Showing posts with label I T. Show all posts
Showing posts with label I T. Show all posts

Saturday, January 29, 2011

နည်းပညာဝဋ်ပြန်လည်နေသော အမေရိကန်စစ်တပ်










အီရတ်စစ်သွေးကြွတွေဟာ ယခုအခါမှာ အမေရိကန်စစ်တပ်ရဲ့ ထောက်လှမ်းရေးလေယာဉ်တွေဖြစ်တဲ့ Predator တွေကပို့တဲ့ Video တွေကို ဒေါ်လာ ၂၅ ဒဿမ ၉၅ တန် Windows Application တစ်ခုနဲ့ ကြားဖြတ်ဖမ်းယူနိုင်၊ Hack လုပ်နေနိုင်ကြကြောင်း သိရပါတယ်။

ယခုအခါ အီရတ်မှာ အမေရိကန်တပ်ဖွဲ့တွေကိုတိုက်ခိုက်နေတဲ့ အီရတ်စစ်သွေးကြွတွေဟာ ဟတ်ကာတွေနဲ့ အတူတူ အလုပ်တွဲလုပ်လျက်ရှိပြီး တိုင်းပြည်ရဲ့ဘယ်နေရာမှာတော့ ကျန် စစ်တပ်ရဲ့စောင့်ကြည့်ထိန်းချုပ်မှု ရှိတယ်။ မရှိဘူးဆိုတာတွကို ကြားဖြတ်သတင်းရယူနေနိုင်ပါပြီ။

ဒီအကြောင်းတွေအားလုံးကို ပြီးခဲ့တဲ့အပတ်က ဝေါလ်စထရိဂျာနယ်ပါ ဆောင်းပါးတစ်ပုဒ်မှာဖော်ပြခဲ့တာပါ။ ဒါဟာ ကန်စစ်တပ်အတွက် သိသာထင်ရှားတဲ့ နည်းပညာဆိုင်ရာလုံခြုံရေးအားနည်းချက်ပဲ ဖြစ်ပါတယ်။ ဒီအားနည်းချက် ပေါ်လာရခြင်းမှာ Predator လို့ခေါ်တဲ့ လူမပါတဲ့အဝေးထိန်းလေယာဉ်ငယ်တွေဟာ မြေပြင် ပေါ်က သူတို့ရဲ့Operator တွေနဲ့ဆက်သွယ်တဲ့နေရာမှာ Final Link မှာ Encryptionမသုံးလို့ဘဲဖြစ်ပါတယ်။ ဒါဟာ ယနေ့ခေတ် ကျွန်တော်တို့နည်းပညာကိုအသုံးပြုပြီး အလုပ်လုပ်နေပုံတွေနဲ့တော့ ဆန့်ကျင်နေသလို ပါပဲ။ ကျွန်တော်တို့ ဟာ ဘဏ်ဝက်ဘ်ဆိုက်တစ်ခု၊ ခရက်ဒစ်ကတ်ဝက်ဘ်ဆိုက်တစ်ခုကိုဝင်တိုင်း ကိုယ့်ရဲ့ ဆက်သွယ်မှုတွေကို လုံခြုံအောင် Encryption နည်းပညာအသုံးပြုပြီး ကာကွယ်ရစမြဲပဲမလား။

UAV လို့လည်း အတိုကောက်ခေါ်တဲ့ Unmanned Aerial Vehicle လူလိုက်ပါခြင်းမရှိသော လေယာဉ်တွေ ဟာ သူတို့ကိုထိန်းချုပ်ထားတဲ့ အခြေစိုက်စခန်းကနေ အဝေးကြီးသွားတာဖြစ်လို့ Operator ဆီ တိုက်ရိုက် ဆက်သွယ်မှု မလုပ်နိုင်ဘဲ ဂြိုလ်တုဆက်သွယ်မှု Satellite Link ကနေတဆင့် ချိတ်ဆက်ရပါတယ်။ ဒီတော့ ဟတ်ကာတွေဟာလည်း သူတို့ရဲ့ကိုယ်ပိုင် Satellite Modem တွေဖမ်းယူတဲ့ Dish တွေနဲ့ Sky-Grabber လို့ခေါ်တဲ့ Windows Utility  တစ်ခုကိုသုံးပြီး အဲဒီ UAV တွေရဲ့ အသံ၊ ဗီဒီယိုထုတ်လွှတ်ပေးပို့မှုမှန်သမျှကို ကြားဖြတ်နားထောင်နိုင် ဖမ်းယူထားနိုင်တော့တာပါ။

Sky Grabberလို့ခေါ်တဲ့ Windows Utility ကို ကန်ဒေါ်လာ ၂၅.၉၅ ပဲပေးရပါတယ်။ ဒါကိုရုရှားဆော့ဖ်ဝဲ ကုမ္ပဏီ Sky Software က ထုတ်လုပ်တာဖြစ်ပါတယ်။ အခုတော့ ဒါဟာအမေရိကန်လေတပ်ကို ခြိမ်းခြောက် နိုင်တဲ့ ဈေးအပေါဆုံးစွမ်းရည် အမြင့်ဆုံးလက်နက်တစ်ခု ဖြစ်လာနေပါပြီ။ ကန်လေတပ်ဟာ Predator လေယာဉ် တွေရဲ့ နည်းပညာပိုင်းမှာ လုံခြုံရေးအားနည်းချက် ရှိနေတာကို တွေ့မိတာ မကြာသေးပါဘူး။ ယမန် နှစ်ကစလို့ ကန်ထောက်လှမ်းရေးဟာ ရှီးဟိုက်စစ်သွေးကြွတစ်ဦးပိုင်ဆိုင်တဲ့ Laptop  တစ်လုံးမှာ Predator တွေကပို့တဲ့ Video Feed တွေကိုစတင်တွေ့မိပြီး သတိထားမိလာတာပါ။ ဒီနောက်တော့ ဒီလိုမျိုး အလားသဏ္ဌာန်တူဖြစ်ရပ်တွေကို အခြားစစ်သွေးကြွတွေရဲ့ Laptop တွေပေါ်မှာလည်း တွေ့လာရပါတော့ တယ်။ တကယ်တော့ Predator တွေရဲ့ထုတ်လွှင့်မှု Transmissions ပိုင်းတွေမှာ Encryted မလုပ်တဲ့ ကိစ္စ တွေဖြစ်နေတာကို စစ်ဘက်ဆိုင်ရာအသိုင်းအ၀ိုင်းတချို့မှာလည်း ယခင်ကသတိထားမိခဲ့ကြပါတယ်။

ဒီအတွက်လည်း ပြင်ဆင်မှုတချို့လုပ်ခဲ့ကြပါသေးတယ်။ကန်လေတပ်ဟာ ၁၉၉၉ ခုနှစ်မှာနည်းပညာပိုမြင့်ပြီး Encryptionလုပ်နိုင်တဲ့ မျိုးဆက်သစ် UAVတွေကိုထုတ်လုပ်ဖို့ပြင်ဆင်ခဲ့ကြပါတယ်။ဒါပေမဲ့ လော့စ်ဟိမာတင် လေယာဉ်ကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ခဲ့တဲ့စီမံကိန်းဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ပိတ်ပင်မှုကြောင့် အဆုံးသတ် သွားခဲ့ရပြန်ပါတယ်။တကယ်တော့ အီရတ်တွေဟာ ယခုမှ အမေရိကန်တို့ရဲ့ စစ်ဘက်ဆိုင်ရာ ဆက်သွယ် ချက် တွေကို ကြားဖြတ်ရယူနေတာမဟုတ်ပါဘူး။ ဆက်ဒမ်ဟူစိန်လက်ထက် အီရတ်မှာဆို သမ္မတဟူစိန်ဟာ ၎င်းရဲ့အမျိုးထဲကလူငယ်တစ်ဦးကို Computer Science နဲ့ မာစတာဘွဲ့ရအောင်သင်ခိုင်းပြီး၊ အမေရိကန် ဂြိုဟ်တု တွေကထုတ်လွှင့်တဲ့ ဆက်သွယ်ချက်တွေကို ကြားဖြတ်ရယူဖို့ တာဝန်ပေးခဲ့ဖူးပါတယ်။ “အူဟမာ” လို့ခေါ်တဲ့ ဆက်ဒမ်ရဲ့ဆွေမျိုး ထိုလူငယ်ဟာ ထိုစဉ်က ဘဂ္ဂဒတ်လေကြောင်းသုတေသနဌာနမှာလည်း လျှို့ဝှက်ရုံးခန်းတစ်ခုရထားသူပါ။

ဒီတော့ အထက်ပါအချက်တွေကိုနိဂုံးချုပ်လိုက်ရင် ကန်တာဝန်ရှိသူတွေရဲ့ပေါ့လျော့မှုဟာ တော်တော်လေး များနေပြီဆိုတာ ပေါ်လွင်နေပါတော့တယ်။ ၂၀၀၅ ခုနှစ်ထုတ် စီအိုင်အေရဲ့ အစီရင်ခံစာတစ်ခုမှာလည်း ဆက်ဒမ်ဟူစိန် ရဲ့အစိုးရဟာ အမေရိကန်တို့က တူရကီ၊ ကူဝိတ်နဲ့ကာတာတို့မှာ အီရတ်ကို မကျူးကျော်ခင် စစ်ရေးတည်ဆောက်မှုတွေလုပ်ခဲ့တာကို ကြိုသိခဲ့ကြောင်းဖော်ပြခဲ့ဖူးပါတယ်။ နည်းပညာတွေ အဆင့်မြင့် လာတာနဲ့အမျှ လုံခြုံရေးဟာလည်း ပိုမိုအရေးကြီးလာပါပြီ။ ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးဒေတာတွေ လုံခြုံရေးကနေ၊ နိုင်ငံတစ်ခုလုံးနဲ့ဆိုင်တဲ့စစ်ရေး၊ စီးပွားရေးဒေတာတွေ၊ အချက်အလက်တွေလုံခြုံရေးအထိ ဂရုစိုက်နိုင်မှ တန်ကာကျမှာဖြစ်ပါတယ်။ ကန်စစ်တပ်ဟာ သူများကိုထောက်လှမ်းဖို့ Predator ယာဉ်တွေကိုသုံးခဲ့ပေမဲ့ ဒီယာဉ်တွေဆက်သွယ်သမျှကို ငွေအကုန်အကျနည်းနည်းနဲ့ ပြန်ကြားဖြတ်ရယူလို့ ဖြစ်နေတာမို့ “ရှေ့ကဖုံးသမျှ နောက်ကပေါ်” နေတဲ့ကိန်းဆိုက်နေပါတယ်။ ဒါမှမဟုတ်သူတို့ကို “နည်းပညာဝဋ် ပြန်လည်တာ” လို့ ဆိုနိုင်ကြောင်း စီဘီအက်စ်ဝက်ဘ်ဆိုက်သတင်းတစ်ပုဒ်ကတော့ ဆိုခဲ့ပါတယ်။
Ref;U.S was Warned of Predator Drone Hacking.


 Ref : Internet Journal


Friday, January 28, 2011

IMEI အကြောင်းတစ်စေ့တစ်စောင်း

GSM ဖုန်းတိုင်းမှာ အပြည်ပြည်ဆိုင်ရာ မိုဘိုင်းတပ်ဆင်မှုအထောက်အထားနံပါတ် (IMEI) လို့ခေါ်တဲ့ serial နံပါတ်တစ်ခုစီပါဝင်ပါတယ်။ ဒီနံပါတ်တွေဟာ ဖုန်းတွေကိုထုတ်လုပ်တဲ့သူတွေအနေနဲ့ SIM ကတ်တွေကို ဖုန်းတစ်ခုကနေ အခြားဖုန်းတစ်ခုသို့ ပြောင်းလဲထည့်သွင်းတဲ့အခါမှာ မိုဘိုင်းဝန်ဆောင်မှု ကုမ္ပဏီတွေ သိရှိနိုင်ဖို့အတွက် အထောက်အကူပြုပေးနိုင်ပါတယ်။ နောက်ပြီးဖုန်းခိုးခံရခြင်းမှကာကွယ်ခြင်း၊ ဖုန်းတွေကို အဆင့်မြှင့် တင်ခြင်းတို့ပြုလုပ်တဲ့အခါမှာလည်း IMEI  နံပါတ်တွေကိုလိုအပ်ပါတယ်။ ဒါကြောင့် IMEI  နံပါတ်တွေ အသုံးဝင်ပုံနဲ့ဖုန်းအတွင်း ဘယ်လိုရှာဖွေရ မယ်ဆိုတာကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။

IMEI ဆိုတာဘာလဲ
IMEI ဆိုတာ ဖုန်းအခိုးခံရ တဲ့အခါမည်သည့်ကွန်ရက်မှာမဆို ဖုန်းကိုအသုံးပြု၍မရနိုင်အောင် ပြုလုပ်ထား နိုင်တဲ့ serial  နံပါတ် တစ်ခုဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းရှိ နာမည်ကျော်မိုဘိုင်းအော်ပရေတာများဟာ နာမည်ပျက်စာရင်းဝင် IMEI  နံပါတ်များကို database  ပြုလုပ်ထားကြပါတယ်။ IMEI  နံပါတ်ကိုမှတ်ထား စရာမလိုဘဲဖုန်း အခိုးခံရတဲ့အခါမှာမိမိအသုံးပြုနေ တဲ့မိုဘိုင်းအော်ပရေတာကိုဖုန်းဆက် ပြီး IMEI  နံပါတ် ပေးလိုက်ရုံနဲ့ကာ ကွယ်နိုင်မှာဖြစ်ပါတယ်။ ဖုန်းခိုးသူအများစုဟာ ဖုန်းအသုံးပြု၍မရခင်အထိ အပြည်ပြည် ဆိုင်ရာဖုန်း များခေါ်ဆိုခြင်း၊ ဖုန်းနဲ့ပတ်သက်တဲ့ ကုန်ကျစရိတ်တွေပိုမိုများပြားအောင် ပြုလုပ်ခြင်း တို့ကိုပြု လုပ်တတ်ကြပါ တယ်။ အကယ်၍အခိုးခံရတဲ့ဖုန်း ဟာတန်ဖိုးကြီးတယ်ဆိုရင်တော့ဖုန်းခိုး သူတွေဟာ ဖုန်းကို ရောင်းချခြင်း၊ ဒါမှမဟုတ် ဖုန်းကိုပြန်လည်အသုံး ပြု၍ရအောင် activate  လုပ်ခြင်း တို့ကိုပြုလုပ်နိုင်ပါတယ်။ အကယ် ၍ IMEI  နံပါတ်နဲ့အော်ပရေ တာထံအကြောင်းကြားပြီးကာ ကွယ်ထားမယ်ဆိုရင်တော့ ဘယ်နိုင်ငံ၊ ဘယ်ကုမ္ပဏီကပဲဖြစ်ဖြစ် activate  လုပ်နိုင်မှာမဟုတ်ပါဘူး။

IMEI နံပါတ်ရှာဖွေခြင်း
ဖုန်းခိုးခံရပြီးတဲ့နောက် IMEI  နံပါတ်ကိုရှာဖွေတဲ့အခါအဆင်ပြေ ချင်မှပြေနိုင်မှာပါ။ ဒါကြောင့်ဖုန်း ၀ယ်ယူပြီး တာနဲ့ IMEI  နံပါတ်တွေ ကိုစာရွက်ပေါ်ချရေးတဲ့အကျင့်ကို လုပ်ထားသင့်ပါတယ်။ ဖုန်းတိုင်းလို လိုမှာ *#06#  လို့ရိုက်ပြီး ဂဏန်း ၁၅ လုံးပါတဲ့ IMEI  နံပါတ်တွေကို ရယူနိုင်ပါတယ်။ ဒါ့အပြင်အချို့မိုဘိုင်း opreating system တွေဟာလည်း IMEI  နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဖော်ပြပေးပါတယ်။ ဥပမာ-  iPhone  မှာ IMEI  နံပါတ်ကို Settings > General > About  တွင်ရှာဖွေနိုင် ပါတယ်။အထက်ပါ နည်းလမ်းများအပြင် IMEI  နံပါတ်ကိုဖုန်းဘက်ထရီ ထည့်ထားတဲ့အကန့်ပေါ်မှာလည်း ရှာဖွေနိုင်ပါတယ်။ နောက်ဆုံးအ နေဖြင့်ဖုန်းအခိုးခံရသည်အထိ IMEI  နံပါတ်ကိုမသိဘူးဆိုရင် တော့ IMEI  နံပါတ်တွေကို ဖုန်းဗူး ခွံပေါ်ရှိ ဘားကုဒ် (barcode)  ရဲ့ ဘေးနားမှာရှာဖွေနိုင်ပါတယ်။

သတိပြုရမည့်အချက်
ဖုန်းခိုးယူသူများဟာ IMEI  နံပါတ်များကိုပွားထားနိုင်ပြီးမိုဘိုင်း အော်ပရေတာထံသို့လိမ်လည်ဝင်ရောက်ကာ account  များကိုအ သုံးပြုနိုင်သလို IMEI  နံပါတ်အ သစ်များဖြင့်လည်းဖုန်းကိုအသုံးပြု နိုင်အောင် မိုဘိုင်း အော်ပရေတာထံ မှာပြန်လည် activate လုပ်နိုင်ပါတယ်။ ဒါပေမဲ့ IMEI စနစ်ဟာ ခိုင်မာမှု ရှိပြီးဖုန်းထုတ်လုပ် တဲ့ ကုမ္ပဏီတိုင်းဟာလည်း ဒီစနစ်ကိုအသုံးပြုတာကြောင့် သင့်ဖုန်းပျောက်ဆုံးသွားတဲ့အခါမှာ IMEI  နံပါတ်ကို လျင်မြန်စွာပေးပို့ခြင်းဖြင့်ကာကွယ်နိုင်မှာဖြစ်ပါတယ်။

အနာဂတ်မှာဖြစ်ပေါ်လာနိုင်မယ့်စနစ်များ
ယနေ့ခေတ်စမတ်ဖုန်းတွေမှာ ဖုန်းပျောက်သွားတဲ့အခါ GPS  ကနေတည်နေရာကိုရှာဖွေပေးနိုင်ခြင်း၊ ခိုးယူ ခံရတဲ့ဖုန်းအတွင်းမှ အချက် အလက်များကိုအဝေးထိန်းစနစ် ဖြင့်ဖျက်နိုင်ခြင်းစတဲ့ feature  တွေထည့်သွင်း ပေးလာကိုတွေ့ရပါ တယ်။ ဒီ feature  တွေကိုကျယ် ကျယ်ပြန့်ပြန့်အသုံးပြုလာတာနဲ့အ မျှအခိုးခံရတဲ့ဖုန်း တည်နေရာအ ပြင် ဖုန်းမှာပါဝင်တဲ့ကင်မရာ ဒါမှ မဟုတ်အသံမှတ်တမ်းမှတဆင့်ခြေ ရာခံရှာဖွေခြင်း တို့ကို လည်းပြုလုပ် နိုင်တော့မှာဖြစ်ပါတယ်။ နောက် ဆုံးအနေဖြင့်အသစ်ထွက်ပေါ်လာ မယ့်မျိုးဆက်သစ် IMEI  စနစ်ဟာ လည်းပျောက်ဆုံးသွားတဲ့ဖုန်းကိုအ သုံးမပြုနိုင်ရန်ပြုလုပ်ထားရုံသာမ ကဖုန်းကိုပြန်လည်ရှာဖွေရ ယူနိုင်တဲ့ အထိပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။

