Wednesday, June 9, 2010

ထိုင်း၊ အိန္ဒိယနိုင်ငံများနှင့် ဖိုင်ဘာဆက်ကြောင်းများ ထပ်မံသွယ်တန်းမည်

Internet Connectionများ မြန်ဆန်စေရေးနှင့် ဆက်သွယ်ရေးလုံးဝပြတ်တောက်ခြင်း မရှိစေရေးအတွက် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထိုင်း၊ အိန္ဒိယနှင့် မြန်မာနိုင်ငံအကြားတွင် နယ်စပ်ဖြတ်ကျော် ဖိုင်ဘာဆက်ကြောင်းလေးခု ထပ်မံသွယ်တန်းမည်ဖြစ်ကြောင်း ထိုလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် နယ်စပ်ဖြတ်ကျော် ဖိုင်ဘာဆက်ကြောင်းအနေဖြင့် ထိုင်း၊ တရုတ်နိုင်ငံများနှင့် ဆက်သွယ်ထား ပြီး ထိုဆက်ကြောင်းများသည် Bandwidth capcity အားဖြင့် 10Gb (STM 64) စီရှိပြီး Microlink အဖြစ် 2.5Gb (STM 16) စီရှိသည်။ ယခုထပ်မံသွယ်တန်းမည့် ဖိုင်ဘာဆက်ကြောင်းများအဖြစ် မြန်မာနှင့်ထိုင်း အကြားတွင် မြ၀တီဘက်မှ ဆက်ကြောင်းနှစ်လိုင်း ထပ်မံသွယ် တန်းမည်ဖြစ်ပြီး မြန်မာနှင့် အိန္ဒိယအကြား တွင် တမူးဘက်မှ ဆက်ကြောင်းနှစ်လိုင်း သွယ်တန်းမည်ဖြစ်သည်။အဆိုပါဆက်ကြောင်းများသည် Bandwidth capcityအားဖြင့် 155Mb (STM 1) စီရှိမည်ဖြစ်ပြီး ထိုကဲ့သို့ နယ်စပ်ဖြတ်ကျော် ဖိုင်ဘာဆက် ကြောင်း သွယ်တန်းခြင်းအားဖြင့် အင်တာနက်အမြန်နှုန်းများ ပိုမိုမြန်ဆန်လာမည်ဖြစ်သည်။

“ဒီဆက်ကြောင်းတွေကို သွယ်တန်းပြီးရင် စတင်သုံးဖို့ကတော့ ၂လ၊၃လလောက်ကြာဦးမယ်။ ဒီဆက် ကြောင်းတွေကို ထပ်သွယ်ထားတော့ SEA-ME-WE 3 ရေအောက်Cable ပြတ်သွားလည်း အင်တာနက် ပြတ်သွားတာ မျိုး မဖြစ်နိုင်တော့ဘူး” ဟု ၎င်းကပြောကြားသည်။ မြန်မာ့ဆက်သွယ်ရေးမှထုတ်ပြန်သော တရားဝင်အချက် အလက်များအရ မြန်မာနိုင်ငံတွင် ပြည်ပဆက်သွယ်ရေးဆက်ကြောင်းအနေဖြင့် ဂြိုဟ်တု၊ ဖိုင်ဘာ၊ရေအောက် Cableနှင့် နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးစနစ်များရှိပြီး အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးချန်နယ်ပေါင်း ၂၆၂၁ ခုရှိသည်။



Ref : Internet Jornal

Wednesday, May 12, 2010

Funny Collection - 7

သရဲဆိုတာ….

ညဘက်အလုပ်ဆင်းရာကနေ ပြန်လာတဲ့ ​ကောင်မ​လေးရဲ့ ​နောက်မှာလူတ​ယောက် ကပ်ပါလာတယ်။ ဒါကို​ ကောင်မ​လေး သတိထားမိပြီး လန့်နေမိတယ်။ ဖြစ်ချင်​တော့ အပြန်လမ်းမှာ သချိုင်းတခုကို ဖြတ်ရတယ်။ ကောင်မ​လေးက ဖြတ်ထိုးဥာဏ်သုံးပြီး ဂူတခု​ရှေ့ ရပ်လိုက်တယ်။အဲ့ဒီ​နောက် ဂူကိုလက်နဲ့ ပုတ်ပြီး
” အ​ဖေ..အ​ဖေ ..သမီးပြန်လာပြီ..တံခါးဖွင့်​ပေးအုန်း “
လို့ ​ပြောလိုက်တယ်။နောက်မှာပါလာတဲ့လူက ကောင်မ​လေးစကား​ကြောင့် ​ကြောက်လန့် ပြီး ထွက်​ပြေးသွား တယ်။ ထွက်​ပြေး သွားတဲ့ လူကိုကြည့်ပြီး ကောင်မ​လေး ရယ်မိတယ်။ အဲဒီအချိန်မှာ ဂူနောက်က​နေ အသံ တသံ ထွက်လာတယ် ။
” သမီးကလဲ ​သော့ယူသွားဖို့  ​မေ့ခဲ့ပြန်ပြီလား .”
အသံ ​ကြောင့် ကောင်မ​လေး ဂူရှေ့ က​နေထွက်​​ပြေးခဲ့ရ တယ်။ ကောင်မ​လေး ထွက်​ပြေးပြီးတဲ့​နောက် ဂူနောက်က​နေ ဂူဖောက်ထွင်းတဲ့ သူခိုးတ​ယောက် ထွက်လာတယ်။
သူခိုးက” ငါ့အလုပ်ကို အ​နှောင့်အယှက်​ပေးတဲ့လူ​တွေ မှတ်​လောက်သား​လောက်​အောင် ​ခြောက်ပြစ်ရမယ် “ဆိုပြီး ရယ်​နေခဲ့တယ်။ သူခိုးရယ်လို့ မပြီးခင် မလှမ်းမကမ်းမှာ မှတ်တိုင်ကိုင်ပြီး ရပ်​နေတဲ့ အဘိုးအိုတ​ယောက်ကို ​တွေ့ လိုက်ရတယ်။
သူခိုးက ” အဘိုးကြီး..ခင်ဗျားဘာလုပ်​နေတာလဲ “လို့ ​မေး​တော့ အဘိုးအိုက” ​တောက်..ဒီလူ​တွေ ငါ့နာမည်ကို မှား​အောင်​ရေးကြတယ်ကွာ “လို့ ​ပြောလိုက်တယ်။ အဘိုးအိုစကားကြားပြီး သူခိုးထွက်​ပြေးသွားခဲ့တယ်။
ထွက် ​ပြေးသွားတဲ့သူခိုးကို ကြည့်ပြီး အဘိုးအို တဟားဟားနဲ့ ရယ်​နေခဲ့တယ်။ အဘိုးအိုက” ငါ့စားကျက်ကို လုချင်တဲ့​ကောင် မှတ်​လောက်​အောင် ဆုံးမရမယ် “လို့ ​ရေရွတ်လိုက်တယ်။ အဘိုးအို ရွတ်သံမဆုံးခင်မှာ လက်ထဲက သံတူရွင်းပြုတ်ကျသွားတယ်။ တူရွင်းကို​ ကုန်းကောက်ဖို့ ခါးညွတ်လိုက်​တော့ ခြုံထဲက​နေ လက်တဖက်နဲ့ အတူ
” ဘယ်​ကောင်လဲကွ ငါ့မှတ်တိုင်ကို ​လျှောက်ဖျက်​နေတာ “ဆိုတဲ့အသံတသံ ထွက်လာတယ်။
အဘိုးအို ကြောက်လန့် တကြား ထွက်​ပြေးသွားခဲ့ရတယ်။ အဘိုးအို ထွက်​ပြေးသွားပြီးတဲ့​နောက် သံတိုသံစ​ကောက်တဲ့သူ ခြုံထဲက​နေ ထွက်လာတယ်။အဲ့ဒီလူက ​မြေ​ပေါ်မှာ ကျ​နေတဲ့ သံတူရွင်းကို ​ကောက်ပြီး ရေရွတ်လိုက်ပုံက....
” ​တောက်..သံတိုသံစ​လေး​ ကောက်တာ​တောင် ဒီ​လောက်အပင်ပန်း ခံရတယ်လို့ ကွာ “


သူဌေးကြီး

ဆရာကကျောင်းသားများအား…..
မင်းတို့ သူဌေးကြီးဖြစ်ရင်ဘာလုပ်မလဲ။
ကျောင်းသားများတစ်ယောက်တစ်ပေါက်ဝိုင်းပြောကြတယ်။
မောင်ဘိုကြီးမင်းဘာလို့ မဖြေတာလဲ။
ကဲမင်းပြောပါဦး။မင်းသူဌေးကြီးဖြစ်ရင်ဘာလုပ်မလဲ။
ဘိုကြီး….ခဏစဉ်းစားရင်း
ကျွန်တော်သူဌေးကြီးဖြစ်မှဆက်ပြောကြတာပေါ့ဆရာ…..


သူကြီး

ဟေ့…အိမ်ရှေ့ကဘယ်သူလဲ…
ငါသူကြီးဟေ့အိမ်လည်လာတာ။
သြော်သူကြီးလား။ဒါနဲ့ မရိုမသေသူကြီးရေ
ခွေးလေးတချက်လောက်မောင်းပေးပါဦး။
ဒီမှာထမင်းစားနေလို့ ။


ငွေပဲလိုတယ်။

လူတစ်ယောက်နိုင်ငံခြားတွင်အလုပ်လုပ်ရန်အတွက်ပွဲစား(agent)ဆီလာစုံစမ်းတယ်။
အန်ကယ်…ကျွန်တော်နိုင်ငံခြားမှာအလုပ်သွားလုပ်ဖို့ ဘာတွေလိုအပ်မလဲ။
သြော်နိုင်ငံခြားမှာအလုပ်သွားလုပ်ဖို့ လား။
ဟုတ်ကဲ့….
မလိုဘူး….ဘာမှမလိုဘူး….ငွေပဲလိုတယ်။


ငါ့မိန်းမကိုအချစ်ဆုံး

မိန်းမ………ရှင်ကျွန်မကိုတကယ်ချစ်ရဲ့ လား။
ယောင်္ကျား…တကယ်ချစ်တာပေါ့မိန်းမရာ။
မိန်းမ………ရှင်မလိမ်နဲ့ နော်။
ယောင်္ကျား…တကယ်ပါမိန်းမရာ။
ဒါကြောင့်လည်းအခုလက်ရှိတွဲနေတဲ့ ကောင်မလေးတွေကို အပြတ်ပြောပြီးသား။
ငါ့မိန်းမကိုအချစ်ဆုံး ဒါကြောင့်ကွာမပေးနိုင်ဘူးလို့ ။



စက္ကရီထေရီ

စက္ကရီထေရီ အသစ်ခန့် ပြီးကတည်းက မင်းယောက်ကျားအိမ်ပြန်တာ
နောက်ကျတယ်ဆို။ အင်း… ဒါနဲ့ ပြောပါဦးခုဘယ်လိုလုပ်လိုက်လို့  အိမ်ကိုပုံမှန်ထက်စောစောပြန်လာရတာလဲ
နည်းလေးပေးပါဦး။
သြော်…သူ့ စက္ကရီထေရီထက်ချောတဲ့ အိမ်ဖော်မလေးခေါ်ထားလိုက်တယ်လေ။


အားငယ်တာပေါ့

တစ်နေ့ ဇက်ဆိပ်ကအရက်ဆိုင်ထဲမှာ လူမိုက်ရုပ်နဲ့ လူကြီးတစ်ယောက်အရက်သောက်နေတယ်။
ခဏကြာတော့ လူကြီးကစားပွဲခုံကိုဝုန်းခနဲထုရင်း
"ဟေ့…ဒီဇက်ဆိပ်ကို တစ်ယောက်တည်းလာခဲ့တာကွ။"
ပြီးတော့ အရက်ဆက်သောက်တယ်။ ဆိုင်ထဲကလူတွေလဲလူကြီးကိုကြည့်ပြီး အသံတွေတိတ်သွားတယ်။
ခဏကြာတော့စားပွဲကိုထုပြီးထပ်အော်ပြန်တယ်။
"ဟေ့…ဒီဇက်ဆိပ်ကို တစ်ယောက်တည်းလာခဲ့တာကွ။ "
အဲဒီအချိန်မှာပဲဆင်တဲကလူမိုက်တစ်စုဆိုင်ထဲဝင်လာတယ်။လူမိုက်တစ်ယောက်ကလူကြီးဆီသွားပြီးမေးတယ်။
"ဒီဇက်ဆိပ်ကိုတစ်ယောက်တည်းလာတော့ဘာဖြစ်လဲ။"
အဲဒီတော့လူကြီးက
"ဒီဇက်ဆိပ်ကို တစ်ယောက်တည်းလာတော့ အားငယ်တာပေါ့… "

ဒေါသကိုထိန်းနည်း

ယောက်ျားဖြစ်သူက မိန်းမကိုမေးတယ်။
"နင့်ကိုငါ စိတ်ညစ်အောင်လုပ်တာတောင် နင်ပြန်မငြင်းခဲ့ဘူးနော်!
နင့်ဒေါသကို နင်ဘယ်လို ထိန်းခဲ့တာလဲ!"
"ငါ အိမ်သာသွားဆေးတယ်လေ"
"ထူးလို့လား?"
"ထူးတာပေါ့။ နင့်ရဲ့သွားတိုက်တံနဲ့ ဆေးတာလေ"


"We do chicken right"

ဆရာက ကျောင်းသားတွေကို KFCရဲ့ကြော်ငြာဖြစ်တဲ့ "We do chicken right"ကို
ဘာသာပြန်ခိုင်းတော့ ကျောင်းသားတွေက မတူတဲ့အဖြေတွေနဲ့ အမှားလိုက်
ဘာသာပြန်ထားကြတာတွေ့ရတယ်။ သူတို့ ဘာသာပြန်ထားတာတွေက...

(၁) ကျွန်တော်တို့ ကြက်လုပ်တာမှန်တယ်
(၂) ကျွန်တော်တို့ ကြက်လုပ်တယ်
(၃) ကျွန်တော်တို့မှာ ကြက်လုပ်နိုင်တဲ့ အခွင့်အရေးရှိတယ်
(၄) ကျွန်တော်တို့က ကြက်ညာဖက်ပဲလုပ်တယ်
(၅) ကျွန်တော်တို့က ကြက်ရဲ့ညာဖက်ကိုပဲလုပ်တယ်
(၆) ကျွန်တော်တို့ ကြက်လုပ်နိုင်တယ်။ မှန်လား?
(၇) ကျွန်တော်တို့ ကြက်လုပ်တာပဲ ကောင်းတယ်
(၈) ကျွန်တော်တို့ကပဲ ကြက်လုပ်လို့ရတယ်
(၉) ကြက်ရှိတယ်... ညာကြည့်ပါ
(၁ဝ) ကျွန်တော်တို့ ကြက်ကိုကောင်းကောင်းဆက်ဆံရမယ်
(၁၁) ကျွန်တော်တို့ ကြက်မှန်မှန်ကန်ကန်လုပ်တယ်
(၁၂) ကျွန်တော်တို့ ကြက်စစ်စစ်လုပ်တယ်
(၁၃) ကျွန်တော်တို့ မှန်တဲ့ကြက်လုပ်တယ်
(၁၄) ကျွန်တော်တို့ လက်ရှိကြက်လုပ်တယ်


ညံ့သူခံ.... 

အိပ်ယာပေါ်တွင် ယောင်္ကျားဖြစ်သူက ပက်လက်လှန်၍ စာဖတ်နေသည် ။ မိန်းမဖြစ်သူက ရေချိုးရန် ရေချိုးခန်းထဲ ၀င်လိုက်သည်။ ထိုအခိုက် တံခါးခေါင်းလောင်း မည်လာလေသည်။ မိန်းမဖြစ်သူလည်း ရေချိုးခန်းသုံး တဘက်စောင်ကို ကမန်းကတန်း ပတ်ကာ အိမ်အောက်သို့ ခပ်လောလော ပြေးဆင်း လိုက်သည်။ တံခါးဖွင့်ပေးလိုက်ရာ တဖက်အိမ်မှ "ဘောဘ့်" ဖြစ်နေသည်။ သူမ ဘာမှမပြောရသေးခင် "ဘော့ဘ်" က "တဘက်စောင်လေးကိုဖယ်ပြီး မင်းရဲ့အလှအပတွေကိုပြပါလား ပါ.. $800 ပေးပါမယ် " ဟုဆိုလေသည်။
သူမ ခဏမျှမင်သက်သွားပြီး အင်း ငါ့ယောင်္ကျားလဲမသိလောက်ပါဘူးလေ ပြီးတော့လဲ ပဲ့ပါသွားတာမှ မဟုတ်တာ ဟု တွေးလိုက်လေသည်..  ထို့နောက် "ဘောဘ့်" ရှေ့တွင် တဘက်စောင်ကို ဖယ်ပြပြီး ခတ္တ ရပ်နေလိုက်သည်။ စက္ကန့် အနည်းငယ်ကြာပြီးနောက် ဘောဘ့် က $800 ကို ကမ်းပေးလိုက်ပြီး သူမအား ပြုံးပြကာ ပြန်သွားသည်။ မိန်းမဖြစ်သူလည်း တဘက်စောင်ကို အမြန်ပြန်ဝတ်ကာ အပေါ်ထပ်သို့ ပြန်တက် လာသည်။ ရေချိုခန်းနား အရောက်တွင် အထဲမှ ယောင်္ကျားဖြစ်သူက 
"ဘယ်သူလဲ" ဟုမေး၏။ ဟိုဘက်အိမ်က "ဘောဘ့်"ပါ... ဟုသူမက ပြန်ဖြေ၏။ ယောင်္ကျားဖြစ်သူက
"ဟင်... ဒီကောင်..ငါ့ဆီကချေးထားတဲ့ $800 ပေးမသွားလူးလား? ခုနလေးကတင် Phone ထဲမှာပြောတော့ ငါအခုလာပေးမယ်ဆိုပြီး"


ချင်းက အုန်းသီးစားတော့

တခါက ချင်းတောင်က ချင်းအမျိုးသားတဦးဟာ မြစ်ဝကျွန်းပေါ်ဒေသ ကို ပထမဆုံးအနေနဲ့
အလည်အပတ်ရောက်လာ သတဲ့။ ချင်းတောင်မှာ အုန်းပင်မရှိလို့ အုန်းသီးတခါမှ မစားဘူးတဲ့ ချင်းအမျိုးသားက အုန်းသီးကိုစားကြည့်ပြီး မှတ်ချက်ချလိုက်ပုံက
"အောက်ပြည်အောက်ရွာက အုန်းသီးကောင်းတယ်ဆိုလို့ စားကြည့်ပါတယ်။
အရသာက ဖန်တွတ်တွတ်နဲ့၊ အစေ့ကလည်း အကြီးကြီး။"

အိုးရွဲ့နဲ့ စလောင်းပဲ့

တခါကရွာတစ်ရွာမှာ မောင်လှဆိုတဲ့လူရွယ်တစ်ဦးရှိသတဲ့။ မောင်လှအရွယ်ရောက်လာတော့
မိဘများက အိမ်ထောင်ချပေးချင်ပေမယ့် မောင်လှမှာ အောက်နှုတ်ခမ်းပြတ်နေလို့ ယူမယ့်လူ
မရှိဘူးတဲ့။ တနေ့တော့ မိတ်ဆွေဟောင်းတစ်ဦးဆီကတဆင့် တခြားရွာတစ်ရွာက သမီးပျိုကို
မိဘချင်း စကားကမ်းလှမ်းကြသတဲ့။ မောင်လှမိဘများက သူတို့သား အောက်နှုတ်ခမ်း မရှိတာကို ဖုံးကွယ်ထားချင်တော့ မင်္ဂလာ အခမ်းအနားကို ညဘက်မှာပဲ မီးမှောင်ချပြီး ကျင်းပရမယ်လို့
အဆိုပြုတယ်။ သတို့သမီးရှင်ဘက်ကလည်း ကန့်ကွက်ခြင်းမရှိတော့ မောင်လှရဲ့ မင်္ဂလာပွဲကို
နေ့ကောင်းရက်သာရွေးပြီး တညမှာ မီးမှောင်ချပြီး ကျင်းပကြသတဲ့။
မင်္ဂလာဦး ထမင်းစားဝိုင်းမှာ မောင်လှက ဟင်းချိုပူကြောင်းကို...
"ဟင်းချိုကလဲ ဝူလိုက်တာ"
လို့ပြောတော့ သတို့သမီးက ပြန်ပြောလိုက်ပုံက
"ဝူရင် ဝုတ်တောက်ပေါ့" တဲ့။

ပေါ်မဲ့ပေါ်တော့

အငြိမ့်ထဲမှာ မင်းသမီးက "အလို... ဘုရားရေ ဟို့ရှေ့က သစ်ပင်ပေါ်မှာ မဲမဲ မဲမဲ...
လှုပ်လှုပ်လှုပ်လှုပ်နဲ့" "လက်စသတ်တော့... အသင်ရုက္ခစိုး ပါလား..."
အဲဒီအခါမှာ ရုက္ခစိုး လုပ်တဲ့လူပြက်က
"အေး ... ငါနည်းနည်းပေါ်သွားတယ်..."

ဖောက်သည်ကိုး

တစ်ခါက ပြည့်တန်ဆာမ တဦးဟာ ပြည့်တန်ဆာမှုနဲ့ တရားရုံးရောက်လာပါရော။
တရားခွင်မှာ တရားသူကြီးက... "ဟဲ့... တရားခံမ နင့်နာမည် ဘယ်လိုခေါ်သလဲ..." လို့
မေးတဲ့အခါမှာ ပြည့်တန်ဆာမက ပြန်ဖြေလိုက်ပုံက "သိသားနဲ့..." တဲ့။

ရေနွေးကရားဖုံး

ပွဲခင်းထဲမှာ လူပြက်တစ်ယောက်က "ဒို့မင်းသမီးလေးဟာ အနုပညာကို
ဘယ်လောက်တန်ဘိုးထားသလဲဆိုရင် ရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲသွားတဲ့ အထိ
ပရိသတ်ကို ဖျော်ဖြေသွားမှာပဲ...
"။ ဒုတိယလူပြက်က "သူငယ်ချင်း မင်းသမီးလေးရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲသွားရင်
ငါ့ကို တခြမ်းပေးပါကွာ..." တဲ့။
ဒီတော့ပထမလူပြက်က "မင်းကဘာလုပ်မလို့တုံး..."။ ဒုတိယလူပျက်ဖြေလိုက်ပုံက
"ငါ့အိမ်မှာ ရေနွေးကရားဖုံး လုပ်မလို့ပါကွာတဲ့..."။



...................

Tuesday, May 11, 2010

Shakira သီဆိုထားသည့် ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ ဖလား သီချင်း


ဇွန် ၁၁ ရက်နေ့ မှ ဇူလိုင်လ ၁၁ ရက်နေ့ ထိ တောင်အာဖရိကနိုင်ငံတွင် ကျင်းပမည့် ၂၀၁၀ ကမ္ဘာ့  ဖလားပွဲ အတွက် သီချင်းအား ကိုလံဘီယာ အဆိုတော် ရှကီရား ရေးစပ်သီဆိုထားသည့် This Time for Africa သီချင်း အား ယနေ့ စတင်ဖြန့် ချိလိုက်ပြီ ဖြစ်သည်။

၂၀၀၆ခုနှစ်က ဂျာမဏီနိုင်ငံတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ ဖလား ဘောလုံးပြိုင်ပွဲအတွက်The Times of Our Lives သီချင်းအား Divo နှင့် Toni Brxton တို့ မှ သီဆိုထားခြင်းဖြစ်သည်။ ၁၉၉၈ ခုနှစ် ပြင်သစ်နိုင်ငံတွင် ကမ္ဘာ့ဖလားပွဲကျင်းပစဉ်က အဆိုတော် ရစ်ကီမာတင် သီဆိုထားသည့် The Cup of Life သီချင်းမှာ ပြိုင်ပွဲ တစ်လျှောက် လူကြိုက်အများ ဆုံးသီချင်း ဖြစ်သည်။

၂၀၁၀ ကမ္ဘာ့ ဖလားတွင် အသင်းပေါင်း ၃၂သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး တောင်အာဖရိကမြို့ ကြီး ၁၁ မြို့ တွင်ကျင်းပမည် ဖြစ်သည်။ This Time of Africa သီချင်းကို ရှာကီရားက အာဖရိက ဘာသာ ၊အင်္ဂလိပ်
ဘာသာ တို့ ဖြင့်သီဆိုထားပြီး အာဖရိက ဗုံသံ ၊ လက်တင် ဆမ်ဘာ နှင့် ရောယှက် ကာ Break Beat စတိုင် ဖြင့်သီဆိုထားသည်။

အာဖရိကဘာသာဖြင့် သီဆိုထားသည့် သီချင်း၏ မူရင်းမှာ ကင်မရွန်း နိုင်ငံမှ နာမည်ကျော် သီချင်း ဇန်ဂါလ၀ါ ဇာမီနာ (၀ါကာ ၀ါကာ) ဖြစ်သည်။

၁၉၃၀ မှ စတင်ခဲ့သည့် ကမ္ဘာ့ ဖလားပြိုင်ပွဲ တစ်လျှောက်တွင် အီတလီ က ချံပီယံ ဆု လေးကြိမ် ရရှိပြီး ဘရာဇီး က ငါးကြိမ် ရရှိသည်။

MP3 Download Link

Download




ပုံတွင် ၂၀၁၀ ကမ္ဘာ့ ဖလား ကျင်ပမည့် တောင်အာဖရိက အားကစား ကွင်း များ ကို ဝေဟင် မှ တွေ့ ရစဉ်



............................

