုက်သေးတယ်...
သူက အမြဲတမ်း အုတ်လမ်း မှာရှိတယ်တဲ့ .. မင်းလာချင်တဲ့ အခါ လာခဲ့တဲ့..။"


အုတ်လမ်း = Online


....................

Tuesday, December 23, 2008

တရုတ်သိုင်းကားတွေမရှိရင် ဘယ်တော့မှမသိနိုင်မယ့်အချက်များ

Reff : Forward Mail

မင်းသားရဲ့ မိဘဖြစ်ရတဲ့သူတွေဟာ ကံမကောင်းတတ်ကြပါဘူး။ မင်းသားငယ်စဉ်ဘ၀မှာ
ရန်သူတွေသတ်တာခံရပြီး မင်းသားက မိဘမဲ့ဖြစ်သွားလေ့ရှိပါတယ်။

ဒဏ်ရရပြီး သေလုမျောပါးဖြစ်နေတဲ့ လူတွေဟာ အသက်ကိုရအောင်ရှုပြီး သူ့ကိုဘယ်သူသတ်သလဲဆိုတာ ဖော်ထုတ်ဖို့စကားအနည်းငယ်ပြောပြီးမှ (သေကြောင်းပြတဲ့ အနေနဲ့) ခေါင်းကစောင်းကျသွားပါတယ်။

သိုင်းပညာရှင်တွေဟာ ခေါင်မိုးတွေ သစ်ပင်တွေပေါ်မှာ အဝေးကြီးကို ချွေးလုံးဝမထွက်ဘဲ ပျံနိုင်ပါတယ်။
ဒါပေမယ့် တခြားမြို့တွေရွာတွေကို ခရီးထွက်တဲ့ အခါတွေမှာတော့ လမ်းလျှောက်ပြီး
(ဒါမှမဟုတ်) မြင်းစီးပြီး သွားကြရရှာပါတယ်။

မင်းသားသူရဲကောင်းတွေဟာ ပိုက်ဆံရဖို့အတွက် အလုပ်မလုပ်ပေမယ့်ဝယ်စားတဲ့
အစားအစာတွေအတွက်ပေးဖို့ ရွှေတုံးငွေတုံးတွေ သူတို့မှာ အမြဲ ရှိနေတတ်ပါတယ်။

တိုင်းပြည်က ဘယ်လောက်ကြီးကြီး၊ ဘယ်နေရာတွေမှာပဲ ရောက်နေနေ မင်းသားနဲ့လူဆိုးတွေဟာ
မကြာခဏ လမ်းမှာဆုံလေ့ရှိကြပါတယ်။
အတွင်းဒဏ်ရာတွေ ကုသရတာလည်း အရမ်းလွယ်ကူပါတယ်။
တင်ပလင်ခွေထိုင်၊ ဒူးခေါင်းပေါ်မှာ လက်တွေတင်ပြီးရင် ခေါင်းက မီးခိုးတွေထွက်သွားတာနဲ့ ပျောက်ပါပြီ။

သူတို့ဟာ အကျီလက်တွေ ခါးပတ်တွေထဲမှာ ပစ္စည်းတွေအများကြီး (အထူးသဖြင့် ရွှေတုံးငွေတုံးတွေ)
ထည့်နိုင်ပြီး ဘယ်တော့မှလည်း ပြုတ်မကျကြပါဘူး။

.................

ကုလားကားတွေမရှိရင် ဘယ်တော့မှမသိနိုင်မယ့်အချက်များ

Reff : Forward Mail

မင်းသားနဲ့မင်းသမီးဟာ မိုးရေထဲမှာ အရင်မ“က”ရသေးသရွေ့ ချစ်သူမဖြစ်ရပါဘူး။

မိတ်ကပ်တွေဟာလည်း တစ်ခါလိမ်းပြီးရင် မိုးရွာရွာ နေပူပူ ဘယ်လိုအခြေအနေမှာ
ဖြစ်ဖြစ် ဒီအတိုင်းပဲရှိနေပါတယ်။

မင်းသားနဲ့မင်းသမီး ချစ်သူနှစ်ယောက် ကွင်းပြင်ထဲမှာကနေတုန်း ရုတ်တရက်
(ဘယ်ကရောက်လာသလဲဆိုတာ ဘုရားပဲ သိနိုင်တဲ့)လူ(၁၀၀)လောက်
ထွက်လာပြီး သူတို့နဲ့အတူ ၀င်ကလေ့ရှိပါတယ်။