Ref : Internet Journal   

 

Windows 7 Clean Installation ကို ဘယ်လိုလုပ်မလဲ

Windows XP ဒါမှမဟုတ် Windows Vista  ကနေ Windows 7  ကိုပြောင်းလဲသုံးစွဲလိုတဲ့အခါမှာupgrade  ဒါမှမဟုတ် clean installation  ပြုလုပ်ဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ upgradeလုပ်တဲ့အခါမှာရှုပ်ထွေးလွန်းတာ ကြောင့် Windows 7  ကို clean installation  ပြုလုပ်တဲ့နည်းဖြင့်သာအသုံးပြုသင့်ပါတယ်။ Windows 7 clean installation  ဟာ ရိုးရှင်းလွယ်ကူတာ ကြောင့် ကွန်ပျူတာအခြေခံလောက်သာနားလည်သူများပင် အောက်ဖော်ပြပါအချက်များကို တစ်ဆင့်ချင်း အလွယ်တကူပြု လုပ်နိုင်မှာဖြစ်ပါတယ်။

Data တွေကို backup လုပ်ခြင်း
Operating system အသစ် တွေကို install  ပြုလုပ်တဲ့အခါ တိုင်းအရေးကြီးတဲ့ဖိုင်များ မှားယွင်း ဖျက်မိခြင်း မျိုးမဖြစ်ရအောင် video, document, picture, music  စတဲ့ data တွေကို backup  လုပ်ထားဖို့လိုပါတယ်။ ပရိုဂရမ်တွေ ကိုတော့ပြန်လည် install  လုပ်ရမှာဖြစ်ပါတယ်။ Data  အားလုံးကို backup လုပ်ပြီးတဲ့အခါမှာ တော့ Windows 7  စီဒီကို disc drive  ထဲထည့်ရပါမယ်။

Windows 7 စီဒီကို boot လုပ်ခြင်း
Windows ကို clean install  လုပ်ဖို့အတွက် လက်ရှိ Windows version  တက်လာခြင်းမှရှောင် ဖယ်ရန် boot drive  ကို ပြောင်း လဲရပါမယ်။ အဲ့ဒီအတွက် BIOS  ထဲတွင်ဝင်ရောက်ပြင်ဆင်ရမှာ ဖြစ် ပါတယ်။ ကွန်ပျူတာကို စတင် ဖွင့်ပြီးတာနဲ့ F2  ဒါမှမဟုတ် Delete  ကိုနှိပ်ကာ BIOS  ထဲသို့ ၀င် ရောက်ရပါမယ်။ ထို့နောက် Boot Priority  ဒါမှမဟုတ် Boot Order  တွင် Windows 7  ထည့်ထား တဲ့ disc drive  ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ထို့နောက် save and exit  ကိုရွေးချယ်ပြီး BIOS setup  ကနေထွက်ရပါမယ်။

Windows 7 ကို Install  ပြု လုပ်ခြင်း

အထက်ပါအတိုင်းအဆင့်ဆင့် ပြုလုပ်ပြီးတဲ့အခါမှာတော့ Windows 7 installation  အတွက် on-screen  ညွှန်ကြားချက်များ ကိုတွေ့ရမှာဖြစ်ပါတယ်။ အကယ်၍ Windows 7 install  ပြုလုပ်တဲ့ screen  အစား လက်ရှိ Windows တက်လာပါက BIOS setup တွင်ရွေးချယ်ထားတဲ့ boot drive ကမှားနေလို့ဖြစ်ပါတယ်။
Windows 7 installation screen ပေါ်လာပါကအသုံးပြု မယ့်ဘာသာစကားကိုရွေးချယ်ပြီး Next  ကိုနှိပ်ပါ။
ထို့နောက် Install Now  ကို နှိပ်ပါ။

ထို့နောက်ပေါ်လာတဲ့ installation screen  တွင် I accept the license terms  ကို check  လုပ် ပြီး Next  ကိုနှိပ်ပါ။

ပေါ်လာတဲ့ screen  တွင် Custom (Advanced) option  ကိုရွေးပါ။

Custom (Advanced) option ကိုရွေးပြီးတဲ့အခါမှာ Windows 7  ကို install  လုပ်မယ့် hard drive  (သို့) partition  ကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ထို့ နောက် Next  ကိုနှိပ်ပါ။

ထို့နောက် Windows 7  ကို အလိုအလျောက် install  ပြုလုပ် တာကိုတွေ့ရမှာဖြစ်ပါတယ်။

Screenများပေါ် လိုက်ပျောက်လိုက် ဖြစ်နေတာကိုတွေ့ရမှာဖြစ်ပြီး ကွန်ပျူတာ restart  ဖြစ်သွားတာကို တွေ့ရမှာဖြစ်ပါ တယ်။

Install ပြုလုပ်မှုပြီးဆုံးတဲ့အ ခါမှာတော့ username  နဲ့ password  ကိုဖြည့်ရမယ့် screen  ကိုတွေ့ရမှာ ဖြစ်ပါတယ်။ အသုံးပြုလို တဲ့ username  နဲ့ password  ကို ဖြည့်ပြီး Next  ကိုနှိပ်ပါ။

ထို့နောက် Windows 7  ရဲ့ product key  ကိုထည့်ရမယ့် screen  ကိုတွေ့ရမှာဖြစ်ပါတယ်။ Product key  ကိုရိုက်ထည့်ပြီး Next  ကိုနှိပ်ပါ။

ထို့နောက် Security setting, Time zone and date setting  နှင့် Setting up your network  ဆိုတဲ့ on-screen  သုံးခုကိုတွေ့ရမှာဖြစ်ပါတယ်။နောက်ဆုံးအနေဖြင့် မိမိအ သုံးပြုလိုတဲ့ပရိုဂရမ်များကိုထည့်သွင်း ပြီးတဲ့အခါမှာ တော့ Windows 7  ကို စ တင်အသုံးပြုနိုင်မှာ ဖြစ်ပါ တယ်။


Ref : Internet Journal   

 

Cell Phone Projector


ရုပ်မြင်သံကြားနဲ့ရုပ်ရှင်ဇာတ် ကားတွေကိုမြင်ကွင်းကြီးကြီးကြည့် ရတာကို ကျွန်တော်အတော် သဘော ကျတယ်။ ငယ်ငယ်ကဆို ရင် သီတင်းကျွတ်၊ တန်ဆောင် တိုင်ပွဲတော်တွေမှာ ဘောလုံးကွင်း ထဲပိတ်ကား ထောင်ပြတဲ့ ညလုံး ပေါက်ရုပ်ရှင်တွေကို လိုက်ကြည့်ရ တာအမော၊ ဗီဒီယိုတွေပေါ်လာ ပြန်တော့ ခင်ရာ မင်ရာ၊ အိမ်တွေ မှာပဲ ဒါမှမဟုတ် ဗီဒီယိုတွေ၊ ဘော လုံးပွဲတွေကို ပရိုဂျက်တာနဲ့ထိုးပြ တာကတော့ အကြိုက် ဆုံးပဲ။ မြင် ကွင်းကျယ်ကျယ်ကြိုက်ပေမယ့် ပရို ဂျက်တာတော့ မ၀ယ်နိုင်ဘူးခင်ဗျ။ အဲဒီတုန်းက ပရိုဂျက်တာ တစ်လုံး ရဲ့တန်ဖိုးဟာ မြန်မာငွေသိန်း (၂၀) နီးပါးရှိပါတယ်။

အပေါ်စက်၊ အောက်စက်တွေ ကွန်ပျူတာတွေပိုင်လာသည့်တိုင် ပရိုဂျက်တာ ပိုင်ဖို့ကိစ္စမှာ ကျွန် တော်တို့လို လူလတ်တန်းစားတွေ အဖို့တော့မလွယ်ကူခဲ့ပါဘူး။ ဒါပေ မဲ့ ခေတ်ကပြောင်းသွားပြီခင်ဗျ။ လက်ဝါးထဲထည့် ယူသွားလို့ရတဲ့ ပရိုဂျက်တာလေးတွေပေါ်လာပါပြီ၊ ဈေးကတော့မသေးလှဘူး၊Foringကသွင်းပြီးရောင်းတဲ့ ပရိုဂျက်တာ ပိစိကွေးဆိုရင် ဈေးနှုန်းက(၉)သိန်းကျော်ပါတယ်။ ပရိုဂျက်တာကြီးသက်သက် ဈေးအများကြီး ပေး ၀ယ်ဖို့ကတော့တော်ရုံလူဆိုရင်လက် တွန့်သွားမှာပါ။ ဒါကိုသိတဲ့ထုတ် လုပ်သူများက ၂၀၀၉ ခုနှစ် အစော ပိုင်းမှာ Digital camera  နဲ့တွဲပြီး ပြုလုပ်ထားတဲ့ ပရိုဂျက်တာလေးကို ထုတ်လုပ်ခဲ့ပါတယ်။ Nokia cool pix S 100 PJ  ကင်မရာကို တစ်ပါ တည်း ထည့်ရောင်းတာပါ။ ပစ္စည်း နှစ်မျိုးတွဲပါတဲ့ ကင်မရာရဲ့ ရောင်းဈေးက ဒေါ်လာ (၄၃၀) ဖြစ်ပါ တယ်။

ခုနောက်တစ်မျိုးအဆန်းတကြယ်လာပြန်ပါပြီ။ Cell Phone Projectorတဲ့၊ တစ်ကိုယ်ရေသုံး ပရိုဂျက်တာကို Cell Phone  ထဲ တွဲထည့်လိုက်တာပါ။ ဗီဒီယိုပရိုဂျက်တာရဲ့အရွယ်အ စား ကိုသာမန် ဇီးသီးတစ်လုံးလောက် ထိချုံ့ယူနိုင်ခဲ့ပြီမို့ Cell Phone  တွေထဲမှာ ပရိုဂျက်တာထည့်သွင်း ဖို့ကိစ္စဟာ အရမ်းကိုအဆင်ပြေလွယ်ကူ လာပါတယ်။ ဒီလိုသေးငယ်တဲ့ ပရိုဂျက်တာကို တီထွင်သူဟာ Chip  ထုတ်လုပ်မှု ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Texas Instrument (TI)  ဖြစ်ပါတယ်။ ဒီပရိုဂျက်တာဟာ ဈေးနှုန်းလည်းချိုသာတဲ့အတွက်နောင်တစ်ချိန်မှာ အများသူငါ မလွဲ မသွေအသုံးပြုလာရလိမ့်မယ်လိွုှု့ ကယူဆထားပါတယ်။ ပရိုဂျက် တာကို သေးငယ်လှတဲ့ Cell Phone  ထဲထည့်သွင်း နိုင်လာရ ခြင်းဟာ Projection TV  တွေမှာ အသုံးပြုတဲ့ Chip  ကို သေးသည် ထက်သေးအောင်စဉ် ဆက်မပြတ် သုတေသနပြုလုပ်ခဲ့တဲ့ IT  ရဲ့ ဆောင်ရွက်ချက်ကြောင့်ပဲ ဖြစ်ပါ တယ်။

ပရိုဂျက်တာမှာအသုံးပြုတဲ့ Digital Light Processing Chips (DLP chips)  တွေဟာ electromechanical mirror  ထောင်ပေါင်းများစွာပါဝင်ပြီ mirror  တစ်ခုစီဟာ pixel  တစ်ခုစီကို ကိုယ်စားပြုပါတယ်။ ဒီ pixel  တစ် ခုစီကိုအလင်းဖြတ်ပြီးထိုးပေးတဲ့အခါ electrical field  တစ်ခုပေါ် ပေါက်လာပါတယ်။ ဒီ field  က mirror  ကိုဆင်ခြေလျှောပုံစံစောင်း သွားစေပြီး အနီ၊ အစိမ်း၊ အပြာ LED  မီးသီးတွေကထွက်လာတဲ့အလင်း ရောင်ကို ပရိုဂျက်တာမှန်ဘီလူးထဲဖြတ်ဝင်ခွင့်ပြုပြီး နံရံ (သို့မဟုတ်) ပိတ်ကားပေါ်ကိုကျ ရောက်စေပါတယ်။

DLP pico  လို့ခေါ်တဲ့ ပထမဆုံး Microscale projector chip  တစ်မျိုးကို လွန်ခဲ့တဲ့နှစ်ထဲမှာ TI  ကထုတ် လုပ် ခဲ့ပါတယ်။ အဲဒီ ပရိုဂျက်တာကပြ သနိုင်တဲ့ ပုံရိပ်အရည်အသွေးဟာ 480 x320 pixels  ဖြစ်ပါတယ်။ အဆိုပါ chip  ကိုခုအချိန်မှာအိတ် ဆောင်ပရိုဂျက်တာတွေထဲထည့် သွင်းအသုံးပြုလျက်ရှိပါတယ်။ ဒီ chip  ကိုပဲ Cell Phone  အတွင်း ထဲထည့်သွင်းပြီး စပိန်နိုင်ငံ ဘာစီ လိုနာမြို့မှာ ကျင်းပတဲ့ Mobile World Congress မှာထုတ်ဖော်ပြသခဲ့ပါတယ်။ အဲဒီပွဲမှာပြခဲ့တဲ့ Cell Phone Projector ဟာ ဆမ်ဆောင်းအမျိုး အစား ဖုန်းထဲမှာ ထည့်သွင်းထားတာဖြစ်ပြီး ၁.၃ မီ တာထောင့်ဖြတ်အရှည်ရှိတဲ့ပုံရိပ်ကို ထုတ်ဖော်ပေးနိုင် ပါတယ်။

Cell Phone Projector နဲ့ပြ သနိုင်ခဲ့တယ်ဆိုပေမယ့် နိမ့်ကျတဲ့ ပုံရိပ်အရည်အသွေးကြောင့်ဒီပရိုဂျက်တာမျိုး ဟာ အများသုံးဖြစ်လာ ဖို့မလွယ်သေးပါဘူး။ ဒါကြောင့် TI  ဟာပုံရိပ်အရည်အသွေးပိုမိုကောင်း မွန်တဲ့ chip  အမျိုးအစားကိုဆက် လက်ထုတ်လုပ်ခဲ့ပါတယ်။ ဒုတိယ မျိုးဆက် chip  ဟာပုံရိပ်အရည်အ သွေး 850x480 pixels  ရှိတဲ့ပုံ ရိပ်ကို ထုတ်ဖော်ပေးနိုင်ပါတယ်။ DVD  ပုံရိပ်အရည်အသွေးထက် သာလွန်ပြီး Cell Phone  ထုတ် လုပ်သူအများစုကတောင်းဆိုတဲ့ပုံ ရိပ်အရည်အသွေးမျိုးလည်းဖြစ်ပါ တယ်။ ပထမ projector  မှာ mirror  ပေါင်း ၁၅၀၀၀၀ ပါဝင်ရာ ကနေ ဒုတိယ projector  မှာ mirror  ပေါင်း ၄၀၀၀၀၀ ကျော်ပါဝင်တဲ့ အဆင့်ကိုမြှင့်တင်ယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ Screen ရဲ့အရွယ်အ စားကတော့ ၂၀ ရာခိုင်နှုန်းပိုသေး သွားပါတယ်။ chip  မှာပါတဲ့ mirrorလေး တွေ ကိုစောင်း (ဇောင်း) သိမ်းပေးနိုင်တဲ့အတွက်အရွယ်အ စားပိုသေးသွားတဲ့အပြင် mirror  လေးတွေရဲ့ လျှပ်စစ်အဆက်အ သွယ်ကို ပိုကောင်းအောင်လည်း လုပ်နိုင်ခဲ့ပါတယ်လို့ IT  ကတာဝန် ရှိပုဂ္ဂိုလ်တွေ က ပြောကြားသွားပါ တယ်။ အရွယ်ပိုသေးပြီး အရည် အသွေးပိုကောင်းလာတဲ့ ပရိုဂျက် တာ chip  ဟာ Cell Phone  ထဲ ထည့်သွင်းအသုံးပြုဖို့ ပိုပြီးလက် တွေ့ကျလာပါတယ်။ ဒီပရိုဂျက် တာဟာ အလင်းရောင် အခြေအနေအမျိုးမျိုးမှာ A4  အရွယ်အစားရှိတဲ့ ပုံရိပ်ကိုအရည်အသွေးကောင်းမွန်စွာနဲ့ပြသပေးနိုင်ပါတယ်။ ပါဝါသုံးစွဲမှုအလွန်နည်းတဲ့အတွက် Cell phone  ထဲမှာရှိတဲ့ ဓာတ်ခဲကို အားအပြည့်သွင်းထားရင်နှစ်နာရီ စာရုပ်ရှင်ဇာတ်ကားတစ်ကားကြည့် နိုင်ပါတယ်။ အသစ်ထွက်လာတဲ့ chip  ကို cell phone  ထုတ်လုပ် သူအတော်များများက လက်ခံအ သုံးပြုလာခဲ့မယ်ဆိုရင် ဆမ်ဆောင်း နဲ့ပြိုင်ဘက်တွေဖြစ်တဲ့ Microvision, Motorola နဲ့ 3M  တို့ကထုတ်လုပ်မယ့် Cell Phone  ပရိုဂျက်တာတွေကိုတွေ့လာရစရာအကြောင်းရှိပါ တယ်။

Screen ကြီးကြီးတစ်မျိုးတည်း နဲ့ပြသနိုင်တဲ့ Cell Phone  မျိုးအ ပြင် Screen  နှစ်မျိုးနှစ်စားနဲ့အသုံး ပြုနိုင်မယ့် Cell Phone  မျိုးအပြင် Screen  နှစ်မျိုးနှစ်စားနဲ့အသုံးပြု နိုင်မယ့် Cell Phone  မျိုးကိုလည်း စမ်းသပ်သုတေသနပြုလျက်ရှိပါ တယ်။ အဲဒီ phone  မျိုးကျရင် screen  အသေးကဖုန်းပေါ်မှာရှိ မယ်။ ပရိုဂျက်တာနဲ့ထိုးပြနိုင်မယ့် Screen  အကြီးကတော့ ပိတ်ကား (သို့မဟုတ်) နံရံပေါ်မှာရှိပါမယ်။ Screen  နှစ်မျိုးပါတဲ့ ဖုန်းတွေဟာ စမ်းသပ်အသုံးပြုဖို့ ဖိတ်ခေါ်ခံရသူ တွေကိုမသုံးရမနေနိုင်ဖြစ်အောင်ဆွဲ ဆောင်နိုင်လိမ့်မယ်လို့ သုတေသီ တွေကဆိုပါတယ်။ Screen  နှစ်မျိုး ကိုအသုံးပြုတဲ့အတွက် မိမိတစ် ကိုယ် ထဲသိဖို့လိုတဲ့သတင်းအချက် အလက်တွေကို screen  အသေး ပေါ်မှာကြည့်ပြီး အများသူငါကြည့် ရှုစေလိုတဲ့သတင်းအချက်အလက် မျိုး (ဥပမာ- မြေပုံ၊ ဓါတ်ပုံစသည်) ကို Screen  အကြီးပေါ်မှာ ပရို ဂျက်တာနဲ့ထိုးပြီးပြသနိုင်ပါတယ်။