Tuesday, May 4, 2010

မိုဘိုင်းဖုန်း ဘက်ထရီ အကြောင်း

ဖုန်းဘက်ထရီကို ကြာရှည်ခံအောင်သုံးစွဲနိုင်ဖို့ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို တင်ပြပေးချင်ပါတယ်။

ပထမဦးဆုံးအနေနဲ့ ဘက်ထရီနဲ့ပတ်သက်ပြီးသိသင့်တာလေးတွေကို အရင်ပြောပြပါ့မယ်။ မိုဘိုင်းဖုန်းအသစ် တစ်လုံးဝယ်လာပြီဆိုရင် ချက်ချင်းအားသွင်းတာမျိုး မလုပ်ဘဲ မူလပါတဲ့အားကို ကုန်အောင်သုံးလိုက် ပြီးမှ အားပြန်သွင်းသင့်ပါတယ်။အားသွင်းတဲ့အခါမှာလည်း ဖုန်းကိုပိတ်ပြီးမှ အားသွင်းသင့်ပြီး သီးခြားဖုန်းအားသွင်း စက်တွေကိုလဲ အရေးကြုံမှဘဲ သုံးသင့်ပါတယ်။ သီးခြားဖုန်းအားသွင်းစက်တွေမှာ ဓာတ်အားကိုထိန်းချုပ်မှု အားနည်း တတ်တာကြောင့်ပါ။

တစ်ကယ်လို့ ဘက်ထရီမှာ ဆဲလ်တွေ ဖောင်းလာပြီဆိုရင် မိုဘိုင်းဖုန်းကိုပါထိခိုက်နိုင်တာမို့ ဆက်မသုံးသင့် တော့ပါဘူး။ နောက်ပြီး ဖုန်းမှာမူလပါတဲ့ ဘက်ထရီကိုပဲ အားထား သုံးစွဲသင့်ပါတယ်။ ဘက်ထရီအပိုကိုတော့ အရေးကြုံမှဘဲသုံးသင့်ပြီး ဒီလိုသုံးတဲ့အခါမှာလည်း အနည်းဆုံး ဒုတိယတန်းစား အရည်အသွေးရှိ ဘက်ထရီ ကို အသုံးပြုသင့်ပါတယ်။ ဖုန်းသုံးစွဲသူတစ်ချို့က ဘက်ထရီကို အပို ဆောင်ထားပြီး လဲသုံးလေ့ရှိတယ်။ ဒါပေမယ့် ဘက်ထရီကို ဖြုတ်လိုက်တပ်လိုက် လုပ်တာ များလာရင် ဖုန်းရဲ့ဘက်ထရီတပ်တဲ့နေရာမှာ ပါတဲ့ပင်ချောင်းတွေ ချောင်လာတတ်တယ်။ 

နောက်ဆုံးပြောပြချင် တာက တစ်ကယ်လို့ သင့်မိုဘိုင်းဖုန်းကို မတော်တဆ ရေစိုသွားမယ် ဆိုရင် ပါဝါကို မပိတ်ဘဲ ဆက်သုံးတာမျိုး မလုပ်သင့်ပါဘူးဆိုတာပါ။ ရေစိုတာနဲ့ ပါဝါကိုချက်ချင်းပိတ်ပစ်ပြီး မိုဘိုင်းဖုန်း ဆားဗစ်စင်တာကို သွားရောက်ပြသသင့်ပါတယ်။

နောက်ပြီးတော့ ဘက်ထရီနဲ့ပတ်သက်ပြီး လျှပ်စစ်အမ်ပီယာအကြောင်းနဲ့ ဘက်ထရီ ဆဲလ်တွေအကြောင်းကို ပြောပြချင်ပါတယ်။

ဖုန်းဟန်းဆက်တွေရဲ့ ဘက်ထရီမှာက အမ်ပီယာအားဖြင့် 800 ကနေ 1300 အတွင်း ရှိတတ်ကြတယ်။ ဘက်ထရီ အားသွင်းစက် ပျက်သွားလို့ လဲရပြီဆိုရင် အော်ရီဂျင်နယ်ကို ၀ယ်သုံးနိုင်ရင် အဆင်ပြေပေမယ့် အော်ရီဂျင်နယ်အားသွင်းစက်ကို မရနိုင်တဲ့အခါမှာတော့ မူလအမ်ပီယာနဲ့ အနီးစပ်ဆုံးရတာကို သုံးသင့် ပါတယ်။

နောက်ထပ်ပြောပြချင်တာက ဘက်ထရီဆဲလ်တွေအကြောင်းပါ။

ဘက်ထရီအားက အိုင်ဖုန်းဆိုရင်အနည်းဆုံး ၃ ရာခိုင်နှုန်း၊ တခြားဖုန်းဆိုရင် ၅ရာခိုင်နှုန်း ကနေအများဆုံး ၂၀ရာခိုင်နှုန်းအထိ လောက်ပဲ ကျန်အောင်ချန်ပြီး အကုန်သုံးပစ်သင့်ပါတယ်။ ဘက်ထရီ ဆဲလ်တွေကို ကုန်အောင်မသုံးပစ်ဘဲ ခဏလေးနဲ့ အားပြန်သွင်းပြီး သုံးတဲ့အခါ နောက်ပိုင်းမှာ ဆဲလ်တွေမှာ လျှပ်စစ်အား အပိုဖြစ်ပြီး ကြာလာတဲ့အခါ အလုပ်မလုပ်တော့ တာမျိုးတွေ ရှိလာတယ်။

ပြီးတော့ ဘက်ထရီတွေမှာက ဓာတ်အားတိုင်းတာပေးတဲ့စနစ်ပါရှိတယ်။ ဒီစနစ်က ဆဲလ်တွေမှာ ဓာတ်အား ပြည့်၊ မပြည့်တိုင်းတာ ပေးတာဖြစ်ပြီး ပျက်စီးသွားတဲ့ဆဲလ်တွေကို ထည့်သွင်းမတိုင်းတာပါဘူး။ ဒါကြောင့် ဆဲလ်တွေ ပျက်စီးလာတဲ့အခါ ပုံမှန်နာရီပြည့်အောင် ဘတ်ထရီသုံးလို့မရတော့ဘဲ ဖုန်းကို အားသွင်းရင်လည်း ခဏလေးနဲ့ အားပြည့်နေကြောင်း Sign ပြနေပါလိမ့်မယ်။
မိုဘိုင်းဖုန်းတစ်လုံးမှာ ဘက်ထရီမကောင်းရင် အသုံးပြုရတာ အဆင်မပြေဖြစ်နိုင်သလို နောက်ဆုံးမှာ ဖုန်းကိုပါထိခိုက်ပျက်စီးစေ နိုင်တာမို့ ဘက်ထရီကောင်းတစ်လုံးကို ရွေး ချယ်အသုံးပြုတတ်ဖို့က အရေး ကြီးပါတယ်။ ဒီတော့ ဘက်ထရီဝယ်ပြီးမှ သင်စိတ်မညစ်ရစေဖို့ ဘက်ထရီအတု၊အစစ်ဘယ်လိုခွဲမလဲဆို တာကို တင်ပြပေးချင်ပါတယ်။

လက်ရှိဈေးကွက်ထဲမှာ ဘက်ထရီအတု ပြဿနာက အသုံးများတဲ့ မိုဘိုင်းဖုန်းအမျိုးအစားတွေဖြစ်တဲ့ နိုကီယာနဲ့ ဆိုနီအဲရစ်ဆင်မှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။

နိုကီယာဘက်ထရီမှာ အစိမ်းရောင်စတစ်ကာပါရှိပြီး ဘက်ထရီနံပါတ်လည်း ပါရှိပါတယ်။ အတုတွေမှာလည်း အစိမ်းရောင်စတစ်ကာပါရှိတတ်ပေမယ့် ဘက်ထရီအစစ်နဲ့ ဒုတိယတန်းစား ဘက်ထရီတွေမှာ ပါတာက Nokia Enahancement ဆိုတဲ့ စာသားပါတဲ့ သုံးဖက်မြင်စတစ်ကာပါ။ ဒီစတစ်ကာလေးက သုံးဖက်မြင် ဖြစ်တဲ့အတွက် စာသားကစတစ်ကာ မျက်နှာပြင်အပေါ်မှာရှိနေတာမျိုး မဟုတ်ဘဲအောက် တစ်နေရာမှာ ရှိနေသယောင် ဖြစ်နေပါတယ်။ ဘက်ထရီအတုတွေမှာတော့ အစိမ်းရောင်စတစ်ကာ ပါပေမယ့် သုံးဖက်မြင် ပုံရိပ်မျိုးကိုမြင်တွေ့ရမှာ မဟုတ်ပါဘူး။

ဆိုနီအဲရစ်ဆင်ဘက်ထရီတွေမှာတော့ သိသာထင်ရှားတဲ့ထူးခြားချက်နဲ့ ခွဲခြားလို့မရ နိုင်တဲ့အတွက် စမ်းသုံး ကြည့်မှဘဲ သိရမှာပါ။

ဒီတော့ သုံးကြည့်ပြီးလို့ သုံးလလောက်အတွင်းမှာ ဘက်ထရီက ဖောင်းကြွတက်လာပြီး အားအပြည့် သွင်းထားပေမယ့်လည်း ကြာရှည်မခံတာမျိုးဆိုရင် အတုဖြစ်နေတတ်ပါတယ်။

မိမိဟန်းဆက်ရဲ့ ဘက်ထရီသက်တမ်းကောင်း၊ မကောင်းကိုသိနိုင်ရန် နည်းလမ်းနှစ်မျိုးရှိပါတယ်။တစ်မျိုးက
  
Nokia ဖုန်းများရဲ့ ဘက်ထရီများတွင် ဘက်ထရီ ဗိုက်ဖောင်းလာခြင်းကို စားပွဲပေါ်တွင်တင်၍ လှည့်ကြည့် ခြင်းဖြင့် ဘက်ထရီ မွတ်နေအောင်လည်ပါက ဘက်ထရီ သိပ်မကောင်းတော့တာကို အလွယ်တကူ သိနိုင် ပါတယ်။ 
Sony Ericsson နှင့်အခြားbrand များမှ ဘက်ထရီများမှာတော့ Nokia ဖုန်းများကဲ့သို့ အလွယ်တကူမသိနိုင် သော်လည်း မိမိအသုံးပြုနေသော ဟန်းဆက်မှဘက် ထရီကိုဖြုတ်ပြီး မီတာဖြင့်ထောက်ကာ စမ်းကြည့်မယ် ဆိုရင် ကောင်းမွန်တဲ့ဘက်ထရီများသည် 3.9 Vပုံမှန်ရှိပြီး အနည်းဆုံးမှာ 3.7 V ရှိတတ်ကြပါတယ်။ အကယ်၍ ကြာမြင့်စွာ ဖုန်းအားသွင်းထားသော်လည်း 3.2, 3.3 V ထက်ပို၍သွင်းလို့မရတော့ဘူးဆိုရင် ဘက်ထရီ သိပ်မကောင်းတော့ဘူးဆိုတာ သိနိုင်ပါတယ်။




ဒီတော့ အထက်က ဖော်ပြခဲ့တဲ့နည်းလမ်းလေးကို အသုံးပြုလို့ ကိုယ့်အတွက် တကယ် အသုံးတည့်ပြီး ကြာရှည်ခံမယ့် ဖုန်းဘက်ထရီလေးတွေကို ရွေးချယ်ဝယ်ယူနိုင်ပါပြီလို့...။

Friday, April 30, 2010

အပူဒဏ်ကြောင့် အပူရှပ်ခြင်း၊ လေဖြတ်ခြင်းအပါအ၀င် ရုတ်တရက် အသက်သေဆုံးမှုများ ရှိလာ

လက်ရှိအချိန်တွင် လူအများသည်ပူပြင်းသော ရာသီဥတုနှင့်ကြုံတွေ့နေရပြီး အပူဒဏ်၏သက်ရောက်မှု ကြောင့် ဖြစ်ပေါ်သည့် ရောဂါဝေဒနာများ ဖြစ်ပွားလျက်ရှိနေကြောင်း အများပြည်သူများထံမှ စုံစမ်းသိရှိ ရပါသည်။

ရာသီဥတုပူပြင်းလာသည့် အချိန် တွင် ချွေးထွက်လွန်ခြင်း၊ ခန္ဓာကိုယ် အတွင်းရှိ ရေနှင့်ဓာတ်ဆားများဆုံးရှုံး စေနိုင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးမော်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေး ခြောက်ပြီးကိုယ်အပူချိန် အလွန်အကျွံ မြင့်တက်ခြင်း၊ သတိလစ်ခြင်း၊ မိတ်ကဲ့သို့ ယားနာများနှင့် အပူဖုများ ထွက်ရှိခြင်းစသည်တို့ ဖြစ်ပေါ်စေနိုင် ကြောင်း သိရှိရပါသည်။

''အပူချိန်မြင့်တဲ့အတွက် ချွေးထွက်များတယ်၊ ရေငတ်တယ်။ ရေသောက်ပေမယ့် ခန္ဓာကိုယ်ကဆုံးရှုံးသွားတာ ရေချည်းမဟုတ်ဘဲ ဓာတ်ဆားတွေပါတဲ့အတွက် ရေသောက်ပေမယ့် ဓာတ်ဆားဆုံးရှုံးမှုများလာရင် လူက နုံးချည့် လာတယ်၊ မူးဝေလာတယ်၊ ကြွက်တက်ချင်လာတယ်။ ဒါ့ပြင် ဦးနှောက်မှာရှိတဲ့ ကိုယ်တွင်းကိုယ်ပ အပူချိန်ထိန်းပေးတဲ့ အစိတ်အပိုင်းကလည်း အတိုးအလျော့လုပ်ပြီး ထိန်းညှိပေးနေရလွန်းတာကြောင့် ကြာတော့ အစွမ်းအစနည်းလာတယ်။ အဲဒီအချိန် တစ်ကိုယ်လုံးခြစ်ခြစ် တောက်ပူပြီး သတိလစ်တယ်၊ လူမှန်းသူမှန်းမသိလောက်အောင် မေ့မျောတတ်တယ်၊အသက်ဆုံးရှုံးတတ်တယ်။ တချို့က အပူရှပ်ပြီး လေသင်တုန်း ဖြတ်တယ်၊ တချို့ကျတော့ အပူချိန်မြင့်တဲ့အချိန် အရက်သောက်တဲ့ အတွက် ဦးနှောက် သွေးကြောပြတ်ပြီး သေတာမျိုးရှိပါတယ်'' ဟု အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ရှင်းပြခဲ့ပါသည်။

''ရာသီဥတုက အရမ်းပူလာတယ်။ ရန်ကုန်မှာ ၄၀-၄၁ ဒီဂရီ စင်တီဂရိတ်လောက် ပူပြင်းနေသလို နယ်ဘက် တွေမှာလည်း ၄၃-၄၄ ဒီ ဂရီစင်တီဂရိတ်ဝန်းကျင်လောက် ပူနေတယ်လို့ သိရတယ်။ ရာသီဥတုပူလာတာနဲ့ အမျှလူတွေက အပူဒဏ်ကနေ သက်သာချင်တဲ့အတွက် လုပ်မိ လုပ်ရာလုပ်တတ်ကြတယ်။

အဲ့ဒီလိုလုပ်ရာက နေရုတ်တရက် ဦးနှောက်သွေးကြောပြတ်ပြီး လေဖြတ်တာမျိုးကြုံရ တာအဖြစ်များလာ တယ်။ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချို ရောဂါတို့လို ရောဂါ အခံရှိသူတွေဆို အပူဒဏ်ကိုပြင်းပြင်းထန်ထန်ကိုခံစား နေကြရတယ်''ဟု အိမ်ထောင်ရှင် တစ်ဦးက ပြော ကြားပါသည်။

ယခုအချိန်တွင် အပူရှိန်ကို လူ တိုင်းနီးပါးခံစားရလျက်ရှိပြီး အမိုး အကာမဲ့နေရာတွင် အလုပ်လုပ်ရသူများ၊ လယ်ယာနှင့် ဥယျာဉ်ခြံမြေလုပ်သားများ၊လမ်းလုပ်သားများ၊ဆောက် လုပ်ရေးလုပ်သားများ၊ အုတ်ဖုတ်၊ သံ၊ သတ္တုကျိုလုပ်သားများ၊ ဘွိုင် လာအိုး၊ ပေါင်းအိုး၊ ပေါင်းဖိုအစရှိ သည့်တို့နှင့် အလုပ်လုပ်နေရသည့် လုပ်သား များ၊ စားဖိုဆောင်၊ မီးဖို ဆောင်လုပ်သားများစသည်တို့မှာ အပူဒဏ်ကို အပြင်းထန်ဆုံး ခံစားနေရသကဲ့ သို့ အပူဒဏ်ကြောင့်ဖြစ်ပေါ်သော ရောဂါဝေဒနာများကိုအများဆုံးတွေ့ ကြုံနေသူများဖြစ်ကြောင်းသိရသည်။

''အပူဒဏ်ရှိတဲ့လုပ်ငန်းခွင်တွေ မှာ အလုပ်လုပ်ရတဲ့အတွက် အခုလို ပူပြင်းတဲ့နွေအခါမှာ သတိပြုသွားဖို့လို ပါတယ်။ အခုလိုအပူရှိန်ပြင်းတဲ့အချိန် အလုပ်သမားတွေအနေနဲ့ အမိုးအကာမဲ့နေရာမှာ အလုပ်ချိန်ပြည့် တောက်လျောက်အလုပ်မလုပ် သင့်ပါဘူး။ အပူဒဏ်နဲ့ နာရီဝက်ဝန်းကျင် ထိတွေ့ပြီးတိုင်း အပူဒဏ်နဲ့ ဝေးရာ အရိပ်ရတဲ့နေရာမှာ ၁၀မိနစ်ဝန်းကျင်အနားယူဖို့လိုတယ်။ အချိုရည်၊ ဓာတ်ဆားရည်၊ဆားနည်းနည်းခပ်ထား တဲ့ရေးနွေးကြမ်းတို့လို အရည်မျိုး သောက်သုံးသင့်ပါတယ်။ အရမ်းပူ တဲ့နေရာကနေ အပူချိန်ကွာဟချက်များ တဲ့နေရာကို ရုတ်တရက်မ၀င်ရောက်သင့်ပါဘူး။ အပူချိန်မြင့်နေတဲ့အချိန်မှာ ရေလုံးဝမချိုးသင့်ဘူး၊ ဘွိုင်လာ အိုး၊ ပေါင်းအိုးတို့လိုနေရာ မျိုးနားကထွက်လာရင် လေအေးပေးစက်တပ်ထားတဲ့နေရာမျိုးကို တန်းဝင်သွား တာမျိုး လုံးဝမလုပ်သင့်ပါဘူး။ ဒါမှခန္ဓာကိုယ်ရဲ့အပူထိန်းအစိတ်အပိုင်းက အပြင်မှာဖြစ်နေတဲ့ အပူချိန်နဲ့ ကိုယ်တွင်းအပူချိန်ကွာဟချက်ကျဉ်း မြောင်းအောင်ထိန်းညှိပေးနိုင်မှာဖြစ် ပြီးအပူရှပ်တာနဲ့ လေဖြတ်တဲ့ အန္တရာယ်မကျရောက်အောင် ကာကွယ်ပေးနိုင် မှာဖြစ်ပါတယ်''ဟု လုပ်ငန်းခွင်ကျန်း မာရေးပညာရှင်တစ်ဦး ကပြောကြား ခဲ့ပါသည်။

လူတွင် ကိုယ်တွင်းအပူချိန် ၉၈ ဒသမ ၄ဒီဂရီဖာရင်ဟိုက် သို့မဟုတ် ၃၇ ဒသမ ၄ ဒီဂရီစင်တီဂရိတ်ရှိနေစေ ရန် ကိုယ်တွင်းအပူချိန်ထိန်းသိမ်း မှုအစိတ်အပိုင်းကထိန်းညှိပေးထား ပြီး ပြင်ပအပူချိန်ကိုခံနိုင်ရန် အတိုင်း အတာတစ်ခုအထိ ထိန်းညှိပေးနိုင်သော်လည်း အပူချိန်မြင့်မားလွန်းပါက စွမ်းဆောင်နိုင်စွမ်း နိမ့်ကျ တတ် ကြောင်း၊ ထို့ကြောင့် အပူချိန်မြင့်မားချိန်တွင် ရေချိုးခြင်းမှရှောင်ကြဉ်ရန်၊ နေပူထဲတွင် ကိုယ်လက်လှုပ်ရှားမှု ပြင်းထန်စွာမပြုလုပ်ရန်၊ အရက်သေ စာသောက်စားခြင်းမပြုရန်၊ နေ့ခင်းဘက် အပြင်ထွက်လျင်အမိုးအကာ ရစေသည့် ထီး၊ ဦးထုပ်များအသုံး ပြုရန်၊ အပူဒဏ်သက်သာစေသည့် အဖြူရောင်အပါအ၀င် အရောင်ဖျော့ သည့် အ၀တ်အစားများ ၀တ်ဆင်ရန်၊ ချည်ထည်များ ပိုမိုဝတ်ဆင်ရန်၊ ချွေးထွက်များပါက ဓာတ်ဆားရည် သောက်ရန်၊ ကိုယ်အပူချိန်မြင့်ပါက ရေအေးဖတ်တိုက်ရန်၊ သက်ကြီးရွယ်အို၊ ကလေးသူငယ်နှင့်နာတာရှည် ဝေဒနာရှင်များ အရိပ်ရပြီး လေ၀င်လေထွက်ကောင်းသော နေရာများတွင် နားနေရန်၊ မိတ်ဖု၊ ယားနာများ ထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊သနပ်ခါးလိမ်းခြင်း ပြုလုပ်ရန်စသည့် သတိပေးချက်ကို သက်ဆိုင်ရာမှ လည်း အသိပေးနှိုးဆော်ထားကြောင်း သတင်းရရှိပါသည်။


Credit : www.weeklyeleven.com/

Friday, April 9, 2010

ရေဆန်လမ်း


လေ၀င်လေထွက်ဆိုလို့ ventilator မှထွက်သည့်လေသာရှိသည့် သင်္ဘောဝမ်းထဲ၌ တဖြန်းဖြန်း ပွင့်ထွက်နေ တဲ့ မီးပွားတွေကြားမှာ ကျင့်သားရနေတဲ့မျက်လုံးက ကန်းသွားမှာကို မကြောက်တော့လောက်အောင် အလုပ် အပေါ် အာရုံစိုက်နေမိသည်။ ထို့အပြင် တစ်ကိုယ်လုံးရှိ ချွေးတွေကလည်း အင်္ကျီတထည်လုံး ရေတွေစွတ် ထားသလို စိုရွှဲလို့နေ၏။ ဒီနေ့အတွက် နေ့တွက်စာအပြင် အချိန်ပိုလေးပါ ဆင်းခွင့်ရဖို့ foreman တွေမြင် အောင် တနေကုန် ကြိုးစားလုပ်ပြခဲ့ရသည်။ ပြီးတော့ ယခုလုပ်တဲ့ သင်္ဘောဆီတိုင်ကီဝန်းကျင်နားတွင် safetyအပြည့်ရှိသော်လည်း လုပ်ရဲသူကရှား၏။ထို့ကြောင့်လည်း ကျနော့်အားအချိန်ပိုဆင်းခွင့်ပေးသည်လား မသိ။

ကျနော့်အနေနဲ့က တစ်နေ့ကို အလုပ်ချိန်၂၄နာရီဆိုလျှင်လည်း လုပ်ဖို့အသင့်ပင်ဖြစ်သည်။ဘာကြောင့်လည်း ဆိုတော့ ကျနော်ဒီကိုရောက်လာဖို့ အမေက ကျနော်တို့မိသားစုအိမ်လေးကို ပေါင်နှံလို့ လွှတ်လိုက်ခြင်း ဖြစ် လေသည်။ အမေကတော့ သိပ်လွှတ်ချင်လို့ရယ် မဟုတ်။ ကျနော်ကိုယ်တိုင်က စင်္ကာပူနိုင်ငံတွင် အလုပ်လုပ် ချင်မိခြင်းကြောင့်ဖြစ်သည်။ အဲဒီကပြန်လာကြတဲ့ ကိုရွှေဗမာများက သူတို့သည် ထိုနိုင်ငံတွင် ဘယ်လိုဘယ်ပုံ ငွေရှာလို့ သူဌေးတွေနဲ့ ရင်ဘောင်တန်းပြီး အလုပ်လုပ်ခဲ့ကြောင့် အာဘောင်အာရင်းသန်သန် ပြောပြတတ် ကြ သည်။ ထို့ပြင် အလုပ်သမားခေါ်တဲ့ အေးဂျင့်တွေကလည်း စင်္ကာပူနိုင်ငံတွင် အလုပ်လုပ်ရတာသက်သာ သလို အခွင့်အရေးလည်း အများကြီးရနိုင်ကြောင်း ရွှန်းရွှန်းဝေ ပြောခဲ့ကြသည်။ အခုတော့ သူတို့စကားတွေ ဟုတ်မဟုတ်ဆိုသည်မှာ ကျနော့်ကိုယ်တွေ့တွေက သက်သေပြနေပေပြီ။ မြန်မာဟေ့ဆိုလျှင် ကြည့်သော မျက်လုံးများက အရောင်တမျိုး ဖြစ်နေတတ်သည်။ မှန်းချက်နှင့်နှမ်းထွက် မကိုက်သည့်အကြောင်းတွေ ပြောနေလျှင်တော့ များလှချေသည်။ ဒါတွေအားလုံးကို အောင့်အီးသည်းခံကာ ကျနော်တို့အိမ်လေးကို ပြန်ရွေးနိုင်ရန် ကျနော်အစွမ်းကုန် အလုပ်လုပ်ဖို့ လိုအပ်နေသည်။