မင်းသားဟာ အပြင်းထန်ဆုံး အရိုက်အနှက်ခံနေရချိန်မှာတောင်
နာကျင်ပုံမပြပေမယ့် မင်းသမီးက အနာကို သန့်စင်ပြီးဆေးထည့်ပေးတဲ့
အခါမှာတော့ နာကျင်ပြီးတွန့်သွားတတ်ပါတယ်။

ဇာတ်သိမ်းခန်းကျရင် မင်းသားဟာ သူနဲ့တိုက်ခိုက်နေတဲ့လူဆိုးက
သူ့အစ်ကိုဖြစ်ကြောင်း၊ သူ့ကိုကြည့်ရှုစောင့်ရှောက်နေတဲ့
အိမ်ဖော်မိန်းမကြီးက သူ့အမေဖြစ်ကြောင်း၊
ရဲအရာရှိကြီးက သူ့အဖေဖြစ်ကြောင်း၊
တရားသူကြီးက သူ့ဦးလေးဖြစ်ကြောင်း စသည်ဖြင့် စသည်ဖြင့်
ဖော်ထုတ်သိရှိသွားတတ်ပါတယ်။

ရုပ်ရှင်ထဲက စကားတွေကြားမှာ ခပ်ကျယ်ကျယ်ပြောပြီး
အများဆုံးညှပ်သုံးတတ်တဲ့ အင်္ဂလိပ်စကားလုံးတွေကတော့
့“Sorry”, “My God!”, “Get Out!”, “Shut Up!”,
“Impossible” နဲ့ “No Problem”တို့ဖြစ်ပါတယ်။

မင်းသား မင်းသမီးတွေဟာ သီချင်းဆိုနေတုန်းမှာပဲမြေကြီးပေါ်လှဲချပြီး
လူးလှိမ့်နိုင်သလို အ၀တ်အစားတွေလဲ အမျိုးမျိုးပြောင်းနိုင်ကြပါတယ်။

သူတို့တွေဟာ အုန်းပင်တွေကြားမှာ ပြေးလွှားခြင်း၊ သီချင်းဆိုခြင်း၊
မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်လုပ်ခြင်း၊ တစ်ယောက်နဲ့တစ်ယောက်
ဖြတ်ကနဲ အကြည့်ချင်းဖလှယ်ခြင်း၊ အ၀တ်အစားလဲခြင်းများကို
တပြိုင်ထဲမှာ လုံးဝမမောမပန်းဘဲ လုပ်နိုင်ကြပါတယ်။

......................

Wednesday, December 17, 2008

အတွေးကလဲ... တမျိုးကြီး

Reff : Forward Mail


အိမ်ထောင်မကျခြင်းဟာ မျိုးရိုးလိုက်တဲ့ ရောဂါတော့ မဟုတ်ဘူး။
လူမိုက်တွေသာ အိမ်ထောင်ပြုကြတာ…၊
လူယုတ်မာတွေကတော့ လူပျိုကြီးပဲ လုပ်ကြတယ်။
ယောကျာ်းတွေဟာ ငါးစိမ်းမြင် ငါးကင် ပစ်တတ်တဲ့ အမျိုးတဲ့…၊
အဲဒါ မှားတယ်…ငါးစိမ်းရော ငါးကင်ပါ ယူမယ့် အမျိုး။
အစဉ်သဖြင့် ကြာရှည်တည်တံ့နေတာအရာက ချစ်မေတ္တာ မဟုတ်ဘူး၊
ပလပ်စတစ်တဲ့..။

လူမိုက်မျက်နှာကို မကြည့်ချင်ဘူး ဆိုရင်တော့ သင့်ကြည့်မှန်ုကို ရိုက်ခွဲပစ်လိုက်ပါတော့…။
အကောင်းဆုံး မိတ်ဆွေတွေတောင် တစ်ယောက် အသုဘ တစ်ယောက် လိုက်ပို့နိုင်ကြလို့လား။

ကြီးကြီးကျယ်ကျယ် စီမံဆောင်ရွက်တဲ့ နေရာမှာ ကြွက်တွေနဲ့ လူတွေဟာ
နင်လားငါလားပဲ။
ကြွက်ထောင်ချောက်တွေ ပေါ်လာပေမယ့် ကြောင်တွေကတော့ ကြွက်ခုတ်နေတုန်းပဲ…။
တော်လှပါတယ် ဆိုတဲ့ လူတွေက နယူးကလီးယား လက်နက်ကို တီထွင်တယ်တဲ့ ၊
ဘယ်ကြွက်မှ ကြွက်ထောင်ချောက် ထွင်ဖို့ စိတ်မကူးဘူး။


...............