Cell Phone နဲ့ ရုပ်ရှင်ပိတ် ကားကြီးအရွယ်ပုံတွေကိုပြသလာ နိုင်တာကတော့ဟုတ်ပါရဲ့၊ ဒါပေမဲ့ထွက်လာတဲ့ Cell Phone Projector  တွေကိုလူတွေက၀ယ်ချင် တဲ့ စိတ်ရော ရှိမှရှိကြပါမလား။ ရှိတယ်ဆိုရင်တောင် ဘယ်လောက် များများဝယ်ကြမှာလဲ။ ဒါတွေက တော့ ထုတ်လုပ်သူတွေဘက်က စိုး ရိမ်းပူပန်မှုပါ UK  က Cell Phone  ဆိုင်ရာာနိငေ ကိစ္စကျွမ်းကျင်သူ ရု(က်)ဇီရိုကတော့ Cell Phone Projector  အသုံးပြုမယ့် လူအများစုဟာ လူငယ်တွေပဲ ဖြစ်လိမ့် မယ်လို့ဆိုပါတယ်။ အများသူငါ ၀ယ်ယူအသုံးပြုနိုင်မယ့် ဈေးချိုချို အိတ်ဆောင်ပရိုဂျက်တာလေးတွေ ပေါ်လာတာက ၀မ်းသာစရာပါ။ ဒါပေမဲ့ အိတ်ဆောင်ပရိုဂျက်တာနဲ့ပြတဲ့ show  တွေအတွက် လူ့ ကျင့်ဝတ်ပိုင်းကကြည့်ပြီး စိုးရိမ် ပူ ပန်နေသူတွေလည်းရှိပါတယ်။ ဒီ ပရိုဂျက်တာ မျိုးတွေ လူတကာကိုင် လာရင် ဘီယာဆိုင်နံရံပေါ်မှာ ပြ မယ်။ အပျော်တမ်းဗီဒီယိုရှိုးတွေ၊ ဒါမှမဟုတ် ဘတ်(စ်)ကားခေါင်မိုး မှာပြမယ်။ ဗီဒီယိုရှိုးတွေမှာပြသင့် တာရော၊ မပြသင့်တာတွေပါ ပါဝင်လာနိုင်တဲ့ အတွက် သာမန်လူတွေ ရော၊ ဥပဒေလောကသားတွေပါ စိုးရိမ်ပူပန်နေကြတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက် ပြီးဥပဒေနဲ့ထိန်း ကျောင်းမှုတွေလည်းပေါ်ကောင်း ပေါ်လာပါလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ်မကြာတော့တဲ့ အနာဂတ်ကာလမှာ Cell Phone  ကိုင်သူအတော်များများရဲ့လက်ထဲ ကိုအိတ်ဆောင်ပရိုဂျက်တာလေး တွေရောက်လာပါတော့မယ်။ ပျော် ပွဲစားရုံထဲက ဘီယာစားပွဲဝိုင်းမှာ Blackberry  ဖုန်းသုံးပြီး e-mail  ဖတ်ရင်းကြုံရတဲ့ရင်ခုန်မှုမျိုးကိုနောင် တစ်ချိန်မှာအမျိုးမျိုးသော Cell Phone  တွေကသယ်ဆောင်လာပါ လိမ့်မယ်။


Ref : Internet Journal   

 

3G ကွန်ရက် နှင့် ဟန်းဆက်


 3G ကွန်ရက်ထွန်းကားလာမည့် ယနေ့ခေတ်တွင်လူငယ်၊ လူကြီး မရွေး စိတ်ဝင်စားမှုများမှာလည်း 3G လောကထဲသို့ ရောက်ရှိလာခဲ့ သည်။ 3G ဟုဆိုရာတွင် ဂီတ နားထောင်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းတို့ ထက် ပိုမိုသည့် အင်တာနက်ကွန်ရက် ချိတ်ဆက်ခြင်းနှင့် video call တို့သည် ယနေ့ခေတ် မြန်မာပြည်သူ များအတွက် အထူးတောင့်တရာ ဖြစ်လာခဲ့သည်။

မိမိရောက်ရာနေရာမှ မိမိ၏ လက်တစ်ကွက်စာ သေးငယ်သော အရာကလေးမှသည် ကမ္ဘာလောကကြီး၏ သတင်း အချက်အလက်များကို သိနိုင်ခြင်း၊ ခွဲခွာ နေသူများနှင့် တွေ့ဆုံခွင့်တို့မှာ 3G ကွန်ရက်၏ အကျိုး သက်ရောက်မှုများ ဖြစ်ကြောင်းကို 3G ကွန်ရက် ဖော်ဆောင်လျက်ရှိသော မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရ သည်။ 3G ကွန်ရက်သည် မြန်မာ ပြည်သူများအတွက် အဆင်ပြေဆုံး ဖြစ်လာမှာဖြစ်ပြီး ရိုးရိုးဖုန်းသုံးစွဲ ခွင့်ထက် ပိုမိုသည့်စနစ်များ နှင့် သတင်း အချက်အလက်များ ရယူနိုင်ရန် ဖန်တီးထားပြီး ဖြစ်သည်။ သုံးစွဲသူ ပြည်သူများဘက်မှလည်း 3G ကွန်ရက်ရနိုင်မည့် ဖုန်းဟုဆိုလိုက် သည်နှင့် စိတ်ဝင်တစားရှိခဲ့ပြီး မည်သည့် အချိန်တွင် မြောက်မြားစွာသုံး နိုင်ခွင့်ရနိုင်မည်ကို မျှော်လင့်လျက် ရှိကြသည်။

“ 3G ကွန်ရက်က အမျိုးအစား နှစ်မျိုးရှိတယ်။ UMTS နဲ့ WCDMA ဆိုပြီး နှစ်မျိုးရှိပါတယ်။ ကျွန်တော်တို့က ကိုယ့်နိုင်ငံနဲ့ကိုက်ညီမှု ရှိမရှိကို နှစ်မျိုးစလုံးနဲ့ စမ်းသပ်ထား တယ်။ WCDMA  ဆိုရင် သုံးစွဲခွင့် ပေးထားပြီး ဖြစ်ပါတယ်” ဟု မိုဘိုင်း ဆက်သွယ်ရေးလုပ်ငန်းမှ ၀န်ထမ်း တစ်ဦးမှ ပြောပြခဲ့သည်။ 3G ကွန်ယက်ရရှိရန် နိုင်ငံတော်မှ ပြည်ပမှ စက်ပစ္စည်းများ မှာယူခဲ့ပြီး တစ်နှစ် ပြည့်လုနီးပါးအချိန်တွင် စတင်သုံး ခွင့်ရရှိနေပြီ ဖြစ်သည်။

“3G ကွန်ရက်ရရှိသော ဖုန်း တွေမှာ video call လို့ခေါ်တဲ့ နှစ်ဘက်ရုပ်မြင်ပြီး စကားပြောခြင်း များ၊ internet, email အစရှိ သဖြင့် သုံးစွဲခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။ ဈေးကွက်အတွင်းမှာရှိတဲ့ ဟန်းဆက်အတော် များများမှာလည်း 3G ကွန်ယက်ကို ကောင်းကောင်း support  လုပ်တဲ့ ဟန်းဆက် အများအပြားရှိလာပြီ ဖြစ်ပါတယ်” ဟု service ပညာရှင်တစ်ဦးမှ ပြောသည်။ ဟန်းဆက် အရောင်းဈေးကွက်တွင်လည်း 3G ကွန်ရက် အတွက် အထောက်အပံ့ပေးနိုင်မည့် ဟန်းဆက်များကို နောက်ပိုင်းတွင် အလေးထား၍ တင်သွင်း လာခဲ့သည်။
“နောက်ပိုင်းဝင်တဲ့ဟန်းဆက် တွေက UMTS တို့ WCDMA တို့ကို ရနိုင်တဲ့ dual band အမျိုးအစားတွေဖြစ် လာပါတယ်။ GSM ကွန်ရက် 900/1800/1900 တို့ကို သုံးနိုင်သလို WCDMA 2100 ကို လည်း support ပေးကြတယ်။ အဲဒီဟန်းဆက်တွေမှာဆို video call အတွက် ကင်မရာနှစ်လုံးပါ တယ်။ WAP 2.0 တို့လို internet သုံးခွင့်ကိုလည်း အထောက်အပံ့ ပေးကြတယ်။ multimedia message တွေကိုလည်း ပေးနိုင် မယ်” ဟု Kan Htoo မိုဘိုင်းဆိုင်မှ ပြော ပြသည်။ ဟန်းဆက်ရောင်းချမှုများ မှာလည်း ဈေးကွက် ၏လိုအပ် ချက် များကို ဖြည့်တင်းပေးလျက်ရှိရာ အချို့မှာ 3G  အဆင့်ရှိဖုန်းများ သည် application ထည့်သွင်းခြင်း၊ ဂိမ်းကစားခြင်း၊ audio နှင့် video ကြည့်ခြင်းတို့ကဲ့သို့ multimedia စနစ်များမှာလည်း အထူးတလည် ကောင်းမွန်လာခြင်း ကြောင့် GSM  ရိုးရိုးကိုင်ဆောင် ထားသူများလည်း ၀ယ်ယူခဲ့ကြ ခြင်းဖြစ်သည်။

“ 3G အဆင့်ရှိတဲ့ဖုန်းဆိုပြီး ၀ယ်ယူခဲ့ခြင်းဖြစ်ပါတယ်။ ကိုယ့်မှာ အင် တာနက် ကွန်ရက်မရနိုင်တဲ့ GSM ဖုန်းဖြစ်ပေမယ့်လည်း သူ့ရဲ့ လုပ်ဆောင်မှုတွေကို သဘောကျတဲ့ အတွက် ၀ယ်ယူဖြစ်ခဲပါတယ်။အရင်သုံးတဲ့ ကျွန်တော့်ဖုန်းက smart phone  အမျိုးအစားပဲဖြစ် ပါတယ်။ ဒါပေမယ့် WCDMA တို့ကို ရပိုင်ခွင့်တော့ မရှိပါဘူး။ အခု နောက်ဆုံးဖုန်းကတော့ 3G အဆင့် ရှိပါတယ်” ဟု မိုဘိုင်းဖုန်းသုံးစွဲသူ လူငယ်တစ်ဦးမှ ရှင်းပြသည်။

3G အဆင့်ရှိဖုန်းများသည် ဈေးကွက်တွင် ဈေးနှုန်း ကြီးမြင့်ကြသော်လည်း ကြိုက်နှစ်သက်သူလူငယ်လူကြီး မရွေး ၀ယ်ယူကြခြင်းသည် 3G ဟန်းဆက်၏ အောင်မြင်မှုတစ်ခု ပင်ဖြစ်သည်။ 3G ဟန်းဆက်ကိုမှကြိုက်နှစ် သက်သူ လူငယ်တစ်ဦးမှ ပြောပြရာတွင် “ 3G  ဟန်းဆက်ရဲ့ အားသာချက်တွေက များပြား သလို၊ စတိုင် လည်းကျပါတယ်။ ကိုယ့်ရဲ့ဖုန်းက နောက်ဆုံးပေါ်ဖြစ် နေတာကိုလည်း သဘောကျပါတယ်။ အမှန်တကယ် လည်း လိုချင် ပါတယ်” ဟု၎င်း၏ ခံစားချက်ကိုပြော ပြသည်။ 3G ကွန်ရက်အား စိတ်ဝင်စားသူများမှာလည်း ““ WCDMA ကွန်ရက်ဆိုတာ 3G ကွန်ရက်လို့ သတင်းစာ၊ ဂျာနယ်တွေမှာဖတ် လိုက်ရလို့ သိရတယ်။ ကိုယ်တိုင် လည်း သုံးခွင့်ရရင်ကောင်းမယ်လို့ မျှော်လင့်ထားပါတယ်။ အင်တာနက် သုံးခွင့် ရမည်ဆိုရင်ပဲ အထူး ကို ကောင်းလှပါပြီ။ လျှောက်ထားသူတိုင်း ရနိုင်ခွင့်ရှိရင်တော့ ပိုပြီး ကောင်းပါလိမ့်မယ်”” ဟု ပြောပြခဲ့ သည်။

3G ကွန်ရက် ရရှိနေသောသူများသည် 3G  ဟန်းဆက်ရှိရန်လို အပ်လာပြီဖြစ်သည်။ အချို့ဟန်းဆက်များ သည် UMTS  သာရရှိပြီး WCDMA မရနိုင်သော 3G ဟန်း ဆက်များလည်းရှိသည်။ထို့ကြောင့် 3Gကွန်ရက် ရသော GSM  ဖုန်း များ မြန်မာပြည်တွင် တိုးပွားလာ ပါက၎င်းကိုကောင်းစွာ အထောက်အပံ့ပေးနိုင်မည့် 3G ဟန်းဆက် များလည်း ရောင်းအားတက်ဖွယ်ရှိ ကြောင်း ဈေးကွက်ပညာရှင်များ မျှော်လင့်ထားကြသည်။

လူငယ် များမှလည်း 3G ကွန်ရက်ရရှိလျှင် 3G ဖုန်းကိုင်၍ စတိုင်ထုတ်ဖို့ကြံ စည်ထားကြသလို လူကြီးများမှ လည်း မိမိ၏လုပ်ငန်းများ အဆင်ပြေချောမွေ့ဖို့ 3G  ဖုန်းသည် အထူး အရေးပါမည်ကို သိထားကြသည်။
3G ဟုဆိုလိုက်တာနှင့် သုံးစွဲဖို့ ပြင်ဆင်နေကြသော မြန်မာပြည်သူ ပြည်သားများအတွက် မြန်မာ့ဆက်သွယ် ရေး လုပ်ငန်းမှ စွမ်းဆောင် လျက်ရှိကြသည်။


Ref : Internet Journal 


မိုက်ကရိုဆော့ဖ် ရဲ့ သမိုင်းဝင် နေ့ရက်များ

၁၉၇၅
ပေါလ်အယ်လန် နှင့် ဘီလ်ဂိတ်တို့ သူငယ်ချင်းနှစ်ဦးက Altairဒီစီကွန်ပျူတာများအတွက်ပရိုဂရမ်ဘာသာ စကားတစ်ခုကို ပူးပေါင်းရေးသားခဲ့ကြသည်။ဤပရိုဂရမ်ဘာသာစကားမှာ နောက်ပိုင်းတွင် မိုက္ကရိုဆော့ဖ် ကုမ္ပဏီကြီး၏ ပထမဆုံးသော ထုတ်ကုန် အဖြစ် သတ်မှတ်ခံခဲ့ ရသည်။

၁-ဇန်န၀ါရီ ၁၉၇၉
မိုက္ကရိုဆော့ဖ်ကုမ္ပဏီကို နယူးမက္ကဆီကိုပြည်နယ် Albuquerque မှ ဆီယက်တဲလ်ဒေသသို့ ပြောင်းရွှေ့ ခဲ့သည်။

၁၉၈၀
IBM ကုမ္ပဏီကြီးက ၎င်းင်း၏ပထမဆုံး ပီစီကွန်ပျူတာများအတွက် operating systemရေးသားပေးရန် မိုက္ကရိုဆော့ဖ်ကို ရွေးချယ်ခဲ့သည်။ မိုက္ကရိုဆော့ဖ်က အခြား ကုမ္ပဏီ တစ်ခုထံမှ ဆော့ဖ်ဝဲကို ဒေါ်လာ ၅၀,၀၀၀ ဖြင့် ၀ယ်ယူကာ MS-DOS ဟုခေါ်ဝေါ်ခဲ့သည်။ ကုမ္ပဏီသို့Steve Ballmer ၀င်ရောက်လာ
သည်။

၁၂-သြဂုတ်လ ၁၉၈၁
IBM က MS-DOှ အသုံးပြုထားသော ပီစီများအား ဈေးကွက်တင် ရောင်းချသည်။

၁၉၈၃
မိုက္ကရိုဆော့ဖ်က Word ဟု အမည်ပေးထားသော word processing ပရိုဂရမ်အားစတင်မိတ်ဆက်
ဖြန့်ချိပြီး Windows operating system ကို ဖြန့်ချိရန် စီစဉ်နေကြောင်းထုတ်ပြန်ခဲ့သည်။
ပေါလ်အယ်လန်က ဒုတိယဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ပြီး ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ်သာ
ရပ်တည် နေခဲ့သည်။

နိုဝင်ဘာ ၁၉၈၅
မိုက္ကရိုဆော့ဖ်က ၎င်းင်း၏ပထမဆုံး Windows version သစ်ကိုဖြန့်ချိခဲ့သည်။

၁၃-မတ် ၁၉၈၆
ကုမ္ပဏီ၏ အစုရှယ်ယာများအား ပြင်ပသို့ထုတ်ရောင်းပြီး အများပိုင်ကုမ္ပဏီတစ်ခုအဖြစ်ပြောင်းလဲ
ခဲ့သည်။

၁-သြဂုတ်လ ၁၉၈၉
မိုက္ကရိုဆော့ဖ်က ပထမဆုံးသော စီးပွားရေးလုပ်ငန်းသုံး Office ဆော့ဖ်ဝဲ suite versionကိုဖြန့်ချီ
သည်။

၁၉၉၁
အမေရိကန်ပြည်ထောင်စုကုန်သွယ်ရေးကော်မရှင်(FTC)က မိုက္ကရိုဆော့ဖ်အနေဖြင့်ပီစီ operating
system ဈေးကွက်ကို လက်ဝါးကြီးအုပ်နေကြောင်း ပြောဆိုပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်
လည်း ၂ နှစ်မျှ ကြာပြီးနောက်တွင်မူ တရားဝင်စွပ်စွဲပြောကြားမှု တစ်စုံတရာ မလုပ်တော့ဘဲ
စုံစမ်းမှုကို အဆုံးသတ်ခဲ့သည်။

