Monday, September 28, 2009

Facebook တွင် Voice chat ရနိုင်တော့မည်

ကိုယ့်ရဲ့သူငယ်ချင်းစာရင်းထဲ မှာရှိတဲ့သူတွေကိုအသံနဲ့စကားပြော
နိုင်ဖို့အတွက်စနစ်တစ်မျိုးကို Facebook မှာထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။
ဒီဝန်ဆောင်မှုက Vivox voice chat စနစ်ပါ။

ဒီဝန်ဆောင်မှုကအခြားသော developer တွေကို၎င်းတို့ရဲ့ application တွေထဲမှာ
အသံတွေထည့်သွင်း လို့ရအောင်အထိပါပေးစွမ်းနိုင်ပါ တယ်။
နောက်ရက်သတ္တပါတ်ပေါင်း အနည်းငယ်အတွင်းမှာပဲဒီလူမှုကွန်ရက်ကိုသုံးစွဲနေတဲ့
လူသန်းပေါင်း များစွာဟာ အသံနဲ့ဆက်သွယ်စကား ပြောဆိုနိုင်ကြတော့မှာဖြစ်ပါတယ်။

ဒီနည်းပညာသစ်ဟာ Facebook ကကိုယ်တိုင်ဆောင်ရွက်ပေးထား တာမဟုတ်ပဲ
Boston အခြေစိုက် ကုမ္ပဏီဖြစ်တဲ့ Vivox ကပြုလုပ် ထားထည့်သွင်းပေးခဲ့တာပါ။
Vivox ဆိုလျှင်ဖြင့် Second life နဲ့ EVE Online တို့လို virtual world တို့တွက်
အသံပိုင်းဆိုင်ရာ ၀န်ဆောင်မှုအတွက် ပြုလုပ်ပေးနေတဲ့ကုမ္ပဏီဖြစ်ပါတယ်။
ဒီဝန်ဆောင်မှုဟာ beta အဆင့် ထုတ်လွှတ်ပေးဖို့နီးကပ်လာပါပြီ။
သုံးစွဲချင်သူတွေဟာ Vivox ရဲ့plug-inကို download လုပ်ယူ ရပါလိမ့်မယ်။
Install လုပ်ပြီးတာ နှင့်တစ်ပြိုင်တည်း တစ်ဦးချင်းဖြစ်စေ အုပ်စုလိုက်
ဆွေးနွေးမှုကိုဖြစ်စေပြု လုပ်နိုင်လိမ့်မယ်လို့သိရပါတယ်။
မီဒီယာလုပ်ငန်းဆိုင်ရာကျွမ်းကျင် သူတစ်ဦးဖြစ်သူ Charleneli ဆို သူကတော့
ကိုယ်အမြဲဆက်သွယ်ချင် သူတွေကိုပြောစရာရှိရင်လက်ကနေ စာရိုက်ပြောနေရတာ
ထက်စကားနဲ့ ပြောရတာပိုပြီးအဆင်ပြေမှာဖြစ် တယ်လို့ပြောဆိုပါတယ်။





 Ref : Internet journal
.........................

Friday, September 25, 2009

ငါးထောင်ကျပ်တန် ငွေစက္ကူအမျိုးအစားသစ် ထုတ်ဝေမည်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် လက်ရှိသုံးစွဲနေသော ငွေကြေးများအပြင်
(၅၀၀၀)ကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို (၂၀၀၉)ခုနှစ်၊ အောက်တိုဘာ
(၁)ရက်နေ့မှ စတင်ထုတ်ဝေမည်ဖြစ်ကြောင်း တရားဝင်ကြေညာလိုက်သည်။
ယင်းငွေစက္ကူကို ပြည်သူများထံသို့ ဘဏ်ဖွင့်ချိန်အတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်
ငွေကြေးဌာနတွင်လည်းကောင်း၊ ဘဏ်များနှင့် အစိုးရ ငွေတိုက်များတွင်လည်းကောင်း
ထုတ်ပေးမည်ဟု ဆိုသည်။ ထို့အပြင် လက်ရှိလည်ပတ် သုံးစွဲနေသော ငွေစက္ကူနှင့်
ငွေအကြွေများသည် တရားဝင် သုံးစွဲငွေအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။


အရွယ်အစား ။ ။ ၁၅ x ၇ စင်တီမီတာ(1000 ကျပ်တန် အသေး Size အတိုင်း)

ပေါ်လွင်သောအရောင် ။ ။အနီရောင်





















မျက်နှာစာဘက် ထိပ်ပိုင်းတွင် “မြန်မာနိုင်ငံတော် ဗဟိုဘဏ်”စာတန်း ရိုက်နှိပ်ထားသည်။
အလယ်တွင် မြန်မာ့အနုပညာလက်ရာမြောက် ဆင်ဖြူတော်ပုံနှင့် ငွေစက္ကူ တန်ဖိုးကို
ဖော်ပြသည့် မြန်မာစာတန်း “ငါးထောင်ကျပ်”တို့ကို ရိုက်နှိပ်ထားပါသည်။
အောက်ခြေတွင်မူ မြန်မာ့အနုပညာ ကနုတ်ပန်းခက်များ ပါရှိသည်။ ငွေစက္ကူ၏
ထောင့်(၃)ထောင့်တွင် ငွေတန်ဖိုးကို ဖော်ပြထားပြီး ငွေစက္ကူနံပါတ်ကို မြန်မာအင်္ဂလိပ်
(၂)ဘာသာဖြင့် ရိုက်နှိပ်ထားသည်။ လက်ယာဘက်တွင် ဆင်ဖြူတော်ပုံ ရေစာပါရှိပြီး
ငွေစက္ကူအတွင်း လုံခြုံရေးကြိုးတစ်ချောင်းကို ထောင်လိုက်ထည့်သွင်းထားသည်။


ကျောဘက် ထိပ်ပိုင်းတွင် “Central Bank of Myanmar”ဟူသော စာတန်းကို ရိုက်နှိပ်
ထားပါသည်။ အောက်ခြေတွင် “Five Thousand Kyats”ဆိုသည့် စာတန်းကို
ရေးသားဖော်ပြထားသည်။ အလယ်တွင် လွှတ်တော်အဆောက်အအုံပုံ ပါရှိပြီး
ထောင့်(၃)ထောင့်တွင် ငွေစက္ကူတန်ဖိုးကို ဂဏန်းဖြင့် ဖော်ပြထားသည်။


 Ref : Planet.com / Mail
..........................

Funny Collection - 1

မထူးပါဘူး. .