Alarmသံမြည်လာပြီးနောက် အချိန်ပိုအလုပ်ချိန်စေ့သောအခါ အနားတွင်အသင့်ချထားသော ရေဗူးကိုယူ၍ ရေတ၀သောက်ချလိုက်သည်။ တနေကုန်တနေခန်း အပူထဲတွင် အလုပ်လုပ်ရသောကြောင့် ခန္ဓာကိုယ်တွင်း သို့ရေထည့်လိုက်သည့်အခါတိုင်း လူမှာအငွေ့တွေပင်ပျံတက်သွားသလို ခံစားရ၏။ ရေတော့ကျနော် ကြိုးစား သောက်မှ ဖြစ်မည်။ နို့မို့ မိမိအရည်ပြားတွေအပြင် ခန္ဓာကိုယ်တွင်းမှ ကလီစာတွေပါ မီးကင်ထားသလို ဖြစ်သွားနိုင်သည်။ ဒီလိုအလုပ်ကြမ်းတွေမို့လို့လည်း နိုင်ငံခြားသားများကိုသာ ခေါ်ခိုင်းခြင်းဖြစ်သည်။ နေ့စဉ်နဲ့ အမျှ အလုံပိတ်ထားသော သင်္ဘောအခန်းတွေထဲတွင် ၀ရိန်ငွေ့တွေကိုသာရှူရှိုက်လို့ အသက်ရှင်နေသည့် ဘ၀နှင့် ပြန်ရမယ့်အခကြေးငွေက နှိုင်းယှဉ်ကြည့်လျှင် မဆိုစလောက်သာ။ စင်္ကာပူဒေါ်လာ ၇၅၀ဆိုတာ ကိုယ့်နိုင်ငံဝင်ငွေနဲ့ ပြန်တွက်ကြည့်လျှင်တော့ စိတ်ကူးယဉ်စရာ ကောင်းသလိုလိုပင်။ တကယ်တမ်းမှာတော့ အခွန်ဆောင်ရတာ ၁၀ရာခိုင်နှုန်း ပြန်နုတ်လိုက်လျှင် ကျန်တဲ့ငွေက စားတာသောက်တာ၊ လမ်းစရိတ်တို့နှင့် အိမ်ကိုတောင် အနိုင်နိုင်ပို့နေရသည့် အခြေအနေ။

မိမိအလုပ်ပစ္စည်းတွေ သိမ်းဆည်းနေရင်း တဖက်အခန်းထဲတွင် အလုပ်လုပ်နေရာမှ ထွက်လာသော ကိုအောင်ကြီးကို လှမ်းနှုတ်ဆက်လိုက်သည်။
“ဆရာအောင်လည်း ဒီနေ့ OT ပဲကိုး”
“ဟုတ်တယ်ဟေ့.. ငါလည်း အသေဖြဲနေရတယ်”
“ကြည့်လုပ်ဆရာ… ဘော်ဒီကိုလည်း ပြန်ကာအုံးနော်”
“မတတ်နိုင်တော့ဘူးကွာ.. ဒီလိုမှ မလုပ်ရင် အိမ်စရိတ်အတွက်က မလွယ်ဘူး။ အငယ်ကောင်လေးက ဒီနှစ် ကျောင်းစထားရတော့မှာလေ”

ဟူးကနဲသာသက်ပြင်းချမိတော့သည်။ပြောမယ့်သာပြောနေတာ ကိုအောင်ကြီးအလုပ်ကကျနော့်အလုပ်ထက် ကျန်းမာရေးကို ပိုထိခိုက်စေသည်ဆိုပေမယ့် ကိုယ်ကရောသူနဲ့ သိပ်မခြားလှပေ။ ကျနော်က MIG ဟုခေါ် သော ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့အသုံးပြုပြီး လုပ်ရသော ၀ရိန်အမျိုးအစား။ ကိုအောင်ကြီးက ကာဗွန် ချောင်းတွေကို ရှောခ့်ရိုက်လို့ သံထည်တွေကို လိုသလိုစားထုတ်ရသော Gauging သမားတစ်ယောက်။ သူအလုပ်လုပ်ပြီဆိုလျှင် လေထဲတွင်ကာဗွန်စတွေ ပျံ့နှံ့နေသည်။ mask တွေဘယ်လိုပဲခံခံ အလုပ်သိမ်းလို့ နှာခေါင်းကိုနှိုက်ကြည့်လျှင် ကာဗွန်ကြပ်ခိုးနှင့် မဲမဲအရာများ မြင်မကောင်းအောင် ထွက်လာတတ်သည်။ ၀ရိန်မီးကို ကျင့်သားရပြီးဖြစ်တာတောင် ရံဖန်ရံခါ မျက်လုံးထဲက မျက်ရည်ပူများ အဆက်မပြတ်ကျတတ်လို့ အလုပ်မဆင်းနိုင်သည်အထိ ဖြစ်ရသည်။ အလုပ်စ၀င်ခါစကတော့ ဒီလိုအဖြစ်မျိုးကို ကြုံလိုက်ရတဲ့အခါ ဆက် မလုပ်တော့ပဲ အိမ်ပြန်ပြေးရင်ကောင်းမလား စိတ်ကူးမိသေးသည်။ နောက်.. ကိုယ့်ဝမ်းနာကိုယ်သာသိမို့ ဇွတ်တိုး ဆက်လုပ်ခဲ့သည်။

တွေးရင်းနဲ့ ပစ္စည်းတွေသိမ်းပြီး TimeCardရိုက်ကာ အလုပ်မှစီစဉ်ပေးသောကားဖြင့် အဆောင်သို့ပြန်ခဲ့ သည်။ ထိုဖယ်ရီကားပေါ် ခုန်တက်တဲ့အခါတိုင်း မြန်မာပြည်မှ ၀က်တင်တဲ့ ကားကြီးတွေကိုသာ ပြေးသတိရ တတ်သည်။ ၀က်တွေ့ကိုတော့သတ်ဖို့တင်သည်။ ကျနော်တို့ကိုတော့ ၀အောင်တန်အောင်ခိုင်းဖို့ တင်သည်။ အသတ်ခံရတာထက်စာရင် တော်သေးသည်ဟု ဖြေတွေးရမလိုလို။ ကားပေါ်တွင်လည်း ဘင်္ဂလားဒေ့ရှ်တွေ အိန္ဒိယကုလားတွေနှင့် အပြည့်ဖြစ်သည်။ သူတို့ကလည်း ကျနော်တို့နဲ့မခြား ဇာတ်တူသားပါပဲ။ ဒါပေမယ့် သူတို့ကတော့ကျွန်ချင်းတူတူနည်းနည်းသာတယ်ပြောရမည်။ကျနော်တို့မရောက်ခင်ကတည်းကဒီမှာကျွန်လာ ခံနေတော့ကျွန်လောကတွင်နေရာကောင်းရနေသောကျွန်များဖြစ်ကြသည်။ထိုရောက်နှင့်သောကျွန်များထဲ တွင်ဘင်္ဂလားကျွန်များကသဘောထားဆိုးကြသည်။ဒင်းတို့ကဘယ်တုန်းတည်းက ဗမာဆိုလျှင်ကြည့်မရသည် မသိ။ အခွင့်ကြုံတိုင်း ဖိနှိပ်ခိုင်း၍ သူဌေးကျေနပ်အောင် လုပ်ပြတတ်သည်။

ကျနော်တို့ ဘိုးဘေးများလက်ထက်တုန်းကတော့ ကုလားဆိုတာမျိုးက ချေးကျုံး၊ သေးကျုံး၊ လန်ချားဆွဲ စသဖြင့် ကျနော်တို့နိုင်ငံမှာ ကျွန်လာခံကြရသည်။ ကျနော်တို့ လက်ထက်တွင်မှာတော့ နိုင်ငံပေါင်းစုံသို့ လှည့်လည် ကျွန်ခံကြရသည်။ ထိုအဖြစ်ကြောင့် ကျနော့်ခေါင်းထဲတွင် ကံတူလို့ အကျိုးပေးတူကြသော ကျနော်တို့ နိုင်ငံသားလူမျိုးများအတွက် စိတ်မကောင်းဖြစ်ရသည်။ ထိုထက်စိတ်မကောင်းဖြစ်စရာ လက်ငင်းသတင်းတွေကလည်း ရှိသေးသည်။ လွန်ခဲ့တဲ့အပတ်က yard ထဲတွင် ကရင်သူငယ်ချင်း တစ်ယောက်သည် ဘင်္ဂလားတစ်ကောင်အား ထိုးကြိတ်မှုဖြင့် ဂိုဏ်းစတားနှင့်လေဆိပ်အထိ ချက်ခြင်းပို့ကာ ပြည်တော်ပြန်ခွင့် ပြုလိုက်သည်။

ရန်ဖြစ်ရသည့်အကြောင်းမှာ ထိုဘင်္ဂလားက ဖုန်းဇာတ်လမ်းမှ အရင်းပြုပြီး မြန်မာအိမ်ဖော်မတစ်ယောက်နှင့် လစဉ် ဟိုတယ်တွင် စခန်းသွားနေကြောင်း ထိုကရင်အား ပြောပြသည်။ ထိုကရင်လည်း တအံ့တသြဖြင့် ကိုယ့်လူမျိုးတွေရဲ့ ဇာတ်လမ်းကို အောင့်အီးနားထောင်နေရာမှ ထိုမြန်မာအိမ်ဖော်မရဲ့ နာမည်နှင့်အသက်ကို မေးလိုက်သောအခါ ဒီနိုင်ငံတွင်ပင် အိမ်ဖော်လုပ်နေသော သူ့ညီမအရင်း၏ နာမည်နှင့်အသက်ပါတူနေသဖြင့် စိုးရိမ်သွားမိသည်။ ထို့ကြောင့် ထိုကုလားအား အချိုသပ်၍ ပုံရှိလျှင်ပြရန် တောင်းလိုက်သောအခါ ထိုကုလားက သူ့ဖုန်းဖြင့်မှတ်တမ်းတင်ထားသော ဟိုတယ်တွင်းပုံများကို ထိုကရင်အား အားပါးတရပြလေသည်။ ထိုကုလားဖြင့် ပျော်မြူးနေသော အနှီးသူငယ်မမှာ ကရင်၏ ညီမအရင်းခေါက်ခေါက်ဖြစ်နေသည်ကို မြင်ရသောအခါ ကရင်လည်းစိတ်မထိန်းနိုင်တော့ပဲ ထိုကုလားအား နှာခေါင်းရိုးကျိုးလို့ မျက်စိတဖက်မှ သွေးကျတဲ့အထိ ထိုးလေသည်။ ကံကောင်းသည်မှာ ကုမ္ပဏီက နာမည်ပျက်မည်စိုးသဖြင့် အထိုးခံရတဲ့ ကိုရွှေကုလားကို ကျေနပ်အောင်ငွေပေး၊ ဆေးကုလုပ်ပြီး ကရင်အားစောစောပြန်လွှတ်လိုက်သည်။ သို့မဟုတ်ပါက ကရင်လည်း ဒီနိုင်ငံတွင် ကြိမ်ဒဏ်သို့မဟုတ် ထောင်အနည်းဆုံးခြောက်လကျနိုင်သည်။ ကျန်ရစ်သော သူ့ညီမကတော့ ဘယ်လိုဆက် စခန်းသွားအုံးမည် မသိပေ။

အဆောင်ရှေ့ရောက်လို့ ကားရပ်တာနဲ့ ကားပေါ်မှ အပြေးဆင်းကာ အခန်းထဲဝင်လို့ အ၀တ်အစားပင် မလဲနိုင်သေးပဲ ညစာအတွက် ချက်ဖို့ပြုတ်ဖို့ ပြင်ဆင်ရသည်။ ကျနော်တို့ ထမင်းဟင်း ချက်ရန် အတွက် နေရာက လက်ရှိအဆောင်ရှိလူနှင့် မလောက်ငသဖြင့် ကိုယ်ကဦးအောင်နေရာယူပြီး ချက်ပြုတ်မှ ညစာကို ကိုးနာရီလောက်စားဖြစ်သည်။ဝက်သားချက်သောနေ့တွင်မှာတော့ ကိုယ့်မီးဖိုနား မီးဖိုလုရန်ဘယ်ဘင်္ဂလားမှ မကပ်ဝံ့ ကြပေ။ ထို့ကြောင့် သူတို့ မီးဖိုလာမလုစေရန် ကိုယ်ကပဲ ၀က်သားနေ့တိုင်း စားရမလိုလိုပင်။

စားသောက်ပြီးသောအခါ ဖုန်းမှသွင်းထားသော သီချင်းလေးများနားထောင်လို့ မိမိနှင့် အခန်းဖော်လည်းဖြစ်၊ ကုတင်အတူ အိပ်ဖက်လည်းဖြစ်သော ကိုအောင်ကြီးနှင့်နှစ်ဦးပိုင်နန်းတော် နှစ်ထပ်ကုတင်ပေါ်တွင် သူက အပေါ် အထပ်တွင်အိပ်၊ ကျနော်ကအောက်အထပ်တွင်အိပ်လို့ မိန့်မိန့်ကြီးစံမြန်းကာ မြန်မာပြည်မှ မိမိတို့၏ ရှေးဟောင်းဖြစ်ရပ်များကို ပြန်လည်တူးစွရင်း အပြန်အလှန်ပြောပြ အလွမ်းဖြေကြရသည်။ ကိုအောင်ကြီး ပြောပြနေကျ အကြောင်းတွေထဲတွင် သူ့သားနှစ်ယောက်အကြောင်းက ညတိုင်း အမုန်းနားထောင်ရသည်။ သူပြောပြနေတဲ့ အမူအရာနဲ့ လေသံတွေကို နားရည်ဝလာတော့ ကိုယ်တောင် သူ့နေရာကိုရောက်ပြီး ခံစားရ သလိုပင် ဖြစ်မိသည်။

“ငါ့သားအကြီးကောင်က အေးတယ်ကွ.. စကားပြောရင် မပွင့်တပွင့်နဲ့.. ရုပ်ကတော့ ငါ့အတိုင်းပဲ လန်းတယ်ပေါ့ကွာ”
“တော်ပါ ကိုအောင်ကြီးရာ အကိုသားချောတယ်ပြောချင်ပြောပါ။ အကို့ရုပ်ကြီးလန်းတယ်တော့ ထည့်ပြောမနေပါနဲ့။ ဒီလောက် ၀ရိန်အပူတွေမိနေတဲ့ ဘဲကင်လိုအသားအရည်က ဘယ်လိုလုပ် ချောလာတော့မှာလဲ”

ကျနော့်စကားကြောင့် ကိုအောင်ကြီးကတဟားဟားရယ်လို့အငယ်ကောင်အကြောင်းပါဆက်ပြော ပြန်သည်။

“နောက်တာပါကွာ.. ငါ့သားအငယ်လေးကျတော့ ဉာဏ်ထက်မယ့်ပုံ။ စကားကလည်း ပြောတတ်သလား မမေးနဲ့ဟေ့..သူ့အဘွားကဆိုသူ့ကိုအသည်းစွဲပဲ။အငယ်ကောင်လေး မွေးပြီးနောက်ပိုင်းမှ အဲဒီယောက္မကြီးက င့ါကိုအမြင်ကြည်လာတာ။ဒီကောင်က နိမိတ်ကောင်းတဲ့ကောင်လို့ပြောရမယ်။ ဒီသားနှစ်ကောင် လူလူသူသူ ဖြစ်တဲ့အထိ ငါကြိုးစားရမှာပဲ”
“အင်း..ကြိုးစားတာလည်းကြိုးစားကြတာပေါ့အကိုရာ။ကျန်းမာရေးထိလောက်အောင် ကျနော်တို့ တာတိုပြေး နေရတော့ ကြာရင်မလွယ်ဘူး”
“လတ်တလောတော့ မတတ်နိုင်သေးဘူး ငါ့ညီရာ။ ဒီဝဋ်ကြွေးက ကိုယ့်ဒေါသနဲ့ကိုယ်ပဲလေ။ ဒို့ရွှေပြည်ကြီးမှာ ပြန်ပြီးအခြေတည်နိုင်ဖို့က ရေလိုတာကိုး။ ဒီတော့ ငါတို့ရသလောက်တော့ လုပ်နေရအုံးမှာပဲ”

ကိုအောင်ကြီးရဲ့ စကားသံအဆုံးမှာ သူရောကျနော်ပါ တဒင်္ဂတိတ်ဆိတ်သွားကြသည်။ ကိုယ့်အရေးနဲ့ ကိုယ်တွေမို့ အတွေးတွေကလည်း ဖြစ်ချင်တဲ့ အိပ်မက်တွေနဲ့အတူ ဒွေးရောရှက်တင် ဖြစ်နေကြသည်ပေါ့။ ဘာလိုလိုနဲ့ သင်္ကြန်လည်းနီးလာချေပြီ။ အမေတရားစခန်းဝင်ခါနီး ငွေလေးလည်း အမှီပို့လိုက်ချင်သည်။ ပြီးတော့ ကျနော့်ရဲ့ တစ်ဦးတည်းသောညီလေးကလည်း လည်ချင်ပတ်ချင်၊ ၀တ်ချင်စားချင်ရှာမည်။ဒါကြောင့် နောက်ရက်တွေလည်း foreman တွေမြင်သာအောင် အလုပ်ကိုကြိုးစားရပေလိမ့်အုံးမည်။ သြော်.. ငွေ.. ငွေ.. အချိန်တိုင်းမှာ သူ့ကိုဖိတ်ခေါ်နေနိုင်ဖို့က ဒီအရပ်ဒီဒေသမှာတော့ ကျနော်တို့လိုကောင်တွေအတွက် ကျန်းမာရေးနဲ့ပဲ လဲခွင့်ရနိုင်မယ်လေ။ ရွှေပြည်ကြီးကနေ ပညာတွေသိပ်တတ်လို့ လာကြတဲ့သူတွေလည်း ကျနော်တို့ရှေ့တင် ပုံစံအမျိုးမျိုးနဲ့ ဖိနှိပ်ခံနေရတာပါပဲ။ ဒီတော့ စိတ်ဖိစီးခံရမှုချင်း မကွာလှဘူးပေါ့။ အတွေးထဲ မြောနေခိုက်…

“ဟေ့ရောင်.. သင်္ကြန်နီးလာတော့ မင်းကောင်မလေးကို သတိမရဘူးလား” လို့ ကိုအောင်ကြီးက လှမ်းမေးသည်။ သူလည်း သူ့မိန်းမကို သတိရနေရင်းက ကျနော့်ကောင်မလေးကို ကျနော်သတိရအောင် စကားစပေးသည်လား မသိ။ ဟုတ်ပါသည်။ ကျနော့်မှာလည်း နှလုံးသားထဲက ချစ်ရတဲ့ချစ်သူ ရှိနေသေးသည်လေ။ အတွေးတွေထဲအမြဲရှိနေတတ်တဲ့ သူမမျက်နှာလေးသည် စိတ်ဖိစီးမှုတွေကြားထဲက ပြန်မြင်ယောင်လိုက်တိုင်း ပြတ်ပြတ်ထင်ထင် ၀င်းပနေတတ်သည်။ ကျနော်အိပ်မက်တွေမှာ သူကညတိုင်း လိုလိုသနပ်ခါးပါးကွက်ကြားလေးနဲ့ပြုံးနေတတ်သည်။မိသားစုအတွက်ခိုင်မာတဲ့ဘ၀တစ်ခုအမြန်တည်ဆောက် ချင်တဲ့စိတ်၊ပြီးတော့သူမနဲ့အမြန်နီးချင်တဲ့စိတ်၊အဲဒီစိတ်တွေကြောင့်လည်းဒီကိုရောက်လာခဲ့ရသည်။ သူမကတော့ ကျနော့်ရဲ့ သဘောထားဆန္ဒတွေအတွက် ဘာမျှမကန့်ကွက်ခဲ့ပါဘူး။ ဒါပေမယ့် ကျနော် ဒီကို လာမယ်ဆိုတာ သေချာစွာသိရတဲ့နေ့က သူမကိုအဲဒီကိစ္စပြောပြတော့ သိမ့်ကနဲတုန်သွားပြီး ရှိုက်ကြီးတငင် ငိုချလိုက်တဲ့သူမရဲ့မျက်ရည်တွေဟာသနပ်ခါးပါးကွက်ကြားလေးပေါ်မှာလှိုင်းထန်သွားခဲ့ရသည်။ တသက်တာ နီးခွင့်ရဖို့ ခဏတာခွဲခွာမှုအတွက် ဖြေသိမ့်နိုင်ပါစေ ချစ်သူ။

“ဟကောင်.. ငါမေးတာရော ကြားရဲ့လား။ ကောင်မလေးအကြောင်းလည်း မေးလိုက်ရော အသံပါတိတ် သွားတာပဲ”
“ဆောရီးအကိုရာ.. ကျနော်လည်းအတွေးလွန်သွားတယ်”
“ငါသိပါတယ်ကွာ.. ဒါကြောင့် မင်းကိုဆက်မမေးပဲ စောင့်နေတာ။ သက်ပြင်းရှည်ကြီးချသံကြားပြီမှ ထပ်မေး လိုက်တာ။ ဘာမှသိပ်တွေးမနေနဲ့ ငါ့ညီရေ။ ငါတို့မှာ မနက်ဖြန်တွေအတွက် ခန္ဓာကိုယ်ကျန်းမာနေဖို့ လိုသေး တယ်။ ဒီတော့ အိပ်ချိန်ရောက်တာနဲ့ အိပ်ဖို့သာပြင်ဆင်ပေတော့ ”
“ဟုတ်ကဲ့အကို ကျနော်လည်း အခုအိပ်တော့မယ်။ ကျနော်မီးထပိတ်လိုက်တော့မယ်နော်”
“အေး.. အေး.. ဘုရားလည်းရှိခိုးပြီးမှ အိပ်နော်”
“ဟုတ်ကဲ့” ဆိုပြီး ကျနော်က မီးထပိတ်လိုက်သည်။

ကိုအောင်ကြီးဆီမှ ဘုရားဝတ်ပြုသံသဲ့သဲ့မျှကြားပြီးကျနော်လည်း ဘုရားဝတ်ပြုကာ အိပ်ချလိုက်တော့သည်။ အိပ်ခါစ မျက်လုံးစမှိတ်လိုက်ချိန်မှာတောင် ၀ရိန်မီးတွေက တဖွားဖွားနှင့် ပြန်မြင်ယောင်နေသေးသည်။ နေ့စဉ်ထိတွေ့နေရတဲ့ အလုပ်ဆိုတော့လည်း အမြဲလွှမ်းမိုးနေတတ်သည်ပေါ့။ ဒီဝရိန်မီးတွေ တဖွားဖွားနဲ့ တောက်လောက်နေသလို ကျနော်တို့နှလုံးသားထဲက သမုဒယမီးတွေကလည်း တဖွားဖွားတောက်လောင် နေသမျှဒုက္ခပင်လယ်တွေထဲ သံသရာတစ်လျှောက် ကူးခတ်နေကြရအုံးမှာပေါ့လေ။ ထိုအခိုက် အမေ့ရဲ့ ဘုရားရှိခိုးပြီး မေတ္တာပို့နေကြ အသံလေးကြားယောင်မိသလိုလို ခံစားရပြီး နှလုံးသားက ခဏတာငြိမ်ဝပ် သွားတယ်။ အဲဒီနောက်… ဆန္ဒလွန်အိပ်မက်တွေထဲ ကူးခတ်ဖြစ်သည်ပေါ့။
…………………………………………………………….