၁-ဇန်န၀ါရီ ၁၉၉၄
ဘီလ်ဂိတ်နှင့် မီလင်ဒါဖရန့်ခ်ျတို့နှစ်ဦး ဟာဝိုင်အီကျွန်းပေါ်ရှိ Lanai ၌ လက်ထပ်ထိမ်းမြားခဲ့ကြသည်။

ဇူလိုင် ၁၉၉၄
မိုက္ကရိုဆော့ဖ်က ပီစီထုတ်လုပ်သည့်ကုမ္ပဏီများနှင့် ရယူထားသည့် သဘောတူညီချက်အားပြောင်းလဲ
ပေးမည်ဟု သဘောတူလိုက်ခြင်းကြောင့် အမေရိကန်နှင့်ဥရောပတို့၌ ဈေးကွက်လက်ဝါးကြီးအုပ်မှုဖြင့် စွပ်စွဲခံရမှုများ အဆုံးသတ်ခဲ့သည်။ သို့ရာတွင် အမေရိကန်ပြည်ထောင်စုတရားရုံးက ဤကျေအေးမှု
အား လက်ခံခြင်းမပြုဘဲ ၁၉၉၅ ခုနှစ် တွင် ထပ်မံစုံစမ်းစစ်ဆေးမှုပြုရန် အမိန့်ချခဲ့သည်။

၂၄-သြဂုတ် ၁၉၉၅
မိုက္ကရိုဆော့ဖ်က Windows 95 ကို ဖြန့်ချိသည်။

၂၇-နိုဝင်ဘာ ၁၉၉၅
မိုက္ကရိုဆော့ဖ်က Internet Explorer 2.0 ကို ဖြန့်ချိပြီး ဈေးကွက်အတွင်းရှိ Netscape \\Navigator
Web browser အား စိန်ခေါ်ခဲ့သည်။

၇-ဒီဇင်ဘာ၁၉၉၅
ဘီလ်ဂိတ်က မိုက္ကရိုဆော့ဖ်အနေဖြင့် အင်တာနက်အား ဗဟိုပြုကာ မဟာဗျူဟာ ချမှတ်လုပ်ဆောင်
သွားမည် ဖြစ်ကြောင်း အကျယ်တ၀င့် ရှင်းလင်းခဲ့သည်။

၆-သြဂုတ် ၁၉၉၇
မိုက္ကရိုဆော့ဖ်နှင့် Apple တို့က ကာလရှည်ကြာဖြစ်ပွားခဲ့သော ၎င်းတို့၏ အငြင်းပွားမှုအား
ဘေးဖယ်ကာ နည်းပညာ အပြန်အလှန်ဖလှယ် အသုံးပြုရန် သဘောတူခဲ့ကြသည်။

၂၀-အောက်တိုဘာ ၁၉၉၇
အမေရိကန် တရားရေးဌာနက မိုက္ကရိုဆော့ဖ်အနေဖြင့် Windows အတွင်း Internet browser
အား တစ်ပါတည်းထည့်သွင်း အသုံးမပြုရန် ၁၉၉၄ ခုနှစ်တွင် ချမှတ်ခဲ့သော အမိန့်ဒီဂရီအား
ချိုးဖောက်မှုဖြင့် တရားစွဲဆိုလိုက်သည်။

၁၈-မေ ၁၉၉၈
အမေရိကန် တရားရေးဌာနနှင့် ပြည်နယ်ပေါင်း ၂၀ တို့က မိုက္ကရိုဆော့ဖ်အား ဈေးကွက်
ယှဉ်ပြိုင်မှုကို ပျက်ပြားအောင် တရားမ၀င် ကြိုးပမ်းမှုဖြင့် တရားစွဲဆိုလိုက်သည်။
နောက်ပိုင်းတွင်မူ ပြည်နယ်တစ်ခုက ၎င်း၏ တရားစွဲဆိုချက်အား ပြန်လည်
ရုပ်သိမ်းသွားခဲ့သည်။

၂၁-ဇူလိုင် ၁၉၉၈
Ballme မ က ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဖြစ်လာသည်။

၁၉-အောက်တိုဘာ ၁၉၉၈
မိုက္ကရိုဆော့ဖ်အား ဈေးကွက် လက်ဝါးကြီးအုပ်မှု စွဲချက်အားစတင် ကြားနာသည်။
ဤကြားနာမှုမှာ ၁၉၉၉ ခုနှစ် နွေရာသီအထိ ကြာရှည်ခဲ့သည်။

၅-နိုဝင်ဘာ ၁၉၉၉
အမေရိကန် ပြည်ထောင်စု ခရိုင်တရားသူကြီး Thomas Penfield Jackson က ၎င်း၏စစ်ဆေးတွေ့ရှိချက် များအား ထုတ်ပြန်ပြီး မိုက္ကရိုဆော့ဖ်အနေဖြင့် ဈေးကွက်ကို လက်ဝါးကြီးအုပ်နေကြောင်းပြောဆိုလိုက်သည်။

၁၃-ဇန်န၀ါရီ ၂၀၀၀
ဘီလ်ဂိတ်က ၎င်းရယူထားသော အမှုဆောင်ချုပ်ရာထူးအား Ballmer ကို လွှဲအပ်လိုက်ပြီးနာယကရာထူးနှင့် ဆော့ဖ်ဝဲဗိသုကာချုပ်ရာထူး တို့ကိုသာ ရယူထားလိုက်သည်။

၁၇-ဖေဖော်ဝါရီ ၂၀၀၀
မိုက္ကရိုဆော့ဖ်က Windows 2000 ကို ဖြန့်ချိသည်။

၇-ဇွန်၂၀၀၀
တရားသူကြီး Jackson က မိုက္ကရိုဆော့ဖ်အား ကုမ္ပဏီနှစ်ခုအဖြစ် ခွဲထုတ်ရန်အမိန့်ချမှတ်လိုက်သည်။

၂၆-စက်တင်ဘာ ၂၀၀၀
အမေရိကန် ပြည်ထောင်စု တရားရုံးချုပ်က Jackson ၏ ဆုံးဖြတ်ချက်အား မိုက္ကရိုဆော့ဖ်မှအယူခံဝင်ခြင်း အပေါ် လက်ခံကြားနားခြင်းမပြုဘဲ အမှုအား ပြည်ထောင်စုအယူခံရုံးတစ်ခုသို့ လွှဲပေးလိုက်သည်။

၆-စက်တင်ဘာ ၂၀၀၁
အမေရိကန်တရားရေးဌာနက ၎င်းင်းတို့အနေဖြင့် မိုက္ကရိုဆော့ဖ်အား ကုမ္ပဏီနှစ်ခုအဖြစ် ခွဲထုတ်ရန်ကြိုးပမ်း တော့မည် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

နိုဝင်ဘာ ၂၀၀၁
မိုက္ကရိုဆော့ဖ်နှင့် အမေရိကန်တရားရေးဌာနတို့ အကြား ဈေးကွက် လက်ဝါးကြီးအုပ်မှုကိစ္စနှင့်ပတ်သက်ပြီး သဘောတူ ညီမှုရရှိခဲ့ကြသည်။

၂၅-အောက်တိုဘာ ၂၀၀၁
Windows XP ကို ကမ္ဘာတစ်ဝန်း၌ ဖြန့်ချိသည်။

သြဂုတ် ၂၀၀၂
အမေရိကန် တရားရေးဌာနနှင့် ပြုလုပ်ခဲ့သော သဘောတူညီမှုအား အကောင် အထည်ဖော်ရန်အတွက် မိုက္ကရိုဆော့ဖ်က ကုမ္ပဏီ၏ စီးပွားရေးနှင့် ထုတ်ကုန် အပြောင်းအလဲအား ကြေညာခဲ့သည်။

၂၃-ဇွန် ၂၀၀၃
အိတ်ဆောင်ကွန်ပျူတာနှင့် မိုဘိုင်းဖုန်းများအတွင်းထည့်သွင်းအသုံးပြုနိုင်မည့် Windows Mobile အား တရားဝင် ကြေညာသည်။

၂၄-မတ် ၂၀၀၄
ဥရောပကော်မရှင်က မိုက္ကရိုဆော့ဖ်အား ဈေးကွက် လက်ဝါးကြီးအုပ်မှု ဆန့်ကျင်ရေးဥပဒေချိုးဖောက်မှုဖြင့် ဒဏ်ငွေအဖြစ် ဒေါ်လာ ၆၁၃ သန်း စံချိန်တင်ချမှတ်ခဲ့သော်လည်းကုမ္ပဏီမှ အယူခံဝင်ခဲ့မှုကြောင့် ပြစ်ဒဏ် အား ဆိုင်းငံ့ထားခဲ့သည်။

၂ ဧပြီ ၂၀၀၄
Sun နှင့်မိုက္ကရိုဆော့ဖ်တို့အကြား ဖြစ်ပွားခဲ့သော ဈေးကွက်လက်ဝါးကြီးအုပ်မှု ပြဿနာအား ဒေါ်လာ ၁.၉၅ ဘီလျံဖြင့် ကျေအေးလိုက်ကြသည်။

၃၀-ဇွန် ၂၀၀၄
အမေရိကန် အယူခံတရားရုံးက မိုက္ကရိုဆော့ဖ်နှင့် တရားရေးဌာနတို့အကြားရရှိထားခဲ့သော သဘောတူညီ ချက်အား အတည်ပြုပေးလိုက်သည်။

၂၂-ဒီဇင်ဘာ ၂၀၀၄
ဥရောပသမဂ္ဂ တရားရုံးတစ်ရုံးက မိုက္ကရိုဆော့ဖ်၏ မတ်လအတွင်းက အယူခံဝင်ခဲ့မှုအားပယ်ချလိုက်သည်။

၁၂-မေ ၂၀၀၅
မိုက္ကရိုဆော့ဖ်က ၎င်းင်း၏ Xbox 360 ဂိမ်းကစားစက်အား စတင်မိတ်ဆက်ပြီး နိုဝင်ဘာလ၌ ဈေးကွက်
အတွင်း ရောက်ရှိလာခဲ့သည်။

၁-ဇူလိုင် ၂၀၀၅
မိုက္ကရိုဆော့ဖ်က IBM ၏ဈေးကွက် လက်ဝါးကြီးအုပ်မူ စွပ်စွဲချက်အတွက် ငွေသား ဒေါ်လာ၇၇၅ သန်းနှင့် ဆော့ဖ်ဝဲတန်ဖိုး ဒေါ်လာ ၇၅ သန်းပေးကာ ပြေလည်မှုရယူခဲ့သည်။

၁၁-အောက်တိုဘာ ၂၀၀၅
RealNetworks နှင့် မိုက္ကရိုဆော့ဖ်တို့ အကြားဖြစ်ပေါ်နေခဲ့သော ပြဿနာအား ဒေါ်လာ၇၆၁ သန်းဖြင့် ပြေလည်လိုက်ကြသည်။

၂၃-မတ် ၂၀၀၆-
မိုက္ကရိုဆော့ဖ်က ၎င်းတို့အနေဖြင့် လာမည့်အားလပ်ရက်ရာသီ၌ Windows Version သစ်အား ဖြန့်ချိနိုင် တော့မည်မဟုတ်ကြောင်း ထုတ်ပြန်လိုက်သည်။

၁၅-ဇွန် ၂၀၀၆
ဘီလ်ဂိတ်က ၂၀၀၈ ခုနှစ် ဇူလိုင်လမှစတင်ကာ ကုမ္ပဏီ လုပ်ငန်းဆောင်တာများမှအနားယူပြီး ၎င်း၏ လူမှုရေးဖောင်ဒေးရှင်း ၌ အာရုံစိုက် လုပ်ကိုင်သွားတော့မည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

၁၄-နိုဝင်ဘာ ၂၀၀၆
မိုက္ကရိုဆော့ဖ်က Zune သီချင်းဖွင့်စက်များအား စတင်မိတ်ဆက်သည်။

၃၀-ဇန်န၀ါရီ ၂၀၀၇
ကာလအတန်ကြာ စောင့်ဆိုင်းနေခဲ့ရသော Windows Vista နှင့် Office 2007တို့အား ဖြန့်ချိသည်။

၃၁-ဇန်န၀ါရီ ၂၀၀၈
မိုက္ကရိုဆော့ဖ်က Yahoo အား ဒေါ်လာ ၄၄.၆ ဘီလျံဖြင့် ၀ယ်ယူရန် ကမ်းလှမ်းသည်။ဒေါ်လာ ၄၇.၅ဘီလျံ အထိကမ်းလှမ်းပြီး Yahooက လက်မခံခဲ့သောအချိန်၌ ၎င်း၏အဆိုပြုချက်အား ပြန်လည်ရုပ်သိမ်းသွားခဲ့ သည်။

၂၇-ဇွန် ၂၀၀၈
ဘီလ်ဂိတ်က ကုမ္ပဏီအတွင်း အချိန်ပြည့်တာဝန်ယူနေရာမှ အနားယူပြီး ဘုတ်အဖွဲ့ ဥက္ကဋ္ဌရာထူးကိုသာ ဆက်လက် ရယူထားသည်။



Ref : Internet Journal


Wednesday, June 9, 2010

ထိုင်း၊ အိန္ဒိယနိုင်ငံများနှင့် ဖိုင်ဘာဆက်ကြောင်းများ ထပ်မံသွယ်တန်းမည်

Internet Connectionများ မြန်ဆန်စေရေးနှင့် ဆက်သွယ်ရေးလုံးဝပြတ်တောက်ခြင်း မရှိစေရေးအတွက် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထိုင်း၊ အိန္ဒိယနှင့် မြန်မာနိုင်ငံအကြားတွင် နယ်စပ်ဖြတ်ကျော် ဖိုင်ဘာဆက်ကြောင်းလေးခု ထပ်မံသွယ်တန်းမည်ဖြစ်ကြောင်း ထိုလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် နယ်စပ်ဖြတ်ကျော် ဖိုင်ဘာဆက်ကြောင်းအနေဖြင့် ထိုင်း၊ တရုတ်နိုင်ငံများနှင့် ဆက်သွယ်ထား ပြီး ထိုဆက်ကြောင်းများသည် Bandwidth capcity အားဖြင့် 10Gb (STM 64) စီရှိပြီး Microlink အဖြစ် 2.5Gb (STM 16) စီရှိသည်။ ယခုထပ်မံသွယ်တန်းမည့် ဖိုင်ဘာဆက်ကြောင်းများအဖြစ် မြန်မာနှင့်ထိုင်း အကြားတွင် မြ၀တီဘက်မှ ဆက်ကြောင်းနှစ်လိုင်း ထပ်မံသွယ် တန်းမည်ဖြစ်ပြီး မြန်မာနှင့် အိန္ဒိယအကြား တွင် တမူးဘက်မှ ဆက်ကြောင်းနှစ်လိုင်း သွယ်တန်းမည်ဖြစ်သည်။အဆိုပါဆက်ကြောင်းများသည် Bandwidth capcityအားဖြင့် 155Mb (STM 1) စီရှိမည်ဖြစ်ပြီး ထိုကဲ့သို့ နယ်စပ်ဖြတ်ကျော် ဖိုင်ဘာဆက် ကြောင်း သွယ်တန်းခြင်းအားဖြင့် အင်တာနက်အမြန်နှုန်းများ ပိုမိုမြန်ဆန်လာမည်ဖြစ်သည်။

“ဒီဆက်ကြောင်းတွေကို သွယ်တန်းပြီးရင် စတင်သုံးဖို့ကတော့ ၂လ၊၃လလောက်ကြာဦးမယ်။ ဒီဆက် ကြောင်းတွေကို ထပ်သွယ်ထားတော့ SEA-ME-WE 3 ရေအောက်Cable ပြတ်သွားလည်း အင်တာနက် ပြတ်သွားတာ မျိုး မဖြစ်နိုင်တော့ဘူး” ဟု ၎င်းကပြောကြားသည်။ မြန်မာ့ဆက်သွယ်ရေးမှထုတ်ပြန်သော တရားဝင်အချက် အလက်များအရ မြန်မာနိုင်ငံတွင် ပြည်ပဆက်သွယ်ရေးဆက်ကြောင်းအနေဖြင့် ဂြိုဟ်တု၊ ဖိုင်ဘာ၊ရေအောက် Cableနှင့် နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးစနစ်များရှိပြီး အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးချန်နယ်ပေါင်း ၂၆၂၁ ခုရှိသည်။



Ref : Internet Jornal

Tuesday, May 4, 2010

မိုဘိုင်းဖုန်း ဘက်ထရီ အကြောင်း

ဖုန်းဘက်ထရီကို ကြာရှည်ခံအောင်သုံးစွဲနိုင်ဖို့ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို တင်ပြပေးချင်ပါတယ်။

ပထမဦးဆုံးအနေနဲ့ ဘက်ထရီနဲ့ပတ်သက်ပြီးသိသင့်တာလေးတွေကို အရင်ပြောပြပါ့မယ်။ မိုဘိုင်းဖုန်းအသစ် တစ်လုံးဝယ်လာပြီဆိုရင် ချက်ချင်းအားသွင်းတာမျိုး မလုပ်ဘဲ မူလပါတဲ့အားကို ကုန်အောင်သုံးလိုက် ပြီးမှ အားပြန်သွင်းသင့်ပါတယ်။အားသွင်းတဲ့အခါမှာလည်း ဖုန်းကိုပိတ်ပြီးမှ အားသွင်းသင့်ပြီး သီးခြားဖုန်းအားသွင်း စက်တွေကိုလဲ အရေးကြုံမှဘဲ သုံးသင့်ပါတယ်။ သီးခြားဖုန်းအားသွင်းစက်တွေမှာ ဓာတ်အားကိုထိန်းချုပ်မှု အားနည်း တတ်တာကြောင့်ပါ။

တစ်ကယ်လို့ ဘက်ထရီမှာ ဆဲလ်တွေ ဖောင်းလာပြီဆိုရင် မိုဘိုင်းဖုန်းကိုပါထိခိုက်နိုင်တာမို့ ဆက်မသုံးသင့် တော့ပါဘူး။ နောက်ပြီး ဖုန်းမှာမူလပါတဲ့ ဘက်ထရီကိုပဲ အားထား သုံးစွဲသင့်ပါတယ်။ ဘက်ထရီအပိုကိုတော့ အရေးကြုံမှဘဲသုံးသင့်ပြီး ဒီလိုသုံးတဲ့အခါမှာလည်း အနည်းဆုံး ဒုတိယတန်းစား အရည်အသွေးရှိ ဘက်ထရီ ကို အသုံးပြုသင့်ပါတယ်။ ဖုန်းသုံးစွဲသူတစ်ချို့က ဘက်ထရီကို အပို ဆောင်ထားပြီး လဲသုံးလေ့ရှိတယ်။ ဒါပေမယ့် ဘက်ထရီကို ဖြုတ်လိုက်တပ်လိုက် လုပ်တာ များလာရင် ဖုန်းရဲ့ဘက်ထရီတပ်တဲ့နေရာမှာ ပါတဲ့ပင်ချောင်းတွေ ချောင်လာတတ်တယ်။ 

