Tuesday, December 29, 2009

အလုပ်သင်ဆရာဝန် ကိုအောင်ရဲကျော် ရဲ့  3D Animation




ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့  အခြေစိုက် Standard Chartered Bank မှ ပံ့ပိုးသော
Standard chartered bank anti HIV Animation ပြိုင်ပွဲမှာ မြန်မာနိုင်ငံမှ
ဝင်ရောက်ယှဉ်ပြိုင်သူ ကိုအောင်ရဲကျော် ရဲ့ 3D animation က ပထမဆု
ရရှိတယ်လို့ ပြိုင်ပွဲဖိတ်ခေါ်ခဲ့တဲ့ eyeka.com က နိုဝင်ဘာ (၂၆) ရက်က
ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

အလုပ်သင်ဆရာဝန်တစ်ဦးလည်းဖြစ်သူ မြန်မာပြည်က Neutron
( ကိုအောင်ရဲကျော် ) က ပထမ ဆုငွေအဖြစ် အမေရိကန်ဒေါ်လာ
(၅၀၀၀) ကို ရရှိမှာ ဖြစ်ပါတယ်။

နိုင်ငံတကာပြိုင်ပွဲမှာ ပြိုင်ပွဲဝင်သူ (၄၅) ဦးထဲမှာ ပထမဆုကို ဆွတ်ခူးခဲ့တာ
ဖြစ်ပါတယ်။ Neutron (ကိုအောင်ရဲကျော်) ဟာ မြန်မာနိုင်ငံရဲ့  ခက်ခဲလှတဲ့ အင်တာနက်ကွန်နက်ရှင်ကြားထဲကနေ ဒီ animation လေးကို ဖန်တီးပြီး
ကြိုးစားပေးပို့ ကာ ပြိုင်ပွဲဝင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ (၁) ရက်နေ့  - World AIDS Day အထိမ်းအမှတ်အဖြစ် ယခုလို
နိုင်ငံတကာပြိုင်ပွဲမှာ ပထမဆု ရရှိခဲ့မှုအတွက် ကျွန်တော်တို့  မြန်မာပြည်သူ
ပြည်သားတွေအနေနဲ့ အလုပ်သင်ဆရာဝန် ကိုအောင်ရဲကျော် (Neutron) ကို ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။


ပြိုင်ပွဲသတ်မှတ်ချက်အရ စက္ကန့်  (၃၀) မျှသာ ကြာမြင့်ရတဲ့ အလုပ်သင်ဆရာဝန်
ကိုအောင်ရဲကျော် (Neutron) ရဲ့  3D Animation လေးကို ကြည့်ရှူအားပေးရအောင်ပါ။



Link Here>>>>>

Link


Download Here>>>>

Download







...................................

တစ်ခုတည်းသော ဆု


အီဂျစ်နိုင်ငံတွင်ဖြစ်သည်။ မိန်းကလေးတစ်ဦးသည် မြေကြီးများကိုအပျင်းပြေ
တူးဆွနေသည်။ နောက်တော့ မထင်မှတ်ဘဲ ခပ်မာမာ သတ္တုကိုယ်ထည်တစ်ခုကို
သွားစမ်းမိသည်။ သိချင်စိတ်နှင့် မြေကြီးများကို ကြိုးစားယက်ထုတ်ရာ
ရှေးခေတ် ခေါင်းတလားကြီးတစ်လုံး ဘွားကနဲပေါ်လာသည်။
ပထမတော့ ကောင်မလေးကခေါင်းကိုမဖွင့်ရဲချေ။ နောက်တော့ ကြောက်စိတ်ကို
စပ်စုချင်သောစိတ်က အနိုင်ယူသွားသည်။ အခေါင်းဖုံးကို မနိုင်မနင်းနှင့်
ကြိုးစားပမ်းစားဖွင့်လိုက်သည်။

အခေါင်းထဲတွင်တော့ ရှေးခေတ်ဖာရိုးဘုရင်လေးတစ်ပါး၏ ရုပ်အလောင်းရှိသည်။
အလောင်းမှာ မပုပ်မသိုး အကောင်းအတိုင်းပင် ရှိနေ၏။ ဘုရင်ကလေးမှာ
နုနုငယ်ငယ်လေးဖြစ်ရုံမျှမက ရုပ်လဲအလွန်ချော၏။ ကောင်မလေးမှာ
ဘုရင်လေးကိုကြည့်ရင်း သနားသွားသည်။ သူမမျက်လုံးထဲမှမျက်ရည်များ
စီးကျလာပြီး ဘုရင်ကလေး၏ ရင်ဘတ်ပေါ်သို့ကျသွားသည်။

အလွန်အံ့သြစရာကောင်းသော အရာများဖြစ်လာသည်။ ဖာရိုးဘုရင်လေးသည်
မျက်လုံးများတဖြည်းဖြည်း ပွင့်လာပြီး ခေါင်းတလားထဲမှ ထထိုင်သည်။
ထို့နောက် မိန်းကလေး၏လက်ကို မဟာဆန်ဆန် အသာအယာဆုပ်ကိုင်ပြီး
ညင်သာသောအသံဖြင့် -

" မင်းဟာ သိပ်ကြင်နာတတ်ပြီး ချစ်စရာကောင်းတဲ့ မိန်းကလေးပဲ။
မင်းမျက်ရည်ကြောင့် ငါကိုယ်တော်မြတ် ပြန်လည်နိုးထလာနိုင်ခဲ့ပြီ။
မင်းအလိုရှိရာ ဆု (၁၀) ခုတောင်းပါ။
ငါကိုယ်တော်မြတ် ကျေးဇူးဆပ်တဲ့အနေနဲ့ ဖြည့်ဆည်းပေးမယ်"

အလွန်အံ့သြနေသောမိန်းကလေးသည် ပထမတော့ကြောင်ပြီး
စကားတစ်ခွန်းမျှ ပြန်မပြောနိုင်ချေ။ နောက်တော့မှ ထစ်ထစ်ငေါ့ငေါ့နှင့်
တိုးတိုးလေးပြောသည်။

" ဆု (၁၀) ခုဆို များလွန်းပါတယ်။ ဆုတစ်ခုပဲတောင်းပါ့မယ်။ ဒါပေမယ့်
(၁၀)ခါ ဖြည့်ဆည်းပေးရမယ်နော် "

ဘုရင်လေးက ကတိအတိုင်းလိုက်လျောသည်။ သို့သော် (၇) ခါမြောက်တွင်
ဘုရင်လေး ပြန်အသက်ထွက်သွားလေသည်။



...................................

Saturday, December 19, 2009

CO.CC သက်တန်းကုန်ခြင်း

15.12.2009 ရက်နေ့က Blog ဖွင့်လိုက်တော့ ... CO.CC က Domain Name Expire
ဖြစ်နေပြီဆိုတဲ့  အကြောင်း Massage ပေးပါတယ်... Extended လုပ်ရင် Paypal
ကနေ US 3$ တောင်းပါတယ်.... ပထမကတော့ Free ပေးမလိုလို ဘာလိုလိုနဲ့
1 Year Free တင်ပေးပြီး နောက်တစ်နှစ်ကျတော့မှ ပိုက်ဆံတောင်းတာပါ..။







 














သြော်.. Online Service တွေ.......
စိတ်တော်တော်ပျက်မိတယ်... ကိုယ်ပိုင် Domain ဝယ်ရင်ကောင်းမလားလို့တောင်
စဉ်းစားမိပါသေးတယ်.... " .com " တို့ ".net "တို့ဆိုရင် 1 Year မှ US 12$- US 15$
အများဆုံးပါ... အခု သူ့ဟာက Blogspot URL လေး Forwarding လုပ်ပေးရုံနဲ့ US 3$
ဆိုတော့ ... နဲနဲလေးတော့ စိတ်ကသိကအောင့်ဖြစ်မိတယ်...
Domain အသစ်ဝယ်ဖို့ကလဲ ကိုယ် Blog ကို co.cc နဲ့ပဲသိထားကြတာ....
သိသမျှ Blog မိတ်ဆွေတွေ ကို အကုန်လုံး Address ပြောင်းကြောင်းလိုက်ပြောဖို့ကလဲ
မလွယ်....
Blogspot Address နဲ့ထားရအောင်ကလဲ... တချို့ Proxy မကျော်ခွတတ်တဲ့
သူငယ်ချင်းတွေ အတွက်လည်း ထည့်စဉ်းစားရပြန်ရော.....
ကဲ....ထားပါတော့... Extended လုပ်ဖို့ Paypal ကနေ Dollar ပေးရအောင်ကလည်း
ကျွန်တော်တို့နိုင်ငံက Online Banking တို့ Credit Card တို့ က W.H.E.R.E....????

အဲ့ဒါနဲ့ပဲ....











Paypal Account ရှိတဲ့ အချစ်ဆုံးဘော်ဒါကြီး "စိန်ကုလား"(နာမည်ကသာ
စိန်ကုလား ..အပြင်မှာကတော့ ဖွေးဆွတ်နေတဲ့ Chinese စစ်စစ်ကြီး...  ဟီးးး)
ကို လှန်းပြီး ပိုက်ဆံ သွင်းပေးဖို့ အကူအညီတောင်းရပါတော့တယ်...
ဒီလိုနဲ့ပဲ... နောက်တစ်နှစ်ပေါ့......



................................

viCrypt ဆိုတဲ့ကောင်

တနေ့က Software တစ်ခုရဲ့ Keygen နဲ့ Crack လေးတွေလိုချင်တာနဲ့ Internet ပေါ်
Seach လုပ်နေတုန်း လိုချင်နေတဲ့ Keygen လေးရလို့  rar file ကို Extract လုပ်ပြီး
Keygen ကို D-Click လုပ်လိုက်မိပါတယ်... ပြသနာကစတော့တာပဲ...
Download လုပ်ထားတဲ့ Folder ထဲက File တွေအကုန်လုံး extention တွေ
ပြောင်းကုန်တော့တာ။
ဥပမာ.. Sample.rar ဆိုရင် Sample.rar.Vicrypt ဆိုပြီး ပြောင်းသွားတာ...
Kaspersky နဲ Scan လုပ်တော့လဲ Kaspersky ကသိတောင်မသိဘူး....
ပြီးတော့ Virus Definition ကလဲ up to date ..။




















 သြော်... ဒီလောက်လေးများ.. အေးဆေးပေါ့ .... နောက်က Vicrypt  ကိုဖျက်ပြီး
rar File ပြန်ပြောင်းလိုက်တယ်... ရတော့ရတယ် rar File ပြန်ပြောင်းသွားတယ် ။
ဒါပေမဲ့ Extract လုပ်လို့မရတော့ဘူး... viCrypt Virus က ဝင်ထိန်းထားပုံရပါတယ်..
အဲ့ဒီ့ Download Folder ထဲကရှိမျှ .exe , .pdf , Youtube ကနေ Download
လုပ်ထားတဲ့ .MP4 Fileလေးတွေ အားလုံး ကုန်ရော...
နဂို original File Nameတွေပြန်ပြောင်းပြီး ဖွင့်ကြည့်လဲမရတော့ဘူး....
တော်တော်လဲ ညစ်သွားတယ်... ။ အဲ့ဒါနဲ့ပဲ ထုံးစံအတိုင်းပေါ့...
Googling လုပ်လိုက်တော့......တွေ့ရပါပြီ....
 Forum ထဲမှာရေးထားကြတာကတော့ သူတို့ကိုယ်တိုင်တောင်
Spyware လိုလို Malwareလိုလို Virus လိုလို သိပ်ဝေခွဲမရတဲ့ ပုံစံပါ.။
ဘယ်လိုပဲဖြစ်ဖြစ် Anti-viCrypt Software တစ်ခုတော့ရလိုက်ပါတယ် ။
http://www.exquisysltd.com ကနေရတာပါ..
လိုအပ်မယ်ဆိုရင် အောက်က Link မှာ Download လုပ်နိုင်ပါတယ်..။

Anti-viCrypt Software Download


















 viCrypt ရန်ကနေ ကင်းဝေးကြပါစေ.....။

.....................

Friday, December 11, 2009

Funny Collection - 4




သတင်း

၁။ မျဉ်းဝါမှတစ်ဆင့် လမ်းဖြတ်ကူးသူများ ဖိနပ်စီး၍ လမ်းလျောက်လျက်ရှိ၊
၂။ AIDS ရောဂါကို လူတိုင်းကြောက်ရွံ့၊
၃။ တရားသူကြီးများ တရားစီရင်ရေးကိစ္စဆွေးနွေး၊
၎။ နှာခေါင်းတွင် အပေါက်နှစ်ပေါက်မပါပါက လူများအသက်ရှုရာတွင်
အခက်အခဲတွေ့နိုင်ဟု သိပ္ပံပညာရှင်များဆို၊
၅။ အခိုးခံရသော ပန်းချီကားများ ပျောက်ဆုံးလျှက်ရှိ၊
၆။ ကျောင်းသားတစ်ဦး ကျောင်းကားပေါ်တွင် ကျောင်းသားများနှင့်
စာအကြောင်းဆွေးနွေး၊
၇။ နားမကြားသူများ နားကြားကိရိယာအသုံးမပြုပါက နားကြားရမည်မဟုတ်ဟု
ကျွမ်းကျင်သူများပြောကြား၊
၈။ ခရီးသည်တင်ကားများတွင် ထိုင်ခုံမရပါက မတ်တတ်စီး၍ လိုက်ပါနိုင်၊
၉။ မဆင်မခြင်သောက်သုံးမှုကြောင့် အရက်သမားတစ်ဦး အမူးလွန်၊
၁၀။ ရထားစီးစဉ် ပြတင်းပေါက်များဖွင့်ထားပါက လေကောင်းလေသန့်ရနိုင်၊
၁၁။ အပိုင်းပိုင်း ခုတ်ဖြတ်ထားသော သေသူ၏အလောင်းကို ဂုန်နီအိတ်ထဲတွင်
ထည့်ချုပ်ထားသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် မိမိကိုယ်မိမိ သတ်သေသည့်
အမှုမဟုတ်ဟု ယူဆသည်။

တော်တော်ဆိုးတဲ့ တိုက်ဆိုင်မှု

မနီသည် အတန်းထဲတွင် အမြဲအိပ်ငိုက် လေ့ ရှိ သည်။ တစ်နေ့ မနီအိပ်ပျော်နေစဉ်
ဆရာမ။ ။ မနီ ကမ္ဘာ ကြီး ကို ဘယ်သူ ဖန်ဆင်းခဲ့လည်း
မနီ အိပ်အိုက်နေသဖြင့်မကြားသော်ကြောင့် သူမ နောက်တွင်ထိုင်နေသော ကို ဖြိုးမှ
ဘော့ပင်နှင့်ထိုး၍ သ တိ ပေးလိုက် သည်။ ထိုအခါ
မနီ။ ။" ဘုရားသခင်" ( လန့်သွား သဖြင့်ရောင်၍ အော်လိုက်သည၊် ထို့နောက်
သူမ ပြန်လည် အိပ် ပျော်သွား ပြန်သည်)။
ဆရာမ။ ။ တော် လိုက် တာ၊ နောက် တစ်ခု ထပ်မေးမယ်၊ တို့ ရဲ့ ကယ်တင်ရှင် က
ဘယ်သူလဲ သမီး
ဆရာမမေးသည်ကို မနီမ မကြား ၊ အိပ်လို့ကောင်းနေသည် ၊
ထို့ ကြောင့် ကိုဖြိုးမှ ဘော့ပင်ဖြင့် ထိုး၍ သတိ ပေး ရပြန် သည်။
မနီ။ ။ " ဂျီးဆပ် ခရစ်" (လန့်သွားပြန် သဖြင့် ရောင်၍ ထအော်ပြန်သည်၊ ထို့နောက်
တဖန်အိပ်ပျော်ပြန်လေသည် )
ဆရာမ။ ။ မှန်ပါတယ်၊ နောက်ဆုံးတစ်ခုမေးချင်တာကတော့ ၂၃ ယောက်မြောက်
ကလေး မွေးပြီးတဲ့နောက်မှာ ဧဝ က အာ ဒမ် ကို ဘာ ပြောခဲ့ လည်း ။
ဒီတစ်ခါ တော့ ကို ဖြိုး အိပ်ပျော်နေသော မနီ ကို ဘော့ ပင်နှင့် နာနာ ထိုး၍
သတိပေးလိုက်သည်။မနီ အတော် နာ သွား သည်။ထို့ကြောင့် အိပ်ယာမှ နိုး လာ
သဖြင့် ရုတ်တရတ် ထလိုက် ကာ
မနီ။ ။ နောက်တစ် ခါ ငါ့ ကို ထပ် ထိုး ရဲထိုးကြည့် ၊ နင့်ဟာကို ထက်ပိုင်း ချိုးပစ်မယ်
ဆရာမခမျာ ဘုမသိဘမသိဖြင့် သတိလစ်သွားရှာသည်။


ရှက်လို့

ဒီနေ့ အရှက်ပြိုင်ပွဲကျင်းပတာ သမီးပထမရတယ် မေမေ
ဟုတ်လား ။ ဘာတွေဆုချသလဲ သမီး...
မသိဘူး မေမေ ... ရှက်တာနဲ့ ဆုတက်မယူခဲ့ဘူး....

ရောဂါဟောင်း

ဆေးကျောင်းဆင်းကာစ ဆရာဝန်တစ်ယောက်သည်သူ့ဆေးခန်းသို့ ပထမဆုံးရောက်လာသည့်
လူနာကို စမ်းသပ်ရင်း ရောဂါရှာမရသဖြင့် ချွေးပြန်လာသည်။
ထို့နောက် အကြံတစ်ခုရပြီး လူနာကိုမေးလိုက်တယ်...
ခင်ဗျား အရင်က ဒီရောဂါဖြစ်ဖူးလားတဲ့

ဟုတ်ကဲ့။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဖြစဖူးပါတယ်
ဟုတ်ပြီ။ ဒါဆို အဲဒီရောဂါ ပြန်ထတာပဲ

ရပ်မပေးနိုင်ပါ

ဗျို့ ကားဆရာခဏရပ်ပါဦး။ နောက်က တွယ်စီးတဲ့ လူတစ်ယောက် ပြုတ်ကျကျန်ရစ်ခဲ့လို့။
ကိစ္စမရှိဘူး။ သူ့ဆီက ကားခရပြီးသားပါ။


မောင့်အချစ်ကပိုပါတယ်

ရှင်က ကျွန်မထက် အရက်ကို ပိုချစ်တယ်ပေါ့လေ ၊ ပြောစမ်း။
မိန်းမရယ် မင်းကိုတစ်ရက်မှာ ၂၄ နာရီလုံးချစ်တာပါ။ အရက်ကိုတော့ တစ်နေ့မှ
တစ်ပုလင်းတည်း ချစ်တာပါ။


ကယ်တော်မူပါ

သူငယ်ချင်း၊ ဘာတွေ အလိုမကျ ဖြစ်ပြီး မျက်နှာရှုံမဲ့နေရတာလဲ။
ငါ့ညီလေကွာ ၊ ဆိပ်ကမ်းမှာ အလုပ်သမားဝင်လုပ်နေတယ်လို့ သတင်းကြားတယ်။
ဒါများဗျာ၊ အလုပ်လုပ်တာပဲဟာကို ၀မ်းသာရမှာပေါ့ ။
ဘယ်ဟုတ်မလဲဗျ ၊ ဒီကောင့်ကြောင့် ကျုပ်တို့တမျိုးလုံး အပြောခံရမှာ။
ကျုပ်တို့ အမျိုးထဲမှာ ဘယ်သူမှ အလုပ်လုပ်စားတာ မရှိဘူး။


ဒါလည်းဟုတ်သားပဲ

ကျွန်တော် ခရီးပန်းလာလို့၊ ဒီမှာတစ်ညလောက် တည်းခွင့်ပြုပါဗျာ။
ဟင့်အင်း... အိမ်မှာ လူမရှိဘူးရှင့်။
ခင်ဗျားက လူမဟုတ်ဘူးလား။
ကျွန်မ ဆိုလိုတာက ယောကျာ်းသား မရှိတာကို ပြောတာပါ။
ကျွန်တော်က ယောကျာ်း မဟုတ်လို့လားဗျာ။


ဘ၀တူခြင်း
 
လူစီးရထားတွဲပေၞတွင် ဖြစ်သည်။ ရထားတွဲတစ်ခုလုံး ခရီးသည်များ ၎င်းတို့၏
ပစ္စည်းများဖြင့် ခြေချစရာ နေရာလွတ်မရှိအောင် ပြွတ်သိပ်နေသည်။ လက်မှတ်စစ်က
လက်မှတ်များကို လိုက်လံစစ်ဆေးသည်။ ပစ္စည်းပုံးများကြားတွင် ပုန်းနေသော
အသက် ၅၀ အရွယ်ခန့် ပိန်ပိန်သေးသေး လူကြီးတစ်ဦးကို တွေ့ရသည်။
ကြောက်ကြောက်လန့်လန့်နှင့် လူကြီးကပြောသည်။
"ဦးဟာ.. မရှိဆင်းရဲသားပါ... မောင်ရင်ရယ်...
လက်မှတ်ဝယ်ဖို့ပိုက်ဆံမရှိပါဘူး.. တစ်ဖက်ရွာမှာ ဦးရဲ့သမီး
ဒီနေ့မင်္ဂလာဆောင်မယ်.. အဲဒီကိုသွားချင်လို့ ဒီနေ့မရောက်ရင်မဖြစ်လို့ပါ...
ဘယ်သူ့ကိုမှ အနှောက်အယှက် မဖြစ်ရအောင် ဦး ငြိမ်ငြိမ်လေး နေပါ့မယ်.."
လက်မှတ်စစ်သည်. သဘောကောင်းပုံရသည်.. ထို့ကြောင့် ဘာမှမပြောဘဲ
ကျန်ခရီးသည်တို့၏ လက်မှတ်များကို ဆက်စစ်သည်။ ထောင့်တစ်နေရာတွင်..
ကုပ်ကုပ်ကလေးထိုင်နေသော အရပ်ပုပု ပိန်ပိန် လူငယ်တစ်ယောက်ကို တွေ့ရသည်။
လက်မှတ်စစ်က ၎င်းအနားရောက်သောအခါ လူငယ်၏ မျက်နှာသည် ကြောက်စိတ်ဖြင့်
ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။ ၎င်းတွင်လည်း လက်မှတ်မရှိချေ....
"ခင်ဗျားဘယ်ကိုသွားမလို့လဲ"
"ကျွန်တော်က သတို့သားပါ" ဟု လူငယ်က တိုးတိုးလေး.. ပြောသည်။...