2009 မှာရုပ်ရှင်တွေ တဝကြီးကြည်ရမယ်....

Movie Trailers: In Theaters and Coming Soon

0-9
17 Again
2012

A
A Christmas Tale
The Accidental Husband
Adventureland
Amusement
Angels & Demons

B
Bedtime Stories
The Brothers Bloom

C
Che: Part One
Confessions of a Shopaholic
Coraline
The Curious Case of Benjamin Buttom

D
Defiance
Dragonball
Duplicity

E
Earth

F
Fanboys
Fast and Furious

G

Good

H

Harry Potter and the Half-Blood Prince
The Haunting in Connecticut
He's Just Not That Into You
Hotel for Dogs

I

Ice Age: Dawn of the Dinosaurs
Inkheart
The International

K

Knowing

L

Last Chance Harvey
Little Ashes

M

Marley & Me
Monsters vs. Aliens
My Bloody Valentine 3-D
My Name is Bruce

N

New in Town
Nothing But the Truth
Notorious

O

O'Horten

P

Paul Blart: Mall Cop
The Pink Panther 2

R

Race to Witch Mountain
Revolutionary Road

S

Seven Pounds
The Soloist
The Spirit
Star Trek
Sunshine Cleaning

T

Taken
The Tale of Despereaux
Terminator Salvation
Tyler Perry's Madea Goes To Jail

U

The Ugly Truth
Unborn
Underworld 3: The Rise of The Lycans
Up

V

Valkyrie

W

Waltz with Bashir
Watchmen
The Wrestler

X

X-Men Origins: Wolverine

Y

Yes Man

.................

Friday, December 12, 2008

ပထမဆုံးအတွေ့အကြုံ

Ref : Forward Mail


ယခုကိစ္စသည် သူမဘ၀အတွက် ပထမဆုံးကိစ္စပင်ဖြစ်ပါသည်။
သူမသည်ကျောခင်းကာ လှဲအိပ်ရင်း ကြွက်သားများကိုတောင့်ထားမိလေသည်။
သူ့ကိုငြင်းဆန်ရန်အကြောင်းပြချက် မျိုးစုံကို စဉ်းစားရင်း တတ်နိုင်သလောက်
အချိန်ဆွဲနေမိသည်။ သို့သော် သူကတော့ လုံးဝလက်လျော့ဟန်မပြပဲ
သူမအနားသို့ တိုးကပ်လာလေသည်။
ကြောက်နေသလားဟု မေးသောအခါတွင် သူမကရဲဝံ့စွာခေါင်းခါပြမိသည်။
သူသည် ယခုလိုကိစ္စများတွင် အတွေ့အကြုံရင့်ကျက်သောသူတယောက်ဖြစ်ပါသည်။
သူ၏လက်ချောင်းများသည် နေရာမှန်ကို ရှာဖွေတွေ့ရှိသွားကြသည်။
အထဲထိ နိုက်စမ်းလိုက်သောအခါ သူမ နာကျင်မှုဖြင့်တကိုယ်လုံးတုန်ခါသွားပြီး
အကြောအခြင်များတောင့်တင်းသွားသည်။
သူသည် ပြောထားသလိုပင် ညင်ညင်သာသာပြုလုပ်ကြောင်း သူမသိပါသည်။
သူက သူမမျက်ဝန်းကိုစိုက်ကြည့်ရင်း စိတ်မပူရန်၊ သူ့အနေနှင့်
အတွေ့အကြုံအများကြီး ရှိကြောင်းထပ်ပြောပြန်သည်။ သူပြုံးပြသောအခါ
သူမ စိတ်ကိုလျော့ချလိုက်ပြီး သူအတွက်လွယ်ကူစေရန်
တတ်နိုင်သမျှကျယ်ကျယ်ဟပေးထားလိုက်သည်။
သူ့ကိုမြန်မြန်ကိစ္စပြီးအောင် ပြုလုပ်ရန် အကြိမ်ကြိမ်တောင်းပန်မိလေသည်။
သို့သော် သူကတော့ ဖြည်းဖြည်းမှန်မှန်သာ ဆက်လုပ်ပါသည်။ နောက်တကြိမ်တွင်
အသားမျှင်များစုတ်ပြတ်ပြီး တကိုယ်လုံးနာကျင်မှုကိုခံစားလိုက်ရသည်။
သွေးအနည်းငယ်ထွက်လာသည် ကိုလည်း သူမသိရှိလိုက်သည်။
အရမ်းနာသလားဟု သူကထပ်မေးနေပြန်သည်။ မျက်ရည်များပြည့်လျှံနေသော်လည်း
မနာသယောင်ခေါင်းခါက ဆက်လုပ်ရန် ခေါင်းညိမ့်ပြလိုက်မိသည်။
သူက ကျွမ်းကျင်စွာ ဆက်လုပ်နေသော်လည်း သူဘာလုပ်နေမှန်းမသိအောင်
သူမစိတ်လှုပ်ရှားကာထုံပေပေဖြစ်နေမိသည်။
အတန်ကြာသော် သူမမှအရည်အချို့တာကျိုးသလိုပေါက်ထွက်သွားသည်ကို ခံစားရပြီး
သူသည်အရာတစ်ခုကိုအောင်မြင်စွာ အပြင်သို့ထုတ်လိုက်လေသည်။
သူမသက်ပြင်းမောများ ရှိုက်ထုတ်နေရင်း ကိစ္စအောင်မြင်ပြီးမြောက်သွားသည်ကို
ဝမ်းသာပျော်ရွှင်နေမိသည်။ သူကနွေးနွေးထွေးထွေး ပြုံးပြရင်း
တော်တော်ကိုင်ရတွယ်ရခက်တဲ့ ခလေးမဟုရေရွတ်လေသည်။
သူမကလည်းမချိပြုံးလေးပြုံးပြလိုက်ပါသည်။