နောက်ဆုံးပြောပြချင် တာက တစ်ကယ်လို့ သင့်မိုဘိုင်းဖုန်းကို မတော်တဆ ရေစိုသွားမယ် ဆိုရင် ပါဝါကို မပိတ်ဘဲ ဆက်သုံးတာမျိုး မလုပ်သင့်ပါဘူးဆိုတာပါ။ ရေစိုတာနဲ့ ပါဝါကိုချက်ချင်းပိတ်ပစ်ပြီး မိုဘိုင်းဖုန်း ဆားဗစ်စင်တာကို သွားရောက်ပြသသင့်ပါတယ်။

နောက်ပြီးတော့ ဘက်ထရီနဲ့ပတ်သက်ပြီး လျှပ်စစ်အမ်ပီယာအကြောင်းနဲ့ ဘက်ထရီ ဆဲလ်တွေအကြောင်းကို ပြောပြချင်ပါတယ်။

ဖုန်းဟန်းဆက်တွေရဲ့ ဘက်ထရီမှာက အမ်ပီယာအားဖြင့် 800 ကနေ 1300 အတွင်း ရှိတတ်ကြတယ်။ ဘက်ထရီ အားသွင်းစက် ပျက်သွားလို့ လဲရပြီဆိုရင် အော်ရီဂျင်နယ်ကို ၀ယ်သုံးနိုင်ရင် အဆင်ပြေပေမယ့် အော်ရီဂျင်နယ်အားသွင်းစက်ကို မရနိုင်တဲ့အခါမှာတော့ မူလအမ်ပီယာနဲ့ အနီးစပ်ဆုံးရတာကို သုံးသင့် ပါတယ်။

နောက်ထပ်ပြောပြချင်တာက ဘက်ထရီဆဲလ်တွေအကြောင်းပါ။

ဘက်ထရီအားက အိုင်ဖုန်းဆိုရင်အနည်းဆုံး ၃ ရာခိုင်နှုန်း၊ တခြားဖုန်းဆိုရင် ၅ရာခိုင်နှုန်း ကနေအများဆုံး ၂၀ရာခိုင်နှုန်းအထိ လောက်ပဲ ကျန်အောင်ချန်ပြီး အကုန်သုံးပစ်သင့်ပါတယ်။ ဘက်ထရီ ဆဲလ်တွေကို ကုန်အောင်မသုံးပစ်ဘဲ ခဏလေးနဲ့ အားပြန်သွင်းပြီး သုံးတဲ့အခါ နောက်ပိုင်းမှာ ဆဲလ်တွေမှာ လျှပ်စစ်အား အပိုဖြစ်ပြီး ကြာလာတဲ့အခါ အလုပ်မလုပ်တော့ တာမျိုးတွေ ရှိလာတယ်။

ပြီးတော့ ဘက်ထရီတွေမှာက ဓာတ်အားတိုင်းတာပေးတဲ့စနစ်ပါရှိတယ်။ ဒီစနစ်က ဆဲလ်တွေမှာ ဓာတ်အား ပြည့်၊ မပြည့်တိုင်းတာ ပေးတာဖြစ်ပြီး ပျက်စီးသွားတဲ့ဆဲလ်တွေကို ထည့်သွင်းမတိုင်းတာပါဘူး။ ဒါကြောင့် ဆဲလ်တွေ ပျက်စီးလာတဲ့အခါ ပုံမှန်နာရီပြည့်အောင် ဘတ်ထရီသုံးလို့မရတော့ဘဲ ဖုန်းကို အားသွင်းရင်လည်း ခဏလေးနဲ့ အားပြည့်နေကြောင်း Sign ပြနေပါလိမ့်မယ်။
မိုဘိုင်းဖုန်းတစ်လုံးမှာ ဘက်ထရီမကောင်းရင် အသုံးပြုရတာ အဆင်မပြေဖြစ်နိုင်သလို နောက်ဆုံးမှာ ဖုန်းကိုပါထိခိုက်ပျက်စီးစေ နိုင်တာမို့ ဘက်ထရီကောင်းတစ်လုံးကို ရွေး ချယ်အသုံးပြုတတ်ဖို့က အရေး ကြီးပါတယ်။ ဒီတော့ ဘက်ထရီဝယ်ပြီးမှ သင်စိတ်မညစ်ရစေဖို့ ဘက်ထရီအတု၊အစစ်ဘယ်လိုခွဲမလဲဆို တာကို တင်ပြပေးချင်ပါတယ်။

လက်ရှိဈေးကွက်ထဲမှာ ဘက်ထရီအတု ပြဿနာက အသုံးများတဲ့ မိုဘိုင်းဖုန်းအမျိုးအစားတွေဖြစ်တဲ့ နိုကီယာနဲ့ ဆိုနီအဲရစ်ဆင်မှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။

နိုကီယာဘက်ထရီမှာ အစိမ်းရောင်စတစ်ကာပါရှိပြီး ဘက်ထရီနံပါတ်လည်း ပါရှိပါတယ်။ အတုတွေမှာလည်း အစိမ်းရောင်စတစ်ကာပါရှိတတ်ပေမယ့် ဘက်ထရီအစစ်နဲ့ ဒုတိယတန်းစား ဘက်ထရီတွေမှာ ပါတာက Nokia Enahancement ဆိုတဲ့ စာသားပါတဲ့ သုံးဖက်မြင်စတစ်ကာပါ။ ဒီစတစ်ကာလေးက သုံးဖက်မြင် ဖြစ်တဲ့အတွက် စာသားကစတစ်ကာ မျက်နှာပြင်အပေါ်မှာရှိနေတာမျိုး မဟုတ်ဘဲအောက် တစ်နေရာမှာ ရှိနေသယောင် ဖြစ်နေပါတယ်။ ဘက်ထရီအတုတွေမှာတော့ အစိမ်းရောင်စတစ်ကာ ပါပေမယ့် သုံးဖက်မြင် ပုံရိပ်မျိုးကိုမြင်တွေ့ရမှာ မဟုတ်ပါဘူး။

ဆိုနီအဲရစ်ဆင်ဘက်ထရီတွေမှာတော့ သိသာထင်ရှားတဲ့ထူးခြားချက်နဲ့ ခွဲခြားလို့မရ နိုင်တဲ့အတွက် စမ်းသုံး ကြည့်မှဘဲ သိရမှာပါ။

ဒီတော့ သုံးကြည့်ပြီးလို့ သုံးလလောက်အတွင်းမှာ ဘက်ထရီက ဖောင်းကြွတက်လာပြီး အားအပြည့် သွင်းထားပေမယ့်လည်း ကြာရှည်မခံတာမျိုးဆိုရင် အတုဖြစ်နေတတ်ပါတယ်။

မိမိဟန်းဆက်ရဲ့ ဘက်ထရီသက်တမ်းကောင်း၊ မကောင်းကိုသိနိုင်ရန် နည်းလမ်းနှစ်မျိုးရှိပါတယ်။တစ်မျိုးက
  
Nokia ဖုန်းများရဲ့ ဘက်ထရီများတွင် ဘက်ထရီ ဗိုက်ဖောင်းလာခြင်းကို စားပွဲပေါ်တွင်တင်၍ လှည့်ကြည့် ခြင်းဖြင့် ဘက်ထရီ မွတ်နေအောင်လည်ပါက ဘက်ထရီ သိပ်မကောင်းတော့တာကို အလွယ်တကူ သိနိုင် ပါတယ်။ 
Sony Ericsson နှင့်အခြားbrand များမှ ဘက်ထရီများမှာတော့ Nokia ဖုန်းများကဲ့သို့ အလွယ်တကူမသိနိုင် သော်လည်း မိမိအသုံးပြုနေသော ဟန်းဆက်မှဘက် ထရီကိုဖြုတ်ပြီး မီတာဖြင့်ထောက်ကာ စမ်းကြည့်မယ် ဆိုရင် ကောင်းမွန်တဲ့ဘက်ထရီများသည် 3.9 Vပုံမှန်ရှိပြီး အနည်းဆုံးမှာ 3.7 V ရှိတတ်ကြပါတယ်။ အကယ်၍ ကြာမြင့်စွာ ဖုန်းအားသွင်းထားသော်လည်း 3.2, 3.3 V ထက်ပို၍သွင်းလို့မရတော့ဘူးဆိုရင် ဘက်ထရီ သိပ်မကောင်းတော့ဘူးဆိုတာ သိနိုင်ပါတယ်။




ဒီတော့ အထက်က ဖော်ပြခဲ့တဲ့နည်းလမ်းလေးကို အသုံးပြုလို့ ကိုယ့်အတွက် တကယ် အသုံးတည့်ပြီး ကြာရှည်ခံမယ့် ဖုန်းဘက်ထရီလေးတွေကို ရွေးချယ်ဝယ်ယူနိုင်ပါပြီလို့...။

Friday, April 2, 2010

ပို့ပြီးသား အီးမေးလ်ကို ဘယ်လို ပြန်ပြင်မလဲ...

ကျွန်တော်တို့ ကြားဖူးနေကျ မြန်မာစကားပုံတစ်ခုရှိပါတယ်။'ကြမ်းကျွံရင်နုတ်လို့ရတယ်၊စကားကျွံရင်နုတ်လို့  မရဘူး'ဆိုတဲ့ စကားပုံပါ။ဒီလိုပါပဲ အီးမေးလ်တွေကို အသုံးပြုကြတဲ့အခါ ကိုယ့်ဆီကထွက်ပြီးသား အီးမေးလ် ကို ပြန်ယူပြီး စိတ်ကြိုက်ပြင်လို့ မရနိုင်ပါဘူး။ ဒါပေမယ့် တစ်ခုခုမှားယွင်းသွားတဲ့ သင့်အီးမေးလ်ကို ချက်ချင်း ပြန်ခေါ်ပြီး ပြင်ဆင် နိုင်မယ့်လုပ်ဆောင်ချက်တစ်ခုကို ဂူးဂဲလ်က ဖန်တီးပေး ထားပါတယ်။

ဒါကတော့ ဂျီမေးလ်ကနေ သင်ပို့လိုက်တဲ့အီးမေးလ်ကိုပို့ပြီး ငါးစက္ကန့်အတွင်းမှာ Undoလုပ်ပြီးပြန်ပြင်နိုင်မယ့် လုပ်ဆောင်ချက်ပါ။ ဒီလုပ်ဆောင်ချက်ကို အသုံးပြုနိုင်ဖို့အတွက် သင့်ဂျီမေးလ်လိပ်စာရဲ့ ညာဘက် အခြမ်း အပေါ်ဘက်မှာရှိတဲ့ Setting ထဲက Lab ဆိုတာကို ကလစ်နှိပ်ပြီး ရွေးလိုက်ပါ။ Lab ထဲကမှ Undo send option ဆိုတာကိုရွေးပြီး Enable လုပ်လိုက်ပါ။ ပြီးရင် ကိုယ်ပြောင်းထားတဲ့ Setting ကို Save လုပ်ပြီးတာနဲ့ ဒီလုပ်ဆောင်ချက်ကို စသုံးလို့ရပါပြီ။

ဒီလုပ်ဆောင်ချက်ရဲ့အလုပ်လုပ်ပုံက သင်အီးမေးလ်တစ်စောင်ပို့လိုက်ပြီ ဆိုတာနဲ့ သင့်ကိုအသိပေးတဲ့ Your message has been sent ဆိုတဲ့ စာသားလေးပေါ်လာပါတယ်။ ဒီစာသားလေးရဲ့ဘေးမှာ Undo ဆိုတဲ့ လင့်ခ်လေး တစ်ခုပါပါတယ်။ သင့်အနေနဲ့ ခုနကပို့လိုက်တဲ့အီးမေးလ်ကို ပြန်ခေါ်ပြီး ပြန်ပြင်ချင်တယ်ဆိုရင် အဲဒီ Undo ဆိုတဲ့ လင့်ခ်လေးကို နှိပ်လိုက် ရုံပါပဲ။

အဲ ...တစ်ခုရှိတာက သင်ပို့လိုက်တဲ့ အီးမေးလ်ကိုပြန်ပြင်၊ မပြင် ဆုံးဖြတ်ဖို့အတွက် ငါးစက္ကန့်ပဲအချိန်ရတယ် ဆိုတာပါပဲ။တကယ်လို့ ကိုယ့်မှာပြင်ဆင်စရာတွေရှိတယ်ဆိုရင် အီးမေးလ်ပို့ပြီးငါးစက္ကန့်အတွင်း Undoပြန်နှိပ် လို့ ပြန်ပြင်ကြည့်လိုက်ပေါ့။ ဒီနည်းလေးမှာ လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်က အရမ်းကောင်းပေမယ့် ပြင်၊ မပြင်ဆုံးဖြတ်နိုင်ဖို့ ရတဲ့အချိန်ကတော့ နည်းလွန်းလှပါတယ်။

ဒါပေမယ့် လုံးဝပြင်လို့မရတော့တာထက်စာရင်တော့ ပြင်လို့ရတာက ကိုယ့်အတွက် အများကြီးကောင်းတာမို့ ဒီလုပ်ဆောင်ချက်လေးကို ကျွန်တော်တော့ နှစ်ခြိုက်မိပါတယ်။ ဂူးဂဲလ်ရဲ့ ဒီလုပ်ဆောင်ချက်လေးကို အသုံးချ လို့ အမှားကင်းစင်တဲ့ အီးမေးလ်တွေကို ဖန်တီးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ....။




Credit : Myanmartimes
 ........................

Wednesday, March 31, 2010

မြန်မာ့ဟက်ကာတွေ Georgia အစိုးရရဲ့ ဆိုက်တစ်ခုကို ဟက်(Hack) လိုက်ဟုဆို

Home Page ကို Deface လုပ်ခဲ့ကာ server ကွန်ပျူတာ အထဲအထိကို ၀င်ရောက် မွေနှောက်ခဲ့ပါတယ်။ BurmeseHackers ဆိုတာဘယ်သူတွေမှန်းမသိသလိုအရင်ကလည်းမကြားဖူးပါဘူး။ သေချာတာတော့ underground hackers အဖွဲ့တစ်ဖွဲ့ပါပဲ။ မေးလ်ကတော့ ughackersgroup{at}gmail.com လို့သိရပါ တယ်။သူတို့တွေက SQL Injection နဲ့ admin password ကိုရယူကာ c99 shell ကိုအသုံးပြုသွားပုံရပါ
တယ်ဟု Planet Creator's Security Team and Hacker Group က ဆိုပါသည်။









































Credit : MCO(www.MyanmarChatonline.org)

Tuesday, March 30, 2010

တရုတ်ပြည်မကြီးမှ Google ထွက်ခွာပြီ

တရုတ်ပြည်မကြီးအတွက် ၎င်းတို့၏ ထောက်ပံ့ထားသော ၀န်ဆောင်မှုများကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း
ကမ္ဘာ့အကြီးဆုံး Search Engine ကုမ္ပဏီကြီး Googleက အတည်ပြု ပြောကြားလိုက်သည်။ ထို့ကြောင့် ယခုအခါ တရုတ်ဘာသာဖြင့် Googleအား အသုံးပြုလိုသူများသည်ဟောင်ကောင်အခြေစိုက်Serverကိုသာ လွှဲပြောင်းအသုံးပြုရတော့မည်ဖြစ်သည်။

မတ်လ(၂၃)ရက်နေ့က Googleသည် တရုတ်ပြည်မကြီးရှိ ၎င်းတို့၏ ရှာဖွေရေးဝန်ဆောင်မှုများရပ်ဆိုင်းပြီဟု
ကမ္ဘာသိ ကြေညာခဲ့ပြီး သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကိုမူ ဆက်လက်ဆောင်ရွက်နေဦးမည်ဟု
အတည်ပြုခဲ့သည်။ တရုတ်အစိုးရက Google.cnတွင် ဆင်ဆာပြုလုပ်ရန် ဖိအားပေးမှုများ ပြုလုပ်ပြီးနောက်
Googleနှင့် တရုတ်အစိုးရကြား တင်းမာမှုများ စတင်ပေါ်ပေါက် လာခဲ့သည်။ တရုတ်နှင့် လပေါင်းများစွာ
ပြဿနာရှိနေခဲ့ပြီးနောက် Googleက ရွေးချယ်သွားသည့် လမ်းမှာ လုံးဝမှားယွင်းနေကြောင်း ဝေဖန်ခဲ့သည်။
Google၏ ဟောင်ကောင်အခြေစိုက် ၀က်ဘ် စာမျက်နှာတွင် “တရုတ်ဘာသာနဲ့ ရှာဖွေမှုတွေ ပြုလုပ်ချင် သူတွေ အတွက် ရိပ်မြုံသစ်လေးက ကြိုဆိုပါတယ်”ဟု တရုတ်ဘာသာဖြင့် မတ်လ(၂၂)ရက်နေ့ကတည်းက ဖော်ပြထားခဲ့သည်။

Google၏ ဥပဒေဌာနအကြီးအကဲ ဒေးဗစ်ဒရမ်မွန်းက “Googleရဲ့ Businessလုပ်ငန်းတွေကို တရုတ်ပြည်
မှာဆက်လုပ်နေတော့မှာ မဟုတ်ပါဘူး။ဒါပေမယ့် ဖွံ့ဖြိုးရေးနဲ့ သုတေသနစီမံကိန်းတွေကတော့ အရင်လိုပဲ
ဆက်ရှိနေမှာပါ။ နောက်ပြီးတော့ ပြင်ဆင်မှုနဲ့ အရောင်းကိစ္စတွေကလည်း တရုတ်ပြည်မှာ ဆက်ပြီးလည်
ပတ်နေပါဦးမယ်။ ဒါပေမယ့် တရုတ်ဘာသာစကားနဲ့ Googleကို သုံးချင်တဲ့ တရုတ်ပြည်သူတွေအတွက် အရင် Linkအစား Google.com.hkကို အစားထိုး သုံးသွားရ တော့မှာပါ”ဟု ပြောဆိုသွားသည်။

Googleသည် ဇန်န၀ါရီလအတွင်းက အင်တာနက်မှတဆင့် ထိုးဖောက်တိုက်ခိုက်မှု အကြိမ်(၂၀)မျှ ကြုံတွေ့ ခဲ့ရပြီး ထိုကိစ္စများသည် တရုတ်Hackerများ၏ လက်ချက်သာဖြစ်ကြောင်း သတင်းများကဖော်ပြခဲ့ပြီးနောက် Googleနှင့်တရုတ်တို့ကြားဆက်ဆံရေးသည် ပိုမိုဆိုးရွားလာခဲ့သည်။အခြေအနေအရပ်ရပ် ကြောင့်မိမိတို့၏ Google.cn၏ ရပ်တည်ရေးမှာပိုမိုခက်ခဲလာပြီး ဆက်လက်ညှိနှိုင်းမှုများပြုလုပ်ရန်မဖြစ်နိုင်တော့ဟု ဒရမ်မွန်း က ပြောကြားခဲ့သည်။ ယခုအခါ Google.cnကို ၀င်ရောက်သည့်အခါ အလိုအလျောက်ပင်Google.com.hk သို့ ပြောင်းလဲချိတ်ဆက်ထားပြီဖြစ်သည်။ Googleသည်ကမ္ဘာ အရပ်ရပ်တွင်ဝန်ထမ်း(၂၀၀၀၀)ကျော်ခန့် ထားပြီး ယင်းတို့အနက် တရုတ်ပြည်တွင် ၇၀၀ခန့်ရှိ ကြောင်းလည်း သတင်းရရှိသည်။



Credit : www.mymcnews.net
.......................