ပြောထားလေ

နာမည်ကြီး စုံစမ်းထောက်လှမ်းရေးအဖွဲ့ တစ်ခုက အလွန်အင်မတန်မှ ကို
ရက်စက်သော လူသတ်သမားတစ်ယောက်ကို အလိုရှိနေတဲ့အတွက် လူရွေးချယ်ကြပါတယ် ။

နောက်ဆုံး ဆန်ခါတင် အနေနဲ့ ယောင်္ကျား ၂ ယောက်နဲ့ မိန်းမ ၁ ယောက်
ကိုရွေးချယ်လို့ရကြတာပေါ့လေ ။
အဲဒီတော့ နောက်ဆုံး စမ်းသပ်မှု အနေနဲ့ သူတို့ ၃ ယောက်ကို စစ်ဆေးကြတာပေါ့ ။

ပထမဆုံး ယောင်္ကျားကို ဗလာကျည်ဆန်တွေ ပါတဲ့ သေနတ် တစ်လက်ပေးပြီး
တစ်ဖက်အခန်းမှာ ရှိတဲ့ သူ့မိန်းမကို သွားသတ်ခိုင်းပါတယ် ။
အဲဒီ လူက ခါးခါးသီးသီးကို ငြင်းပါတယ် .. သူ့မိန်းမကို သူ မသတ်ရက်ပါဘူးတဲ့ ...။

ဒုတိယ တစ်ယောက်ကလဲ ဒီလိုပဲ ကိုယ့်မိန်းမတော့ ကိုယ် မသတ်နိုင်ပါဘူးလို့ပဲ
ငြင်းပါတယ် ..။

အဲဒါနဲ့ နောက်ဆုံး အမျိုးသမီး အလှည့်ရောက်လာတာပေါ့
အမျိုးသမီးကိုပြောတယ် .. ဒီသေနတ်ကို ယူသွားပြီး ခင်ဗျား ယောင်္ကျားကို
ပစ်သတ်လာခဲ့ပါပေါ့ ..
အမျိုးသမီးက အခန်းထဲ ၀င်သွားတယ်
အခန်းထဲက ဆူဆူညံညံ အသံတွေ ကြားရပြီး အမျိုးသမီးက မောမောပန်းပန်းနဲ
ပြန်ထွက်လာတယ်.. အပြင်က အရာရှိတွေကို စိတ်ဆိုးဆိုးနဲ့ ပြောလိုက်တယ်
ရှင်တို့က ဗလာကျည်ဆန်တွေ ဘာလို့ထည့်ထားတာလဲ ..
အမလေး မနဲကို ရိုက်သတ်ခဲ့ရတယ်


ဆိတ်ငြိမ်ရပ်ကွက်

အိမ်ဝယ်မည့်သူက ပွဲစားကိုပြောသည်။
"အခုခင်ဗျားပြတဲ့ အိမ်ကိုတော့ ကြိုက်ပြီ..၊ ဒါနဲ့ ဒီရပ်ကွက်က..
တိတ်တိတ်ဆိတ်ဆိတ်ရှိရဲ့လားဗျ"
"အင်မတန်တိတ်ဆိတ်တာပေါ့.. ဒီနှစ်ထဲမှာ အိမ်ငါအိမ် အနုကြမ်းစီးခံရတယ်..
လမ်းသွားလမ်းလာ သုံးယောက် အသတ်ခံရတယ်.. ဘယ်သူမှ ဘာအသံမှ မကြားဘူး.."

အတွေးကိုယ်စီ
 
အိပ်ခန်းထဲတွင်ဖြစ်သည်။ အိပ်ပျော်စပြုရင်း.. မိန်းမ၏မျက်နှာတွင် အပြုံးရိပ်ပေါ်လာသည်။
"မနက်ဖြန် ငါတို့လက်ထက်တဲ့ ၁၅ နှစ်မြောက်နှစ်ပတ်လည်နေ့ပဲ..
မနက်ကျရင်ယောက်ျားဆီက လက်ဆောင်တစ်ခုခု ရတော့မှာပဲ.." ဟုတွေးသည်။

ဘေးတွေလှဲနေသော ယောက်ျားကလည်း သူ့အတွေးနှင့်သူဖြစ်သည်။
"လွန်ခဲ့သော ၁၅ နှစ်ကသာ ဒီမိန်းမကို ငါလည်ပင်းညှစ်သတ်ခဲ့ရင် မနက်ဖြန်ဆို လွတ်ပြီ။"


ဖြစ်နိုင်ရင် မဆိုပါနဲ့

ကလေးက တော်တော်နဲ့ မအိပ်နိုင်သည်နှင့် မိန်းမက ယောက်ျားကို ပြောသည်။
"ကျွန်မ သီချင်းတစ်ပုဒ်လောက် ဆိုပြလိုက်မှထင်တယ်.."
"မင်းကလဲကွာ၊ ချက်ချင်းကြီး ဒီလိုမလုပ်ပါနဲ့.. ပထမ သူ့ကို ချော့ကြည့်ပါဦး.."


ဒီနာမည်

မိန်းမလုပ်သူက ယောင်္ကျားရဲ့ပါးကို ဖြန်းကခဲ ပိတ်ရိုက်လိုက်တယ်..။
ယောင်္ကျားက ဘာလို့ရိုက်တာလဲလို့ ဒေါသနဲ့ ပြန်မေးတယ် ..
ရှင့်အကျီင်္အိတ်ကပ်ထဲမှာ ကေသီ ဆိုတဲ့ မိန်းမနာမည်ကိုတွေ့လို့
မိန်းမလုပ်သူက ပြန်ပြောတယ်..
ဟာ.. ဒါ ငါလောင်းထားတဲ့ မြင်းမ နာမည်ကွ လို့ ယောင်္ကျားလုပ်သူက မိန်းမ ကို
ပြန်ချော့တယ် ..။
နောက်တနေ့ မိန်းမက ယောင်္ကျားကို ပါးရိုက်ပြန်တယ်.. ။
ဘာလို့ရိုက်တာလဲလို့ မေးတော့ ..
ညက ရှင့် မြင်းက ဖုန်းဆက်လို့ တဲ့


ကစားမယ်

 ချာတိတ်လေးက ချာတိတ်မလေးကို ပြောသည်။
နင်နဲ့ငါနဲ့ တိရစ္ဆာန်ရုံလုပ်တမ်း ကစားကြရအောင်..
ကောင်းသားပဲ.. ဘယ်လို ကစားကြမလဲ
ငါက မျောက်လုပ်မယ်... နင်က ငါ စားဖို့ ငှက်ပျော်သီး ယူလာခဲ့...

စိတ်ကောင်းရှိသူ

နေရာတကာ စွာကျယ်ကျယ် ၀င်လုပ်နေသည့် ယောက္ခမကို ကိုဘမောင်
သည်းမခံနိုင်တော့သဖြင့် တစ်နေ့တွင် ယောက္ခမ၏ ခြေထောက်နှစ်ဖကို ဆွဲကိုင်ကာ
တိုက်ခန်းပြတင်းပေါက်၏ အပြင်ဘက်သို့ ထုတ်လိုက်သည်။
ခေါင်းအောက်စိုက် ဖြစ်နေသော ယောက္ခမနှင့် ကိုဘမောင်
အကြားစကားပြောနေခန်းမှာ ဤသို့ဖြစ်သည်။

တစ်အိမ်ကျော်က ကိုမြ သူ့ယောက္ခမကို ဘာလုပ်လိုက်တယ်ဆိုတာသိလား..
ဟင့်အင်း..
ယောက္ခမကို ကိုမြ ပုဆိန်နဲ့ ခုတ်သတ်လိုက်တယ်ဗျ.. အောက်ထပ်က ကိုအောင်မြ
သူ့ယောက္ခမကို ဘယ်လိုလုပ်သလဲသိလား..
ဟင့်အင်း..
သူ့ယောက္ခမကို ရေနစ်သတ်ပစ်လိုက်တယ်.. အဲကျွန်တော်ကတော့
စိတ်ကောင်းရှိတဲ့သူ.. ဒါကြောင့် အန်တီ့ကို ကျွန်တော် လွှတ်ပေးလိုက်မယ်..
ကိုင်း.. သွားပေတော့..



အသက်ပိုရှည်ရတဲ့အကြောင်း

မေး - မိန်းမတွေက ယောင်္ကျားတွေထက် ဘာလို့ အသက်ပိုရှည်တာလဲ ။
ဖြေ - သူတို့က မိန်းမမှ မရဘူးတာ ။


အကြံကောင်း


တစ်နေ့တွင် မောင်ညိုသည် ရဲစခန်းသို့ ဖုန်းဆက်လိုက်သည်
"ဟဲလို ရဲစခန်းက ပါလားခင်ဗျာ .. ကျွန်တော့်အိမ်နီးချင်း အကြောင်းကို
တိုင်ချင်လို့ပါ .. သူ့အိမ်ရဲ့ ထင်းစင်ထဲမှာ ဆေးခြောက်တွေ ဖွက်ထားတယ်
ခင်ဗျ"

"အခုလို သတင်းပေးတာ ကျေးဇူး အများကြီးတင်ပါတယ်" ရဲစခန်းမှ ပြန်ပြောသည်။
နောက်နေ့တွင် မောင်ညို၏ ဘေးအိမ်သို့ ရဲများ ရောက်လာသည်။ ရဲများက
ထင်းစင်ရှိရာသို့ သွားကာ ထင်းစများကို တစ်စချင်းကို ပေါက်ဆိန်ဖြင့် ခွဲကာ
ရှာဖွေ ကြတော့သည်။ သို့သော် ဆေးခြောက်များကို မတွေ့ချေ။
ရဲများ ပြန်သွားပြီးနောက် မောင်ညိုသည် သူ၏ အိမ်နီးချင်း မောင်စိမ်း
ဆီသို့ ဖုန်းဆက်လိုက်သည်။

"ဟေ့ကောင် ခုနက ရဲတွေ လာပြီး ထင်းတွေ ခွဲသွားလား"
"အေး ခွဲသွားတယ်ကွ"
"အေး .. ကောင်းတယ် .. အဲ့ဒါဆိုရင် မင်းအလှည့် .. ရဲတွေ ဆီကို
ဖုန်းခေါ်လိုက်.. ငါ့အိမ်က ဥယျာဉ် မြေဆွဖို့ လိုနေတယ်".......


တော်သေးတာပေါ့


လင်မယားနှစ်ယောက်တွင် သားလေးယောက်ရှိသည်။ ထူးဆန်းသည်မှာ
အကြီးသုံးယောက်မှာ ဆံပင်နီနီ၊ အသားလတ်လတ်၊ အရပ်မြင့်မြင့်ဖြစ်သည်။
အငယ်ဆုံးမှာ ဆံပင်နက်နက်နှင့် အရပ် ပုပုဖြစ်သည်။ ဖခင်ဖြစ်သူသည်
နောက်ဆုံးတွင် မကျန်းမမာဖြစ်ပြီး သေလုဆဲဆဲတွင် ဇနီးဖြစ်သူကို သေချာ
မေးလိုက်သည်။

-အချစ်ရယ် ကိုယ်မသေခင် ကိုယ့်ကို ရိုးရိုးသားသား ပြောစမ်းပါ။ အငယ်ဆုံး
သားလေးက ကိုယ့်ရဲ့ ကလေးဆိုတာ။

- ဘုရားအဆူဆူကို ကျိန်ပြီး ပြောရဲပါတယ်။ ရှင့်သားမှ ရှင့်သား အစစ်ပါ။
ဟု ဇနီးဖြစ်သူက ပြန်ပြောလိုက်သည်။

ထိုစကားကို ကြားပြီးသည်နှင့် ခင်ပွန်းဖြစ်သူသည် ပြုံးလျှက်
ကွယ်လွန်သွားသည်။ ထိုအခါ ဇနီးဖြစ်သူက ရေရွတ်ပြောဆို လိုက်သည်။

- တော်သေးတာပေါ့ ... တခြား သုံးယောက်ကို မေးမသွားလို့...



ခွင့်လွတ်ပါ

၁၇-ရာစု အင်္ဂလန်နိုင်ငံ။ လေးမြားပစ်ပြိုင်ပွဲတွင်ဖြစ်သည်။
ပထမဦးဆုံး အပျံစားကုတ်အင်္ကျီ အပျံစားဘောင်းဘီဝတ်ထားသော လူချောတစ်ယောက်
ထွက်လာပြီး ပစ်သည်။ မြားသည် ဘုရင့်အပါးတော်မြဲ၏ ခေါင်းထိပ်တွင် တင်ထားသော
ပန်းသီးကိုမှန်သည်။ ပရိသတ်များ တစ်ခဲနက် သြဘာပေးကြသည်။ လူချောကပြောသည်။

"I am Robin Hood"

ပရိသတ်၏အော်ဟစ်သံများ ဆူညံသွားသည်။ နောက်လူငယ်တစ်ယောက်ထွက်လာသည်။
သားရေဂျာကင်၊ သားရေဘောင်းဘီရှည်ကို ၀တ်ထားသည်။ ၎င်းက ပန်းသီးကိုချိန်ပြီး
မြားကိုလွှတ်လိုက်သည်။ ပန်းသီးထက်ခြမ်းကွဲသွားသည်။ ပရိသတ်များ
သောင်းသောင်းဖြဖြ အားပေးကြသည်။ လူငယ်ကပြောသည်။

"I am Willghelm Telle"

ပရိသတ်၏လက်ခုပ်သံများ အရပ်လေးမျက်နှာသို့ပျံ့နှံ့သွားသည်။
ဗလကောင်းကောင်း အမျိုးသားကြီးတစ်ယောက် ထွက်လာသည်။ ကျပ်တင်းနေသော
ကုတ်အင်္ကျီနှင့် ဘောင်းဘီတိုကို ၀တ်ထားသည်။ ကြီးမားလှသော လေးကို
ယူလိုက်ပြီး ချွန်ထက်သည့် စို့ချောင်းဖြစ်ပစ်စည်။ စို့ချောင်းသည်
ဘုရင့်အပါးတော်မြဲ၏ ခေါင်းကို ဖြတ်ဖောက်ထွက်သွားသည်။
ပရိသတ်အားလုံးတုန်လှုပ် ခြောက်ခြားသွားကြသည်။ အတန်ကြာဘာအသံမှ မကြားရဘဲ
တိတ်ဆိတ်နေသည်။ထိုဗလကြီးကပြောသည်။

"I am SORRY"


ကြုံ...ကြုံဖူးးပါဘူးဗျာ..

တစ်ခါကမြို့ငယ်လေးတစ်မြို့မှာသူငယ်ချင်းနှစ်ယောက်ခေါင်ရည်သောက်ရင်း
ဆေးလိပ်ဖွာချင်လာတာကြောင့် ဆေးလိပ်မှာပါတယ်။ဆိုင်ကဆေးလိပ်လာချပါတယ်။
သောက်မလို့လုပ်တော့မှမီးခြစ်ပါမလာတာကြောင့်ဘေးဝိုင်းကသူကိုမီးခြစ်ငှားတယ်။
" အစ်ကို မီးခြစ်ပါလားခင်ဗျ"ဆိုတော့
ဘေးဝိုင်းကသူကမီးခြစ်ထုတ်ပေးရင်း "ညီလေးဆေးလိပ်ပါလား"တဲ့။

သဘာဝပေကိုး..

"အဘွား.. အဘွားရဲ့ မျက်လုံးတွေ ဘာဖြစ်လို့ အကြီးကြီး ဖြစ်နေရတာလဲဟင်. "
"ကောင်းကောင်းမြင်ရအောင်လို့ပေါ့.."
"အဘွားရဲ့ နားရွက်တွေကကော ဘာဖြစ်လို့ အကြီးကြီးဖြစ်နေရတာလဲဟင်..."
"ကောင်းကောင်းကြားရအောင်လို့ပေါ့ကွယ်.."
"ဒါဆို နှာခေါင်းကကော.. ဘာဖြစ်လို့ ဒီလောက်အရှည်ကြီး ဖြစ်နေရတာလဲဟင်.. "
"ငါတို့ဟာ ဆင်တွေမဟုတ်လား.. ငါ့မြေးရယ်.."

သူခိုးဖမ်းစက်

ဂျပန်နိုင်ငံတွင် နောက်ဆုံးပေါ် သူခိုးဖမ်းစက်ရုပ် တစ်ခုကို တီထွင်လိုက်သည်။
ဂျပန်နိုင်ငံတွင် ငါးမိနစ်အတွင်း သူခိုးတစ်ရာကို စက်ရုပ်က ဖမ်းပေးသည်။
အမေရိကန်နိုင်ငံတွင် ငါးမိနစ်အတွင်း သူခိုး နှစ်ရာကို စက်ရုပ်က ဖမ်းပေးသည်။
ရုရားနိုင်ငံတွင် ငါးမိနစ်အတွင်း စက်ရုပ်ကို သူခိုးခိုးသွားသည်


 ..............................

Friday, December 4, 2009

နတ်သမီးပုံပြင် နတ်သမီးအိပ်မက်



မီးရောင်စုံတွေ ဝေ့၀ဲနေတဲ့အောက် တဒိန်းဒိန်း စည်းချက်မှန်နေတဲ့ တီးလုံးအတိုင်း
ယိမ်းထိုး က နေချိန်မှာ အဲဒီထောင့်စားပွဲကို သတိထားမိတာ ကြာလှပေါ့။
သူက တခြားလူတွေနဲ့ မတူ။ စားပွဲတွေကြားမှာ ပျံဝဲနေတဲ့ လိပ်ပြာမလေးတွေကို
ရိသဲ့သဲ့လုပ်တာ၊ လှမ်းပြီးတို့ထိတာ မရှိ။
စင်ပေါ်မှာ ကနေတဲ့ ကျွန်မကိုပဲ စူးစူးစိုက်စိုက် တချက်တချက် ကြည့်နေတာ
(ထင်တယ်) လေ။ ဒါပေမယ့် ပန်းကုံးလည်း တစ်ကုံးမှ လာမစွပ်ပြန်ဘူး။
ပုံစံကတော့ အထာတွေ သိပ်မနပ်တဲ့ မအူမလည်လေးပါပဲ။
သပ်သပ်ရပ်ရပ် ခေါင်းဖြီးထားတယ်။ မျက်မှန်လေးနဲ့။အသားဖြူဖြူ ပိန်ပိန်လေး။
ဆံပင်ဆေးရောင်စုံဆိုးပြီး တီရှပ်ဒီဇိုင်းမိုက်မိုက်တွေနဲ့ လူငယ်တွေကြားမှာ၊
ကြောင်ကြောင်ကျားကျား ရှပ်အင်္ကျီတွေကို အပြင်ထုတ်ဝတ်ထားတတ်တဲ့
လူကြီးလူကောင်းတွေ ကြားမှာ ရှပ်အင်္ကျီဖြူလေးကို လက်ခေါက်ဝတ်ထားတဲ့
သူ့ပုံစံက ကျွန်မ မျက်စိထဲတော့ ထင်းနေတာ။

ညက ရင့်လာတယ်။
နည်းနည်းကြာတော့ လူတွေ တဖြည်းဖြည်း ပါးလျသွားကြပြီ။
တချို့လည်း သူ့အချိန်းအချက်နဲ့သူ။ သောကြာစနေ ညတွေလို မဟုတ်လေတော့
ညဥ့်နက်တဲ့အထိ နေကြတဲ့လူတွေ သိပ်မများဘူး။ တီးဝိုင်းသမားတွေလည်း
ညောင်းညာ စပြုပြီ။ ကျွန်မလည်း အ၀တ်အစားလဲပြီး ပြန်ဖို့လုပ်နေတုန်း
စားပွဲထိုးကောင်လေးက တိုးတိုးလာပြောတယ်။ တကယ်တော့ ဒီညအဖို့
နားချင်နေပြီ။ ကျွန်မလို အနေအထားအတွက်က အလုပ်ဆိုတာ အငန်းမရ
လက်ခံနေစရာ မလိုတော့ဘူးလေ။ ဘယ်သူလဲ လို့ မေးလိုက်တော့
အင်္ကျီဖြူနဲ့ အဲဒီတစ်ယောက်ကို မေးထိုးပြတယ်။

တစ်ရှိုး.. ပဲတဲ့။

သူ ဒီလောက်အထိ ခြေလှမ်းရောက်လာတာ ကျွန်မ နည်းနည်းတော့ အံ့သြပါတယ်။
သူ့ပုံစံ သူ့အရွယ်က ခပ်ပျော်ပျော် သူဌေးသားလေးတွေနဲ့လည်း မတူသလို
ဘယ်လိုရှာဖွေလို့ ဘယ်လောက်ပေါနေမှန်းမသိတဲ့ ငွေတွေကို လာဖြုန်းလေ့ရှိတဲ့
စီးပွားရေးသမားတွေရဲ့ ပုံစံနဲ့လည်း ကွဲပြားနေတယ်။ ကျွန်မလို အနေအထားမျိုးကို
ရဖို့က နည်းနည်းတော့ တတ်နိုင်မှ ဖြစ်မယ်။

တကယ်ဆို ကျွန်မရဲ့ သတ်မှတ်ချက်အရ ဆိုရင် ဒီညအဖို့ ပန်းကုံး လေးငါးကုံး
လောက်မှ လာစွပ်ထားတာမဟုတ်ရင် လက်ခံစရာ အကြောင်းကို မရှိဘူး။
ဒီလိုနေရာမှာ ဒီလောက် လွယ်လွယ်နဲ့ ရတယ် ထင်နေသလား။

ဒါပေမယ့် သူ့ကိုစိတ်ဝင်စားလာတာနဲ့ ကျွန်မ ခေါင်းညိတ်ပြလိုက်ပါတယ်။

ဘယ်ကိုသွားမလဲ…။ ကျွန်မက မေးလိုက်တော့ သူက မျက်နှာလွှဲနေတယ်။
သူ့ဘေးက တရုတ်ပုံစံလိုလို သူ့သူငယ်ချင်းနားကိုပဲ တစ်ခုခု တိုးတိုး ကပ်ပြော
တယ်။ အဲဒီသူငယ်ချင်းကတော့ သွက်ပုံပေါ်ပါတယ်။

ကျွန်မကို ဟိုတယ်တစ်ခု နာမည် ပြောပြတယ်။ အိုကေ..ပေါ့။ သူ့သူငယ်ချင်းက
ကားမောင်းတယ်။ သူက ရှေ့ခန်းမှာ သူငယ်ချင်းဘေးက ထိုင်တယ်။
ကျွန်မက နောက်ခန်းမှာပေါ့။ လမ်းတလျှောက်လုံး ကားပေါ်မှာရော အခန်းထဲ
ဝင်လာတဲ့အထိရော သူက ကျွန်မကို စကားတစ်ခွန်းမှ မပြောဘူး။

တံခါးကို ပိတ်လိုက်ပြီး သူ့အင်္ကျီကြယ်သီးတွေကို ဖြုတ်ပေးဖို့ ဆိုးဆိုးဆတ်ဆတ်နဲ့
လက်ပြင်လိုက်တဲ့ အချိန်မှာ သူက ခဏနေဦး လို့ အလန့်တကြား တစ်ချက်အော်
တယ်။ ပြီးတော့မှ သူ့ပါးစပ်ကို သူအုပ်ပြီး ရှူးတိုးတိုး လို့ သူကပဲတပြန် ကျွန်မကို
လာပြောတယ်။

“ကျွန်တော် ဘာ အကာအကွယ်ပစ္စည်းမှ မသုံးဘူး ဆိုရင် ခင်ဗျား လက်ခံမှာလား”

အမယ်… သူက။ ကျွန်မက သူ့မျက်နှာကို စေ့စေ့ကြည့်ပြီး ပြုံးချင်ချင်နဲ့
ခေါင်းညိတ်လိုက်တယ်။

“ရပါတယ်လေ”

ကျွန်မက ပြောပြောဆိုဆိုနဲ့ သူ့ရင်ဘတ်ကို လက်လှမ်းလိုက်ပြန်တယ်။
သူက လက်ကာထားတယ်။ ဆက်မေးတယ်။

“ဘာကြောင့်လဲ၊ ဘာဖြစ်လို့လဲ။ ”
“ခင်ဗျားကို ရောဂါတွေ ဘာတွေ ကူးမှာ မကြောက်ဘူးလား”

“ဟင့်အင်း။ ရှင့်ပုံစံက သန့်သန့်ပြန့်ပြန့်ပဲလေ။ ”
“ကူးစရာရှိ ကျွန်မမှာ ရှိရင်တောင် ရှင့်ကိုကူးဦးမှာ.. မသုံးချင်ရင်လည်း နေပေါ့။ ”
“ကဲပါ.. အချိန်ကြာတယ်”

ကျွန်မက စိတ်မရှည်ချင်တော့ဘူး။
သူက အခန်းထောင့်ကို တစ်ချက်ဆုတ်လိုက်ပြီး အမြန်ဆက်ပြောတယ်။

“ကျေးဇူးပြုပြီး ငြိမ်ငြိမ်နေပါဗျာ။ ကျွန်တော် ခင်ဗျားကို ဘာမှ မလုပ်ပါဘူး။” 
“မေးဖို့သက်သက်ပါ”