ထို့နောက် ကျေးဇူးတင်စကားကို သွားဆရာဝန်အားဆိုလိုက်လေသည်။
အထက်ပါအဖြစ်အပျက်မှာ သူမ၏ ပထမဆုံးသွားနှုတ်သည့်နေ့က
အတွေ့အကြုံပင်ဖြစ်လေသည်။



...........................

PolarClock 3 ScreenSaver



တော်တော်ကောင်းတဲ့ ScreenSaver လေးပါ...။ အရမ်းကြိုက်တယ်..။
ရက်၊လ။နေ့၊နာရီ၊မိနစ်၊စက္ကန့် တွေအားလုံးကို အဝိုင်း ၊အဝိုင်း လေးတွေနဲ့လုပ်သွားတဲ့
Idea လေးတော်တော်မိုက်တယ်.... အားလုံးလဲစမ်းသုံးကြည်ကြပါဦး....။

Download - Polar Clock Screen Saver

Demo ကြည့်ချင်ရင်တော့ ဒီမှာ ပါ...။

.........................

Wednesday, December 10, 2008

ကျိုက်ထီးရိုးတောင် နှင့် ရေတံခွန် ခရီးမှအထူးအဆန်းများ

ဘဝကိုအရှုံးမပေးသူ....





သာမန်လူတွေတောင် မနဲတက်ရတဲ့ ရသေ့တောင် ကနေ ရင်ပြင်တော် အထိကို
သူမှာတော့ နေ့တိုင်း တက်လိုက်ဆင်းလိုက်နဲ့ ဝမ်းစာအတွက် အလုပ်လုပ်နေရတယ်...



စပါးကြီးမြွေ







အဲ့ဒီ့ အချောင်းလေးက လူတွေ..သတ္တဝါတွေကို ညို့တဲ့ အချောင်းလေးတဲ့......




လေးချောင်းထောက်လိပ်ပြာ



ဘာလိပ်ပြာမျိုးစိတ်မှန်းတော့မသိဘူး... ဒါပေမဲ့ နားရင် အဲ့ဒီ့လို မတ်တတ်ကြီး
ခြေထောက်လေးချေင်းထောက်ပြီး နားတယ်..... ကျွန်တော်တို့တည်းတဲ့
ကျိုက်ထိုHotel နားနဲ့ ရင်ပြင်တော် နေရာတော်တော်များများမှာတွေရတယ်....