Wednesday, March 10, 2010

ဆိုက်ဘာတိုက်ခိုက်မှုမှ ကာကွယ်နိုင်ရန် ရတနာပုံတယ်လီပို့ ကုမ္ပဏီ စီစဉ်ဆောင်ရွက်

ရတနာပုံတယ်လီပို့ကုမ္ပဏီလီမိတက်မှ အင်တာနက်ဝန်ဆောင်မှုများအား ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာ စံတော်ချိန် နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် DDoS (Distributed Denial-of-Service) စနစ်ဖြင့် ပြည်ပမှ Cyber Attack ပြုလုပ်မှုများကြောင့် အင်တာနက်လိုင်းများနှေးကွေးခဲ့ကြောင်း သိရသည်။

ယခုအခါတွင် အဆိုပါAttackကိုကာကွယ်ရန်အတွက် စက်ပစ္စည်းအသစ်များနှင့် Solutionများကိုတပ်ဆင် အသုံးပြုပြီး ဖြစ်ရာ အင်တာနက်ဝန်ဆောင်မှုများအား ပုံမှန်အတိုင်း ပြန်လည် ၀န်ဆောင်မှု ပေးလာနိုင်ပြီ ဖြစ်သည်ဟု သိရသည်။နောက်ပိုင်းကာလများတွင်လည်း DDoS စနစ်ဖြင့် Cyber Attack ပြုလုပ်မှုကို ကာကွယ်နိုင်ပြီဖြစ်ကြောင်း ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူ တစ်ဦးက ထုတ်ဖော် ပြောကြားခဲ့သည်။

“ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ရတနာပုံတယ်လီပို့က ၀န်ဆောင်မှုပေးနေတဲ့ အင်တာနက်ဆားဗစ်တွေကို DDoS စနစ်နဲ့ အဆက်မပြတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီစနစ်ဟာ IP အတုအယောင်တွေနဲ့ အခြားသူတွေ ၀င်မရအောင်လုပ်တာဖြစ်တဲ့အတွက် ဒီမှာက သုံးတဲ့ IP အရမ်းများတဲ့အခါမှာ Cyber Attack ကြောင့်
IP အတုအယောင်တွေများပြီး ပြည်တွင်းကသူတွေ သုံးမရတဲ့အထိ Server တွေ Down ကုန်ပါတယ်။ ဒီကိစ္စတွေကိုဖြေရှင်းဖို့အတွက် ပြည်တွင်းအိုင်တီကုမ္ပဏီတွေ၊ ပညာရှင်တွေနဲ့ပူးပေါင်းပြီး ကာကွယ်ဖို့ နည်းလမ်း တွေကို စဉ်းစားရှာဖွေခဲ့ပါတယ်။ စဉ်းစားရှာဖွေပြီးတဲ့အခါမှာ လိုအပ်တဲ့စက်ပစ္စည်းတွေကို မှာယူခဲ့ပြီး ယခုလိုဆောင်ရွက်ခဲ့တာဖြစ် ပါတယ်” ဟု ရတနာပုံတယ်လီပို့ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်မှ အင်တာနက်ဝန်ဆောင်မှုများအားCyber Attacl ပြုလုပ်ခံရခြင်းမှာ ပထမအကြိမ်ဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ Cyber Attack ကိုကာကွယ်ရန် နည်းလမ်းကိုရတနာပုံ တယ်လီပို့အနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြည်တွင်းအိုင်တီ ကုမ္ပဏီများနှင့် ပြည်မှပညာရှင်များမှ ပူးပေါင်း၍ဖြေရှင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။


Ref:Internet Journal
.................................

Yatanarpon Teleport Server ပြည်ပမှတိုက်ခိုက်ခြင်းခံရ


ပြည်တွင်းအင်တာနက်လိုင်းများ ဖေဖော်ဝါရီတလလုံးနှေးကွေးနေခြင်းမှာ ရတနာပုံတယ်လီပို့ ISP အား ပြည်ပနိုင်ငံတွင်နေထိုင်သူ Attacker များမှတိုက်ခိုက်ခဲ့ခြင်းကြောင့်ဖြစ်ပြီး၊ယခု အဆိုပါတိုက်ခိုက်ခံရမှုကို
ရတနာပုံတယ်လီပို့ကုမ္ပဏီမှ အိုင်တီပညာရှင်များနှင့်ပူးပေါင်းဖြေရှင်းပြီးဖြစ်သဖြင့် အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်မြန်ဆန်လာပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး ကပြောကြားသည်။

DDoS(Distributed Denial of Service) စနစ်ဖြင့်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး၊ဆိုက်ဘာတိုက်ခိုက်မှုတစ်ခု ဖြစ်သည်။ရည်ရွယ်ချက်မှာ အင်တာနက်အသုံးပြုသူများအားအင်တာနက်များသုံးစွဲမရအောင်ရည်ရွယ် ကြိုးပမ်းခြင်းဖြစ်ကြောင်း သိရသည်။ထို့ကြောင့်ရတနာပုံတယ်လီပို့ ISPအား တိုက်ခိုက်ခဲ့ ခြင်းမှာ ရတနာပုံတယ်လီပို့ကုမ္ပဏီ၏ နာမည်ပျက်စေရန်နှင့် ယင်းISP၏၀န်ဆောင်မှုများအား သုံးစွဲသူများက ယုံကြည်မှုမရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအထက်ပါ တာဝန်ရှိသူ ကဆိုသည်။

“ပြီးခဲ့တဲ့တလလုံးရတနာပုံ ISP ကလိုင်းတွေနှေးကုန်တယ်။အင်တာနက်ပေါ်မှာလည်း ကွန်နက်ရှင်မကောင်း လို့ ဟိုတယ်တွေက ဘွတ်ကင်တွေမရဘူး။လေကြောင်းလိုင်းတွေလည်း အချိန်တွေ နှောင့်နှေးတယ်ဆိုပြီး သတင်းတွေအဆက်မပြတ်တက်လာတယ်။နိုင်ငံခြားမှာသာဆိုရင်အဲဒီ ISP ကသူနဲ့ဆက်စပ်နေတဲ့ လုပ်ငန်း တွေကို လျော်ကြေးပေးရပြီ “ ဟု ၄င်း ကဆက်လက်ပြောသည်။

ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလ ၁ ရက်နေ့နံနက် ၁၀နာရီ၃၀မိနစ် တွင်စတင်၍ DDoS စနစ်ဖြင့်တိုက်ခိုက်ခံခဲ့ရသော ရတနာပုံတယ်လီပို့ ISP အနေဖြင့် ပြည်တွင်းကွန်ပျူတာပညာရှင်များ ၊အိုင်တီကုမ္ပဏီများ ၊ပြည်ပမှ
အိုင်တီ ပညာရှင်များနှင့်ပူးပေါင်း၍ အဖြေရှာခဲ့ခြင်းကြောင့် ယခုလ ၁ရက်နေ့ မှစ၍ ယင်းနှင့်ချိတ်ဆက် ထားသော ပြည်တွင်းအင်တာနက် လိုင်းများပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်းသိရသည်။

“အခုအင်တာနက်လိုင်းတွေပြန်ကောင်းသွားပြီဆိုတာပြည်တွင်းရောပြည်ပကပညာရှင်တွေပေါင်းပြီးsolution တစ်ခုထွက်အောင်လုပ်ရတယ်။ပြီးတော့ ပြည်ပက ပိုမိုကောင်းမွန်တဲ့စက်ပစ္စည်းတွေနဲ့ပြန်ပြီး ပြုပြင်တပ်ဆင် လိုက်တော့ကောင်းသွားပါပြီ။နောက်တစ်ခါဒီလိုဘယ်တော့မှတိုက်ခိုက်လို့ မရတော့ပါဘူး။ဒီတစ်ခါ ရတနာပုံ နိုင်သွားပြီပေါ့။ရတနာပုံISPကိုDDoS စနစ်နဲ့တိုက်ခိုက်တဲ့သူတွေကို အင်တာနက်မှာစုံစမ်းကြည့်လိုက်တော့ ပြည်ပမှာနေတဲ့ Source (အရင်းမြစ်)နှစ်ခုကိုခန့်မှန်းလို့ရပေမယ့် အတိအကျတော့ မပြောနိုင်သေးပါဘူး။ ” ဟု ၄င်းကဆိုသည်။

နှေးကွေးခဲ့သောအင်တာနက်လိုင်းများယခင်ကဲ့သို့ ပြန်လည်ကောင်းမွန် မြန်ဆန်ရန်အတွက် February တစ်လလုံးအချိန်ယူခဲ့ရကြောင်း၊ ယခုကဲ့သို့ပြန်လည် မကောင်းမွန်မီ စတင်တိုက်ခိုက်ခံရသည့်အချိန်မှစ၍ အဆက်မပြတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းကဲ့သို့ တိုက်ခိုက်ခဲ့မှုများတွင် ISP ၏ သုံးစွဲသည့် Bandwidth ပမာဏသည် လွန်စွာများပြားသဖြင့် သုံးစွဲသူများအားသုံးစွဲခြင်းမပြုနိုင်အောင်လုပ်ခြင်း
သည်လည်း တစ်ချက်အပါအ၀င်ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီတစ်လလုံးရတနာပုံတယ်လီပို့ ISP ၏ အင်တာနက်လိုင်းများမကြာခဏပြုတ်ကျခြင်း၊ ရပ်တန့်သွားခဲ့ခြင်းများကြောင့် ပြည်တွင်းရှိအင်တာနက်နှင့် ချိတ်ဆက်အသုံးပြုရသော လုပ်ငန်းများအားလုံး နီးပါး နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ကြောင်းစုံစမ်းသိရှိရသည်။

ရတနာပုံတယ်လီပို့သည် ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်း ၀န်ကြီးဌာနမှသာလုပ်ကိုင်ဆောင်ရွက်ခွင့် ရှိသော ပြည်တွင်း၏ဆက်သွယ်ရေးလုပ်ငန်းများကို အဆိုပါဝန်ကြီးဌာနနှင့်အတူပူးတွဲလုပ်ကိုင်ခွင့်ရသော တစ်ခုတည်းသောပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်သည်။



Ref:7daynews
.............................................

CDMA 800MHz ဖုန်းများ နယ်မြေတိုးချဲ့မှုပြီးစီးပါက နယ်မြေကန့်သတ်ချက်များရှိလာနိုင်


CDMA 800MHz ဖုန်းများအား နယ်မြေများတိုးချဲ့အသုံးပြုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာပြီးစီး ပါက နယ်မြေကန့်သတ်ချက်များဖြစ်လာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။CDMA 800MHzဖုန်းများအား စတင် ငှားရမ်းအသုံးပြုစဉ်ကာလက နယ်မြေကန့်သတ်ချက်များဖြင့်သာ အသုံးပြုနိုင်မည်ဖြစ်သည် ဟု သိရှိထားခဲ့ကြသော်လည်း ယခုအချိန်တွင် သတ်မှတ်နယ်မြေများထက်ကျော်လွန်ကာ အသုံးပြုနိုင်လျက် ရှိကြောင်းသိရသည်။ သို့ရာတွင် နောက်ပိုင်း၌ 800MHz ဖုန်းများအား နယ်မြေများ တိုးချဲ့သတ်မှတ်မည် ဖြစ်ပြီး ဖုန်းတိုင်များပြီးစီးခဲ့ပါက နယ်မြေသတ်မှတ် ချက်များလည်း ဖြစ်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

CDMA 800MHz ဖုန်းများ စတင်ငှားရမ်းအသုံးပြုစဉ်ကာလတွင် ယင်းဖုန်းများအတွက် ဖုန်းအသုံးပြုနိုင်မည့် နယ်မြေများအဖြစ် မြို့နယ်သုံးဆယ့်တစ်မြို့နယ် အသုံးပြုနိုင်ရန်အတွက် စီစဉ်ထားခဲ့ပြီး မြို့နယ်အလိုက် ဖုန်းတိုင်များအား အသုံးပြုနိုင်ရန် စီစဉ်ထားခဲ့ကြောင်း သိရသည်။ CDMA 800MHz ဖုန်းများအား စတင် အသုံးပြုစဉ်ကာလတွင် ဖုန်းများအား နယ်မြေကန့်သတ် ချက်များထက်ကျော်လွန်ကာ အသုံးပြုနိုင်လျက်ရှိ သော်လည်း နောက်ပိုင်းတွင် နယ်မြေအလိုက် သတ်မှတ်ထားသော ဖုန်းတိုင်များ ဆောင်ရွက်မှုပြီးစီးခဲ့ပါက ဖုန်းတိုင်အလိုက် နယ်မြေကန့်သတ် ချက်များ ရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယင်းကဲ့သို့ နယ်မြေကန့်သတ်ချက်များမရှိပဲ အသုံးပြုနိုင်နေမှုများမှာ ဧပြီလကုန်ပိုင်းလောက်ထိသာ ရှိနိုင်နေမည်ဖြစ်ပြီး နောက်ပိုင်းတွင် သတ်မှတ်နယ်မြေတိုင်များပြီးစီးခဲ့ပါက နယ်မြေများဖြင့်သာ အသုံးပြု သွားရမည်ဖြစ်ကြောင်း သိရသည်။ 

“CDMA 800MHz ဖုန်းတွေက ခုချိန်မှာတော့ နယ်မြေကန့်သတ်ချက်ထက်ကျော်ပြီး အသုံးပြုနိုင်နေပါတယ်။ ဒါကလည်း သတ်မှတ်နယ်မြေတွေရဲ့ ဖုန်းတိုင်တွေအကုန်လုံးမပြီး သေးတာကြောင့်ပါ။ အဲဒါကြောင့်ဖုန်းတွေ က နယ်မြေကန့်သတ်ချက်သိပ်မရှိသေးပဲ အကုန်လုံးနီးပါးလောက်ကို အသုံးပြုလို့ရနေပါတယ်။ ဒါပေမယ့် သတ်မှတ်နယ်မြေတွေရဲ့ဖုန်းတိုင်တွေ အကုန်လုံးပြီးသွားတဲ့အချိန်ကျရင်တော့ သူ့အလိုလိုနယ်မြေကန့်သတ် ပြီး သားဖြစ်သွားမှာပါ” ဟု Elite မှ တာဝန်ရှိသူ တစ်ဦးမှ ပြောသည်။



 Ref:Internet Journal
.................................

Monday, February 22, 2010

Google's Buzz အကြောင်း





Google ကုမ္ပဏီရဲ့ Web mail ၀န်ဆောင်မှုဖြစ်တဲ့ Gmail တွင် နာမည်ကျော်
social networking ဆိုက်များဖြစ်တဲ့ Twitter နဲ့ Facebook ကဲ့သို့ social-networking
လုပ်ဆောင်နိုင်စွမ်းများကို ထည့်သွင်းပေးထားတဲ့ Google Buzz ကို
လွှင့်တင်လိုက်ကြောင်း သိရပါတယ်။

Google ဟာ Facebook နဲ့ Twitter ကဲ့သို့ status update များဝေမျှခြင်း၊ ဓာတ်ပုံနဲ့
ဗီဒီယိုများဝေမျှခြင်း စတဲ့ ၀န်ဆောင်မှုတို့ကို ပြုလုပ်နိုင်စေရန်အတွက် Google Buzz
ကိုပြုလုပ်ခြင်းဖြစ်ပြီး အချိန်တိုတွင်း Gmail အသုံးပြုသူအားလုံး အသုံးပြုနိုင်စေရန်
စီစဉ်လျက်ရှိတယ်လို့ ဆိုပါတယ်။ Google Buzz တွင် ဓာတ်ပုံများကိုဝေမျှခြင်း၊
status update များကိုဝေမျှခြင်းအပြင် Twitter, Picasa, Flickr, Google Reader
စတဲ့ ၀က်ဘ်ဆိုက်များနဲ့လည်း ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။ Update များကို အချိန်နဲ့တစ်ပြေးညီသိရှိနိုင်မှာဖြစ်သလို မိုဘိုင်းဖုန်းအတွင်းတွင်လည်း ထည့်သွင်း
အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ယခုလို Google မှ Gmail အတွင်း
social-networking လုပ်ဆောင်နိုင်စွမ်းများကို ထည့်သွင်းခြင်းဟာ
မကြာမီကပြုလုပ်ခဲ့တဲ့ Google Wave နဲ့သက်ဆိုင်မှုမရှိဘူးလို့ဆိုပါတယ်။
Google ဟာ social-networking ဆိုက်အဖြစ် Orkut ကို လွှင့်တင်ထားပေမယ့်လည်း
၎င်းင်းဟာ နိုင်ငံအချို့တွင်မှာ သာတွင်တွင်ကျယ်ကျယ်အသုံးပြု ကြပြီး Facebook နဲ့
နှိုင်းယှဉ်လျှင် များစွာကွာခြားလျက်ရှိကြောင်း သုံးသပ်သူအချို့က ဝေဖန်ပြောကြား
ခဲ့ပါတယ်။


နောက်တော့ .......
သူငယ်ချင်း တစ်ယောက်ဆီက အခုလိုလေးး Fwd Mail တစ်စောင်ဝင်လာတယ်..
ဖတ်ကြည့်လိုက်ကြပါဦးး Google Buzz နဲ့ ပတ်သတ်ပြီးးရှောင်ဖို့ တွေပေါ့ .