ဟင်…. ဘယ်လိုလဲ။
ရဲလား၊ ထောက်လှမ်းရေးလား။ ကျွန်မခေါင်းထဲ အချက်ပြမီးတွေ
တဖျတ်ဖျတ်လင်းသွားတာကို သူက သတိပြုမိဟန် တူပါတယ်။

“ဘာမှ မသင်္ကာမဖြစ်နဲ့ဦး။ ကျွန်တော်က ကျောင်းသားတစ်ယောက်ပါ။
ကျွန်တော်ရေးနေတဲ့ စာတမ်းအတွက် စစ်တမ်းလေး လိုချင်လို့ပါ။
ခင်ဗျားတို့တွေထဲမှာ ရောဂါမကူးအောင် အကာအကွယ် ဘယ်လောက်သုံးဖြစ်
မသုံးဖြစ် ဆိုတာ သိချင်လို့ပါ”

“သြော်.. ဒီလိုလား။ စောစောက ပြောရောပေါ့”

“စောစောက ပြောရင် ခင်ဗျားဆီက အမှန်အကန်အဖြေ ရချင်မှ ရမှာပေါ့”

သူက ခပ်ပြတ်ပြတ်ပြောပြီး သူ့ရှပ်အကျီင်္အိပ်ကပ်ထဲက မှတ်စုစာအုပ်
သေးသေးလေးကို ထုတ်တယ်။

“တကယ်လို့ ခင်ဗျားဧည့်သည်က သုံးချင်တယ် ပါမလာဘူး ဆိုရင်ရော
ခင်ဗျားမှာ အဆင်သင့်ရှိသလား”

စစ်စစ်ပေါက်ပေါက် မေးခွန်း ဆက်မေးလာတဲ့သူ့ကို ကျွန်မ ၀သီအတိုင်း
ခပ်ရွဲ့ရွဲ့ လုပ်ချင်လာတော့တယ်။

“ကျွန်မက ဒီဟာတွေကို သွားလေရာမှာ တဆောင်ဆောင်နဲ့ လုပ်ရမလား။
အဲဒါ ရဲတွေ့သွားရင် သက်သေခံပစ္စည်းရှင့်”

“ဟာ.. ဒါကတော့ မဟုတ်သေးဘူးလေ။ ဒီပစ္စည်းတွေ့တိုင်း ဒီအလုပ် လုပ်တဲ့လူလို့
စွပ်စွဲလို့ ဘယ်ရမလဲ။ အိမ်ထောင်ရှင်တွေ သမီးရည်းစားတွေလည်း လိုမှာပေါ့။
အဲလိုထင်မယ်ဆိုရင် လူတွေက ဘယ်သုံးဖြစ်ကြတော့မလဲ”

“အဲဒါတော့ မသိဘူး။ နိုင်ငံခြားမှာတော့ ဟုတ်မှာပေါ့။ ဒီမှာက ဒီလိုပဲ။
ရှင့်ဘာသာ ရဲတွေကို သွားပြောချေ”

သူက မျက်ခုံးတစ်ချက်ပင့်သွားတယ်။

“စောစောကလည်း ခင်ဗျားက ပြောတယ်။ ကျနော့်ပုံစံက ရောဂါမရှိလောက်ဘူး
ထင်လို့ အကာအကွယ် မသုံးလည်း လက်ခံတယ် ဆိုတာမျိုး။
ရောဂါပိုးရှိမရှိဆိုတာ လူပုံသဏ္ဍာန်မှာ မူတည်မနေဘူး။
အပြင်ပန်းမှာ ကျန်းကျန်းမာမာ ဖြစ်ပေမယ့်လည်း အိတ်ခ်ျအိုင်ဗွီ ပေါ့စတစ်
ဖြစ်ချင်ဖြစ်နေတတ်တာ ခင်ဗျား မသိဘူးလား”

သူက ကျောင်းဆရာတစ်ယောက်က ကျောင်းသားကို ဆူသလိုလို
အစ်ကိုတစ်ယောက်က ညီမတစ်ယောက်ကို ဆုံးမသလိုလို လေသံနဲ့ ပြောလာတယ်။

“နောက်... ဖြစ်နိုင်ရင် ခင်ဗျား အဲလို လက်မခံဖို့ ကျွန်တော်အကြံပေးချင်တယ်”

အလေးအနက် ပြောပြလာတဲ့သူ့ကို နည်းနည်းအားနာလာတာနဲ့ ကျွန်မလည်း
လေသံလျှော့ပြီး ကောင်းကောင်းမွန်မွန် ပြန်ရှင်းပြလိုက်ပါတယ်။

“ဒီလို ဟိုတယ်တွေမှာက အဆင်သင့် ရှိပါတယ်။ လိုရင် ယူလိုက်လို့ရတယ်။
ကျွန်မကလည်း နေရာတကာမှာ လူတကာကို ဘယ်လိုဖြစ်ဖြစ်
လက်ခံတာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ့်အတွက်လည်း ကြည့်ပါတယ်”

စိတ်ထဲမှာတော့ မှားပါတယ်လို့ အော်ပစ်လိုက်ချင်နေတယ်။
သူ့ကို အလွယ်တကူ လက်ခံလိုက်မိတာနဲ့ သူက ကျွန်မကို
ဘယ်လိုအဆင့်အထိများ ထင်သွားလဲ မသိပါဘူး။

“ခင်ဗျားရဲ့.. ဟို.. လုပ်ဖော်ကိုင်ဖက်တွေထဲမှာရော ဒီလိုပဲလား”
“ကျွန်မတို့ ဆိုင်မှာ သီချင်းဆိုကြတဲ့ အထဲကတော့ ကျွန်မလိုပါပဲ။
ဒါပေမယ့် သိမ်ကြီးဈေးအောက်တို့ ဆိပ်ကမ်းသာလမ်းတို့က
မိန်းကလေးတွေတော့ မပြောတတ်ဘူးရှင့်”

“ဒါနဲ့ ခင်ဗျား ဘယ်အတန်းအထိ ကျောင်းတက်ခဲ့သလဲ”

ဘွဲ့ရ.. ပေါ့.. လို့ ခပ်တိုတို ဖြေလိုက်တော့ သူက ကျွန်မမျက်နှာကို မျက်လုံး တစ်ချက်
လှန်ကြည့်တယ်။ ဘာမှတော့ မပြောဘူး။ နောက်တော့ မေးခွန်းတချို့ ထပ်မေးတယ်။
သူ့စာအုပ်လေးထဲမှာ တော်တော်လေး ရေးခြစ်ပြီးတဲ့နောက် ဒီလောက်ပါပဲ လို့ဆိုပြီး
ထောင်တန်အုပ်ကို ပိုက်ဆံအိတ်ထဲက ထုတ်ပြီး အနားက စားပွဲပုလေးပေါ်လှမ်းတင်
ပေးတယ်။  ကျွန်မက ပိုက်ဆံတွေကို သူ့ဘက် ပြန်တွန်းပို့လိုက်တာပေါ့။

“မပေးနဲ့တော့လေ။ ရှင်က မေးခွန်းမေးရုံ သက်သက်ပဲ”

“မဟုတ်ပါဘူး။ ယူပါ။ ခင်ဗျား ပရော်ဖက်ရှင်နယ် အချိန်တွေက တန်ဖိုးရှိတာပဲ”

အလို.. ။ ပရော်ဖက်ရှင်နယ် တဲ့။ တန်ဖိုး တဲ့။ နားကြားများ လွဲသလား။ ကျွန်မအတွက်
ဒီလိုပြောတာကို ပထမဆုံး ကြားဖူးလိုက်ခြင်း။ သိလား။
ကျွန်မတို့တွေကို သုံးနှုန်းတဲ့စကားတွေမှာ ပရော်ဖက်ရှင်နယ် ဆိုတာမရှိဘူး။
ကြေးစားဆိုတာပဲ ရှိတယ်။ တန်ဖိုးဆိုတာ မရှိဘူး။
ကြေး ........ဒါမှမဟုတ် ဈေးနှုန်း.......ဆိုတာပဲ ရှိတယ်။

သူ့အသုံးအနှုန်းတွေက ကျွန်မအတွက် ဆန်းနေတယ်။ သူ့လေသံက မနူးညံ့
မသိမ်မွေ့ပါဘူး။ သူ့အ၀တ်အစားတွေကလည်း မတောက်ပြောင်ဘူး။
သူ့ဥပဓိကလည်း သိပ်ဖြူစင်ချောမော နေတာမျိုး မဟုတ်ဘူး။ ဒါပေမယ့်
သူဟာ ကျွန်မ တွေ့ဖူးသလောက် ယောင်္ကျားတွေထဲမှာ အဆင့်အတန်းရှိ
ယဉ်ကျေးသူတစ်ဦးမှန်း သိပ်သိသာနေတယ်။
“အကြံပေးချင်တယ်”၊ “လုပ်ဖော်ကိုင်ဖက်”၊ “ပရော်ဖက်ရှင်နယ်”၊ “တန်ဖိုး”။
ဒီညတော့ ကျွန်မအတွက် ထူးထူးခြားခြား စိတ်ဝင်စားစရာတစ်ခု တွေ့ရတာပါပဲ။
ဗြုန်းဆို ကျွန်မရဲ့ ခပ်ညစ်ညစ်စိတ်ထဲ သူ့ကို စနောက်ချင်စိတ် ပေါက်လာပြန်တယ်။

“ဒါဆို ပြီးပြီလား။ မေးခွန်းမေးရုံ ဆိုတာ သေချာရဲ့လား။ အချိန်က ရသေးတယ်နော်”

သူ့မျက်နှာ ရဲကနဲ ဖြစ်သွားတာက သဘောကျဖို့ ကောင်းလိုက်တာ။ သူက ဘာမှ
ဆက်မပြောပဲ ရှေ့ကနေ ထွက်သွားတယ်။ ဟိုတယ်ရှေ့မှာ ရပ်ထားတဲ့ ကားထဲမှာ
သူ့သူငယ်ချင်းက စောင့်ပေးနေတယ်။

အိမ်ပြန်ရောက်တော့ ကျွန်မနဲ့ တိုက်ခန်းမှာ အတူနေတဲ့ သူငယ်ချင်း ၀ါလေး
ကိုတောင် ပြန်ပြောလိုက်သေးတယ်။ သူကဘာမှမလုပ်ဘူး ဟုတ်လားလို့ဝါလေးက
တအံ့တသြ ပြန်မေးတယ်။ နင် ဒိုင်နိုဆောနဲ့ တွေ့ခဲ့တာပဲ ဆိုပြီး ရယ်နေတယ်။

ဝါလေးက ရှေ့လလောက်ဆိုရင် ကျွန်မနဲ့အတူ ရှိမှာမဟုတ်တော့ဘူး။
ဆိုင်မှာလည်း မလုပ်တော့ဘူးလေ။ အန်ကယ်ကြီး တစ်ယောက် စီစဉ်ပေးမယ့်
တိုက်ခန်းကို ပြောင်းဖို့ လုပ်နေပြီ။ သူက ကျွန်မလို မဟုတ်ဘူး။ စိတ်ပျော့တယ်။
တခါကတော့ ကဗျာဆရာ ဆိုလား ဘာလား နဲ့ ကြိုက်ခဲ့လေရဲ့။ ကျွန်မကတော့
ဘာမှ ငွေကြေး အလားအလာ မရှိတဲ့လူမျိုးကို နေရင်းထိုင်ရင်း
အလကား ပေးရမလားလို့ သူ့ကိုဆူတာပဲ။ အဲဒီလိုလူတွေက ရူးရူးသွပ်သွပ်နဲ့
စိတ်ကူးယဉ် ဆန်လွန်းတယ်။ ကျွန်မတို့တွေကို တကယ်ချစ်တယ် ဘာညာ ဆိုတာ
မျိုးလည်း အဲလို ခပ်ကြောင်ကြောင်လူမျိုးတွေပဲ ပြောတာ။ ပြီးတော့လည်း
ကိုယ့်ဘ၀ကို ပြောင်းပေးသွားစေနိုင်တာ မဟုတ်ဘူးလေ။

သူ့ကို အဲဒီ ကဗျာဆရာက ရေးပေးသွားတဲ့ ကဗျာတစ်ပုဒ် ရှိတယ် တဲ့။ အဲဒီလူ
ရေးတာတော့ မဟုတ်ပါဘူး။ တခြားနာမည်ကြီး ကဗျာဆရာ တစ်ယောက်ရေးတဲ့
နာမည်ကြီးကဗျာ ဆိုပဲ။ ကျွန်မက ကဗျာတွေဘာတွေ စိတ်မ၀င်စားဘူး။

အဲဒီကဗျာကိုလည်း သူပြောပြောပြနေတာ သေသေချာချာတော့ အလွတ်မရပါဘူး။
အ၀င်းဆိုတဲ့ ကောင်မလေး တစ်ယောက်ကို ဒီဘ၀ကို ဘယ်လိုရောက်လာလဲ
မေးတယ်ဆိုတာလည်း ပါတယ်။ မှတ်မိနေတာကတော့ …


ပြီးတော့လည်း တခြားလူတွေလိုပါပဲ။ အိပ်လိုက်တာပါပဲ တဲ့…
အဲဒီလိုစော်ကားမိပါတယ်.. တဲ့။ အဲဒီကဗျာက ဘာလုပ်တာလဲ။
နင့်ကို အဲဒါ ရေးပေးပြီး နှစ်ထပ်ကွမ်း စော်ကားသွားတာပဲ လို့ ကျွန်မက
ရက်ရက်စက်စက်ပြောတော့ ၀ါလေးမှာ ငိုလိုက်တာ။

အခုတော့လည်း ၀ါလေးဟာ ဘိုးတော်တစ်ယောက်နဲ့ ငြိသွားလို့ တိုက်ခန်းတွေ
ဘာတွေ ရတော့မယ် ဖြစ်နေပြီ။ ထုံးစံအတိုင်းပေါ့။ တစ်ပတ်တစ်ခါဖြစ်ဖြစ် သူ့ကို
လာပေါင်းပါလိမ့်မယ်။

ဒါမျိုးက သူ့အတွက်တော့ အကောင်းဆုံးပဲလို့ ကျွန်မထင်ပါတယ်။ တကယ်တော့
အဲဒီခွင်က နိုင်တီးဂွမ်တီးက လုပ်လေ့ရှိကြတာမျိုး။ ဒီလောကက လွတ်မြောက်လမ်း
လို့လည်းပြောတတ်ကြတယ်။ ကျွန်မကတော့တွေးပုံတစ်မျိုး။ လူတစ်ယောက်တည်း
အတွက်ပဲ ကတိက၀တ်ထား ချည်နှောင်လိုက်ရဖို့ကို သိပ်မစဉ်းစားချင်ပါဘူး။
အဲလိုချည်နှောင်လိုက်ရင် သူ့ကိုပဲ အားကိုးရတော့မယ်။ ဘာကိုမှ ယုံရတာ
မဟုတ်ဘူး။ ပြီးတော့ သူက ထားခဲ့ရင် ကိုယ့်အရွယ်က ကျန်ပါဦးမလား။
အဲဒီဘိုးတော်တွေကိုယ်တိုင် စီးပွားရေးအခြေအနေတွေက ဒီခေတ်ကြီးထဲ
နေ့မြင်ညပျောက်။

အခုအချိန်မှာ သူများတွေကြားထဲမှာ ကိုယ့်ကိုပဲ ထင်ပေါ်နေစေဖို့နဲ့
စိတ်ဝင်စားမှုတွေကို ဘယ်လိုပုံစံမျိုးနဲ့ ပညာပါပါ သိမ်းကျုံးယူရမလဲ ဆိုတာပဲ
စိတ်ဝင်စားတော့တာလေ။
သီချင်းဆို ဖျော်ဖြေနေချိန်မှာ အရက်ရောနိုင်ဆုံးဆိုတဲ့ လူတွေရဲ့စိတ်နှလုံးကို
ရှာဖွေ သိမ်းပိုက်လိုက်ဖို့။ တခါကဆို ဆိုင်သိမ်းချိန်အထိ မပြီးနိုင်မဆုံးနိုင်
ကျွန်မကို အပြိုင်အဆိုင် ပန်းကုံးလာစွပ်တဲ့ ယောင်္ကျားနှစ်ယောက်ကို ကြုံဖူးတယ်။
ဆိုင်က တောင်းပန်ယူရတယ်။ ဂုဏ်သိက္ခာ အတွက်လား၊ မာနတွေပဲလား။

ယောင်္ကျားတွေဟာ ဘာမဟုတ်တဲ့နေရာမှာလည်း ပိုက်ဆံတွေနဲ့ ချခင်း
ယှဉ်ပြိုင်ကြတဲ့အထိ ရူးသွပ်ကြပြန်သတဲ့။ အဲဒီညက ကျွန်မ၀င်ငွေလည်း
အတော်စံချိန်တင်သွားခဲ့တယ်။ အဲဒီလို ကိုယ့်ကိုယ်ကို မြှင့်တင်လာနိုင်လေ
ကျွန်မကို ရယူနိုင်ဖို့ ဈေးနှုန်းကလည်း ပိုမြင့်လေပဲ။

ဟိုးအရင်ခေတ်ကတော့ အနုပညာကို ၀ါသနာပါလွန်းလို့ သရုပ်ဆောင်
မင်းသမီးလုပ်ချင်လို့ ဘ၀နဲ့ရင်းကြရတယ်တဲ့။ ကိုယ်ခန္ဓာနဲ့ ရင်းကြရတယ်တဲ့။
အခုခေတ်ကတော့ တချို့နေရာတွေမှာ ဒါဟာ အရောင်းမြှင့်တင်မှု တမျိုးပေါ့။
တချို့က မင်းသမီး မော်ဒယ် စာရင်းထဲဝင်ဖို့ အရင် ကြိုးစားကြတယ်။

ဒါဆို ဒီနေရာမှာ ပိုပြီး ဈေးကွက်မြင့်သွားမယ်။ ဒါပဲလေ။ အနာဂတ်.. ဆိုတာ လား။
ကျေးဇူးပြုပြီး ဒါကိုတော့ မပြောပါနဲ့။ အနာဂတ်ဆိုတာကို သိပ်မတွေးတော့တာ
ကြာလှပေါ့။ တကယ် လွတ်မြောက်တယ်ဆိုတာက နိုင်ငံရပ်ခြားကို အပြီးထွက်သွား
နိုင်တာမျိုးလေ။ ထားပါတော့။
ဒါကတော့ အခုအချိန်မှာ နည်းနည်းလေး ဝေးနေသေးတယ်။ ဒီလိုဘ၀ကို ဘာလို့
ဘယ်လို ရွေးချယ်ခဲ့တာလဲ ဆိုတာ မေးကြရင်တော့ ခပ်ပေါ့ပေါ့ရယ်သံနဲ့သာ
တုံ့ပြန်လိုက်ချင်တယ်။ ရွေးချယ်တယ်ဆိုတာ ဘာလဲ လို့ ပြန်မေးလိုက်ချင်တာလေ။
အတိတ်ဆိုတာကိုလည်း ကျွန်မ မတွေးတော့တာ ကြာမှပဲ။

ကျွန်မရဲ့ ဆေးရောင်စုံဆိုးထားတဲ့ ပုံမှန်နေ့တွေထဲမှာ ဆက်လည်ပတ်ရင်း
အဖြူရောင် တစ်စကို တခါတလေတော့ သတိရမိတာ အမှန်ပါ။ သူထိုင်ခဲ့တဲ့
ထောင့်စားပွဲမှာ ပြန်ပေါ်လာဦးမလား ကြည့်နေမိသေးတယ်။
အင်း.. တကယ်တော့လည်း ပြန်လာစရာ ဘာအကြောင်းမှ မရှိတော့ဘဲနော်။

သူ့ကို ကျွန်မပြန်တွေ့လိုက်တာက ထင်မှတ်မထားတဲ့နေရာ။ အဲဒီနေ့က
နာမည်ကြီး ဖက်ရှင်ဆိုင် တစ်ဆိုင်က ဒီဇိုင်းသစ်တွေ ရောက်နေတယ်လို့
ဖုန်းဆက်ခေါ်တယ်။ ဟိုးအရင် ကာလတွေကတော့ အဲဒီလို ဆိုင်တွေရှေ့ကနေ
ငေးမောခဲ့ရတာ။ အခုတော့လည်း အဲဒီနောက်ဆုံးပေါ်တွေ ဈေးကြီးကြီးအ၀တ်အစား
အသုံးအဆောင်တွေကို အရင်းအနှီးလို အသုံးချတတ်လာတော့တာလေ။

ဆိုင်ထဲမှာ ကျွန်မလျှောက်ကြည့်နေတုန်း ထောင့်တစ်နေရာမှာ သူ့ကို
တွေ့လိုက်ရတယ်။ ဒီတခါတော့ ရှပ်အဖြူလေးနဲ့ မဟုတ်ဘူး။
တီရှပ်နက်ပြာလေးတစ်ထည်ကို ပေါ့ပေါ့ပါးပါး ၀တ်ထားတယ်။

ဒီမှာ.. လို့ ၀မ်းသာအားရ လှမ်းခေါ်လိုက်တော့ မျက်နှာတစ်ဝက် နီးပါးရှိတဲ့
နေကာမျက်မှန် အကြီးကြီးကို တပ်ထားတဲ့ ကျွန်မကို သူ မှတ်မိပုံ မပေါ်ဘူး။

“ဘယ်လိုလဲ။ ရှင့် စစ်တမ်းကောက်တာတွေ ပြီးသွားပြီလား”

ဒီတော့မှ သြော် ဆိုပြီး သူက ကျွန်မကို ကြည်ကြည်လင်လင် ပြုံးပြပါတယ်။

“ပြီးပြီခင်ဗျ။ ကျွန်တော် စာတမ်းတောင် အပြီးသတ်လုပြီ”

“ဟုတ်လား။ ဘယ်သူတွေကို မေးဖြစ်သေးလဲ။ အဖြေက ဘယ်လိုထွက်လဲ”

“မေးတာကတော့ နေရာတော်တော်စုံပါတယ်။ ကျွန်တော် နယ်တွေတောင်
သွားလိုက်သေးတယ်။ အဖြေတွေကတော့.. အင်း”

သူက ခေါင်းရမ်းတယ်။ ရှင်ပိုက်ဆံ တော်တော်ကုန်သွားမှာပေါ့ လို့
ပြောလိုက်တော့ သူက ရယ်ကျဲကျဲလုပ်နေတယ်။

“နေပါဦး ရှင့်ရဲ့စာတမ်းပြီးတော့ ဘာဖြစ်မှာလဲ”

“ကျွန်တော် ဘွဲ့လွန် တစ်ခုရမှာပေါ့”

“အဲဒီစာတမ်းကရော”

“ကျောင်းက သိမ်းထားမှာပေါ့”

“ဟင်.. ဒါဆို ကျွန်မတို့ ဖြေတာတွေက အလကားပေါ့”

“ခင်ဗျားကို အလကား မေးခဲ့တာတော့ မဟုတ်ဘူးလေ”

“သြော်.. ပိုက်ဆံပေးတာကို ပြောတာလား။ ဟုတ်တယ်။ ဒါပဲ။
ယောင်္ကျားတွေက ဒါပဲလေ။ အင်းပေါ့။ ပိုက်ဆံပေးရင် ဘာမဆို တရားနေတာပဲ”

“ဟာ….” သူ့ မျက်နှာ ရဲကနဲ နီမြန်းသွားတယ်။

“ခင်ဗျား ကျွန်တော့်ကို သူများတွေထဲ ဆွဲမထည့်နဲ့လေ။ ဘာမှမဆိုင်ဘူး”

ကျွန်မက တကယ်တော့ သူ့စာတမ်း ဆိုတာကိုလည်း စိတ်မ၀င်စားပါဘူး။
ကိုယ်နဲ့သူကြားမှာ ဆက်စပ်ခဲ့တာ ဒါပဲရှိတာမို့ စကားရှာကြံ ပြောလိုက်တာ
မျိုးလောက်ပဲ။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ သူနဲ့ စတွေ့ကတည်းက ကန့်လန့်
တိုက်ချင်သလိုလို ရင်းနှီးပြီးသားလိုလို လေသံတွေနဲ့ ပြောနေမိတော့တာ။

သူကတော့ အီစီကလီ အရောဝင်ချင်ပုံလည်း မပြသလို မတူမတန်လိုမျိုးလည်း
မဆက်ဆံတာ သေချာလှတယ်လေ။ မျက်လုံးတွေထဲမှာ ဘာအရောင်မှမပါတဲ့
ယောင်္ကျားတစ်ယောက်ရဲ့ ကြည့်ပုံဟာ ကျွန်မအတွက် သိပ်ကိုဆန်းကြယ်နေတာ။

“ကျွန်တော်တို့ဆီမှာ လိုအပ်နေတာတွေ ရှိတယ်။ ကျွန်တော်တို့ လုပ်ချင်တာ
တွေရှိတယ်။ မလုပ်နိုင်သေးတာတွေ ရှိတယ်။ ဒီစာတမ်းကို ကျွန်တော်က
အလေးအနက် ရေးနေတာပါ။ တနေ့နေ့ပေါ့ဗျာ...”