Shipyard တွေထဲကို မနက်၇နာရီထိုးပြီဆိုတာနဲ့ ၀င်ရတာမို့ အဆောင်မှ ရှိသမျှ အလုပ်သမားအကုန်လုံးဟာ မနက်၆နာရီတည်းက စုစုရုံးရုံးနဲ့ အဆောင်ရှေ့တန်းစီလို့ ကြိုပို့ကားကို စောင့်ကြရသည်။ ကျနော်တို့လည်း ထိုနည်း၎င်းမို့ ကားစောင့်ရင်း အသင့်ဖျော်လာသော ကော်ဖီမစ်ကိုသောက်ကာ စောင့်နေလိုက်သည်။ yard ထဲရောက်တော့ Time card ရိုက်သည်။ ထို့နောက် မိမိလုပ်ငန်းခွင်ရှိရာ ပြန်လည်ပြင်ဆင်နေသော သင်္ဘောဆီသို့ ခပ်သွက်သွက်သွားရသည်။ မိမိထက် စောလျင်စွာရောက်နေတတ်သော foreman တွေမြင်အောင် အလုပ်လုပ်ရန် ပြင်ဆင်ပြကြရသည်။ ဒါမှ သူတို့ကြည်ဖြူမှာပေါ့။

မိမိတို့အသုံးပြုမည့် ပစ္စည်းပစ္စယများ အသင့်ဖြစ်သောအခါ ၁၀မိနစ်ခန့် safety နဲ့ပက်သက်သည်များကို Yard ထဲမှာ safety officer များက ထပ်မံမှာကြားကြသည်။ ထိုနောက်တွင် မိမိနှင့်ဆိုင်ရာ သဘောင်္များပေါ်သို့ တက်ကာ အလုပ်လုပ်ကြရတော့သည်။ မိမိနှင့် ကိုအောင်ကြီးက သင်္ဘောတစ်စီးတည်း အလုပ်လုပ်ရသည်ဆိုတော့ သင်္ဘောပေါ်တက်ရန် foreman ကို လှမ်းသတင်းပို့လိုက်သည်။ ထိုပုဂ္ဂိုလ်က ဦးစွာသင်္ဘောပေါ်တက်ပြီး လုပ်ကွက်များကို စစ်ဆေးကာ မိမိတို့အား အလုပ်လုပ်ရန်နေရာ ချပေးလေ့ရှိသည်။ သူက OK ဟု အချက်ပြသောအခါ သဘောင်္ကုန်းပတ်ပေါ်အရင်တက်၍ ထိုမှတဆင့် ၀မ်းထဲသို့ Man Hole အပေါက်တွေမှတဆင့် ၀င်လာခဲ့သည်။

ဒီနေ့တော့ ကိုအောင်ကြီးနဲ့ ကျနော်တခန်းတည်း အတူတူ ၀ရိန်ဆော်ရမည်မို့ လေစုပ်ပန်ကာသံတွေ၊ ၀ရိန်ဆော်တဲ့အသံတွေ၊ တဖက်ခန်းမှ ထုရိုက်သံတွေ ဆူညံနေပေတော့မည်။ သူရော ကျနော်ပါ လိုအပ်သည်များ ပြင်ဆင်နေကြသည်။ ထိုအခိုက် foreman က လေစုပ်ပန်ကာ လာပို့မည် ရသလောက်လေးပဲ ၀ရိန်ဆော်ထားနှင့်ကြဟု လာရောက်မှာကြားသည်။ လေစုပ်ပန်ကာမရှိပဲ နှစ်ယောက်ဝရိန်ဆော်လျှင် အငွေ့တွေနှင့် အသက်ရှုကျပ်ပြီး သေဖို့သာရှိသည်။ ထို့ကြောင့် ကျနော်က“အလုပ်မလုပ်ဘူးဗျာ” ဆိုပြီး သင်္ဘောခန်းထဲ ထိုင်မည်ပြုသည်။ ထို foreman ကုလားတွေက သူတို့အလုပ်ပြီးဖို့လောက်သာ ကြည့်တတ်သည်။ တကယ်တမ်း မိမိတို့ကို သိပ်ညှာသည်ဆိုတာ မရှိပေ။

ကိုအောင်ကြီးကတော့ မိမိတို့အား ကုလားစိတ်ခုမည်စိုးသဖြင့် နည်းနည်းဖြစ်ဖြစ် အလုပ်လုပ် ကြရအောင်ဆိုကာ..
“လာပါကွာ မင်းရောငါရော ညက အအေးမိလို့ နှားခေါင်းတွေပိတ်နေတာပဲ။ အနံ့သိပ်ရမှာ မဟုတ်ပါဘူး” ဆိုပြီး ရီစရာပြောကာ အခန်းထဲဝင်လာကြသည်။ တကယ်လည်း နှာမွှန်နေသဖြင့် နှာခေါင်းတွေ ပိတ်နေကြသောကြောင့် သိပ်မဆိုးလှဟုဆိုကာ နည်းနည်းပါးပါးလုပ်ရန် ပြန်ဆင်လိုက်သည်။
“ဒါဆို ဒီလိုလုပ်ဗျာ.. ကျနော်အရင်အလုပ်လုပ်နှင့်မယ်။ အကိုက ကျနော့်ကိုခဏစောင့်ပေး။ ကျနော်ပြီးတော့မှ အကိုကနည်းနည်းလုပ်ပေါ့”
“အိုကေ.. ဖြစ်တယ်။ ဖြည်းဖြည်းချင်းပဲ လုပ်ကြတာပေါ့” ဟုပြောကာ ဘေးတွင်ရှိသော ပုံးအလွတ်တစ်လုံးကို မှောက်ကာ ထိုင်နေသည်။

မိမိတို့အခန်းထဲတွင် ညဆိုင်းမှ အလုပ်လုပ်သွားကြသော Fitter များမှ သူတို့၏ လုပ်လက်စ Acetylene Gas ပိုက်များကို လုံအောင်ပိတ်မသွားကြသောကြောင့် ထိုဓာတ်ငွေ့များသည် အခန်းထဲတွင် ပျံ့နှံ့နေသည်။ ထိုအချင်းအရာကို ကျနော်တို့၏ နှာခေါင်းမှ အနံ့ကောင်းစွာ ခံစားလို့မရခဲ့သဖြင့် သတိမမူမိကြပေ။ ကျနော်ဝရိန်စဆော်ဆော်ချင်း ကိုအောင်ကြီးက ဂတ်စ်ပိုက်ကို မြင်သွားပြီး “ဟာ.. နေဦး” ဟု လှမ်းတားသံကို ရုတ်တရက်ကြားလိုက်ရသည်။ ဒါပေမယ့် လက်က၀ရိန်ဂေါက်နဲ့ အလုပ်လုပ်ရမည့် သံထည်ပေါ် ချမိပြီး မီးတွေပွင့်ထွက်သွား၏။ ၀ုန်းကနဲ ပေါက်ကွဲသံနှင့်အတူ ကျနော်တို့နှစ်ယောက်ရဲ့ အခန်းလေးထဲ မီးခိုးတွေ အူလှိုင်လို့သွားတော့သည်။
……………………………………………………………

သင်္ကြန်ကျပြီတဲ့…။
ညကရွာထားသည့် မိုးကြောင့်ထင်သည်။ အိမ်ရှေ့ပိတောက်ပင်ကြီးမှ အပွင့်တွေဝါထိန်နေအောင် မြင်နေရ၏။ သင်းပျံ့နေတဲ့ ပိတောက်ပန်းရနံ့တွေ၊ မြေသင်းနံ့တွေနဲ့အတူ လေပြေကလေးကလည်း အေးမြမြရှိလှသည်။ အဆိပ်ငွေ့တွေကို နေ့စဉ်ရှုရှိုက်လို့ ကာလရှည်ကြာ နေထိုင်ခဲ့ရတဲ့ကျနော်က ဒီလိုသဘာဝပတ်ဝန်းကျင်မျိုးကို တမ်းတမ်းတတ ငတ်မွတ်နေတာ ကြာလှပါပေါ့။ အမေက တရားစခန်းမ၀င်ခင် အငယ်ကောင်နဲ့ ကျနော့်ကို အိမ်မှာကောင်းကောင်းနေဖို့ မှာရစ်သည်။ ကျနော်ကလည်း ညီလေးအတွက်ရော ကျနော့်အတွက်ပါ စိတ်ချဖို့ အမေ့ကိုပြောရသည်။ အကြိုနေ့မနက်တွင် ညီလေးနဲ့အတူ လမ်းထိပ်က ရေပက်မဏ္ဍပ်ကို လာခဲ့သည်။ လမ်းထိပ်သို့ရောက်ခါနီးသော် ညီလေးမှာ ပျော်ရွှင်စွာဖြင့် မဏ္ဍပ်ရှိရာသို့ အပြေးဝင်သွားသည်။ မဏ္ဍပ်ထဲတွင် ကိုအောင်ကြီး သားနှစ်ကောင်၏ ဆူဆူညံညံ ရေကစားသံမှာ အကျယ်ဆုံးဖြစ်နေပြီး ကိုအောင်ကြီးကလည်း သူ့သားတွေနဲ့အတူ တဟားဟား ပျော်မြူးနေသည်ကို မဏ္ဍပ်နား မရောက်သေးသောကျနော်ပင် အဝေးမှအတိုင်းသား ကြားနေရ၏။ ထို့နောက် ကျနော်ချစ်သောသူမသည်လည်း ရေဖလားလေးကိုင်လို့ ကျနော့်အား ပြုံးပြုံးလေး စောင့်ကြို နေလေတော့သည်။ သြော်.. သူမပါးကွက်လေးတွေ ရေတောင် မစိုသေးပါလား…။


                                                                                               ရွှင်လန်းချမ်းမြေ့ပါစေ..
                                                                                                               မိုးမောင် 
 
 
 
 
Credit : http://happycloud1000.mmgenius.com
 

Friday, April 2, 2010

ပို့ပြီးသား အီးမေးလ်ကို ဘယ်လို ပြန်ပြင်မလဲ...

ကျွန်တော်တို့ ကြားဖူးနေကျ မြန်မာစကားပုံတစ်ခုရှိပါတယ်။'ကြမ်းကျွံရင်နုတ်လို့ရတယ်၊စကားကျွံရင်နုတ်လို့  မရဘူး'ဆိုတဲ့ စကားပုံပါ။ဒီလိုပါပဲ အီးမေးလ်တွေကို အသုံးပြုကြတဲ့အခါ ကိုယ့်ဆီကထွက်ပြီးသား အီးမေးလ် ကို ပြန်ယူပြီး စိတ်ကြိုက်ပြင်လို့ မရနိုင်ပါဘူး။ ဒါပေမယ့် တစ်ခုခုမှားယွင်းသွားတဲ့ သင့်အီးမေးလ်ကို ချက်ချင်း ပြန်ခေါ်ပြီး ပြင်ဆင် နိုင်မယ့်လုပ်ဆောင်ချက်တစ်ခုကို ဂူးဂဲလ်က ဖန်တီးပေး ထားပါတယ်။

ဒါကတော့ ဂျီမေးလ်ကနေ သင်ပို့လိုက်တဲ့အီးမေးလ်ကိုပို့ပြီး ငါးစက္ကန့်အတွင်းမှာ Undoလုပ်ပြီးပြန်ပြင်နိုင်မယ့် လုပ်ဆောင်ချက်ပါ။ ဒီလုပ်ဆောင်ချက်ကို အသုံးပြုနိုင်ဖို့အတွက် သင့်ဂျီမေးလ်လိပ်စာရဲ့ ညာဘက် အခြမ်း အပေါ်ဘက်မှာရှိတဲ့ Setting ထဲက Lab ဆိုတာကို ကလစ်နှိပ်ပြီး ရွေးလိုက်ပါ။ Lab ထဲကမှ Undo send option ဆိုတာကိုရွေးပြီး Enable လုပ်လိုက်ပါ။ ပြီးရင် ကိုယ်ပြောင်းထားတဲ့ Setting ကို Save လုပ်ပြီးတာနဲ့ ဒီလုပ်ဆောင်ချက်ကို စသုံးလို့ရပါပြီ။

ဒီလုပ်ဆောင်ချက်ရဲ့အလုပ်လုပ်ပုံက သင်အီးမေးလ်တစ်စောင်ပို့လိုက်ပြီ ဆိုတာနဲ့ သင့်ကိုအသိပေးတဲ့ Your message has been sent ဆိုတဲ့ စာသားလေးပေါ်လာပါတယ်။ ဒီစာသားလေးရဲ့ဘေးမှာ Undo ဆိုတဲ့ လင့်ခ်လေး တစ်ခုပါပါတယ်။ သင့်အနေနဲ့ ခုနကပို့လိုက်တဲ့အီးမေးလ်ကို ပြန်ခေါ်ပြီး ပြန်ပြင်ချင်တယ်ဆိုရင် အဲဒီ Undo ဆိုတဲ့ လင့်ခ်လေးကို နှိပ်လိုက် ရုံပါပဲ။

အဲ ...တစ်ခုရှိတာက သင်ပို့လိုက်တဲ့ အီးမေးလ်ကိုပြန်ပြင်၊ မပြင် ဆုံးဖြတ်ဖို့အတွက် ငါးစက္ကန့်ပဲအချိန်ရတယ် ဆိုတာပါပဲ။တကယ်လို့ ကိုယ့်မှာပြင်ဆင်စရာတွေရှိတယ်ဆိုရင် အီးမေးလ်ပို့ပြီးငါးစက္ကန့်အတွင်း Undoပြန်နှိပ် လို့ ပြန်ပြင်ကြည့်လိုက်ပေါ့။ ဒီနည်းလေးမှာ လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်က အရမ်းကောင်းပေမယ့် ပြင်၊ မပြင်ဆုံးဖြတ်နိုင်ဖို့ ရတဲ့အချိန်ကတော့ နည်းလွန်းလှပါတယ်။

ဒါပေမယ့် လုံးဝပြင်လို့မရတော့တာထက်စာရင်တော့ ပြင်လို့ရတာက ကိုယ့်အတွက် အများကြီးကောင်းတာမို့ ဒီလုပ်ဆောင်ချက်လေးကို ကျွန်တော်တော့ နှစ်ခြိုက်မိပါတယ်။ ဂူးဂဲလ်ရဲ့ ဒီလုပ်ဆောင်ချက်လေးကို အသုံးချ လို့ အမှားကင်းစင်တဲ့ အီးမေးလ်တွေကို ဖန်တီးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ....။




Credit : Myanmartimes
 ........................

ခွန်အားအကြီးမားဆုံးသတ္တဝါ ပိုးကောင်ငယ်များ

ထွားကြိုင်းသန်မာလှတဲ့ ဆင်ပြောင်ကြီးတွေ၊ ဝေလငါးကြီးတွေအတွက် မျက်နှာပူစရာ စံချိန်သစ်တစ်ခုကို ဦးချိုပါတဲ့ အခွံမာချေးပိုးထိုး (Dung Beetle)လေးတွေက တင်လိုက်ပါတယ်။ သိပ္ပံနာမည် Onthophagus taurusလို့ခေါ်တဲ့ အဲဒီပိုးကောင်လေးတွေဟာ သူတို့ခန္ဓာကိုယ်အလေးချိန်ရဲ့ (၁၁၄၁)ဆကိုသယ်မနိုင်စွမ်း ရှိတာကြောင့် ကမ္ဘာပေါ်မှာ ခွန်အားအကြီးဆုံး သတ္တ၀ါတွေအဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။

ဗြိတိန်နဲ့ ဩစတြေးလျက သိပ္ပံပညာရှင်တွေက တိရစ္ဆာန်မစင်တွေမှာ နေထိုင်ကျက်စားလေ့ရှိကြတဲ့ အဲဒီ
အခွံမာချေးပိုးထိုး (Dung Beetle)လေးတွေရဲ့ စွမ်းဆောင်မှုဟာ ကိုယ်အလေးချိန် (၁၅၄) ပေါင်ရှိတဲ့လူ တစ်ယောက်က နှစ်ထပ်ဘတ်စ်ကား (၆)စင်းစာရှိတဲ့ တန်(၈၀) အလေးချိန်ကို မပြတာနဲ့ အတူတူပဲလို့ ပြောကြားလိုက်ကြပါတယ်။ ခုလိုမျိုး ထက်သန်အားကောင်းလှတဲ့ စွမ်းပကား ခွန်အားမျိုးဟာ ချေးပိုးထိုး ကောင် မျိုးစိတ်တိုင်းလိုလိုမှာ တွေ့ရလေ့ ရှိပေမယ့် သူတို့ရဲ့ မိတ်လိုက်မှု အလေ့အထုံအရ စွမ်းအားသတ္တိ ကွာခြားတတ်ပါတယ်။သဘာဝအားဖြင့်တော့ ချေးပိုးထိုးကောင်တွေဟာ မိတ်လိုက်ခါနီး အချိန်တွေမှာပိုပြီး အားအင်တိုးပွားလာတတ်တယ်လို့ သိရပါတယ်။

“အရင်ကတည်းက  အင်းဆက်ပိုးတွေက သူတို့ရဲ့ လိင်မှုဘ၀အတွက် အားအင်ကိုပိုပြီး အသုံးချတတ်တယ် ဆိုတာ ကျွန်တော်တို့ ဖော်ထုတ်ထားနိုင်ပြီးသားပါ”လို့ လန်ဒန်တက္ကသိုလ်မှာရောက်နေတဲ့ ဩစတြေးလျ နိုင်ငံ၊ကွင်းမေရီက ဒေါက်တာရော့ဘ်နဲလ်က ပြောပြခဲ့ပါတယ်။ “ဒီမျိုးစိတ် ချေးပိုးထိုးကောင် တွေမှာတော့ အမတွေက မြေကြီးမှာ တွင်းတူးပြီး ၀င်နေလေ့ရှိပါတယ်။ အထီးတွေကတော့ အဲဒီတွင်းထဲ ၀င်လိုက်သွားကြ တာပေါ့။ တကယ်လို့ တွင်းထဲမှာတခြားအထီးတစ်ကောင်ရှိနေပြီဆိုရင်တော့ သူတို့အချင်းချင်း တိုက်ခိုက်ပြီး တခြားတစ်ကောင်ကို တွင်းအပြင်ရောက်သွားအောင် တွန်းထုတ်တတ်ပါတယ်”လို့ ဒေါက်တာရော့ဘ်နဲလ်က ဆိုပါတယ်။

အဲဒီလို တွန်းထိုးတိုက်ခိုက်တဲ့အခါ ချိုပါတဲ့ ချေးပိုးထိုးလေးတွေဆီက ထွက်လာတဲ့ခွန်အားဟာ အရွယ်နဲ့မမျှ အောင် ပြင်းထန်လှကြောင်းလည်း သိရပါတယ်။ ဒါဟာလိင်စိတ်က သတ္တ၀ါတွေရဲ့စွမ်းအင်သတ္တိ ထူးတွေကို နှိုးဆွပေးနိုင်တယ်ဆိုတဲ့ အထောက်အထားတစ်ခုလို့ ပြောရင်လည်းရကြောင်း ဒေါက်တာရော့ဘ်နဲလ် က မှတ်ချက်ပေးသွားပါသေးတယ်။
















Credit : www.planet.com.mm

..........................

Wednesday, March 31, 2010

မြန်မာ့ဟက်ကာတွေ Georgia အစိုးရရဲ့ ဆိုက်တစ်ခုကို ဟက်(Hack) လိုက်ဟုဆို

Home Page ကို Deface လုပ်ခဲ့ကာ server ကွန်ပျူတာ အထဲအထိကို ၀င်ရောက် မွေနှောက်ခဲ့ပါတယ်။ BurmeseHackers ဆိုတာဘယ်သူတွေမှန်းမသိသလိုအရင်ကလည်းမကြားဖူးပါဘူး။ သေချာတာတော့ underground hackers အဖွဲ့တစ်ဖွဲ့ပါပဲ။ မေးလ်ကတော့ ughackersgroup{at}gmail.com လို့သိရပါ တယ်။သူတို့တွေက SQL Injection နဲ့ admin password ကိုရယူကာ c99 shell ကိုအသုံးပြုသွားပုံရပါ
တယ်ဟု Planet Creator's Security Team and Hacker Group က ဆိုပါသည်။









































Credit : MCO(www.MyanmarChatonline.org)

Tuesday, March 30, 2010

တရုတ်ပြည်မကြီးမှ Google ထွက်ခွာပြီ

တရုတ်ပြည်မကြီးအတွက် ၎င်းတို့၏ ထောက်ပံ့ထားသော ၀န်ဆောင်မှုများကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း
ကမ္ဘာ့အကြီးဆုံး Search Engine ကုမ္ပဏီကြီး Googleက အတည်ပြု ပြောကြားလိုက်သည်။ ထို့ကြောင့် ယခုအခါ တရုတ်ဘာသာဖြင့် Googleအား အသုံးပြုလိုသူများသည်ဟောင်ကောင်အခြေစိုက်Serverကိုသာ လွှဲပြောင်းအသုံးပြုရတော့မည်ဖြစ်သည်။

မတ်လ(၂၃)ရက်နေ့က Googleသည် တရုတ်ပြည်မကြီးရှိ ၎င်းတို့၏ ရှာဖွေရေးဝန်ဆောင်မှုများရပ်ဆိုင်းပြီဟု
ကမ္ဘာသိ ကြေညာခဲ့ပြီး သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကိုမူ ဆက်လက်ဆောင်ရွက်နေဦးမည်ဟု
အတည်ပြုခဲ့သည်။ တရုတ်အစိုးရက Google.cnတွင် ဆင်ဆာပြုလုပ်ရန် ဖိအားပေးမှုများ ပြုလုပ်ပြီးနောက်
Googleနှင့် တရုတ်အစိုးရကြား တင်းမာမှုများ စတင်ပေါ်ပေါက် လာခဲ့သည်။ တရုတ်နှင့် လပေါင်းများစွာ
ပြဿနာရှိနေခဲ့ပြီးနောက် Googleက ရွေးချယ်သွားသည့် လမ်းမှာ လုံးဝမှားယွင်းနေကြောင်း ဝေဖန်ခဲ့သည်။
Google၏ ဟောင်ကောင်အခြေစိုက် ၀က်ဘ် စာမျက်နှာတွင် “တရုတ်ဘာသာနဲ့ ရှာဖွေမှုတွေ ပြုလုပ်ချင် သူတွေ အတွက် ရိပ်မြုံသစ်လေးက ကြိုဆိုပါတယ်”ဟု တရုတ်ဘာသာဖြင့် မတ်လ(၂၂)ရက်နေ့ကတည်းက ဖော်ပြထားခဲ့သည်။

Google၏ ဥပဒေဌာနအကြီးအကဲ ဒေးဗစ်ဒရမ်မွန်းက “Googleရဲ့ Businessလုပ်ငန်းတွေကို တရုတ်ပြည်
မှာဆက်လုပ်နေတော့မှာ မဟုတ်ပါဘူး။ဒါပေမယ့် ဖွံ့ဖြိုးရေးနဲ့ သုတေသနစီမံကိန်းတွေကတော့ အရင်လိုပဲ
ဆက်ရှိနေမှာပါ။ နောက်ပြီးတော့ ပြင်ဆင်မှုနဲ့ အရောင်းကိစ္စတွေကလည်း တရုတ်ပြည်မှာ ဆက်ပြီးလည်
ပတ်နေပါဦးမယ်။ ဒါပေမယ့် တရုတ်ဘာသာစကားနဲ့ Googleကို သုံးချင်တဲ့ တရုတ်ပြည်သူတွေအတွက် အရင် Linkအစား Google.com.hkကို အစားထိုး သုံးသွားရ တော့မှာပါ”ဟု ပြောဆိုသွားသည်။

Googleသည် ဇန်န၀ါရီလအတွင်းက အင်တာနက်မှတဆင့် ထိုးဖောက်တိုက်ခိုက်မှု အကြိမ်(၂၀)မျှ ကြုံတွေ့ ခဲ့ရပြီး ထိုကိစ္စများသည် တရုတ်Hackerများ၏ လက်ချက်သာဖြစ်ကြောင်း သတင်းများကဖော်ပြခဲ့ပြီးနောက် Googleနှင့်တရုတ်တို့ကြားဆက်ဆံရေးသည် ပိုမိုဆိုးရွားလာခဲ့သည်။အခြေအနေအရပ်ရပ် ကြောင့်မိမိတို့၏ Google.cn၏ ရပ်တည်ရေးမှာပိုမိုခက်ခဲလာပြီး ဆက်လက်ညှိနှိုင်းမှုများပြုလုပ်ရန်မဖြစ်နိုင်တော့ဟု ဒရမ်မွန်း က ပြောကြားခဲ့သည်။ ယခုအခါ Google.cnကို ၀င်ရောက်သည့်အခါ အလိုအလျောက်ပင်Google.com.hk သို့ ပြောင်းလဲချိတ်ဆက်ထားပြီဖြစ်သည်။ Googleသည်ကမ္ဘာ အရပ်ရပ်တွင်ဝန်ထမ်း(၂၀၀၀၀)ကျော်ခန့် ထားပြီး ယင်းတို့အနက် တရုတ်ပြည်တွင် ၇၀၀ခန့်ရှိ ကြောင်းလည်း သတင်းရရှိသည်။



Credit : www.mymcnews.net
.......................

Wednesday, March 10, 2010

ဆိုက်ဘာတိုက်ခိုက်မှုမှ ကာကွယ်နိုင်ရန် ရတနာပုံတယ်လီပို့ ကုမ္ပဏီ စီစဉ်ဆောင်ရွက်

ရတနာပုံတယ်လီပို့ကုမ္ပဏီလီမိတက်မှ အင်တာနက်ဝန်ဆောင်မှုများအား ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာ စံတော်ချိန် နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် DDoS (Distributed Denial-of-Service) စနစ်ဖြင့် ပြည်ပမှ Cyber Attack ပြုလုပ်မှုများကြောင့် အင်တာနက်လိုင်းများနှေးကွေးခဲ့ကြောင်း သိရသည်။

ယခုအခါတွင် အဆိုပါAttackကိုကာကွယ်ရန်အတွက် စက်ပစ္စည်းအသစ်များနှင့် Solutionများကိုတပ်ဆင် အသုံးပြုပြီး ဖြစ်ရာ အင်တာနက်ဝန်ဆောင်မှုများအား ပုံမှန်အတိုင်း ပြန်လည် ၀န်ဆောင်မှု ပေးလာနိုင်ပြီ ဖြစ်သည်ဟု သိရသည်။နောက်ပိုင်းကာလများတွင်လည်း DDoS စနစ်ဖြင့် Cyber Attack ပြုလုပ်မှုကို ကာကွယ်နိုင်ပြီဖြစ်ကြောင်း ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူ တစ်ဦးက ထုတ်ဖော် ပြောကြားခဲ့သည်။

“ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ရတနာပုံတယ်လီပို့က ၀န်ဆောင်မှုပေးနေတဲ့ အင်တာနက်ဆားဗစ်တွေကို DDoS စနစ်နဲ့ အဆက်မပြတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီစနစ်ဟာ IP အတုအယောင်တွေနဲ့ အခြားသူတွေ ၀င်မရအောင်လုပ်တာဖြစ်တဲ့အတွက် ဒီမှာက သုံးတဲ့ IP အရမ်းများတဲ့အခါမှာ Cyber Attack ကြောင့်
IP အတုအယောင်တွေများပြီး ပြည်တွင်းကသူတွေ သုံးမရတဲ့အထိ Server တွေ Down ကုန်ပါတယ်။ ဒီကိစ္စတွေကိုဖြေရှင်းဖို့အတွက် ပြည်တွင်းအိုင်တီကုမ္ပဏီတွေ၊ ပညာရှင်တွေနဲ့ပူးပေါင်းပြီး ကာကွယ်ဖို့ နည်းလမ်း တွေကို စဉ်းစားရှာဖွေခဲ့ပါတယ်။ စဉ်းစားရှာဖွေပြီးတဲ့အခါမှာ လိုအပ်တဲ့စက်ပစ္စည်းတွေကို မှာယူခဲ့ပြီး ယခုလိုဆောင်ရွက်ခဲ့တာဖြစ် ပါတယ်” ဟု ရတနာပုံတယ်လီပို့ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်မှ အင်တာနက်ဝန်ဆောင်မှုများအားCyber Attacl ပြုလုပ်ခံရခြင်းမှာ ပထမအကြိမ်ဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ Cyber Attack ကိုကာကွယ်ရန် နည်းလမ်းကိုရတနာပုံ တယ်လီပို့အနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြည်တွင်းအိုင်တီ ကုမ္ပဏီများနှင့် ပြည်မှပညာရှင်များမှ ပူးပေါင်း၍ဖြေရှင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။


Ref:Internet Journal
.................................