ငရဲ နှင့် နတ်ပြည်သို့သွားမည့် တံခါးပေါက်ရှေ့တွင်မိန်းမများ အားလုံးကို
သိကြားမင်းကစုရုံးစေသည် ။
"အားလုံး တန်းစီလိုက်ကြစမ်း ၊ ကိုင်း...ဟုတ်ပြီ ၊ကိုယ့်ယောကျာ်းကို
တစ်ကြိမ်လောက်ပဲဖြစ်ဖြစ် သစ္စာဖောက်ခဲ့တဲ့သူ ရှေ့တစ်လှမ်းတိုးလိုက်စမ်း"
မိန်းမအားလုံးလိုလို ရှေ့တိုးလိုက်ကြသည် ၊သစ္စာရှိသော မိန်းမတစ်ဦးသာ
နေရာမှမရွေ့ဘဲရပ်နေသည် ၊ သိကြားမင်း က အမိန့်ပေးသည်။
" အားလုံးကို ငရဲပြည်ပို့လိုက် ၊ ဟေ့... ဟို "ဆွံ့အနားမကြားမ" ကိုပါပို့လိုက် "


အကြောင်းရင်း. .

"ပီတာ...မင်းဘာဖြစ်လို့ ကျောင်းနောက်ကျ ရတာလဲ"
"ကျွန်တော် ငါးသွားမျှားမလို့ဥစ္စာ ဖေဖေကခွင့်မပြုလို့ "
"မင်းအဖေ မှန်တာပေါ့ ၊ ဒါနဲ့ဘာကြောင့် ကျောင်းမပျက်သင့်ဘူးလဲ
ဆိုတာကိုမင်းအဖေက ရှင်းပြတယ် မဟုတ်လား "
"ဟင့်အင်း ၊ ရှိတဲ့ တီကောင်က တို့နှစ်ယောက်စာ မလောက်ဘူး လို့ပဲ ပြောပါတယ် "


ဘာကောင်လဲ. .

ချာတိတ်. . .မင်းဘာဖြစ်လို့ ငိုနေရတာလဲကွ "
"မေမေက ဖေဖေ့ကို ဆင်ရိုင်းကြီးလို့ပြောတယ်
ဖေဖေက မေမေ့ကို ကြက်မကြီးလို့ ပြန်ပြောတယ်"
"အဲဒါနဲ့ ငိုရရောလား ကလေးရဲ့"
"စဉ်းစားကြည့်လေ ၊ ကျွန်တော် ဘာကောင်ဖြစ်မလဲ "



လိုချင်လို့. .

"ပီတာ....မင်းဘာဖြစ်လို့ ကျောင်းနောက်ကျရတာလဲ"
"မေမေ ပိုက်ဆံ တစ်ကျပ် ပျောက်သွားလို့"
"အဲဒါနဲ့ မင်းကျောင်းနောက်ကျတာနဲ့ ဘာဆိုင်လို့တုန်း"
"အဲဒီ တစ်ကျပ်တန် ပေါ်မှာ ကျွန်တော် ရပ်နေလို့"

မသိသေးဘူး. .

ပင်လယ်ကမ်းစပ်အနားယူစခန်းသို့ရောက်လာသော လူငယ်ကလူတစ်ဦးကိုမေးသည်
"ဒီနားမှာ အိမ်သာ ရှိသလားခင်ဗျာ "
"မသိဘူးဗျ ၊ ကျွန်တော်လည်း ဒီကိုရောက်တာ အခုမှ (၄) ရက်ပဲရှိသေးတယ် "

ဖိနပ်သူခိုး. .

"ကျုပ်ရဲ့ ရှူး ဖိနပ်ကို ခင်ဗျား ခွေးဆွဲသွားတယ်ဗျ "
"အဓိပါယ် မရှိတာတွေလာပြောမနေပါနဲ့ဗျာ ၊ ဖိနပ်စီးပြီးတော့
ကျွန်တော့်ခွေးဟာ တစ်ခါမှ အိမ်ပြန် မလာဖူး ဘူး "

ဒါတော့သည်းမခံနိုင်ဘူး. .

"ခင်ဗျား မိန်းမနဲ့ကွာရှင်းတော့မယ်လို့ သတင်းကြားတယ် ၊ဘာဖြစ်လို့လဲ "
"အိပ်ရာထဲမှာဆေးလိပ်သောက်လို့ "
"ဟာ. . ဒါနဲ့များ ကွာရှင်းရမယ်တဲ့ဗျာ၊ မဟုတ်သေးပါဘူး"
"ဆေးလိပ်သောက်ရင် ကျုပ်နားရွက်ကို ဒီကောင်မက ဆေးလိပ်ပြာခွက်အဖြစ်နဲ့
အသုံးပြုတယ်ဗျာ"


ကံကောင်းတယ်. .

"ခင်ဗျား မနေ့ကအလု ခံရတယ်ဆို "
"ဟုတ်တယ်ဗျာ ၊ လက်ပတ် နာရီနဲ့ ပိုက်ဆံအိတ် ပါသွားတယ် "
"ဒါနဲ့ ခင်ဗျားပြောတော့ သွားလေရာမှာ ခြောက်လုံးပြူးကို ခင်ဗျားအမြဲ
ဆောင်သွားလေ့ရှိတယ်ဆို "
"မှန်ပါတယ် ၊ ဒါပေမဲ့ ကံကောင်းချင်တော့ ခြောက်လုံးပြူးကို
လုတဲ့အကောင်တွေက တွေ့မသွားဘူးဗျ "

အတွေးကိုယ်စီရှိကြသည်. .

လေယာဉ်ပျက်ကျသဖြင့် ယောကျာ်းခရီးသည်များနှင့် မိန်းမခရီးသည်များ
မြစ်ကမ်းတစ်ဖက်တစ်ချက်စီသို့ ရောက်သွားကြသည် ။ မိန်းမခရီးသည်များနှင့်
မည်သို့ပူးပေါင်းနိုင်မည်နည်း ဆိုသည်ကို ယောကျာ်းများ တိုင်ပင်ကြသည် ။
"ဟိုဖက်ကမ်း ကိုမြန်မြန်လေး ရေကူးသွား ကြရအောင်" အသက် ၂၀-အရွယ်
လူငယ်ကအားတက်သရောပြောသည် ၊
"လှေတစ်ခုလုပ်ပြီး ကူးသွားရင် ပိုကောင်းမယ်" အသက် ၃၀-အရွယ်ကပြောသည် ။
"ဘယ်ကိုမှ ကူးစရာ မလိုဘူး ၊သူတို့ဟာသူတို့ ကူးလာကြလိမ့်မယ်" အသက်
၅၀-အရွယ်ကပြောသည် ။


နောက်မလုပ်နဲ့. .

ယောကျာ်းဖြစ်သူ မူးပြီး အိမ်ပြန်လာသည် ။အိတ်ထောင်ထဲတွင် သုံးထောင်
ကျန်နေသည် ၊ မနက်အိပ်ရာထသောအခါ အရက်နာကျသည် ကိုဖြေဖျောက်ရန်
အတွက်အိတ်ထောင်ကို စမ်းသည် ၊မနေ့က သုံးထောင်  မရှိတော့ချေ ။
သို့နှင့်အိမ်တွင် မွေးထားသောငန်းကိုယူကာ ဈေးထဲသွားရောင်းသည် ။
ညနေ ပိုင်းတွင် မူးပြီးအိမ်ပြန်လာသည် ၊ မိန်းမ ကမေးသည် ။
"ရှင်.. အိမ်ကငန်းကို မတွေ့မိဘူးလား"
"နွေးတဲ့အရပ် ဘက်ကိုပျံသွားလေရဲ့ ၊ငါ့အိတ်ထောင်ကိုမင်းခုလိုပဲဆက်စမ်းနေရင်
မွေးထားတဲ့ဆိတ်တွေပါ တောင်ပေါ်တက် ကုန် လိမ့်မယ်....နား လည်လား "


မိန်းမပျောက်လို့. .

