Thursday, November 27, 2008

မနိုင်းနိုင်းစနေ Blog ထဲကရထားတာလေးတွေပါ...

လောကကြီး၏ လိုအပ်မှုကြောင့် ဘုရားသခင်သည် ယောက်ျားကို ဖန်ဆင်းသည်။
ယောက်ျား၏ လိုအပ်မှုကြောင့် ဘုရားသခင်သည် မိန်းမကို ဖန်ဆင်းသည်။

ယောက်ျားလေးက မိန်းကလေးကို ချစ်မိလျှင် ကဗျာများရေးဖွဲ့ တတ်၏။
မိန်းကလေးက ယောက်ျားလေးကို ချစ်မိလျှင် စိတ်ကူးယဉ် အိပ်မက်မက်တတ်၏။

မိန်းကလေး၏ အကောင်းဆုံး ကိုယ်ပိုင် အရည်အချင်းမှာ ချွဲနွဲ့ခြင်းဖြစ်ပြီး
ယောက်ျားလေး၏ အရည်အချင်းမှာ လိမ်ညာခြင်း ဖြစ်သည်။

မိန်းကလေးအတွက် ကံကောင်းခြင်းမှာ "သူ ငါ့ကို တကယ်ချစ်ရှာသည်"ဟု
ယုံကြည်ခြင်းဖြစ်ပြီး ယောက်ျားလေးအတွက် ကံကောင်းခြင်းမှာ "သူ့ကို ချစ်ရတာ
ထိုက်တန်သည်" ဟု ထင်မြင်ခြင်း ဖြစ်သည်။

မိန်းကလေးတွင် ပြေပြစ်သော ရုပ်ရည်ရှိသင့်ပြီး ယောက်ျားလေးတွင်
ပြည့်စုံသော ဓနဥစ္စာရှိသင့်သည်။

မိန်းကလေးက ယောက်ျားလေးကို နမ်းခြင်းသည် စိတ်ကြည်နူးမှုဖြစ်ပြီး
ယောက်ျားလေးက မိန်းကလေးကို နမ်းခြင်းသည် တဏှာ ဖြစ်သည်။

မိန်းကလေးများ ထွက်ပေါက်ရှာလျှင် အိမ်ထောင် ပြုတတ်ကြပြီး
ယောက်ျားလေးများ ထွက်ပေါက်ရှာလျှင် ကွာရှင်းတတ်ကြသည်။

ပါးနပ်ထက်မြက်သော မိန်းကလေးများက သူ့ချစ်ကိုရှာပြီး အိမ်ထောင်ပြုတတ်ကြ၏။
တုံးအသော မိန်းကလေးများက ကိုယ့်ချစ်ကိုရှာပြီး အိမ်ထောင် ပြုတတ်ကြသည်။

ရည်းစားဖြစ်ချိန်တွင် ယောက်ျားလေးများသည် မိန်းကလေးများကို ကြင်နာတတ်ပြီး
အိမ်ထောင်ပြုပြီးချိန်တွင် ရက်စက်တတ်ကြသည်။

မိန်းမငယ်များသည် မျက်လုံးဖြင့် ယောက်ျားများကို ညို့စား တတ်ပြီး
မိန်းမကြီးများသည် မျက်ရည်များဖြင့် လှည့်စားတတ်သည်။

မိန်းကလေးများအတွက် ကျမ်းကျိန်ဆိုသော ယောက်ျားသည် ရယ်စရာကောင်း၍
ဥစ္စာပစ္စည်းအရှာ တော်သော ယောက်ျားသည် ချစ်စရာကောင်းသည်။

ယောက်ျားလေးက ကွာရှင်းဖို့ စကားကမ်းလှမ်းခြင်းသည် မိန်းမကိုစိတ်ကုန်လာခြင်းဖြစ်ပြီး
မိန်းကလေးက ကွာရှင်းဖို့ စကား ကမ်းလှမ်းခြင်းသည် ယောက်ျားက သူ့ကိုမချစ်မှန်း သိလာခြင်းဖြစ်သည်။

မိန်းကလေးများ ယောက်ျားမယူဘဲ အပျိုကြီးအဖြစ် နေလျှင် နာတာရှည် ရှိသည်ဟု
ထင်ကြပြီး ယောက်ျားလေးများ မိန်းမ မယူဘဲ လူပျိုကြီး အဖြစ်နေလျှင်
စီးပွားလုပ်ငန်း ဖြင့် မအားလပ်ဟု ထင်ကြသည်။ (တကယ်တမ်းဆိုရလျှင်.....
မိန်းကလေးများ အပျိုကြီး ဖြစ်နေခြင်းသည်ယောက်ျားကောင်းများ
မရှိသောကြောင့်ဖြစ်ပြီး ယောက်ျားလေးများ လူပျိုကြီးဖြစ်နေခြင်းသည်
မိန်းကလေးများက ပြန်မချစ်သောကြောင့်ဖြစ်သည်။ )

မိန်းကလေးများသည် လောင်းကြေးကို အချစ်တွင် ပုံအပ်တတ်ကြပြီး
ယောက်ျားလေးများသည် လောင်းကြေးကို လက်ထပ်ခြင်းတွင် ပုံအပ်တတ်ကြသည်။

မိန်းကလေးများသည် မပြေလည်သော အိမ်ထောင်ရေးကို ခံနိုင်ရည်ရှိသော်လည်း
မပြေလည်သော အချစ်ရေးတွင် ခံနိုင်ရည် မရှိကြ။

ယောက်ျားလေးများသည် မပြေလည်သော အချစ်ရေးကို ခံနိုင်ရည် ရှိသော်လည်း
မပြေလည်သော အိမ်ထောင်ရေးကို ကိုယ်လွတ်ရုန်းချင်ကြသည်။

မိန်းကလေးများ လွမ်းဆွေးအားငယ်နေလျှင် ၀မ်းနည်းစရာ အချစ်ဇာတ်လမ်း
ရှိခဲ့ဖူးသောကြောင့်ဖြစ်ပြီး ယောက်ျားလေးများ စိတ်ပျက် စိတ်ညစ်နေလျှင်
အဆင်မပြေသော အိမ်ထောင်ရေးကြောင့်ဖြစ်သည်။

မိန်းကလေးများ နောက်အိမ်ထောင် ပြုခြင်းသည် မှားယွင်းမှုကို ရှာခြင်းဖြစ်ပြီး
ယောကျာ်းလေးများ နောက်အိမ်ထောင်ပြုခြင်းသည် ကံစမ်းခြင်းသာ ဖြစ်သည်။

မိန်းကလေးများက သူသည် ထိုယောက်ျားလေး၏ နောက်ဆုံးတယောက်အဖြင့်
မျှော်လင့်တတ်ကြပြီး ယောက်ျားလေးများက သူသည် ထိုမိန်းကလေး၏
ပထမဆုံးတစ်ယောက်အဖြင့် မျှော်လင့်တတ်ကြသည်။


...........................

Tuesday, November 25, 2008

Forward Mail ထဲကရထားတာလေးတွေပါ....(၁)

နားမလည်ဘူး

မိသားစု(၃)ယောက် ညစာတူတူ စားနေကြသည်။

သားငယ်က အဖေအား လှမ်းမေးသည်။

"ဖေဖေ မေမေ့ကို ဘာလို့ လက်ထပ်ခဲ့တာလဲ ဟင်"

ယောက်ျားလုပ်သူက မိန်းမအား လှည့်ပြောသည်

"တွေ့လား … ငါ့လုပ်ရပ်ကို ကလေးတောင် နားမလည်ဘူး"


စောစောပြန်မယ်

မိဘချင်း သဘောတူထားပြီး မကြာမီ လက်ထပ်တော့မည့် စုံတွဲတစ်တွဲ

အပြင်ထွက်လည်ကြသည်။ နေ့လည်ပိုင်းတွင် စားသောက်ဆိုင်တစ်ဆိုင်၌

ဝင်ထိုင်ကြရင်း အမျိုးသားကမေးသည်။

"ခင်ဗျား အရင်က ထားခဲ့ဖူးတဲ့ ရည်းစာတွေအကြောင်း ပြောပြပါလား"

အမျိုးသမီးက ပြန်ဖြေသည်။

"ဒီနေ့တော့ မပြောပြနိုင်ဘူး။ မေမေတို့ကို ဒီနေ့ မိုးမချုပ်ခင်

ပြန်လာမယ်လို့ ကတိပေးထားတယ်ရှင့်"


ဖိုးကံကောင်း

လက်ထပ်ပြီးစ ပုဂ္ဂိုလ်တစ်ဦး ထီပေါက်သည်။ သူငယ်ချင်းဖြစ်သူက ၄င်း

ကံကောင်းကြောင်း ချီးကျူးသည်။ ထို့နောက် သူငယ်ချင်းက မေးသည်။

"ဒါနဲ့ ထီပေါက်တာသိတော့ မင်းမိန်းမ ဘာပြောသေးလဲ"

ထီပေါက်သူက ဖြေသည်။

"ဟင့်အင်း … ၀မ်းသာလွန်းလို့ ဆွံ့အသွားလိုက်တာ ခုထိ စကားမပြောနိုင်သေးဘူး"

သူငယ်ချင်းက ပြောသည်။

"ကြည့်စမ်း၊ ကြည့်စမ်း … ကံကောင်းတဲ့သူတွေများ

ဆက်တိုက်ကို ကံကောင်းကြတာပါလား"


ကံကောင်းတဲ့ မောင်

လူတစ်ဦး ကားတိုက်ခံရပြီး ဆေးရုံသို့ ရောက်လာသည်။

သတင်းကြားသဖြင့် ဆေးရုံသို့ လိုက်လာသော ၄င်း၏ဇနီးက ၀မ်းသာအားရပြောသည်။

"မောင်ရယ်၊ ကံကောင်းလိုက်တာနော်။ မနေ့ကပဲ မောင် မတော်တဆမှုအတွက်

အာမခံလုပ်ထားလိုက်တယ်။ ဟော … ဒီနေ့ပဲ ကားတိုက်ခံရပြီ"


ပျော်ရှာမယ်

လက်ထပ်ပြီး သုံးလခန့်အကြာတွင်ဖြစ်သည်။ အလုပ်မှပြန်လာသော ယောက်ျားအား

မိန်းမလုပ်သူက အိမ်ပေါက်ဝတွင် ထွက်ကြိုပြီး ပြောသည်။

"မောင် လောလောဆယ် နှစ်ယောက်ပဲ နေတဲ့ကျွန်မတို့ အိမ်လေးမှာ မကြာခင်

သုံးယောက် ဖြစ်လာတော့မယ်"

ယောက်ျားဖြစ်သူ၏ မျက်နှာမှာ နူးညံ့ဝင်းထိန်သွားသည်။ ဇနီးသည်အား တယုတယ

ပွေ့ဖက်လိုက်ရင်း ကောင်းတာပေါ့ကွာလို့ တိုးတိုးလေး ပြောသည်။ ဇနီးသည်က

ဝမ်းသာအားရ ပြောသည်။

"မောင်ခုလို သဘောထားမျိုးရှိမှန်း သိလို့ရှိရင် နောက်အပါတ်ထဲဆို

ကျွန်မတို့အိမ်မှာ လာနေမယ့် မေမေတော့ အရမ်းပျော်ရှာမှာပဲ "


အလေလိုက်တဲ့လူ

သင်္ဘောတစ်စင်း မုန်တိုင်းမိပြီး နစ်မြုပ်သွားသည်။ လူတစ်ဦးမှာ

ပျဉ်ချပ်တစ်ချပ်တွင် တွယ်ပြီး ပင်လယ်ထဲတွင် တစ်ရက်ကျော်ကြာအောင်

မျောနေလေတော့သည်။ သို့သော်လည်း ကံကောင်းထောက်မပြီး ရေစီးကြောင်းက

သူ့အားကျွန်းတစ်ကျွန်းသို့ သယ်ဆောင်သွားသည်။ ထိုလူ ကမ်းပေါ်သို့ ဒယိမ်းဒယိုင်

တက်လာချိန်တွင် သင်္ဘောနစ်စဉ်က ၄င်းနှင့် လူချင်းကွဲသွားသည့် ဇနီးဖြစ်သူကို

တွေ့လိုက်ရသည်။ ခါးထောက်ပြီး ရပ်စောင့်နေသော ဇနီးဖြစ်သူက

၎င်းဘာမှမပြောနိုင်ခင် လှမ်းအော်သည်။

"(၂၄)နာရီလုံးလုံး ပျောက်နေရအောင် …. တော် ဘယ်နားသွားပြီး အလေလိုက်နေသလဲ ပြောစမ်း"


မေးသင့်တယ်

မင်္ဂလာပွဲသို့ မိခင်နှင့်အတူ ရောက်ရှိလာသော ကလေးငယ်က ၄င်း၏မိခင်အား မေးသည်။

"မေမေ … သတို့သမီးက ဘာလို့အဖြူရောင် ၀တ်တာလဲဟင်"

မိခင်ဖြစ်သူက စိတ်ရှည်ရှည်နှင့် ရှင်းပြသည်။

"သြော် … သားရယ်၊ သတို့သမီး အဖြူရောင်ဝတ်တာ ၀မ်းသာပျော်ရွှင်တဲ့

အထိမ်းအမှတ်အနေနဲ့ ၀တ်ထားတာလေ။ ဒီနေ့က သတို့သမီးရဲ့ဘ၀မှာ

အပျော်ဆုံးနေ့ဖြစ်တဲ့အကြောင်း အဖြူရောင်က ကိုယ်စားပြုတာကွဲ့"

ချာတိတ်လေး ခဏငြိမ်သွားသည်။ ပြီးတော့ သူ့အမေကို တိုးတိုးလေးမေးသည်။

"မေမေ … သတို့သားကရော ဘာလို့ အနက်ရောင်ဝတ်ထားတာလဲ ဟင်"


ဧည့်သည်

လင်မယားနှစ်ယောက် စကားများ ရန်ဖြစ်ပြီးကာစတွင်

အိမ်ရှေ့မှလူခေါ်ခေါင်းလောင်းသံ မြည်လာသည်။

ယောက်ျားလုပ်သူက တံခါးသွားဖွင့်ပေးသည်။

အပြင်တွင် ဓားမြှောင်ကိုင်ထားသော မျက်နှာဖုံးစွပ် လူတစ်ဦး ရပ်နေသည်။

ပြီးတော့ အသံအက်အက်ကြီးဖြင့် ယောက်ျားလုပ်သူအား ပြောသည်။

"ကျုပ်က လူသတ်သမားပဲ။ မိန်းမတွေကို လည်လှီးပြီး သတ်ပစ်ချင်တယ်"

ယောက်ျားဖြစ်သူက ထိုလူအား ဘာမှပြန်မပြောတော့ဘဲ အိမ်ထဲသို့ လှမ်းအော်သည်။

"မိန်းမရေ၊ ဟောဒီမှာ မင်းနဲ့တွေ့ချင်လို့တဲ့။ ဧည့်သည် လာတယ်ဟေ့။"


သွားမှဖြစ်မယ်

ဆရာဝန်တစ်ယောက် လက်ထပ်လိုက်သည်။ နှစ်ရက်အကြာတွင် သူငယ်ချင်း ဆရာဝန်တွေက

ဖုန်းလှမ်းဆက်သည်။

"ဟေ့ကောင် … ပိုကာဒေါင်းမယ်။ မြန်မြန်လာခဲ့။ ဒီမှာ တစ်အိမ်လိုနေလို့"

ဆရာဝန်က အရေးပေါ် ခွဲစိတ်မှုတစ်ခုအတွက် ဆေးရုံမှ ဖုန်းဆက်ကြောင်း

ဇနီးသည်အားပြောသည်။ အလောတကြီး အ၀တ်အစားလဲနေသော ယောက်ျားကိုကြည့်ရင်း

ဇနီးဖြစ်သူကမေးသည်။

"ဟိုမှာ တော်တော်လေး အရေးကြီးနေလို့လား မောင်"

ဆရာဝန်က ခပ်တည်တည်ပြန်ဖြေသည်။

"အရေးကြီးတာပေါ့။ ဟိုမှာ ဆရာဝန်(၄)ယောက်တောင် ရောက်နေကြပြီ"


ကြောက်သွားပြီ

သူငယ်ချင်းနှစ်ယောက် အရက်သောက်ရင်း စကားပြောနေကြသည်။

တစ်ယောက်ကပြောသည်။"တော်ပြီကွာ။ ငါခုတလော လျှော့သောက်နေတယ်"

အံ့သြသွားသော အခြားသူငယ်ချင်းက အကြောင်းရင်းကိုမေးရာ

ပထမတစ်ယောက်က ပြန်ဖြေသည်။

"တလောကကွာ။ ငါအပြင်မှာ သောက်တာ တော်တော်များသွားတယ်။ အဲဒါ

အိမ်လဲပြန်ရောက်ရော တံခါးဖွင့်ပေးတဲ့ ငါ့မိန်းမက နှစ်ယောက်ဖြစ်နေတယ်လို့

ငါ့မျက်လုံးထဲမှာ မြင်လိုက်ရတယ်။ နောက်တစ်ခါ အဲဒီလောက်

ကြောက်စရာကောင်းတဲ့ ခံစားချက်မျိုး ထပ်မဖြစ်ချင်တော့ဘူးကွာ"


မှတ်ကရော

အလုပ်များနေသော ခင်ပွန်းသည်အား အလိုက်မသိသော ဇနီးက စကားတွေ

တတွတ်တွတ်ပြောနေသည်။ ခင်ပွန်းဖြစ်သူက သူမစကားတွင် စိတ်မပါမှန်းလည်း

မရိပ်မိချေ။

"မောင် … ခင့်ကို ဘာလို့လက်ထပ်ခဲ့တာလဲဟင်။ ခင့်ရဲ့ မျက်နှာလေး

လှလွန်းလို့လား။ ဒါမှမဟုတ် ခင့်ကိုယ်လုံးကိုယ်ပေါက်လေးကို သဘောကျလို့လား။

အင်း … မဟုတ်ဘူးဆိုရင် ခင်ရဲ့ စိတ်ထားလေး ဖြူတာကို မြတ်နိုးလို့လား။ အဲ …

ဒါမှမဟုတ် …"

စိတ်မရှည်တော့သော ခင်ပွန်းက သူမဘက်လှည့်ပြီး တစ်ခွန်းတည်း ပြန်ဖြေသည်။

"မင်း ခုလို ဟာသပြောတတ်တာကို ကြိုက်လွန်းလို့ဟေ့"


နေလိုလူ

အိမ်ထောင်သက် (၁)လလောက်ရှိပြီဖြစ်သော သူမတို့ သူငယ်ချင်းကို

မိန်းကလေးများ ၀ိုင်းမေးကြသည်။

"ဟဲ့ နင့်ယောက်ျားအကြောင်း ပြောပြစမ်းပါ"

မိန်းကလေးကဖြေသည်။

"ငါ့ယောက်ျားက နေလို ယောက်ျားဟ"

သူငယ်ချင်းများက ၀ိုင်းပြောသည်။"တယ်လဲ ကောင်းတဲ့ ဥပမာပါလား။

နင့်ယောက်ျားက နေမင်းကြီးလို ကြီးကျယ်

မြင့်မြတ်တယ်လို့ ပြောချင်တာပေါ့"

မိန်းကလေးက ရှင်းပြသည်။

"ဟုတ်ပါဘူးဟာ။ နေဆိုတာ မနက်ဖက်ပဲရှိပြီး ညဘက်ဆိုရင်

ပျောက်သွားတယ်မဟုတ်လား"


တာ့တာ

လေယာဉ် ပြတင်းပေါက်ဘေးမှာ ထိုင်၍ လိုက်ပါလာသူ ခရီးသည်တစ်ယောက်သည်

တရွေ့ရွေ့လျားနေကြသော တိမ်စိုင်တိမ်ခဲကြီးများကို ကြည့်ရင်းအလွန်ကြည်နူးနေလေသည်။

ထိုစဉ် သူ့ပြတင်းပေါက်ရှေ့မှာ လေထီးသမားတစ်ဦးကိုမြင်လိုက်ရ၏။

လေထီးသမားက`ဘယ်လိုလဲ၊ ကျွန်တော်နဲ့ လိုက်ခဲ့မလား´ဟုလှမ်းမေး၏။

ဒီတော့ ခရီးသည်က.`ကျေးဇူးပဲ၊ မလိုက်တော့ပါဘူး။ တိမ်တွေကို ခုလိုကြည့်နေရတာ သိပ်အရသာ ရှိတယ်´

`ကောင်းပါလေ့ဗျာ။ ကျွန်တော်က တခြား လူမဟုတ်ပါဘူး။ ခင်ဗျားစီးနေတဲ့လေယာဉ်ပျံကြီးရဲ့ လေယာဉ်မှူးပါ။

ကဲသွားပြီ၊တာ့တာ´


ပျော်စရာက ဒုတိယ

ပထမ အလုပ်သမား ။ ။ `ခင်များသူဌေး ရဲ့ အသုဘကို သွားဦးမလား´

ဒုတိယ အလုပ်သမား ။ ။ `မသွားဘူးဗျာ…ကနေ့ ကျွန်တော် အလုပ်လုပ်လိုက်ဦးမယ်။

ကျွန်တော့်ဆောင်ပုဒ်က အလုပ် ကပထမ ၊ ပျော်စရာက ဒုတိယလေ´


.....................................