Yatanarpon Teleport Server ပြည်ပမှတိုက်ခိုက်ခြင်းခံရ


ပြည်တွင်းအင်တာနက်လိုင်းများ ဖေဖော်ဝါရီတလလုံးနှေးကွေးနေခြင်းမှာ ရတနာပုံတယ်လီပို့ ISP အား ပြည်ပနိုင်ငံတွင်နေထိုင်သူ Attacker များမှတိုက်ခိုက်ခဲ့ခြင်းကြောင့်ဖြစ်ပြီး၊ယခု အဆိုပါတိုက်ခိုက်ခံရမှုကို
ရတနာပုံတယ်လီပို့ကုမ္ပဏီမှ အိုင်တီပညာရှင်များနှင့်ပူးပေါင်းဖြေရှင်းပြီးဖြစ်သဖြင့် အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်မြန်ဆန်လာပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး ကပြောကြားသည်။

DDoS(Distributed Denial of Service) စနစ်ဖြင့်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး၊ဆိုက်ဘာတိုက်ခိုက်မှုတစ်ခု ဖြစ်သည်။ရည်ရွယ်ချက်မှာ အင်တာနက်အသုံးပြုသူများအားအင်တာနက်များသုံးစွဲမရအောင်ရည်ရွယ် ကြိုးပမ်းခြင်းဖြစ်ကြောင်း သိရသည်။ထို့ကြောင့်ရတနာပုံတယ်လီပို့ ISPအား တိုက်ခိုက်ခဲ့ ခြင်းမှာ ရတနာပုံတယ်လီပို့ကုမ္ပဏီ၏ နာမည်ပျက်စေရန်နှင့် ယင်းISP၏၀န်ဆောင်မှုများအား သုံးစွဲသူများက ယုံကြည်မှုမရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအထက်ပါ တာဝန်ရှိသူ ကဆိုသည်။

“ပြီးခဲ့တဲ့တလလုံးရတနာပုံ ISP ကလိုင်းတွေနှေးကုန်တယ်။အင်တာနက်ပေါ်မှာလည်း ကွန်နက်ရှင်မကောင်း လို့ ဟိုတယ်တွေက ဘွတ်ကင်တွေမရဘူး။လေကြောင်းလိုင်းတွေလည်း အချိန်တွေ နှောင့်နှေးတယ်ဆိုပြီး သတင်းတွေအဆက်မပြတ်တက်လာတယ်။နိုင်ငံခြားမှာသာဆိုရင်အဲဒီ ISP ကသူနဲ့ဆက်စပ်နေတဲ့ လုပ်ငန်း တွေကို လျော်ကြေးပေးရပြီ “ ဟု ၄င်း ကဆက်လက်ပြောသည်။

ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလ ၁ ရက်နေ့နံနက် ၁၀နာရီ၃၀မိနစ် တွင်စတင်၍ DDoS စနစ်ဖြင့်တိုက်ခိုက်ခံခဲ့ရသော ရတနာပုံတယ်လီပို့ ISP အနေဖြင့် ပြည်တွင်းကွန်ပျူတာပညာရှင်များ ၊အိုင်တီကုမ္ပဏီများ ၊ပြည်ပမှ
အိုင်တီ ပညာရှင်များနှင့်ပူးပေါင်း၍ အဖြေရှာခဲ့ခြင်းကြောင့် ယခုလ ၁ရက်နေ့ မှစ၍ ယင်းနှင့်ချိတ်ဆက် ထားသော ပြည်တွင်းအင်တာနက် လိုင်းများပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်းသိရသည်။

“အခုအင်တာနက်လိုင်းတွေပြန်ကောင်းသွားပြီဆိုတာပြည်တွင်းရောပြည်ပကပညာရှင်တွေပေါင်းပြီးsolution တစ်ခုထွက်အောင်လုပ်ရတယ်။ပြီးတော့ ပြည်ပက ပိုမိုကောင်းမွန်တဲ့စက်ပစ္စည်းတွေနဲ့ပြန်ပြီး ပြုပြင်တပ်ဆင် လိုက်တော့ကောင်းသွားပါပြီ။နောက်တစ်ခါဒီလိုဘယ်တော့မှတိုက်ခိုက်လို့ မရတော့ပါဘူး။ဒီတစ်ခါ ရတနာပုံ နိုင်သွားပြီပေါ့။ရတနာပုံISPကိုDDoS စနစ်နဲ့တိုက်ခိုက်တဲ့သူတွေကို အင်တာနက်မှာစုံစမ်းကြည့်လိုက်တော့ ပြည်ပမှာနေတဲ့ Source (အရင်းမြစ်)နှစ်ခုကိုခန့်မှန်းလို့ရပေမယ့် အတိအကျတော့ မပြောနိုင်သေးပါဘူး။ ” ဟု ၄င်းကဆိုသည်။

နှေးကွေးခဲ့သောအင်တာနက်လိုင်းများယခင်ကဲ့သို့ ပြန်လည်ကောင်းမွန် မြန်ဆန်ရန်အတွက် February တစ်လလုံးအချိန်ယူခဲ့ရကြောင်း၊ ယခုကဲ့သို့ပြန်လည် မကောင်းမွန်မီ စတင်တိုက်ခိုက်ခံရသည့်အချိန်မှစ၍ အဆက်မပြတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းကဲ့သို့ တိုက်ခိုက်ခဲ့မှုများတွင် ISP ၏ သုံးစွဲသည့် Bandwidth ပမာဏသည် လွန်စွာများပြားသဖြင့် သုံးစွဲသူများအားသုံးစွဲခြင်းမပြုနိုင်အောင်လုပ်ခြင်း
သည်လည်း တစ်ချက်အပါအ၀င်ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီတစ်လလုံးရတနာပုံတယ်လီပို့ ISP ၏ အင်တာနက်လိုင်းများမကြာခဏပြုတ်ကျခြင်း၊ ရပ်တန့်သွားခဲ့ခြင်းများကြောင့် ပြည်တွင်းရှိအင်တာနက်နှင့် ချိတ်ဆက်အသုံးပြုရသော လုပ်ငန်းများအားလုံး နီးပါး နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ကြောင်းစုံစမ်းသိရှိရသည်။

ရတနာပုံတယ်လီပို့သည် ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်း ၀န်ကြီးဌာနမှသာလုပ်ကိုင်ဆောင်ရွက်ခွင့် ရှိသော ပြည်တွင်း၏ဆက်သွယ်ရေးလုပ်ငန်းများကို အဆိုပါဝန်ကြီးဌာနနှင့်အတူပူးတွဲလုပ်ကိုင်ခွင့်ရသော တစ်ခုတည်းသောပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်သည်။



Ref:7daynews
.............................................

CDMA 800MHz ဖုန်းများ နယ်မြေတိုးချဲ့မှုပြီးစီးပါက နယ်မြေကန့်သတ်ချက်များရှိလာနိုင်


CDMA 800MHz ဖုန်းများအား နယ်မြေများတိုးချဲ့အသုံးပြုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာပြီးစီး ပါက နယ်မြေကန့်သတ်ချက်များဖြစ်လာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။CDMA 800MHzဖုန်းများအား စတင် ငှားရမ်းအသုံးပြုစဉ်ကာလက နယ်မြေကန့်သတ်ချက်များဖြင့်သာ အသုံးပြုနိုင်မည်ဖြစ်သည် ဟု သိရှိထားခဲ့ကြသော်လည်း ယခုအချိန်တွင် သတ်မှတ်နယ်မြေများထက်ကျော်လွန်ကာ အသုံးပြုနိုင်လျက် ရှိကြောင်းသိရသည်။ သို့ရာတွင် နောက်ပိုင်း၌ 800MHz ဖုန်းများအား နယ်မြေများ တိုးချဲ့သတ်မှတ်မည် ဖြစ်ပြီး ဖုန်းတိုင်များပြီးစီးခဲ့ပါက နယ်မြေသတ်မှတ် ချက်များလည်း ဖြစ်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

CDMA 800MHz ဖုန်းများ စတင်ငှားရမ်းအသုံးပြုစဉ်ကာလတွင် ယင်းဖုန်းများအတွက် ဖုန်းအသုံးပြုနိုင်မည့် နယ်မြေများအဖြစ် မြို့နယ်သုံးဆယ့်တစ်မြို့နယ် အသုံးပြုနိုင်ရန်အတွက် စီစဉ်ထားခဲ့ပြီး မြို့နယ်အလိုက် ဖုန်းတိုင်များအား အသုံးပြုနိုင်ရန် စီစဉ်ထားခဲ့ကြောင်း သိရသည်။ CDMA 800MHz ဖုန်းများအား စတင် အသုံးပြုစဉ်ကာလတွင် ဖုန်းများအား နယ်မြေကန့်သတ် ချက်များထက်ကျော်လွန်ကာ အသုံးပြုနိုင်လျက်ရှိ သော်လည်း နောက်ပိုင်းတွင် နယ်မြေအလိုက် သတ်မှတ်ထားသော ဖုန်းတိုင်များ ဆောင်ရွက်မှုပြီးစီးခဲ့ပါက ဖုန်းတိုင်အလိုက် နယ်မြေကန့်သတ် ချက်များ ရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယင်းကဲ့သို့ နယ်မြေကန့်သတ်ချက်များမရှိပဲ အသုံးပြုနိုင်နေမှုများမှာ ဧပြီလကုန်ပိုင်းလောက်ထိသာ ရှိနိုင်နေမည်ဖြစ်ပြီး နောက်ပိုင်းတွင် သတ်မှတ်နယ်မြေတိုင်များပြီးစီးခဲ့ပါက နယ်မြေများဖြင့်သာ အသုံးပြု သွားရမည်ဖြစ်ကြောင်း သိရသည်။ 

“CDMA 800MHz ဖုန်းတွေက ခုချိန်မှာတော့ နယ်မြေကန့်သတ်ချက်ထက်ကျော်ပြီး အသုံးပြုနိုင်နေပါတယ်။ ဒါကလည်း သတ်မှတ်နယ်မြေတွေရဲ့ ဖုန်းတိုင်တွေအကုန်လုံးမပြီး သေးတာကြောင့်ပါ။ အဲဒါကြောင့်ဖုန်းတွေ က နယ်မြေကန့်သတ်ချက်သိပ်မရှိသေးပဲ အကုန်လုံးနီးပါးလောက်ကို အသုံးပြုလို့ရနေပါတယ်။ ဒါပေမယ့် သတ်မှတ်နယ်မြေတွေရဲ့ဖုန်းတိုင်တွေ အကုန်လုံးပြီးသွားတဲ့အချိန်ကျရင်တော့ သူ့အလိုလိုနယ်မြေကန့်သတ် ပြီး သားဖြစ်သွားမှာပါ” ဟု Elite မှ တာဝန်ရှိသူ တစ်ဦးမှ ပြောသည်။



 Ref:Internet Journal
.................................

Funny Collection - 6

တစ်ယောက်မှ မရှိပါ

လူဆိုးများ လက်မှ လွတ်အောင် ကိုချူချာပြေးရင်း ရေတွင်းထဲ ဆင်းပုန်းသည်။
လူဆိုးဂိုဏ်းခေါင်းဆောင်က ရေတွင်းထဲ ကြည့်ပြီး အော်သည်။
"တစ်ယောက်ယောက်ရှိသလားဟေ့"
ကိုချူချာက ပဲ့တင်သံပုံစံဖြင့် ပြန်အော်သည်။
"တစ်ယောက်ယောက်ရှိသလားဟေ့၊ တစ်ယောက်ယောက်ရှိသလားဟေ့"
"တစ်ယောက်မှ မရှိဘူးထင်တယ်"
"တစ်ယောက်မှ မရှိဘူးထင်တယ်၊ တစ်ယောက်မှ မရှိဘူးထင်တယ်"
"ဗုံးတစ်လုံး ပစ်ချလိုက်ရင် ကောင်းမလား"
"မပစ်နဲ့၊ မပစ်နဲ့ တစ်ယောက်မှ မရှိတာပဲ"


ဗိုလ်ကြီး မသေဘူးဟေ့

ရှေ့တန်းတိုက်ပွဲ တစ်ခုတွင်ဖြစ်သည်။ ရန်သူ့စခန်းကို သိမ်းပိုက်မိသည့် အခါ
တပ်ဖွဲ့တွင်လည်း ရိက္ခာပြတ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ရန်သူ့
စားဖိုဆောင်ထဲတွင် ရိက္ခာ အမြောက်အမြား တွေ့ရသော အခါ တပ်သားများ
ပျော်သွားကြသည်။ သို့သော်လည်း သူတို့ တစ်ယောက်မှ မစားကြသေးပဲ
ဗိုလ်ကြီးကို သာလေးစားသည့် အနေဖြင့် အရင်စားခိုင်းကြသည်။
ဗိုလ်ကြီးစားတာကို သူတို့ ထိုင်ကြည့်နေကြသည်။ စားပြီးတစ်နာရီကြာသည်အထိ
ဘာမှ မဖြစ်တာ တွေ့ရမှ "ဗိုလ်ကြီး မသေဘူးဟေ့။ အဆိပ်တွေ မပါဘူး။
တို့လည်းစားလို့ရပြီ" ဟု ၀မ်းသာအားရပြောကာ စားကြလေသည်။


ချွေတာတဲ့ ကိုချူချာ

ကိုချူချာ အလုပ်မှ ပြန်လာသည်။ ရောက်ရောက်ချင်း မီးဖိုချောင်ဘက်သွားပြီး
ရေခဲသေတ္တာကို ဖွင့်သည်။ ချက်ချင်းဆောင့်ပိတ်သည်။ ထို့နောက် မိန်းမကို
လက်သီးစာ ကျွေးသည်။ မိန်းမဖြစ်သူ တုန်လှုပ်ချောက်ချားသွားသည်။ ဘာကြောင့်
ရိုက်ပါလိမ့် စဉ်းစားသည်။ အင်း ရေခဲသေတ္တာထဲမှာ စားစရာနည်းနေလို့ နေမှာပဲ။

နောက်နေ့ ကိုချူချာ အလုပ်သွားသောအခါ မိန်းမသည် ဆိုင်သို့ပြေးပြီး
ဖွယ်၂ရာ၂တွေ ၀ယ်သည်။ ရေခဲသေတ္တာတစ်ခုလုံး စားစရာတွေနဲ့ ဖြည့်ထားသည်။
ညနေရောက်သော် ကိုချူချာ ပြန်လာသည်။ မနေ့က အတိုင်း မီးဖိုထဲဝင်ပြီး
ရေခဲသေတ္တာ ကိုဖွင့်သည်။ ချက်ချင်ပြန်ပိတ်ပြီး မိန်းမကို လက်သီးစာ
ကျွေးသည်။ ရှိုက်ကြီးတငင်ငိုရင်း မိန်းမဖြစ်သူ စဉ်းစားသည်။
ဘီယာမရှိလား လို့များလား။
မနက် ကိုချူချာ ထွက်သွားသွားချင်း ဘီယာ ပြေးဝယ်သည်။ ရေခဲသေတ္တာ ထဲ
ထည့်သည်။ ဘီယာအေးအေးလေး သောက်လိုက်ရရင် သူရန်မရှာတန်ကောင်းရဲ့
ဟုတွေးသည်။ ကိုချူချာပြန်လာသည်။
မီးဖိုချောင်ဘက်သွားပြီး ရေခဲသေတ္တာကို ဖွင့်သည်။ မိန်းမဖြစ်သူ
ရင်တမမနှင့်စောင့်သည်။ ရေခဲသေတ္တာ ဆောင့်ပိတ်သံ ကြားရသည်။
ကိုချူချာ အခန်းထဲ ၀င်လာပြီး မိန်းမကို လက်သီးစာ ကျွေးသည်။ မိန်းမဖြစ်သူ
မအောင့်နိုင်တော့ဘဲ မေးလိုက်သည်။
"ရှင်ဘာဖြစ်လို့ ကျွန်မ ကိုရိုက်ရတာလဲ"
"မင်းရေခဲသေတ္တာထဲက မီးကို ဘယ်တော့ ပိတ်မလဲကွ ဟေ"


နေရာကောင်း

ကိုချူချာ သစ်ပင်ပေါ် တွယ်တက်သည်။ ဖြတ်သွားသူက မေးသည်။
"ဟေ့လူ၊ ဘာတက်လုပ်မှာလဲ"
"သရက်သီးစားမလို့"
"ခင်ဗျား ရူးနေသလား၊ ဒါ မန်ကျည်းပင်ပဲဟာ"
"ကျွန်တော့် အိပ်ထောင်ထဲမှာ သရက်သီးပါတယ်ဗျ"


တွေ့ရင်ပြောမယ်

ကိုချူချာကို လူဆိုးနှစ်ဦး တစ်ဖက်တစ်ချက်မှ ချုပ်ကိုင်ပြီး ကမ်းဆိပ်သို့
အတင်းဆွဲခေါ်လာသည်။
ကိုချုချာ၏ခေါင်းကို ရေထဲနှစ်လိုက်သည်။ ခဏအကြာတွင် ပြန်ပြီးမေးသည်။
"ပိုက်ဆံရှိသလား"
"မရှိဘူး"
ကိုချူချာကို ရေထဲနှစ်လိုက်ကြပြန်သည်။ ပထမအကြိမ်က ထက် အနည်းငယ်
ပိုကြာအောင်ထားလိုက်သည်။ ထို့နောက် ပြန်ဖော်ပြီးမေးသည်။
"ရွှေကောရှိသလား"
"မရှိဘူး"
"ခေါင်းမာတဲ့ အကောင်" ဟုပြောပြီး လူဆိုးများ ကိုချူချာကို
ရေထဲနှစ်လိုက်ပြန်သည်။ ခဏကြာသောအခါ ပြန်ဖော်ပြီးမေးသည်။
"ပိုက်ဆံမရှိဘူး ဟုတ်လား"
"ဟုတ်တယ် မရှိဘူး"
"ရွှေလည်းမရှိဘူး ဟုတ်လား"
"ဟုတ်တယ် မရှိဘူး"
"အဲဒါဆို ဘာရှိလဲပြော"

"ရေနောက်နေတော့ ဘာမှ မမြင်ရဘူး၊ ကျွန်တော့်ကို ခပ်နက်နက် နှစ်ကြည့်ပါ၊
တွေ့ရင်ပြောပါ့မယ်။"


တိုးတက်မှု့

အဖေ - သားရေ... ၈ ကို ၉ နဲ့မြောက်ရင် ဘယ်လောက်ရမလဲကွ။
သား - ၇၀ ပါ အဖေ။
အဖေ - အေး... ငါ့သားက တော်တယ်ကွ၊ ရော့ သားအတွက် ချောကလက်ဆုချတယ်။
အိမ်နီးချင်း - ဟေ့လူ... ၈ ကို ၉ နဲ့မြောက်ရင် ၇၂ ရတယ်လေဗျာ။
အဖေ - သူတိုးတက်လာတာဗျ။ မနေ့ကတုန်းက ၆၈ လို့ ဖြေတယ်လေ။




ကလေး အဖေ

လူကြီး - မင်းအဖေအသက်ဘယ်လောက်ရှိပြီလဲ။
ကလေး - ကျွန်တော်နဲ့ရွယ်တူပဲ။
လူကြီး - ဟေ... ဘယ်လိုလုပ် ဖြစ်နိုင်မလဲကွ။
ကလေး - ကျွန်တော့်ကို မွေးပြီးမှ သူလည်း အဖေဖြစ်တာလေ။


သောက်နိုင်ပါသော်လည်း

အမေရိကန်တိုးရစ်က ရုရှားကိုမေးသည်။
"ရုရှားလူမျိုးတွေဟာ ကမ္ဘာပေါ်မှာ အရက်အသောက်နိုင်ဆုံးလို့ ပြောကြတယ်ဗျ။
ခုလို ရုရှားရောက်တုန်း သေချာအောင် မေးပါရစေ။ ဗေါ့ဒ်ကာ တစ်ဖန်ခွက်ကို
ကုန်အောင် ခင်ဗျားသောက်နိုင်သလားဗျ ဟင်"
"သောက်နိုင်တာပေါ့၊ သခွားချဉ်လေးတစ်လုံး အမြည်းနဲ့ဆို အိုကေပါပဲ"
"ဖန်ခွက် ၃ ခွက်ဆိုရင်ကော"
"သောက်နိုင်ပါတယ်၊ သခွားချဉ်လေး ၃ လုံးနဲ့ဆို အိုကေပါပဲ"
"ဖန်ခွက် တစ်ရာ ဆိုရင်ကောဗျ"
"ဟေ့လူ၊ ခင်ဗျားရူးနေလား၊ ဒီလောက် သခွားချဉ်အများကြီး ကျုပ်ဘယ်လိုလုပ်
စားနိုင်မလဲဗျ"


အိပ်မက်ဆိုး

မိတ်ဆွေနှစ်ယောက် ဆုံကြသည်။ တစ်ယောက်ကမေးသည်။
"ဟေ့လူ၊ ခင်ဗျားမျက်နှာလည်း မကောင်းပါလား၊ ဘာဖြစ်လို့လဲဗျ"
"ညက အိပ်မက်ဆိုးမက်တယ်။ ထက်ထက်မိုးဦးရယ်၊ နန္ဒာလှိုင်ရယ်၊
အိန္ဒြာကျော်ဇင်ရယ်၊ ပန်းဖြူရယ်ပေါ့ဗျာ ကျုပ်ကို သူပိုင်တယ် ငါပိုင်တယ်ဆိုပြီး
ကျုပ်မိန်းမနဲ့ ငြင်းကြရင်းနဲ့ ရိုက်ပွဲကြီးဖြစ်သွားတယ်ဗျာ"
"ဘယ်လို အဆုံးသတ်သွားလဲ"
"ကျုပ်မိန်းမ အနိုင်ရသွားတယ်ဗျာ၊ တောက်"


ချူချာရဲသား

ချူချာလူမျိုး ရဲသားနှစ်ယောက် ကင်းလှည့်ရင်း လက်ပစ်ဗုံးသုံးလုံးကို
လမ်းဒေါင့်တစ်နေရာတွင်တွေ့ရာ ကောက်ယူပြီး စခန်းသို့ ပြန်လာသည်။
လမ်းတွင် တစ်ယောက်ကပြောသည်။
"မတော်တဆ ဗုံးတစ်လုံး လက်ထဲက လွတ်ကျပြီး ပေါက်ကွဲသွားရင်
ဘယ်နှယ့်လုပ်မလဲကွ ဟေ"
"မင်းကလဲကွာ၊ လာပြီးတွေးပူနေသေးတယ်၊
နှစ်လုံးပဲတွေ့တယ်လို့ ပြောလိုက်တာပေါ့"


အစောင့်တပ်သား ကိုချူချာ

လျှို့ဝှက်စခန်းတစ်ခုကို တပ်သားကိုချူချာ စောင့်ကြပ်နေသည်။
စခန်းဘက်ကို ဦးတည်ပြီး ကားတစ်စီး အရှိန်နဲ့ မောင်းလာသည်။
"ရပ်" ဟု ကိုချူချာ အော်လိုက်သည်။
ကားမရပ်ဘဲ ဆက်မောင်းသည်။ သေနတ်ကို မောင်းတင်ပြီး ကိုချူချာ
ပထမတစ်ချက်ပစ်သည်။ ဒရိုင်ဘာကို ထိသွားသည်။
ဒုတိယတစ်ချက် ထပ်ပစ်သည်။ ကားပေါ်ပါလာသောသူကို ထိသွားသည်။
ကားလည်း ရပ်သွားသည်။
ကိုချူချာ အော်ပြောသည်။
"ရပ်လိုက်တာ ကံကောင်းတယ်မှတ်….. တတိယအကြိမ်ကျရင် …
ချူချာ မိုးပေါ်ထောင်မပစ်တော့ဘူးဟေ့"


ကမ္ဘာမြေရဲ့ ငြိမ်းချမ်းရေး

မိန်းမတစ်ဦး နတ်ပြည်ရောက်နေရင် ဘယ်လိုခေါ်မလဲ....
နတ်သမီးတစ်ပါးပေါ့....
မိန်းမတစ်အုပ် နတ်ပြည်ရောက်နေတာ ဆိုရင်ကော...
နတ်သမီးအစုအဝေးပေါ့....
ဒါဆိုရင် မိန်းမတွေအားလုံး နတ်ပြည်ရောက်နေရင်ကော....
ကမ္ဘာမြေရဲ့ ငြိမ်းချမ်းရေးပေါ့ကွာ....


မီတာခ

မင်းဘ၀ဟာ အမှောင်တွေဖုံးလွှမ်းနေတယ်လို့ ခံစားရတဲ့အခါ
ဘုရားသခင်ထံမှာ ဆုတောင်းပါ....
ဘုရားသခင်က မင်းကို အဲဒီအမှောင်တွေကလွတ်မြောက်အောင်
ကူညီစောင်မပါလိမ့်မယ်....
အဲ.... တကယ်လို့ ဘုရားသခင်ဆီမှာ ဆုတောင်းပြီးတဲ့တိုင်အောင်
မင်းဘ၀ဟာ မှောင်မိုက်နေသေးတယ်ဆိုရင်တော့....
မင်းအနေနဲ့ မီတာခ ဆောင်ဖို့လိုအပ်နေပါပြီ..........




မဖြစ်နိုင်ပါဘူး

ဆရာဝန် - ခင်ဗျားတစ်ရက်ကို ရေဆယ်ခွက်သောက်ရမယ်...
လူနာ - အဲဒါတော့မဖြစ်နိုင်ပါဘူးဆရာ....
ဆရာဝန် - ဘာဖြစ်လို့လဲဗျ.....
လူနာ - ကျွန်တော့်အိမ်မှာ ဖန်ခွက်လေးလုံးပဲ ရှိလို့ပါဆရာ.....




၃ မိုင်

တိုက်တန်းနစ်သင်္ဘောကြီး နစ်မြုပ်ခါနီးအချိန်မှာ ခရီးသည်တစ်ယောက်ဟာ
သင်္ဘောကပ္ပတိန်ကို မေးပါတယ်...
ခရီးသည် - ဒီကနေ ကုန်းမြေကိုဘယ်လောက်ဝေးလဲ..........
ကပ္ပတိန် - ၃ မိုင်လောက်ဝေးပါတယ်.....
ခရီးသည် ပင်လယ်ထဲသို့ ခုန်ချလိုက်သည်။ ထို့နောက် ရေထဲသို့
ရောက်သောအခါ ကပ္ပတိန်ကို လှမ်းမေးသည်။
ခရီးသည် - ဘယ်ဖက်ကိုကူးရမှာလဲ....
သင်္ဘောကပ္ပတိန်က ပြန်ဖြေသည်။
အောက်ခြေကြမ်းပြင်ကို ကူးရမှာ.....