Google Buzz ကို ဒီ ၂ ရက်အတွင်းမှာ တော်တော်လန့်သွားတယ်။
အဓိကကတော့ privacy လုံးဝကို မလုံခြုံတော့ဘူး။
Google ဘာတွေလုပ်နေလဲ မသိတော့ဘူး ဒီ ၂ ရက်အတွင်းမှာကို
သူတို့ တိတ်တိတ်လေးနဲ့ ပြင်နေတာ အများကြီးပဲ။
Buzz ထဲမှာ ကျွန်တော့်ကို follow လုပ်ဖို့ ကျွန်တော့်ကို ခွင့်တောင်းစရာမလိုဘူး။
follow လုပ်ပြီးတာနဲ့ ကျွန်တော် တင်သမျှ Buzz messages တွေအကုန် ဖတ်လို့ရ
သွားပြီ။ ကျွန်တော် မတင်ဘဲနဲ့လဲအခြား Google က services တွေမှာ ကျွန်တော်
လုပ်သမျှ Buzz မှာ update လုပ်နေတယ်။ ဥပမာ Google Reader မှာ တစ်ခုခု
share တာမျိုးကိုအကုန်ကြည့်လို့ ရနေတယ်။ နောက် Gtalk Status message
ကိုလဲ update လုပ်တယ်။

Google Profile မှာ ကိုယ့်ဖြည့်ထားသလောက် information ကလဲ လူတိုင်း
ကြည့်လို့ရနေပြီ။ အရင်က profile ကို hide လုပ်ထားလို့ရတယ်။
အခု Buzz ထွက်လာတော့ profile က ကျွန်တော့် message က နာမည်ကို
နှိပ်လိုက်တာနဲ့တန်းပြီး ကြည့်ရုံပဲ ဖုန်းနံပါတ်တွေ Geolocation တွေများ ထည့်ထားသေးရင်ဘယ်နားရောက်နေတယ် ဆိုတာပါသိရမယ်။

အရမ်းကြောက်ဖို့ ကောင်းတယ် နောက် Google ကlive Search လိုမျိုး
လုပ်ပြီး လူတိုင်း messages တွေကို ဝင်ရှာနိုင်တဲ့service မျိုးလုပ်နိုင်သေး
တယ်။ မိုဘိုင်းဖုန်းကနေ Nearby Search အခုလုပ်လိုက်ရင် Buzz ကို
မိုဘိုင်းဖုန်းသုံးနေတဲ့ သူတွေ(မြန်မာနိုင်ငံသားတွေ) အကုန်ရှာလို့
ရနေတယ်။

တော်တော်လေးလန့်သွားတယ် ကျွန်တော်က VIP ပုဂ္ဂိုလ်လဲမဟုတ်ဘူး
ကိုယ့်အကြောင်းကို ဖုံးထားမှ ဖြစ်မယ့် လူမျိုးလဲ မဟုတ်ဘူး။ ဒါပေမယ့်
ကျွန်တော့် အကြောင်းကို web ပေါ်မှာ အကုန်ကြည့်လို့ ရနေတာကိုတော့
တော်တော်လေးလန့်သွားတယ်။ လောလောဆယ် Buzz ထဲမှာ Mashable
လိုမျိုးကို followလုပ်လို့ရတယ်။ သူတို့ ဘာတွေ အသစ်တင်လဲဖတ်လို့ရတယ်
comment ဝင်ရေးလိုက်ပြီဆိုပါစို့ အဲဒီ comment မှာပါတဲ့ ကျွန်တော့် နာမည်
profileကနေ email ဖြည့်ထားရင် spam mail ပို့လို့ရပြီ။ Geolocation နဲ့ Buzz ကို
update လုပ်ထားရင် ကျွန်တော်ရှိတဲ့ နိုင်ငံကို လိုက်ပြီး location based
Spam ကြော်ငြာတွေ ပို့လို့ရပြီ။ ပြောလို့မရဘူး contact မှာပါတဲ့
ဖုန်းနံပါတ်တွေကို mobile ဖုန်း ကြေငြာလုပ်တဲ့ သူတွေ location based နဲ့
လိုက်ရှာပြီး SMS ကြော်ငြာတွေ ပို့လို့ ရနေမယ်။ အနည်းဆုံး SMS နဲ့
မင်းထီပေါက်ပါတယ် ဆိုပြီး လာတဲ့ အချိန် ထီထိုးထားမိရင် ကျွန်တော်သာဆို
ယုံမိတော့မှာပဲ။

Google Buzz က အမှန်တော့ Twitter + FaceBook’s Like + Geolocation
ပေါင်းထားတာပဲ။ Google က အချိန်တို အတွင်းမှာ သူ့ရဲ့ Social Networking ဆိုဒ်ကို အကြီးကြီးဖြစ်လာချင်တော့ အတင်း force လုပ်ပြီး ကျွန်တော် ဘာမှမသိလိုက်ရပဲ
ကျွန်တော့် Gtalk list ထဲက သူတွေကို follow လုပ်ထားပြီးသားဖြစ်နေတာ တွေ့ရတယ်။ မလုပ်ရသေးတဲ့သူများဆိုလဲ Recommanded ဆိုပြီး လာပြနေသေးတယ်။

Spammer တွေအတွက် အကောင်းဆုံး ဂွင်တစ်ခုလိုဖြစ်နေပြီ
Bot များရေးထားပြီး crawl လုပ်လိုက်ရင် Buzz ကနေ နာရီဝက်လောက် အတွင်းမှာ
email contact ပေါင်းသိန်းချီရနိုင်တယ်။ ပြီးရင် အဲဒီကောင်တွေ ကို business
တွေဆီ ဒေါ်လာ ရာဂဏန်းလောက်နဲ့ ရောင်းစား ပိုက်ဆံရှာလို့ရတယ်။
ထွက်တာ ၂ ရက်ပဲရှိသေးတဲ့ Buzz ရဲ့Privacy သတင်းကတော့ web ပေါ်မှာ
တော်တော်လေးပြန့်နေတယ်။ အခု ကျွန်တော်ရေးထားတာတောင် personal
အမြင်ပဲ ရှိသေးတယ် security professional တွေရဲ့ articles တွေ အခုပဲ
“Google BuzzPrivacy” ဆိုပြီး ရှာလိုက်တာတောင် result 66,300,000
အဲဒီလောက်ထွက်နေပြီ။ ကျွမ်းကျင်တဲ့သူတွေ ရေးထားတာကို ရှာဖတ်ကြည့်လေ
Buzz ကကြောက်စရာကောင်းလာလာလေလေ ဖြစ်လာတာနဲ့ ကျွန်တော်ကတော့
Buzz ကိုလုံးဝပိတ်လိုက်ပြီ။ ပိတ်ချင်ရင် Gmail အောက်ဆုံးမှာ turn off buzz ဆိုပြီး
ရှိပါတယ်။ အဲဒီကနေ ပိတ်လို့ရပါတယ်။ ကျွန်တော်ကတော့ Buzz သုံးလိုက်
ကတည်းကonline privacy နဲ့ပက်သက်ပြီး shock ရသွားတယ် ပထမဆုံးဘဲ။
Google လိုမျိုးကသူ့ product အောင်မြင်ဖို့ဆို ကျွန်တော်တို့ privacy ကို ချနင်းဖို့
ဝန်လေးပုံ မရဘူး။ :(





......................................................

CDMA 800MHz ဖုန်းများ နယ်မြေကန့်သတ်ချက်ထက် ကျော်လွန်သုံးစွဲနိုင်




နယ်မြေကန့်သက်ချက်များဖြင့်သာ အသုံးပြုနိုင်မည်ဖြစ်သော CDMA 800 MHz
ဖုန်းများမှာ သတ်မှတ်ထားသော နယ်မြေများထက်ကျော်လွန်ကာ အသုံးပြု၍ရရှိ
လျက်ရှိကြောင်း သိရသည်။
ယင်း CDMA 800 MHz ဖုန်းများသည် နယ်မြေကန့်သတ်ချက်များဖြင့်သာ
အသုံးပြုနိုင်မည်ဟု သိရှိထားခဲ့ကြသော်လည်း ယခုအခါတွင် သတ်မှတ်ထားသော
နယ်မြေမြို့နယ်များထက် ပိုမိုကျယ်ပြန့်စွာအသုံးပြု၍ ရလျက်ရှိပြီး CDMA 800 MHz
Frequencyရှိသော မိနိုင်သောနေရာတိုင်းတွင်အသုံးပြု၍ရကြောင်း ယင်းဖုန်းအသုံးပြု
လျက်ရှိသူများထံမှ သိရှိရသည်။ “ကျွန်တော်တို့ခုကိုင်ထားတာ ခုနောက်ထုတ်ပေး
နေတဲ့ CDMA 800 MHz ဖုန်းပါ။ အစကတော့ အထိုင်ဖုန်းနဲ့ပဲ သုံးနေတာပါပဲ။
သူငယ်ချင်းတစ်ယောက်က ဖုန်းကို ဘယ်ထိသုံးလို့ရလဲစမ်းကြည့်မယ်ဆိုပြီးတော့
သူ့အထိုင်ဖုန်းကို သယ်သွားပါတယ်။ သူ့ဖုန်းက တာမွေမြို့နယ်ကအတွက်
လျောက်ထားတဲ့ဖုန်းပါ။ သူက မင်္ဂလာတောင်ညွန့်ထဲကိုရောက်တော့ ဖုန်းခေါ်တယ်၊ အဲဒါလည်းခေါ်လို့ရနေပါတယ်။ သူဆက်သယ်သွားပါတယ်။ ဒဂုံမြို့နယ်ကိုရောက်
တော့ ကျွန်တော်တို့ကို သူကပြန်ခေါ်ပါတယ်။ ပြောလို့ရပါတယ်။ သူ့ကိုပြန်ခေါ်
တော့လည်း ရပါတယ်။ သူ လသာဖက် ကိုသွားတော့လည်း ခေါ်လို့ရပါတယ်။
မြေနီကုန်း၊ လှည်းတန်း နေရာလောက်ထိကို ပြောလို့ရနေပါတယ်။ သူ့လိုင်းရှိတဲ့ နေရာမှန်သမျှမှာအသုံးပြုလို့ရနေပါတယ်” ဟု CDMA 800 MHz ဖုန်းအသုံးပြုသူ
တစ်စုမှ ပြောပြသည်။ “ကျွန်တော့်ဆိုင်ကိုလာတဲ့ Customer နှစ်ယောက်က သူတို့
မန္တလေးက CDMA 800 MHz ဖုန်းကတ်ကိုယူလာပါတယ်။ ဖုန်းဝယ်တော့
ဝယ်တဲ့ဖုန်းထဲကို အဲဒီမန္တလေးကတ်ကိုထည့်ပြီး ဆက်ကြည့်တော့ရပါတယ်” ဟု
Mr.Fone မို ဘိုင်းဖုန်းအရောင်းဆိုင်မှ တာဝန်ရှိသူ ကိုစည်သူမှပြောပြသည်။
CDMA 800 MHz ဖုန်းများသည် နယ်မြေကန့်သတ်ချက်ဖြင့်ဆိုသော်လည်း
ဖုန်းတိုင်မိသောနေရာတိုင်းတွင် အသုံးပြု၍ရလျက်ရှိကြောင်းသိရသည်။




Ref : Internet Journal
.....................................

Saturday, February 6, 2010

CDMA အကြောင်းသိသမျှ - ၃

မြန်မာနိုင်ငံတွင်အသုံးပြုလျက်ရှိသောမိုဘိုင်းဖုန်းကွန်ရက်များမှာ CDMA ,GSM,
WCDMA ဟူ၍ရှိရာ နယ်မြို့များအပါအ၀င် မြန်မာတစ်နိုင်ငံလုံးတွင် လိုင်းအား
ကောင်းမွန်သော CDMA ဖုန်းများကို ပိုမိုသုံးစွဲလိုကြကြောင်း သိရှိရသည်။

GSM ကွန်ရက်သည် မြန်မာတစ်နိုင်ငံလုံး၏နေရာအတော်များများတွင် အသုံးပြုနိုင်
သော်လည်း လိုင်းအားကျပ်လာခြင်း နယ်မြို့များတွင် CDMA ကွန်ရက်လို GSM လိုင်းမကောင်းခြင်းတို့ကြောင့် CDMA ဖုန်းကို ပိုမိုကိုင်ဆောင်လိုလာကြခြင်းဖြစ်
ကြောင်း သိရှိရသည်။ ဖုန်းငှားရမ်းသုံးစွဲရန်လျှောက်ထားသည့်အခါတွင်
ဖုန်းအသုံးပြုလိုသူများသည် လိုင်းအားကောင်းမွန်သော CDMA ဖုန်းကိုသာ
ပိုမိုကြိုက်နှစ်သက်မှုရှိလာပြီး GSM ဖုန်းများကို လိုင်းအားကြပ်ခြင်းနှင့်
ဖုန်းချထားပေးမှုပေါ်မူတည်ပြီး ရွေးချယ်ကြကြောင်းသိရသည်။
ပြင်ပဖုန်းဈေးကွက်တွင်လည်း ရွေးချယ်ဝယ်ယူသည့်အခါတွင် ဈေးနှုန်းခြင်း
တူသော်လည်း လိုင်းပိုကောင်းသော CDMA ဖုန်းကိုဝယ်ယူကြကြောင်း သိရသည်။

“ လက်ကိုင်ဖုန်းသုံးချင်သူတွေအနေနဲ့ ဖုန်းဝယ်မယ်ဆိုရင် ရန်ကုန်မှာဆိုရင်တော့
GSM ဖုန်းတွေကကောင်းပါတယ်။ လိုင်းအားကတော့ အခုနောက်ပိုင်းအတော်ကြပ်
လာပါတယ်။ ဒါပေမယ့် ရန်ကုန်မြို့မှာ CDMA 450 , CDMA စသဖြင့် သုံးလို့ရတဲ့
အတွက် အဲဒီဖုန်းတွေသုံးတဲ့သူကလည်းနည်းတာကြောင့် လိုင်းအားက GSM
ထက်တော့ကောင်းတယ်။ GSM ကို နယ်တွေထက် ရန်ကုန်ကပိုပြီးကြိုက်ကြတယ်။ ဒါပေမယ့်နယ်တွေမှာတော့ CDMA ကွန်ရက်လိုင်းတွေကို ပိုမိုသုံးစွဲလိုကြတယ်။
GSM ၏ဟန်းဆက်များမှာ စွမ်းဆောင်ရည်ကောင်းမွန်ခြင်းမှာလည်း အားသာချက်
ဖြစ်သလို လိုင်းအားအဓိကထားပြီးသုံးချင်သူတွေကတော့ CDMA ဖုန်းကိုဘဲ
ရွေးချယ်ကြမှာပါ” ဟု မိုဘိုင်း ဆားဗစ်သမားတစ်ဦးမှရှင်းပြသည်။

“ ကျွန်တော်တို့မြို့မှာ ကွန်ရက်က GSM ကော CDMA ကော ကွန်ရက်နှစ်ခုလုံး
သုံးနိုင်ပါတယ်။ ဒါပေမယ့်ကွန်ရက်မှာ CDMA ကပိုပြီးကောင်းပါတယ်။
ကျွန်တော်တောထဲသွားရင်တောင် CDMA ဖုန်းတွေကမိပါတယ်။
GSM ဖုန်း တွေကတော့ မမိတော့ပါဘူး။ ဒါပေမယ့် GSM ဟန်းဆက်တွေက
ဆွဲဆောင်မှုရှိပါတယ်။ CDMA ဖုန်းတွေလို ပုံတုန်းကြီးတွေမဟုတ်ပါဘူး။
ကျွန်တော်ဝယ်မယ်ဆိုရင် လိုင်းကောင်းတဲ့ CDMA ဘဲသုံးမှာပါ” ဟု
နယ်မြို့ခံတစ်ဦးမှ ပြောပါသည်။

CDMA ဖုန်းလိုင်းများသည် 450 MHz, 800MHz နှင့် WCDMA ဟူ၍ရှိရာမြန်မာပြည်
အနှံတွင် ထိုလိုင်းများကိုသုံးစွဲနိုင်ပြီး လိုင်းအားမှာလည်းကောင်းမွန်ကြသည်။
ဆက်သွယ်ရေးတွင် လျောက်ထားပါက ၁၅သိန်း၅သောင်းဖြင့်ငှား ရမ်းသုံးစွဲနိုင်ပြီး
ပြင်ပဈေးကွက်တွင် ပြန်လည်ဝယ်ယူပါက ၁၇ သိန်းဝန်းကျင်ခန့်တွင်ရှိကြောင်း
သိရသည်။

၂၀၀၉/၂၀၁၀ အတွက်ပြုလုပ်ပေးခဲ့သော CDMA 800 MHz ဖုန်းများအား
မန္တလေးမြို့တွင် ဇန်န၀ါရီလပထမပတ်တွင် စတင်အသုံးပြုခွင့်ရရှိနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးပြီးနောက် ယခုရန်ကုန်မြို့တွင်လည်း မကြာမီတွင်
အသုံးပြုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
CDMA 800 MHz ဖုန်းများအား မန္တလေးမြို့တွင်အသုံးပြုခွင့်ပေးခဲ့ပြီး လျှောက်ထား
လိုသူများနှင့် ၀ယ်ယူအသုံးပြုလိုသူများအနေဖြင့်လည်း ၀ယ်ယူနိုင်ကြောင်းသိရသည်။

“ကျွန်တော်တို့ဆီမှာ CDMA 800 MHz ဖုန်းတွေကို ဇန်န၀ါရီပထမပတ် ၈ ရက်နေ့
လောက်ကစပြီး အသုံးပြုခွင့်ရခဲ့ပါတယ်။ ဟန်းဆက်နဲ့အထိုင်ဖုန်းကိုတော့ ကိုယ့်ဟာ
ကိုယ်ဝယ်ရပါတယ်။ ဖုန်းကို နာမည်ပေါက်ရရှိပြီးတော့ မြန်မာ့ဆက်သွယ်ရေးမှာ
လျှောက်ထားနိုင်သလို အပြင်မှာလည်း ၀ယ်ယူအသုံးပြုနိုင်ပါတယ်။
အပြင်မှာဆိုရင်တော့ အခုလက်ရှိဈေးက ခြောက်သိန်းခွဲလောက်ရှိပါတယ်။
ဒါက ကတ်အတွက် ပါပဲ။ ဟန်းဆက်မပါပါဘူး။ ဖုန်းခေါ်ဆိုခတွေအနေနဲ့ကတော့
အထွက်ခေါ်ဆိုမှုအတွက် ငါးဆယ်ကျပ်ဖြစ်ပြီး အ၀င်ဖုန်း Call အတွက်ကတော့
မပေးရပါဘူး။ SMS အတွက်ကတော့ နှစ်ဆယ့်ငါးကျပ်ကျပါတယ်။
ဖုန်းနံပါတ်ကတော့ ရှစ်လုံးပါ။ နံပါတ်က ၇၃ နဲ့စပါတယ်” ဟု မန္တလေးမှ
CDMA 800 အသုံးပြုသူများနှင့် ဟန်းဆက်အရောင်းဆိုင်များမှ သိရသည်။

ထို့အပြင်ယခုအခါ ရန်ကုန်မြို့တွင်လည်း ယခင်ကအသုံးပြုလျက်ရှိသော
CDMA 800 MHz ဖုန်းများဖြစ်သည့် ၀၉၈၀ ဖုန်းများနှင့် Database များအား
ခွဲခြားသတ်မှတ်ခဲ့ပြီး မကြာမီအချိန်တွင် ရန်ကုန်မြို့၌လည်း CDMA 800MHz
ဖုန်းများအား အသုံးပြုခွင့်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။





Ref : Internet Journal
......................................