အင်တာနက်မွေးဖွားခြင်း (၄+၅)

Ref:Internet Journal


TCP/IP ကမ္ဘာသုံး အဖြစ် ရောက်ရှိလာခြင်း

အမေရိကန်ပြည်ထောင်စု ပြင်ပက ပထမဆုံး ARPANET ချိတ်ဆက်မှုကို ၁၉၇၃ ခုနှစ်မှာ နော်ဝေးနိုင်ငံ NORSAR ကွန်ရက်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး များမကြာမီမှာပဲ ဗြိတိန်နိုင်ငံနဲ့ ဆက်လက်ချိတ် ဆက်မှုပြုခဲ့ပါတယ်။ ၁၉၈၂ ခုနှစ် အရောက်မှာတော့ ဒီကွန်ရက်ဆက်ကြောင်းတွေကို တခြား ARPANET ကွန်ရက်တွေ အားလုံးနဲ့အတူပဲ TCP/IP အဖြစ် ပြောင်းလဲခဲ့ကြပါတယ်။


CERN နဲ့ ဒေသဆိုင်ရာ ကွန် ရက်များ ပေါ်ထွန်းလာခြင်း

၁၉၈၄ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အကြားမှာ CERN က ၎င်းင်းရဲ့ အဓိက ကွန်ပျူတာစနစ်တွေ၊ workstation တွေ၊ ပီစီတွေနဲ့ accelerator control စနစ်တို့ကို TCP/IP အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဒီအတောအတွင်း CERN အနေနဲ့ ၎င်းရဲ့ကိုယ်ပိုင် network protocol သုံးထားတဲ့ ကွန်ရက်တစ်ခုကို ဆက်လက် အသုံးပြုနေခဲ့ပါတယ်။ ဥရောပနိုင်ငံတွေအနေနဲ့ အဲဒီတုန်းက TCP/IP က စနစ်ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုဖို့ တွန့်ဆုတ်နေခဲ့ကြတာကြောင့် CERN TCP/IP intranet ဟာ ၁၉၈၉ ခုနှစ်အထိ အင်တာနက်ကွန်ရက်ကြီးနဲ့ ချိတ်ဆက်မမိနိုင်သေးဘဲ သီးခြားတည်ရှိနေခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ Amsterdam အခြေစိုက် CWI က Daniel Karrenberg ဟာ CERN နဲ့ TCP/IP ညှိနှိုင်းရေးမှူး Ben Segal နဲ့ တွေ့ဆုံပြီး ဥရောပတိုက်မှာ အသုံးပြုနေတဲ့ UUCP Use net ကွန်ရက်ကို TCP/IP အဖြစ် ပြောင်းလဲဖို့အတွက် ဆွေးနွေးခဲ့ပါတယ်။ Ben Segal။ ဟာ ၁၉၈၇ ခုနှစ်မှာကတည်းက Cisco လို့အမည်ရတဲ့ ကုမ္ပဏီငယ်လေးကနေ CERN အတွက် TCP/Ip router တွေ ၀ယ်ယူဖို့ စကားပြောဆိုပြီး ဖြစ်တာကြောင့် Kerren-berg ကို TCP/IPု နဲ့ ပတ်သက်ပြီး အသေးစိတ် ရှင်းလင်းပြောကြားနိုင်ခဲ့ တယ်လို့ ဆိုပါတယ်။ ၁၉၈၉ ခုနှစ် အရောက်မှာတော့ CERN ကနေ ၎င်းရဲ့ TCP/IP အသုံးပြု ကွန်ရက်ကို စတင်ဖွင့်လှစ် အသုံးပြုနိုင်ခဲ့ပါ တယ်။ တစ်ချိန်တည်းမှာပဲ IP ကွန်ရက် administrator တွေ စုပေါင်းပြီး RIPE (Reseaux IP Europeens) ဆိုတဲ့ အဖွဲ့တစ်ခုကို ဖွဲ့ခဲ့ကြပြီး ၁၉၉၂ ခုနှစ်မှာ ဒီ RIPE ဟာ တရားဝင်မှတ်ပုံတင်အဖွဲ့တစ် ခုဖြစ်လာခဲ့ပါတယ်။ သြစတြေးလျတက္ကသိုလ်တွေ ကလည်း ၎င်းတို့ရဲ့ X.25 နဲ့ UUCPNet နည်းပညာအသုံးပြု ကွန်ရက်တွေကို ARPA ကွန်ရက်နဲ့ ချိတ်ဆက်ပေးလာကြပါတယ်။ ဒါ ပေမယ့် ဒီကွန်ရက်တွေကို ကမ္ဘာ့ကွန်ရက်ကြီးနဲ့ ချိတ်ဆက်မှုပြုရာမှာတော့ ငွေကြေးအကုန်အကျ ကြီးမားတာကြောင့် အကန့်အသတ်နဲ့ပဲ ရှိနေခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာတော့ သြစတြေးလျတက္ကသိုလ် အများပူးပေါင်းကာ ၎င်းတို့ရဲ့ ကွန်ရက်အခြေခံစနစ်တွေကို IP protocol အဖြစ် ပြောင်းလဲအသုံး ပြုလာခဲ့ကြပါတယ်။ အာရှတိုက်အတွင်းကိုတော့ ၁၉၈၀ ပြည့်လွန်နှစ်နှောင်းပိုင်းမှာမှ အင်တာနက်ကွန်ရက်ရောက်ရှိလာ ခဲ့တာဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ် ကတည်းက UUCPက အခြေပြု ဂျပန်နိုင်ငံရဲ့ JUNET ဟာ ၁၉၈၉ ခုနှစ်မှာ NSFNet နဲ့ ၀င်ရောက် ချိတ်ဆက်လာခဲ့ပါတယ်။ စင်ကာပူ နိုင်ငံကတော့ ၁၉၉၀ ပြည့်နှစ်မှာ TECHNET ကွန်ရက်ကို ဖန်တီးခဲ့ ကာ ၁၉၉၂ ခုနှစ်မှာ ထိုင်းနိုင်ငံက ၎င်းရဲ့ချူလာလောင်ကွန်တက္ကသိုလ် နဲ့ UNNET တို့အကြား ကွန်ရက် ချိတ်ဆက်ပြီး အင်တာနက်ကွန် ရက်ကြီးနဲ့ စတင်ချိတ်ဆက်လာနိုင် ခဲ့ပါတယ်။


ဒီဂျစ်တယ်ကွာဟမှု

ဖွံ့ဖြိုးပြီးနိုင်ငံတွေအနေနဲ့ အင် တာနက်ကွန်ရက်ကြီးနဲ့ အသီးသီး ချိတ်ဆက်လာနိုင်ကြပေမယ့် ဖွံ့ဖြိုး ဆဲနိုင်ငံတွေမှာတော့ နည်းပညာ ဆိုင်ရာအခြေခံအဆောက်အအုံတွေ ဖြည့်ဆည်းပေးနိုင်မှု မရှိတာကြောင့် နိုင်ငံတစ်ခုနဲ့တစ်ခုအကြား ဒီဂျစ်တယ်ကွာဟမှုဟာ တဖြည်းဖြည်း ကြီးမားလာခဲ့ပါတယ်။ အာဖရိက ၁၉၉၀ ပြည့်နှစ်အစောပိုင်း ကာလတွေမှာ အာဖရိကနိုင်ငံတွေ ဟာ X.25 IPS နဲ့ 2400 baud modem UUCP link တွေကို ကြားခံပြီးမှ နိုင်ငံတကာကွန်ရက်နဲ့ ချိတ်ဆက်မှုပြုနိုင်ခဲ့ကြပါတယ်။ ၁၉၉၆ ခုနှစ်အရောက်မှာတော့ USAID ကနေ ရန်ပုံငွေထောက်ပံ့ ပြီး Leland initiative ကို စတင်ကာ အာဖရိကတိုက်နိုင်ငံတွေ အတွင်း အင်တာနက်ချိတ်ဆက် အသုံးပြုလို့ရနိုင်မယ့် စနစ်ကိုဖန်တီး ပေးခဲ့ပါတယ်။ အာဖရိကတိုက်ရဲ့ IP address တွေကို စီမံခန့်ခွဲဖို့ အတွက် မောရိသျှအခြေစိုက် AfriNIC ကနေ အဓိကတာဝန်ယူပြီး အင်တာနက်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို စည်းဝေး တိုင်ပင်ဆွေးနွေးနိုင်ဖို့အတွက် Internet Community of Operational Networking Specialists ဖိုရမ်ကိုလည်း ဖွဲ့စည်းခဲ့ကြပါတယ်။ အာရှနဲ့ ပင်လယ်ကျွန်းစုနိုင်ငံများ ဒီဒေသအတွက် IP address စီမံခန့်ခွဲမှုကို သြစတြေးလျ တိုက်မှာ အခြေစိုက်တဲ့ APNIC (Asia Pacific Network Information Centre) ကနေ တာဝန်ယူပြီး APRICOT (Asia-Pacific Regional Internet Conference on Operational Technologies) လို့ အမည်ပေးထားတဲ့ ဖိုရမ်တစ်ခုကိုလည်း ဖန်တီးထားကြပါတယ်။ ၁၉၉၁ ခုနှစ်မှာ တရုတ်နိုင်ငံက Tsinghuaက တက္ကသိုလ်မှာ TUNET လို့ အမည်ရတဲ့ TCP/IP ကွန်ရက် တစ်ခုကို ဖန်တီးခဲ့ပါတယ်။ အဲဒီ နောက် ၁၉၉၅ ခုနှစ်မှာ Beijing Electro-Spectrometer Collaboration နဲ့ Stanford တက္ကသိုလ်ရှိ Linear Accelerator Center တို့အကြား ချိတ်ဆက်မှုပြုပြီး အင်တာနက်ကွန်ရက်ထဲဝင်ရောက် လာနိုင်ခဲ့ပါတယ်။ လက်တင်အမေရိက တခြားဒေသတွေမှာ လိုမျိုးပဲ LACNIC (Latin American and Caribbean Internet Addresses Registry) ကနေ IP addressန နဲ့ တခြားလိုအပ်တဲ့နည်း ပညာဆိုင်ရာကိစ္စတွေကို စီမံခန့်ခွဲ တာဖြစ်ပါတယ်။ ဒီ LACNIC ဟာ ဥရုဂွေးနိုင်ငံမှ အခြေစိုက်ကာ DNS root, reverse DNS နဲ့ တခြားဝန်ဆောင်မှုတွေကိုလည်း ပေးနေတာကို တွေ့ရပါတယ်။


.................


အင်တာနက်ကို စီးပွားရေးလုပ်ငန်းသုံးအဖြစ် ဖွင့်ပေးလိုက်ခြင်း
အစောပိုင်းကာလတွေမှာ အင်တာနက်ကို စီးပွားရေးလုပ်ငန်းအနေနဲ့ အသုံးမပြုဖို့ တားမြစ်ထားပေမယ့် အဓိပ္ပာယ်အတိအကျနဲ့ တားမြစ်ထားမှုမရှိတဲ့အပြင် အများအားဖြင့် ကိုယ်ပိုင်သဘောဆန္ဒနဲ့ပဲ အသုံးမပြုဘဲနေကြတာကို တွေ့ရ ပါတယ်။ ဥပမာအားဖြင့် UUCPNet နဲ့ X.25 IPSS တို့မှာဆိုရင် ဒီလိုမျိုး ကန့်သတ်ထားတာမရှိတဲ့အတွက် စီးပွားရေးလုပ်ငန်းအတွက် အသုံးမပြုရလို့ တားမြစ်ထားတဲ့ ARPANET နဲ့ NSFNet တို့ကနေ ၎င်းတို့ကွန်ရက်ထဲ လာရောက်ချိတ်ဆက်မှုမပြုဖို့ ကန့်သတ်လိုက်တာမျိုး တွေ့ကြုံခဲ့ရပါတယ်။ ဒါပေမယ့် တချို့ UUCP link တွေကတော့ အင်တာနက်ကွန်ရက်ကြီးတွေနဲ့ ချိတ်ဆက်ထားမြဲရှိနေတာကို တွေ့ရပါတယ်။ ၁၉၈၀ ပြည့် နှောင်းပိုင်း ကာလတွေမှာတော့ ပထမဆုံးသော အင်တာနက် ၀န်ဆောင်မှုကုမ္ပဏီ (Internet Service Provider) တွေ ပေါ်ပေါက်လာပါတယ်။ ဒီအထဲက PSINet, UUNET, Netcom, Portal Software တွေဆိုရင် ဒေသတွင်း သုတေသန ကွန်ရက်တွေအတွက်သာမက UUCP အခြေပြု e-mail နဲ့ Usenet News စတဲ့ အများပြည်သူတွေအတွက် ၀န်ဆောင်မှုတွေကိုပါ ပေးလာတာကို တွေ့ရပါတယ်။ အမေရိကန်အနောက်ဘက်ကမ်းခြေအတွက် အခုအခါ Verio လို့လူသိများနေတဲ့ Best Internet ကို ၁၉၈၆ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး အရှေ့ဘက်ကမ်းခြေဒေသအတွက် ပထမဆုံး dial-up ကုမ္ပဏီ world.std.com ကို ၁၉၈၉ ခုနှစ် မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာ ARPANET စီမံကိန်းအဆုံးသတ်ခဲ့ပြီး ကွန်ရက် နည်းပညာသစ်တွေနဲ့ အစားထိုး အသုံးပြုလာခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာ NSFNet ကို ANSNET (Advanced Networks and Services) အဖြစ် အမည်ပေးကာ ကော်ပိုရေးရှင်းကြီးတွေအတွက် အမြတ်အစွန်းမယူတဲ့လုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့ ဖွင့်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အစိုးရဌာနတွေနဲ့ အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီတွေကနေ မိမိတို့ကိုယ်ပိုင် backbone တွေကို သုံးကာ အပြန်အလှန်ချိတ်ဆက်မှုပြုလာကြပါတယ်။ နောက်ပိုင်း ဒေသတွင်း NAP (network access point) တွေ ပေါ်လာတဲ့အခါမှာတော့ ကွန်ရက်တစ်ခုနဲ့တစ်ခုကြား အလွယ်တကူ ချိတ်ဆက်မှုပြုလာနိုင်ပြီး အင်တာနက်ကို စီးပွားရေးလုပ်ငန်းမှာ အသုံးမပြုဖို့ ကန့်သတ်ချက်ဟာလည်း အဆုံးသတ်သွားခဲ့ပါတယ်။

IETF နဲ့ စံညွှန်းများအတွက် စံညွှန်းသတ်မှတ်ချက်

အင်တာနက်ကွန်ရက်ကြီးဟာ ဘယ်သူတစ်ဦးတစ်ယောက်၊ ဘယ်ကုမ္ပဏီ၊ ဘယ်အဖွဲ့အစည်းကမှ ပိုင်ဆိုင်ထိန်းချုပ်ထားတာမျိုးမရှိဘဲ အလျင်အမြန်ကြီးထွားလာခဲ့ပေမယ့် ကွန်ရက်ကြီး ပြဿနာတစ်စုံတစ်ရာ မပေါ်ပေါက်ဘဲ လည်ပတ် လုပ်ဆောင်နိုင်ဖို့အတွက် အများလက်ခံသဘောထူထားတဲ့ စံညွှန်းတစ်ခု လိုအပ်နေတယ်ဆိုတာ သိမြင်လာကြပါတယ်။ ဒီလိုအင်တာနက်စံညွှန်းသတ် မှတ်ဖို့အတွက် RFC (Request for Comments) ကနေ စတင် ကြိုးပမ်းလုပ်ဆောင်ခဲ့ပါတယ်။ ၁၉၈၅ ခုနှစ် ဇန်န၀ါရီလမှာ အမေရိကန် အစိုးရရဲ့ငွေကြေးအထောက်အပံ့နဲ့ သုတေသနပညာရှင်တွေကနေ IETF ကို စတင်ဖွဲ့စည်းခဲ့ပါ တယ်။ IETF အစည်းအဝေးကို သုံးလတစ်ကြိမ် ပုံမှန်ကျင်းပပြီး စတုတ္ထမြောက်အစည်းအဝေးမှာတော့ အစိုးရမဟုတ်တဲ့ ကုမ္ပဏီတွေကနေ ပညာရှင်တွေ ပါဝင်တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ အဲဒီ နောက် IETF အစည်းအဝေးတွေကနေ လက်ခံတဲ့ စံညွှန်းတွေကို STD အဖြစ် အများက အသုံးပြုလာခဲ့ပါတယ်။ ၁၉၉၂ ခုနှစ် အရောက်မှာတော့ IETF ဟာ Internet Society ရဲ့ အောက်ကို ရောက်ရှိပြီး နိုင်ငံတကာစံညွှန်း သတ်မှတ်မှုများဆိုင်ရာ လွတ်လပ်တဲ့အဖွဲ့တစ်ခုဖြစ်လာခဲ့ပါတယ်။