ကိုချူချာတို့ လင်မယား မော်စကိုသို့ရောက်လာသည်
ဆိုင်ကြီးများကိုငေးမောကြည့်ရင်းလူအုပ်ကြားထဲတွင် မချူချာ ပျောက်သွားသည်။
ကိုချူချာက ရဲစခန်းသို့ လာတိုင်သည် ။
"ကျွန်တော့်မိန်းမ ပျောက်သွား ပါတယ်"
"ခင်ဗျား မိန်းမ ရဲ့ ပုံပန်းသဏ္ဍန်ကိုပြောပြပါ"
"ပုံပန်းသဏ္ဍန် မပျောက်ဘူး ၊ မိန်းမပျောက်သွားတယ်"
"ကျွန်တော်ပြောတာခင်ဗျား သဘောမပေါက်ဘူး ထင်တယ် ၊ခင်ဗျားမိန်းမ
အသားဖြူသလား ,မဲသလား ၊အရပ်ပုသလား , ရှည်သလား ဆိုတာကို ပြောတာ ၊
ဒါမှ ရှာရတာလွယ်မှာပေါ့ ၊ ဥပမာ-ကျုပ်မိန်းမ ကိုကြည့်
အရပ်ထောင်ထောင် မောင်းမောင်း ၊ မ၀,မပိန် ကိုယ်လုံးနဲ့ ၊ရွှေရောင်ဆံပင်နဲ့ ၊
ခြေတန်လည်း ရှည်တယ် "

ကိုချူချာ ခဏစဉ်းစားပြီးပြောသည် ။
"ကျွန်တော့် မိန်းမ အရပ်ပုတယ် ၊ မျက်လုံးတစ်ဖက်စွေနေတယ် ၊ခြေခွင်လဲ
လိမ်နေတယ် ၊အင်း. .ကျွန်တော့် မိန်းမ ကို ထား လိုက်ပါ ဗျာ ၊
ရဲမှူး ကြီးရဲ့ မိန်းမ ကို ပဲရှာကြရအောင် "



ညှဉ်းဆဲလိုက်မယ်. .

မီးပြတိုက်သို့ လှေတစ်စင်း ကပ်လာသည် ၊လှေပေါ်မှ ပင်ပန်းနွမ်းနယ်ပြီး
ဒေါသထွက်နေသော အမူအရာဖြင့် စာပို့လုလင် ဆင်းလာသည် ၊
ထို့နောက် မီးပြတိုက်အမှုထမ်းအား ၎င်း၏ စာကို ပေးလိုက်သည် ၊
မီးပြတိုက်ဝန်ထမ်းကပြောသည် ၊
"နောက်တစ်ခါ ငါ့အတွက် စာလာပို့တဲ့အခါအခုလိုမျက်နှာရှစ်ခေါက်ချိုး
လုပ်လာတာတွေ့ရင် နေ့စဉ် ထုတ် သတင်းစာတစ်စောင်စောင် ကို
ငါ တစ်နှစ်စာ မှာလိုက်မယ် ၊နားလည် လား ။"


လူတို့၏စရိုက်. .

ဧည့်သည်အဖြစ် လာပုံလာနည်း အမျိုးမျိုး..

အင်္ဂလိပ် ----တုတ်ကောက်ဖြင့်လာသည် ။
ပြင်သစ် -----မယားငယ်နှင့်လာသည် ။
ရုရှား ------အရက်ပုလင်းနှင့်လာသည် ။
ဂျူး ---------မိမိ၏ဆွေမျိုးများနှင့်အတူလာသည် ။

ဖိတ်သောအိမ်မှ ထွက်ပုံထွက်နည်းအမျိုးမျိုး......

အင်္ဂလိပ် -----တုတ်ကောက်ကိုင်ပြီးပြန်ထွက်သည် ။
ပြင်သစ် -------အိမ်ရှင်၏ဇနီးနှင့်ပြန်ထွက်သည် ။
ရုရှား --------မျက်နှာဒဏ်ရာနှင့် အိမ်ပြန်သည် ။
ဂျူး --------မိမိနှင့်ဆွေမျိုးများအတွက် လက်ဆောင်ပစ္စည်းများယူကာပြန်ထွက်သည် 

နောက်တနေ့မနက် စဉ်းစားပုံပမျိုးမျိုး.........

အင်္ဂလိပ် -----မနေ့ကငါ့ရဲ့အပြု အမူအပြောအဆိုတွေ လူကြီးလူကောင်းဆန်ရဲ့လား ။
ပြင်သစ် --------အဲဒီ အချိန်မှာ ငါ့မိန်းမ ဘယ်သူနဲ့များ ရှိနေ ပါလိမ့် ။
ရုရှား ---------(မှန်ထဲ ကြည့်ကာ)ငါ့ကို ဘယ်သူများ ဆော်ပလော်တီးလိုက်ပါလိမ့် ။
ဂျူး ----------ဘယ်သူ့ အိမ်ကို အလည်သွား ရပါ့ မလဲ ။



မျက်မမြင်ယောက်ျား

တခါက church တစ်ခုမှာ သီလရှင် ၆ပါးဟာ အခန်းကို ဆေးသုတ်ဖို့ တာဝန်ပေးခြင်း
ခံရတယ်။အဲဒီနေ့က နေအရမ်းပူတာမိုလို့ သီလရှင်လေးတွေရဲ့ အနက်ရောင်ဝတ်ရုံ
တွေက ကြာလာတော့အိုက်လာတယ်။ဒါနဲ့ churchမှာ လည်း လူမလာတဲ့(လူရှင်းချိန်)
ဖြစ်လို့ တခါးပိတ်ပြီး အ၀တ်တွေချွတ်လို့ ဗလာကျင်းနဲ့ဆေးဆက်သုတ်ကြတယ်။

ဒီအချိန် တခါးခေါက်သံကြားရတယ်။
“ဘယ်သူလဲ?”
“ကျွန်တော် မျက်မမြင်တစ်ယောက်ပါ။ ၀တ်ပြုချင်လို့ပါ။”

ဒါနဲ့ ဖွင့်ပေးလိုက်ကြတယ်။ အခန်းထဲရောက်လာတဲ့ မျက်မမြင်ဟာအခန်းပတ်လည်ကို
ကြည့်တယ်။ ပြိးတော့ သူတို့ကိုလည်း လှမ်းကြည့်ပြီးတော့
ဒီလိုရေရွတ်လိုက်တယ်တဲ့။

အို ဘုရားသခင် ကျွန်တော်ကို အခုလို အချိန်အခါမျိုးမှာ မျက်လုံးမြင်ခွင့်ပေးတဲ့အတွက်
အထူးကျေးဇူးတင်ပါတယ်။ ဘုရားသခင်ရဲ့အလိုတော်အတိုင်းပါပဲ။