သူက စိတ်ရှည်လက်ရှည် လေသံအေးအေးနဲ့ ပြောပြနေပြန်တယ်။
နောက်တော့ ဘေးမှာချိတ်ထားတဲ့ တီရှပ်လေးတွေဘက်ကို လှည့်သွားတယ်။
မိန်းကလေးဝတ် တွေပဲ။ ရင်ဘတ်မှာ ပန်းပွင့်ပုံ အရုပ်လှလှလေးတွေပါတဲ့
ပိန်ရှည်ရှည် တီရှပ်လေးတွေ။

အဲဒီတုန်း သူ့ဟန်းဖုန်းလေးက အသံမြည်လာတယ်။

“ကိုယ်က ဒီဘက် တီရှပ်တွေ ချိတ်ထားတဲ့ ထောင့်မှာ”

သူက တစ်ခွန်းပဲ ပြန်ပြောပြီး ဖုန်းချလိုက်တယ်။ တအောင့်ကြာတော့
ခြေသံကြားလိုက်ရတယ်။ သူ့ထက် နည်းနည်းလောက်ပဲ ငယ်ပုံရမယ့်
အမျိုးသမီးလေးတစ်ယောက်။ ညိုညိုပါးပါးလေးပဲ။ ချည်အကျီင်္ဖြူလေးနဲ့
လုံချည်စကပ် အနက် ရှည်ရှည်လေးနဲ့။
မျက်နှာမှာ ဘာမှ လိမ်းခြယ်မထားသလောက်ပဲ။ အကောင်းစား ရေမွှေးနံ့
ကတော့ သင်းနေတယ်။ လက်သည်းတွေကို တိုတိတိ ညှပ်ထားတယ်။
တကယ်တော့ အဲဒီမိန်းကလေး မျက်နှာပေါက်က ရွက်ကြမ်းရေကျို လောက် လို့ပဲ
ပြောလို့ရမယ်။ သူက မိန်းကလေး ပခုံးကို ခပ်ဖွဖွ လှမ်းဖက်လိုက်တယ်။
ကောင်မလေးက အနားမှာရပ်နေတဲ့ ကျွန်မကို စူးစမ်းသလိုတစ်ချက်ကြည့်လာတယ်။

“ကိုယ့် Interviewees တွေထဲကပါ”

“သြော်..” ကောင်မလေးက ရေရွတ်တယ်။

ဒီလောက်ဆို ကျွန်မက ဘာ ဆိုတာကို သဘောပေါက် သွားလောက်ရောပေါ့။
ကျွန်မရဲ့ ရုပ်ရည် ၀တ်စားထားပုံတွေနဲ့ ဒီလို မထင်ရလောက်တာကို
အံ့သြသွားတာမျိုးက ကျွန်မက ခဏခဏ ကြုံခဲ့ဖူးပါပြီ။

Interviewees တွေထဲကပါ လို့ပြောလိုက်ပုံက ကျွန်မကို နှိမ့်ချတဲ့ လေသံ
မဟုတ်တဲ့ သာမန်ပါပဲ။ ကောင်မလေးက ကျွန်မကို တစ်ချက် ပြုံးပြလိုက်တာ
လည်း သာမန်ပါပဲ။
မိန်းကလေးရဲ့ အကြည့်တွေက အံ့သြတာ နည်းနည်းလောက်
စွန်းထင်းနေတာကလွဲလို့ ဘာမှမပါဘူး။

ဒါပေမယ့်လေ… ကျွန်မက အများသူငါတွေလို ချစ်သူအနားမှာ နောက်ထပ်
မိန်းကလေးချောချောလှလှ တစ်ယောက်ကို မြင်တော့ မနာလို
အကြည့်တွေဘာတွေနဲ့ ကြည့်လို့၊ သူ့လူကို သ၀န်တို လို့၊ အဲလိုမျိုးဖြစ်ရင်
ပိုကောင်းမှာပဲ လို့ တွေးနေမိတယ်။ သူတို့နှစ်ယောက်ဟာ တကယ့်ကို
လိုက်ဖက်ညီပါတယ်လေ။

“ပရော်ဖက်ရှင်နယ်” ဆန်တယ် ဆိုတာမျိုး။ အဲဒီစကားလုံးလေးက ခေါင်းထဲ
ဖြတ်ကနဲ ၀င်လာပြန်တယ်။ အိုး…. ကျွန်မက ဘာတွေများ မျှော်လင့်နေမိပါလိမ့်။
ဗြုန်းဆို …. ကျွန်မကိုယ်ကျွန်မ ဟိုးအဝေးကမ္ဘာက ဂြိုဟ်သားတစ်ယောက်လိုလို
ဖော်ပြရခက်တဲ့ ဝေးကွာမှုမျိုး ပထမဆုံး ခံစားလိုက်ရတာ...။

ကျွန်မ လှည့်ထွက်လာတော့ သူတို့နှစ်ယောက်က တီရှပ်လေးတွေကို
ဆက်ပြီးကြည့်နေရင်း ကျန်ခဲ့တယ်။ သွားတော့မယ်လို့ နှုတ်ဆက်မိခဲ့ရဲ့လားဘာလား
ကျွန်မ မမှတ်မိတော့ဘူး။

အဲဒီနေ့ကအိမ်ပြန်ရောက်တော့ ကျွန်မဘာလို့ ထူးထူးခြားခြား သည်းသည်းထန်ထန်
ငိုချလိုက်မိသလဲ ဆိုတာကိုလည်း ဘယ်တော့မှ ပြန်တွေးအဖြေမရှာတော့ဘူး။


 ပန်ဒိုရာ

Original Link

................................

ရှေးရေစက်


ဟိုးရှေးရှေးတုန်းက အရမ်းချစ်ကြတဲ့ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်ဟာ
ချစ်ကြိုက်လာကြတာ ချစ်သက်တမ်း သုံးနှစ်ပြည့်တဲ့အခါမှာလက်ထပ်ကြတော့မယ်
ဆိုပြီး မင်္ဂလာရက်တစ်ရက်ရွေးချယ်သတ်မှတ်လိုက်တယ်။
ကောင်လေးကတော့ပျော်ရွှင်စရာ ကောင်းမယ့် သူတို့ရဲ့မင်္ဂလာရက်လေးကို
စိတ်ကူးယဉ်ပြီး ပျော်နေရှာတာပေါ့။

ဒါပေမယ့် အဲ့ဒီမင်္ဂလာဆောင်မယ့်နေ့ မရာက်ခင်မှာပဲသူ့ချစ်သူကောင်မလေးက တခြားကောင်လေးတယောက်နဲ့ မမျှော်လင့်ဘဲလက်ထပ်သွားတယ် ဆိုတဲ့
သတင်းကို  ကြားလိုက်ရတယ်။ သူစုံစမ်းကြည့်လိုက်တော့ ကောင်မလေး
ကိုယ်တိုင်က လိုလိုလားလားနဲ့ လက်ထပ်လိုက်တာလို့ သိလိုက်ရတယ်။

အဲ့သတင်းကိုကြားတာနဲ့ကောင်လေးလည်းအရမ်းအံ့သြပြီး၊ အရမ်းစိတ်ထိခိုက်
ဝမ်းနည်းစွာနဲ့မစားနိုင်မအိပ်နိုင်ငိုကြွေးနေတော့တယ်။

မကြာခင်မှာပဲကောင်လေးလည်းစိတ်ထောင်းကိုယ်ကြေပြီးအိပ်ယာထဲလဲတော့တယ်။
အချိန်တွေကုန်လွန်လာတာနဲ့အမျှ ကောင်လေးရဲ့အခြေအနေဟာပိုပိုဆိုးလာခဲ့တယ်။
ဆရာဝန်ပြလည်းမသက်သာတော့ဘူး။

တနေ့မှာတော့ အသက်အရွယ်အိုမင်းနေတဲ့ ဘုန်းတော်ကြီးတစ်ပါးကကောင်လေးရဲ့ 
အိမ်ရှေ့မှာရပ်ပြီး တံခါးခေါက်လိုက်တယ်။အိမ်ဖော်ကောင်မလေးလည်း
တံခါးခေါက်သံကြောင့် ထွက်လာပြီး တံခါးဖွင့်လိုက်တော့ 

ဘုန်းတော်ကြီးကပြုံးပြီးတော့…..

“ကိုယ်တော်ကဆွမ်းခံကြွလာတာမဟုတ်ပါဘူး..ဒီအိမ်မှာလူမမာရှိတယ်ကြားလို့
ကိုယ်တော်ကလည်း ဆေးနည်းနည်း ကုတတ်တော့ လာကူညီပေးတာပါဒကာမလေး” လို့မိန့်ကြားလိုက်တယ်။

အိမ်ဖော်မိန်းကလေးကလည်းသူဆုံးဖြတ်လို့မရကြောင်းနဲ့ သူမရဲ့သခင်တွေကို
ပြန်ပြောကြည့်ပါမယ်ဆိုတဲ့ အကြောင်းပြောပြီးအိမ်ရှင်တွေ ကိုပြောကြည့်တော့
သဘောတူခွင့်ပြုတာကြောင့် ဘုန်းတော်ကြီးကို အိမ်ထဲကိုပင့်ဖိတ်ခဲ့တယ်။

ဘုန်းတော်ကြီး အိပ်ခန်းထဲကိုရောက်တော့ ကုတင်ပေါ်မှာဖြူဖတ်ဖြူရော်နဲ့ အရိုးပေါ်
အရေတင် ပိန်လှီစွာနဲ့ နွမ်းနယ် နုန်းချိစွာ လဲလျောင်းနေတဲ့ လူမမာသည်ကောင်လေးကို
တွေ့လိုက်ရတယ်။ အိမ်ဖော်မိန်းကလေးလည်း ဘုန်းတော်ကြီးအတွက် သောက်တော်ရေ
တခွက်ပေးလိုက်ပြီး လူမမာကုတင်ဘေးမှာပဲ ထိုင်ခုံတစ်လုံးစီစဉ်ပေးလိုက်တယ်။

ဘုန်းတော်ကြီးကလည်း အခြေအနေကြည့်ပြီးတော့

”တော်တော်အခြေအနေဆိုးနေတာပဲ ”လို့ရေရွတ်လိုက်တယ်။လူမမာကောင်လေး
ကလည်း စိတ်နဲ့ကိုယ်နဲ့မကပ်စွာနဲ့ပဲဘာမှမကြားသလို တိတ်ဆိတ် ငြိမ်သက်စွာ
နေနေတယ်။ ဘုန်းတော်ကြီးလည်းသူလုပ်သင့်တာတွေလုပ်ပြီးတော့…

"ဒကာလေးကတော်တော်သနားစရာကောင်းတယ်….မယုံရင်မှန်ထဲကိုကြည့်လိုက်စမ်းပါ"
လို့မိန့်တော်မူပြီး ကောင်လေးအိပ်ခန်းထဲက ကိုယ်လုံးပေါ်မှန်တစ်ချပ်ဆီကို ညွှန်ပြလိုက်
တယ်။ကောင်လေးလည်း လုံးဝစိတ်ဝင်စားမှုမရှိပဲ ငေးငေးငိုင်ငိုင် နေနေရာကနေ
တစ်ချက် မှန်ထဲကိုကြည့်လိုက်တယ်ဆိုရင်ပဲ မှန်ထဲမှာသူ့ချစ်သူကောင်မလေးပုံကို
တွေ့လိုက်ရတယ်။ သိပ်မကြာခင်မှာပဲ ကောင်မလေး ပုံရိပ်ကေ၀၀ါး ပျောက်ကွယ်သွားပြီး
ပင်လယ်ကမ်းခြေ တခုပုံပြောင်းလဲသွားတယ်။ အဲ့ပင်လယ်ကမ်းခြေဟာ တိတ်ဆိတ်
ငြိမ်သက်နေပြီး လူအသွားအလာမရှိဘူး။

လူမမာကောင်လေးကမှန်ထဲ ကပုံရိပ်ကိုစိတ်ဝင်စားစွာကြည့်နေစဉ်မှာပဲ မိန်းကလေး အလောင်းတစ်လောင်းဟာ လဲလျောင်းနေတဲ့အနေအထားနဲ့ကမ်းခြေမှာရှိနေတာကို
မြင်လိုက်ရတယ်။ ခဏကြာတော့လူတစ်ယောက်ဖြတ်လျှောက်လာတယ်။ သူကအလောင်းကိုရွံရှာစွာကြည့်ပြီး လျင်မြန်စွာဖြတ်လျှောက်သွားတယ်။

အချိန်အတော်လေးကြာတော့ နောက်လူတစ်ယောက်ဖြတ်လျှောက်လာပြီး
အဲ့ကောင်မလေးအလောင်းကို တွေ့သွားပြန်တယ်။ ဒီလူကတော့စိတ်မကောင်းဖြစ်ပြီး သူ့ရဲ့အပ်ါရုံအင်္ကျီကိုချွတ်လို့ခြုံပေးပြီးခရီးဆက်ထွက်သွားတယ်။

အဲ့လိုနဲ့နောက်ထပ် အချိန်တော်တော်လေးကြာလာတော့ နောက်ထပ်လူတစ်ယောက်
ရောက်လာပြန်တယ်။ ဒီလူကအပေါ်ရုံခြုံထားပြီး လဲလျောင်းနေတဲ့ပုံစံကိုစိတ်ဝင်စားပြီး
ခြုံထည်ကို လှန်ကြည့်တော့ မိန်းကလေးအလောင်းကိုတွေ့သွားပြီးအရမ်းသနားစိတ်
ဝင်လာကာ မြေမြုပ်ပေးလိုက်ဖို့ဆုံးဖြတ်လိုက်တယ်။

ဒါပေမယ့်သူ့ဆီမှာ မြေကျင်းတူးဖို့ ဘာပစ္စည်းမှပါမလာဘူး။ နောက်ဆုံးမှာသူ့ရဲ့
လက်နှစ်ဖက်ကိုအသုံးပြုဖို့ သူဆုံးဖြတ် လိုက်တယ်။ လူရွယ်ဟာသူ့လက်နှစ်ဖက်နဲ့
မြေတွေကိုယက်ပြီး တဖြေးဖြေးချင်းတူးလာ လိုက်တာ ညနေစောင်းအချိန်မှာ
မိန်းကလေး အလောင်းကိုမြုပ်ဖို့ လုံလောက်တဲ့ ကျင်းတစ်ကျင်းကိုတူးလို့ ပြီးသွားတယ်။
အဲ့ဒီ လူလည်းမိန်းကလေးအလောင်းကို ကောင်းမွန်စွာ မြုပ်နှံပေးခဲ့ပြီး ခရီးကိုဆက်
ထွက်ခွာသွားတယ်။

အဲ့ဒီနောက်မှာ မှန်ထဲမှာမိန်းကလေးအလောင်းရဲ့ မျက်နှာပုံပြန်ပေါ်လာပြီး အဲ့ဒီ့
မျက်နှာကနေ သူ့ချစ်သူကောင်မလေးရဲ့  မျက်နှာကိုပြောင်းသွားခဲ့တယ်။
လူမမာကောင်လေးလည်း အလွန်အမင်းအံ့သြနေစဉ်မှာပဲ မြေမြုပ်ပေးတဲ့လူရွယ်ရဲ့ 
မျက်နှာပြန်ပေါ်လာပြီး လူတစ်ယောက်ရဲ့ မျက်နှာအဖြစ်ပြောင်းသွားပြန်တယ်။.....
အဲ့ဒီနောက်မှာတော့ မှန်ထဲက ပုံရိပ်တွေအကုန်ပျောက် ကွယ်သွားခဲ့တယ်။

ကောင်လေးလည်း အံ့သြစွာနဲ့ မင်သက်နေတုန်းမှာပဲ ဘုန်းတော်ကြီးက
ခုလိုပဲမိန့်ကြားတော်မူလိုက်တယ်

“ခုဆိုရင်ဒကာလေးလည်းသဘောပေါက်လောက်ပြီထင်တယ်။ အဲ့ မိန်းကလေး
အလောင်းက ဒကာလေးရဲ့  ချစ်သူမိန်းကလေး ဖြစ်တယ်။
ဘ၀တစ်ခုမှာ သူမရဲ့အလောင်းကိုမြေမြုပ်ပေးတဲ့ ကုသိုလ်ကံရေစက်ကြောင့်
အဲ့ဒီလူငယ်ဟာဒီဘ၀မှာ ကောင်မလေးနဲ့ လက်ထပ် ပေါင်းသင်းခွင့်ရခဲ့တယ်။

ဒကာလေးကတော့ သူမရဲ့အလောင်းကို အပ်ါရုံနဲ့လွှမ်းခြုံပေးခဲ့တဲ့ ရေစက်ကံကြောင့်
ဒီဘ၀မှာသူမနဲ့ သုံးနှစ်တာ ချစ်ခင်ခွင့်ရခဲ့တယ်။
အခု သုံးနှစ်ပြည့်လို့ ရေစက်ကုန်ချိန်မှာခွဲခွာရတယ်”

ဘုန်းတော်ကြီးရဲ့စကားအဆုံးမှာ ကောင်လေးလည်းအမြင်မှန်ရပြီးနားလည်
သဘောပေါက်သွားခဲ့တယ်။ နောက်ပိုင်းမှာကောင်လေးလည်း ပြန်လည်
ကျန်းမာလာပြီး လောကီကိုစွန့်လို့သင်္ကန်းဝတ်သွားတော့တယ်။
ပုံပြင်လေးကတော့ဒီလောက်ပါပဲ..

ဆိုလိုချင်တာကတော့ ကျွန်တော်တို့လူသားတွေအချင်းချင်း ဒီဘ၀မှာ အဖေ၊ အမေ၊
ဆွေမျိုးညီအစ်ကိုမောင်နှမ၊ သူငယ်ချင်းမိတ်ဆွေ၊ ချစ်သူ၊ရန်သူအဖြစ်နဲ့ တွေ့ဆုံတော်စပ်
ပတ်သက်ခွင့်ရကြတာဟာအမှုမဲ့အမှတ်မဲ့မဟုတ်ပါဘူး။ဘ၀တစ်ခုခုက ပြုခဲ့တဲ့ရေစက်ကံ
ကြောင့်သာ ဤမျှများပြားလှသော လူ့ဘောင် အဖွဲ့အစည်းအတွင်းမှာ တွေ့ဆုံရင်းနှီးကြ ချစ်ခင်ခွင့်ရခဲ့ကြတာဖြစ်ပါတယ်။

အဲ့လိုပဲ ရေစက်ကုန်ချိန်ရောက်ရင် ဘယ်လို အကြောင်းပြချက်မျိုးနဲ့မှဆွဲထားလို့မရပဲ
သေကွဲ၊ ရှင်ကွဲ မျိုးစုံနဲ့ခွဲခွာကြရမှာပါ။အဲ့ဒါကြောင့် အခုမခွဲခွာရခင်အချိန်လေးမှာ
မိမိနဲ့ပတ်သက်ခွင့်ရခဲ့တဲ့ သူတွေအပေါ်မှာတတ်နိုင်သလောက် စိတ်ချမ်းသာမှုတွေ။
မေတ္တာတွေ ပေးနိုင်သလောက် ပေးနိုင်အောင်ကြိုးစားသင့်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းလူတိုင်းဘယ်သူကမှဘယ်သူ့ကိုဘယ်အချိန်မှာ
ရေစက်ကုန်လို့ခွဲခွာကြရမယ်ဆိုတာကို မသိနိုင်ကြလို့ပဲဖြစ်ပါတယ်။




ဒီဘ၀မှာခင်မင်ခွင့်ရသောသူငယ်ချင်းများအားလုံးအတွက်အမှတ်တရ…….







email မှရထားသော ပုံပြင်လေးတစ်ပုဒ်ပါ။
မူရင်းပိုင်ရှင်နှင့်အတူ မျှဝေပေးသူများကို ကျေးဇူးတင်လျှက်.....
.................................

၂၄ နာရီ ဇီဝကမ္မ ဖြစ်ပျက်ပြောင်းလဲမှု့ ဖြစ်စဉ်များ

တော်တော်လေး မှတ်သားစရာ ကောင်းပြီး အကျိုးရှိနိုင်တဲ့ ဆောင်းပါးလေးလည်း ဖြစ်ပါတယ်...

သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေးအခြေအနေ ကမောက်ကမဖြစ်တတ်သည်။အမျိုးသမီးများဆိုလျှင်ရာသီမမှန်ခြင်း၊အရိုးပွရောဂါဖြစ်ခြင်း၊ ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့် ရောဂါများ ပိုမိုဖြစ်တတ်သည်။ ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏ ဇီဝဖြစ်ပျက် ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာ အားကိုးရသည်။ ကိုယ်တွင်းအရည်လေင်ကျွမ်းမှုသည် အဆိပ်အတောက် ဖြစ်ပေါ်မှုများတတ်သည်။
ခန္ဓကိုယ်၏ 'သက်စောင့်ရည်' များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။ ထို့ကြောင့်
ခဏခဏ အိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊ အရက်သောက်သူများ
ဖြစ်နိုင်သည့် ရောဂါမျိုးများ ငါးဆပိုဖြစ်နိုင်သည်။ ထို့ကြောင့် နေ့စဉ်အတတ်နိုင်ဆုံး
ည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။ မဖြစ်မနေ ညအလုပ်လုပ်ရန်ရှိသည်ဆိုလျှင်လဲ
(အသားမပါသော) ညလယ်စာစားလျှင် ခံသာသေးသည်။


ည ၉-နာရီ မှ ည ၁၁-နာရီ = ရောဂါခုခံကာကွယ်စနစ်အချိန်
(အလယ်တန်းအောက်ကလေးသူငယ်များသည် ရောဂါခုခံကာကွယ်စနစ် တည်ဆောက်မှုမပြည့်စုံသေးသဖြင့် ည ၉-နာရီတွင် အိပ်နိုင်လျှင်ကောင်း၏)

ည ၁၁-နာရိ မှ နံနက် ၁-နာရီ = ရိုးတွင်းချဉ်ဆီမှ သွေးနီဥ တည်ဆောက်ချိန်

နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်း၏အချိန်

နံနက် ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှုစနစ်အတွက်အချိန်

နံနက် ၄-နာရီ = ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း အနှေးဆုံးအချိန်
(ဆေးပညာတွင် 'အန္တရာယ်များသည့်လေးနာရီ' ဟုပြောစမှတ်ပြုကြသည်။
လက်တွေ့တွင် ဤအချိန်၌ ရင်ကြပ်၊နှလုံး၊ လေဖြတ်၊ဦးနှောက်သွေးကြောရောဂါ၊
သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်သော အချိန်ဖြစ်တတ်သည်။
ထို့ကြောင့် အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှကိုယ်လက်လှုပ်ရှား
လမ်းလျှောက်ထွက်သင့်သည်။)

နံနက် ၅-နာရီ မှ နံနက် ၇-နာရီ = အူမကြီးအလှုပ်ရှားဆုံးအချိန်

နံနက် ၇-နာရီ မှ နံနက် ၉-နာရီ = အစာအိမ်အလှုပ်ရှားဆုံးအချိန်
(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာစားသင့်သည်)

နံနက် ၉-နာရီ မှ နံနက် ၁၁-နာရီ = သရက်ရွက်အလှုပ်ရှားဆုံးအချိန်

နံနက် ၁၁-နာရီ မှ နေ့လယ် ၁-နာရီ = ရိုးတွင်းချဉ်ဆီ သွေးတည်ဆောက်ချိန်
(ကောင်းစွာအနားယူနိုင်ပါက သွေးအားနည်းရောဂါမဖြစ်တော့ပေ)

နေ့လယ် ၁-နာရီ မှ ညနေ ၃-နာရီ = အူသိမ်အလှုပ်ရှားဆုံးအချိန်
(နေ့လယ် ၁-နာရီ မတိုင်ခင်နေ့လည်စာစားလျှင်ကောင်း၏ -
သို့မဟုတ်က အစာအိမ်ရောဂါ လေထိုးလေအောင့် ရောဂါဖြစ်တတ်သည်။)

ညနေ ၃-နာရီ မှ ညနေ ၅-နာရီ = ဆီးအိမ်အလှုပ်ရှားဆုံးအချိန် (ဤအချိန်တွင်ရေများများသောက်ရန်အရေးကြီးသည်။)

ညနေ ၅-နာရီ မှ ည ၇-နာရီ = ကျောက်ကပ်အလှုပ်ရှားဆုံးအချိန်

ည ၇-နာရီမှ ည ၉-နာရီ = နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏အလှုပ်ရှားဆုံးအချိန်


(ဤသည်မှာ ရှေးတရုတ်တိုင်းရင်းဆေးပညာရှင်တို့၏ အဆိုဖြစ်သည်။)
အကိုး။ ။ လင်ကွမ်ချန်၏ကျန်းမာရေးစာအုပ်မှ (ပါမောက္ခ ဒေါ်ခင်ဖြူ)
မြတ်မင်္ဂလာစာစောင် အတွဲ-၂၅၊အမှတ်-၁၊ ၂၀၀၉ခုနှစ်၊ ဇူလိုင်လ မှ
ကောက်နုတ်ဖေါ်ပြသည်။



...........................