NIC, InterNIC, IANA နဲ့ ICANN

အင်တာနက်ကွန်ရက်ကြီးတစ်ခုလုံးကို စီမံခန့်ခွဲဖို့အတွက် Network Information Centre (NIC) ကို ကာလီဖိုးနီးယားပြည်နယ် Menlo Park ရှိ Stanford သုတေသနဌာနမှာ ဖွင့်လှစ်ခဲ့ပါ တယ်။ ၁၉၇၂ ခုနှစ်အရောက်မှာ NIC ရဲ့ စီမံခန့်ခွဲမှုကို Internet Assigned Numbers Authority (IANA) က လွှဲပြောင်းယူခဲ့ပါ တယ်။ ARPANET ဖွံ့ဖြိုးစအစော ပိုင်း ကာလတွေမှာ့ သျအ တွေကို ၎င်းတို့ရဲ့ကိုယ်ပိုင်နာမည်နဲ့ခေါ်ဆိုမှုပြုခဲ့ပြီး Stanford သုတေသနရဲ့ SRI International ကနေ အင်တာနက်အတွင်းရှိ host တွေ အားလုံးဆီ အမည်စာရင်းကို HOSTS.TXT ဖိုင်အနေနဲ့ ပေးပို့နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အင်တာနက်ကွန်ရက်ကြီး ကမ္ဘာအနှံ့ ကျယ်ပြန့်လာခဲ့တဲ့အခါမှာ တော့ အခုလိုလုပ်ဆောင်ရတာဟာ အတော်ကြီးကို ခက်ခဲလာပါတယ်။ ဒီကိစ္စကို ဖြေရှင်းနိုင်ဖို့အတွက် Paul Mockapetris က ဒိုမိန်း အမည်ပေးစနစ် (Domain Name System) ကို ဖန်တီးခဲ့ပါတယ်။ အစောပိုင်းမှာ Stanford သုတေသနဌာနရှိ Defense Data Network- Network Information Centre (DDN-NIC) ကနေ .mil, .gov, .edu, .org, .net, .com, .us စတဲ့ top-level domain (TLD) တွေနဲ့ root nameserver စီမံခန့်ခွဲမှုတွေ၊ အင်တာနက် အမည်ပေးစနစ်တွေအားလုံးကို တာဝန်ယူခဲ့ပါတယ်။ ၁၉၉၁ ခုနှစ် အရောက်မှာ ကာကွယ်ရေး သတင်းအချက်အလက်စနစ် အေဂျင်စီ (DISA) ကနေ DDNNIC ကို Government Systems Inc ဆီ လွှဲပြောင်းပေးခဲ့ပါတယ်။ စစ်ရေးနဲ့ မပတ်သက်တဲ့ကဏ္ဍတွေကြောင့် အင်တာနက်စနစ် တစ်ဟုန်ထိုးတိုးတက်ကြီးထားလာတဲ့ နောက်မှာတော့ အမေရိကန်ကာကွယ်ရေးဌာနကနေ .mil ဒိုမိန်း ကလွဲပြီး အင်တာနက်မှတ်ပုံတင် ၀န်ဆောင်မှုတွေအတွက် ငွေကြေးအထောက်အပံ့ပေးမှုကို ရပ်ဆိုင်းခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာ အမေရိကန် အမျိုးသားသိပ္ပံဖောင်ဒေးရှင်းက InterNIC ကို တည်ထောင်ပြီး ကုမ္ပဏီ ၃ ခုကို လုပ်ငန်းတွေ ခွဲဝေပေးခဲ့ပါတယ်။ ဒီစနစ်အရ Network Solutions ဟာ ဒိုမိန်းမှတ်ပုံတင်ဝန်ဆောင်မှုကို တာဝန်ယူပြီး AT&T u directory နဲ့ database ၀န်ဆောင်မှုကို တာဝန်ယူရကာ General Atomics ကနေ သတင်းအချက်အလက်စနစ်အတွက် တာဝန်ယူခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်အရောက်မှာတော့ IANA နဲ့ InterNIC နှစ်ခုစလုံးဟာ ကာလီဖိုးနီးယားမှာ အခြေစိုက်တဲ့ အင်တာနက်ဒိုမိန်း မှတ်ပုံတင်ရေးအဖွဲ့ကြီး (ICANN) ရဲ့ လက်အောက်ကို ရောက်ရှိခဲ့ပါ တယ်။ အဲဒီနောက်ပိုင်းမှာ DNS စနစ်ကို ပုဂ္ဂလိကကုမ္ပဏီတွေဆီ လွှဲပြောင်းပေးခဲ့ပြီး အင်တာနက်အမည်များ စီမံခန့်ခွဲမှုကိုလည်း ကန်ထရိုက်စနစ်နဲ့ ကုမ္ပဏီတွေဆီ ချပေးခဲ့ပါတယ်။


.....................

Friday, November 21, 2008

အင်တာနက်မွေးဖွားခြင်း (၃)


Ref: Internet Journal

ARPANET ကနေ ဖက်ဒရယ်ကွန်ရက်များ ပေါ်ပေါက်လာခြင်း


ARPA အနေနဲ့ ၎င်းရဲ့ အဓိကလုပ်ငန်းဟာ နည်းပညာသစ်များကို သုတေသနပြုလုပ် ရှာဖွေဖို့သာ ဖြစ်တာကြောင့် ARPANET ကို တခြားအဖွဲ့ အစည်းတစ်ခုဆီ လွှဲပြောင်းပေးနိုင်ဖို့ ရှာဖွေရှာခဲ့ပါတယ်။ ၁၉၇၅ ခုနှစ် ဇူလိုင်လမှာ ARPANET ကို ကာကွယ်ရေး ၀န်ကြီးဌာနလက်အောက်မှာပဲရှိတဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်သွယ်ရေး အေဂျင်စီကနေ လွှဲပြောင်းယူခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်မှာ အမေရိကန်စစ်တပ်က အသုံးပြုနေတဲ့ ARPANET ရဲ့ အစိတ်အပိုင်းကို သီးခြားခွဲထုတ်ကာ MILNET အဖြစ် တည်ထောင်ပြီး နောက်ပိုင်းမှာတော့ SIPRNET လျှို့ဝှက်ကွန်ရက်နဲ့ JWICS ထိပ်တန်းကွန်ရက် တို့နဲ့အပြိုင် အသုံးပြုတဲ့ NIPR-NET ဖြစ်လာခဲ့ပါတယ်။ NIPR-NET ဟာ အများသုံးကွန်ရက်တွေနဲ့ ချိတ်ဆက်ရာမှာ Security gateway တွေကို အသုံးပြုပါတယ်။
ARPANET ဟာ အစိုးရဆီကနေ ငွေကြေးအထောက်အပံ့ ရယူထားရတာကြောင့် စီးပွားရေးအတွက် အသုံးပြုခွင့်မရှိဘဲ သု တေသနလုပ်ငန်းတွေ အတွက်ပဲ အသုံးပြုခဲ့ရပါတယ်။ ၁၉၈၀ ပြည့် လွန်နှစ်တွေမှာတော့ စစ်ရေးနဲ့ ပညာရေးဌာနတွေသာမက ကွန်ရက်အတွင်း နည်းပညာဆိုင်ရာ အထောက်အပံ့ပေးနေပြီး သုတေသနလုပ်ငန်းတွေမှာလည်း ပါဝင်ဆောင်ရွက်နေကြတဲ့ Digital Equipment Corporation နဲ့ Hewlett-Packard တို့လည်း ပါဝင်ချိတ် ဆက်လာကြပါတယ်။ ARPA NET နောက်ပိုင်းမှာ NASA, အမေရိကန် အမျိုးသားသိပ္ပံဖောင်ဒေးရှင်း (NSF) နဲ့ စွမ်းအင်ဝန်ကြီးဌာ န (DOE) တို့ကနေ TCP/IP အခြေပြုထားတဲ့ ပထမဆုံးသော Wide Area Network တွေကို တည်ထောင်ခဲ့ကြပါတယ်။ NASA ကနေ အာကာသ သိပ္ပံပညာရှင်တွေအတွက် တစ်ကမ္ဘာလုံးမှာရှိတဲ့ သတင်းအချက်အလက်တွေ ရယူအသုံးပြုနိုင်မယ့် NASA သိပ္ပံကွန်ရက် (NSN) ကို တည်ထောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ DECnet အခြေပြု Space Physics Analysis Network (SPAN) နဲ့ ချိတ်ဆက်ကာ ပထမဆုံးသော multiprotocol wide area network အဖြစ် NASA Science Internet (NSI) ကို တည်ထောင်ခဲ့ပါတယ်။ NSI ဟာ ကမ္ဘာတစ်ဝန်းက သိပ္ပံပညာရှင်ပေါင်း ၂၀,၀၀၀ ကျော်ကို တစ်ဦးနဲ့ တစ်ဦး အပြန်အလှန်ချိတ်ဆက်ပြီး ကမ္ဘာမြေ၊ အာကာသနဲ့ သက်ရှိသိပ္ပံပညာရပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို သုတေသနပြုလုပ်နိုင်အောင် ဖန်တီးပေးခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်အရောက်မှာ တော့ TCP/IP တစ်မျိုးတည်း သီးသန့်သုံးထားတဲ့ CSNET ကို ဖန်တီးပြီး ARPA-NET နဲ့ ချိတ်ဆက်ကာ တခြားရှုပ်ထွေးမှုမရှိတဲ့ ကွန်ရက်စနစ်တွေနဲ့ ပါ ချိတ်ဆက် အသုံးပြုလို့ရနိုင်အောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာတော့ ဒီကွန်ရက် ဟာ စူပါကွန်ပျူတာစင်တာတွေကို ချိတ်ဆက်ပေးထားတဲ့ NSFNet backbone အဖြစ် ရောက်ရှိလာခဲ့ပါတယ်။

အင်တာနက်ကွန်ရက်ဆီသို့ အကူးအပြောင်း

အင်တာနက်ဆိုတဲ့စကားလုံးကို TCP Protocol နဲ့ ပတ်သက်ပြီး ပထမဆုံးထုတ်ပြန်တဲ့ RFC မှာ စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ARPANET နဲ့ NSFNet တို့ ချိတ်ဆက်မိတဲ့အချိန်လောက် မှာဖြစ်ပြီး TCP/IP ကို အသုံးပြုထားတဲ့ ကွန်ရက်တွေကို ယေဘုယျ ခေါ်ဆိုသုံးနှုန်းတဲ့စကားလုံး တစ်ခုအဖြစ် တွင်ကျယ်လာခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်းကာလ တွေမှာ Internet နဲ့ Internet-work တို့ကို အပြန်အလှန်ဖလှယ် အသုံးပြုခဲ့ကြပြီး Xerox Network Services လိုမျိုး ကွန်ရက် စနစ်တွေကိုတော့ Internet protocol လို့ ခေါ်ဆိုကြပါတယ်။ ကွန်ရက်ချိတ်ဆက်အသုံးပြုမှု နဲ့ ပတ်သက်ပြီး လူအများက စိတ် ၀င်တစားရှိလာကြတဲ့အပြင် application သစ်တွေလည်း ပေါ်ထွက်လာခဲ့တာကြောင့် အင်တာနက် နည်းပညာဟာ တစ်ကမ္ဘာလုံး ပျံ့နှံ့လာခဲ့ပါတယ်။ TCP/IP ကြောင့် IPSS X.25 ကွန်ရက်တွေ ကနေ အင်တာနက်ကွန်ရက်ထဲ ချိတ်ဆက်ဝင်ရောက်အသုံးပြုနိုင်ပြီး ၁၉၈၄ ခုနှစ်မှာတော့ University College London ကနေ ၎င်းင်းရဲ့ အတ္တလန္တိတ်သမုဒ္ဒရာဖြတ်ဂြိုဟ်တု ဆက်ကြောင်းကို IPSS ကနေ တစ်ဆင့် TCP/IP စနစ်နဲ့ ပြောင်းလဲ ချိတ်ဆက်ပေးလာနိုင်ခဲ့ပါတယ်။ အစောပိုင်းမှာတော့ e-mail လိုမျိုး အများသုံး application တွေကို အင်တာနက်နဲ့ တိုက်ရိုက် ချိတ်ဆက်ပေးနိုင်ခြင်းမရှိဘဲ UUCP နဲ့ FidoNet တို့ရဲ့ gateway တွေကို ကြားခံအဖြစ် အသုံးပြုခဲ့ကြရပါတယ်။ တချို့ gateway ၀န်ဆောင်မှုတွေကတော့ ရိုးရိုး e-mail သာမက UUCP နဲ့ e-mail တို့ကို ကြားခံသုံးကာ FTP ၀က်ဘ်ဆိုက်တွေဆီ သွားရောက်ချိတ်ဆက်နိုင်အောင် လုပ်ဆောင် ပေးနိုင်ခဲ့ပါတယ်။
(ဆက်လက်ဖော်ပြပါမည်။)


........

Thursday, November 20, 2008

1+1 = ?

ဒီအချိန်မင်းဘာလုပ်နေမလဲ ချစ်သူ…

ငါကတော့မင်းကို ကျိတ်ပြီးလွမ်းနေတယ်…

ဒါပေမဲ့…မင်းကတော့ တခြားသူတယောက်ရဲ့ရင်ခွင်ထဲ….

မငြင်းနဲ့ ချစ်သူ…

ငွေနဲ့လုပ်တားတဲ့အသည်းက ပုံမှန်ထက်တော့သွားနှုန်းပိုမြန်တာပေါ့…

ဒါပေမဲ့…နင့်ကိုချစ်တဲ့စိတ်နဲ့ထပ်မိုက်ဦးမှာ…

ငါကို ခဏခဏ ထားထားသွားနင်ဟာ

ငါ့အတွက်တော့ ဘယ်အချိန် မိုးပြိုမလဲစောင့်နေရတာနဲ့တူတယ်…

ငါ့ရဲ့သွေးကြောတွေထဲမှာတောင် မင်းရဲ့အတွေးတွေထဲ့ပြီး

ဒရွတ်တိုက်စီးဆင်းချင်နေတာ…


ကျေးဇူးပြုပြီးမညာပါနဲ့ ချစ်သူရယ်…

မင်းညာနေတာကိုလဲသိတယ်… မင်းညာတော့မှာကိုလဲကြိုသိတယ်…

ဒါပေမဲ့…ဘာမှပြင်ဆင်ခွင့်မရလိုက်ခင်မှာပဲ…ငါအမြဲအလိမ်ခံရတယ်…

ဘဝမှာ စည်းစိမ်ခံရတဲ့အချိန်ဆိုလို့ မင်းနဲ့အတူတူ တစ်နာရီပိုပြီး

လွပ်လွပ်လပ်လပ် ပျံသန်းနေခွင့်ရတာပဲ ချစ်သူ……

အနက်ဆိုတာကိုတောင် မင်းကိုချစ်တဲ့စိတ်တွေနဲ့ အတင်းအဖြူမြင်ခဲ့တာ….


မင်းနဲ့ငါရဲ့ကြားမှာ လူတွေရဲ့နားနဲ့မတော်တဲ့

ကိစ္စတော်တော်များများ လဲရှိပါရဲ့…..

ဒါပေမဲ့…ငါညဉ်းခဲ့လား

ခံစားနေရတဲ့ငါ့ရင်ဘတ်ပဲ နာနာလာတာ…

မင်းကအိပ်ရေးတောင် မပျက်ဘူး


လတ်တလောပြင်ဆင်လို့မရတဲ့ တိုက်ဆိုင်မှု့တွေနဲ့..

ဘဝမှာ ငါဘာတွေရှေ့ဆက်မှားပေးရမလဲ ချစ်သူ….

လျှက်စီးလက်သလို မြားပြားလှတဲ့ ဘဝရဲ့ဒုက္ခတွေကြားမှာ

ချွေးဆိုတာဘာလဲ ငါသိခွင့်ရလာခဲ့တယ်

ဘဝကိုမောပန်းတကြီး ဖြတ်သန်းခွင့်လိုင်စင်ရုတ်တရက်ရလိုက်တဲ့ငါ…

အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေထဲမှာတောင် နင်က ထိပ်ဆုံးကပါတယ်…

အေးလေ….ဘာမှမဟုတ်တဲ့ ငါ့ရဲ့ပုံမှန်ရှင်သန်မှု့တွေထဲမှာ

တခါတလေတော့လည်း….နင်လဲငြီးငွေ့မှာပေါ့….


မင်းရဲ့ ဝင်သက်ထွက်သက်တွေထဲမှာ…

သဲတရှပ်ရှပ်နဲ့ ပျားရည်လျှက်ရတဲ့နေ့တွေလဲရှိတယ်

ခေါင်းဦးတခုလုံး မျက်ရည်ရွှဲရတဲ့နေ့တွေလဲရှိတယ်

နဂါးတကောင်ရဲ့မျက်လုံးတွေခဏရလာမိတဲ့နေ့တွေလဲ ရှိလိမ့်မယ်..

ဘယ်သူဘယ်သူ့ကိုမှအပြစ်မတင်ချင်သလို

ဘယ်သူတွေကရော အပြစ်ရှိတယ်လို့ပြောလို့ရလို့လဲ….။


မနက်မိုးလင်းတိုင်း မိုးလင်းတိုင်း…

အဆင်မပြေမှု့တွေနဲ့ပဲ မျက်နှာသစ်နေရတော့လည်း…..

နောက်ရောက်လာမဲ့ မနက်ဖြန်တွေကိုတောင် တွေးတွေးပြီးကြောက်နေမိတယ်….

ဘာပဲပြောပြော…..မနက်ဖြန်ရောက်ရင်

အားလုံးက အစအဆုံး တစ်ခါပြန်ဖြစ်ဦးမှာပါ…..။


....................................

Masters In Transportation

Forward Mail ထဲကရထားတာလေးတွေပါ....Have Fun..!





























.....................