တစ်စက္ကန့်ပဲစောင့်

အမျိုးသားတစ်ဦးသည် ဘုရားသခင်ထံ ဆုတောင်းလျက်ရှိသည်။
အဖဘုရားသခင်ခင်ဗျား…ကျွန်တော်တစ်ခုလောက်မေးချင်လို့ပါ…
အေး… မေးစေဗျာ….
ကျွန်တော်တို့အတွက် နှစ်တစ်ရာဆိုတာ အဖဘုရားသခင်အတွက်
ဘယ်လောက်ကြာပါသလဲ…
တစ်စက္ကန့်မျှသာပါပဲ သားတော်…
ကျွန်တော်တို့အတွက် ဒေါ်လာတစ်သန်းဆိုတာကရော
အဖဘုရားသခင်အတွက်ဆိုရင် ဘယ်လောက်ပမာဏပါလဲ…
ပဲနိမျှသာဖြစ်တယ်…
ဒါဆိုရင် ကျွန်တော့်ကို ပဲနိလောက်ပေးသနားဖို့ အသနားခံချင်ပါတယ်…
ဘာဖြစ်လို့မရ ရမှာလဲသားတော်…. ဖြစ်ရမှာပေါ့… တစ်စက္ကန့်ပဲစောင့်ပါ….။


ကြွက်

မေးသူ ။.....။ မင်း နောက်ဘ၀မှာ ဘာဖြစ်ချင်လဲ။
ဖြေသူ ။.....။ ကြွက် ဖြစ်ချင်တယ်။
မေးသူ ။.....။ ဟေ...ဘာဖြစ်လို့ ကြွက်ဖြစ်ချင်ရတာလဲ။
ဖြေသူ ။.....။ ငါ့မိန်းမ ကြောက်တာဆိုလို့ ကြွက်ပဲရှိတယ်ကွ။


နေ့လည်စာ

စာသင်ခန်းတွင် ဖြစ်သည်။ ဆရာမက မြေပုံဖတ်နည်း သင်ကြားပို့ချလျက်ရှိ၏။
လတ္တီတွဒ်၊ လောင်ဂျီတွဒ်၊ ဒီဂရီ၊ မိနစ် စသည်တို့အကြောင်းကို ရှင်းပြပြီးနောက်
အခန်းကို မေးမြန်းလိုက်၏။
" ကဲ နေ့လည်စာ စားဖို့အတွက် ဆရာမကို မြောက်လတ္တီတွဒ် ၂၃ ဒီဂရီ ၄ မိနစ်၊
အရှေ့လောင်ဂျီတွဒ် ၄၅ ဒီဂရီ ၁၅ မိနစ်မှာ လာတွေ့ပါဆိုရင်
မင်းတို့ ဘယ်ကိုလာကြမလဲ "
တစ်ခန်းလုံး အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။
ခဏအကြာတွင် အခန်းထောင့်မှ ကျောင်းသားတစ်ဦး မ၀ံ့မရဲနဲ့ ထလာသည်။
" ကျွန်တော့်အထင်ပြောရရင် နေ့လည်စာကို ဆရာမတစ်ယောက်တည်းပဲ
စားရမယ်ထင်ပါတယ် "


ဓာတ်ဘူး

စတိုးဆိုင်တစ်ခုအတွင်းသို့ မောင်ထုံရောက်နေသည်။ အရောင်လှလှနှင့်
ပစ္စည်းတစ်ခုကိုတွေ့သည်။
မောင်ထုံ။.......။ အဲဒီ အရောင်လှလှနဲ့ ပစ္စည်းလေးက ဘာလဲခင်ဗျ။
အရောင်းစာရေး ။.......။ အဲဒါ ဓာတ်ဘူးပါရှင့်။
မောင်ထုံ ။.......။ ဘာသုံးလို့ရလဲ။
အရောင်းစာရေး ။.......။ ပူတဲ့အရာထည့်ထားရင် အပူဓာတ်ကို ထိန်းပေးပြီး အေးတဲ့အရာထည့်ထားရင်တော့ အအေးဓာတ်ကို ထိန်းပေးပါတယ်။
မောင်ထုံ ။.......။ ၀ိုး... ဟုတ်လား။ ကျွန်တော်အဲဒါကိုယူမယ်။
နောက်တစ်နေ့တွင် မောင်ထုံ အလုပ်သို့သွားသည်။ လက်ထဲတွင်လည်း
ဓာတ်ဘူးအသစ်ကို ကိုင်သွားသည်။ အလုပ်ရှင်က လှမ်းမေးသည်။
အလုပ်ရှင် ။.......။ ဟေ့ မောင်ထုံ လက်ထဲက ဘာကြီးလဲကွ။
မောင်ထုံ ။.......။ ဓာတ်ဘူးပါခင်ဗျ။
အလုပ်ရှင် ။.......။ ဟုတ်လား၊ ဘယ်နေရာမှာ သုံးတာလဲကွ။
မောင်ထုံ ။.......။ ပူတဲ့အရာကို ထည့်ထားရင် အပူဓာတ်ကို ထိန်းပေးပြီး
အေးတဲ့အရာကို ထည့်ထားရင်တော့ အအေးဓာတ်ကို ထိန်းပေးပါတယ်။
အလုပ်ရှင် ။.......။ ဟုတ်လှချည်လားကွ။ အခုမင်းဘာတွေ ထည့်လာလဲကွ။
မောင်ထုံ ။.......။ ကော်ဖီနှစ်ခွက်နဲ့ ကိုကာကိုလာတစ်ဘူး။


ကာလာတီဗီ

လျှပ်စစ်ပစ္စည်းအရောင်းဆိုင်သို့ မောင်ထုံသွားသည်။
မောင်ထုံ ။.......။ ခင်ဗျားတို့ဆိုင်မှာ ကာလာတီဗီတွေ ရှိသလား။
အရောင်းစာရေး ။.......။ ဟုတ်ကဲ့ ရှိပါတယ်ခင်ဗျ။
မောင်ထုံ ။.......။ ကျွန်တော့်ကို တီဗီအစိမ်းတစ်လုံး ပေးပါ။


စာလုံးပေါင်းသတ်ပုံ

အိမ်ထောင်စုစာရင်းကို မောင်ထုံ မိတ္တူသွားကူးသည်။ မိတ္တူကူးပြီးသောအခါ
မူရင်းစာရွက်နှင့် မိတ္တူစာရွက်နှစ်ခုကို တစ်လှည့်စီကြည့်ရင်း အလုပ်ရှုပ်နေသည်။
ပိုက်ဆံမပေးသေးသဖြင့် မိတ္တူကူးပေးသူက မေးသည်။
မိတ္တူကူးပေးသူ ။.......။ ဘာများအလိုမကျတာ ရှိလို့လဲခင်ဗျာ။
မိတ္တူကူးခ ၅၀ ကျပ် ကျပါတယ်ခင်ဗျ။
မောင်ထုံ ။.......။ နေစမ်းပါဦး၊ မင်းတို့ကူးပေးထားတာ စာလုံးပေါင်းသတ်ပုံ
မှန်မမှန် မူရင်းစာရွက်နဲ့ တိုက်ပြီးစစ်နေတာကွ။


ပွဲစား

မောင်ထုံနှင့် သူငယ်ချင်းဖြစ်သူတို့ လမ်းတွင်ဆုံတွေ့ကြသည်။
သူငယ်ချင်း ။.......။ မင်း အိမ်အသစ်ကိုပြောင်းသွားပြီလား။
မောင်ထုံ ။.......။ မပြောင်းသေးပါဘူးကွာ။
သူငယ်ချင်း ။.......။ ဟေ၊ ဘာဖြစ်လို့လဲကွ။ မင်းအိမ်အဟောင်းကိုတောင်
ရောင်းဖို့အတွက် ပွဲစားကိုအပ်ပြီးပြီမို့လား။
မောင်ထုံ ။.......။ ဟုတ်တယ်ကွ၊ ဒါပေမယ့် သတင်းစာထဲမှာ ပွဲစားထည့်လိုက်တဲ့
အိမ်ကြော်ငြာကို ဖတ်ပြီးတဲ့အချိန်မှာ ငါရှာနေတာ အဲဒီလိုအိမ်မျိုး ဖြစ်နေတယ်ကွ။
ဒါကြောင့် ဒီမှာပဲနေတော့မလို့။


သတိ

၁၃ ထပ်တွင်ရှိသော ရုံးခန်းတွင် မောင်ထုံ ထိုင်နေသည်။ ထိုအချိန်တွင်
လူတစ်ယောက် အမောတကောတက်လာပြီး အော်ပြောလိုက်သည်။
ကိုအုန်းကြိုင်၊ ခင်ဗျားသမီးလေး ချယ်ရီ ကားအက်ဆီးဒင့်ဖြစ်လို့ သေပြီဗျ။
မောင်ထုံ အရမ်းစိတ်ထိခိုက်သွားသည်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲ
ပြတင်းပေါက်မှ ခုန်ချလိုက်သည်။
အောက်သို့ ပြုတ်ကျနေရင်း ၁၀ ထပ်ခန့်သို့ ရောက်သောအခါ သူ့တွင်
ချယ်ရီဆိုသည့် သမီးမရှိကြောင်း စဉ်းစားမိသည်။
၅ ထပ်ခန့်သို့ ရောက်သောအခါ သူသည် အိမ်ထောင်မရှိသူ
လူပျိုကြီးဖြစ်ကြောင်း စဉ်းစားမိသည်။
မြေကြီးပေါ်သို့ ရောက်ခါနီးတွင် သူသည် အုန်းကြိုင်မဟုတ်ကြောင်း
သတိရသည်။


ဖုန်းစာအုပ်

စာကြည့်တိုက်တွင် ဖြစ်သည်။
မောင်ထုံ ။.......။ လွန်ခဲ့တဲ့လက ခင်ဗျားတို့ဆီကနေ စာအုပ်တစ်အုပ်ငှားသွားတယ်။                     ကျွန်တော်ဖတ်ဖူးသမျှတွေထဲမှာ ပျင်းစရာအကောင်းဆုံး စာအုပ်ပဲဗျ။
ဘာဇာတ်လမ်းမှလည်း မပါဘူး။ တစ်အုပ်လုံးမှာလည်း များလိုက်တဲ့ ဂဏန်းတွေဗျာ။
ဖတ်ရင်းနဲ့ အမြဲတမ်းအိပ်ပျော်သွားတယ်။

စာကြည့်တိုက်မှလူ ။.......။ သြော် ကျွန်တော့်တို့စာကြည့်တိုက်က ဖုန်းစာအုပ်ကို
                                   ယူသွားတာ ခင်ဗျားကိုး။


မဖြစ်နိုင်လို့ပါ

ဆရာဝန်က သူ့ရဲ့လူနာကို အရက်ဖြတ်ဖို့ ခုလို တိုက်တွန်းပါတယ်။
“ခင်ဗျားအတွက် အရက်ဖြတ်ဖို့ လုံးဝ လိုအပ်နေပြီဗျာ။ ဒီတော့ ခင်ဗျားအနေနဲ့
အရက်သောက်ချင်စိတ် ပေါ်လာတိုင်း ပန်းသီးတစ်လုံး တစ်လုံး စားလိုက်ပါ”
“မဖြစ်နိုင်ပါဘူး ဆရာရယ်၊ တစ်ရက်တစ်ရက်မှာ ပန်းသီးအလုံး သုံးဆယ်လောက်
စားဖို့ဆိုတာ ကျွန်တော် မတတ်နိုင်ပါဘူး”


အပြန်အလှန် ချီးကျူးခြင်း

ချာလီချာပလင်ရိုက်ကူးသော The gold rush ရုပ်ရှင်ကားကို အိုင်းစတိုင်း
အလွန်သဘောကျသည်။ အဓိက ဇာတ်ကောင်၏စရိုက်ကို ပီပီပြင်ပြင်
ဖော်ပြနိုင်သည့်အတွက် ဒါရိုက်တာကို အထူးချီးကျူးသည်။
သို့နှင့် ချာလီချာပလင်ထံ စာရေးသည်။
“မိတ်ဆွေရဲ့ The gold rush ဇာတ်ကားကို တစ်ကမ္ဘာလုံး
နားလည်သဘောပေါက်ကြတယ်။ မိတ်ဆွေကြီး ထင်ရှားကျော်ကြားမှာ
ဧကန်မလွဲဖြစ်ပါတယ်” ဟူ၍ ဖြစ်သည်။
ချာလီချာပလင် စာပြန်ရေးသည်။
“ဆရာကြီးကို ကျွန်တော်ပိုပြီး ချီးကျူးချင်ပါတယ်။ ဆရာကြီးရဲ့
“ရီလေတစ်ဗီတီသီအိုရီ” ကို ဘယ်သူမှ နားမလည်ကြဘူး။ ဒီကြားထဲက
ဆရာကြီး ထင်ရှားကျော်ကြားလို့ပဲ ဖြစ်ပါတယ်” ဟူသတည်း။


အခက်ဆုံးအချိန်

သိပ္ပံကွန်ဖရင့်တစ်ခုတွင် “အိုင်းစတိုင်း” စာတမ်းဖတ်ကြားသည်။
ပြီးသောအခါ ၎င်းကိုဝိုင်းမေးကြသည်။
“ဒီနေ့ပွဲမှာ ဘယ်နေရာ၊ ဘယ်အခိုက်အတန့်မှာဖြင့် အခက်ဆုံးပဲလို့
ဆရာကြီးအနေနဲ့ ခံစားမိပါသလဲ”
“အိုင်းစတိုင်း” အတည်ပေါက်နှင့် ပြန်ဖြေသည်။
“အခမ်းအနားမှူးက ကျုပ်ကို ပရိသတ်နဲ့ မိတ်ဆက်ပေးပြီးတဲ့နောက်
အိပ်ပျော်နေတဲ့ ပရိသတ်ကို ပြန်နှိုးရတာ အခက်ဆုံးပဲ”။


တီထွင်သူ့တံခါး

လျှပ်စစ်မီးအပါအ၀င် တီထွင်မှုပေါင်း တစ်ထောင်ကျော်ကို လုပ်ဆောင်ခဲ့သူ
အမေရိကန်ပညာရှင် “အက်ဒီဆင်” ၏ ခြံတံခါးကို အမြဲတမ်း ခက်ခက်ခဲခဲ
ဖွင့်ရသဖြင့် မိတ်ဆွေများက ၀ိုင်းပြောကြသည်။
“အမျိုးမျိုး တီထွင်တတ်သူလို့လည်း ပြောသေးတယ်၊ ကိုယ့်ခြံတံခါးကို
အလွယ်တကူ ဖွင့်နိုင်အောင် ဘာဖြစ်လို့ မလုပ်တာလဲ”
“အက်ဒီဆင်” ပြန်ပြောသည်။
“ခြံတံခါးကို ကျွန်တော် အကောင်းဆုံးတီထွင်ပြီး လုပ်ထားတာပါဗျ”
“ဘာလဲ… ခင်ဗျား… ကျုပ်တို့ကို နောက်တာလား”
“မနောက်ပါဘူး၊ တံခါးကို အိမ်ကရေစုပ်စက်နဲ့ ဆက်ထားတာဗျ၊
ခင်ဗျားတို့ တံခါးကို တွန်းဖွင့်လိုက်တိုင်း ခေါင်မိုးပေါ်တင်ထားတဲ့
ရေတိုင်ကီဆီကို ရေလီတာသုံးဆယ် တင်ပြီးသား ဖြစ်သွားတယ်လေ”


သူသိတာက

ဆရာမ - အိန်ဂျလာ.. ဆရာမကို တစ်ကနေ တစ်ဆယ်အထိ ရေတွက်ပြပါ။
အိန်ဂျလာ - ဟုတ်ကဲ့.. ဆရာမ၊ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်၊
ကိုး၊ တစ်ဆယ်။
ဆရာမ - တော်လိုက်တာ၊ တစ်ဆယ်ပြီးရင်ရော ဘာဆက်လာသေးလဲ။
အိန်ဂျလာ - ဂျက်၊ ကွင်း၊ ကင်း။



.........................................

Monday, February 22, 2010

Funny Collection - 5

မိန်းမတွေ တော်တော်ဆိုးပါပေတယ်။

တစ်ရက်သော Saturdayနေ့ မှာ အိမ်ရှင်မ နှစ်ယောက်ဟာ Night Club မှာ
မိန်းကလေးနေ့ အခမဲ့ ၀င်သောက်ခွင့် ရှိတာမို့ သွားရောက်ဘို့ ပြင်ဆင်
လိုက်ကြပါတယ်။ အဲဒီ Night Club မှာလဲ အရက်တွေ က အကောင်းစားတွေကြီးမို့
လွန်လွန်ကျွန်ကျွန် မူးမူးရူးရူး သောက်ခဲ့ ကြပါတယ်။ သောက်ပြီးသွားတော့
နှစ်ယောက်သား အိမ်ပြန်လမ်းမှာ သေးပေါက်ချင်တာမို့ ၊ တွေ့ရာ
အစဉ်ပြေရာနေရာ ပေါက်ဘို့ ဆုံးဖြတ်လိုက်ကြတယ်။

သင်္ကျိုင်းကုန်းနဲ့ နီးတာမို့ အုတ်ဂူကျောက်တိုင် အနောက်မှာထိုင်ပေါက်ဘို့
တစ်ယောက်က အကြံပေးပါတယ်။ ဒါနဲ့ တစ်ယောက် သေးပေါက်ပြီးတော့
သုတ်စရာမရှိတာမို့ အောက်ခံ ဘောင်းဘီနဲ့ သုတ်ပြီးလွှတ်ပြစ်လိုက်ပါတယ်။
နောက်တစ်ယောက်ကတော့ အောက်ခံ ဘောင်းဘီကလဲ အသစ်ကြီးဝယ်ထားတာ
မကြာသေးတာမို့ ဘာလုပ်ရမှန်းမသိပါဘူး။ ဒါပေမဲ့ လက်လှမ်းမီရာမှာ
ဖဲပြား ကြိုးကြီးကို တွေ့လိုက်တာမို့ လှမ်းဆွဲပြီး အသုံးပြုလိုက်ပါတယ်။

ပြီးသွားတဲ့ နောက်ဆုံး နှစ်ယောက်စလုံး အိမ်ကို ပြန်ခဲ့ကြတယ်။
နောက်တစ်နေ့မှာတော့ သူတို့ရဲ့ ခင်ပွန်းနှစ်ယောက်ဟာ တယ်လီဖုန်းပေါ်မှာ
ကိုယ့်ဇနီးတွေ ခုတလော ကဲနေကြတာမို့ တစ်ခုခုလုပ်ဖို့ တိုင်ပင်ကြပါတော့တယ်။

“ ဟုတ်တယ်။ ဒီနှစ်ယောက်ကို ငါတို့ သေချာ ထိန်းမှ ဖြစ်တော့မယ်၊ ညကဆို
မင်းကြည့်ကွာ ငါ့မိန်းမ ပြန်လာတာ အောက်ခံ ဘောင်းဘီ ပါမလာဘူး ”။

ဒါနဲ့ နောက်တစ်ယောက်က ။
“ ဟေ့ကောင်ရ။ မင်းမိန်းမက တော်သေးတယ်၊ ငါ့မိန်းမ ညက ပြန်လာတာ
သူ့တင်ပါး ကြားထဲမှာ စာနာထောက်ထား တယ်ဆိုတဲ့ ကဒ်တောင် ပါလာ
သေးတယ်။”“အဲဒီကဒ်ထဲ မှာ မင်းဘာရေးထားတယ် မှတ်သလဲ၊
မီးသတ်တပ်ဖွဲ့က ကျွန်တော်တို့ တစ်စု၊ မင်းကို ဘယ်တော့မှ မမေ့ပါဘူးတဲ့” ။


နွားတစ်ကောင်၏ မှတ်တမ်း

ချစ်သူ့အိမ်မှာ ကျွန်တော်ရောက်နေ၏။ ကျွန်တော်တို့နှစ်ယောက်
ဆိုဖာကြီးပေါ်မှာ အတူယှဉ်တွဲ ထိုင်ကြ၏။ ကျွန်တော်က ချစ်သူကို
တင်းတင်းကျပ်ကျပ် ဖက်လိုက်၏။ ချစ်သူကလည်း ကျွန်တော့်ကို
တင်းတင်းကျပ်ကျပ်ပင် ပြန်ဖက်လိုက်၏။
သို့သော် သိပ်မကြာပါ။
ချစ်သူကကျွန်တော့်ကို အသာတွန်းပြီး ရုတ်တရက် ထရပ်လိုက်၏။
ပြီးတော့ မီးခလုတ်ကို လှမ်းပိတ်၏။ ကျွန်တော် အရိပ်အခြည်ကို
ကောင်းကောင်း နားလည်လိုက်ပါသည်။ သြော်…သူအိပ်ချင် ရှာပြီကိုး။
ကျွန်တော် သနားစိတ်ဖြင့် ထ ပြန်ခဲ့ပါသည်။ ...............



အဖျားရှူးဇာတ်သိမ်း

ပရိဘောဂဆိုင်ကြီး ပိုင်ရှင်တစ်ဦးသည် ပြန်လည်ရောင်းချဖို့ ပရိဘောဂများ
ဝယ်ယူရန် နယူးယောက်မြို့သို့ ရောက်လာခဲ့လေသည်။ သူတည်းသော
ဟိုတယ် ဓာတ်လှေခါးထဲ၌ တစ်နေ့မှာ တကယ်လှ တကယ်ချောသော
မိန်းမပျိုလေးနှင့် တွေ့ဆုံရ၏။ မိန်းမပျိုလေးက ပြင်သစ်မလေးဆိုတော့
တစ်ယောက် ဘာသာစကားကို တစ်ယောက်က နားမလည်။
ထို့ကြောင့် သူက မှတ်စုစာအုပ်လေးကို ထုတ်ယူပြီး အငှားကားတစ်စီးပုံ
ဆွဲပြလိုက်၏။ သူကလေးက ပြုံး၍ ခေါင်းညိတ်၏။ သို့ဖြင့် သူတို့ အငှားကားဖြင့်
ပန်းခြံထဲ ရောက်ခဲ့ကြ သည်။

ထို့နောက် သူက စားသောက်ဆိုင်ပုံ ဆွဲပြပြန်၏။ ဆိုင်ထဲရှိ စားပွဲတစ်လုံးပုံ ဆွဲ၏။
စားပွဲပေါ်မှာ အမေးလက္ခဏာပုံလေး ထည့်လိုက်၏။ သည်တော့လည်း သူကလေးက
ပြုံးပြီး ခေါင်းညိတ်ပြန်၏။ သို့ဖြင့် သူတို့ စားသောက်ဆိုင်မှာ ညစာစားဖြစ်သွားကြ၏။

ညစာစားအပြီးမှာ သူက ကချေသည်လေး နှစ်ယောက်ပုံကို ဆွဲပြပြန်၏။
သူကလေး အထာပေါက်သွား၏။ ထိုညမှာ သူတို့ နိုက်ကလပ်တွင်
ပျော်ပျော်ပါးပါး အားပါးတရ ကကြလေ၏။ က လို့ ၀သွားသည်တွင် သူကလေးက
ခဲတန်နှင့် စာရွက်တောင်းယူပြီး နှစ်ယောက်အိပ် ကုတင်ကြီးပုံတစ်ပုံ ဆွဲပြလိုက်၏။
သည်တွင် ကျွန်ုပ်တို့၏ ဇာတ်လိုက်ကြီး ကြက်သေသေသွားတော့၏။
ရင်သပ်အံ့သြ သွားတော့၏။

``ဟား…အံ့ရော၊ အံ့ရော၊ ကျုပ် ပရိဘောဂဆိုင်ရှင်ဆိုတာ ဒီသူငယ်မ ဘယ်လိုလုပ်
သိသွားတယ် မသိပါဘူးဗျာ။ အံ့ရော..အံ့ရောပဲ´´တဲ့လေ။



မမြင်ချင်ဘူးဟေ့

ညဥ့်အတော်နက်နေပြီ။ သမီး၏ ချစ်သူက မပြန်သေး။ ချစ်တေးတွေ ကျူနေဆဲ။
``အချစ်ရယ်…. မင်းဟာ မောင့်ဘ၀ရဲ့ အလင်းရောင်ပါကွာ၊ မောင့်နှလုံးသားရဲ့
အလင်းရောင်ဟာလည်း မင်းပါပဲ။ နောက်ပြီး….မောင့်မျက်လုံးအစုံရဲ့ အလင်းရောင်´´
သူ့စကားမဆုံးခင်မှာ အခန်းအပြင်ဘက်က ဖခင် အတော်စိတ်တိုလာပြီး…
``ဟေ့…သမီးမေရီ၊ အဲဒီ အလင်းရောင်တွေကို ပိတ်ပြီး အိပ်တော့´´ ဟု အော်ပြောလိုက်၏။



ရေလာမြောင်းပေး

မိန်းမပျို။ ။``ရှင် ကျွန်မကို နမ်းနေတာ ဖေဖေ မမြင်စေနဲ့နော်´´
ယောက်ျားပျို။ ။``ကိုယ် မင်းကို မနမ်းရပါလား´´
မိန်းမပျို။ ။``ဟုတ်ပါတယ်…တကတည်း၊ နမ်းမယ်ဆိုရင် ပြောတာပါ´´



မစစ်ရဘဲ ပေါ်
လူငယ်။ ။``ဦးသမီးနဲ့ ကျွန်တော် ချစ်သူတွေ ဖြစ်နေကြပါပြီ၊ ကျွန်တော် သူ့ကို
လက်ထပ်ချင်ပါတယ်´´
ဖခင်။ ။``မင်း အရက်သောက်တတ်သလား´´
လူငယ်။ ။``ဟာ…ဦး၊ အရေးကြီးတဲ့ကိစ္စ အရင်ပြောပါဦး။ ပြီးမှ သောက်ကြ တာပေါ့´´