Friday, November 6, 2009

ဘောင်တွေကို ကျော်ကြည့်ပါ...

အမေရိကန်တွေ အာကာသထဲ့သွားတော့ကမ္ဘာ့မြေဆွဲအားမရှိတော့တဲ့ ဟင်းလင်းပြင်မှာ
သူတို့ ဘောပင်တွေက မှင်မထွက်တော့တာတွေ့ရတယ်။ဒီတော့ ပညာရှင်တွေ
နာရီထောင်ပေါင်းများစွာသုတေသနလုပ်၊ပိုက်ဆံဒေါ်လာသန်းပေါင်းများစွာသုံးပြီးချိန်မှာ
pump pen လို့ခေါ်တဲ့ ဖိအားပေးပြီးသုံးရတဲ့ ဘောလ်ပင်ကိုတီထွင်နိုင်ခဲ့တယ်။
အမေရိကန်ရဲ့ ပြိုင်ဖက်ဆိုဗီယက်တွေကအမေရိကန် ဒီပြသာနာဖြစ်နေတာကိုသိတယ်။
သူတို့ကတော့ အချိန်နာရီမကုန်ဘဲ ပိုက်ဆံလည်း ဘာမှ မကုန်ဘဲ ဒီပြသာနာကို
ဖြေရှင်းလိုက်နိုင်တယ်။
ဒါကတော့ သူတို့ အာကာသယာဉ်မူး တွေကို ခဲတံတွေပေးပြီး သုံးခိုင်းလိုက်တာပါ။

ဒီပြသာနာကို ပြန်ကြည့်ရင် အမေရိကန်တွေဟာ နည်းပညာရဲ့ ဘောင်ခတ်မူကိုခံရပြီး
ဘောင်ထဲက စဉ်းစား အဖြေရှာခဲ့တာ ဖြစ်တယ်။ဘောလ်ပင်ဟာ အောက်ကိုစိုက်ရေးမှ
ကမ္ဘာ့မြေဆွဲအားနဲ့ မှင်ထွက်တယ်ဆိုတဲ့ ယူဆချက်ကို ကိုင်ပြီး မြေဆွဲအားမရှိရင်
မြေဆွဲအားလို မှင်ကို ထွက်စေဖို့ ဘယ်လိုလုပ်မလဲဆိုတဲ့ သိပ္ပံဆိုင်ရာယူဆချက်ဘောင်
ထဲက စဉ်းစားခဲ့တာဖြစ်တယ်။ ဆိုဗီယက်တွေကတော့ ဘောလ်ပင် ရေးမရင် ရေးရတာ
ဘာရှိလဲလို့ လွတ်လပ်စွာ စဉ်းစားခဲ့တာဖြစ်တယ်။

ဒီတကယ့်ဖြစ်ရပ်မှန် အဖြစ်အပျက်လေးက ဘာကို ပြောနေသလဲဆိုတော့ လူတွေက သိခြင်းတတ်ခြင်းဆိုတဲ့ဘောင်တွေခတ်ခံထားနေရပြီး အဲဒီဘောင်တွေထဲကနေပဲ စဉ်းစားလုပ်ကိုင်နေကြတယ်ဆိုတာပါပဲ။

နောက်ဖြစ်ရပ်မှန် ဇတ်လမ်းလေးတစ်ခု ပြောပြချင်ပါတယ်။အီတလီနိုင်ငံ တူရင်မြို့မှာ
ကုလသမဂ္ဂ အရာရှိတွေရဲ့ ဦးစီးတက္ကသိုလ်ရှိတယ်။ သိတဲ့အတိုင်း ကုလသမဂ္ဂအရာရှိ
ဖြစ်တယ်ဆို ကတည်းက နိုင်ငံတကာ ထိပ်သီးတက္ကသိုလ်တွေက ပါရဂူဘွဲ့တွေ၊
မဟာဘွဲ့တွေရထားတဲ့ တကယ့် ပညာရှင်ကြီးတွေပေါ့။

အဲဒီလူတွေကိုမေးခွန်သုံးခုမေးတယ်။ ဘယ်သူမှမဖြေနိုင်ဘူး။ဖြေတဲ့အဖြေတွေကလည်း
လက်မခံနိုင်တဲ့ အဖြေတွေ၊ ဒါနဲ့ကျောင်းအုပ်ကြီးက အဲဒီလူတွေကို ဘေးနားက
မူကြိုကျောင်းလေးကို ခေါ်သွားပြီး ကလေးတွေကို အဲဒီမေးခွန်မေးတော့ ကလေး
အကုန်နီးပါးက ဖြေနိုင်တာကို တွေ့ရတယ်။ဘာလို့ဖြေနိုင် သလဲဆိုတော့ ကလေးတွေမှာ
ဘာအသိပညာ၊ အတတ်ပညာ ဘောင်တွေမှ ခတ်ထားခြင်း မခံရသေးလို့ လွတ်လပ်စွာ စဉ်းစားနိုင်ခဲ့တယ်ဆိုတာ တွေ့ရတယ်။

အဲဒီမေးခွန်းတွေကတော့

(၁) ဆင်နဲ့ သစ်ကုလားအုတ်ကို ရေခဲသေတ္တာထဲ ဘယ်လို့ ထည့်မလဲ။

(၂) တောဘုရင် ခြင်္သေ့ ကြီးက တောနေသတ္တ၀ါအားလုံးကို အစည်းဝေးခေါ်တယ်။
ဘယ်သူတွေ မလာဘူးလဲ၊ဘာလို့ မလာတာလဲ။

(၃) မိချောင်းတွေပေါတဲ့ချောင်းကို ရေထဲဖြတ်ပြီးဘယ်အချိန်ကူးမလဲဆိုတဲ့
မေးခွန်းသုံးခုပါ။

ကဲ…….သင်စဉ်းစားပြီး ဖြေကြည့်ပါ။
ဒါပေမဲ့ ပြောနိုင်တာ တစ်ခုကတော့သင်လည်းသိမြင်တတ်သိထားတဲ့
ပညာဘောင်တွေထဲကပဲ စဉ်းစားပြီး အဖြေမရနိုင်ဘူး ဆိုတာပါပဲ။

နောက်ဖြစ်ရပ်မှန်တစ်ခု ကတော့ ပေါင်ဒါကုမ္ပဏီတစ်ခုမှာ ဖြစ်တာပါ။ အဲဒီကုမ္ပဏီ ဟာ မာကတ်တင်း(Marketing) နည်းမျိုးစုံ သုံးပြီးအရောင်းမြင့်တင်ခဲ့ရာမှ အရောင်းက
တစ်ရှိန်ထိုး တက်ပြီး တစ်နေရာမှာ အရောင်းတန့်သွားပါတယ်။ ကုမ္ပဏီပိုင်ရှင်က
အစည်းဝေးခေါ်ပြီး အရောင်းကို နောက်ထပ်သုံးပုံတစ်ပုံတက်ချင်သေးတယ်။
ဒါပေမဲ့ ကွာလတီလည်း မလျှော့ဘူး၊ ဈေးလည်း မတင်ဘူး၊ ပေါင်ဒါတစ်ဘူးစီမှာ
ထည့်တဲ့ ပေါင်ဒါမူန့် အလေးချိန်လည်း မလျှော့ဘူးလို့ ပြောပါတယ်။

စီနီယာမာကတ်တင်းတွေက အကြံတွေတစ်ခုပြီးတစ်ခုပေးပေမယ့် အသုံးမတည့်ဘူး
ဖြစ်နေတယ်။အဲဒီအချိန် နောက်ဆုံးမှာ ကုတ်ကုတ်လေး ထိုင်နေတဲ့ မာကတ်တင်း
ဝန်ထမ်းကလေးကထပြီး အကြံတစ်ခု ပေးပါတယ်။ကျန်တဲ့သူတွေကသူပေးတဲ့ ideaကို
ဝိုင်းရယ်ပေးမယ့် အဲဒီ့ ကုမ္ပဏီဟာ ဒီဝန်ထမ်းအသစ်လေးပေးတဲ့အကြံနဲ့ပဲ အရောင်း
သုံးပုံ တစ်ပုံတက်သွားတယ်။ သူ ဘာအကြံပေးခဲသလဲ... ??????????

သူပေးတာကတော့ ပေါင်ဒါသုံးသူတွေပုံမှန်ထက်အချိန်သုံးပုံးတစ်ပုံစောပြီးကုန်အောင်
လက်ရှိ ပေါင်ဒါဘူးက အပေါက်တွေရဲ့ အကျယ်ကို သုံးပုံ တစ်ပုံထပ်ချဲု့ ပေးဖို့ပါ။
သင်ရော ဒီလို တွေးမိခဲ့ပါလား...... ??????

အမေရိကန်ရဲ့ ပထမဆုံး သမ္မတ ဂျော့ခ်ျဝါရှင်တန် ငယ်စဉ်က သူ့အိမ်ကပန်းသီးပင်ကြီး
ကို ပုဆိန်နဲ့ ခုတ်လှဲခဲ့ပါတယ်။ အဖေက ဘာလို့ ခုတ်လှဲခဲ့သလဲ ဆိုပြီး ဆူတော့ သူက
သူ့အပြစ်ကို ၀န်ခံပါတယ်။ သူ့အဖေကလည်း သူ့ကို မရိုက်ပါဘူး။ ဒီနေရာမှာ ဘာလို့
သူ့အဖေက မရိုက်တာလဲဆိုတဲ့ မေးခွန်ကို ကျောင်းတွေ တော်တော်များများမှာ
မေးခဲ့ကြပြီး ဆရာတွေကိုသူတို့ တပည့်တွေပေးတဲ့ စံပြ အဖြေကတော့ အပြစ်ကို
ဝန်ခံလို့ မရိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့ ကလေးတစ်ဦးကတော့ ဂျော့ခ်ျဝါရှင်တန်
လက်ထဲမှာ ပုဆိန်ကြီး ကိုင်ထားလို့ သူအဖေက သူရိုက်ရင် ထခုတ်မှာစိုးလို့မရိုက်တာ
လို့ ဖြေခဲ့ဖူးပါတယ်။ ဒါရော အဖြေမှန်တစ်ခု မဖြစ်နိုင်ဘူးလား။ ဒါပေမဲ့ ပညာတွေ။
ယဉ်ကျေးမူ ထုံးတမ်း ဓလေ့တွေနဲ့ဘောင်ခတ်ထားတဲ့ ဒီကမ္ဘာမှာ ဒီကလေးရဲ့ အဖြေက
မှတ်တမ်း တင်မခံခဲ့ရပါဘူး။

ခုနက မေးခွန်သုံးခုရဲံ အဖြေတွေကို အခု ဖြေပေးပါမယ်။

(၁)အဖြေကတော့

ဆင်နဲ့သစ်ကုလားအုတ်ကို ရေခဲသေတ္တာထဲကို ထည့်မယ်ဆိုရင် ရေခဲသေတ္တာရဲ့
တံခါးကိုဖွင့်ပြီးမှ ထည့်လိုရမှာ ဖြစ်လို့ ပထမအဖြေကတော့

တံခါးဖွင့်ထည့်ရမယ်ဆိုတာပါပဲ ဖြစ်တယ်။

ရေခဲသေတ္တာဟာ ဘယ်အရွယ်ပဲရှိတယ်ဆိုတာ သိတဲ့သူတွေက ဒီအဖြေကို
မပေးခဲ့တာဖြစ်ပါတယ်။ ရေခဲသေတ္တာ ကိုဒီအကောင်တွေထည့်ဖို့ ကြီးကြီးလုပ်ရင်
မရဘူးလား။ ရေခဲသေတ္တာဆိုတာ ဘယ်အရွယ်ထက်မကြီးရဘူးလို့ ကန့်သတ်ထား
လို့လား။ ........ မထားပါဘူး။
ကိုယ်မြင်ဘူးတဲ့ အတိုင်းအတာကြောင့် ယုတ္တိကျတဲ့အဖြေကို မပေးနိုင်ခဲ့ကြတာပါ။

ဒီတစ်ခုအဖြေရရင် ကျန်တာတွေက လွယ်သွားပါပြီ....။

(၂)အဖြေကတော့

ခြင်္သေ့ကြီးခေါ်တဲ့ အစည်းအဝေးပျက်ကွက်တာ ဒီနှစ်ကောင်ပေါ့။ သူတို့က
ရေခဲသေတ္တာထဲ အပိတ်ခံထားရတာကိုး။

(၃)နောက်ဆုံးအဖြေ

ဒီအချိန်ဆို သိလောက်ပြီထင်ပါတယ်။
မိချောင်းတွေ အစည်းဝေးတက်နေချိန်မှာ ချောင်းကို ဖြတ်ကူးမှာပေါ့။

တကယ်တော့ ဘောင်တွေ၊ စည်းတွေကို ကျော်ပြီး စဉ်းစား ကြည့်ရင် လောကမှာ
ခက်ခဲတယ်ဆိုတဲ့ ပြသာနာတွေရဲ့ အဖြေဟာ ရှင်းရှင်းလေးတွေပါဆိုတာ ဒီဥပမာအရ
သိနိုင်ပါတယ်။ ဒါကြောင့် လည်း ကမ္ဘာကြီးမှာ အခုဆိုရင် out of the box
ဆိုတဲ့ စကားခေတ်စားလာပါတယ်။

စည်းမျဉ်းဘောင်ခတ် သတ်မှတ်ချက်တွေအပြင်ဘက်ကနေတွေးတော ကြံစည်တာ
ဖြစ်ပါတယ်။ နောက်နောင် သင့်ဘ၀မှာ ခက်ခဲတဲ့ ပြသာနာတွေ ရင်ဆိုင်ရရင်
ဘောင်တွေ စည်းတွေ မခတ်ဘဲ လွတ်လွတ်လပ်လပ် စဉ်းစား ကြည့်ပါ။
သင့်အတွက် အကောင်းဆုံးနဲ့ အသင့်လျော်အဖြေက လွယ်လွယ်လေးနဲ့
ရလာပါလိမ့်မယ်။



...................

The Bizarre Behaviors of Singaporeans

(စင်္ကာပူနိုင်ငံမှာ ၉ နှစ်ကြာ နေထိုင်သွားခဲ့တဲ့ ဂျာမန်နိုင်ငံသားတယောက်ရဲ့
လေ့လာတွေ့ရှိချက်တွေလို့ အဆိုရှိပါတယ်။ ဟုတ်မဟုတ် မသေချာပါ။
ဒါပေမယ့် စင်္ကာပူကအခြေအနေတွေကို တော်တော်လေး မှန်ကန်စွာ
ထင်ဟပ်ပြနိုင်ပြီး ပြုံးချင့်စဖွယ်လည်းဖြစ်လို့ ပါ။)

၄၄ နှစ်ကြာ စီးပွားရေးနဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာအရ အောင်မြင်မှုရခဲ့တဲ့နောက်ပိုင်း
စင်္ကာပူနိုင်ငံသားတွေမှာ ထူးဆန်းတဲ့ အပြုအမူ အလေ့အထတွေ ဖြစ်ပေါ်လာပါသတဲ့။

သူတို့ဟာ အိမ် (သို့မဟုတ်) တိုက်ခန်း တခန်းကို ငွေအမြောက်အမြား ပေးဝယ်ပြီး
ပရိဘောဂတွေနဲ့ နန်းတော်ကြီးတမျှ ပြင်ဆင်တတ်ကြပါသတဲ့။ ဒါပေမယ့် အဲဒီအိမ်မှာ
နေတဲ့အချိန်က နည်းပါးပြီး အပြင်မှာ၊ အထူးသဖြင့် အလုပ်ထဲမှာ အချိန်ဖြုန်းတာ
များပါတယ်။ သူတို့ရဲ့ သန်းချီတန်တဲ့ ပိုင်ဆိုင်မှုတွေကို အမှန်တကယ် စံစားနေကြ
သူတွေကတော့ သူတို့အိမ်က အိမ်ဖော်များသာ ဖြစ်ပါသတဲ့။

သူတို့ဟာ မော်တော်ကားတွေကို ဈေးကြီးပေးဝယ်ယူကြတယ်။ ကမ္ဘာပေါ်မှာ
မော်တော်ကားဈေး အမြင့်ဆုံးနိုင်ငံလို့တောင် ဆိုနိုင်ပါတယ်။ ဝယ်ပြီးတာနဲ့ ကားကို
အိမ်မှာပဲ ရပ်ထားတော့တယ်။ အပြင်မှာ ထုတ်မောင်းဖို့ အင်မတန်ဈေးကြီးပါတယ်။
ERP လို့ခေါ်တဲ့ လမ်းဂိတ်ကြေးကောက်တဲ့ ဂိတ်တွေဟာ အများအပြား ရှိနေပြီး
မော်တော်ယာဉ် ရပ်နားခကိုလည်း နေရာတိုင်းလိုလိုမှာ ပေးရပါတယ်။
ဒါကြောင့်မို့ သူတို့ကားကို အိမ်မှာ ရပ်ထားပြီး အဖိုးအခသက်သာစွာနဲ့ အဆင်ပြေတဲ့
အများသုံး သွားလာရေးစနစ် (ဘတ်စ်ကား၊ MRT စသည်) ကိုပဲ သုံးကြဖို့ တွန်းအား
အပေးခံရပါတယ်။

စင်္ကာပူနိုင်ငံသားတွေ ခရီးထွက်ကြတဲ့အခါ ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုမယ့်
အစား ရှော့ပင်း (ဈေးဝယ်) ထွက်ကြပါတယ်။ အံ့သြဖို့ကောင်းတာကတော့ စင်္ကာပူက
တရုတ်တန်းနဲ့ ညဈေးတွေမှာ ဈေးသက်သက်သာသာနဲ့ ပေါပေါလောလော
ဝယ်လို့ရတဲ့ပစ္စည်းတွေကို နိုင်ငံခြားမှာ အသည်းအသန် ဈေးဆစ်ပြီး ဝယ်ယူတတ်
ကြပါတယ်။ ပြီးတော့… အဲဒီလို ဈေးဆစ်ပြီး ဝယ်နိုင်ခဲ့တာကိုပဲ ပျော်နေတတ်ကြပါ
သေးတယ်။

စင်္ကာပူနိုင်ငံသားအများစုဟာ ရှင်သန်နိုင်ဖို့ အသည်းအသန် မနည်းရုန်းကန်
နေကြရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်လို့ ထုတ်ဖော်ပြောကြားမိရင်
“မကျေနပ်ရင် ထွက်သွားလိုက်” လို့လည်း အပြောခံရတတ်ပါသေးတယ်။
ချမ်းသာကြွယ်ဝပြီး စင်္ကာပူက ဘဝကို အင်မတန် သဘောကျနှစ်သက်နေပါတယ်ဆိုတဲ့ နိုင်ငံသားများကတော့ အရေးအကြောင်းဆိုရင် ဒီသုခဘုံကလေးကနေ အလျှင်အမြန်
ထွက်သွားနိုင်ဖို့ နိုင်ငံရပ်ခြားမှာ အိမ်တွေယာတွေ ဝယ်ယူထားကြပါတယ်။

စင်္ကာပူနိုင်ငံသားအများစုဟာ ဒီနိုင်ငံကနေ ရွှေ့ပြောင်းပြေးနိုင်ဖို့ စဉ်းစားနေကြတယ်။
ပြင်ဆင်နေကြတယ်။ အဲဒီအချိန်မှာ အခြားနိုင်ငံများမှ ရွှေ့ပြောင်းအခြေချလာသူ
လူသစ်များကတော့ သူတို့နေရာကို အစားထိုးဝင်ရောက်နေကြလေရဲ့။

အထူးဆန်းဆုံးကတော့ စင်္ကာပူနိုင်ငံသားတွေဟာ သူတို့ အစိုးရရဲ့ ပေါ်လစီတွေနဲ့
ပတ်သက်ပြီး အမြဲတစေ ငြီးတွားပြောဆိုနေတတ်ကြပေမယ့် ရွေးကောက်ပွဲလည်း
ရောက်ရော ဒီအစိုးရကိုပဲ မဲထည့်ပြီး အာဏာပြန်လည် အပ်နှင်းတတ်ကြပါတယ်။




......................