အင်တာနက်မွေးဖွားခြင်း (၂)

Ref: Internet Journal

X.25 နဲ့ အများသုံးကွန်ရက် ARPA ရဲ့ သုတေသနနောက်ပိုင်းမှာ အပြည်ပြည်ဆိုင်ရာဆက် သွယ်ရေးသမဂ္ဂ (ITU) ကနေ X.25 အပါအ၀င် အခြားသော packet switching ကွန်ရက်စံ ညွှန်းတွေပေါ်ပေါက်ဖို့ လုပ်ဆောင် ခဲ့ပါတယ်။ 1974 ခုအရောက်မှာတော့ နောက်ပိုင်းမှာ JANET ဖြစ်လာမယ့် ဗြိတိသျှသုတေသနဌာနတွေတစ်ခုနဲ့တစ်ခုအကြား.......................
ချိတ်ဆက်ပေးထားတဲ့ SERC net ကွန်ရက်ရဲ့ အခြေခံအဖြစ် X.25 ကို အသုံးပြုလာကြပါတယ်။ 1976 ခုနှစ် မတ်လမှာ ITU ကနေ X.25 နဲ့ပတ်သက်တဲ့စံညွှန်း တွေကို တရားဝင်လက်ခံအတည်ပြုပေးခဲ့ပါတယ်။ 1978 ခုနှစ်မှာ ဗြိတိသျှစာတိုက် (British Post Office), Western Union International နဲ့ Tymnet တို့ ပူးပေါင်းပြီး International Packet Switched Service (IPSS) လို့ခေါ်တဲ့ ပထမဆုံးသော နိုင်ငံတကာ packet switch ကွန်ရက်တစ်ခုကိုတည်ထောင်ခဲ့ပါတယ်။ 1981 ခုနှစ်ရောက်တဲ့အခါ ဒီကွန်ရက်ဟာဥရောပနဲ့ အမေရိကတို့အပြင် ကနေဒါ၊ ဟောင်ကောင်၊ သြစတြေးလျ၊ စတဲ့နိုင်ငံတွေအထိကျယ်ပြန့်လာခဲ့ပြီး 1990 ပြည့်နှစ်အရောက်မှာတော့ကမ္ဘာလုံးဆိုင်ရာကွန်ရက် ချိတ်ဆက်မှုစနစ်အတွက် အခြေခံဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ Telenet ကနေ X.25 ကို စီးပွား ရေးလုပ်ငန်းတွေအတွက် ရည်ရွယ် ပြီး Telemailး အီလက်ထရောနစ် စာပို့ဝန်ဆောင်မှုအဖြစ် လူအများအသုံးပြုနိုင်အောင်ဖွင့်ပေးခဲ့ပါတယ်။ အဲဒီနောက် ကုမ္ပဏီအများအပြားကနေ X.25 ကို အခြေခံထားတဲ့ ကွန်ရက်စနစ်ကိုသုံးကာ အများပြည်သူအတွက် ၀န်ဆောင်မှုတွေပေးလာခဲ့ကြပါတယ်။ 1979 ခုနှစ်မှာတော့ Compu-Serve ကနေ ပီစီကွန်ပျူတာအသုံးပြုသူတွေအတွက် ပထမဆုံးသော အီလက်ထရောနစ်စာပို့ဝန်ဆောင်မှုကို ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် CompuServe ကနေပဲ 1980 အရောက်မှာ CB Simulator ကို သုံးပြီး real-time chat ၀န်ဆောင်မှုကိုပေးခဲ့ပါတယ်။ ဒီအတော အတွင်း America Online (AOL), Prodigy, FidoNet စတဲ့ အများသုံးကွန်ရက်တွေလည်းပေါ်ထွက်ခဲ့ပါတယ်။ UUCP 1979 ခုနှစ်မှာ Tom Truscott နဲ့ Jim Ellis လို့ အမည် ရတဲ့ Duke တက္ကသိုလ်ကျောင်းသားနှစ်ဦးက Borne Shell Script ကိုသုံးကာ သတင်းနဲ့ message တွေကို Chapel Hilူ မှာရှိ တဲ့ မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ် နဲ့ အပြန်အလှန်ပေးပို့နိုင်ဖို့ လုပ် ဆောင်ခဲ့ကြပါတယ်။ ဒီဆော့ဖ်ဝဲကို အများပြည်သူဆီ ဖြန့်ချိပြီးနောက် အသုံးပြုသူတစ်ဦးနဲ့တစ်ဦးအကြား Usenet သတင်းတွေ အပြန် အလှန်ဖလှယ်ပေးပို့မှုတွေ တိုးတက် လာခဲ့ပါတယ်။ UUCP ကွန်ရက် တွေဟာ တယ်လီဖုန်းလိုင်း၊ X.25 link နဲ့ ARPANET စနစ်တို့ကို အသုံးပြုချိတ်ဆက်နိုင်တဲ့အပြင် စရိတ်စကလည်း သက်သာတာ ကြောင့် ကျယ်ကျယ်ပြန့်ပြန့်အသုံး ပြုလာကြပြီး အရေအတွက်အား ဖြင့် 1981 ခုနှစ်မှာ UUCP host ပေါင်း 550 ရှိခဲ့ရာကနေ 1984 ခုနှစ်အရောက်မှာ 940 အထိတိုး လာခဲ့ပါတယ်။ အင်တာနက်ကွန်ရက်စတင် ပေါ်ပေါက်လာခြင်း TCP/IP အခုလိုမျိုးကွန်ရက်စနစ်တွေ ကျယ်ပြန့်လာပေမယ့် အသုံးပြုတဲ့နည်းစနစ်တွေက တစ်ခုနဲ့တစ်ခုကွာခြားတာကြောင့် အားလုံးချိတ်ဆက် အသုံးပြုနိုင်ဖို့ဆိုတာကတော့ မလွယ်ကူသေးပါဘူး။ ဒါကြောင့် DARPA နဲ့ ARPANET့ က ပညာရှင် Robert E.Kahn နဲ့ Stanford တက္ကသိုလ်က Vinton ဃနမ် တို့ပူးပေါင်းပြီး ကွန်ရက်အားလုံးကို စုစည်းချိတ်ဆက်ပေးနိုင်မယ့် စနစ်တစ်ရပ်ကို အကောင်အထည်ဖော်ခဲ့ကြပါတယ်။ 1973 ခုနှစ်မှာ ကွဲပြားတဲ့ကွန်ရက်စနစ်တွေအကြား internetwork protocol ကို အသုံးပြုခဲ့ကြပါတယ်။ ဒီစနစ်ဟာ ARPANET လိုမျိုး ချိတ်ဆက် လုပ်ကိုင်မှုအတွက် ကွန်ရက်တွေကို အဓိကမထားတော့ဘဲ host တွေကိုပဲ အဓိကထားလုပ်ဆောင် ပေးတာလို့ ဆိုပါတယ်။ တစ်နေရာနဲ့ တစ်နေရာချိတ်ဆက်မှုမှာ ကွန်ရက်တွေရဲ့အမျိုးအစားက အဓိကမဟုတ်တော့တာကြောင့် ဘယ်ကွန်ရက်မျိုးကိုမဆို တစ်ခုနဲ့တစ်ခု အလွယ်တကူချိတ်ဆက်မှုပြုလာနိုင်ကြပါတယ်။ အဲဒီနောက် နှစ်ပေါင်းအတန်ကြာ သုတေသန ပြုလုပ်ပြီးနောက် DARPA ရဲ့ အကူအညီနဲ့ ARPANET နဲ့ SF Bay ရှိ Packet Radio ကွန်ရက်တို့အကြား gateway တစ်ခုဖန်တီး နိုင်ခဲ့ကာ 1977 ခုနှစ် နိုဝင်ဘာလ 22 ရက်နေ့မှာတော့ ARPANET, Packet Radio Network နဲ့ Altantic Packet Satellite ကွန် ရက်တို့ကို ချိတ်ဆက်နိုင်ခဲ့ပါတယ်။ 1974 ခုနှစ်မှာ ပေါ်ပေါက်လာခဲ့ တဲ့ TCP စံညွှန်းဟာ 1978 ခုနှစ် မှာ TCP/IP အဖြစ်ရောက်ရှိလာ ကာ 1981 ခုနှစ်အရောက်မှာ တော့ သက်ဆိုင်ရာစံညွှန်းအားလုံး ကို စုပေါင်းပြီး RFC 791, 792 နဲ့ 793 တို့အဖြစ် တရားဝင်အတည် ပြု သတ်မှတ်နိုင်ခဲ့ပါတယ်။ အဲဒီ နောက် DARPA ကနေ operating system အားလုံးမှာ TCP/IP စံညွှန်းကို လက်ခံဖို့တိုက်တွန်းလုပ်ဆောင်ခဲ့ပြီး Packet network တွေကိုလည်း TCP/IP စနစ် ဆီ ပြောင်းလဲဖို့ထောက်ပံ့မှုတွေပြုလုပ်ခဲ့ပါတယ်။ (ဆက်လက်ဖော်ပြပါမည်။)


.......

Wednesday, November 19, 2008

အင်တာနက်မွေးဖွားခြင်း (၁)

Ref: Internet Journal

အင်တာနက်ဆိုတာဟာ တစ်ကမ္ဘာလုံးရှိ ကွန်ပျူတာအသုံးပြုသူတွေကို ချိတ်ဆက်ပေးထားတဲ့ ကွန်ရက်စနစ်ကြီးဖြစ်ပါတယ်။ အင်တာနက် မတိုင်မီအချိန်တုန်းက mainframe ကွန်ပျူတာကို ဗဟိုပြုထားတဲ့ ကွန်ရက်စနစ်အငယ်စားတွေသာ ရှိခဲ့ပြီး ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ ကွန်ပျူတာသုတေသနပညာရှင်တွေဖြစ်ကြတဲ့ Levi C. Finch နဲ့ Robert W. Taylor တို့ အပါအ၀င် ပညာရှင်အတော်များများကနေ Packet Switching လို့ ခေါ်တဲ့စနစ်တစ်ရပ်ကို အကောင်အထည်ဖော်ကာ တစ်စစီပြန့်ကြဲနေတဲ့ ကွန်ရက်တွေကို ချိတ်ဆက်မှုပြုနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ၁၉၆၀ ပြည့်နှောင်းပိုင်းနဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေ အရောက်မှာတော့ ARPANET နဲ့ X.25 စနစ်အပါအ၀င် packet switch စံညွှန်းသုံး ကွန်ရက်ချိတ်ဆက်မှုစနစ်တွေ ပေါ်ထွက်လာခဲ့ပြီး UUCP လိုမျိုး အများအသုံးပြုနိုင်တဲ့ ကွန်ရက်စနစ်တွေကိုလည်း အသုံးပြုလာကြတာကို တွေ့ရပါတယ်။ ဒါ ပေမယ့် ဒီစနစ်တွေဟာ အမျိုးအစားတူ ကွန်ရက်တွေလိုပဲ အကန့် အသတ်နဲ့ gateway ကြားခံ ချိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အမျိုးအစားမတူညီတဲ့ ကွန်ရက်စနစ်တွေ တစ်ခုနဲ့တစ်ခုကြား အလွယ်တကူချိတ်ဆက်မှုပြုနိုင်မယ့် Internet protocol စံညွှန်းကို အတည်ပြုသတ်မှတ်နိုင်ခဲ့ရာကနေ တစ်ကမ္ဘာလုံး လွှမ်းခြုံနိုင်မယ့် အင်တာနက်ကွန်ရက် ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီ (ISP) တွေ ပေါ်ပေါက်လာခဲ့ပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေအရောက်မှာတော့ အင်တာနက်က ယဉ်ကျေးမှုနဲ့ စီးပွားရေးနယ်ပယ်တွေအထိပါ လွှမ်းမိုးခြေဆန့်လာတာကို တွေ့ရပါတယ်။ အင်တာနက်ကြောင့် ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပျက်နေတဲ့ အကြောင်းခြင်းရာတွေကိုပါ အချိန်နဲ့ တစ်ပြေးညီ သိရှိလာနိုင်ပြီး မိတ်ဆွေသူငယ်ချင်းတွေနဲ့လည်း အရုပ်နဲ့အသံအသုံးပြုဆက်သွယ် ပြောဆိုမှုတွေ ပြုလုပ်လာနိုင်နေပြီ ဖြစ်ပါတယ်။ လက်ရှိနည်းပညာတိုးတက်မှု အလားအလာတွေအရ အင်တာနက်ဟာ တဖြည်းဖြည်း ပြောင်းလဲတိုးတက်နေတဲ့ ဖြစ်စဉ်ကြီးတစ်ခုဖြစ်ပြီး နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စတဲ့ လူသားတွေ ရဲ့ ဘ၀ကို ထင်ဟပ်ပြသနိုင်တဲ့ အရာ တစ်ခုဖြစ်လာတာကို တွေ့ရ ပါတယ်။
အင်တာနက်မတိုင်မီကာလ
အင်တာနက်ကွန်ရက် မပေါ်ပေါက်သေးမီ ၁၉၅၀ ပြည့်လွန်နှစ် တွေနဲ့ ၁၉၆၀ ပြည့်အစောပိုင်းကာလတွေမှာ ကွန်ရက်ချိတ်ဆက်မှုစနစ်တွေဟာ အကန့်အ သတ်နဲ့ပဲ ရှိနေခဲ့တာကို တွေ့ရပါတယ်။ တချို့ကွန်ရက်တွေမှာ Gateway နဲ့ bridge တွေ ကြားခံအသုံးပြု ထားကြပေမယ့် ကျယ်ပြန့်မှုမရှိသေးဘဲ အများ အားဖြင့် mainframe ကွန်ပျူတာ ဗဟိုပြုကွန် ရက်တွေကိုပဲ အသုံးပြုခဲ့ကြပါ တယ်။ ဥပမာအားဖြင့် ပြရရင် ဒီစနစ်ကို ပင်ဆယ်လ်ဗေးနီးယား ပြည်နယ် Pittsburgh နဲ့ အီလီ နွိုက်ပြည်နယ် Sullivan တို့ရှိ ကွန်ပျူတာတွေကို ချိတ်ဆက်ကာ သုတေသနပညာရှင်တွေ အလိုအလျောက် သီအိုရမ်သက်သေပြမှုနဲ့ ဉာဏ်ရည်တုစမ်းသပ်မှုတွေ ပြုလုပ်နိုင်မယ့် Project RAND အတွက် အသုံးပြုခဲ့တာဖြစ်ပါ တယ်။ Packet switching မတူညီတဲ့ကွန်ရက်တွေ တစ်ခုနဲ့ တစ်ခုကြား ချိတ်ဆက်ပေးနိုင်ဖို့ လုပ်ဆောင်တဲ့ ကြိုးပမ်းမှုတွေဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ အစပြုခဲ့တာဖြစ်ပါတယ်။ အဲဒီ ကာလတွေမှာ Donald Davies (NPL), Paul Baran (RAND Corporation)ာ နဲ့ Leonard Kleinrock (MIT) တို့က packet switching စနစ်ကို တီထွင်ပြီး လက်တွေ့အသုံးပြုခဲ့ကြပါ တယ်။ တချို့က အင်တာနက်ကွန်ရက်ဆိုတာဟာ နျူကလီးယားနဲ့ တိုက်ခိုက်ခံရတဲ့အခါမျိုးတွေကနေကာကွယ်ဖို့ လုပ်ဆောင်ရာကနေ ပေါ်ထွက် လာတာဖြစ်တဲ့အကြောင်း ဆိုထားကြပေမယ့် ဘယ်လို အထောက်အထားမှ မတွေ့ရပါ ဘူး။ အမှန်မှာ အစောပိုင်း နျူကလီးယား ထိန်းချုပ်မှုစနစ်တွေ အတွင်း message switch စနစ် ကို အသုံးပြုခဲ့ကြတာသာဖြစ်ပြီး အခုနောက်ပိုင်းကာလတွေမှာမှ packet switching နဲ့ connectionless စနစ်တွေကို သုံးလာခဲ့ တာဖြစ်ပါတယ်။ ARPANET တစ်ကမ္ဘာလုံး လွှမ်းခြုံချိတ် ဆက်ပေးနိုင်မယ့် ကွန်ရက်တစ်ခု အကောင်အထည်ဖော်ဖို့အတွက် ပထမဦးဆုံးသော စိတ်ကူးကို J.C.R Lickliderု ဆိုသူက စတင် စိတ်ကူးမိခဲ့တာဖြစ်ပြီး ““ကွန်ပျူတာ အများအပြားအား တစ်ကမ္ဘာလုံးအနှံ့ ချိတ်ဆက်ပေးထားနိုင်မည့် wide-band communication line များ အသုံးပြုလာနိုင်ပါက လက်ရှိစာကြည့်တိုက်များအတိုင်း လိုရာအချက်အလက်များကို အလွယ်တကူရှာဖွေရယူရေးအတွက် အသုံးပြုနိုင်မည်ဖြစ်သည့်အပြင် အခြားသတင်းအချက်အလက်များ သိမ်းဆည်းခြင်းနှင့် ပြန်လည်ရယူ ခြင်းတို့အတွက်လည်း ပိုမိုအဆင် ပြေလာနိုင်မည်”” ဆိုပြီး ၁၉၆၀ ပြည့်နှစ် ဇန်န၀ါရီလတွင်း ရေးသားခဲ့သော ၎င်း၏ Man-Computer Symbiosis စာတမ်း၌ ရေးသား ဖော်ပြထားတာကို တွေ့ရပါတယ်။ ၁၉၆၂ ခုနှစ် အောက်တိုဘာလအရောက်မှာ Licklider က DARPA လို့ လူသိများတဲ့ အမေရိကန်ကာကွယ်ရေးဌာန လက်အောက်ရှိ အဆင့်မြင့်သုတေသန ပရောဂျက်များအေဂျင်စီ အကြီးအကဲဖြစ်လာခဲ့ပါတယ်။ အဲဒီမှာ သူက Santa Monicaက ရှိ System Development Corporation, ကာလီဖိုးနီးယား တက္ကသိုလ်ရှိ Project Genie, မက်ဆာချူးဆက်စက်မှုတက္ကသိုလ် (MIT) ရှိ Compatible Time-Sharing System ပရောဂျက်စတဲ့ ကွန်ရက် ၃ ခုကို ပေါင်းစပ်ချိတ်ဆက်ဖို့ အဆိုပြုခဲ့ပါတယ်။ အဲဒီ နောက် Robert Taylor u Licklider် ရဲ့ နေရာကို ဆက်ခံပြီး DARPA ရဲ့ သတင်းအချက် အလက် စီမံခန့်ခွဲမှုအကြီးအကဲဖြစ်လာပြီးနောက် MIT က Larry Roberts ဆိုသူကို ခေါ်ယူကာ ကွန်ရက်စနစ်ကို အကောင်အထည် ဖော်ခဲ့ပါတယ်။ ပထမဆုံး ARPANET ချိတ်ဆက်မှုကို လော့စ်အိန်ဂျလိစ်ရှိ ကာလီဖိုးနီးယားတက္ကသိုလ်နဲ့ စတန်းဖို့ဒ်သုတေသနဌာနတို့ အကြား ၁၉၆၉ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့ ည ၁၀ နာရီ မိနစ် ၃၀ မှာ စတင်နိုင်ခဲ့ပြီး ၁၉၆၉ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ အရောက်မှာ Utahာ တက္ကသိုလ်၊ Santa Barbara ရှိ ကာလီဖိုးနီး ယားတက္ကသိုလ်တို့ကိုပါ ထပ်မံချိတ် ဆက်လာနိုင်ခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်အရောက်မှာတော host အရေအတွက် ၂၁၃ ခုအထိရှိလာကာ ပျမ်းမျှအားဖြင့် ရက်ပေါင်း ၂၀ လျှင် host တစ်ခုကျ တိုးတက် လာတာကို တွေ့ရပါတယ်။ အဲဒီ အချိန်ကစပြီး ARPANET ဟာ နောက်ပိုင်းပေါ်ပေါက်လာမယ့် အင်တာနက်ကွန်ရက်ကြီးအတွက် အဓိကနည်းပညာဗဟိုချက်မဖြစ် လာခဲ့ပါတယ်။ ဒါပေမယ့် နော်ဝေးငလျင်တိုင်းတာမှုစနစ် (NOR-SAR), ဆွီဒင် Tanum Earth Station နဲ့ University College London တို့ကလွဲပြီး ဥရောပအဖွဲ့ အစည်းတွေအနေနဲ့ X.25 ကွန်ရက် စနစ် အကောင်အထည်ဖော်မှုမှာ ပါဝင်ခြင်းမရှိခဲ့ကြပါဘူး။ (ဆက်လက်ဖော်ပြပါမည်။)


............