ဘုရားသခင် ကူညီနိုင်အောင်

“ငါ ငယ်ငယ်တုန်းက ဆိုင်ကယ်လိုချင်လို့ ဘုရားသခင်ဆီ ဆုတောင်းတယ်။
ဒါပေမဲ့ ဘုရားသခင်က အဲလိုနည်းနဲ့ မကူညီနိုင်ဘူးဆိုတာ ငါနားလည်သွားတဲ့အခါ၊
အရင်ဆုံး ဆိုင်ကယ်ကိုခိုးတယ်။ ပြီးမှ ခွင့်လွတ်ဖို့ ဆုတောင်းလိုက်တယ်။


ဖြေရှင်းပေးပါ

Cousin Elly ဟာ ကော်ဖိဖျော်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးအစပ်အဟပ်တည့်တည့် မဖျော်တတ်လို့ စိတ်တော်တော်ညစ်နေတယ်။ သူမ လက်ထပ်တဲ့အခါကျတော့ သူမယောက်ျားက ကော်ဖိဖျော်စက်လေးတစ်လုံးသူမကို ၀ယ်ပေးဖို့စီစဉ်တယ်။ တော်တော်လေး မော်ဒယ်မြင့်တဲ့
စက်လေးကို သူမအရမ်းကို သဘောကျသွားတယ်။

အရောင်းစာရေးက သူမကိုသေသေချာချာ ရှင်းပြတယ်။ ပလပ်ပေါက်ဘယ်လိုထိုးရင်
စက်ကလေးက ဘယ်လိုအလုပ်လုပ်ရတယ်ဆိုတာကိုအထိ ရှင်းပြတယ်။

နောက်ထပ်လည်း “ခင်ဗျား timerပေးပြိး အိပ်ယာထဲသွားနေလိုက်၊ ခဏနေ
ဖျော်ပြိးသားကော်ဖီလေးက ခင်ဗျားစိတ်ကြိုက် ဖြစ်နေလိမ့်မယ်”

သူတို့ သဘောကျစွာ ၀ယ်ပြိးပြန်လာခဲ့တယ်။ နောက်၅ရက်လောက် ရှိတော့ သူမက
အဲဒီဆိုင်ကို ပြန်သွားပြီး အရောင်းစာရေးကို ဒီလိုပြောလိုက်တယ်။

“ ရှင့်စက်က တော်တော်လေးတော့ ကောင်းပါတယ်။ ဒါပေမဲ့ အဆင်မပြေတာ
တစ်ခုရှိနေတယ်။အဲဒါက ကော်ဖီဖျော်တိုင်း အိပ်ယာထဲ သွားသွားနေရတာ
ကျွန်မအတွက် အဆင်မပြေဘူးရှင့်။



........................

Thursday, September 24, 2009

ချစ်သူဆီက ရနိုင်တာလေးနဲ့ပဲ

လှပတဲ့ ငန်းတစ်ကောင်က ပျံသန်းရင်း သန်မာတဲ့ ဘဲတစ်ကောင်ကို တွေ့တော့
ချက်ချင်းကြွေသွားတယ်။ ပုံစံမတူတဲ့ ဘဲကို တွေ့ပြီး ပြောမတက်အောင်ရင်ခုန်ခဲ့တယ်။
ငန်းရဲ့လှပတဲ့ စွဲဆောင်မှုကြောင့် ဘဲလဲချက်ချင်း ချစ်မိသွားတယ်။
သူတို့တွေ မြေပြင်မှာပဲ ပျော်မြူးနေကြတယ်။ ရေကန်ဘေးက ရွှံ့တွေကြောင့်
ငန်းလေးက တနေ့တခြား ဖြူဖွေးတဲ့ အမွေးအတောင်လေးတွေညစ်ပတ်လာတယ်။
လှပတဲ့ ခြေထောက်တွေလဲ ရောင်ရမ်းလာတယ်။
ဒါနဲ့ ငန်းက မခံနိုင်လာတော့ ဘဲကို နင်ပျံသန်းနိုင်အောင်ကြိုးစားပါလား
ငါတို့ ကောင်းကင်ပေါ်မှာ ပျော်မြူးကြရအောင်လို့ပြောတော့ ဘဲလဲ ငန်းအတွက်
ပျံသန်းဖို့ကြိုးစားတယ်။ ဒါပေမဲ့ သူက ဘဲက ဘဲပါပဲ။ မပျံတက်ဘူး။
နောက်ဆုံးမဖြစ်နိုင်တော့မှန်းသိတော့ ဘဲလေး စိတ်ပျက်အားငယ်ပြီး
လက်လျော့လိုက်တယ်။ဘဲက နင်ငါ့ကို ခေါ်ပြီး ပျံသန်းပါလား လို့ တောင်းဆိုတယ်။

ငန်းလဲ ဘဲကို ချစ်တော့ ခေါ်ပြီး ပျံသန်းတယ် ။
ဒါပေမဲ့ အားအင်တွေ အရမ်းကုန်ခမ်းတယ်။ခဏလေးပဲ ပျံသန်းနိုင်တယ်။မြေပြင်ကို
ရောက်တော့ဘဲကပြုံးတယ်။ကောင်းကင်ပေါ်ရဲ့ မြင်ကွင်းဟာအရမ်းကိုလှပတယ်။
ငန်းကို ချစ်မိတာ အရမ်းကောင်းတာပဲလို့ စဉ်းစားတယ်။အဲဒီနေ့ကနေစပြီး ဘဲက ငန်းကို ကောင်းကင်မှာပျံသန်းဖို့ ပြောတယ်။ အကြာကြီး ပျံသန်းခိုင်းတယ်။
မပျံသန်းနိုင်ရင် ဘဲက စိတ်ဆိုးတယ်။

ငန်းကဘဲကို ချစ်နေရတာ ပင်ပန်းလာတယ်။ ဘဲရဲ့တောင်းဆိုမှုတွေကို လိုက်လျောရင်းနဲ့
တစ်ရက်မှာ ငန်းက အမြင့်အမြင့်ဆုံးကို ပျံပြီး နက်ရှိုင်းစွား ဘဲကိုနမ်းလိုက်ပြီး
ဘဲက ထူးဆန်းနေတဲ့အချိန်မှာပဲ ဘဲကို ဆွဲထားတာကို တဖြည်းဖြည်းလွှတ်လိုက်တယ်…

အဲ့ဒီတော့

အားလုံးဟာ ချစ်သူဆီက ရနိုင်တာလေးနဲ့ ကျေနပ်ရောင့်ရဲတင်းတိမ်ရမယ်။
ရထားတာလေးကို မြတ်နိုးတတ်ရမယ်။ တောင်းတိုင်းရတယ်ဆိုပေမဲ့ အခွင့်အရေးကို
ရတိုင်းမယူပါနဲ့။ လိုချင်မှုတွေများလာလေလေ..ချစ်သူကိုဆုံးရှုံးရဖို့ပိုနီးနီးလာလေပါပဲ
ချစ်သူဆီမှာလည်းခံစားချက်တွေရှိပါတယ်....... ချစ်ရလွန်းလို့ ပင်ပန်းလာတာပါ ......