2012 ခုနှစ်မှာ ကမ္ဘာပျက်မှာလား




















မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာတလွှားက အင်တာနက် သုံးစွဲသူတွေဆီကို
Forward Mailအနေနဲ့ ပျံနှံ့ရောက်ရှိနေခဲ့တဲ့ မေးခွန်းကတော့
“၂၀၁၂ခုနှစ်မှာ ကမ္ဘာပျက်မှာလား”ဆိုတဲ့ မေးခွန်းပါ။ နီဘီရူယှဉ်တွဲမှုဖြစ်ရပ်
(Nibiru Collision)လို့ ခေါ်ကြတဲ့ အဲဒီကိစ္စဟာ တကယ်ဖြစ်လာမှာ မဟုတ်ပါဘူးလို့
NASA (အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ)က ပညာရှင်တစ်ဦးက
ပြောသွားခဲ့ပါတယ်။ နီဘီရူကိစ္စဟာ ကြီးမားလှတဲ့ ဂြိုဟ်အပိုင်းအစကြီးတစ်ခု
ကမ္ဘာမြေကို (၂၁)ရာစုအစောပိုင်းမှာ တိုက်ရိုက်ထိမှန်မယ်(ဒါမှမဟုတ်)ကမ္ဘာနားက ကပ်ပြီးဖြတ်သွားမယ်ဆိုတဲ့ အယူအဆကို အခြေခံပြီး လူပြောများလာတာပါ။

ဒီအကြောင်းကို (၁၉၉၅)ခုနှစ်က zetatalk၀က်ဘ်ဆိုက် တည်ထောင်သူ အမျိုးသမီး
နန်စီလေဒါက စပြီးတော့ ဖော်ထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။ နန်စီဟာသူ့ကိုယ်သူ စိတ်ဝိဥာဉ် ပေါင်းကူးနိုင်စွမ်းရှိတယ်လို့ ကြေညာထားပြီး Zeta Reticuli ကြယ်စင်ကြီးက
တခြားသက်ရှိတွေနဲ့ စိတ်ချင်းစကားပြောနိုင်တယ်လို့ ဖော်ထုတ်ပြောကြားခဲ့ပါတယ်။
သူဟာ ပထမဆုံး မေလ(၂၀၀၃)ခုနှစ်မှာ ကမ္ဘာရှိတဲ့ နေစကြာဝဠာတစ်ခုလုံး ပျက်သုဉ်း
တော့မယ်လို့ သူ့ကိုမိတ်ဆွေဂြိုဟ်သားတွေက အသိပေးတယ်လို့ ပြောခဲ့ပါတယ်။
နောက်ပြီးတော့ တကယ်တမ်း ကမ္ဘာပျက်မှာ (၂၀၁၀)ခုနှစ်ဝန်းကျင်လို့ ပြောင်းပြီးပြော
ပြန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၀င်ရိုးစွန်းနေရာ ရွေ့သွားတာကြောင့်မို့လို့ပါဆိုပြီး
နန်စီက ပြောခဲ့သလို အဲဒီနောက်မှာတော့ လူသားမျိုးပြုတ်မယ့် ဖြစ်ရပ်ဆိုးကြီး ကြုံတွေ့
မယ့်ကမ္ဘာပျက်သောနေ့ (Doomsday)ကို ကြုံရတော့မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ဒီအတွေးအခေါ်အရ ကမ္ဘာနဲ့ရွယ်တူလောက်ရှိတဲ့ ဂြိုဟ်ပဲ့ကြီးတစ်ခုဟာ (၂၀၁၂)ခုနှစ်
လောက်မှာ လူသားတွေနေတဲ့ ကမ္ဘာကို ဦးတည်ရောက်ရှိလာမှာပါတဲ့။ တိုက်ရိုက်
တိုက်မိခဲ့ရင် ကမ္ဘာတစ်ခုလုံး ပျက်စီးသွားမှာဖြစ်သလို ကပ်ပြီးဖြတ်သွားရင်တောင် အရှိန်ပြင်းလွန်းတာကြောင့် လူသားမျိုးနွယ် ပြုတ်ပြုတ်ပြုန်းလုနီးပါး ဖြစ်သွားမယ်လို့
ဆိုပါတယ်။

နန်စီရဲ့ လက်တွေ့မကျတဲ့ အယူအဆဟာ အစွန်းရောက် ဘာသာရေး အဖွဲ့တွေရဲ့
ဝါဒဖြန့်မှုနဲ့အတူ ကြီးထွားလာပြီး “(၂၀၁၂)မှာ ကမ္ဘာပျက်မှာလား”ဆိုတဲ့ မေးခွန်းကို
လူပြောများလာခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာပျက်မယ့်နေ့လို့ ခန့်မှန်းထားတဲ့ အဲဒီဖြစ်ရပ်
ကြီးကို Code Name အနေနဲ့ ပေးထားတဲ့ နီဘီရူဆိုတာ ရှေးဟောင်း ဘေဘီလုံ
လူမျိုးစုတွေရဲ့ နက္ခဗေဒ ပညာရပ်ထဲက ဆိုးရွားကြမ်းကြုတ်တဲ့ အချိန်ကာလတစ်ခုရဲ့
နာမည်ကို မှည့်ခေါ်ထားတာပါ။ နောက်ပြီးတော့ “ကောင်းကင်ဘုံရဲ့အလွန်”လို့လည်း
အဓိပ္ပါယ် သတ်မှတ်နိုင်ပါတယ်။

ကမ္ဘာပျက်မယ့်နေ့ဆိုတဲ့ အခြေအမြစ်မရှိ ခန့်မှန်းအတွေးအခေါ်တွေအရ Xဂြိုဟ်
(ဒါမှမဟုတ်) နီဘီရူလို့ နာမည်ပေးထားတဲ့ စကြာဝဠာ ဂြိုဟ်ပဲ့ကြီးတစ်လုံးဟာ
ကမ္ဘာကို (၂၀၁၂)ခုနှစ်မှာ တိုက်ရိုက်ဝင်တိုက်တော့မှာလို့ ယုံကြည်နိုင်ပါတယ်။






















NASAရဲ့ ပညာရှင် တစ်ဦးဖြစ်တဲ့ ဒေးဗစ်မော်ရစ်ဆန်ကတော့ ဒီကိစ္စကို ရယ်စရာ
အိပ်ယာဝင် ပုံပြင်ကောင်းတစ်ခုလို့ ယူဆထားတာပါ။ “နီဘီရူဆိုတာ ကျွန်တော်တို့ရဲ့ လက်တွေ့လေ့လာမှုထဲမှာ လုံးဝမရှိတဲ့အရာဆိုတာ ခင်ဗျားတို့ သိဖို့တော့ လိုမှာပါ”လို့
မော်ရစ်ဆန်က Washington Post သတင်းစာကြီးနဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။
(၂၀၁၂)ခုနှစ်မှာ ကမ္ဘာနဲ့ Xဂြိုဟ်ဝင်တိုက်လို့ ကမ္ဘာကြီး ပျက်တော့မယ်ဆိုတာဟာ လူ့သမိုင်းခေတ်သစ်တစ်ခုကို စတော့မယ်လို့ စိတ်ကူးယဉ်ဇာတ်ကားကောင်းကောင်း
ရိုက်ချင်နေတဲ့ ဟောလီးဝုဒ် ကုမ္ပဏီတွေအတွက် အခွင့်အရေးကောင်းတစ်ခုထက်
ဘာမှမပိုဘူးလို့ မော်ရစ်ဆန်က ဆိုပါတယ်။

ရှေးဟောင်းဆူမားရီးယန်း မျိုးနွယ်စုတွေရဲ့ မှတ်တမ်းထဲမှာ Zenchriaဆိုတဲ့
ခေတ်တစ်ခုတုန်းက နီဘီရူဆိုတဲ့ ကြယ်ကြီးကို မြင်လိုက်ရတဲ့အကြောင်း
မှတ်တမ်းကလွဲပြီး သမိုင်းတလျှောက် ဘယ်သူမှ နီဘီရူဆိုတဲ့
စကြာဝဠာထဲက ဂြိုဟ်ပဲ့ကြီးအကြောင်း ပြောခဲ့၊ ရေးခဲ့တာ မရှိပါဘူး။

တကယ်တော့ဒါဟာ လူ့သမိုင်းကို အခြေခံ ခုတုံးလုပ်ပြီး လုပ်ကြံထားတဲ့ ဇာတ်လမ်းသာ
ဖြစ်ပါတယ်လို့ မော်ရစ်ဆန်က ပြောပြခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ မာယာ
လူမျိုးစုတွေရဲ့ ကာလရှည်ကြာ ပြက္ခဒိန်ကလည်း (၂၀၁၂)ခုနှစ်ကျရောက်တဲ့အချိန်မှာ
ကမ္ဘာပျက်မယ်လို့ ဇာတ်လမ်းကောင်းကောင်းလေးတစ်ခု ဖန်တီးထားခဲ့တာကလည်း
ရှိနေတာမို့ပါ။


Mayan Temple


Mayan Calender














မာယာတွေ ယုံကြည်ထားတာအရ Batun 13 ဆိုတဲ့ အချိန်ယန္တယားစက်ဝိုင်း ကုန်ဆုံးသွားပြီးတဲ့အချိန်ဖြစ်တဲ့ (၂၀၁၂)ခုနှစ်လောက် ကာလမှာ Batun 14ဆိုတဲ့
အချိန်စက်ဝိုင်း နောက်တစ်ခု စပါလိမ့်မယ်။ အဲဒီအချိန်မှာ ကမ္ဘာတစ်ခါပျက်မယ်လို့
ဆိုထားတာကိုး။ ဒါပေမယ့် သိပ္ပံပညာရှင်တွေကတော့ (၂၀၁၂)ခုနှစ်မှာ ကမ္ဘာကြီးကို
ဘယ်အာကာသ တိုက်ခိုက်မှုမှ ရောက်လာမှာ မဟုတ်ဘူးလို့ အာမခံထားပါတယ်။
ကမ္ဘာပျက်မယ့်နေ့ကို အတိအကျ မသိနိုင်ပေမယ့် (၂၀၁၂)ခုနှစ်ထိတော့ ကမ္ဘာဟာ
အကောင်းအတိုင်း ရှိနေမှာပါ။

အရင်ကလည်း ခုလိုမျိုး ကမ္ဘာပျက်မယ်ဆိုတဲ့ စိတ်ကူးယဉ် ကောလဟာလတွေ ရှိခဲ့တဲ့
ဥပမာတွေ အများကြီးပါ။ ထင်ထင်ရှားရှား တစ်ခုအနေနဲ့ အက်ပေါ့ဟစ် (Apophis)ဆိုတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားကြီး တစ်ခုဟာ ကမ္ဘာနားက (၂၀၂၉)၊ (၂၀၃၆)နဲ့ (၂၀၆၈) ခုနှစ်တွေမှာ
(၃)ခါဖြတ်သွားပြီး အဲဒီအချိန်ကျရင် လူတွေသောက်သောက်လဲ သေကြမယ်လို့ သတင်းကြီးခဲ့ပါသေးတယ်။

ဒါပေမယ့် တိုင်းတာမှုတွေအရ အဲဒီဂြိုဟ်သိမ်ကြီး ကမ္ဘာနားကဖြတ်သွားချိန်မှာ
အနည်းဆုံး မိုင်(၁၈၀၀၀)လောက် ဝေးနေမှာဖြစ်ပြီး ဒါဟာ လုံးဝလုံခြုံစိတ်ချရတဲ့
အကွာအဝေးပါလို့ ပညာရှင်တွေက အတိအလင် ခိုင်ခိုင်မာမာ ပြောကြားထားပါတယ်။
ဘာပဲဖြစ်ဖြစ် (၂၀၂၉)ခုနှစ်နား နီးလာရင် “အက်ပေါ့ဟစ်ကြီး ကမ္ဘာကို
ဝင်တိုက်ရင် ဘယ်လိုလုပ်မလဲ”ဆိုတာ တွေ့ရကြုံရ၊ ဗျာများရအုံးမယ့် မေးခွန်းပါ။
“အဲဒီအခါကျတော့လည်း ကျွန်တော်တို့က ပြည်နယ်တစ်ခုစာလောက်တော့
ပြာကျသွားမှာပေါ့လို့ ဖြေလိုက်ကြတာပေါ့”လို့ မော်ရစ်ဆန်က ရယ်ရယ်မောမော
ပြောသွားခဲ့ပါတယ်။




....................

Tuesday, October 27, 2009

Funny Collection - 3


(နှစ်ဦးသဘောတူ)

မောင်ရိုးဆိုသူ လူငယ်တစ်ဦးအားမိဘများက အိမ်ထောင်ပြုရန်ပြောသည်။
မိဘများသဘောတူနေသောမိန်းခလေး အရုပ်ဆိုးသောလည်း အလွန်ချမ်းသာသည်။
မောင်ရိုးကြိုက်နေသောမိန်းခလေးမှာ ဆင်းရဲသော်လည်းချောလှ၏။
ကဲ...မောင်ရိုး မင်းကြိုက်နေသောမိန်းခလေးးကိုယူမလား။
ငါတို့ပေးစားမဲ့မိန်းခလေးကိုယူမလား။
မောင်ရိုး သေချာစဉ်းစားပြီးမှ မိဘများကိုပြောလိုက်သည်....
အမေတို့သဘောတူတဲ့မိန်းခလေးအိမ်မှာထမင်းစားသောက်ပြီး
........သားကြိုက်တဲ့မိန်းခလေးအိမ်မှာအိပ်မယ်ဗျာ နော်....

(ညီမျှသလိုပဲ)

အသက်၄၀ခန့်ရှိသောလူပျိုသိုးကြီးသည် မိဘများအား
အိမ်ထောင်ပြုချင်ကြောင်း ဖွင့်ဟပြောသည်။
ထိုအခါမိဘဖြစ်သူတို့က ရိုးအသော သားအကြာင်းသိသဖြင့် ဒါဆိုမေမေတို့က
မင်းနဲ့ရှေ့သွားနောက်လိုက်ညီမဲ့ အသက်၃၀ကျော်မိန်းခလးတစ်ယောက်ရှာပေးမယ်နော်။
ထိုအခါလူပျိုသိုးကြီးက မျက်နှာငယ်လေးဖြင့်.......
မေမေတို့စကားလည်းနားထောင်ပြီးသားဖြစ်အောင် သားလိုချင်တာလည်းဖြစ်အောင်
အသက် ၁၆ နှစ်အရွယ် နှစ်ယောက်ယူလို့မရဘူးလားမေမေ...

(ခိုင်းနည်းသစ်)

ယောင်္ကျားဖြစ်သူသည် ဘာခိုင်းခိုင်းအလွန် အပျင်းထူသည်။
မိန်းမဖြစ်သူသည်အားလပ်ချိန်တွင်ယောကျာင်္းကိုခြံထဲဆင်းပြီး သစ်ပင်စိုက်စေချင်သည်။
သို့သော် တော်တော်နဲ့ခိုင်းလို့ရမည်မဟုတ်။ တစ်နေ့တွင် အကြံရကာမိန်းမဖြစ်သူက....
`ရှင်ခြံထဲဆင်းပြီးဘာမှမလုပ်တော့ဘူးလား၊သြော်အင်းလေ မလုပ်နိုင်ရင်လဲနေပါစေ။
အသက်လည်းရလာပြီဆိုတော့ အဘိုးကြီးလည်းဖြစ်တော့မှာဘဲလေ´
မကြာမီ သူ၏ယောင်္ကျားထပြီးခြံထဲဆင်း အလုပ်လုပ်လေသည်။


(လက်တည့်လာလို့ပါ)

လင်မယားနှစ်ဦးကွာရှင်းပြတ်ဆဲမည်ဟု ရုံးတော်သို့ရောက်လာသည်။
ယောင်္ကျားဖြစ်သူက...ဒီမိန်းမအားကွာရှင်းချင်ပါတယ်...
တရားသူကြီးက.....သီးမခံနိုင်အောင်ဘာကြောင့်များလဲ
ယောင်္ကျားဖြစ်သူက...ဒီမိန်းမနဲ့လက်ထပ်ပြီးတဲ့နှစ်၂၀လုံးလုံးမှာ
သူစိတ်တိုင်းမကျရင်တွေတဲ့အရာနဲ့ကောက်ကောက်ပေါက်ပါတယ်။

ဒါကြောင့်သီးမခံနိုင်တာပ­ါ။
တရားသူကြီးက....နှစ်၂၀လုံးသီးခံပြီးမှဘာလို့ရုံးတော်ကိုလာတိုင်ရတာလဲ။
ယောင်္ကျားဖြစ်သူက...ဒီမိန်းမရဲ့လက်ကအခုမှပိုပြီးလက်တည့်လာလို့ပါ...

(ကြိုက်နေလို့ပါ)

ဒီအမျိုးသမီးကို ခင်များ ဘာလို့အဓမ္မ ကျင့်ရတာလဲ" တရားခံကို
တရားသူကြီးကမေးသည်..။
"သူ့ကို ကျနော်ကြိုက်လို့ပါ"ဟုတရားခံက မျက်လုံးနှစ်ဖက် ကို
လက်နှင့်ပိတ်ရင်းပြန်ဖြေသည်..။
"ဒီယောက်ျားကိုရော ဘာဖြစ်လို့အဓမ္မ ကျင့်ရပြန်တာလဲ "

ဟုတရားသူကြီးကထပ်မေးသည်..။
"သူ့ကိုကျနော်ကြိုက်လို့ပါ "ဟုတရားခံကမျက်လုံးနှစ်လုံးကို
လက်ဝါးဖြင့်ပိတ်ရင်းပြန်ဖြေသည်။
'ဒါနဲ့နေပါအုံး ခင်များဘာဖြစ်လို့ မျက်လုံးကိုလက်နှစ်ဖက်နဲ့
ပိတ်ပြီးဖြေနေရတာတုန်း "
"တရားသူကြီးမင်းကိုလည်း ကျနော်ကြိုက်နေလို့ပါ..။"


(မထူးပါဘူး)

လမ်းတွင် ဖိနပ်အနီတစ်ဖက်၊အနက်တစ်ဖက်မှား စီးလာသော 

ကလေးတစ်ဦးကိုတွေသဖြင့်    လူကြီးတစ်ဦးက...
`ဟေ့ချာတိတ် မင်းဖိနပ်အနီတစ်ဖက် ၊အနက်တစ်ဖက် ဖြစ်နေတယ်၊ 

အိမ်ပြန်လဲလိုက်အုံး´
ဟာ...အိမ်ပြန်လည်း မထူးပါဘူး ဦးဦးရာ...
`ဘာဖြစ်လို့လဲကွ`
`အိမ်မှာလည်း ဖိနပ်အနီတစ်ဖက်၊အနက်တစ်ဖက်ပါဘဲဗျာ.....




....................................

Windows 7နှင့်Mac Snow Leopard



ကမ္ဘာ့ကွန်ပျူတာတွေရဲ့ Operation Systemလောကမှာ အထင်ကရ
အဖြစ်ဆုံး(၂)ခုဟာ ထိပ်တိုက်တွေ့ဖို့ အလားအလာ များနေပါပြီ။
Microsoftရဲ့ Windows 7ဟာ အောက်တိုဘာ (၂၂)ရက်နေ့မှာ တရားဝင်
ရောင်းချတော့မှာဖြစ်ပြီး အဲဒီမတိုင်ခင် လပိုင်းအလိုမှာ
Appleရဲ့ Mac Operation Systemဖြစ်တဲ့ Snow Leopard
နောက်ဆုံးVersionလည်း ဩဂုတ်လ (၂၈)ရက်နေ့မှာ ထွက်လာခဲ့ပြီးဖြစ်ပါတယ်။
ခုလိုမျိုး Operation Systemကြီးနှစ်ခု နှစ်လလောက်ပဲခြားပြီး ဈေးကွက်ထဲ
တပြိုင်တည်းရောက်လာတာ တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ပါဘူး။
အပြန်အလှန် အားသာချက်တွေ ရှိခဲ့တဲ့ Microsoftနဲ့ Appleတို့ရဲ့ အားစမ်းမှုဟာ
Operation Systemနှစ်ခုရဲ့ အရည်အသွေးနဲ့ အနိုင်အရှုံး ဆုံးဖြတ်ရမလား
စဉ်းစားချင်စရာပါ။ Snow Leopardရဲ့ နောက်ဆုံးVersion 10.6ဟာ
လောလောဆယ်မှာတော့ အစမ်းအဆင့်နဲ့တင် နာမည်ကောင်းရနေပေမယ့်
Microsoftရဲ့ Windows 7ကတော့ Vistaတုန်းက ခြောက်လှန့်ခဲ့တဲ့ နာမည်ပျက်
လောင်းရိပ်ကြောင့် သုံးစွဲသူတွေ သံသယနဲ့ စူးစမ်းတာ ခံနေရတုန်းပါ။နောက်ပြီးတော့
Appleရဲ့ Operation Systemသစ်ဟာ Spywareကာကွယ်ရေးအတွက်
လျှို့ဝှက်Serviceတစ်ခု ထည့်ပေးထားတယ်ဆိုတာကလည်း အထင်ကြီးစရာ
ဖြစ်နေပါတယ်။


Snow Leopardအတွက် လိုအပ်ချက်များ


- Intel Processorတပ်ဆင်ထားတဲ့ Macကွန်ပျူတာ (Solo Coreရော Duo Coreပါ
32-bitအတွက်ပဲ သုံးနိုင်ဖို့ ကန့်သတ်ထားပါတယ်။ x86-64နောက်ပိုင်း
ကွန်ပျူတာတွေကတော့ 64-bitပါ သုံးနိုင်ပါတယ်)

- Memoryက 1GB RAM
- Hard Disk Spaceက 5GB
- DVD Drive


Windows 7အတွက် လိုအပ်ချက်များ


- Processor Speed 1GHzနဲ့အထက်
- Memoryက 32-bitအတွက် 1GB RAMနဲ့ 64-bitအတွက် 2GB RAM
- DirectX 9ကို ထောက်ပံ့နိုင်မယ့် 128MBအထက် Graphic အရည်အသွေး
- Hard Disk Spaceက 20GB
- DVD Drive

မရှေးမနှောင်း ဈေးကွက်ထဲ ရောက်လာကြမယ့် Operation Systemနှစ်ခုကြား
သိသာတဲ့ ခြားနားချက်တွေကတော့ အောက်မှာပါတဲ့အတိုင်းပါပဲ။


Interface


ပုံသဏ္ဍန်ပိုင်းအရတော့ ထူးထူးခြားခြား ပြောင်းလဲမှုမျိုး (၂)ခုစလုံးမှာ မရှိနိုင်ပါဘူး။
Snow Leopardဟာ ဆွဲဆောင်မှုရှိခဲ့တဲ့ Mac Operation Systemတွေကို ပြန်ပြီး
အခြေပြု တည်ဆောက်ထားတာပါ။ Microsoftကလည်း Vistaဆီက ပုံစံကို
နည်းနည်းပဲ ပြန်ယူထားတယ်ဆိုပေမယ့် သိသိသာသာ ကွာသွားတာမျိုး မရှိနိုင်ပါဘူး။
Snow Leopardရဲ့ ပရိသတ်တွေအတွက် အဓိက interface မွမ်းမံမှုမျိုး
မမြင်ရပေမယ့် အရေးပါတဲ့ UI involving Exposeနဲ့ Dockအပိုင်းတွေမှာ
သေသေချာချာ တိုးမြှင့်ထားပါတယ်။



Microsoftကတော့ OSXရဲ့ လှပပြီး ဆွဲဆောင်မှုကောင်းတဲ့ ပုံစံကိုအတုယူပြီး
Transparentဖြစ်တဲ့ Aeroဒီဇိုင်းနဲ့ မွမ်းမံမှုတွေ ပြုလုပ်ထားမယ်လို့ ဆိုပါတယ်။
နောက်ပြီးတော့ DirectX 11ဟာ 3D Graphicတွေအတွက် ပိုပြီးလှပသပ်ရပ်
လာမယ်လို့ ဆိုပါတယ်။ Microsoftရဲ့ DirectX 11ဟာ Macရဲ့ Open CLနည်းပညာနဲ့
ဆင်တူပါတယ်။ Open CLဟာ Graphicနဲ့ဆိုင်တဲ့ စွမ်းဆောင်ရည်တွေကို CPUက
တာဝန်ယူပေးရတဲ့ ပမာဏကို လျှော့ချပေးထားတဲ့အတွက် CPUရဲ့သက်တမ်းကို
ပိုကြာစေပါတယ်။ DirectX 11နဲ့ Open CLတို့ဟာ နည်းပညာ ပြိုင်ဆိုင်မှုကြောင့်
Hardwareပိုင်း ထိခိုက်တာတွေ သက်သာစေတဲ့ အသီးအပွင့်ကို ရရှိစေခဲ့ပါတယ်။