Don't Be So Romantic

Wi-Fi(ဝိုင်ဖိုင်)

၂၀၀၉ ခုနှစ် ဇန်န၀ါရီလမှစတင်၍ ရန်ကုန်မြို့တွင်း Wi-Fi စနစ်အား အသုံးပြုနိုင်ရန်
အတွက်စီစဉ်ဆောင်ရွက် လုပ်ကိုင်လျက်ရှိ ကြောင်းသိရှိရသည်။ အဆိုပါစီမံကိန်းအား
အကောင်အထည်ဖော် နိုင်ရန်အတွက် မြို့အတွင်း (၁၆) မြို့နယ်တွင် Wi-Fi စနစ်နှင့်
ပတ်သက်၍ Survey များပြုလုပ်လျက် ရှိကြောင်းသိရှိရသည်။ ၂၀၀၉ ခုနှစ်မှာရန်ကုန်
မြို့တွင်း Wi-Fi စနစ်အသုံးပြုနိုင်ဖို့အတွက် မြို့တွင်း(၁၆) မြို့နယ်မှာ Survey တွေလုပ်
နေပါတယ်။

အခု (၁၆) မြို့နယ်မှာ Survey လုပ်နေတယ်ဆိုတာကလည်း ရန်ကုန်မြို့မှာရှိပြီးသား
ဖွင့်ပြီးသား Wi-Fi စနစ်တွေကို ဘယ်နေရာတွေမှာသုံးလို့ရနေလဲ၊ဘယ်နေရာတွေမှာ
ကျန်နေသေးလဲဆိုတာတွေကိုသိချင်တာရယ်။ နောက်တစ်ချက်က တခြားသူတွေပါ
သုံးလို့ရ အောင်ဖွင့်ပေးထားတာလား။ ကိုယ်က Wi-Fi ဖွင့်ထားပြီးတခြားသူတွေ သုံးလို့ရနေတာဆိုတာမသိလို့လားဆိုတဲ့ အချက်တွေကို အစ်ကိုတို့က survey
ဆင်းတာပါ။ Wi-Fi စနစ်ကိုတခြားသူတွေသုံး လို့ရအောင်ဖွင့်ပေးထား တယ်ဆိုရင် လည်းဘယ်လိုအတိုင်းအတာအထိပေးမှာလဲ။ bandwidth ဘယ်လောက်အထိ
ပေးမလဲဆိုတာတွေကို မေးမြန်းပြီး Wi-Fi City စီမံကိန်းမှာပါဝင်ဖို့ ဆွေးနွေးမှာ
ဖြစ်ပါတယ်။ Surveyဆင်းလို.ရ လာတဲ့အချက်တွေကိုကြည့်ပြီး Wi-Fi ကွန်ရက်မရှိတဲ့
နေရာတွေမှာ wi-fi ကွန်ရက်တွေရအောင် ထောက်ပံ့လုပ်ဆောင်သွားမှာဖြစ်ပါတယ်”
ဟု ezy Network မှတာဝန်ရှိ သူဦးညွန့်ဝင်း ကသို့ဆိုပါတယ်

Survey ဆင်းထားတဲ့(၁၆)မြို့နယ်မှာဆိုရင် လက်ရှိအတိုင်း အတာအရ Wi-Fi ကွန်ရက်ကတော်တော်လေးလေး ပွင့်နေတာကို တွေ့ရတယ်။ အစ်ကိုတို့ Survey
ဆင်းဖို့ကျန်ခဲ့တာ ကဗိုလ်တထောင်မြို့နယ်တစ်ခုတည်းပါ။ ဒီမြို့နယ်က တော့ wifi ကွန်ရက်ကိုလုံးဝလွတ်နေတယ်။ ဒီလိုကျန်ခဲ့တဲ့နေရာတွေ က Wifi ကကွန်ရက်မရှိတဲ့
အတွက် အစ်ကိုတို့အနေနဲ့ လုံးဝအထောက်အပံ့ ပေးရမယ့်နေရာတွေဖြစ်ပါတယ်။
ဒီဘက်၁၆ မြို့နယ်ထဲကိုဝင်လာ တော့ ကွန်ရက်ရတဲ့နေရာတွေက တော်တော်လေး
များတယ်။မရတဲ့နေရာလေးတွေက ခပ်ကြဲကြဲရှိနေတဲ့အတွက် ကြောင့် လွတ်နေတဲ့
နေရာလေးတွေမှာ ဖြည့်ပေးမှာဖြစ်ပါတယ်။

အခုလက်ရှိမှာဆိုရင်၁၆ မြို့နယ်ထဲမှာ Wi-Fi ကွန်ရက်ရရှိတဲ့နေရာက ၈၅%နှုန်းလောက်
ရှိတယ်။ ဒီလိုရတဲ့ wifi ကွန်ရက်တွေထဲမှာတချို့ကွန်ရက်တွေက Open ရတာတွေလည်း
ရှိတယ်။ တချို့ကွန်ရက်က open မရတာတွေလည်းရှိပါတယ်။
ဒီလို open ဖွင့်ပေးထားတဲ့သူတွေကို တကယ်ပဲ ဖွင့်ပေးထားတာလား။
မသိလို့ ဖွင့်ပေးထားတာလားဆိုတာတွေကိုလည်းမေးမြန်းမှာဖြစ်ပါတယ်။
Wi-Fi စနစ်ကိုအစကတည်းက ပေးထားတာပါဆိုရင်စီမံကိန်းထဲမှာပါလာပါပြီ။
မသိလို့ပေးထား တာဆိုရင်လည်းဆက်ပေးပါ။ဒီဘက်ကနေ
Link Provide လုပ်ပေးမယ်ဆိုပြီး ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်” ဟု
၎င်းမှထပ်မံ ပြောကြားခဲ့သည်။ယခုလက်ရှိအချိန်တွင် Wi-Fi City စီမံကိန်းအတွက်
စီစဉ်ဆောင်ရွက်လျက် ရှိပြီး အဆိုပါစီမံကိန်းအား ဒီဇင်ဘာလအကုန်တွင်
စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး၂၀၀၉ ခုနှစ်ဇန်န၀ါရီလမှစတင်၍
Wi-Fi ကွန်ရက်အားအသုံးပြုနိုင် တော့ မည်ဟုသိရှိရသည်။


.................

Tuesday, November 18, 2008

မောင်..

မောင်..မိန်းကလေး ဘ၀ကိုရော အားမနာတော့ဘူးလား။ မောင့်ကိုချစ်တယ် မောင်ရယ်။
အဲဒီနေ့က ကျမဘ၀အတွက် အပျော်ဆုံးနေ့လေးပေါ့.....ကျမ အချုစ်ကိုရှာဖွေတွေ့ရှိခဲ့တဲ့
နေ့လို့ ပြောရင်မမှားဘူးပေါ့.....မှတ်မိပါသေးတယ်။
စိုင်းစိုင်းသီချင်းထဲကလို အဲဒီနေ့က မိုးမရွာဘူး။...

သူ...ကျမတို့ကျောင်းကိုစပြောင်းလာတဲ့နေ့လေးပေါ့.....အဲဒီနေ့ကသူအကျီင်္အဖြူလေးကို
ဝတ်ထားတာလေးက နိုင်းနိုင်းတို့ သန့်သလိုချောသလို သူကသန့်သန့်ချောချောလေးနဲ့
ဒီရင်ဘတ်ကြီးကို စွဲဆောင်သွားတာပေါ့။

ကျမနဲ့က မေဂျာပါတူတာဆိုတော့ တက်ရတဲ့ အခန်းချင်းလည်းတူတယ်။ကျမလေ
ဆ၇ာတွေ စာသင်ချိန်မှာတောင် သူ့ကို ငေးကြည့်ရင်း ရင်ထဲတိုးတိုးချစ်လာရသူပါ....

သူကတော့ ကျမကိုရှိတယ်လို့တောင်မထင်ဘူး။ ကျမကိုမှ မဟုတ်ပါဘူး
ဘယ်မိန်းကလေး ကိုမှ ရှိတယ်လို့ မထင်တာ။ ကျမလည်း ဒါလေးကိုပဲ ချစ်နေရတာ။

သူ့ကိုလေ...တခြားမေဂျာကကောင်မလေးတွေကတောင် လာလာကြောင်ကြသေးတယ်
မြွေမြွေချင်းဆိုတော့ ခြေမြင်တာပေါ့။ သူတို့ကလည်းကျမရင်ထဲက မောင်ရဲ့အချစ်ကို
လိုချင်နေကြတာလေ...ကျမ မသိဘူးများထင်နေကြလား။

ကျမလက်ဦးမှကိုဖြစ်မှာပေါ့။ ကျမဘယ်လိုလုပ်ရမလဲ။အင်း...ရေလာမြောင်းပေးရမှာပေါ့။
မိန်းကလေးတန်မဲ့ သူ့ကိုရေလာမြောင်းပေးလုပ်မိပါတယ်။နေ့ခင်းဘက်ဆို သူထိုင်တဲ့
ကင်န်တင်းရဲ့ သူ့အရှေ့ စားပွဲဝိုင်းမှာထိုင်သူ့မျက်နှာလေးကို ငေးကြည့်။ဒါ ကျမနေ့စဉ်
လုပ်နေကြ လုပ်ငန်းစဉ်လေးပေမယ့် သူကတော့ သတိထားမိပုံကို မပေါ်ပါဘူး။

ဒီလိုနဲ့ စာသင်နှစ် တစ်နှစ်ကုန်ခါနီးတော့မယ်။ အခြေအနေကတိုးတက်လာမှု့ကိုမရှိဘူး။
ကျမချစ်ရတဲ့ မောင်ရေ.....မောင့်မှာ ချစ်တတ်တဲ့ နှလုံးသားကောရှိရဲ့လား။
မောင်..မိန်းကလေး ဘ၀ကိုရော အားမနာတော့ဘူးလား။ မောင့်ကိုချစ်တယ်မောင်ရယ်
ဘာပဲဖြစ်ဖြစ် မောင်ရယ်...မောင့်ရဲ့အချစ်ကို ကျမရမှဖြစ်လိမ့်မယ်။
ဒီနေ့ကျောင်းတက် ရမှာ နောက်ဆုံးနေ့လေ။ဒီနေ့ကျောင်းတက်ပြီးသွားရင်
နောက်ရက်တွေစာမေးပွဲဖြေ ၊ နောက်ဆုံးနှစ်ဆိုတော့ မောင့်မျက်နှာလေးကို
တွေ့နိုင်ဖို့အတွက်မောင့်အချစ်ကို ကျမရမှဖြစ်တော့မယ်။
မောင်ဖွင့်မပြောရင် ကျမမောင့် ကို ချစ်ပါတယ်လို့
မိန်းကလေးတန်မယ့်လာပြောတော့မယ်။ မောင်ရေ......

ရည်မှန်းချက်ကို အကောင်အထည်ဖေါ်ဖို့ မောင်...လာတတ်တဲ့လမ်းကလေးကနေ
မောင့်ကို ကျမစောင့်နေလိုက်တယ်...ဒီနေ့မှ မောင်ရယ်..နောက်ကျလိုက်တာ.....
လာပါတော့....

ဟော...ဟိုမှာ...မောင်လာနေပြီ...အရင်က မောင်လာရင်ဘေးမှာ အဖေါ်တယောက်
ပါနေကြ။ အခု ကံကြမ္မာက ကိုယ့်ဘက်ကိုလိုက်နေလို့လားမသိ။
မောင်တယောက်တည်း။မောင်ရေ....မောင်ကို ချစ်တယ်...ကျမဘယ်လို
ဖွင့်ပြောရမှာလဲ ။ ကျမတခုခုဖြစ်နေဟန် ဆောင်လိုက်တယ်။

"ဟိတ်...တို့ကို တခုကူညီပါလား"

မောင်..လှည့်ကြည့်တယ်။ အမလေး အမလေး ချောလိုက်တာမောင်ရယ်....
ကျမနှလုံးသားတွေ အရည်တွေ ပျော်ကုန်ပါပြီ..မောင်ရယ်...
ဒါပေမယ့် မောင်က ဒီအတိုင်းပဲလှည့်ထွက်သွားတယ်။
မောင်ရယ်...ရက်စက်လိုက်တာ....၊၊

ဘာပဲဖြစ်ဖြစ် မောင့်ကိုကျမချစ်နေကြောင်း မောင်သိအောင် ဖွင့်ကိုပြောရမယ်။...

"မောင်"

အရဲစွန့်ပြီး ကျမလှမ်းခေါ်လိုက်တယ်။ မောင်လှည့်ကြည့်တယ်။
ကျမ..မောင့်ကိုအပြုံး တခုလက်ဆောင်ပေးလိုက်တယ်။
မောင်...ကျမကို ရက်ရက်စက်စက်စကားတခွန်းပြောပြီး လှည့်ထွက်သွားတယ်။

မောင်ရယ်..ရက်စက်လိုက်တာ.....မောင်...လုပ်ရက်တယ်။
မောင်....မောင်...ကျမကို ဒီ လိုမျိုး မပြောသင့်ပါဘူး။

"ကျောင်းနောက်ကျနေရတဲ့အထဲ ဒီ အခြောက် ကတမျိုး"

မောင့်..စကားသံတွေ...ကျမနားထဲက မထွက်တော့ဘူး။
ကျမအသည်းတွေကို ခွဲသွားတဲ့မောင်ပြောခဲ့တဲ့ ဒီစကားလေးကို...


သူငယ်ချင်းတယောက် Forward mail လုပ်ပေးတဲ့ဟာလေး တင်လိုက်တာပါ....။
............

Monday, November 17, 2008

အမှုန်ရူပဗေဒအတွက် အကြီးကျယ်ဆုံးသုတေသန






အမှုန်ရူပဗေဒ particle physics လေ့လာရေးအတွက် အဓိကဆောင်ရွက်နေတဲ့ ကမ္ဘာ့အကြီးဆုံး သုတေသနအသင်းကြီးဖြစ်တဲ့ CERN ဟာ Large Hadron Collider (LHC) လို့ခေါ်တဲ့ particle accelerator တစ်ခုကိုတီထွင်ခဲ့ပါတယ်။ ဒီ accelerator ကိုလူတွေကတော့ atom smasher/အက်စတမ်ရို(လ်)ခွဲစက်လို့ပဲ အလွယ်ခေါ်ကြပါတယ်။ ဒီစက်ဟာ hadrons လို့ခေါ်တဲ့ subatomic particles အမှုန်တွေကို မြင့်မားတဲ့ အရှိန်နှုန်း high speeds နဲ့ သေးငယ်သထက်သေးငယ် တဲ့အစိတ်အပိုင်းတွေဖြစ်အောင်ပြုလုပ်ကာ အခြေခံအဆင့်အမှုန် elementary particles တွေဖြစ်တဲ့အထိ ခွဲစိတ်နိုင်မှာဖြစ်ပါတယ်။

Large Hadron Collider ဆိုတာဘာလဲ။
ဒါဟာ ကမ္ဘာ့အားအကြီးဆုံး particle accelerator တစ်ခုပါပဲ။ ၁၇ မိုင်နက်တဲ့
တွင်းထဲ မှာ ၎င်းကိုမြှုပ်နှံထားပြီး၊ detectors လို့ ခေါ်တဲ့ အပူချိန်သုံးစူးစမ်းရေး
ကိရိယာကြီးတွေနဲ့ ၀ိုင်းပတ်တပ်ဆင်ထားပါတယ်။

Hadron ဆိုတာ ဘာကိုခေါ်တာလဲ။

ဒါဟာ နျူထ ရွန်လို၊ ပရိုတွန်လိုအမှုန်တစ်မျိုးပါ။ အက်တမ်တစ်ခုခုရဲ့ နျူကလီးယပ်စ်
ထဲမှာတွေ့နိုင်ပါတယ်။

ဒီ Collider ကြီးကို တည်ဆောက်ဖို့ အချိန်ဘယ်လောက်ယူရပါသလဲ။ ဘယ်သူတွေပါဝင်လုပ်ဆောင်ခဲ့ပြီး၊တန်ဖိုးဘယ်လောက်ကုန်ကျခဲ့ရပါသလဲ။

ဒီစီမံကိန်းကို ၁၉၈၄ မှာ European Organization for Nuclear Research
သို့မဟုတ် CERN ရဲ့ သိပ္ပံပညာရှင်တွေက စတင် ခဲ့ကြတာပါ။ အဖွဲ့မှာ လေ့လာသူ
နိုင်ငံတွေအပါအ၀င် အဖွဲ့ဝင်နိုင်ငံပေါင်း ၂၀ ပါဝင်ပြီး စက်အတွက် ကုန်ကျစရိတ်
ဒေါ်လာ ၁၀ ဘီလျံရှိခဲ့ပါတယ်။

ဒီ Collider က ဘယ်လိုအလုပ်လုပ်ပါသလဲ။

ဒီ Collider ဟာ အလင်းရဲ့ အလျင်နှုန်း နီးပါးလောက်နဲ့ သူ့ကိုထည့်ထားတဲ့
တူးမြောင်းတွင်းကြီးထဲမှာရှိတဲ့ ပရိုတွန်တွေကိုပစ်ခွဲပါ တယ်။ အရှိန်နှုန်းက
တစ်စက္ကန့်ကို ၁၈၆,၀၀၀ မိုင်နှုန်းလောက်နဲ့ခွဲတာပါ။ Super Cooled magnets
တွေကလည်း တွင်းပတ်လည် မှာရှိတဲ့ ပရိုတွန်တွေကို ပြောင်းပြန် directions
ရအောင်လုပ်ပစ်ပါတယ်။ လေးစိတ်ကွဲမသွားခင်အထိပေါ့။