........................

Saturday, September 19, 2009

ငပျင်း

တစ်ခါတုန်းက ရွာတစ်ရွာမှာ မိဘမဲ့နေတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။
သူကအရမ်းအပျင်းထူတဲ့အတွက် တစ်ရွာလုံးက သူ့ကိုငပျင်းဆိုတဲ့နာမည်ကိုပဲ
ခေါ်ကြတယ်။ မိဘကလည်းမရှိလေတော့ အရမ်းဆင်းရဲတာပေါ့။
သူ့ကို ရွာသားတွေက သနားပြီး နွားကျောင်းတဲ့ အလုပ်ကိုခိုင်းသတဲ့။
နောက်ပြီး ပိန်ခြောက်နေတဲ့ နွားလေးတစ်ကောင်ကိုလည်းသူ့ကိုလက်ဆောင်
ပေးသေးတယ်။ ဒီလိုနဲ့ ငပျင်းဟာ ရွာပြင်ထွက်ပြီး ရွာထဲကနွားတွေကို
ကျောင်းပေးလိုက်တာ တဖြည်းဖြည်းနဲ့ ရွာသားတွေရဲ့နွားတွေကပိန်ခြောက်လာပြီး
သူ့နွားပိန်လေးက ၀ဖီးလာတယ်။ ဒါနဲ့ရွာသားတွေက မကျေနပ်ဖြစ်ပြီး
လိုက်ခြောင်းကြတော့ ငပျင်းဟာ စားကျက်ထဲရောက်တာနဲ့သူ့နွားကလွဲရင်
ကျန်တဲ့နွားတွေကို သစ်ပင်ရိပ်မှာချည်ပြီး သူကအိပ်နေတယ်။
ညနေရောက်မှ နွားတွေနဲ့အတူ ရွာထဲပြန်လာတာပေါ့။

အဲဒီမှာ ရွာသားတွေက သူ့ကိုသတ်ပစ်ချင်ကြတာပေါ့။
သူကြီးက သက်ညှာသောအားဖြင့် သူ့နွားကိုရွာသားတွေက သတ်စားစေဆိုပြီး
အမိန့်ချလိုက်တယ်။
ဒါနဲ့ငပျင်းလည်း " နွားကိုသတ်စားရင်စားပါ ၊ နွားသားရေကိုတော့ သူ့ကိုပေးပါ"
လို့တောင်းတယ်။ ရွာသားတွေကလည်း သားရေက အရေးမကြီးတော့ ပေးလိုက်တယ်။

ငပျင်းလည်း နွားသားရေကို ပုဆိုးစုတ်နဲ့ထုပ်ပိုးပြီး ရွာကနေထွက်လာလိုက်တယ်။
ခြေဦးတည့်ရာသွားလိုက်တာ တောအုပ်တစ်ခုထဲအဖြတ်မှာမိုးကချုပ်သွားတယ်။
ဒါနဲ့ နီးစပ်ရာညောင်ပင်ကြီးတစ်ပင်ပေါ်မှာ တက်အိပ်လိုက်တယ်။ ညလည်းနက်ရော
သူအိပ်နေတဲ့ ညောင်ပင်ကြီးအောက်မှာလူတစ်စုရောက်နေတာတွေ့လိုက်ရတယ်။
သူတို့အပြောအရ အဲဒီနယ်တစ်ဝှိုက်မှာ ကျက်စားနေတဲ့ ဓါးပြအုပ်စုဖြစ်နေတယ်။
ဓါးပြအုပ်စုက ဝေစုခွဲရင်း အရက်ထိုင်သောက်နေကြတယ်။
ငပျင်းလည်း ကြောက်လန့်ပြီး ခုအိပ်ထားတဲ့ နွားသားရေခြောက်က ဓါးပြတွေပေါ်ကို
ပြုတ်ကျသွားတယ်။ဓါးပြတွေလည်း ညောင်ပင်က သရဲခြောက်တယ်ထင်ပြီး
ဘာမှမယူနိုင်ပဲပြေးပါလေရော။ ငပျင်းလည်း တော်တော်ကြာသွားတော့မှ ဓါးပြတွေရဲ့
စားကျန်တွေစား တိုက်ရာပါ ပစ္စည်းများထဲက တစ်ဝက်ကိုယူ ၊ တစ်ဝက်ကိုသူ့ရဲ့
နွားသားရေခေါက်နဲ့အတူ မြေမြုပ်ထားခဲ့ပြီး ရွာကိုနောက်နှစ်ရက်လောက်နေတော့
ပြန်လာခဲ့တယ်။ရွာသားတွေက သူ့ကိုမြင်တော့တော်တော် အံ့သြသွားတယ်။

ကိုယ်ပေါ်မှာ စိန်တွေ ၊ရွေတွေနဲ့ သီးနေတာကိုး။ ဒါနဲ့ မနေနိုင်ပဲ မေးကြတာပေါ့။
ငပျင်းကလည်း -
ကျွန်တော့်နွားလေးကို သတ်စားလိုက်ကြတာ ကျေးဇူးတင်လိုက်တာဗျာ။
ဟိုး နေပြည်တော်ဖက်မှာ နွားသားရေတွေ အရမ်းဈေးကောင်းနေတာဗျ။
နွားသားရေတစ်ခုထဲမို့လို့ ဒီလောက်ပဲရခဲ့တာ။ တစ်ခြားရွာကလူတွေဆို
ဒီအကြောင်းသိလို့ သွားရောင်းကြတာ တစ်ရွာလုံးသူဌေးဖြစ်နေပြီ။
ဒီရွာကလူတွေကညံ့ပါတယ် ဗျာ...။
ဒါနဲ့ ရွာသားတွေလည်း သူ့စကားယုံပြီး နွားတွေသတ်ပြီး နေပြည်တော်ဖက်မှာ
သွားရောင်းကြတာပေါ့။ ဟိုကလူတွေက သူတို့ကို အရူးတွေထင်ပြီးမောင်းထုတ်
လိုက်ကြတယ်။ ရွာသားတွေလည်း စိတ်တိုပြီးပြန်လာကြတယ်။

ရွာရောက်တော့ ငပျင်းရဲ့အိမ်ကို မီးဝိုင်းရှို့လိုက်ကြတယ်။ ငပျင်းလည်း အိမ်ကို
မီးရှို့ပြီးထွက်လာတဲ့ပြာကိုတော့ သူ့ကိုပေးပါလို့တောင်းတယ်။
ရွာသားတွေကလည်းပေးတယ်။ ငပျင်းက ပြာကို ပုဆိုးနဲ့ထုပ်ပိုးပြီးရွာကနေ
ထွက်လာခဲ့တယ်။ အရင်တစ်ခါ ပစ္စည်းတွေမြေမြှုပ်ထားတာကို ပြန်ဖော်ပြီး
သုံးရက်နေတော့ ရွာပြန်လာတယ်။ ဒီတစ်ခါလည်း ရွှေတွဲလွဲ ငွေတွဲလွဲဆိုတော့
ရွာသားတွေကမေးပြန်ရော။ငပျင်းလည်း -