Search

ရှာဖွေမှုအပိုင်းမှာတော့ Windows 7က Vistaမှာ သုံးထားတဲ့
Windows Search featureကိုပဲ ပြန်သုံးထားပါတယ်။ Start Buttonကို
နှိပ်လိုက်တာနဲ့ Search Barတစ်ခု ပွင့်လာမှာဖြစ်ပြီး Browserတွေမှာ
ရှာဖွေတဲ့ပုံစံမျိုးနဲ့ ဆင်တူတဲ့ စာလုံးတွေရိုက်ပြီး ရှာနိုင်မှာပါ။
ဥပမာ - စာလုံးတစ်လုံး၊ ဒါမှမဟုတ် စာလုံးအပိုင်းအစလောက်
ရိုက်ထည့်လိုက်တာနဲ့ သူနဲ့စပ်ဆက်သမျှကို Windows Search featureက
စာရင်းထုတ်ပြီး ပြပေးမှာဖြစ်ပါတယ်။ နောက်ပြီးတော့ Windows 7ရဲ့
Searchingပိုင်းမှာ Librariesဆိုတဲ့ featureတစ်ခု ပါလာပါတယ်။
အဲဒီfeatureဟာ ဓာတ်ပုံတွေ၊ Documentတွေကို စုဆောင်းပေးတဲ့အတွက်
Searchingကဏ္ဍမှာ ပိုပြီးလွယ်ကူ လျင်မြန်စေမှာပါ။



Snow Leopardမှာတော့ Desktop Searchကို ပိုကောင်းအောင် လုပ်ပေးထားပါတယ်။
Appleဟာ Searchingပိုင်းမှာ ခုထက်ပိုပြီး လွှမ်းမိုးနိုင်သင့်တယ်လို့ ဝေဖန်ခံရပေမယ့်
ကြီးကြီးမားမား ပြင်ဆင်တာမျိုး လုပ်မထားပါဘူး။ Snow Leopardမှာ Spotlightဆိုတဲ့
Searchingနဲ့ ပတ်သတ်တဲ့ Default Behaviorတွေကို ပြောင်းလဲနိုင်တဲ့ featureတစ်ခု
ပါလာပါတယ်။ ဒါကြောင့် လက်တလော ရှာဖွေမှုတွေလုပ်နေတဲ့ Folderတွေအပြင်
အရင်က Searchingလုပ်ထားတဲ့ Locationတွေကိုပါ သိနိုင်မှာပါ။ Searching
ကဏ္ဍမှာတော့ Microsoftရဲ့ Windows 7က သာနေတုန်းပါပဲ။





Architecture

Operation System နှစ်ခုလုံး 64-bitအတွက်ပါ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ 

ဒါပေမယ့် ဒီ့အတွက် ကွန်ပျူတာရဲ့ Memoryစွမ်းဆောင်ရည် ပမာဏကို တိုးပေးဖို့တော့
လိုပါလိမ့်မယ်။ ဒါမှသာ 32-bitမှာ အဆင်ပြေပြေ Runထားတဲ့ featureတွေဟာ
64-bitမှာပါ ချောချောမောမော အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Windows 7ဟာ
Home Basicနဲ့ Ultimate Versionတွေကို 32-bitရော၊ 64-bitပါ ပြောင်းလဲသုံးစွဲနိုင်ဖို့ 

စီစဉ်ပေးထားပါတယ်။ Windows 7 Ultimateဆိုရင် 64-bitမှာ Memoryပမာဏ
192GBအထိကို သိရှိနိုင်မယ်လို့ ဆိုပါတယ်။


Appleရဲ့ Operation Systemကတော့ ပိုပြီးတောင် ကောင်းသေးတယ်လို့ ပြောရမှာပါ။
ထောက်ပံ့သိရှိနိုင်တဲ့ RAMပမာဏဟာ 16TBထိတောင် ရှိနေပါတယ်။
ဒါကြောင့် Operation System နှစ်ခုလုံးမှာ RAMတိုးမြှင့်ချင်ပေမယ့် Platformက
လိုက်မမီတဲ့ ပြဿနာမျိုး ကြုံစရာ မရှိနိုင်သလောက်ပါပဲ။ Snow Leopardဟာ
Appleထုတ်ကုန် Applicationတွေဖြစ်တဲ့ iChat၊ iCal၊ Finderနဲ့ Safariတို့ကို
ထည့်ပေးထားပြီး 64-bitမှာပါတဲ့ featureတွေဟာ 32-bitထက် လုံခြုံမှု
မြင့်မားတယ်လို့ ကြေညာထားပါတယ်။


Desktop Navigation

Windows 7ဟာ Pinလို့ခေါ်တဲ့ featureတစ်မျိုး ပါလာပြီး Installလုပ်ထားတဲ့
ဘယ်Applicationကိုမဆို Taskbarပေါ်မှာ ဆွဲတင်ထားလို့ ရပါပြီ။ Snapsလို့ခေါ်တဲ့
featureကတော့ Windowsတွေကို ဘေးတိုက်ဆွဲယူပြီး Screenအစွန်းတွေထိ
စိတ်ကြိုက်ချိန်ညှိလို့ ရပါတယ်။ တကယ်လို့ Windowsတော်တော်များများကို
တပြိုင်တည်း ဖွင့်ထားမယ်ဆိုရင် ကိုယ်လက်ရှိ အသုံးပြုချင်တဲ့ Windowsကို
ရွေးပြီးတော့ တစ်ချက်လောက် Shakeလုပ်လိုက်ရုံနဲ့ ကျန်တဲ့Windowsတွေ
အကုန်လုံး Minimizeလုပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။


Appleမှာတော့ ကိုယ်ကြိုက်တဲ့ Applicationရဲ့ iconကို Dockပေါ် တင်ထား

လို့ရပါတယ်။ နောက်ပြီးတော့ ဖွင့်ထားတဲ့ Windowsတွေကို Thumbnailပုံစံမျိုး 
ပြောင်းပြီးတော့ စိတ်ကြိုက်ရွေးနိုင်ပါတယ်။ 
Applicationတွေကို အစီအစဉ်တကျ စီပေးထားတဲ့အတွက်
ကိုယ်သုံးချင်တဲ့ Applicationကို ရွေးတဲ့အခါ ပိုပြီးတော့ မြန်ဆန်မှာဖြစ်ပါတယ်။



Security


လုံခြုံရေးအတွက်ကတော့ Appleရော၊ Microsoftပါ စိန်ခေါ်မှုတွေ ကြီးကြီးမားမား
ကြုံနေရတာပါ။ Windowsတွေကတော့ ပိုဆိုးပါတယ်။ Vistaတုန်းကဆိုရင်
Microsoftအတွက် တော်တော်လေး သိက္ခာကျစရာတွေ ကြုံခဲ့ရတာပါ။
ဒါကြောင့်လည်း Windows 7မှာတော့ Data Execution Preventionလို
featureမျိုး ထည့်ပေးထားပါတယ်။ လုံခြုံရေးပိုင်း တိုးမြှင့်ထားသလို
Compliancy requirementတွေကိုလည်း ထည့်ပေးထားပါတယ်။
Bitlockerကိုလည်း ပိုပြီးအဆင့်မြှင့်ပေးထားတယ်လို့ Microsoftက ဆိုပါတယ်။

Appleကတော့ လုံခြုံရေးပိုင်းမှာ Microsoftထက် နာမည်ကောင်းရှိပါတယ်။
နောက်ပြီးတော့ Operation Systemပိုင်းမှာ တည်ငြိမ်မှုလည်း အရမ်းကောင်းပါတယ်။
Snow Leopardမှာဆိုရင် Built-in ထည့်ပေးထားတဲ့ malwareကာကွယ်မှု စနစ်တစ်ခု
ပါလာတော့မယ်လို့ Appleက ကြေညာပြီးသားပါ။ နောက်ပြီးတော့ OS Xမှာပါခဲ့တဲ့
လုံခြုံရေးစနစ်တွေထဲက ကောင်းတာတွေရွေးပြီး ပြန်ထည့်ထားပါတယ်။
Library Randomization စနစ်ဆိုရင် memoryတိုက်ခိုက်ခံရတာတွေကို
ကာကွယ်ပေးနိုင်မှာပါ။ နောက်ပြီးတော့ Safari Browser၊ E-mailနဲ့ iChatတို့မှာ
သီးသန့် malwareကာကွယ်ရေး စနစ်တွေ ထည့်ထားပေးပါသေးတယ်။ ဒါကြောင့်
အင်တာနက်အသုံးပြုမှု လုံခြုံရေးမှာ ပိုပြီးစိတ်ချလာရမယ့် အနေအထား ရှိပါတယ်။


Networking Business Use


Windowsဟာ အမြဲတမ်းလိုလို Business PCတွေရဲ့ ရွေးချယ်ရာ 

Operation System ဖြစ်ခဲ့တာပါ။ Windows 7မှာလည်း Business Classအတွက် 
စိတ်အနှောင့်အယှက် ဖြစ်စရာ မရှိပါဘူး။ Offline domain-joining၊ Branch Cacheနဲ့ 
Direct Accessတို့လို featureတွေ Windows 7မှာ ပါလာဦးမှာပါ။ ဒါတွေက 
Windows 7ကို Businessကဏ္ဍအတွက် အားကောင်းလှတဲ့ Operation System
အဖြစ် ဆက်ရှိနေစေမှာ မလွဲပါဘူး။ Home Groupတွေဖွဲ့ပြီး SOHO userတွေ
အနေနဲ့ချိတ်ဆက်မှုတွေ လုပ်နိုင်မှာပါ။ အရင်တုန်းက Windowsတွေမှာ
ဖြစ်ခဲ့တဲ့ Home networkingအဆင့် တိုးမြှင့်မှု လိုအပ်တာတွေနဲ့
Workgroup featureတွေ နည်းနေတာတွေကို Windows 7မှာ

ပြင်ဆင်ထားပါတယ်။


Snow Leopardနဲ့ ပတ်သတ်ပြီး Businessကဏ္ဍအတွက် ဆောင်ရွက်ထားတဲ့
သတင်းထူးကတော့ ငွေကြေးလဲလှယ်မှု လုပ်ငန်းတွေအတွက် Native Support
ပေးသွားမယ် ဆိုတာပါပဲ။ ဒါပေမယ့် Exchange 2007 Serverနဲ့ ချိတ်ဆက်ဖို့တော့
လိုပါလိမ့်မယ်။ Appleက Snow Leopardကို ရုံးသုံးကဏ္ဍအတွက်ပါ ရည်ရွယ်ခဲ့ကြောင်း
ပြောထားပြီး File Sharingလုပ်တာတွေ၊ Networkအတွင်းက တခြားကွန်ပျူတာတွေမှာ
ရှာဖွေတာတွေကို လုပ်ခွင့်ပေးထားတယ်လို့ ဆိုပါတယ်။


Upgrading Price


Mac OSXကို ၀ယ်ထားပြီးပြီဆိုရင် Snow Leopardအတွက် (၂၉)ဒေါ်လာ 

ထပ်ပေးရမှာပါ။ ဒါပေမယ့် (၂၀၀၉)ခုနှစ်၊ ဇွန်လ(၈)ရက်နေ့နောက်ပိုင်းက 
Mac OSကို ၀ယ်ထားသူတွေအတွက် Snow Leopardအဆင့်ကို မြှင့်ချင်ရင် 
(၉.၉၅)ဒေါ်လာပဲ ကျသင့်ပါလိမ့်မယ်။ 
ဒါပေမယ့် အရင်Operation Systemဟောင်း Tigerကို အသုံးပြုထားသူတွေအတွက်
ကတော့ Snow Leopardအဆင့် မြှင့်ချင်ရင် (၁၆၉.၉၉)ဒေါ်လာ ပေးရမှာလို့
ဆိုပါတယ်။ ဒါတောင်မှ Tigerသုံးထားတဲ့ ကွန်ပျူတာဟာ Intelအခြေခံ
Macကွန်ပျူတာ ဖြစ်ရမှာပါ။


Microsoftကတော့ XP၊ Vistaတို့ကနေ တိုက်ရိုက်အဆင့်မြှင့်နိုင်အောင်
Windows 7ကို စီစဉ်ပေးထားပါတယ်။ Vistaကနေ Windows 7ဖြစ်လာဖို့
Home Premiumအတွက် (၁၁၉)ဒေါ်လာနဲ့ Ultimateအတွက်
(၂၁၉.၉၉)ဒေါ်လာ ကျသင့်မှာပါ။ ဒါမှမဟုတ်ဘဲ ကွန်ပျူတာအသစ်အတွက်
သီးသန့်ဝယ်မယ်ဆိုရင်တော့ Home Premiumအတွက် (၁၉၉.၉၉)ဒေါ်လာနဲ့
Ultimateအတွက် (၃၁၉.၉၉)ဒေါ်လာ ပေးရမယ်လို့ Microsoftက ကြေညာထားပါတယ်။









Source: CNN
.......................................................

Friday, October 9, 2009

Funny Collection - 2

မှီနိင်သေးတယ်

အမျိုးသမီး၏နောက်သို့လူငယ်တစ်ယောက် ပြေးလိုက်လာပြီးပြောသည်။
``ဒိမှာခင်ဗျာ၊ ဒိမှာခင်ဗျာ´´
အမျိုးသမီး ပြန်လှည့်ကြည့်ပြီး မေးသည်။
``ကျွန်မကိုခေါ်တာလား ဘာကိစ္စလဲ´´
``ဘတ်စ်ကားပေါ်မှာ ထီးမေ့ကျန်ခဲ့တာ ခင်ဗျားလား´´
အမျိုးသမီးလှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
``ဟုတ်ပါရဲ့ ကျွန်မ ထီးမေ့ကျန်ခဲ့တယ်´´
``အဲဒါဆိုမြန်မြန်ပြေးလိုက်၊ကားကအခုမှ စထွက်ကာစပဲရှိသေးတယ်။´´


သူဌေးနှင့်နွား

လူတစ်ယောက်ကသူဌေးကြီးတစ်ဦးထံတွင် နွားတစ်ကောင်ငှားချင်သည်။
သို့ကြောင့်လည်းနွားငှားရန် သူဌေးကြီးထံစာရေးကာ တပည့်တစ်ယောက်ကို
စေလွှတ်လိုက်သည်။ ထိုအချိန်က သူဌေးကြီးအိမ်တွင် သူဌေးကြီးသည်
ဧည့်သည်တစ်ယောက်နဲ့တွေ့နေချိန်ဖြစ်သည်။ သူဌေးကြီးကစာကိုယူလိုက်သည်။
စာမတတ်သည်ကိုရှက်သဖြင့် စာတတ်သယောင်ယောင်ဟန်ဆောင်လိုက်သည်။
သူဌေးကြီးသည် စာရွက်ကိုကြည့်ရင်း ခေါင်းကို တဆတ်ဆတ်ညိတ်နေသည်။
``ငါသိပါတယ်ကွာ´´ သူဌေးကြီးကစာလာပေးသူကိုပြောလိုက်သည်။
``အေး..ခဏကြာရင် ငါကိုယ်တိုင်လာခဲ့မယ်လို့ မင်းဆရာကို
ပြောလိုက်ပါကွာ။ဟုတ်လား´´


မရှိရင်ပိုကောင်းသေး

မိန်းမဖြစ်သူသည်ယောင်္ကျား၏ ပုဆိုးအပြဲကိုချုပ်ပေးနေရင်းလှမ်းပြောသည်။
မိန်းမ ။     ။ရှင်တို့ယောင်္ကျားတွလေ ကျမတို့မိန်းမတွေမရှိရင်
တော်တော်စိတ်ညစ်ရမယ်၊ မိန်းမတွေရှိနေလို့သာရှင်တို့ပုဆိုးတွေ၊ဘောင်းဘီ၊
အင်္ကျီတွေချူပ်ပေးမဲ့သူရှိတာ´
ယောင်္ကျား ။     ။အိုမရှိမဖြစ်ဟုတ်ပါဘူးကွာ၊ငါတို့ အဲဒီဘောင်းဘီ၊ပုဆိုးတွေ
ဝတ်ရတာလည်း မင်းတို့မိန်းမတွေရှိနေလို့ကွ၊မိန်းမတွေမရှိရင် ငါတို့ဘာမှဝတ်စရာ
မလိုဘူးကွ´


အဲ့ဒါလဲကောင်းပါတယ်

မိန်းခလေးနှစ်ယောက် စားသောက်ဆိုင်တွင်စကားပြောနေကြသည်။
ပထမမိန်းခလေး......ငါ့မှာရည်းစားနှစ်ယောက်ရှိတယ်။တစ်ယောက်ကချမ်းသာတယ်၊
တစ်ယောက်ကရု­ပ်ချောတယ်။ဒါဆိုဘယ်သူ့ကိုရွေးရမလဲဟင်။
ဒုတိယမိန်းခလေး......လွယ်ပါတယ်။ရုပ်ချောတဲ့သူနဲ့ ဆက်တွဲနေပေါ့။
လက်ထပ်တဲ့ခါမှ ချမ်းသာတဲ့သူနဲ့လက်ထပ်လိုက်။


သတင်း၃ခု

ခွဲစိတ်ကုသခံထားသော လူနာထံ ဆရာဝန် လာကြည့်သည်။
"ခင်ဗျားကို သတင်းသုံးခုပြောစရာရှိတယ်၊ တစ်ခုက မကောင်းတဲ့ သတင်း၊
နောက်တစ်ခုက ကောင်းတဲ့ သတင်း၊ အဲ နောက်ဆုံးတစ်ခုကတော့  အကောင်းဆုံးပဲ၊
 မကောင်းတဲ့ သတင်းက
စပြောမယ်၊ မဖြတ်ရမဲ့ ခင်များခြေထောက်ကို ကျွန်တော်တို့ မှားဖြတ်မိတယ်၊
ကောင်းတဲ့ သတင်းကတော့ ဖြတ်ရမယ့် ခြေထောက်ကို ကျွန်တော်တို့ 
ထပ်ဖြတ်ပေးမယ်….

အဲ…..အကောင်းဆုံး သတင်းကတော့  ဘေးခန်းက လူနာက ခင်းဗျားရဲ့  ရှူးဖိနပ်ကို
သူဝယ်မယ်တဲ့ "

...............

Wednesday, October 7, 2009

ညှို့ နိုင်လွန်းတဲ့ ကျွန်မချစ်သူ

တနေ့က ကျွန်တော် မြေနီကုန်း Dagon Center က StarMart မှာဈေးဝယ်နေတုန်း
StarMart ရဲ့အောက်ထပ်က Electronic(TV,SoundBox. etc..)ပစ္စည်းတွေ
ရောင်းတဲ့နေရာရောက်တော့ အဲ့ဒီ့ Section ကိုကိုင်ရတဲ့ Stuffအမကြီးတစ်ယောက်က
"ညှို့ နိုင်လွန်းတဲ့ ကျွန်မချစ်သူ" သီချင်းကို ဖွင့်လိုက်ပုံရပါတယ်..
အခန်းကလဲကျယ်တော့ SoundBox ကထွက်လာတဲ့အသံကတော်တော်မိုက်ပါတယ်....
ဒီလိုကျတော့လဲ Classical သီချင်းလေးတွေက နားထောင်လို့ကောင်းသားဟ
လို့တောင်တွေးမိပါသေးတယ်။
သီချင်းကကောင်းပေမဲ့ Album Name လဲမသိ Artist Name လဲ
မသိတော့ ပထမ မေးကြည့်မယ်ကွာဆိုပြီး တွေးလိုက်မိပါသေးတယ်..

နောက်တော့ ဒါက Music Corner လို CD တွေသီးသန့်ရောင်းတဲ့ Section မှ
မဟုတ်တာ. TV တွေSoundBox တွေ ရောင်းရအောင် သီချင်းတွေဖွင့်ထားတာ
ပဲလေ၊ သွားမေးပြီးမှ သူတို့ကသိရင်တော်သေးတယ်... မသိရင်စကားကြီး
အဖတ်တင်ပါတယ်လေ ဆိုပြီး စဉ်းစားမိတာနဲ့မမေးဖြစ်တော့ဘူး.....
စိတ်တော့ တော်တော်ထိန်းလိုက်ရတယ်..
အဲ့ဒီလိုနဲ့ ဈေးပတ်ဝယ်နေလိုက်တယ်.......

ပြသနာကအဲ့ဒီ့မှာစတာပဲ... အဲ့ဒီ့သီချင်းတစ်ပုဒ်ထည်းကို Repeat ပေးထားတာပါ...
တစ်ခေါက်ကနေ နှစ်ခေါက်.....နှစ်ခေါက်ကနေ သုံးခေါက် ဆိုတော့
ထိန်းထားတဲ့စိတ် ဘယ်လိုမှမရတော့ပါ.... ဖြစ်ချင်ရာဖြစ် မေးပြီကွာ လို့တွေးပြီး
SoundBox တွေရောင်းတဲ့နေရာ ပြန်သွားပြီး
အဲ့ဒီ့ နားမှာရပ်နေတဲ့ Stuffအမကြီး တစ်ယောက်ကို..........

"အစ်မ ဒီသီချင်းက ဘယ် Album ထဲကလဲဟင်" လို့မေးတော့ သူကလဲ SoundBox က
ထွက်နေတဲ့ အသံတွေကြောင့် မကြားရဘူးထင်ပါတယ်... ဟမ်..ဟမ် နဲ့ပြန်မေးတယ်.
ကျွန်တော်ကလဲ "အစ်မ ဒီသီချင်းက ဘယ် Album ထဲကလဲဟင်" လို့ထပ်မေးတော့...
ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိတဲ့ Stuff ကောင်မလေးတွေ ၄ ယောက်
လောက်နဲ့ အဲ့ဒီ့အစ်မကြီးတို့ကတစ်ပြိုင်တည်း "သြော်...ဆည်းဆာအလှ ထဲကလေ"
လို့ပြန်ဖြေကြတယ်...

ကျွန်တော်လဲ သေစမ်းကွာ... မေးတုန်းကတစ်ယောက်တည်းရှိတယ် အပိုင်ပဲ ဆိုပြီး
သွားမေးမိပါတယ်..ခုတော့ကျန်တဲ့ ၄ ယောက်က ဘယ်ကရောက်လာမှန်းမသိဘူး
ဂွမ်းပါပြီကွာ လို့တွေးရင်း.... "ကျေးဇူးနော်" လို့ပြန်ပြောတော့..." ရပါတယ်ရှင့် " ဆိုပြီး
ပြုံးစိပြုံးစိ လုပ်နေကြတယ်... ကျွန်တော်လဲ ရှက်ရှက်နဲ့ စိတ်ထဲကနေ
သေစမ်းကွာ...သေစမ်းကွာ... ဆိုပြီး ဘာကိုမှမကြည့်တော့ပဲ Cash Counter ကိုပဲ
အပြေးရွှေ့ခဲ့ရပါကြောင်း.......။

သူတို့ကဘယ်လိုထင်မလဲတော့မသိဘူး.... ကိုယ်ကတော့ ကိုယ်အကြောင်းနဲ့ကိုယ်...
Blog မှာတင်ချင်လို့...ဟီး



...............................................................................................

ဆည်းဆာအလှ သီချင်းAlbum လေးပါ….

အကြိုက်ဆုံးကတော့ "ညှို့ နိုင်လွန်းတဲ့ ကျွန်မချစ်သူ" ပါ...။
မိန်းကလေးသီချင်းဆိုပေမဲ့ တော်တော်လေးနားထောင်လို့ ကောင်းပါတယ်....
မူရင်းအဆိုရှင်ကတော့ နွဲ့ယဉ်ဝင်း လို့တော့ ရှေ့မှီနောက်မှီ လူကြီးတွေကပြောပါတယ်..။
ချန်းချန်းကတော့ Version ပြောင်းပြီးဆိုထားတဲ့အတွက် တော်တော်လေးကောင်းပါတယ်

 

၀၁.ပြည့်စုံလွန်း - ဇော်ပိုင်
Download

၀၂.မင်းအတွက်ပဲ - ချစ်သုဝေ

၀၃.သနပ်ခါးချစ်သူ - Rဇာနည်
Download

၀၄.ဖူးစာရှင် - နေနေ

၀၅.ညှို့ နိုင်လွန်းတဲ့ ကျွန်မချစ်သူ - ချန်းချန်း
၀၆.ယုံပါ - မောင်မောင်ဇော်လတ်
၀၇.တိတ်တိတ်ကလေး - ကြိုးကြာ
၀၈.ဝေးနေပေမဲ့ - သအို
၀၉.တစ်သက်လုံးအတွက် - စိုင်းလိတ်
၁၀.မဝေးတဲ့ချစ်ခြင်း - Nကိုင်ရာ
 Download

..................................