တိတ်ဆိတ်ခြင်း နောက်ကွယ်မှာ


``သမီးရဲ့ ချစ်သူ မနေ့ညက ညဥ့်နက်အောင် နေသွားတယ် မဟုတ်လား´´
``ဟုတ်တယ် မေမေ၊ သမီးတို့ စကားပြောသံတွေကြောင့် မေမေ အိပ်မရဘူးလား´´
``မဟုတ်ဘူးသမီး၊ သမီးတို့ စကားပြောသံ မကြားလို့ အိပ်မရတာပါ´´



သူ့အမေ ရင်ကျိုးအောင်

မိဘနှစ်ပါးက သမီးငယ်အား မြို့ကြီးသို့ သွား၍ အလုပ်လုပ်ရန် ခွင့်ပြုလိုက်၏။
သမီးငယ် ထွက်မသွားခင်မှာ မိခင်ကြီးက…
``သမီးအခန်းထဲကို သမီးချစ်သူ ခေါ်မလာပါဘူး´´ဆိုတဲ့ ကတိတစ်ခုတော့
ပေးစေချင်တယ် သမီးရယ်ဟု ပြောပြီး ``အေး…သမီးအခန်းထဲကို သမီးချစ်သူကို
ခေါ်လာတဲ့ဆိုတဲ့ သတင်းသာ မေမေကြားရရင် မေမေ ရင်ကျိုးမှာ အမှန်ပဲကွယ်´´
ဟု လည်း စိုးရိမ်ပူပန်စိတ်ကို လှစ်ပြလိုက်ပါသေးသည်။
သမီးငယ် ထွက်သွားပြီး ရက်သတ္တပတ် အနည်းငယ် အကြာမှာ သားအမိ
ဖုန်းပြောဖြစ် ကြ၏။

``သမီးချစ်သူကို သမီးအခန်းထဲ ခေါ်မလာဘူးနော်။ ဟုတ်တယ် မဟုတ်လား
သမီးလေး´´
``အို..ခေါ်မလာပါဘူး မေမေရဲ့။ မေမေ အတန်တန် မှာထားတဲ့ကိစ္စပဲ၊
သမီး သူ့အခန်းကိုပဲ သွားပါတယ်။ သူ့အမေ ရင်ကျိုးပါစေနော် မေမေရယ်´´


လက်အိတ်ပဲရလာတယ်

လူငယ်နှစ်ယောက် စကားပြောနေကြသည်။ တစ်ယောက်က တိုင်ပင်သည့်
သဘောဖြင့် မိမိ၏ အခက်အခဲကို ပြောပြသည်။
ဆေးဆိုင်မှာ ကွန်ဒုန်းရှိသလားလို့... သွားမေးရမှာ ငါရှက်တယ်ကွာ။
ရှက်ရင် ငါ့နည်းကိုသုံး။ ဆိုင်ထဲဝင်ပြီး သားရေလက်အိတ် ရှိသလားလို့မေး။
မရှိဘူးလို့ အရောင်းသမကဖြေရင် အဲဒါဆိုရင် လက်ချောင်းကလေးတွေကိုစွပ်ဖို့...
ကွန်ဒုန်းဆယ်ခုပေးလို့သာ ပြောလိုက်။ သဘောပေါက်ပြီလား။
ပေါက်ပြီ။
အဲဒါဆို သွား... စမ်းကြည့်။
မိနစ်အနည်းငယ်အကြာတွင် မျက်နှာပျက်ပျက်နှင့် လူငယ် ပြန်ရောက်လာသည်။
မင်း ရယ်ချင်ရယ်မယ်... သူတို့ဆီမှာ လက်အိတ်ရှိတယ်လို့ ပြောတယ်ကွာ။


ကိုယ့်အတွေး

အသက် ၅၀ ၀န်းကျင်လောက်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ မင်္ဂလာဧည့်ခံပွဲတစ်ခုကို
ရောက်ရှိလာခဲ့ပါတယ်။ သူ အစားအသောက်တွေ သုံးဆောင်နေစဉ်မှာပဲ
အင်မတန်စွဲမက်ဖို့ကောင်းတဲ့၊ သတို့သမီးအရံ ကောင်မလေးတစ်ယောက်က
သူ့ကို စိုက်ကြည့်နေပါတယ်။ ကောင်မလေးရဲ့ အကြည့်က သူ့ဆီကကို မခွာနိုင်ပါဘူး။
ဒီလိုနဲ့ သူလည်း သွေးနားထင်ရောက်သွားပါတယ်။ သတို့သားနဲ့ သတို့သမီးမောင်နှံကို
နှုတ်ဆက်ပြီး ပျော်ရွှင်မြူးကြွစွာနဲ့ သတို့သမီးအရံ ကောင်မလေးဆီကို တိုးကပ်လာခဲ့ပါတယ်။
ဒီတော့ ကောင်မလေးကပဲစပြီး ခုလို စကားဆိုပါတယ်။
“ဆရာ၊ ဆရာ့လည်စီးက ရှန်ပိန်ခွက်ထဲ ကျနေတယ်” တဲ့လေ။


တားမြစ်ကြရအောင်

အိန္ဒိယနိုင်ငံ၏ စာသင်ခန်းတစ်ခုတွင်ဖြစ်သည်။ ဆရာဖြစ်သူက လူဦးရေတိုးပွားမှု
အကြောင်း သင်ခန်းစာပို့ချလျက်ရှိသည်။
"တို့အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ ၁၀ စက္ကန့်တိုင်းမှာ ကလေးတစ်ဦးနှုန်း
မွေးဖွားနေတယ်"
ကျောင်းသူတစ်ဦး မတ်တတ်ထရပ်ကာပြောသည်။
"သမီးတို့တစ်တွေ အဲဒီအမျိုးသမီးကို လိုက်ရှာပြီး တားမြစ်ကြရအောင် ဆရာ"


ဆန်တာကလော့စ်


ကလေးငယ်လေးတစ်ဦးက ခရစ္စမတ်ကာလတွင် ဆန်တာကလော့စ်ထံသို့
စာရေးလိုက်သည်။ဆန်တာကလော့စ်ခင်ဗျား... ကျွန်တော့်ကို ချစ်စရာကောင်းတဲ့
ညီလေးတစ်ယောက် လက်ဆောင်ပို့ပေးပါ။
ဆန်တာကလော့စ်ထံမှ စာပြန်လာသည်။
ကောင်းပြီ၊ လူလေးရဲ့အမေကို ငါ့ဆီလွှတ်လိုက်ပါ။......


အမေနှင့် သမီး

အမေနှင့် သူမ၏ ဆယ်ကျော်သက်အရွယ် သမီးဖြစ်သူတို့ စကားပြောနေကြသည်။
အမေ - သမီးလည်းအရွယ်ရောက်နေပြီဆိုတော့ အမေတို့ လိင်ကိစ္စနဲ့ပတ်သက်ပြီး
ဆွေးနွေးပြောဆိုလို့ ရပြီလို့ အမေထင်တယ်။
သမီး - (ယုံကြည်မှုအပြည့်ဖြင့်) သေချာတာပေါ့အမေ၊ အမေသိချင်တာရှိရင် သမီးကို
ပွင့်ပွင့်လင်းလင်းမေးပါ၊ အားမနာပါနဲ့။


အမေရိကန်တွေရဲ့ အိမ်ထောင်ရေးပုံစံ

အမေရိကန်တွေရဲ့ အိမ်ထောင်ရေးပုံစံကို သွားလေ့လာခဲ့တဲ့လူတစ်ယောက်
ကြုံခဲ့ရတာက ဒီလိုပါ....
ဇနီးသည်ဖြစ်သူက အိမ်ခန်းထဲကနေ ရေးကြီးသုတ်ပြာနဲ့ ခင်ပွန်းဖြစ်သူကို
လှမ်းအော်ပါတယ်။
ဒါလင်ရေ... မြန်မြန်လာစမ်းပါဦး... ဒီမှာ ရှင့်ကလေးတွေနဲ့ ကျွန်မကလေးတွေက
ကျွန်မတို့ရဲ့ကလေးတွေကို ရိုက်နေကြတယ် တဲ့။



ဖြစ်လာမှာပါ

ဘားကောင်တာသို့ ဂျိမ်းစ်ဘွန်း လျှောက်လာသည်။ ကုလားထိုင်လွတ်တစ်ခုတွင်
ဝင်ထိုင်လိုက်ပြီး မာတီနီ မှာသောက်သည်။ဘေးကုလားထိုင်တွင် မိန်းမချောတစ်ယောက်။
သူမကို ဂျိန်းစ်ဘွန်း လုံးဝဂရုမစိုက်။ လက်တွင်ပတ်ထားသော မိမိ၏ နာရီကိုသာ
မကြာခဏကြည့်နေသည်။ အမျိုးသမီး စိတ်ဝင်စားလာပြီး မေးသည်။
"ဘာလဲ… မိတ်ဆွေအမျိုးသမီး နောက်ကျနေသလား"
"မဟုတ်ပါဘူး… နောက်ဆုံးပေါ်နာရီကို ကြည့်မ၀ဖြစ်နေလို့ပါ"
"တခြားနာရီတွေထက်…. ဘာများသာလို့လဲရှင့်"
"အများကြီးသာတာပေါ့။ သူ့မှာ ထိုးထွင်းသိမြင်တဲ့ဉာဏ်ပါတယ်။
ဥပမာ… ခင်ဗျား ဘရာစီယာ ၀တ်မထားဘူးလို့ ကျုပ်နာရီက
သတင်းပေးနေတယ်ဗျ"
အမျိုးသမီး ဟက်ဟက်ပက်ပက် ရယ်ပြီးပြောသည်။
"ရှင့်နာရီမှားပြီ… ကျွန်မမှာ ဘရာစီယာပါတယ်ရှင့်"
ဂျိန်းစ်ဘွန်း နာရီကို သေသေချာချာ ပြန်ကြည့်ပြီးပြောသည်။

"အင်း… နာရီက နာရီဝက်တိတိ မြန်နေတာကိုး"



…………………………………..

Google's Buzz အကြောင်း





Google ကုမ္ပဏီရဲ့ Web mail ၀န်ဆောင်မှုဖြစ်တဲ့ Gmail တွင် နာမည်ကျော်
social networking ဆိုက်များဖြစ်တဲ့ Twitter နဲ့ Facebook ကဲ့သို့ social-networking
လုပ်ဆောင်နိုင်စွမ်းများကို ထည့်သွင်းပေးထားတဲ့ Google Buzz ကို
လွှင့်တင်လိုက်ကြောင်း သိရပါတယ်။

Google ဟာ Facebook နဲ့ Twitter ကဲ့သို့ status update များဝေမျှခြင်း၊ ဓာတ်ပုံနဲ့
ဗီဒီယိုများဝေမျှခြင်း စတဲ့ ၀န်ဆောင်မှုတို့ကို ပြုလုပ်နိုင်စေရန်အတွက် Google Buzz
ကိုပြုလုပ်ခြင်းဖြစ်ပြီး အချိန်တိုတွင်း Gmail အသုံးပြုသူအားလုံး အသုံးပြုနိုင်စေရန်
စီစဉ်လျက်ရှိတယ်လို့ ဆိုပါတယ်။ Google Buzz တွင် ဓာတ်ပုံများကိုဝေမျှခြင်း၊
status update များကိုဝေမျှခြင်းအပြင် Twitter, Picasa, Flickr, Google Reader
စတဲ့ ၀က်ဘ်ဆိုက်များနဲ့လည်း ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။ Update များကို အချိန်နဲ့တစ်ပြေးညီသိရှိနိုင်မှာဖြစ်သလို မိုဘိုင်းဖုန်းအတွင်းတွင်လည်း ထည့်သွင်း
အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ယခုလို Google မှ Gmail အတွင်း
social-networking လုပ်ဆောင်နိုင်စွမ်းများကို ထည့်သွင်းခြင်းဟာ
မကြာမီကပြုလုပ်ခဲ့တဲ့ Google Wave နဲ့သက်ဆိုင်မှုမရှိဘူးလို့ဆိုပါတယ်။
Google ဟာ social-networking ဆိုက်အဖြစ် Orkut ကို လွှင့်တင်ထားပေမယ့်လည်း
၎င်းင်းဟာ နိုင်ငံအချို့တွင်မှာ သာတွင်တွင်ကျယ်ကျယ်အသုံးပြု ကြပြီး Facebook နဲ့
နှိုင်းယှဉ်လျှင် များစွာကွာခြားလျက်ရှိကြောင်း သုံးသပ်သူအချို့က ဝေဖန်ပြောကြား
ခဲ့ပါတယ်။


နောက်တော့ .......
သူငယ်ချင်း တစ်ယောက်ဆီက အခုလိုလေးး Fwd Mail တစ်စောင်ဝင်လာတယ်..
ဖတ်ကြည့်လိုက်ကြပါဦးး Google Buzz နဲ့ ပတ်သတ်ပြီးးရှောင်ဖို့ တွေပေါ့ .



Google Buzz ကို ဒီ ၂ ရက်အတွင်းမှာ တော်တော်လန့်သွားတယ်။
အဓိကကတော့ privacy လုံးဝကို မလုံခြုံတော့ဘူး။
Google ဘာတွေလုပ်နေလဲ မသိတော့ဘူး ဒီ ၂ ရက်အတွင်းမှာကို
သူတို့ တိတ်တိတ်လေးနဲ့ ပြင်နေတာ အများကြီးပဲ။
Buzz ထဲမှာ ကျွန်တော့်ကို follow လုပ်ဖို့ ကျွန်တော့်ကို ခွင့်တောင်းစရာမလိုဘူး။
follow လုပ်ပြီးတာနဲ့ ကျွန်တော် တင်သမျှ Buzz messages တွေအကုန် ဖတ်လို့ရ
သွားပြီ။ ကျွန်တော် မတင်ဘဲနဲ့လဲအခြား Google က services တွေမှာ ကျွန်တော်
လုပ်သမျှ Buzz မှာ update လုပ်နေတယ်။ ဥပမာ Google Reader မှာ တစ်ခုခု
share တာမျိုးကိုအကုန်ကြည့်လို့ ရနေတယ်။ နောက် Gtalk Status message
ကိုလဲ update လုပ်တယ်။

Google Profile မှာ ကိုယ့်ဖြည့်ထားသလောက် information ကလဲ လူတိုင်း
ကြည့်လို့ရနေပြီ။ အရင်က profile ကို hide လုပ်ထားလို့ရတယ်။
အခု Buzz ထွက်လာတော့ profile က ကျွန်တော့် message က နာမည်ကို
နှိပ်လိုက်တာနဲ့တန်းပြီး ကြည့်ရုံပဲ ဖုန်းနံပါတ်တွေ Geolocation တွေများ ထည့်ထားသေးရင်ဘယ်နားရောက်နေတယ် ဆိုတာပါသိရမယ်။

အရမ်းကြောက်ဖို့ ကောင်းတယ် နောက် Google ကlive Search လိုမျိုး
လုပ်ပြီး လူတိုင်း messages တွေကို ဝင်ရှာနိုင်တဲ့service မျိုးလုပ်နိုင်သေး
တယ်။ မိုဘိုင်းဖုန်းကနေ Nearby Search အခုလုပ်လိုက်ရင် Buzz ကို
မိုဘိုင်းဖုန်းသုံးနေတဲ့ သူတွေ(မြန်မာနိုင်ငံသားတွေ) အကုန်ရှာလို့
ရနေတယ်။

တော်တော်လေးလန့်သွားတယ် ကျွန်တော်က VIP ပုဂ္ဂိုလ်လဲမဟုတ်ဘူး
ကိုယ့်အကြောင်းကို ဖုံးထားမှ ဖြစ်မယ့် လူမျိုးလဲ မဟုတ်ဘူး။ ဒါပေမယ့်
ကျွန်တော့် အကြောင်းကို web ပေါ်မှာ အကုန်ကြည့်လို့ ရနေတာကိုတော့
တော်တော်လေးလန့်သွားတယ်။ လောလောဆယ် Buzz ထဲမှာ Mashable
လိုမျိုးကို followလုပ်လို့ရတယ်။ သူတို့ ဘာတွေ အသစ်တင်လဲဖတ်လို့ရတယ်
comment ဝင်ရေးလိုက်ပြီဆိုပါစို့ အဲဒီ comment မှာပါတဲ့ ကျွန်တော့် နာမည်
profileကနေ email ဖြည့်ထားရင် spam mail ပို့လို့ရပြီ။ Geolocation နဲ့ Buzz ကို
update လုပ်ထားရင် ကျွန်တော်ရှိတဲ့ နိုင်ငံကို လိုက်ပြီး location based
Spam ကြော်ငြာတွေ ပို့လို့ရပြီ။ ပြောလို့မရဘူး contact မှာပါတဲ့
ဖုန်းနံပါတ်တွေကို mobile ဖုန်း ကြေငြာလုပ်တဲ့ သူတွေ location based နဲ့
လိုက်ရှာပြီး SMS ကြော်ငြာတွေ ပို့လို့ ရနေမယ်။ အနည်းဆုံး SMS နဲ့
မင်းထီပေါက်ပါတယ် ဆိုပြီး လာတဲ့ အချိန် ထီထိုးထားမိရင် ကျွန်တော်သာဆို
ယုံမိတော့မှာပဲ။

Google Buzz က အမှန်တော့ Twitter + FaceBook’s Like + Geolocation
ပေါင်းထားတာပဲ။ Google က အချိန်တို အတွင်းမှာ သူ့ရဲ့ Social Networking ဆိုဒ်ကို အကြီးကြီးဖြစ်လာချင်တော့ အတင်း force လုပ်ပြီး ကျွန်တော် ဘာမှမသိလိုက်ရပဲ
ကျွန်တော့် Gtalk list ထဲက သူတွေကို follow လုပ်ထားပြီးသားဖြစ်နေတာ တွေ့ရတယ်။ မလုပ်ရသေးတဲ့သူများဆိုလဲ Recommanded ဆိုပြီး လာပြနေသေးတယ်။

Spammer တွေအတွက် အကောင်းဆုံး ဂွင်တစ်ခုလိုဖြစ်နေပြီ
Bot များရေးထားပြီး crawl လုပ်လိုက်ရင် Buzz ကနေ နာရီဝက်လောက် အတွင်းမှာ
email contact ပေါင်းသိန်းချီရနိုင်တယ်။ ပြီးရင် အဲဒီကောင်တွေ ကို business
တွေဆီ ဒေါ်လာ ရာဂဏန်းလောက်နဲ့ ရောင်းစား ပိုက်ဆံရှာလို့ရတယ်။
ထွက်တာ ၂ ရက်ပဲရှိသေးတဲ့ Buzz ရဲ့Privacy သတင်းကတော့ web ပေါ်မှာ
တော်တော်လေးပြန့်နေတယ်။ အခု ကျွန်တော်ရေးထားတာတောင် personal
အမြင်ပဲ ရှိသေးတယ် security professional တွေရဲ့ articles တွေ အခုပဲ
“Google BuzzPrivacy” ဆိုပြီး ရှာလိုက်တာတောင် result 66,300,000
အဲဒီလောက်ထွက်နေပြီ။ ကျွမ်းကျင်တဲ့သူတွေ ရေးထားတာကို ရှာဖတ်ကြည့်လေ
Buzz ကကြောက်စရာကောင်းလာလာလေလေ ဖြစ်လာတာနဲ့ ကျွန်တော်ကတော့
Buzz ကိုလုံးဝပိတ်လိုက်ပြီ။ ပိတ်ချင်ရင် Gmail အောက်ဆုံးမှာ turn off buzz ဆိုပြီး
ရှိပါတယ်။ အဲဒီကနေ ပိတ်လို့ရပါတယ်။ ကျွန်တော်ကတော့ Buzz သုံးလိုက်
ကတည်းကonline privacy နဲ့ပက်သက်ပြီး shock ရသွားတယ် ပထမဆုံးဘဲ။
Google လိုမျိုးကသူ့ product အောင်မြင်ဖို့ဆို ကျွန်တော်တို့ privacy ကို ချနင်းဖို့
ဝန်လေးပုံ မရဘူး။ :(





......................................................

CDMA 800MHz ဖုန်းများ နယ်မြေကန့်သတ်ချက်ထက် ကျော်လွန်သုံးစွဲနိုင်




နယ်မြေကန့်သက်ချက်များဖြင့်သာ အသုံးပြုနိုင်မည်ဖြစ်သော CDMA 800 MHz
ဖုန်းများမှာ သတ်မှတ်ထားသော နယ်မြေများထက်ကျော်လွန်ကာ အသုံးပြု၍ရရှိ
လျက်ရှိကြောင်း သိရသည်။
ယင်း CDMA 800 MHz ဖုန်းများသည် နယ်မြေကန့်သတ်ချက်များဖြင့်သာ
အသုံးပြုနိုင်မည်ဟု သိရှိထားခဲ့ကြသော်လည်း ယခုအခါတွင် သတ်မှတ်ထားသော
နယ်မြေမြို့နယ်များထက် ပိုမိုကျယ်ပြန့်စွာအသုံးပြု၍ ရလျက်ရှိပြီး CDMA 800 MHz
Frequencyရှိသော မိနိုင်သောနေရာတိုင်းတွင်အသုံးပြု၍ရကြောင်း ယင်းဖုန်းအသုံးပြု
လျက်ရှိသူများထံမှ သိရှိရသည်။ “ကျွန်တော်တို့ခုကိုင်ထားတာ ခုနောက်ထုတ်ပေး
နေတဲ့ CDMA 800 MHz ဖုန်းပါ။ အစကတော့ အထိုင်ဖုန်းနဲ့ပဲ သုံးနေတာပါပဲ။
သူငယ်ချင်းတစ်ယောက်က ဖုန်းကို ဘယ်ထိသုံးလို့ရလဲစမ်းကြည့်မယ်ဆိုပြီးတော့
သူ့အထိုင်ဖုန်းကို သယ်သွားပါတယ်။ သူ့ဖုန်းက တာမွေမြို့နယ်ကအတွက်
လျောက်ထားတဲ့ဖုန်းပါ။ သူက မင်္ဂလာတောင်ညွန့်ထဲကိုရောက်တော့ ဖုန်းခေါ်တယ်၊ အဲဒါလည်းခေါ်လို့ရနေပါတယ်။ သူဆက်သယ်သွားပါတယ်။ ဒဂုံမြို့နယ်ကိုရောက်
တော့ ကျွန်တော်တို့ကို သူကပြန်ခေါ်ပါတယ်။ ပြောလို့ရပါတယ်။ သူ့ကိုပြန်ခေါ်
တော့လည်း ရပါတယ်။ သူ လသာဖက် ကိုသွားတော့လည်း ခေါ်လို့ရပါတယ်။
မြေနီကုန်း၊ လှည်းတန်း နေရာလောက်ထိကို ပြောလို့ရနေပါတယ်။ သူ့လိုင်းရှိတဲ့ နေရာမှန်သမျှမှာအသုံးပြုလို့ရနေပါတယ်” ဟု CDMA 800 MHz ဖုန်းအသုံးပြုသူ
တစ်စုမှ ပြောပြသည်။ “ကျွန်တော့်ဆိုင်ကိုလာတဲ့ Customer နှစ်ယောက်က သူတို့
မန္တလေးက CDMA 800 MHz ဖုန်းကတ်ကိုယူလာပါတယ်။ ဖုန်းဝယ်တော့
ဝယ်တဲ့ဖုန်းထဲကို အဲဒီမန္တလေးကတ်ကိုထည့်ပြီး ဆက်ကြည့်တော့ရပါတယ်” ဟု
Mr.Fone မို ဘိုင်းဖုန်းအရောင်းဆိုင်မှ တာဝန်ရှိသူ ကိုစည်သူမှပြောပြသည်။
CDMA 800 MHz ဖုန်းများသည် နယ်မြေကန့်သတ်ချက်ဖြင့်ဆိုသော်လည်း
ဖုန်းတိုင်မိသောနေရာတိုင်းတွင် အသုံးပြု၍ရလျက်ရှိကြောင်းသိရသည်။




Ref : Internet Journal
.....................................