Detectors တွေကရော ဘာလုပ်ပါသလဲ။

Protons တွေ ကွဲသွားရင် detectors တွေဟာ အာကာသရဲ့သုံးဖက်မြင်ထု
three dimensions နဲ့ အချိန်ရဲ့ one dimension ကနေ ကွာခြား တဲ့
အပိုဒိုင်မင်းရှင်း extra dimensions တွေကိုရှာဖွေသွားမှာပါ။ ၎င်းင်းစက်တွေဟာ စကြာဝဠာကိုဖန်တီးထားတယ် လို့ယုံကြည်ရတဲ့ dark matter ကိုရှာဖွေသွားမှာပါ။
ဒီရုပ်ဒြပ်ဟာ ရုပ်ဒြပ် matter အားလုံးရဲ့အခြေခံပါပဲ။ တစ်ခါတလေမှာ God particle ဘုရားသခင်ဒြပ်မှုန်လို့တောင်ခေါ်ကြတယ်။ ဘာလို့လဲဆိုတော့ ဒီဒြပ်ကနေ အခြား
particles တွေထွက်တာလို့ ယုံကြည် ရလို့ပါ။ ယခင်ကတော့ ဒါတွေအားလုံးကို သီအိုရီထုတ်ပြီးခန့်မှန်းထားကြရတယ်။ အတည်မပြုရသေးပါဘူး။ Detectors တွေ
ထဲကတစ်ခုကတော့ စကြာဝဠာစတင်ဖြစ်တည်တယ်လို့ယူဆရတဲ့
မဟာပေါက်ကွဲမှုကြီး big bang ဖြစ်တုန်းကအခြေအနေ မျိုးမှာ ရှိခဲ့တဲ့
ions တွေကိုခွဲကြည့်မှာပါ။ သိပ္ပံပညာရှင်တွေဟာ ဒီစမ်းသပ်မှုကနေ
ရုပ်/matter တွေ ဘယ်လိုဖြစ်ပေါ်လာသလဲဆို တာ လေ့လာနိုင်မှာဖြစ်ပါတယ်။


ဒီလိုစမ်းသပ်တာဟာ လုံခြုံစိတ်ချရမှုရှိပါရဲ့လား။

အချို့ကတော့ ဒီ Collider စက်ကြီးဟာ black holes တွေ ဒါမှမဟုတ် ကမ္ဘာကို
တောင်ဖျက်ဆီးနိုင်တဲ့ စွမ်းအင်ပမာဏတွေထွက် လာစေမှာကို စိုးရိမ်နေကြပါတယ်။

သိပ္ပံပညာရှင်တွေဟာ ဒီစမ်းသပ်မှုကနေ တခြားဘာတွေများမျှော်လင့်ထားပါသေးသလဲ။

ဒီ Collider နဲ့ရှာဖွေလို့ particles အသစ်တွေရှိသေးကြောင်း သက်သေပြနိုင်ရင်
ဒါဟာ ရူပဗေပညာရဲ့ တွေးဆထားချက်/ hypo- thesis ဖြစ်တဲ့ String theory
ကိုစမ်းသပ်နိုင်ပါလိမ့်မယ်။ ဒီသီအိုရီက ကွမ်တန်မက္ကင်းနစ်နဲ့ အိုင်းစတိုင်းခေတ်ကစလို့
သိပ္ပံပညာရှင် များအားလုံးလက်ရှောင်ခဲ့ကြတဲ့ ဆွဲအားဖော်မြူလာတွေကို ပြန်လည်ပေါင်းစည်းဖိုကြိုးစားထားတဲ့သီအိုရီပါ။


ဒီ Collider ဟာ God ရဲ့တည်ရှိမှုကိုသက်သေပြနိုင်ပါ့မလား။

ဒီစမ်းသပ်ချက်ဟာ စကြာဝဠာဖြစ်ထွန်းစမှာ ဘာဖြစ်ခဲ့သလဲဆိုတာ စူးစမ်းမှာပါ။
ရုပ်လွန်သဘာဝတစ်ခုရဲ့ ရှိနေမှုကို ငြင်းဆန်ခြင်း၊ အတည်ပြုခြင်းတွေ လုပ်ဖို့မဟုတ်ပါဘူး။


..............

ပါးစပ်မဟမိပါစေနှင့်

1000 Bytes = 1 Kilobyte
1000 Kilobytes = 1 Megabyte
1000 Megabytes = 1 Gigabyte
1000 Gigabytes = 1 Terabyte
1000 Terabytes = 1 Petabyte
1000 Petabytes = 1 Exabyte
1000 Exabytes = 1 Zettabyte
1000 Zettabyte = 1 Zottabyte
1000 Zottabyte = 1 Brontobyte - that is a 1 followed by 27 zeroes


$200တန် Hard Disk – 1 Terabyte Hard Disk(1TB = 1000GB)




Facebook သို့လစဉ် Upload တင်သည့် Photo ပေါင်း – 20 Terabyte

Youtube ပေါ်ရှိ Video ပေါင်း – 530 Terabyte
22.7.2008 နေ့ တစ်ရက်တည်း Youtube ကြည့်သူပေါင်း - 93248368








Google ၏ Sever များတွင် 72 Minute တိုင်းကိုင်တွယ်လုပ်ဆောင်ရသည့်
Data ပမာဏ - 1 Petabyte(1PB = 1000TB = 10000000GB)




Hubble Space Telescope(ဟပ်ဘဲ အာကာသ မှန်ပြောင်းကြီး)မ
ှစုဆောင်းရရှိသည့်Data နှင့် Photos ပေါင်း – 120 Terabyte
(120 Terabyte = 120000 GB)




Large Hadran Collider(အမှုန်အရှိန်ပေးစက်)မှ အပတ်စဉ်ထုတ်လုပ်မည့်
Data ပမာဏ – 330 Terabyte




Firefox 3 ကို 24 နာရီအတွင်း Download လုပ်ယူသူပေါင်း - 8002530





iPhone နဲ့ပက်သက်လို့ 2008 ခုနှစ်June လအတွင်း
ဝင်ရောက်လေ့လာသူပေါင်း - 6.9 သန်း


....................

ဝင်ဆံမှု့ပိုရှိတဲ့ Blue-Ray Disc တွေ လာဦးမယ်

Pionner အနေနဲ့ 400 GB ပမာဏလောက်ရှိတဲ့ Data တွေကို သိမ်းထားနိုင်မယ့်
16 Layer Optical Discတွေကိုထုတ်လုပ်နေတာကိုတောင်မှမကျေနပ်နေသေးတဲ့
ပုံစံမျိုးရှိတယ်။ဒီလိုပမာဏရှိတဲ့ Blue-Ray Disc ကိုဖန်တီးပြီးလိုမှ မကြာခင်လပိုင်း
အတွင်းမှာပဲ 500 GB ပမာဏ အထိဝင်ဆံ့မှု့ရှိမယ့် Disc ကို ထုတ်လုပ်ဖို့ပြင်ဆင်နေ
ပြန်ပါတယ်။ဒီ Disc က20 Layer ရှိလိမ့်မယ်လို့ Optical Memory နဲ့ Optical
Data နဲ့ သက်ဆိုင်တဲ့ International Symposium မှာမိတ်ဆက်တင်ပြခဲ့တာ
ဖြစ်တယ်။လက်ရှိထုတ်လုပ်ထားပြီးဖြစ်တဲ့ Standard Blue-Ray Disc
(Single Layer)က 25GB နဲ့(Double Layer)က 50GB အသီးသီးရှိကြပါတယ်။
20 Layer Blue-Ray DVD Disc တွေကိုတော့ 2010 နဲ့ 2012 ခုနှစ်အကြား
ထုတ်လုပ်ဖြန့်ချီ လိမ့်မယ်လို့ ယူဆရပါတယ်…။


Standard DVD Disc = 4.7 GB(DVD 5 – 4483 MB)
(Single Layer (or) 1 Layer)

Standard DVD Disc = 9 GB(DVD 9 – 8512 MB)
(Double Layer (or) 2 Layer (or) Dual Layer)

Standard Blue-Ray DVD Disc (Single Layer) = 25 GB

Standard Blue-Ray DVD Disc (Double Layer) = 50 GB




.........

Microsoft ရဲ့Window 7



Microsoft ရဲ့ CEO စတိဗ်ဘောမားက Window Vista ကိုမကြိုက်လို့ Window 7
ကိုစောင့်မျှော်နေကြတဲ့သူတွေ စောင့်ရကျိုးနပ်စေရမယ်လို့ပြောကြားလိုက်ပါတယ်။
“တကယ်လို့လူတွေဟာ Window 7ကိုစောင့်ချင်ကြတယ်ဆိုရင် စောင့်နိုင်ပါတယ်။
ဒါပေမဲ့ကျွန်တော်တို့ Vista ကိုလည်း လုံးဝစမ်းသပ်သွားမှာပါ။နောက်ထပ်ထုတ်မယ့်
Window 7 ဟာVista နဲ့ပြိုင်နိုင်ပါလိမ့်မယ်” လို့၎င်းကပြောခဲ့တာပါ။ပြီးခဲ့တဲ့ရက်တွေ
ကလည်း ဘောမားက Gartner ပြပွဲမှာ Window 7 ဟာအဓိကဖြန့်ချိမှု့တစ်ခုတော့
မဟုတ်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ Microsoft ကတိုးတက်အောင်လုပ်ဖို့လိုအပ်
နေတာဟာ Vista ကိုကျော်လွန်ဖို့ဖြစ်ကြောင်း၊ အဲဒါထက်ပိုကောင်းရမှာဖြစ်ကြောင်း
ဆိုခဲ့ပါတယ်။PCအရောင်းကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ Dell,HP,Lenovo နဲ့အခြားကုမ္ပဏီ
တွေကတော့ဒီစကားကြောင့်ဝမ်းသာကြမှာပါ။

ဒီကုမ္ပဏီတွေအားလုံးဟာ Vista ကိုမသုံးချင်တဲ့ User တွေကို Pre-Installed
Window XP Professional ကိုသူတို့ရဲ့PC တွေပေါ်မှာသုံးခွင့်ပေးထားကြပါတယ်။
ဒါကြောင့်လည်း ဒီနှစ်အစောပိုင်းကလုပ်ခဲ့တဲ့ D6ကွန်ဖရန့်မှာ ဘောမားက Window 7
ကိုထုတ်လုပ်ရင်းကုမ္ပဏီတွေနဲ့လည်းပိုပြီးနီးကပ်စွာလက်တွဲဆောင်ရွက်သွားမယ်။ဒါကပဲ
Apple နဲ့ယှဉ်ပြိုင်နိုင်မယ့် Products တွေထုတ်လုပ်ရမှာ Hardware ကုမ္ပဏီတွေ
ကိုလဲအထောက်အကူဖြစ်စေမယ်လို့ဆိုခဲ့ပါတယ်။


.....

အလောင်းမင်းတရားကြီး 2D ကာတွန်း

တတိယမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့သည့်အလောင်းမင်းတရားကြီးအကြောင်း
ကိုကာတွန်းအနေဖြင့် Oct 21 ရက်နေ့က ဖြန့်ချိလိုက်သည်ဟု သိရှိရသည်။
အလောင်းမင်းတရားကြီး ဘ၀ဇာတ်ကြောင်းကို Animation အဖြစ်ဖန်တီးမယ်
ဆိုတော့ မြန်မာ့သမိုင်းမှာထင်ရှားကျော်ကြားခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်တဲ့
အတွက်အထူးဂရုစိုက်ပြီးအကောင်းဆုံး ဖန်တီးခဲ့တယ်။နိုင်ငံတကာမှာတော့
သူတို့နိုင်ငံက လူစွမ်းကောင်းတွေကို သိရှိအမှတ်ရနေစေဖို့ ကာတွန်းကားတွေ
ဖန်တီးပြီး ကမ္ဘာကိုသိအောင်ပြုလုပ်ခဲ့တယ်။ ကျွန်တော်တို့အဖွဲ့ကလည်း
နောင်တစ်ချိန်မှာ မြန်မာ့သူရဲကောင်းတွေကိုကမ္ဘာကသိရှိလာစေရန်နဲ့ ကျွန်တော်တို့
နိုင်ငံက လူကြီး၊ လူငယ်မျိုးဆက်သစ်ကလေးများပါမကျန်သိထားသင့်တဲ့ သမိုင်းဆိုင်ရာ
အတ္ထုပ္ပတ္တိတွေကိုသိရှိမှတ်သားစေရန်ရုပ်ပုံတွေကိုအသက်သွင်းပြီးလှုပ်ရှားမှုနဲ့
အကောင်းဆုံးပုံဖော်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီကာတွန်းမှာတော့ အလောင်းမင်းတရားကြီး
မွေးတဲ့အချိန်ကစပြီး အလောင်းမင်းတရားကြီးဟု ဘွဲ့အမည်ခံတဲ့အထိရေးဆွဲထား
ပါတယ်ဟု4 DIMENSION အဖွဲ့မှ ဒါရိုက်တာကိုဇော်ထက်မှ ပြောသည်။
၎င်းင်းကာတွန်းကို စတင်ဖန်တီးချိန်မှစ၍ အချောသတ်ပြီးဆုံးချိန်ထိ အချိန်၎နှစ်ကျော်
ကြာခဲ့ရပြီးငွေကျပ်သိန်း ၁၇၀ ကျော်ခန့် ကုန်ကျခဲ့သည်ဟု သိရှိရသည်။
၎င်းင်းကာတွန်းခွေသည် VCD 2 ချပ်တွဲဖြစ်၍ ရောင်းဈေးမှာ ၁၄၀၀ကျပ်ဟုသိရှိရသည်။


.....

သွေးကပြောသော အချစ်

A = စိတ်လှုပ်ရှားလွယ်၊ စိတ်ထိခိုက်လွယ်သူများ ဖြစ်ကြပြီး၊ ဝေဖန်ခံနိုင်စွမ်းရည် အားနည်းကြသည်။ အချစ်ရေးနှင့် ပတ်သက်ပြီး အချစ်ကြီးတတ်သူများ ဖြစ်ကြသည်။ တစ်ဦးဆိုတစ်ဦး စွဲစွဲလန်းလန်း ဖြစ်တတ်ကြပြီး ချစ်သူနှင့် ခွဲခွါရလျှင် အခြားသူများထက် ပိုရွေ့ ခံစားရတတ်သည်။


B = မိမိတို့နေတတ်သလို စိတ်ချမ်းသာသလိုသာ နေထိုင်ပြုမူ တတ်ကြသည်။ အချုပ်အချယ်မခံလိုဘဲ လွတ်လပ်စွာ နေလိုစိတ်ပြင်းပြကြသလို ဖန်တီးနိုင်စွမ်း၊ တီထွင်နိုင်စွမ်း ရှိကြသည်။ အချစ်ရေးနှင့် ပတ်သက်ပြီး ရံဖန်ရံခါ အချစ်ကို ပေါ့ပေါ့ဆဆသဘောထားတတ်ကြသလို မိမိကိုယ်ကိုသာ ပိုမိုခင်တွယ်၊ ဦးစားပေးတတ်ရွေ့ ချစ်သူတို့၏ ငြီးငွေ့ခြင်းကို ခံရတတ်သည်။


O = လွန်စွာ ပြင်းထန်သော၊တိကျသော၊ပြတ်သားသော သူများ ဖြစ်ကြပြီး၊ ရည်မှန်းချက် ကြီးမားကာ မဖြစ်မနေ လုပ်ဆောင်တတ်ကြသလို .. အားသွန်ခွန်စိုက် ဆောင်ရွက်တတ်ကြ၏။ အချစ်ရေးနှင့် ပတ်သက်ပြီး မိမိကိုယ်ကိုမိမိ အချစ်ကြီးသည်၊ အစွဲအလန်းကြီးသည်ဟု ထင်တတ်ကြသော်လည်း အမှန်မှာ ထိုလောက် မဟုတ်ပဲ ချစ်သူနှင့် ခွဲခွါရလျှင် မကြာခင် ဖြေဖျောက်နိုင်သူများ ဖြစ်ကြသည်။


AB - အရာရာကို မျှမျှတတ ဝေဖန်ပိုင်းခြားဆင်ခြင်တတ်ကြပြီး၊ မိမိသဘော ဆန္ဒ သက်သက်ကို မကြည့်ဘဲ အများ၏ ဆန္ဒကို ဆောင်ရွက်တတ်ကြသည်။ အချစ်ရေးနှင့် ပတ်သက်ပြီး စိတ်ကူးယဉ်အိမ်မက် မက်လွန်းသူများ ဖြစ်ကြသည်။ အခြေအနေမှန်နှင့် ကင်းကွာနေတတ်ကြသည်။


...........

Chatting ထဲကဗန်းစကားများ

G/F(Girlfriend) - ဆော်
B/F(Boyfriend) - ဘဲ
LOL(Loud Of Laungh) - အော်ဟစ်ရယ်မောသည်
GFN(Gone for now) - အခုတော့ သွားပြီ
GGOH(Gotta Get Outta Here) - ဒီက ထွက်တော့မယ်
GR(Gotta Run) - သွားရတော့မယ်
GTR(Go to Run) - သွားမှဖြစ်တော့မယ်
IOH (I’m out of Here) - ငါဒီကနေထွက်တော့မယ်
HTH(Hope That Helps) - အဲ့ဒါ အကူအညီရစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်
IAC(In Any Case) - ဘယ်လိုပဲဖြစ်ဖြစ်
IMOH(In My Honest Opinion) - ငါ့ရဲ့ ရိုးသားတဲ့ ထင်မြင်ချက်ကတော့
JMO(Just My Opinion) - ဒါက ငါ့အထင်ပါ


.......