အရှေ့ဖက်ကို သုံ့းရက်ခရီးသွားရင် အဲဒီမှာသာယာကုန်းဆိုတဲ့ရွာရှိတယ်ဗျ။
အဲဒီရွာကအိမ်ကိုမီးရှို့လို့ထွက်လာတဲ့ပြာနဲ့ ပြာဆေးဖော်ရောင်းတယ်။
သူတို့ရွာက သစ်တွေ ၀ါးတွေက ဆေးဖက်မ၀င်တော့ တခြားရွာက
အိမ်မီးရှို့တဲ့ပြာကိုဝယ်ရတယ်လေ။ သူတို့ဆေးကစွမ်းတော့ ရောင်းကောင်းပြီး
သူဌေးတွေဖြစ်နေပြီ။ တခြားရွာက သူတွေလည်း ပျာရောင်းပြီး ချမ်းသာနေပြီ။
ပြာထဲမှာမှ ကျုပ်ပြာက အကောင်းဆုံးဆိုပဲ။ ဒါကြောင့် ဈေးကောင်းပေးပြီးဝယ်တာလေ။
ဒါတောင် ပြာကနည်းနည်းပဲပါသွားလို့ပေါ့။ ဒါနဲ့ရွာသားတွေလည်း အိမ်တွေကို
မီးရှို့ကြပြီး ပြာတွေကို လှည်းတွေပေါ်တင်ပြီး ပြာသွားရောင်းကြတယ်။
ထုံးစံအတိုင်း ဒေါသငယ်ထိပ်ရောက်ပြီး ပြန်လာရပြန်ရော။

ရွာသားတွေတိုင်ပင်ရတော့တာပေါ့။ ငပျင်းကြောင့် ခိုင်းနွားတွေလည်းဆုံး၊
အိမ်တွေလည်းဆုံးဆိုတော့ ဒီကောင့်ကို သေဒဏ်ပေးမှဖြစ်မယ် ဆိုပြီး
ရွာဘေးချောင်းက ငါးထောင်တဲ့မြှုံးတိုင်မှာချည်ထားပြီး ရွာပြန်လာကြတယ်။
ဒီရေတက်လာရင် ရေစီးနဲ့အတူ မျောပါသွားအောင်ပေါ့။ ဒါနဲ့ ငပျင်းလည်း
ဒီတစ်ခါတော့ သေပြီဆိုပြီး မှိုင်တွေနေတုန်း တစ်ခြားရွာက လူတစ်ယောက်က
မျက်လုံးတစ်ဖက်လပ်နေတဲ့ ကျွဲထီးတစ်ကောင်ကို ဆွဲပြီးလျှောက်လာရင်း
သူ့ကိုမြင်သွားတယ်။ အဲဒီလူက လှမ်းမေးတယ်။

ဟေ့လူ - ခင်ဗျားကို ဘယ်သူတွေကဒီလိုချည်ထားတာလဲ တဲ့။

ငပျင်းကလည်း - ကျုပ်ရွာသားတွေပေါ့ဗျာ။ ကျုပ်ကိုအတင်းသူကြီးလုပ်ခိုင်းတယ်လေ။
မလုပ်ချင်ဘူးဆိုတာနဲ့ ဒီမှာလာချည်ထားကြတာ။

အဲဒီလူကလည်း - နေရာချင်းသာလဲချင်တယ်ဗျာ။ သူကြီးဖြစ်ဖို့ဆိုတာ
အိမ်မက်တောင် မမက်ဖူးဘူး။

ငပျင်းကလည်း - တကယ်လား ၊ ဒါဆိုလွယ်ပါတယ်။ နေရာချင်းလဲမယ်လေ။
ရွာသားတွေကို အဲဒါတော့ အကြောင်းကြားရမယ် ဆိုပြီး အဲဒီလူကို သူ့နေရာမှာ
ချည်ခဲ့ပြီး သူကတော့ ကျွဲကိုလက်ကဆွဲ ရွာထဲကိုပြန်ဝင်သွားတယ်။
အဲဒီကျွဲပိုင်ရှင်လည်း ရေတက်ချိန်မှာ ရေစီးနဲ့မျောပါသွားရော။

ရွာသားတွေကလည်း ငပျင်းကို မသေတဲ့အပြင် ကျွဲတစ်ကောင်နဲ့တွေ့ရပြန်တော့
အံ့သြကြပြီး မေးတာပေါ့။

ငပျင်းကလည်း - အဲဒီချောင်းက ရေစီးသန်တယ်။ ခင်ဗျားတို့က တစ်ခါမှ
ရွာပြင်မထွက်တော့ ဘယ်သိမှာလဲလေ။ ရေစီးနဲ့အတူ ကျွဲတွေမျောလာတာ။
ချောင်းကကျယ်တော့ချောင်းလယ်ရောက်လေ ကျွဲကကြီးလေပဲ။ ကျုပ်ကို
ရေနက်နက်မှာမချည်ခဲ့တော့ ဒီမျက်လုံးတစ်ဖက်လပ်နေတဲ့ကျွဲပဲရခဲ့တာပေါ့။
ရွာသားတွေကလည်း ယုံပြီး သူ့ထက်ငါဦးအောင် ငါးထောင်တဲ့မြှုံးမှာ
အချည်ခံကြတော့တာပေါ့။ ရွာလုံးကျွတ် ရွာသားတွေအကုန်ပဲ။ရေနက်လေ
ကောင်းလေဆိုတော့ ငပျင်းကသူတို့ကိုချောင်းလည်မှာ ချည်ထားလိုက်တယ်။
မိန်းမတွေနဲ့ ကလေးတွေကတော့ ကမ်းပေါ်မှာစောင့်နေကြတယ်။

ဒီရေလည်းတက်လာရော ရေစီးကြမ်းတဲ့ ချောင်းရေနဲ့ မျောပါသွားကြတယ်။
အစအနတောင်မမြင်ရတော့ဘူး။
ငပျင်းလည်း လင်တွေပြန်အလာကိုစောင့်နေတဲ့မိန်းမတွေဆီအော်ပြောလိုက်တယ်။
ကဲ ၊ ဦးနှောက်မရှိတဲ့သူတွေတော့ သွားကြပြီ။ နင်တို့တွေ ဒီနေ့ကစပြီးငါ့မယား
ဖြစ်သွားကြပြီ။ ငါ့ကိုလုပ်ကျွေးပြုစုကြပေတော့လို့ ဆိုလိုက်သတဲ့။

တစ်ခါအလိမ်ခံရလျှင် လိမ်သူအပြစ်
နှစ်ခါအလိမ်ခံရလျှင် အလိမ်ခံရသူအပြစ်


...............................