Saturday, February 6, 2010

CDMA 800MHz (Wireless Local Loop ) ဖုန်းများသုံးနိုင်ပြီ


အော်တိုတယ်လီဖုန်းများဖြစ်သော ကြိုးဖုန်းများကဲ့သို့ အသုံးပြုနိုင်သည့်
Wireless Local Loop(CDMA 800MHz) ဖုန်းများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့များ
တွင် အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

၎င်းဖုန်းများသည် Digital ကြိုးဖုန်းများနေရာတွင် အစားထိုးနိုင်ရန်အတွက် ကြိုးသွယ်တန်းရန်ခက်ခဲသည့်နေရာများအတွက် အဓိကဖြည့်ဆည်းနိုင်ရန် ၎င်းဖုန်းများကိုချထားပေးခြင်းဖြစ်ပြီး လူတိုင်းသုံးစွဲနိုင်ရန် ရည်ရွယ်ချက်ဖြင့်
ချထားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Wireless Local Loop ဖုန်းများသည် CDMA 2000 IX (800 MHz) ကွန်ယက်
သုံးစွဲထားပြီး မြို့ပြတယ်လီဖုန်းစနစ်ကွန်ယက်အတွက် သင့်တော်သော
ဖုန်းကွန်ယက်ဖြစ်သဖြင့် လိုင်းအားကောင်းမွန်ကြောင်း သိရသည်။

ရန်ကုန်မြို့၏ မြို့နယ် ၃၁ မြို့နယ်တို့တွင် အသုံးပြုနိုင်ပြီး မန္တလေးမြို့၏မြို့နယ်များ
တွင်လည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။ CDMA (800 MHz) WLL
တယ်လီဖုန်းများ၏ အားသာချက်များမှာ စာရွက်စာတမ်းအရှုပ်အရှင်းမရှိခြင်း၊
နှစ်စဉ်ကြေးပေးစရာမလိုခြင်း၊ တယ်လီဖုန်းခသွားဆောင်စရာမလိုခြင်း၊
SMS စနစ်ဖြင့် ငွေလက်ကျန်ကိုစစ်ဆေးနိုင်ခြင်း စသည့်အချက်များသည်
အော်တိုတယ်လီ ဖုန်းကြိုးများထက် အားသာချက်များဖြစ်သည်။ ၎င်းဖုန်းများကို ကတ်စနစ်ဖြင့်အသုံးပြုရမည်ဖြစ်ပြီ ၎င်းကြိုတင်ငွေဖြည့်စနစ်ဖြစ်သော
(Prepaid Top-up Card) စနစ်ဖြင့် အသုံးပြုထားခြင်းဖြစ်သည်။

ဖုန်းကတ်တစ်ကတ်၏ ဖုန်းနံပါတ်များသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
ချထားပေးလိုက်သည်နှင့် အပတ်စဉ်၎င်းဖုန်းနံပါတ်လစဉ်ထဲကိုသာ
အသုံးပြုသွားရမည်ဖြစ်ပြီး တယ်လီဖုန်းခများကိုသာ Top-up စနစ်ဖြင့်
 ဖြည့်သွားနိုင်မည်ဖြစ်သည်။ ငွေဖြည့်တင်းရာတွင် ကြိုတင်ငွေဖြည့်ကတ်များကို
ကျပ် ၁၀,၀၀၀ ကျပ် ၃၀,၀၀၀ ကျပ်တန်ဟူ၍ထုတ်ထားပြီး မြန်မာကျပ်ငွေနှင့်
ရောင်းချသော Top-up Card သည် ပြည်တွင်းတွင်ခေါ်ဆိုခြင်းဖြစ်သည်။
FEC 20 တန်နှင့် FEC 50 တန်တို့သည် ပြည်ပခေါ်ဆိုမှုများအတွက်
အသုံးပြုနိုင်မည်ဖြစ်သည်။

ငွေဖြည့်တင်းကတ်များသုံးစွဲရာတွင် ကတ်ဝယ်ယူပြီးပါက သုံးလသာလက်ထဲတွင်
ကိုင်ထားခွင့်ရှိပြီး ခဲခြစ်၍ ဖုန်းတွင်းဖြည့်တင်းလိုက်သောအခါတွင် ဖြည့်ထားသော
ဖုန်းခမကုန်မချင်း ရာသက်ပန် အသုံးပြုသွားနိုင်မည်ဖြစ်သည်။

ဖုန်းခကိုဘယ်၍ဘယ်မျှ CDMA 800 MHz WLL ဖုန်းများကို လျှောက်ထားရာတွင်
လျှောက်လွှာများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ လိပ်မူ၍ ၎င်းရုံးသို့တိုက်ရိုက်
လာတင်ခြင်းဖြင့် လျှောက်ထားနိုင်ပြိး မည်သူမဆို အသုံးပြုခွင့်ပေးသွားမည်ဖြစ်
ကြောင်း သိရသည်။ ယခုအခါတွင် ရန်ကုန်နှင့် မန္တလေးမြို့များ၌ တစ်လအတွင်း အလုံးငါးထောင်ကျော်ချထား ပေးပြီးဖြစ်၍ တိုင်းဒေသများမှ လျှောက်ထားသူများကို ဦးစားပေးချထားပေးလျက်ရှိပြီး စာတိုက်မှတဆင့် ရုံးသို့လိပ်မူလျှောက်ထားသူများ
ကို လဲချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“CDMA(800MHz)WLL“ ဖုန်းတွေကို Demand ပေါ်မူတည်ပြီး ချထားပေးဖို့ရှိပါတယ်။
အရင်က တစ်သိန်းကျော်လောက်ချမယ်လို့ သတင်းထွက်ခဲ့ပေမယ့် နောက်ပိုင်းမှာ
သုံးသိန်း၊ ငါးသိန်းလောက်အထိ ချထားပေးနိုင်သလို လိုအပ်ရင်လိုအပ်သလို
ချသွားပေးဖို့ အစီအစဉ်ရှိနေပါတယ်” ဟု ဦးဉာဏ်ဝင်း Debuty General Manager မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ရှင်းပြသည်။

CDMA (800 MHz) WLL ဖုန်းများသည် နံပါတ်ရှစ်လုံးရှိပြီး ရန်ကုန်မြို့တွင်
၀၁၇၃.....နှင့်စသော ဖုန်းနံပါတ်များကို ချပေးနေပြီး မန္တလေးမြို့များအတွက်မှာ
၀၂၉၁ ဖြင့်စသော ဖုန်းနံပါတ်များဖြင့် ချထားပေးနေကြောင်း သိရသည်။






Ref : Internet Journal
...................................................................

CDMA အကြောင်းသိသမျှ - ၃

မြန်မာနိုင်ငံတွင်အသုံးပြုလျက်ရှိသောမိုဘိုင်းဖုန်းကွန်ရက်များမှာ CDMA ,GSM,
WCDMA ဟူ၍ရှိရာ နယ်မြို့များအပါအ၀င် မြန်မာတစ်နိုင်ငံလုံးတွင် လိုင်းအား
ကောင်းမွန်သော CDMA ဖုန်းများကို ပိုမိုသုံးစွဲလိုကြကြောင်း သိရှိရသည်။

GSM ကွန်ရက်သည် မြန်မာတစ်နိုင်ငံလုံး၏နေရာအတော်များများတွင် အသုံးပြုနိုင်
သော်လည်း လိုင်းအားကျပ်လာခြင်း နယ်မြို့များတွင် CDMA ကွန်ရက်လို GSM လိုင်းမကောင်းခြင်းတို့ကြောင့် CDMA ဖုန်းကို ပိုမိုကိုင်ဆောင်လိုလာကြခြင်းဖြစ်
ကြောင်း သိရှိရသည်။ ဖုန်းငှားရမ်းသုံးစွဲရန်လျှောက်ထားသည့်အခါတွင်
ဖုန်းအသုံးပြုလိုသူများသည် လိုင်းအားကောင်းမွန်သော CDMA ဖုန်းကိုသာ
ပိုမိုကြိုက်နှစ်သက်မှုရှိလာပြီး GSM ဖုန်းများကို လိုင်းအားကြပ်ခြင်းနှင့်
ဖုန်းချထားပေးမှုပေါ်မူတည်ပြီး ရွေးချယ်ကြကြောင်းသိရသည်။
ပြင်ပဖုန်းဈေးကွက်တွင်လည်း ရွေးချယ်ဝယ်ယူသည့်အခါတွင် ဈေးနှုန်းခြင်း
တူသော်လည်း လိုင်းပိုကောင်းသော CDMA ဖုန်းကိုဝယ်ယူကြကြောင်း သိရသည်။

“ လက်ကိုင်ဖုန်းသုံးချင်သူတွေအနေနဲ့ ဖုန်းဝယ်မယ်ဆိုရင် ရန်ကုန်မှာဆိုရင်တော့
GSM ဖုန်းတွေကကောင်းပါတယ်။ လိုင်းအားကတော့ အခုနောက်ပိုင်းအတော်ကြပ်
လာပါတယ်။ ဒါပေမယ့် ရန်ကုန်မြို့မှာ CDMA 450 , CDMA စသဖြင့် သုံးလို့ရတဲ့
အတွက် အဲဒီဖုန်းတွေသုံးတဲ့သူကလည်းနည်းတာကြောင့် လိုင်းအားက GSM
ထက်တော့ကောင်းတယ်။ GSM ကို နယ်တွေထက် ရန်ကုန်ကပိုပြီးကြိုက်ကြတယ်။ ဒါပေမယ့်နယ်တွေမှာတော့ CDMA ကွန်ရက်လိုင်းတွေကို ပိုမိုသုံးစွဲလိုကြတယ်။
GSM ၏ဟန်းဆက်များမှာ စွမ်းဆောင်ရည်ကောင်းမွန်ခြင်းမှာလည်း အားသာချက်
ဖြစ်သလို လိုင်းအားအဓိကထားပြီးသုံးချင်သူတွေကတော့ CDMA ဖုန်းကိုဘဲ
ရွေးချယ်ကြမှာပါ” ဟု မိုဘိုင်း ဆားဗစ်သမားတစ်ဦးမှရှင်းပြသည်။

“ ကျွန်တော်တို့မြို့မှာ ကွန်ရက်က GSM ကော CDMA ကော ကွန်ရက်နှစ်ခုလုံး
သုံးနိုင်ပါတယ်။ ဒါပေမယ့်ကွန်ရက်မှာ CDMA ကပိုပြီးကောင်းပါတယ်။
ကျွန်တော်တောထဲသွားရင်တောင် CDMA ဖုန်းတွေကမိပါတယ်။
GSM ဖုန်း တွေကတော့ မမိတော့ပါဘူး။ ဒါပေမယ့် GSM ဟန်းဆက်တွေက
ဆွဲဆောင်မှုရှိပါတယ်။ CDMA ဖုန်းတွေလို ပုံတုန်းကြီးတွေမဟုတ်ပါဘူး။
ကျွန်တော်ဝယ်မယ်ဆိုရင် လိုင်းကောင်းတဲ့ CDMA ဘဲသုံးမှာပါ” ဟု
နယ်မြို့ခံတစ်ဦးမှ ပြောပါသည်။

CDMA ဖုန်းလိုင်းများသည် 450 MHz, 800MHz နှင့် WCDMA ဟူ၍ရှိရာမြန်မာပြည်
အနှံတွင် ထိုလိုင်းများကိုသုံးစွဲနိုင်ပြီး လိုင်းအားမှာလည်းကောင်းမွန်ကြသည်။
ဆက်သွယ်ရေးတွင် လျောက်ထားပါက ၁၅သိန်း၅သောင်းဖြင့်ငှား ရမ်းသုံးစွဲနိုင်ပြီး
ပြင်ပဈေးကွက်တွင် ပြန်လည်ဝယ်ယူပါက ၁၇ သိန်းဝန်းကျင်ခန့်တွင်ရှိကြောင်း
သိရသည်။

၂၀၀၉/၂၀၁၀ အတွက်ပြုလုပ်ပေးခဲ့သော CDMA 800 MHz ဖုန်းများအား
မန္တလေးမြို့တွင် ဇန်န၀ါရီလပထမပတ်တွင် စတင်အသုံးပြုခွင့်ရရှိနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးပြီးနောက် ယခုရန်ကုန်မြို့တွင်လည်း မကြာမီတွင်
အသုံးပြုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
CDMA 800 MHz ဖုန်းများအား မန္တလေးမြို့တွင်အသုံးပြုခွင့်ပေးခဲ့ပြီး လျှောက်ထား
လိုသူများနှင့် ၀ယ်ယူအသုံးပြုလိုသူများအနေဖြင့်လည်း ၀ယ်ယူနိုင်ကြောင်းသိရသည်။

“ကျွန်တော်တို့ဆီမှာ CDMA 800 MHz ဖုန်းတွေကို ဇန်န၀ါရီပထမပတ် ၈ ရက်နေ့
လောက်ကစပြီး အသုံးပြုခွင့်ရခဲ့ပါတယ်။ ဟန်းဆက်နဲ့အထိုင်ဖုန်းကိုတော့ ကိုယ့်ဟာ
ကိုယ်ဝယ်ရပါတယ်။ ဖုန်းကို နာမည်ပေါက်ရရှိပြီးတော့ မြန်မာ့ဆက်သွယ်ရေးမှာ
လျှောက်ထားနိုင်သလို အပြင်မှာလည်း ၀ယ်ယူအသုံးပြုနိုင်ပါတယ်။
အပြင်မှာဆိုရင်တော့ အခုလက်ရှိဈေးက ခြောက်သိန်းခွဲလောက်ရှိပါတယ်။
ဒါက ကတ်အတွက် ပါပဲ။ ဟန်းဆက်မပါပါဘူး။ ဖုန်းခေါ်ဆိုခတွေအနေနဲ့ကတော့
အထွက်ခေါ်ဆိုမှုအတွက် ငါးဆယ်ကျပ်ဖြစ်ပြီး အ၀င်ဖုန်း Call အတွက်ကတော့
မပေးရပါဘူး။ SMS အတွက်ကတော့ နှစ်ဆယ့်ငါးကျပ်ကျပါတယ်။
ဖုန်းနံပါတ်ကတော့ ရှစ်လုံးပါ။ နံပါတ်က ၇၃ နဲ့စပါတယ်” ဟု မန္တလေးမှ
CDMA 800 အသုံးပြုသူများနှင့် ဟန်းဆက်အရောင်းဆိုင်များမှ သိရသည်။

ထို့အပြင်ယခုအခါ ရန်ကုန်မြို့တွင်လည်း ယခင်ကအသုံးပြုလျက်ရှိသော
CDMA 800 MHz ဖုန်းများဖြစ်သည့် ၀၉၈၀ ဖုန်းများနှင့် Database များအား
ခွဲခြားသတ်မှတ်ခဲ့ပြီး မကြာမီအချိန်တွင် ရန်ကုန်မြို့၌လည်း CDMA 800MHz
ဖုန်းများအား အသုံးပြုခွင့်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။





Ref : Internet Journal
......................................

CDMA အကြောင်းသိသမျှ - ၂

CDMA 450 ကွန်ရက်ကမ်းရိုးတန်းဖုန်းများအား တောင်ပေါ်ဒေသများနှင့် မြန်မာနိုင်ငံနေရာတော်တော်များများတွင် အသုံးပြုနိုင်လာပြီဖြစ်ကြောင်းသိရသည်။
ယခင်က ဧရာဝတီတိုင်းနှင့် ကမ်းရိုးတန်းဒေသနေရာများတွင်သာအသုံးပြုခဲ့ကြ
သော်လည်း ယခုအခါတွင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်း
တောင်ပေါ်ဒေသနေရာများတွင်ပါ အသုံးပြုနိုင်လာပြီဖြစ်သည်။

မြန်မာနိုင်ငံအထက်ပိုင်းတောင်ပေါ်ဒေသဖြစ်သော တောင်ကြီးနှင့်လားရှိုးမြို့
တို့တွင်လည်း CDMA 450 ကမ်းရိုးတန်းဖုန်းများအား အသုံးပြုနိုင်ပြီဖြစ်
ကြောင်းသိရသည်။ ယခုလအတွင်းတွင် တောင်ကြီးနှင့် လားရှိုးမြို့တို့အတွက်
CDMA 450 ကွန်ရက်ဖုန်းလိုင်းများ တပ်ဆင်ပေးခဲ့ကြောင်းသိရသည်။
တောင်ကြီးနှင့်လားရှိုးအတွက် ၄၅၀ တိုင်များအားပြုလုပ်ပေးခဲ့ပြီး CDMA 450
တစ်ခါသုံး Prepaid Card ဖုန်းများကိုလည်း ၎င်းဒေသတွင် အသုံးပြုနိုင်မည်
ဖြစ်ကြောင်း သိရသည်။

CDMA 450 ဖုန်းလိုင်းများအား ဧရာဝတီတိုင်းနှင့်ရန်ကုန်တိုင်း၊ မန္တလေး၊ စစ်ကိုင်း၊
သထုံ၊ မော်လမြိုင်၊ တောင်ကြီး၊ လားရှိုး၊ နေပြည်တော်ပျဉ်းမနား၊ ထားဝယ်၊ မြိတ်၊
မိုးကုတ်၊ စစ်တွေ အစရှိသောမြို့များနှင့် အခြားမြန်မာနိုင်ငံ အရပ်ဒေသနေရာ
အများအပြားတွင် အသုံးပြုနိုင်ပြီဖြစ်ကြောင်းသိရသည်။ ယင်းကဲ့သို့ CDMA 450
လိုင်းများအား တိုးချဲ့တပ်ဆင်ပေးခဲ့ခြင်းကြောင့် နေရာအနှံ့အပြားတွင်
CDMA 450 ဖုန်းများအား အသုံးပြုနိုင်မည်ဖြစ်ပြီး CDMA ဟန်းဆက်ဈေးကွက်
မှာလည်း သိသိသာသာတိုးတက်လာခဲ့ကြောင်းသိရသည်။

“ဆိုင်မှာခုဆိုရင် CDMA 450 ဟန်းဆက်တွေကို လာဝယ်တဲ့သူတွေ
တော်တော်များလာပါတယ်။ ပြီးတော့ ၀ယ်ကြတဲ့သူတွေကလည်း
နယ်ကလူတွေများပါတယ်။ နယ်တွေမှာ ဖုန်းသုံးလို့ရနေပြီဆိုတော့
ဟန်းဖုန်းကိုင်ချင်ကြတဲ့သူတွေက သုံးလို့ရပြီဆိုတာနဲ့ ရန်ကုန်ကို တက်ပြီး
လာဝယ်ကြတယ်။ တစ်ချို့ဆိုရင် တစ်ခါသုံး Prepaid Card တွေကိုပါ
ဝယ်သွားကြတယ်။ ခုဆိုရင် CDMA 450 အတွက် ဖုန်းတိုင်တွေကို
လုပ်ပေးထားပါတယ်။ ဖုန်းမချပေးသေးပေမယ့် ကတ်ဖုန်းတွေ
ဝယ်သုံးလို့ရနေတဲ့အတွက် ဖုန်းဈေးကွက်ကတက်လာတာပါ” ဟု
Mr.Fone၊ လူကြီးမင်းနှင့် MT မိုဘိုင်းဖုန်းအရောင်းဆိုင်တို့မှပြောသည်။

ယခုအခါတွင် မြန်မာနိုင်ငံ၏နေရာအများအပြားတွင် CDMA 450
ဖုန်းများအား အသုံးပြုနိုင်ပြီဖြစ်ပြီး ကမ်းရိုးတန်းဒေသ၊ မြေပြန့်ဒေသနှင့်
တောင်ပေါ်ဒေသများတွင်ပါ အသုံးပြုနိုင်ပြီဖြစ်ကြောင်းသိရသည်။

နေပြည်တော်တွင် ယခုအောက်တိုဘာလဒုတိယပတ်နှင့် တတိယပတ်တို့တွင်
CDMA 450 လိုင်းများအား စတင်အသုံးပြုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး
နောက်ပိုင်းတွင် ရန်ကုန်မြို့၏ CDMA ဟန်းဆက်ဈေးကွက်မှာ သိသိသာသာ
တိုးတက်ပြောင်းလဲလာခဲ့ပြီး နေပြည်တော်နှင့် နေ ပြည်တော်ပျဉ်းမနားတို့တွင်လည်း
CDMA ဟန်းဆက် ဈေးကွက် များစတင်ပေါ်ပေါက်လာခဲ့ကြောင်း သိရသည်။

“ခုဆိုရင် နေပြည်တော်နဲ့ ပျဉ်း မနားမြို့ပေါ်မှာ CDMA 450 ဖုန်းတွေကို သုံးနိုင်နေပါပြီ။
CDMA 450 ကို ကတ်ဖုန်းရော အထိုင်ဖုန်းတွေပါသုံးနိုင်ပါတယ်။ နေပြည်တော်ထဲမှာ
လည်း CDMA 450 နဲ့ဖုန်းပြောနိုင်နေပါပြီ။ ပျဉ်းမနားမြို့ပေါ် မှာလည်း သုံးနိုင်နေပါပြီ။
ဒါပေမယ့် ဖုန်းဆိုင်ဆိုပြီး ဟန်းဆက်ရောင်းတဲ့ဆိုင်၊ Prepaid ကတ်ရောင်းတဲ့ဆိုင်ဆိုပြီး
သီးသန့်တော့ မရှိသေးပါဘူး။ အဲဒီအတွက် ရန် ကုန်ကနေ နေပြည်တော်ကို
သွားမယ့်လူတွေက ဖုန်းသုံးလို့ရနေပြီ ဖြစ်တဲ့အတွက် ရန်ကုန်ကနေဟန်း ဆက်ရော
ကတ်ကိုပါတစ် ခါ တည်း ၀ယ်သွားကြတာ များပါ တယ်။ အဲဒီအတွက် ရန်ကုန်မှာ
အရင်ကဆို CDMA ဟန်းဆက်ဈေးကွက်ကပါးပေမယ့် ခုတော့ ဒီတစ်ပတ်အတွင်းမှာ
တင် အရင် ကထက် တစ်ဆခွဲနီးပါးလောက်ကို ရောင်းအားတက်လာပါတယ်။
Prepaid ကတ်တွေလည်း အရင်ကထက်ပိုပြီး ရောင်းလာရပါတယ်” ဟု Mr.Fone မှ တာဝန်ရှိဈေးကွက်ကျွမ်းကျင်သူ ကိုကိုအောင်မှပြောသည်။

ထို့ပြင် နေပြည်တော်ဖုန်းဈေး ကွက်တွင် ဖုန်းများအား ဆိုင်အချို့ တွင်သာ
ဝယ်ယူနိုင်ပြီးမိုဘိုင်းဖုန်း အရောင်းဆိုင်များအနေဖြင့် သီး သန့်မရှိသေးကြောင်း
သိရသည်။ ဖုန်းများအား ကတ်နှင့် ဟန်းဆက် အတွဲလိုက် ရောင်းချပေးပြီး ကတ်
သီးသန့်ကိုလည်း ရောင်းချ ပေး ကြောင်းသိရသည်။ ရောင်းဈေး များအနေဖြင့်
ဖုန်းနှင့်ကတ် အ တွဲလိုက်အား ကျပ်တစ်သိန်းမှ တစ် သိန်းခွဲဝန်းကျင်တွင်
ရောင်းချပေး လျက်ရှိပြီး အလည်အလတ် ဟန်း ဆက်များအား အများဆုံး
ရောင်းချပေးလျက်ရှိ ကြောင်းသိရသည်။

GSM,CDMA 450MHz, WCDMA, CDMA 800 MHz ဖုန်းများ၏ ခေါ်ဆိုခ နှုန်းထား
များကို တစ် မိနစ်လျင် ငွေကျပ် ၅၀ သို့ ပြောင်းလဲ သတ်မှတ် ခဲ့သော်လည်း SMS
သတင်းတိုပေးပို့ခမှာ ပြောင်းလဲခြင်းမရှိသေးကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
မှသိရှိ ရသည်။ ယခု အချိန်တွင် ပြည်တွင်း၌ မိုဘိုင်းဖုန်း အချင်းချင်း SMS သတင်းတို
ပေးပို့ရာတွင် ပေးပို့ခအနေဖြင့် စာလုံးရေ ၁၆၀ထက်မပိုသော သတင်းတစ်ပုဒ်
အတွက် ၂၅ ကျပ်ကို ကောက်ခံလျက် ရှိကြောင်း သိရှိရသည်။

GSM, CDMA450MHz, WCDMA,CDMA 800 MHz ဖုန်း တွေရဲ့ ခေါ်ဆိုခနှုန်းထား
တွေကိုဘဲ တရားဝင်ပြောင်းလဲဖို့ ညွှန်ကြားချက်ရောက်ရှိ လာတာဖြစ်ပါတယ်။
SMS သတင်းတို ပေးပို့ခ တွေရဲ့ဈေးနှုန်းပြောင်း လဲဖို့ ကိုတော့ ညွှန်ကြားထားခြင်း
မရှိ သေးပါဘူး''ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက
ပြောကြား ခဲ့သည်။ မိုဘိုင်းဖုန်း အချို့သည် ဇန်န၀ါ ရီလ ၁ ရက်နေ့မှ စတင်၍
ယခင်က မြို့တွင်း ခေါ်ဆိုခ တစ်မိနစ်လျင် ၂၅ ကျပ်မှ ၅၀ ကျပ်သို့ ပြောင်းလဲခဲ့သော်
လည်း ကြိုးဖုန်းများ ပါဝင်ခြင်း မရှိသည့် အတွက် အများပြည်သူသုံးတယ်လီဖုန်း
(PCO)ဖုန်းများ၏ အသုံးပြုခများ လည်းပြောင်းလဲမှုမရှိကြောင်း သိရှိရ သည်။

ထိုသို့ ဖုန်းခေါ်ဆိုခပြောင်းလဲမှု များ၊ သက်ဆိုင်ရာမှ ဖုန်းအမျိုးအစား သစ်များ
ထပ်မံချထားပေးမည့် အစီအ စဉ်များကြောင့် GSM ဖုန်းဈေးနှုန်း အချို့မှာ
အနည်းငယ်ပြောင်းလဲလာ ကြောင်း သိရှိရသည်။ ''GSM ဖုန်းခေါ်ဆိုခ တစ်မိနစ်ကို
၅၀ ကျပ် ဖြစ်တယ်ဆိုတဲ့ သတင်း စပေါ်တုန်းကတော့ တစ်ရက်၊ နှစ် ရက်အတွင်းမှာ
GSM ဖုန်းအရောင်း အ၀ယ်လုံးဝမလိုက်ဘဲ ဆယ်လူလာဖုန်းတွေကို အရင်ထက်
ဈေးပိုပေးပြီး ၀ယ်မယ့် လူတွေများနေတယ်။

ဆယ်လူလာဖုန်းကပြီးခဲ့တဲ့လတွေတုန်းက ဆိုရင် ပြင်ပရောင်းဈေးတစ်လုံးကို
ကျပ် ၈သိန်းခွဲနဲ့ ၉ သိန်း ကြားမှာ ရှိနေတာ ခေါ်ဆိုခနှုန်း ပြောင်းလဲမှု မရှိဘူး ဆိုတဲ့
သတင်း အတိအကျ လည်းထွက် ရောကျပ် ၁၀သိန်းဝန်း ကျင် အထိဖြစ် သွားတယ်။
GSM ဖုန်းကတော့အခုအ ချိန်မှာနံပါတ် ပေါ်မူတည်ပြီး ငွေကျပ် ၁၄ သိန်း ၀န်းကျင်
ဖြစ်သွားတယ်''ဟု မိုဘိုင်းဖုန်း အကျိုးဆောင် တစ်ဦးက ပြောကြား ခဲ့သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၏ GSM ဖုန်းများအတွက် တရားဝင်ငှားရမ်းသုံးစွဲခ
မှာ ငွေကျပ်၁၅ သိန်း ဖြစ်ကြောင်း သိရှိရသည်။




Ref : Internet Journal
..................................................