Tuesday, November 11, 2008

မနိုင်းနိုင်းစနေ Blog မှ ဟာသများ

နေရာ ... စိတ္တဇဆေးရုံ


(၁)
ဆေးရုံအုပ်.... “မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား? နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက “အဟမ်း” လို့ ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား.. လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်”
နောက်တစ်နေ့ ....
နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင် ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့် လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က ရုတ်တရက်ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီး ပြောလိုက်သည်မှာက “မင်းဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်း မစားချင်ဘူးလားကွ” ဟူတည်း။


(၂)
လူနာတယောက် စာရွက်တရွက်နဲ့ စာတွေလျောက်ရေးနေတာကို နပ်စ်က
တွေ့တော့ မသိမသာနဲ့ စောင်းငှဲ့ ကြည့်မိတယ်။ လူနာက ကွယ်ဝှက်ပြီး ပေးမ
ကြည့်လို့ နပ်စ်က မေးလိုက်တယ်။
နပ်စ်......“ ဘယ်သူ့အတွက် ရေးနေတာလဲ ”
လူနာ.....“ ကိုယ့်အတွက် ရေးနေတာ”
နပ်စ်......“ ကိုယ့်အတွက် ဟုတ်လား...ဘာတွေ ရေးနေတာလဲ”
လူနာ.....“ ရှုးနေလား...စာတောင် မပို့ရသေးဘူး.. ဘာရေးထားလဲ ငါဘယ်လို
လုပ်သိမလဲ”


(၃)
လူနာတယောက်ဟာ ဆေးရုံထဲ ၀င်လာပါတယ်။
လူနာ.....“ ဆရာ...ဘယ်လိုလုပ်မလဲ....ကျွန်တော့်ကိုယ် ကျွန်တော် ကြက်တ
ကောင်လို့ ထင်နေတယ်”
ဆရာဝန်....“ဟာ...အခြေအနေ တော်တော်ဆိုးပါလား....ဘာဖြစ်လို့ စောစော
လာမကုတာလဲ”
လူနာ.....“အိမ်က လူတွေက ကျွန်တော် ဥ ဥမဲ့ နေ့အထိ စောင့်နေလို့ပါ”


(၄)
ဆရာဝန်က လူနာတယောက်ကို စမ်းသပ် မေးမြန်းတာပါ။
ဆရာဝန်..“ခင်ဗျားရဲ့ နားတဖက်ကို ဖြတ်လိုက်မယ်ဆိုရင် ဘယ်လိုခံစားရမလဲ”
လူနာ......“ကျွန်တော် မကြားရတော့ဘူးပေါ့”
ဆရာဝန်..“ အင်း....ဒါဟာ ပုံမှန်စိတ်ပဲ....နောက်နားတဖက်ကို ထပ်ဖြတ်လိုက်
မယ် ဆိုရင်ကော...”
လူနာ........“ ကျွန်တော် မမြင်ရတော့ဘူးပေါ့”
ဆရာဝန်....“ ဟာ...ဘာဖြစ်လို့လဲ”
လူနာ........“ ကျွန်တော့် မျက်မှန် ပြုတ်ကျသွားမှာပေါ့”


(၅)
ဆေးရုံဝင်းထဲမှာ လူနာတဦးဟာ အင်္ကျီအမဲရောင်နဲ့ ထီးအမဲကို ဆောင်းပြီး
အမြဲတမ်း တံခါးဝရှေ့မှာ ထိုင်နေခဲ့တယ်။ ဆရာဝန်တဦးက.. သူ့ကို ကုသဖို့ရာ
သူ့ အခြေအနေကို အရင်သိရမယ် လို့စဉ်းစားမိပြီး အဲဒီလူနာ နည်းတူ အင်္ကျီမဲ
ထီးမဲနဲ့ လူနာဘေးမှာ နုတ်ဆိတ်လို့ အတူ လိုက်ထိုင်ခဲ့တယ်။ ဒီလိုနဲ့ တလအ
ကြာမှာ လူနာဟာ စကား စပြောလာခဲ့တယ်။ သူပြောလိုက်တဲ့ စကားက......
“ ခင်ဗျားလဲ ကျွန်တော့်လို မှိုပဲလား” ဟူတည်း။


(၆)
နာမကျန်းတဲ့ အဘိုးအိုတစ်ဦး ဆရာဝန်သွားပြတော့ ဆရာဝန်က စမ်းသပ်ပြီး ရောဂါအခြေအနေ ဆိုးမှန်းသိတော့ အဘိုးအို လုပ်သင့်တာ လုပ်နိုင်အောင် မကွယ်မ၀ှက်ဘဲ ပြောပြလိုက်တယ်။
ဆရာဝန်က အဘိုးအိုကို “ခင်ဗျားလည်း ခင်ဗျားရောဂါ အခြေအနေအမှန်ကို သိချင်နေမယ်ထင်တယ်။ အခြေအနေကတော့ သိပ်မကောင်းဘူး။ ခင်ဗျားဘယ်သူနဲ့ တွေ့ချင်သလဲ ပြောပါ ကျွန်တော် ကူညီမယ်” လို့ ပြောတော့ အဘိုးအိုက ခေါင်းညိတ်ပြီး လေသံ တိုးတိုးလေးနဲ့ “ ဟုတ်ကဲ့... ကျွန်တော် နောက်ဆရာဝန် တစ်ဦးနဲ့ တွေ့ချင်တယ်” လို့ ပြောလိုက်တယ်။


(၇) အမျိုးသမီးတစ်ဦး ကလေးခေါ်ပြီး ကလေးဆေးရုံကို ရောက်လာခဲ့တယ်။
ဆရာဝန်။....။ ကလေးကို မိခင်နို့ တိုက်တာလား.. နွားနို့တိုက်တာလား...
အမျိုးသမီး။....။ မိခင်နို့ပါ။
ဆရာဝန်။....။ ကျွန်တော် စမ်းသပ်မလို့ ခင်ဗျား အင်္ကျီကို ချွတ်လိုက်ပါ။
အမျိုးသမီး။...။ ဟင်.. ဘာလို့လဲ..
ဆရာဝန်။....။ စိတ်မပူပါနဲ့။ ဒါ ဆေးရုံပါ။ ကျူးလွန်တာတွေ မရှိပါဘူး။
အမျိုးသမီးက ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ ဆရာဝန်ရဲ့ အစမ်းသပ်ကို ခံလိုက်တယ်။ ခဏလောက် စမ်းသပ်ပြီး ဆရာဝန်က “ ခင်ဗျားမှာ မိခင်နို့ရည်မှ မရှိတာ။ ဒါကြောင့် ကလေးက အာဟာရ ပြတ်နေတာပေါ့” လို့ ပြောတော့ အမျိုးသမီးက “ကျွန်မမှာ ဘယ်လိုလုပ်ပြီး မိခင်နို့ရည် ရှိမလဲ။ ကျွန်မက သူ့အန်တီ” လို့ ဒေါသတကြီး ပြန်အော်လိုက်တယ်။


(၈)
ဆေးခန်းကို လူနာတစ်ယောက် ရေးကြီးသုတ်ပြာ ပြေးလာပြီး
“ဆရာ..ဆရာ.. ကျွန်တော့်ကို ကယ်ပါ။ ကျွန်တော် ဓာတ်ဆီ မှားသောက်မိလို့” လို့ ပြောတော့ ဆရာဝန်က “ ကိစ္စမရှိဘူး။ ဒီရက်အတောအတွင်း ခင်ဗျား ဆေးလိပ်မသောက်နဲ့” လို့ ပြန်ဖြေသတဲ့။


(၉)
လူနာ။....။ ဆရာ ကျွန်တော် ချောင်းအရမ်းဆိုးနေတယ်။
ဆရာဝန်။...။ ခင်ဗျား အသက်
လူနာ။....။ ၇၅ပါ ဆရာ
ဆရာဝန်။....။ အသက် ၂၀မှာ ချောင်းဆိုးဖူးလား...
လူနာ။....။ မဆိုးဖူးပါဘူး
ဆရာဝန်။....။ အသက် ၄၀မှာရော ဆိုးဖူးလား...
လူနာ။....။ မဆိုးဖူးပါဘူး
ဆရာဝန်။....။ ဒါဆို ခုအသက်အရွယ်မှာမှ ချောင်းမဆိုးရင် ခင်ဗျား ဘယ်အရွယ်မှာမှ ချောင်းဆိုးချင်သလဲ...


(၁၀)
“ ခွဲစိတ်တဲ့ အခြေအနေ ဘယ်လိုနေလဲ ဆရာ”
“အော်... ဒီတစ်ခါနဲ့ဆို ကျွန်တော် ခွဲစိတ်တာ ၉၇ကြိမ် ရှိခဲ့ပြီ”
“ဟာ.. ဒါဆို ကျွန်တော် စိတ်ချရပြီဆရာ” “အင်း... ကျွန်တော်လဲ ဒီတစ်ကြိမ်တော့ အောင်မြင်မယ်လို့ ထင်ပါတယ်”


(၁၁)
ကင်ဆာရောဂါနဲ့ သေတော့မယ် လူတစ်ယောက်ကို သားဖြင့်သူက
“ကင်ဆာရောဂါ ဖြစ်နေတာကို ဘာဖြစ်လို့ သတင်းလာ မေးသူတိုင်းကို အေအိုင်ဒီအက်စ် ဖြစ်နေတယ်လို့ ပြောရတာလဲ ဖေဖေ” လို့ မေးတော့ အဖေဖြစ်သူ ဖြေလိုက်တာက
“ဒါမှ ငါသေသွားရင် မင်းအမေကို တစ်ခြားလူ မကြံမှာပေါ့ကွ” ဟူတည်း။


(၁၂)
လူနာ “အား... နာတယ်ဗျာ”
ဆရာဝန် “အပ်က ခင်ဗျားအသားကိုတောင် မထိရသေးဘူး”
လူနာ “ဒါပေမယ့် ကျွန်တော့်ခြေထောက်ကို ဆရာနင်းထားတယ်ဗျာ”




ကြိုပြောထားမယ်နော်။ ဒီဟာသက နည်းနည်းဝါ(ပြာ)တယ်။ အမြင်တစ်မျိုး ဖြစ်မယ်ဆိုရင် ဆက်မဖတ်တာ အကောင်းဆုံးပဲ။ မဖတ်ပါနဲ့ဆိုမှ ပိုဖတ်ချင်တယ်ဆိုရင်လည်း ဆက်ဖတ်ပေါ့နော် ဟာသရဲ့ အဓိပ္ပယ်ကိုတော့ သေချာမသိပါဘူး။ တချို့ကလဲ ချက်အောက်ပိုင်းက အရာမပါရင် ဟာသ မမြည်ဘူးလို့ ဆိုကြတယ်။ ဖတ်ဖူးတဲ့ ဟာသတွေကို မျှဝေလိုက်ပါတယ်။နယ်နိမိတ် ကျော်မကျော်၊ချက်အောက်ပိုင်း အရာမပါလဲ ဟာသမြှောက်မမြှောက် ဖတ်ကြည့်ကြပါ။ ဘာပဲဖြစ်ဖြစ် ရယ်မောသူသည် အသက်ရှည်၏တဲ့..


(၁၃)
အဘွားအိုတစ်ဦးဟာ မင်္ဂလာဆောင်ပြီး မကြာသေးတဲ့ ချွေးမကို ကြည့်ဖို့ သားအိမ်ကို ရောက်သွားခဲ့တယ်။ လူခေါ်ဘဲလ်တီးပြီး တံခါးဖွင့်လာတော့ ဘာအ၀တ်အစားမှ ၀တ်မထားတဲ့ ချွေးမကို တွေ့လိုက်တယ်။ ချွေးမကို ကြည့်ပြီး အဘွားအိုက အလန့်တကြား မေးတယ်။

“ ဒါ ဘာလုပ်တာလဲ”
“ယောကျာ်းအပြန်ကို စောင့်နေတာလေ”
“ဘာမှ မ၀တ်ဘဲ စောင့်နေရသလား”
“ဒါကို ည၀တ်အိပ် အချစ်အင်္ကျီလို့ ခေါ်တယ်”
“လုံးဝ ၀တ်မထားတာကို ဘာ ည၀တ်အင်္ကျီလို့ ခေါ်တာလဲ”
“ဒါပေမယ့် ကျွန်မ ယောက်ျားက ဒီည၀တ်အင်္ကျီကို ကြိုက်တယ်ရှင့်”

ချွေးမကို ဘာမှ ဆက်မပြောတော့ဘဲ အဘွားအို လှည့်ပြန်လာခဲ့တယ်။ အိမ်ရောက်တာနဲ့ အဘွားအိုဟာ ရေမိုးချိုး၊ အမွှေးအကြိုင်တွေ ဆွတ်ပြီး ဘာအ၀တ်အစားမှ မ၀တ်ဘဲ တံခါးဝမှာ သွားရပ်နေခဲ့တယ်။

တအောင့်ကြာတော့ အဘိုးအို ပြန်ရောက်လာတယ်။ အ၀တ်ဗလာနဲ့ ရပ်နေတဲ့ အဘွားအိုကို မြင်တော့ လန့်ပြီး “ဒါ ဘာလုပ်တာလဲ” လို့ အော်လိုက်တယ်။

“ဒါ ည၀တ် အချစ်အင်္ကျီလေ” လို့ ပြန်ဖြေလိုက်တော့ အဘိုးအိုက
“ ဟာ မင်းည၀တ်အင်္ကျီက မီးပူထိုးသင့်နေပြီ။ ကြည့်စမ်း ဟိုကြယ်သီးနှစ်လုံးကလဲ ပြုတ်ထွက်တော့မယ်”


(၁၄)
ကျောင်းသားတစ်ဦးသည် ဆရာမတစ်ဦးကို တိတ်တခိုး နှစ်သက်စွဲလမ်းနေမိသည်။ တစ်နေ့တွင် အရဲစွန့်ပြီး ဆရာမကို ချစ်ကြိုက်ကြောင်း ရင်ဖွင့်ခဲ့သည်။ ဆရာမက ကျောင်းသားနှင့် ဆရာမှာ မချစ်သင့်ကြောင်း၊ မယူသင့်ကြောင်း အမျိုးမျိုးပြောဆိုဆုံးမခဲ့သော်လည်း ကျောင်းသားက အချစ်တွင် အသက်အရွယ်၊ ရာထူးဂုဏ်သိက္ခာ မခွဲခြားကြောင်းပြောပြီး တစ်ဇွတ်ထိုး ရှေ့တိုးခဲ့သည်။

ဆရာမက မတတ်တာသည့်အဆုံး မင်းလို ကလေးကို ငါမချစ်နိုင်ဘူးဟူသည့်သဘောဖြင့် “ဆရာမ ကလေးမလိုချင်ဘူး” ဟုပြောလိုက်ရာ ကျောင်းသားပြန်ပြောလိုက်သည်မှာက
“ကလေးမရအောင် ကျွန်တော်သတိထားပြီး လုပ်ပါ့မယ်”


(၁၅)
ဘားတစ်ခုမှာ သူငယ်ချင်းသုံးယောက်ဆုံတော့ ကိုယ့်မိန်းမကို ၀ယ်ပေးတဲ့ လက်ဆောင်ပစ္စည်း အကြောင်း ပြောကြတယ်။ ပထမတစ်ယောက်က “ဟိုတလောက ငါ့မိန်းမကို ၆စက္ကန့်အတွင်း သုညကနေ ၁၀၀ အထိ ရောက်သွားနိုင်တဲ့ ပစ္စည်းတစ်ခု ၀ယ်ပေးလိုက်တယ်” လို့ ပြောတော့ ကျန်တဲ့ လူနှစ်ယောက်က ဘာပစ္စည်းမှန်း မသိတော့ သူက “ ငါ့မိန်းမကို Porsche လုပ် ပြိုင်ကားတစ်စီး ၀ယ်ပေးလိုက်တယ်လေ” လို့ပြောတယ်။

ဒုတိယတစ်ယောက်ကလည်း အားကျမခံ “ငါလည်း ငါ့မိန်းမကို ၄ စက္ကန့်အတွင်း သုညကနေ ၁၀၀ထိ ရောက်သွားနိုင်တဲ့ ပစ္စည်းတစ်ခု ၀ယ်ပေးလိုက်တယ်”
“နင်ဝယ်ပေးလိုက်တာ Ferrari ပြိုင်ကားမဟုတ်လား”
“ဟုတ်တယ်... ငါ့မိန်းမကို အနီရောင် Ferrari တစ်စီး ၀ယ်ပေးလိုက်တယ်”

တတိယတစ်ယောက်ကလည်း “ငါလည်း ငါ့မိန်းမကို ၂ စက္ကန့်အတွင်း သုညကနေ ၁၀၀ အထိ ရောက်သွား နိုင်တဲ့ပစ္စည်း ၀ယ်ပေးလိုက်တယ်”
“ဟာ...မဖြစ်နိုင်တာ.. Ferrari က ကမ္ဘာပေါ်မှာ အမြန်ဆုံးကားပဲ... မင်းကားက ဘာကားမို့ လို့လဲ”
“အင်း...ငါဝယ်ပေးတာ ကားတော့ မဟုတ်ဘူး...ဒါပေမယ့် တကယ်ပဲ ၂ စက္ကန့်အတွင်း သုညကနေ ၁၀၀ ထိ ရောက်သွားနိုင်တယ်”
“ ဘာမို့လိုလဲ... ဘာလဲ....” “ဘာလဲ..”
..............

...............


(၄)
ချစ်သူနှစ်ဦးဟာ ပျော်ပျော်ပါးပါး သွားချိန်းကြတယ်။ ညရောက်တော့ ကောင်
လေးက ကောင်မလေးကို အိမ်လိုက်ပို့ပေးပြီး မခွဲနိုင် မခွါရက်ဖြစ်ပြီး အိမ်ဝမှာ
ပဲ ကောင်မလေးကို ပွေ့ဖက်ပြီး နမ်းပါတော့တယ်။ ခဏကြာတော့ အိမ်အပေါ်
ထပ်က မီးလင်းလာပြီး ခြေသံ တဒုန်းဒုန်းနဲ့ ကောင်မလေး အဖေ ဆင်းလာပါ
တယ်။ တံခါးဖွင့်ပြီး ဒေါသတကြီးနဲ့ “ဟေ့ကောင်...ငါ့ခွင့်ပြုချက် မပါဘဲ ငါ့သမီးကို မင်းချိန်းခဲ့တယ်။ ညမိုးချုပ်မှ ပြန်လာပြီး ငါ့အိမ်ရှေ့မှာ ဒီလိုလာလုပ်နေတယ်... ဒါတွေ မင်းကို ငါအပြစ်မယူပါဘူး...ဒါပေမယ့် အဲဒီလူခေါ် ဘဲလ်ကို မင်းလက်နဲ့ မဖိထားလို့ မရဘူးလား”




အကြီးအကဲ


(၁)
လူတစ်ယောက်ဟာ သေပြီး နတ်ပြည်ရောက်သွားခဲ့တယ်။ နတ်သားတစ်ဦးက သူ့ကိုဦးဆောင်ပြီး နတ်ပြည်အနှံ့ လိုက်ပြခဲ့တယ်။ နောက်ဆုံးမှာ နာရီအပြည့်ချိတ်ထားတဲ့ အခန်းတစ်ခုကို ရောက်သွားခဲ့တယ်။ အခန်းထဲမှာရှိတဲ့ နာရီတစ်ချို့က အလုပ်လုပ်နေပြီး၊ တစ်ချို့က ရပ်နေတယ်။ နတ်သားက “ဒီနာရီတွေက လူ့ပြည်မှာရှိတဲ့ လူတွေရဲ့ ကိုယ်စားပြု နာရီတွေဖြစ်တယ်။ ခင်ဗျားနာရီလည်း ဒီထဲမှာရှိတယ်” လို့ ရှင်းပြတယ်။ နာရီတစ်ချို့က မြန်လိုက်၊ နှေးလိုက် ဖြစ်နေတာကို တွေ့တော့ နတ်သားက “ လူတစ်ချို့ မုသားစကားပြောနေတဲ့ အချိန်မှာ သူ့ကိုယ်စားပြု နာရီက အရမ်းမြန်နေတတ်တယ်” လို့ ထပ်ရှင်းပြတယ်။

နတ်သားရှင်းပြတာကို ကြားတော့ သူက စိတ်ဝင်တစား “ဒါဆို ကျွန်တော်တို့ နိုင်ငံတော်အကြီးအကဲရဲ့ နာရီမရှိဘူးလား ကျွန်တော့်ကို ခဏပြလို့ရမလား” လို့ တောင်းဆိုလိုက်တယ်။

နတ်သားပြန်ဖြေလိုက်တာက “ရှိတယ်။ ဒါပေမဲ့ ခဏနေမှကြည့်လို့ရမယ်။ နတ်မင်းကြီးက ပူလို့ဆိုပြီး အဲဒီနာရီကို ပန်ကာလုပ်ဖို့ ယူသွားလို့ပါ”


(၂)
တစ်ခါက နိုင်ငံ အကြီးအကဲ သုံးဦးဟာ ဘုရားသခင်ကို တွေ့ဖို့ အခွင့်အရေးရခဲ့တယ်။ ဘုရားသခင်က သူ့တို့ကို မေးခွန်းတစ်ခုစီ မေးဖို့ ခွင့်ပြုလိုက်တော့...