Wednesday, September 9, 2009

CITY FM 7th Anniversary

City FM ရဲ့ (၇)နှစ်ပြည့် နှစ်ပတ်လည် စီးရီးအဖြစ် (7)Years၊
(7) Night City FM Lives ကိုနယ်မြေသစ်က ထုတ်လုပ်ပြီး
မဟာမိတ် တေးသံသွင်းက (၂၅၊၈၊၂ဝဝ၉) ရက်မှာ ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။
ဒီစီးရီးကို MDG ကုမ္ပဏီက Gold Roast ကော်ဖီမစ်က စပွန်ဆာ ပေးထားတာ
ဖြစ်ပါတယ်။ တေးဂီတကို The Trees Band နဲ့ သားစိုးတို့က တီးခတ်ဖန်တီးပြီး
ခင်စံပယ်ဦးစတူဒီယိုက အသံဖမ်းခဲ့တာဖြစ်ပါတယ်။
ဒီဗီဒီကိုတော့ (၁ဝ)လပိုင်းလောက်မှာ ထွက်ရှိမှာဖြစ်တယ်လို့သိရပါတယ်။


၀၁ အချစ်ရှုံးသမား ဒဿဂီရိ – အကော်ဒီယံအုန်းကျော် ၊ သားစိုး ၊ Jenny
၀၂ မင်းဆန္ဒ – အာဇာနည်
၀၃ အမြဲတမ်းယုံ – စိုင်းစိုင်းခမ်းလှိုင် ၊ သီရိဆွေ
၀၄ Where you going- သံသာဝင်း ၊ ဂျောက်ဂျက်
၀၅ ယုံရဲ့ လား – L ဆိုင်းဇီ
၀၆ နည်းနည်းလေးပဲ – ဟဲလေး ၊ ရဲလေး
၀၇ အရင်လိုပဲ အရင်အတိုင်းပဲ – ရေဗက္က၀င်း
၀၈ သတ ပွဲ – ကြက်ဖ ၊ G Tone
၀၉ သူစိမ်းတစ်ယောက်လို – Jelli၊ ဆုပွင့်ဦး+သဲထက်ဦး
၁၀ မိန်းမယူရင် စဉ်းစားဖို့ လိုမယ် – အနဂ္ဂ ၊ ဖြိုးကြီး
၁၁ အချစ်ဖေါ်ကောင် – L လွန်းဝါ ၊ မယ်လိုဒီ
၁၂ လက်ဆောင် – ခွန်းဆင့်နေခြည် ၊ ယုန်လေး
၁၃ အသက်မဲ့နေ့ ညတွေ – Jenny ၊ စိုးရန်အောင်
၁၄ လက်ရှိ – ဆုန်သင်းပါရ် ၊ ဆုပန်ထွာ


နားထောင်လို့ကောင်းတဲ့ Album လေးမို့လို့ပါ...။ Share လိုက်ပြီနော်...။

Album Link
ကြိုက်ရာ Link ကနေ Download ယူပါ။

(1).Mediafire

(2).Zshare

(3).Megaupload



"အချစ်ရှုံးသမား ဒဿဂီရိ" သီချင်းလေးတစ်ပုဒ်ထည်းအတွက် Link လေးပါ....။

DownLoad Here


.......................................

Tuesday, September 8, 2009

မင်း..သေပြီသာမှတ်

နိုင်ငံခြားေ၇ာက်နေသော သူဌေးက အိမ်မှသူ့တပည့်ဆီသို့ ဖုန်းဆက်နေသည်။

"ဟေ့ကောင်ကြီး....အိမ်မှာဘယ်လိုအခြေအနေဘယ်လိုရှိလဲ..အေးဆေးပဲလား"

"ဟာ....မအေးဆေးဘူးဆရာ....ဆရာမွေးထားတဲ့..ကြက်တူရွေးကြီးသေသွားပြီ"

"ဟေ...မင်းဂရုစိုက်ပြီးအစာမကျွေးဘူးလားဟေ့ကောင်..."

"ကျွေးပါတယ်ဆရာရယ်..."

"အေး...ကျွေးရင်ပြီးရော....သေတာကသေသွားပြီ..ရှိစေတော့...ရှိစေတော့
ဒါနဲ့ ဘယ်လိုဖြစ်ပြီးသေသွားတာလဲ...အအေးမိတာလား"

"မဟုတ်ဘူးဆရာ....အဲဒီကောင်ကအသားအပုပ်တွေစားမိလို့သေသွားတာ"

"ဟင်!!!!ဘယ်ကအသားအပုပ်တွေတုန်းဟ..မင့်ဥစ္စာက"

"ဆ..ဆရာ...စိတ်မဆိုးရဘူးနော်.. ပြီးတော့...ကျွန်တော့်ကိုအလုပ်မထုတ်ပါနဲ့နော်....."

"အေးပါ...မြန်မြန်ပြောစမ်းပါ..."

"ဟိုလေ....ဆရာမြင်းကြီး....အဲလေ...ဆရာ့မြင်းကြီးအသားအပုပ်တွေ....."

"ဘာ....ငါ့မြင်းကြီး...ဟုတ်လား.."

"ဟုတ်...ဟုတ်...သေသွားပြီဆရာ.."

"ဟေ!!!!...."

"သူကတော့ပင်ပန်းပြီးသေတာဆရာ"

"ဘာကွ...မြင်းကြီးကိုမင်းတို့လျှောက်စီးကြတာပေါ့ ဟုတ်လား.."

"မဟုတ်ဘူးဆရာ...ရေ...ရေသယ်ရလို့ပါ..."

"ဘာ!!!!...ရေ.........ဟုတ်လား....????.ဘာလုပ်ဖို့လဲဟင် ဘာလုပ်ဖို့လဲ"

"ဟို..ဟိုလေ....မီးလောင်လို့..."

"ဘာ!!!!!! မီးလောင်လို့ဟုတ်လား....ဘယ်သူ့အိမ်လဲ..ပြောစမ်းမြန်မြန်.."

"ဆရာ.အိမ်ပေါ့ဆရာရယ်"

"ဘာကွ...ဟေ့ကောင်....ဘယ်လိုဖြစ်တာလဲ ပြောစမ်းမြန်မြန်"

"ဖယောင်းတိုင်မီးကလောင်တာဆရာ..အသုဘရှိလို့ထွန်းထားတဲ့ဖယောင်းတိုင်က"

"...အ..အ...အသုဘ...ဘယ်..ဘယ်သူလဲဟင်"

"ဆရာ့အမေ...."

"ဘာကွ..ငါ့အမေသေပြီ...ဟုတ်လား...
အမယ်လေး..ပြောစမ်း..ပြောစမ်း..ဘယ်လိုဖြစ်ရတာလဲ"

"ဒီလိုပါဆရာရယ်...အဲဒီနေ့ကပေါ့..ဘုရားခန်းထဲမှာ...လူရိပ်တစ်ရိပ်...
ဖျတ်ခနဲမြင်တာနဲံ့..ဟ..သူခိုးဟ..ဆိုပြီး...အနားမှာတွေ.တဲ့ဂေါက်ရိုက်တံနဲ့နှက်ထည့်တာ..
ဆရာ့အမေဖြစ်နေတယ် တခါတည်းပွဲချင်းပြီးသွားတယ်...ဆရာ.."