Monday, September 28, 2009

Facebook တွင် Voice chat ရနိုင်တော့မည်

ကိုယ့်ရဲ့သူငယ်ချင်းစာရင်းထဲ မှာရှိတဲ့သူတွေကိုအသံနဲ့စကားပြော
နိုင်ဖို့အတွက်စနစ်တစ်မျိုးကို Facebook မှာထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။
ဒီဝန်ဆောင်မှုက Vivox voice chat စနစ်ပါ။

ဒီဝန်ဆောင်မှုကအခြားသော developer တွေကို၎င်းတို့ရဲ့ application တွေထဲမှာ
အသံတွေထည့်သွင်း လို့ရအောင်အထိပါပေးစွမ်းနိုင်ပါ တယ်။
နောက်ရက်သတ္တပါတ်ပေါင်း အနည်းငယ်အတွင်းမှာပဲဒီလူမှုကွန်ရက်ကိုသုံးစွဲနေတဲ့
လူသန်းပေါင်း များစွာဟာ အသံနဲ့ဆက်သွယ်စကား ပြောဆိုနိုင်ကြတော့မှာဖြစ်ပါတယ်။

ဒီနည်းပညာသစ်ဟာ Facebook ကကိုယ်တိုင်ဆောင်ရွက်ပေးထား တာမဟုတ်ပဲ
Boston အခြေစိုက် ကုမ္ပဏီဖြစ်တဲ့ Vivox ကပြုလုပ် ထားထည့်သွင်းပေးခဲ့တာပါ။
Vivox ဆိုလျှင်ဖြင့် Second life နဲ့ EVE Online တို့လို virtual world တို့တွက်
အသံပိုင်းဆိုင်ရာ ၀န်ဆောင်မှုအတွက် ပြုလုပ်ပေးနေတဲ့ကုမ္ပဏီဖြစ်ပါတယ်။
ဒီဝန်ဆောင်မှုဟာ beta အဆင့် ထုတ်လွှတ်ပေးဖို့နီးကပ်လာပါပြီ။
သုံးစွဲချင်သူတွေဟာ Vivox ရဲ့plug-inကို download လုပ်ယူ ရပါလိမ့်မယ်။
Install လုပ်ပြီးတာ နှင့်တစ်ပြိုင်တည်း တစ်ဦးချင်းဖြစ်စေ အုပ်စုလိုက်
ဆွေးနွေးမှုကိုဖြစ်စေပြု လုပ်နိုင်လိမ့်မယ်လို့သိရပါတယ်။
မီဒီယာလုပ်ငန်းဆိုင်ရာကျွမ်းကျင် သူတစ်ဦးဖြစ်သူ Charleneli ဆို သူကတော့
ကိုယ်အမြဲဆက်သွယ်ချင် သူတွေကိုပြောစရာရှိရင်လက်ကနေ စာရိုက်ပြောနေရတာ
ထက်စကားနဲ့ ပြောရတာပိုပြီးအဆင်ပြေမှာဖြစ် တယ်လို့ပြောဆိုပါတယ်။





 Ref : Internet journal
.........................

Friday, September 25, 2009

ငါးထောင်ကျပ်တန် ငွေစက္ကူအမျိုးအစားသစ် ထုတ်ဝေမည်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် လက်ရှိသုံးစွဲနေသော ငွေကြေးများအပြင်
(၅၀၀၀)ကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို (၂၀၀၉)ခုနှစ်၊ အောက်တိုဘာ
(၁)ရက်နေ့မှ စတင်ထုတ်ဝေမည်ဖြစ်ကြောင်း တရားဝင်ကြေညာလိုက်သည်။
ယင်းငွေစက္ကူကို ပြည်သူများထံသို့ ဘဏ်ဖွင့်ချိန်အတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်
ငွေကြေးဌာနတွင်လည်းကောင်း၊ ဘဏ်များနှင့် အစိုးရ ငွေတိုက်များတွင်လည်းကောင်း
ထုတ်ပေးမည်ဟု ဆိုသည်။ ထို့အပြင် လက်ရှိလည်ပတ် သုံးစွဲနေသော ငွေစက္ကူနှင့်
ငွေအကြွေများသည် တရားဝင် သုံးစွဲငွေအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။


အရွယ်အစား ။ ။ ၁၅ x ၇ စင်တီမီတာ(1000 ကျပ်တန် အသေး Size အတိုင်း)

ပေါ်လွင်သောအရောင် ။ ။အနီရောင်





















မျက်နှာစာဘက် ထိပ်ပိုင်းတွင် “မြန်မာနိုင်ငံတော် ဗဟိုဘဏ်”စာတန်း ရိုက်နှိပ်ထားသည်။
အလယ်တွင် မြန်မာ့အနုပညာလက်ရာမြောက် ဆင်ဖြူတော်ပုံနှင့် ငွေစက္ကူ တန်ဖိုးကို
ဖော်ပြသည့် မြန်မာစာတန်း “ငါးထောင်ကျပ်”တို့ကို ရိုက်နှိပ်ထားပါသည်။
အောက်ခြေတွင်မူ မြန်မာ့အနုပညာ ကနုတ်ပန်းခက်များ ပါရှိသည်။ ငွေစက္ကူ၏
ထောင့်(၃)ထောင့်တွင် ငွေတန်ဖိုးကို ဖော်ပြထားပြီး ငွေစက္ကူနံပါတ်ကို မြန်မာအင်္ဂလိပ်
(၂)ဘာသာဖြင့် ရိုက်နှိပ်ထားသည်။ လက်ယာဘက်တွင် ဆင်ဖြူတော်ပုံ ရေစာပါရှိပြီး
ငွေစက္ကူအတွင်း လုံခြုံရေးကြိုးတစ်ချောင်းကို ထောင်လိုက်ထည့်သွင်းထားသည်။


ကျောဘက် ထိပ်ပိုင်းတွင် “Central Bank of Myanmar”ဟူသော စာတန်းကို ရိုက်နှိပ်
ထားပါသည်။ အောက်ခြေတွင် “Five Thousand Kyats”ဆိုသည့် စာတန်းကို
ရေးသားဖော်ပြထားသည်။ အလယ်တွင် လွှတ်တော်အဆောက်အအုံပုံ ပါရှိပြီး
ထောင့်(၃)ထောင့်တွင် ငွေစက္ကူတန်ဖိုးကို ဂဏန်းဖြင့် ဖော်ပြထားသည်။


 Ref : Planet.com / Mail
..........................

Funny Collection - 1

မထူးပါဘူး. .

ငရဲ နှင့် နတ်ပြည်သို့သွားမည့် တံခါးပေါက်ရှေ့တွင်မိန်းမများ အားလုံးကို
သိကြားမင်းကစုရုံးစေသည် ။
"အားလုံး တန်းစီလိုက်ကြစမ်း ၊ ကိုင်း...ဟုတ်ပြီ ၊ကိုယ့်ယောကျာ်းကို
တစ်ကြိမ်လောက်ပဲဖြစ်ဖြစ် သစ္စာဖောက်ခဲ့တဲ့သူ ရှေ့တစ်လှမ်းတိုးလိုက်စမ်း"
မိန်းမအားလုံးလိုလို ရှေ့တိုးလိုက်ကြသည် ၊သစ္စာရှိသော မိန်းမတစ်ဦးသာ
နေရာမှမရွေ့ဘဲရပ်နေသည် ၊ သိကြားမင်း က အမိန့်ပေးသည်။
" အားလုံးကို ငရဲပြည်ပို့လိုက် ၊ ဟေ့... ဟို "ဆွံ့အနားမကြားမ" ကိုပါပို့လိုက် "


အကြောင်းရင်း. .

"ပီတာ...မင်းဘာဖြစ်လို့ ကျောင်းနောက်ကျ ရတာလဲ"
"ကျွန်တော် ငါးသွားမျှားမလို့ဥစ္စာ ဖေဖေကခွင့်မပြုလို့ "
"မင်းအဖေ မှန်တာပေါ့ ၊ ဒါနဲ့ဘာကြောင့် ကျောင်းမပျက်သင့်ဘူးလဲ
ဆိုတာကိုမင်းအဖေက ရှင်းပြတယ် မဟုတ်လား "
"ဟင့်အင်း ၊ ရှိတဲ့ တီကောင်က တို့နှစ်ယောက်စာ မလောက်ဘူး လို့ပဲ ပြောပါတယ် "


ဘာကောင်လဲ. .

ချာတိတ်. . .မင်းဘာဖြစ်လို့ ငိုနေရတာလဲကွ "
"မေမေက ဖေဖေ့ကို ဆင်ရိုင်းကြီးလို့ပြောတယ်
ဖေဖေက မေမေ့ကို ကြက်မကြီးလို့ ပြန်ပြောတယ်"
"အဲဒါနဲ့ ငိုရရောလား ကလေးရဲ့"
"စဉ်းစားကြည့်လေ ၊ ကျွန်တော် ဘာကောင်ဖြစ်မလဲ "



လိုချင်လို့. .

"ပီတာ....မင်းဘာဖြစ်လို့ ကျောင်းနောက်ကျရတာလဲ"
"မေမေ ပိုက်ဆံ တစ်ကျပ် ပျောက်သွားလို့"
"အဲဒါနဲ့ မင်းကျောင်းနောက်ကျတာနဲ့ ဘာဆိုင်လို့တုန်း"
"အဲဒီ တစ်ကျပ်တန် ပေါ်မှာ ကျွန်တော် ရပ်နေလို့"

မသိသေးဘူး. .

ပင်လယ်ကမ်းစပ်အနားယူစခန်းသို့ရောက်လာသော လူငယ်ကလူတစ်ဦးကိုမေးသည်
"ဒီနားမှာ အိမ်သာ ရှိသလားခင်ဗျာ "
"မသိဘူးဗျ ၊ ကျွန်တော်လည်း ဒီကိုရောက်တာ အခုမှ (၄) ရက်ပဲရှိသေးတယ် "

ဖိနပ်သူခိုး. .

"ကျုပ်ရဲ့ ရှူး ဖိနပ်ကို ခင်ဗျား ခွေးဆွဲသွားတယ်ဗျ "
"အဓိပါယ် မရှိတာတွေလာပြောမနေပါနဲ့ဗျာ ၊ ဖိနပ်စီးပြီးတော့
ကျွန်တော့်ခွေးဟာ တစ်ခါမှ အိမ်ပြန် မလာဖူး ဘူး "

ဒါတော့သည်းမခံနိုင်ဘူး. .

"ခင်ဗျား မိန်းမနဲ့ကွာရှင်းတော့မယ်လို့ သတင်းကြားတယ် ၊ဘာဖြစ်လို့လဲ "
"အိပ်ရာထဲမှာဆေးလိပ်သောက်လို့ "
"ဟာ. . ဒါနဲ့များ ကွာရှင်းရမယ်တဲ့ဗျာ၊ မဟုတ်သေးပါဘူး"
"ဆေးလိပ်သောက်ရင် ကျုပ်နားရွက်ကို ဒီကောင်မက ဆေးလိပ်ပြာခွက်အဖြစ်နဲ့
အသုံးပြုတယ်ဗျာ"


ကံကောင်းတယ်. .

"ခင်ဗျား မနေ့ကအလု ခံရတယ်ဆို "
"ဟုတ်တယ်ဗျာ ၊ လက်ပတ် နာရီနဲ့ ပိုက်ဆံအိတ် ပါသွားတယ် "
"ဒါနဲ့ ခင်ဗျားပြောတော့ သွားလေရာမှာ ခြောက်လုံးပြူးကို ခင်ဗျားအမြဲ
ဆောင်သွားလေ့ရှိတယ်ဆို "
"မှန်ပါတယ် ၊ ဒါပေမဲ့ ကံကောင်းချင်တော့ ခြောက်လုံးပြူးကို
လုတဲ့အကောင်တွေက တွေ့မသွားဘူးဗျ "

အတွေးကိုယ်စီရှိကြသည်. .

လေယာဉ်ပျက်ကျသဖြင့် ယောကျာ်းခရီးသည်များနှင့် မိန်းမခရီးသည်များ
မြစ်ကမ်းတစ်ဖက်တစ်ချက်စီသို့ ရောက်သွားကြသည် ။ မိန်းမခရီးသည်များနှင့်
မည်သို့ပူးပေါင်းနိုင်မည်နည်း ဆိုသည်ကို ယောကျာ်းများ တိုင်ပင်ကြသည် ။
"ဟိုဖက်ကမ်း ကိုမြန်မြန်လေး ရေကူးသွား ကြရအောင်" အသက် ၂၀-အရွယ်
လူငယ်ကအားတက်သရောပြောသည် ၊
"လှေတစ်ခုလုပ်ပြီး ကူးသွားရင် ပိုကောင်းမယ်" အသက် ၃၀-အရွယ်ကပြောသည် ။
"ဘယ်ကိုမှ ကူးစရာ မလိုဘူး ၊သူတို့ဟာသူတို့ ကူးလာကြလိမ့်မယ်" အသက်
၅၀-အရွယ်ကပြောသည် ။


နောက်မလုပ်နဲ့. .

ယောကျာ်းဖြစ်သူ မူးပြီး အိမ်ပြန်လာသည် ။အိတ်ထောင်ထဲတွင် သုံးထောင်
ကျန်နေသည် ၊ မနက်အိပ်ရာထသောအခါ အရက်နာကျသည် ကိုဖြေဖျောက်ရန်
အတွက်အိတ်ထောင်ကို စမ်းသည် ၊မနေ့က သုံးထောင်  မရှိတော့ချေ ။
သို့နှင့်အိမ်တွင် မွေးထားသောငန်းကိုယူကာ ဈေးထဲသွားရောင်းသည် ။
ညနေ ပိုင်းတွင် မူးပြီးအိမ်ပြန်လာသည် ၊ မိန်းမ ကမေးသည် ။
"ရှင်.. အိမ်ကငန်းကို မတွေ့မိဘူးလား"
"နွေးတဲ့အရပ် ဘက်ကိုပျံသွားလေရဲ့ ၊ငါ့အိတ်ထောင်ကိုမင်းခုလိုပဲဆက်စမ်းနေရင်
မွေးထားတဲ့ဆိတ်တွေပါ တောင်ပေါ်တက် ကုန် လိမ့်မယ်....နား လည်လား "


မိန်းမပျောက်လို့. .

ကိုချူချာတို့ လင်မယား မော်စကိုသို့ရောက်လာသည်
ဆိုင်ကြီးများကိုငေးမောကြည့်ရင်းလူအုပ်ကြားထဲတွင် မချူချာ ပျောက်သွားသည်။
ကိုချူချာက ရဲစခန်းသို့ လာတိုင်သည် ။
"ကျွန်တော့်မိန်းမ ပျောက်သွား ပါတယ်"
"ခင်ဗျား မိန်းမ ရဲ့ ပုံပန်းသဏ္ဍန်ကိုပြောပြပါ"
"ပုံပန်းသဏ္ဍန် မပျောက်ဘူး ၊ မိန်းမပျောက်သွားတယ်"
"ကျွန်တော်ပြောတာခင်ဗျား သဘောမပေါက်ဘူး ထင်တယ် ၊ခင်ဗျားမိန်းမ
အသားဖြူသလား ,မဲသလား ၊အရပ်ပုသလား , ရှည်သလား ဆိုတာကို ပြောတာ ၊
ဒါမှ ရှာရတာလွယ်မှာပေါ့ ၊ ဥပမာ-ကျုပ်မိန်းမ ကိုကြည့်
အရပ်ထောင်ထောင် မောင်းမောင်း ၊ မ၀,မပိန် ကိုယ်လုံးနဲ့ ၊ရွှေရောင်ဆံပင်နဲ့ ၊
ခြေတန်လည်း ရှည်တယ် "

ကိုချူချာ ခဏစဉ်းစားပြီးပြောသည် ။
"ကျွန်တော့် မိန်းမ အရပ်ပုတယ် ၊ မျက်လုံးတစ်ဖက်စွေနေတယ် ၊ခြေခွင်လဲ
လိမ်နေတယ် ၊အင်း. .ကျွန်တော့် မိန်းမ ကို ထား လိုက်ပါ ဗျာ ၊
ရဲမှူး ကြီးရဲ့ မိန်းမ ကို ပဲရှာကြရအောင် "



ညှဉ်းဆဲလိုက်မယ်. .

မီးပြတိုက်သို့ လှေတစ်စင်း ကပ်လာသည် ၊လှေပေါ်မှ ပင်ပန်းနွမ်းနယ်ပြီး
ဒေါသထွက်နေသော အမူအရာဖြင့် စာပို့လုလင် ဆင်းလာသည် ၊
ထို့နောက် မီးပြတိုက်အမှုထမ်းအား ၎င်း၏ စာကို ပေးလိုက်သည် ၊
မီးပြတိုက်ဝန်ထမ်းကပြောသည် ၊
"နောက်တစ်ခါ ငါ့အတွက် စာလာပို့တဲ့အခါအခုလိုမျက်နှာရှစ်ခေါက်ချိုး
လုပ်လာတာတွေ့ရင် နေ့စဉ် ထုတ် သတင်းစာတစ်စောင်စောင် ကို
ငါ တစ်နှစ်စာ မှာလိုက်မယ် ၊နားလည် လား ။"


လူတို့၏စရိုက်. .

ဧည့်သည်အဖြစ် လာပုံလာနည်း အမျိုးမျိုး..

အင်္ဂလိပ် ----တုတ်ကောက်ဖြင့်လာသည် ။
ပြင်သစ် -----မယားငယ်နှင့်လာသည် ။
ရုရှား ------အရက်ပုလင်းနှင့်လာသည် ။
ဂျူး ---------မိမိ၏ဆွေမျိုးများနှင့်အတူလာသည် ။

ဖိတ်သောအိမ်မှ ထွက်ပုံထွက်နည်းအမျိုးမျိုး......

အင်္ဂလိပ် -----တုတ်ကောက်ကိုင်ပြီးပြန်ထွက်သည် ။
ပြင်သစ် -------အိမ်ရှင်၏ဇနီးနှင့်ပြန်ထွက်သည် ။
ရုရှား --------မျက်နှာဒဏ်ရာနှင့် အိမ်ပြန်သည် ။
ဂျူး --------မိမိနှင့်ဆွေမျိုးများအတွက် လက်ဆောင်ပစ္စည်းများယူကာပြန်ထွက်သည် 

နောက်တနေ့မနက် စဉ်းစားပုံပမျိုးမျိုး.........

အင်္ဂလိပ် -----မနေ့ကငါ့ရဲ့အပြု အမူအပြောအဆိုတွေ လူကြီးလူကောင်းဆန်ရဲ့လား ။
ပြင်သစ် --------အဲဒီ အချိန်မှာ ငါ့မိန်းမ ဘယ်သူနဲ့များ ရှိနေ ပါလိမ့် ။
ရုရှား ---------(မှန်ထဲ ကြည့်ကာ)ငါ့ကို ဘယ်သူများ ဆော်ပလော်တီးလိုက်ပါလိမ့် ။
ဂျူး ----------ဘယ်သူ့ အိမ်ကို အလည်သွား ရပါ့ မလဲ ။



မျက်မမြင်ယောက်ျား

တခါက church တစ်ခုမှာ သီလရှင် ၆ပါးဟာ အခန်းကို ဆေးသုတ်ဖို့ တာဝန်ပေးခြင်း
ခံရတယ်။အဲဒီနေ့က နေအရမ်းပူတာမိုလို့ သီလရှင်လေးတွေရဲ့ အနက်ရောင်ဝတ်ရုံ
တွေက ကြာလာတော့အိုက်လာတယ်။ဒါနဲ့ churchမှာ လည်း လူမလာတဲ့(လူရှင်းချိန်)
ဖြစ်လို့ တခါးပိတ်ပြီး အ၀တ်တွေချွတ်လို့ ဗလာကျင်းနဲ့ဆေးဆက်သုတ်ကြတယ်။

ဒီအချိန် တခါးခေါက်သံကြားရတယ်။
“ဘယ်သူလဲ?”
“ကျွန်တော် မျက်မမြင်တစ်ယောက်ပါ။ ၀တ်ပြုချင်လို့ပါ။”

ဒါနဲ့ ဖွင့်ပေးလိုက်ကြတယ်။ အခန်းထဲရောက်လာတဲ့ မျက်မမြင်ဟာအခန်းပတ်လည်ကို
ကြည့်တယ်။ ပြိးတော့ သူတို့ကိုလည်း လှမ်းကြည့်ပြီးတော့
ဒီလိုရေရွတ်လိုက်တယ်တဲ့။

အို ဘုရားသခင် ကျွန်တော်ကို အခုလို အချိန်အခါမျိုးမှာ မျက်လုံးမြင်ခွင့်ပေးတဲ့အတွက်
အထူးကျေးဇူးတင်ပါတယ်။ ဘုရားသခင်ရဲ့အလိုတော်အတိုင်းပါပဲ။

ဘုရားသခင် ကူညီနိုင်အောင်

“ငါ ငယ်ငယ်တုန်းက ဆိုင်ကယ်လိုချင်လို့ ဘုရားသခင်ဆီ ဆုတောင်းတယ်။
ဒါပေမဲ့ ဘုရားသခင်က အဲလိုနည်းနဲ့ မကူညီနိုင်ဘူးဆိုတာ ငါနားလည်သွားတဲ့အခါ၊
အရင်ဆုံး ဆိုင်ကယ်ကိုခိုးတယ်။ ပြီးမှ ခွင့်လွတ်ဖို့ ဆုတောင်းလိုက်တယ်။


ဖြေရှင်းပေးပါ

Cousin Elly ဟာ ကော်ဖိဖျော်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးအစပ်အဟပ်တည့်တည့် မဖျော်တတ်လို့ စိတ်တော်တော်ညစ်နေတယ်။ သူမ လက်ထပ်တဲ့အခါကျတော့ သူမယောက်ျားက ကော်ဖိဖျော်စက်လေးတစ်လုံးသူမကို ၀ယ်ပေးဖို့စီစဉ်တယ်။ တော်တော်လေး မော်ဒယ်မြင့်တဲ့
စက်လေးကို သူမအရမ်းကို သဘောကျသွားတယ်။

အရောင်းစာရေးက သူမကိုသေသေချာချာ ရှင်းပြတယ်။ ပလပ်ပေါက်ဘယ်လိုထိုးရင်
စက်ကလေးက ဘယ်လိုအလုပ်လုပ်ရတယ်ဆိုတာကိုအထိ ရှင်းပြတယ်။

နောက်ထပ်လည်း “ခင်ဗျား timerပေးပြိး အိပ်ယာထဲသွားနေလိုက်၊ ခဏနေ
ဖျော်ပြိးသားကော်ဖီလေးက ခင်ဗျားစိတ်ကြိုက် ဖြစ်နေလိမ့်မယ်”

သူတို့ သဘောကျစွာ ၀ယ်ပြိးပြန်လာခဲ့တယ်။ နောက်၅ရက်လောက် ရှိတော့ သူမက
အဲဒီဆိုင်ကို ပြန်သွားပြီး အရောင်းစာရေးကို ဒီလိုပြောလိုက်တယ်။

“ ရှင့်စက်က တော်တော်လေးတော့ ကောင်းပါတယ်။ ဒါပေမဲ့ အဆင်မပြေတာ
တစ်ခုရှိနေတယ်။အဲဒါက ကော်ဖီဖျော်တိုင်း အိပ်ယာထဲ သွားသွားနေရတာ
ကျွန်မအတွက် အဆင်မပြေဘူးရှင့်။



........................