ပထမနိုင်ငံ အကြီးအကဲ “ဘုရားသခင် ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေ ကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ”
ဘုရားသခင် .....“ အနှစ် ၅၀ စောင့်ရလိမ့်မယ်”
ပထမနိုင်ငံ အကြီးအကဲ..... (စိတ်ပျက်ဝမ်းနည်းစွာနဲ့) “ဒါဆို ကျွန်တော် မမီတော့ဘူးထင်တယ်”

ဒုတိယနိုင်ငံ အကြီးအကဲ.... “ဘုရားသခင် ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေ ကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ”
ဘုရားသခင် .....“နှစ် ၁၀၀ စောင့်ရလိမ့်မယ်”
ဒုတိယနိုင်ငံ အကြီးအကဲ(စိတ်ပျက်ဝမ်းနည်းစွာနဲ့) .....“ဒါဆို ကျွန်တော် မမီတော့ဘူးထင်တယ်”

တတိယနိုင်ငံ အကြီးအကဲ .....“ဘုရားသခင် ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေ ကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ”
ဘုရားသခင် (စိတ်ပျက်ဝမ်းနည်းစွာနဲ့) ......“ အကျွန်ုပ် မမီတော့ဘူး ထင်တယ်”



(၃)
တခါက ပညာရေးဝန်ကြီး တဦးဟာ ကျောင်းတကျောင်းကို ကြည့်ရှုစစ်ဆေးဖို့ သွားရောက်ခဲ့တယ်။
အတန်းတတန်းထဲ ၀င်ကြည့်တော့ အခန်းထဲမှာ ကမ္ဘာလုံး တလုံး တင်ထားတာတွေ့လို့
ကျောင်းသားတယောက်ကို ခေါ်ပြီး ........
“ ဒီကမ္ဘာကြီးဟာ ဘာလို့ ၂၃ နှစ်ပိုင်းတပိုင်း ဒီဂရီ တိမ်းစောင်းနေသလဲ” လို့
မေးလိုက်တယ်။ အမေးခံရတဲ့ ကျောင်းသားက ပျာပျာသလဲ
“ကျွန်တော်လုပ်တာ မဟုတ်ဘူး...” လို့ ပြန်ဖြေတယ်။
ပညာရေးဝန်ကြီးက ၀င်လာတဲ့ နောက်ကျောင်းသားတဦးကို မေးလိုက်ပြန်တယ်။
ကျောင်းသားက လက်ကာပြပြီး...
“ကျွန်တော်အခုမှ ၀င်လာတာ.... ကျွန်တော်လုပ်တာ မဟုတ်ဘူး” လို့ ဖြေပြန်တယ်။
ပညာရေးဝန်ကြီးက ဆရာဖက်လှည့်ပြီး “ဒါ..ဘယ်လိုဖြစ်ရတာလဲ” လို့
(ဆရာက တပည့်တွေကို ဘယ်လို သင်ခဲ့သလဲဆိုတဲ့ ပုံစံနဲ့) မေးလိုက်တယ်။
ဆရာက တောင်းပန်တဲ့ လေသံနဲ့
“သူတို့ကို အပြစ်တင်လို့ မရဘူး..ဒီကမ္ဘာလုံးက ၀ယ်လာကတည်းက ၂၃ နှစ်ပိုင်းတပိုင်း ဒီဂရီတိမ်းစောင်းနေတာပါ” လို့ပြန်ဖြေတယ်။
ပညာရေးဝန်ကြီးက ခရမ်းချဉ်သီးလို့ ပေါက်ကွဲတော့မယ့် မျက်နှာနဲ့
ကျောင်းအုပ်ဖက် လှည့်ကြည့်လိုက်တယ် ဆိုရင်ပဲ ကျောင်းအုပ်ကြီးက
“ပြောရမှာ အားတော့နာတယ်...ကျောင်းက ရန်ပုံငွေ အခက်အခဲဖြစ်နေလို့ ဒီကမ္ဘာလုံး
ကို လမ်းဘေးဈေးမှာ ၀ယ်ခဲ့လို့ အခုလိုတိမ်းစောင်းနေတာပါ” လို့ ပြန်ဖြေလိုက်တော့တယ်။


(၄)
တခါက တိုင်းပြည် အကြီးအကဲ တဦးသည် မိမိ၏ နာမည်နှင့် ဂုဏ်ကို မြှင့်
တင်ချင်သည့်အတွက် ကိုယ့်ပုံကို တံဆိပ်ခေါင်းအဖြင့် ထုတ်ဝေခဲ့သည်။
ထုတ်ဝေပြီး တလအကြာတွင် ရောင်းအားကောင်းမကောင်း စာတိုက်ကြီး
သို့ ကိုယ်တိုင်သွားရောက် စုံစမ်းခဲ့သည်။

အကြီးအကဲ..... ငါ့ပုံနဲ့ တံဆိပ်ခေါင်း ရောင်းအား ကောင်းလားဟေ့
စာတိုက်မှုး......ကောင်းပါတယ်......ဒါပေမယ့် တံဆိပ်ခေါင်းကော် သိပ်မ
ကပ်ဘူးလို့ ပြောကြတယ်။
အကြီးအကဲ......မဖြစ်နိုင်တာ
ကိုယ်တိုင် တံဆိပ်ခေါင်း တခုကို ယူပြီး နောက်ကျောကို တံထွေး ထွေး
ကာ စာအိတ်ပေါ်တွင် ကပ်ကြည့်လိုက်သည်။
အကြီးအကဲ........ကပ်တာမှ မြဲနေတာပဲ
စာတိုက်မှုး.......သူတို့က တံထွေးကို တံဆိပ်ခေါင်းရှေ့ ထွေးကြလို့ပါ။


(၅)
တခါက အကြီးအကဲသည် ညအချိန်တွင် တယောက်တည်း အပြင်ထွက်မိရာ လမ်းတွင်
လုယုက်သူနှင့် တိုးသည်။
လုယုက်သူ.......ပါသမျှ ပိုက်ဆံ အကုန်ထုတ်
အကြီးအကဲ.....ငါဘယ်သူလဲ သိလား...ငါဟာ ဒီတိုင်းပြည်ရဲ့ အကြီးအကဲကွ
လုယုက်သူ......ဒါဆို ယူထားသမျှတွေ အကုန်ပြန်ပေး


(၇)
တခါက အကြီးအကဲသည် နောက်လိုက်များနှင့် အစည်းအဝေးအတွက် ခ
ရီးထွက်ကြသည်။ လမ်းတွင် မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပြီး အားလုံး
ဆေးရုံသို့ ရောက်သွားကြသည်။ အကြီးအကဲ၏ သတင်းကို မေးမြန်းစုံစမ်း
ရန်အတွက် သတင်းထောက်များ လာရောက်ပြီး ဆရာဝန်အား မေးမြန်းခဲ့
ကြသည်။

သတင်းထောက်....ဆရာ...ဆရာ..အကြီးအကဲ အခြေအနေ ဘယ်လိုလဲ
ဆရာဝန်..........အင်း...အခြေအနေ မကောင်းဘူး
သတင်းထောက်......သူ့ရဲ့ နောက်လိုက်တွေကော
ဆရာဝန်........သူတို့လဲ အခြေအနေ မကောင်းဘူး
သတင်းထောက်......ဒါဆို ဘယ်သူအခြေအနေ ကောင်းလဲ ဆရာ
ဆရာဝန်........ငါတို့တိုင်းပြည် အခြေအနေ ကောင်းပြီ


(၈)
တခါက အကြီးအကဲသည် စိတ္တဇဆေးရုံသို့ သွားရောက် ကြည့်ရှုခဲ့သည်။
ဆေးရုံရှိ လူနာများက အကြီးအကဲကို တွေ့သည်နှင့်.. “အကြီးအကဲ ကျန်း
မာပါစေ...နေကောင်းပါစေ....သက်တော်ရှည်ပါစေ...”ဟု ကောင်းချီးပေး
ကာ ကြိုဆိုကြသည်။ သို့သော် ထိုလူနာတဦးမှာ ဘာမှမပြောဘဲ အကြီးအ
ကဲအား မျက်နှာလွှဲပြီး နေသည်။ အကြီးအကဲက မြင်သော်
“ဒီလူနာက ငါ့ကိုမြင်တာတောင် မကြိုဆိုပါလား” ဟု ဆေးရုံအုပ်အား မေးလိုက်သည်။
ဆေးရုံအုပ် ပြန်ဖြေလိုက်သည်မှာ “လူနာရဲ့စိတ် ဒီနေ့ အခြေအနေကောင်း
နေတယ်”



အခြားရယ်စရာများ


(၁)
တစ်ခါက လှေတစ်စင်း မြုပ်လုနီးနီးမှာ ရဟတ်ယာဉ်တစ်စီး လာကယ်ခဲ့တယ်။
ရဟတ်ယာဉ်ပေါ်က ကြိုးတစ်ချောင်းကို ပစ်ချပြီးကယ်တော့ ယောကျာ်း၁ဝယောက်နဲ့
မိန်းမတစ်ယောက်က အဲဒီကြိုးမှာ ပါသွားခဲ့တယ်။ ကြိုးမှာချိတ်နေတဲ့ လူ၁၁ယောက်ကို
ရဟတ်ယာဉ်က မနိုင်ဘဲဖြစ်နေလို့ လူတစ်ယောက် လက်လွှတ်ပေးရမယ်ဆိုတော့ ယောကျာ်းတွေက လက်မလွှတ်ချင်ကြဘူး။
ကဲ “အားလုံးအတွက် ကျွန်မ အနစ်နာခံပါ့မယ်။ ကိုယ့်ယောက်ျားအတွက်၊ ကိုယ်ရင်သွေးတွေအတွက် ပေးဆပ်တာကို မမျှော်ကိုးဘဲ အမြဲစွန့်လွှတ် အနစ်နာခံနေရတဲ့ ကျွန်မတို့ မိန်းမသားတွေအတွက် ဒါမျိုးက ရိုးနေပါပြီ.. ”လို့ အော်ပြောလိုက်တယ်။
အမျိုးသမီးလဲ ပြောပြီးရော ယောကျာ်းတွေ အားလုံး လက်ခုပ်ဝိုင်းတီးကြတော့တယ်..


(၂)
ထောက်ဒဏ်၁၂နှစ် ကျခံနေတဲ့ လူတစ်ယောက်ဟာ ထောင်ထဲမှာ ပျင်းနေခဲ့တယ်။ ဒီလိုနဲ့ တစ်နေ့မှာ လူစကားကို နားလည်တဲ့ ပုရွတ်ဆိတ်တစ်ကောင်ကို သူတွေ့ခဲ့တယ်။ လူစကားကို နားလည်တဲ့
ပုရွတ်ဆိတ်ကို ကင်းမြီးကောက်ထောင်ခိုင်း၊ နောက်ဂျွမ်းပစ်ခိုင်း.. စတာတွေ လေ့ကျင့်ပေးပြီး
အကျေနပ်ကြီး ကျေနပ်နေခဲ့တယ်။

ဒီလိုနဲ့ ထောင်ထွက်တဲ့နေ့မှာပဲ သူလေ့ကျင့်ထားတဲ့ ပုရွတ်ဆိတ်ကို ကြွားချင်လွန်းလို့ လူစည်ကားတဲ့ အရက်ဆိုင်တစ်ဆိုင်ကို သူသွားခဲ့တယ်။ အရက်တစ်ခွက်မှာပြီး အင်္ကျီအိတ်ထဲက ပုရွတ်ဆိတ်ကို ထုတ်ပြီး ခုန်ပေါ်တင်လိုက်တယ်။ ပြီးတော့ စားပွဲထိုးကို “ ဒီပုရွတ်ဆိတ်ကို ကြည့်စမ်း” လို့ ပြောလိုက်တယ်။

စားပွဲထိုးက ပုရွတ်ဆိတ်ကို လက်ဖဝါးနဲ့ ချက်ချင်းရိုက်ချလိုက်ပြီး အားတုန့်အားနာနဲ့ “ ဆောရီးနော်..ကျွန်တော် နောက်တစ်ခွက် ချက်ချင်းလဲပေးမယ်” လို့ ပြောလိုက်တယ်။


(၃)
ဗေဒင်ဆရာ “ဟေ့.. ခင်ဗျား ပိုက်ဆံမရှင်းရသေးဘူး”
ဗေဒင်မေးသူ “ကျွန်မမှာ ပေးစရာပိုက်ဆံမရှိဘူးဆိုတာ အခုနားက ဆရာမတွက်မိဘူးလား”


(၄)
တစ်ခါက သဲကန္တာရမှာ ဆာလောင်ပြီး သေလုနီးနီး ဖြစ်နေတဲ့ လူမဲတစ်ယောက်ဟာ နတ်မီးခွက်တစ်လုံး ကောက်တွေ့သတဲ့။ မီးခွက်ကို ပွတ်လိုက်တော့ မီးခွက် စောင့်နတ်က ထွက်လာပြီး လိုရာဆု သုံးဆုကို တောင်းခိုင်းလိုက်တယ်။ သူက ခဏလောက် စဉ်းစားပြီး
(၁) နေ့တိုင်း ရေသောက်ရပါစေ
(၂) လူဖြူတစ်ယောက် ဖြစ်ရပါစေ
(၃) နေ့တိုင်း ကောင်မလေးတွေရဲ့ တင်ပါးကို မြင်ရပါစေ
လို့ ဆုတောင်းလိုက်တာနဲ့ ဘုန်းဆိုတဲ့ အသံနဲ့အတူ အဲဒီလူမဲဟာ...... --------
အိမ်သာအိုးတစ်လုံး ဖြစ်သွားသတဲ့


(၅)
“ကျွန်တော့်အိမ်ဘေးက အသစ်ပြောင်းလာတဲ့ လူတွေက ဆိုးတယ်ဗျ...မနေ့ည
သန်းခေါင်ယံ လူခြေတိတ်ချိန်မှာ ကျွန်တော့်အိမ် တံခါးကို တဒုန်းဒုန်း လာထုတယ်”
“ဟာ...တော်တော်ဆိုးတာပဲ...ခင်ဗျား ရဲမတိုင်ဘူးလား”
“မတိုင်ပါဘူး......သူတို့ကို ကျွန်တော်က အရှုးလို့ သဘောထားပြီး ကျွန်တော့်
စန္ဒားယားကို ကျွန်တော်ဆက်တီးနေလိုက်တယ်”


ကလေးအတွေး


(၁)
ဖခင်.....သား မတတ်တာ ဘာရှိလဲ ဖေဖေ့ကို ပြောပြ။
သား.....ဒီကမ္ဘာပေါ်မှာ သားမတတ်တာ (၂)ခုပဲရှိတယ်။
ဖခင်.....ဟာ....ငါ့သား တယ်တော်ပါလား...ဘယ်(၂)ခု မတတ်တာလဲ။
သား.....သား “ဒီဟာ” လဲ မတတ်ဘူး။ သား “ဟိုဟာ” လဲ မတတ်ဘူး။
ဖခင်.......... ^&(*&!")(!_)£$"

(၂)
ဖခင်..........သားကြီးလာရင် ဘယ်သူ့ကို ယူမလဲ
သား..........ဘွားဘွားက သားကို သိပ်ချစ်တယ်ဆိုတော့....သားကြီးလာ
ရင် ဘွားဘွားကိုယူမယ်။
ဖခင်.........ဟာ....ဖေဖေ့ မေမေကို သားယူလို့ ဘယ်ရမလဲ။ အဲဒီလို ပြော
လို့မရဘူး သား..
သား........ ဒါဆိုရင် ဘာဖြစ်လို့ သား မေမေကိုကျတော့ ဖေဖေယူလို့ရလဲ။
ဖခင်.........^&!()%^$%!$"*(

(၃)
ဖခင်........... သား ၁ နဲ့ ၁ ပေါင်း ဘယ်လောက်ရလဲ
သား........... မသိဘူး ဖေဖေ
ဖခင်......... လူအ..၂ ရတယ်...ဟင်း...ဒါလေးတောင်မသိဘူး။ ဒါဆိုရင်
ဖေဖေနဲ့ သားပေါင်းရင် ဘာရလဲ။
သား........... ဖေဖေနဲ့ သားပေါင်းရင် လူအ နှစ်ယောက်ရတယ်။
ဖခင်...........&^!*"^!%"$!£")(*)

(၄)
“နင့်အမှတ် ဘယ်လောက်ရလဲ”
“သုည ..နင်ကော”
“ငါလဲ သုညပဲရတယ်”
“အမှတ်ချင်း တူနေပြန်ပြီ ဆရာက ငါတို့ကို ခိုးကြည့်တယ် ပြောဦးမလား မသိ
ဘူး”

ဖခင်........ဟင်း....ကျောင်းဖွင့်ခါစပဲ ရှိသေးတယ်။ ရမှတ်က သုညတဲ့...ဟင်း
သား........ ဆရာမက ပြောတယ်..ဘယ်အရာမဆို သုညက စရမယ်တဲ့။
ဖခင်............&*!^"!%"!^%"!08

(၅)
ဖခင်.......... ကျောင်းကောင်းကောင်းထားပေးတာ စာမကြိုးစားချင်ဘူး။ ဖေဖေ့
တုန်းက ဆင်းရဲလို့ ကျောင်းတက်ချင်တာတောင် မတက်ခဲ့ရဘူး။
သား........... ဖေဖေ....သားတို့ ဘယ်တော့ ပြန်ဆင်းရဲမှာလဲဟင်....
ဖခင်............&*!^"!%"!^%"!08


.......