"ဘာ.ရှီးထဲမှပဲ..သောက်ရမ်းသောက်ရမ်းလုပ်ရလားဟ.. အဲဒီဂေါက်ရိုက်တံကောက်သွားလို့ကတော့..မင်း...မင်း..သေပြီသာမှတ်."



.........................

Monday, September 7, 2009

ခဏငှါးပါ...

တစ်ရက်.... ကိုစငူ ကော်ဖီဆိုင်တစ်ခုက ထွက်အလာ တစ်မူထားခြားတဲ့ ဈာပနချပွဲ
အခမ်းနားတစ်ခု ကိုတွေလိုက်တယ်။
ဈာပနချမဲ့ အခေါင်း တစ်ခုရဲ့ နောက်မှာလဲ ပေ ၅၀ လောက် ကွာပြီး နောက်ထပ်
အခေါင်းတစ်ခုက ကပ်ပါလာတယ်။
ဒုတိယ အခေါင်းရဲ့ နောက်မှာတော့ ခွေးမဲကြီးတစ်ကောင်နဲ့ လူတစ်ရောက်
လမ်းလျှောက်ရင်းလိုက်လာတယ်။
အဲ့ဒီလူရဲ့နောက်မှာတော့ အမျိုးသား ၂၀၀ လောက် တန်းစီပြီး လိုက်ပါလာကြတယ်၊၊
ကိုစငူ သိလိုစိတ်က ဘယ်လိုမှတားမရနိုင်တော့တာနဲ့ ခွေး ကိုင်ထားတဲ့
လူနား အသာလေးကပ်သွားပြီး.........။

ကိုစငူ ။....။ " မိတ်ဆွေရဲ့ နာမည်ဘယ်လိုခေါ်လဲဗျ....ဆုံးရှုံးမှုတွေတွက်တော့
စိတ်မကောင်းပါဘူးဗျာ။ခုချိန်မှာ မိတ်ဆွေကို အနှောက်ယှက်ပေးဖို့ မသင့်တော်မှန်းလဲ
ကျွန်တော်သိပါတယ်။ဒါပေမယ့်ပေါ့ဗျာ... ကျွန်တော်ဘဝမှာ ခုချိန်ထိဒီလို ဈာပန
အခမ်းနား ကျင်းပတာမျိုး တစ်ခါမှ မကြုံဖူးလို့ပါ။ဘယ့်သူ့ ရဲ့ ဈာပန မို့လဲဗျ၊....."

ထိုလူက တည်ငြိမ်စွာပဲ ပြန်ဖြေတယ်...

"ကျွန်တော်ရဲ့နာမည်က John ပါ.. ပထမ အလောင်းကတော့ကျွန်တော်ရဲ့မိန်းမပေါ့..."

ကိုစငူ ။....။" မိတ်ဆွေ ရဲ့ မိန်းမက ဘာဖြစ်လို့ ဆုံးသွားတာလဲဗျ...""""

John ။....။" အင်း....ကျွန်တော်မွေးထားတဲ့ ဒီခွေးလေ...ဒီကောင်ကြီးကိုက်လို့
ဆုံး သွားတာပေါ့။..."

ကိုစငူ ။....။" ဒါဆိုဗျာ နောက်ထပ်အလောင်းတစ်ခုကရော ဘယ်သူ့ အလောင်းလဲဗျ..."

John ။....။" အော် အဲ့ ဒါကတော့ ကျွန်တော့် ယောက္ခမ ကြီးပေါ့။ သူကလဲသူ့ သမီးကို
ခွေးကိုက်နေတာတွေ့တော့ ဝင်ကူညီရင်းသူပါခွေးကိုက်ခံရပြီး ဆုံးသွားတာပါ။"

နှစ်ယောက်သား ခဏအကြာတိတ်ဆိတ်နေခဲ့တယ်
ခဏအကြာမှာတော့ ကိုစငူ စိတ်အားတက်ကြွစွာနဲ့ မေးလိုက်တယ်......

ကိုစငူ ။....။" ခင်းဗျားရဲ့ ခွေးကို ကျွန်တော့် ကိုခဏ ငှါးပါလားဗျာ..."

John ။....။" ဒါဆို ခင်းဗျားလဲ နောက်ကလူ ၂၀၀နောက်မှာ ဝင်တန်းစီလေ..."



...........................

Tuesday, September 1, 2009

နောက်ဖေးခန်းကို လိုက်ခဲ့ပါ

တစ်ခါက လူတစ်ယောက်ဟာ ဘဲကင်ဆိုင်တစ်ဆိုင်ထဲ ဝင်ပြီး ဘဲကင်ဝင်ဝယ်တော့။
ဘဲကင်မဝယ်ခင် ကောင်တာက အရောင်းစာရေးမကို ဘာဘဲအမျိုးအစားတွေ
ရှိသလဲလို့ မေးတော့.....။

စာရေးမ...."ကျွန်မတို့မှာ ပီကင်းဘဲ နဲ့ နန်ကျင်းဘဲဆိုပြီးရှိတယ်။
ဘယ် ဘဲ မျိုးကို လိုချင်ပါသလဲ"

လူငယ်..... " ဘာများကွာလို့လဲဗျ..ပြီးတော့ ဘယ်လိုခွဲခြားသလဲ ဟင်..."

စာရေးမ..." ဟုတ်ကဲ့...နောက်ဖေးခန်းကို လိုက်ခဲ့ပါ"

ဘဲအမျိုးအစားကို ခွဲခြားဖို့ စာရေးမက လူငယ်ကို မီးဖိုခန်းထဲခေါ်သွားခဲ့တယ်။
အဲဒီနောက် ဘဲလှောင်အိမ်ထဲက ဘဲတစ်ကောင်ကို ထုတ်ပြီး ဘဲဖင်ကို
လက်နဲ့တို့လိုက်တယ်။ ဘဲက "ဂွတ်.. ဂွတ်" နဲ့ ထအော်တယ်။

စာရေးမ... "ကြားလား.. ဒီလိုအော်တာက နန်ကျင်းဘဲ"

စာရေးမက နောက်ဘဲတစ်ကောင်ကို ထုတ်ပြီး ဖင်ကိုလက်နဲ့ တို့ လိုက်ပြန်တယ်။
ဘဲက "ဂတ်.. ဂတ်."နဲ့ ထအော်တယ်။

စာရေးမ... "ကြားလား .. ဒီလိုအော်တာ ပီကင်းဘဲ"
လို့ လူငယ်ကိုရှင်းပြတယ်။လူငယ်က ဘဲကင်တစ်ကောင်ကိုဝယ်ပြီး
ဆိုင်ကလှည့်ထွက်ခါနီးမှာ စာရေးမကို မေးလိုက်တယ်။

လူငယ်..... "ဒါနဲ့ ခင်ဗျားက ဘယ်မြို့ကလဲခင်ဗျ.. "

စာရေးမ..." ဟုတ်ကဲ့...နောက်ဖေးခန်းကို လိုက်ခဲ့ပါ"

................................