ဂျီသား

ကျီးကန်းပါးစပ် နဲ့ ရေတံခွန် သွားတဲ့လမ်းဆုံက ဦးတရုပ်ကြီး ဆိုင်မှာတွေ့ရတာ...
ဆိုင်ရှင်ကပြောတယ် ... လတ်တယ်တဲ့ ..မနေ့ကမှမုဆိုးတယောက်လာပို့ထားတာတဲ့...
ဂျီ / ဆတ်သားဖုတ်၁ဝသား = ၃၅၀၀ ကျပ် ...



မျောက်သားပေါက်လေး...






သင်းခွေချပ်





















ကလေးဘဝ ကနေ အခုချိန်ထိ သင်းခွေချပ်ကို ပထမဆုံး အကြိမ်ကိုင်ဖူးခြင်းပဲ...
သင်းခွေချပ် ပိုင်ရှင်ကပြောပြတယ်.... ဒီကောင်တွေအသက်က နှုတ်သီးတဲ့..
အဲ့ဒါကြောင့် ရန်သူနဲ့တွေ့ရင်ပဲဖြစ်ဖြစ် ...အန္တရယ်နဲ့ကြုံရင်ပဲဖြစ်ဖြစ်...
နှုတ်သီးကိုအရင်ဖွက်တတ်ကြတာတဲ့.. ဟုတ်တော့လည်ဟုတ်တယ်...
တစ်ကိုယ်လုံးအကြေးခွန်တွေချည်းပဲ... နှုတ်သီးနားလေးပဲ အကြေးခွန် မရှိတာ။
သူတို့ရဲ့ခန္တာကိုယ်တည်ဆောက်ဖွဲ့စည်းပုံကလဲ အရမ်းဆန်းကြယ်တယ်။
အန္တရယ်နဲ့ကြုံလာတာနဲ့ နှုတ်သီးကိုဖွက်ပြီးခွေလိုက်ရင် အလုံးကြီးဖြစ်သွားရော...
အကြေးခွန်တွေ ကလဲမာတောင်နေတာပဲ.. ကဲ...အဲ့ဒီ့တော့ဘယ်အကောင်ကိုက်ကိုက်
အေးဆေး....အကြေးခွန်တွေ ကိုကျုံ့ထားလိုက်ရင်လဲ တစ်ခုနဲ့တစ်ခုထပ်ပြီးရေတောင်
မဝင်နှိုင်ဘူးလို့ ..သင်းခွေချပ် ပိုင်ရှင်ကပြောပြတယ်။ အကြေးခွန်တွေကသာ
ကျောက်ခဲလိုမာတောင်နေတာ အတွင်းထဲကအသားလေးတွေကျတော့
တော်တော်နူးညံ့တယ်..။
လသာတဲ့ညတွေရောက်လို့ လရောင်ထဲမှာသင်းခွေချပ်ရဲ့အကြေးခွန်တွေကို
တစ်ခုချင်းဆီ လိုက်ကိုင်ကြည့်လို့... လ ကချက်ချင်းကြီးဝင်သွားရင် အဲ့ဒီ့အကြေးခွန်ကို
မှတ်ထားပြီး ဆောင်ထားရင် ကိုယ်ဖျောက်နှိုင်တယ်လို့ရှေးအယူအဆ ရှိခဲ့တယ်လို့လဲ
သင်းခွေချပ် ပိုင်ရှင်ကပြောပြတယ်။ သူ့ရဲ့အစာကတော့ ပုရွက်ဆိတ် ၊ ခြ နဲ့
တခြားပိုးကောင်လေးတွေတဲ့....။ဒီကောင်ကတော့ တစ်နေ့လုံးအိမ်အောက်ဝင်ပြီး
တူးဆွနေတာပဲလို့ ပိုင်ရှင်ကပြောပြတယ်။



ရှည့်




ကျောက်ကား






ကျိုက်ထီးရိုးစေတီတော်ပုံစံ ဆင်တုံးမနွယ်ဥ





ဝါးညီနောင်





ဆောင်ထားရင် မီးကွင်းတယ်လို့ပြောတယ်...
အိမ်ကို သူခိုးကပ်ရင် တောက်တောက်တောက်တောက် နဲ့လဲအချက်ပေးတတ်တယ်တဲ့
ရောင်းမလားလို့ပြောတော့.... Noပါ တဲ့......



သမုဒ္ဓရာ ဝမ်းတစ်ထွာ








တောင်တက်ကားခ



..............................

Friday, December 5, 2008

လူ့ဘဝ

လောကကြီးမှာကိုယ်မဖြစ်နှိုင်ဘူးလို့ ထင်ထားတာတွေအားလုံးက တကယ်တော့
ဖြစ်ပြီးကုန်ကြပါပြီ….ဒီသတင်းကိုကြားကြားခြင်း ကျွန်တော်ယုံတောင်မယုံ
နှိင်ခဲ့ပါဘူး…
တော်တော်လေးလဲ စိတ်မကောင်းဖြစ်မိတယ်…
ကျွန်တော့်သူငယ်ချင်းနဲ့ ညဘက်ဆိုင်တစ်ဆိုင်မှာ သောက်ရင်းစားရင်း

ဒီကောင်ပြောပြတာပါ…ဒီကောင်က Construction တစ်ခုက Engineer ပါ…

တစ်ရက် Siteထဲမှာ သူ့ရဲ့လက်အောက်က

အလုပ်သမားတွေ စုပြီးစကားပြောနေတာကို သွားတွေ့လို့မသင်ကာတာနဲ့

မင်းတို့ဘာတွေပြောနေကြတာလဲဆိုပြီး

အလုပ်သမားတစ်ယောက်ကိုခေါ်မေးလိုက်တော့ ….အလုပ်သမားလေးက
သူတို့ကရက်ကွက်တစ်ခု(အမည်တော့မဖေါ်ပြတော့ပါ)ထဲမှာနေကြောင်း
သူတို့အိမ်ဘေးကမိသားစုတစ်ခုက စီးပွါးရေးတော်တော်လေးကျပ်တည်းနေပြီး

ဒုက္ခရောက်နေကြောင်းယောင်္ကျားဆုံးသွားလို့ မုဆိုးမဖြစ်ပြီး ၁၆နှစ်အရွယ်

သမီးလေးတစ်ယောက်နဲ့ အတူတူ ဘဝကိုခက်ခက်ခဲခဲ

ရုန်းကန်နေရကြောင်း ။ သမီးလေးကလဲ အပျိုဖော်ဝင်ကာစ

ဖြူဖြူချောချောလေးဖြစ်ကြောင်းအကြွေးငါးသိန်းခန့်တင်နေပြီး

အတိုးအရင်းနှစ်ခုပေါင်း ၈သိန်းခန့်ရှိ၍ ဘယ်လိုမှလဲပြန်မဆပ်နှိုင်တော့ကြောင်း

အကယ်၍ ဘယ်သူမဆိုအဲ့ဒီ့ အတိုးအရင်းနှစ်ခုပေါင်း ၈သိန်းကို ဆပ်ပေးနှိုင်ပါက

၁၆နှစ်အရွယ်သူ့သမီးလေးနှင့် အတူပေးအိပ်ပြီး တစ်နှစ်တိတိပေါင်းသင်းခွင့်ပေးမည်ဟု

သတင်းထွက်နေကြောင်း ထိုသတင်းကိုလဲ…သူ့မိန်းမမှတဆင့်ပြန်ကြားရခြင်း
ဖြစ်တယ်လို့….
ကျွန်တော့်သူငယ်ချင်းကိုပြောပြသွားပါတယ်..

ကျွန်တော့်သူငယ်ချင်းက ကျွန်တော်ကိုပြန်ပြောပြတော့
ယုံတောင်မယုံနှိင်ခဲ့ပါဘူး…တကယ်စိတ်မကောင်းဖြစ်မိတယ်…

ကျွန်တော် တော်တော်ဖြစ်နေလို့ ပြန်ကာနီး သူငယ်ချင်းကတောင်

ကျွန်တော့်ကိုနောက်သွားပါသေးတယ်….


......
ဟေ့ကောင်..မင်းမှာ ၈သိန်းရှိပြီးစိတ်ဝင်စားရင်ပြောတဲ့…….

ပြီးမှ..စတာ..ဟဲဟဲ..တဲ့ .......ခွေးကောင်….



.................................

Wednesday, December 3, 2008

Digit Face

ငယ်ငယ်တုန်းကကျောင်းမှာ ၁၂၃၄ ဂဏန်းတွေနဲ့
လူပုံဆွဲပြိုင်ခဲ့တာလေးကို သတိရမိတာနဲ့
Internet ထဲ Suff လုပ်ရင်းတွေလို့တင်ပေးလိုက်တာပါ...။







....................