CDMA အကြောင်းသိသမျှ - ၂

CDMA 450 ကွန်ရက်ကမ်းရိုးတန်းဖုန်းများအား တောင်ပေါ်ဒေသများနှင့် မြန်မာနိုင်ငံနေရာတော်တော်များများတွင် အသုံးပြုနိုင်လာပြီဖြစ်ကြောင်းသိရသည်။
ယခင်က ဧရာဝတီတိုင်းနှင့် ကမ်းရိုးတန်းဒေသနေရာများတွင်သာအသုံးပြုခဲ့ကြ
သော်လည်း ယခုအခါတွင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်း
တောင်ပေါ်ဒေသနေရာများတွင်ပါ အသုံးပြုနိုင်လာပြီဖြစ်သည်။

မြန်မာနိုင်ငံအထက်ပိုင်းတောင်ပေါ်ဒေသဖြစ်သော တောင်ကြီးနှင့်လားရှိုးမြို့
တို့တွင်လည်း CDMA 450 ကမ်းရိုးတန်းဖုန်းများအား အသုံးပြုနိုင်ပြီဖြစ်
ကြောင်းသိရသည်။ ယခုလအတွင်းတွင် တောင်ကြီးနှင့် လားရှိုးမြို့တို့အတွက်
CDMA 450 ကွန်ရက်ဖုန်းလိုင်းများ တပ်ဆင်ပေးခဲ့ကြောင်းသိရသည်။
တောင်ကြီးနှင့်လားရှိုးအတွက် ၄၅၀ တိုင်များအားပြုလုပ်ပေးခဲ့ပြီး CDMA 450
တစ်ခါသုံး Prepaid Card ဖုန်းများကိုလည်း ၎င်းဒေသတွင် အသုံးပြုနိုင်မည်
ဖြစ်ကြောင်း သိရသည်။

CDMA 450 ဖုန်းလိုင်းများအား ဧရာဝတီတိုင်းနှင့်ရန်ကုန်တိုင်း၊ မန္တလေး၊ စစ်ကိုင်း၊
သထုံ၊ မော်လမြိုင်၊ တောင်ကြီး၊ လားရှိုး၊ နေပြည်တော်ပျဉ်းမနား၊ ထားဝယ်၊ မြိတ်၊
မိုးကုတ်၊ စစ်တွေ အစရှိသောမြို့များနှင့် အခြားမြန်မာနိုင်ငံ အရပ်ဒေသနေရာ
အများအပြားတွင် အသုံးပြုနိုင်ပြီဖြစ်ကြောင်းသိရသည်။ ယင်းကဲ့သို့ CDMA 450
လိုင်းများအား တိုးချဲ့တပ်ဆင်ပေးခဲ့ခြင်းကြောင့် နေရာအနှံ့အပြားတွင်
CDMA 450 ဖုန်းများအား အသုံးပြုနိုင်မည်ဖြစ်ပြီး CDMA ဟန်းဆက်ဈေးကွက်
မှာလည်း သိသိသာသာတိုးတက်လာခဲ့ကြောင်းသိရသည်။

“ဆိုင်မှာခုဆိုရင် CDMA 450 ဟန်းဆက်တွေကို လာဝယ်တဲ့သူတွေ
တော်တော်များလာပါတယ်။ ပြီးတော့ ၀ယ်ကြတဲ့သူတွေကလည်း
နယ်ကလူတွေများပါတယ်။ နယ်တွေမှာ ဖုန်းသုံးလို့ရနေပြီဆိုတော့
ဟန်းဖုန်းကိုင်ချင်ကြတဲ့သူတွေက သုံးလို့ရပြီဆိုတာနဲ့ ရန်ကုန်ကို တက်ပြီး
လာဝယ်ကြတယ်။ တစ်ချို့ဆိုရင် တစ်ခါသုံး Prepaid Card တွေကိုပါ
ဝယ်သွားကြတယ်။ ခုဆိုရင် CDMA 450 အတွက် ဖုန်းတိုင်တွေကို
လုပ်ပေးထားပါတယ်။ ဖုန်းမချပေးသေးပေမယ့် ကတ်ဖုန်းတွေ
ဝယ်သုံးလို့ရနေတဲ့အတွက် ဖုန်းဈေးကွက်ကတက်လာတာပါ” ဟု
Mr.Fone၊ လူကြီးမင်းနှင့် MT မိုဘိုင်းဖုန်းအရောင်းဆိုင်တို့မှပြောသည်။

ယခုအခါတွင် မြန်မာနိုင်ငံ၏နေရာအများအပြားတွင် CDMA 450
ဖုန်းများအား အသုံးပြုနိုင်ပြီဖြစ်ပြီး ကမ်းရိုးတန်းဒေသ၊ မြေပြန့်ဒေသနှင့်
တောင်ပေါ်ဒေသများတွင်ပါ အသုံးပြုနိုင်ပြီဖြစ်ကြောင်းသိရသည်။

နေပြည်တော်တွင် ယခုအောက်တိုဘာလဒုတိယပတ်နှင့် တတိယပတ်တို့တွင်
CDMA 450 လိုင်းများအား စတင်အသုံးပြုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး
နောက်ပိုင်းတွင် ရန်ကုန်မြို့၏ CDMA ဟန်းဆက်ဈေးကွက်မှာ သိသိသာသာ
တိုးတက်ပြောင်းလဲလာခဲ့ပြီး နေပြည်တော်နှင့် နေ ပြည်တော်ပျဉ်းမနားတို့တွင်လည်း
CDMA ဟန်းဆက် ဈေးကွက် များစတင်ပေါ်ပေါက်လာခဲ့ကြောင်း သိရသည်။

“ခုဆိုရင် နေပြည်တော်နဲ့ ပျဉ်း မနားမြို့ပေါ်မှာ CDMA 450 ဖုန်းတွေကို သုံးနိုင်နေပါပြီ။
CDMA 450 ကို ကတ်ဖုန်းရော အထိုင်ဖုန်းတွေပါသုံးနိုင်ပါတယ်။ နေပြည်တော်ထဲမှာ
လည်း CDMA 450 နဲ့ဖုန်းပြောနိုင်နေပါပြီ။ ပျဉ်းမနားမြို့ပေါ် မှာလည်း သုံးနိုင်နေပါပြီ။
ဒါပေမယ့် ဖုန်းဆိုင်ဆိုပြီး ဟန်းဆက်ရောင်းတဲ့ဆိုင်၊ Prepaid ကတ်ရောင်းတဲ့ဆိုင်ဆိုပြီး
သီးသန့်တော့ မရှိသေးပါဘူး။ အဲဒီအတွက် ရန် ကုန်ကနေ နေပြည်တော်ကို
သွားမယ့်လူတွေက ဖုန်းသုံးလို့ရနေပြီ ဖြစ်တဲ့အတွက် ရန်ကုန်ကနေဟန်း ဆက်ရော
ကတ်ကိုပါတစ် ခါ တည်း ၀ယ်သွားကြတာ များပါ တယ်။ အဲဒီအတွက် ရန်ကုန်မှာ
အရင်ကဆို CDMA ဟန်းဆက်ဈေးကွက်ကပါးပေမယ့် ခုတော့ ဒီတစ်ပတ်အတွင်းမှာ
တင် အရင် ကထက် တစ်ဆခွဲနီးပါးလောက်ကို ရောင်းအားတက်လာပါတယ်။
Prepaid ကတ်တွေလည်း အရင်ကထက်ပိုပြီး ရောင်းလာရပါတယ်” ဟု Mr.Fone မှ တာဝန်ရှိဈေးကွက်ကျွမ်းကျင်သူ ကိုကိုအောင်မှပြောသည်။

ထို့ပြင် နေပြည်တော်ဖုန်းဈေး ကွက်တွင် ဖုန်းများအား ဆိုင်အချို့ တွင်သာ
ဝယ်ယူနိုင်ပြီးမိုဘိုင်းဖုန်း အရောင်းဆိုင်များအနေဖြင့် သီး သန့်မရှိသေးကြောင်း
သိရသည်။ ဖုန်းများအား ကတ်နှင့် ဟန်းဆက် အတွဲလိုက် ရောင်းချပေးပြီး ကတ်
သီးသန့်ကိုလည်း ရောင်းချ ပေး ကြောင်းသိရသည်။ ရောင်းဈေး များအနေဖြင့်
ဖုန်းနှင့်ကတ် အ တွဲလိုက်အား ကျပ်တစ်သိန်းမှ တစ် သိန်းခွဲဝန်းကျင်တွင်
ရောင်းချပေး လျက်ရှိပြီး အလည်အလတ် ဟန်း ဆက်များအား အများဆုံး
ရောင်းချပေးလျက်ရှိ ကြောင်းသိရသည်။

GSM,CDMA 450MHz, WCDMA, CDMA 800 MHz ဖုန်းများ၏ ခေါ်ဆိုခ နှုန်းထား
များကို တစ် မိနစ်လျင် ငွေကျပ် ၅၀ သို့ ပြောင်းလဲ သတ်မှတ် ခဲ့သော်လည်း SMS
သတင်းတိုပေးပို့ခမှာ ပြောင်းလဲခြင်းမရှိသေးကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
မှသိရှိ ရသည်။ ယခု အချိန်တွင် ပြည်တွင်း၌ မိုဘိုင်းဖုန်း အချင်းချင်း SMS သတင်းတို
ပေးပို့ရာတွင် ပေးပို့ခအနေဖြင့် စာလုံးရေ ၁၆၀ထက်မပိုသော သတင်းတစ်ပုဒ်
အတွက် ၂၅ ကျပ်ကို ကောက်ခံလျက် ရှိကြောင်း သိရှိရသည်။

GSM, CDMA450MHz, WCDMA,CDMA 800 MHz ဖုန်း တွေရဲ့ ခေါ်ဆိုခနှုန်းထား
တွေကိုဘဲ တရားဝင်ပြောင်းလဲဖို့ ညွှန်ကြားချက်ရောက်ရှိ လာတာဖြစ်ပါတယ်။
SMS သတင်းတို ပေးပို့ခ တွေရဲ့ဈေးနှုန်းပြောင်း လဲဖို့ ကိုတော့ ညွှန်ကြားထားခြင်း
မရှိ သေးပါဘူး''ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက
ပြောကြား ခဲ့သည်။ မိုဘိုင်းဖုန်း အချို့သည် ဇန်န၀ါ ရီလ ၁ ရက်နေ့မှ စတင်၍
ယခင်က မြို့တွင်း ခေါ်ဆိုခ တစ်မိနစ်လျင် ၂၅ ကျပ်မှ ၅၀ ကျပ်သို့ ပြောင်းလဲခဲ့သော်
လည်း ကြိုးဖုန်းများ ပါဝင်ခြင်း မရှိသည့် အတွက် အများပြည်သူသုံးတယ်လီဖုန်း
(PCO)ဖုန်းများ၏ အသုံးပြုခများ လည်းပြောင်းလဲမှုမရှိကြောင်း သိရှိရ သည်။

ထိုသို့ ဖုန်းခေါ်ဆိုခပြောင်းလဲမှု များ၊ သက်ဆိုင်ရာမှ ဖုန်းအမျိုးအစား သစ်များ
ထပ်မံချထားပေးမည့် အစီအ စဉ်များကြောင့် GSM ဖုန်းဈေးနှုန်း အချို့မှာ
အနည်းငယ်ပြောင်းလဲလာ ကြောင်း သိရှိရသည်။ ''GSM ဖုန်းခေါ်ဆိုခ တစ်မိနစ်ကို
၅၀ ကျပ် ဖြစ်တယ်ဆိုတဲ့ သတင်း စပေါ်တုန်းကတော့ တစ်ရက်၊ နှစ် ရက်အတွင်းမှာ
GSM ဖုန်းအရောင်း အ၀ယ်လုံးဝမလိုက်ဘဲ ဆယ်လူလာဖုန်းတွေကို အရင်ထက်
ဈေးပိုပေးပြီး ၀ယ်မယ့် လူတွေများနေတယ်။

ဆယ်လူလာဖုန်းကပြီးခဲ့တဲ့လတွေတုန်းက ဆိုရင် ပြင်ပရောင်းဈေးတစ်လုံးကို
ကျပ် ၈သိန်းခွဲနဲ့ ၉ သိန်း ကြားမှာ ရှိနေတာ ခေါ်ဆိုခနှုန်း ပြောင်းလဲမှု မရှိဘူး ဆိုတဲ့
သတင်း အတိအကျ လည်းထွက် ရောကျပ် ၁၀သိန်းဝန်း ကျင် အထိဖြစ် သွားတယ်။
GSM ဖုန်းကတော့အခုအ ချိန်မှာနံပါတ် ပေါ်မူတည်ပြီး ငွေကျပ် ၁၄ သိန်း ၀န်းကျင်
ဖြစ်သွားတယ်''ဟု မိုဘိုင်းဖုန်း အကျိုးဆောင် တစ်ဦးက ပြောကြား ခဲ့သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၏ GSM ဖုန်းများအတွက် တရားဝင်ငှားရမ်းသုံးစွဲခ
မှာ ငွေကျပ်၁၅ သိန်း ဖြစ်ကြောင်း သိရှိရသည်။




Ref : Internet Journal
..................................................

CDMA အကြောင်းသိသမျှ - ၁

အခု ကျွန်တော်တို့နိုင်ငံ(မြန်မာ) မှာ Mobile Phone Network တွေတော်တော်လေး
တိုးတက်များပြားလာပါပြီ.....။ ဒါ့ကြောင့် ဒီ Postလေးကလဲ တိုးတက်လာတဲ့
နည်းပညာတွေအကြောင်း ဗဟုသုတရစေရန် ရည်ရွယ်ပါတယ်..


CDMA = Code Division Multiple Access

WCDMA = WideBand Code Division Multiple Access

GSM = Global System for Mobile communications




CDMA 800MHz ဖုန်းများအား မကြာမီအသုံးပြုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်
လျက် ရှိပြီး ၎င်းဖုန်းများအား ကတ်စနစ်ဖြင့် ငှားရမ်းခွင့်ပေးသွားမည်ဖြစ်ကြောင်း
သိရသည်။ ယခင်က CDMA ဖုန်းများဖြစ်သော 70,71,72 နံ ပါတ်များနှင့် 0980
ဖုန်းများအား ကုတ်စနစ်ဖြင့် ငှားရမ်းခွင့်ပေးခဲ့သော်လည်း ယခုအသုံးပြုခွင့်ပေးမည့်
ဖုန်းများသည် ကုတ်စနစ်ဖြင့်မဟုတ်ပဲ ကတ်စနစ်ဖြင့်ဖြစ်ကြောင်း သိရသည်။

၎င်း CDMA 800MHz ဖုန်းများအတွက် ဖုန်းတိုင်များအနေဖြင့်လည်း ယခုအခါတွင်
၁၄ ခုခန့် ပြုလုပ်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။ယင်းဖုန်းများသည်
လိုင်းဖုန်း(ကြိုးဖုန်း) များကဲ့သို့ပင်ဖြစ်ပြီး Wireless Local စနစ်အသုံးပြုထားသော
ဖုန်းများဖြစ်ကြောင်း သိရသည်။ ၎င်းဖုန်းများအားအသုံးပြုရာတွင် မြို့နယ်အလိုက်
သတ်မှတ်ချက်ဖြင့် ချထားပေးမည်ဆိုသော်လည်း ယင်းမြို့နယ်အတွင်းရှိ
ဖုန်းတိုင်မှထုတ်လွှတ်သော လိုင်းဆွဲအားမိနိုင်သည့် နေရာအတွင်းတွင်သာ
အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင်၎င်း CDMA 800MHz ဖုန်းများအတွက် ဖုန်းနံပါတ်များအနေဖြင့်
ဂဏန်းရှစ်လုံးဖြင့် ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ဖုန်းအတွက် ဟန်းဆက် နှင့်
အထိုင်ဖုန်းစသည်တို့အား ကိုယ်တိုင်ဝယ်ယူအသုံးပြုကြရမည်ဖြစ်ကြောင်း သိရသည်။သို့ရာတွင်ယင်းဖုန်းများသည် မိုဘိုင်းအစစ်မဟုတ်သောကြောင့်
ဟန်းဆက်ဖြင့်အသုံးပြုရာတွင် ဖုန်း၏လိုင်းဆွဲအားနှင့် ပါဝါစနစ်များ
ကွဲပြားမှုကြောင့် ဟန်းဆက်ဖြင့်အသုံးပြုလိုပါက ဟန်းဆက်ပျက်စီးရန်
လွယ်ကူနိုင်ပြီး နေရာ တစ်ခုမှတစ်ခုသို့ ရွှေ့ပြောင်းပြုလုပ်ပါက
လိုင်းဖမ်းယူမှုအတွက် အခက်အခဲရှိနိုင်ကြောင်း သိရသည်။
ထို့ကြောင့် CDMA 800 MHz ဖုန်းများအား အထိုင်ဖုန်းများအဖြစ်သာ
အဓိကအသုံးပြုသင့်ကြောင်း သိရသည်။

CDMA 450 MHz နှင့် CDMA 800 MHz ဖုန်းများတွင် လိုင်းအားနည်းစနစ်များမှာ
ကွာခြားမှုများကြောင်းသိရှိရသည်။CDMA 450 MHz ဖုန်းများသည် နောက်ဆုံးပေါ်
လိုင်းအားမြင့်မားသည့် စက်ကြီးများနှင့် ထုတ်လွှင့်ဖမ်းယူပြီး မြန်မာကမ်းရိုးတန်း
တလျှောက် တောင်ပေါ်ဒေသ၊ မြေပြန့်ဒေသပါမကျန် အသုံးပြုနိုင်ပါတယ်..။

CDMA 800MHz ဖုန်းများမှာ ယခင်က ခြင်းဖုန်းဟုခေါ်တွင်ခဲ့သော ၇၂,၇၀,၇၁
အစရှိသော ဖုန်းနံပါတ်များနှင့်ပြောဆိုရသော ဖုန်းများဖြစ်သည်။
၀၉၈၀, ၀၉၈၁, ၀၉၈၂ အစရှိသဖြင့်ဖုန်းများအနေဖြင့်လည်း ရှိခဲ့သည်။
ယင်းဖုန်းများသည် နေရာဒေသ ကန့်သတ်ချက် များရှိနေသည်။
ရန်ကုန်နှင့် မန္တလေး မြို့များတွင်သာအသုံးပြုနိုင်ပြီး မည်သည့်နေရာသို့မဆို
သယ်ဆောင်သွားနိုင်ပြီး  ပြောဆိုနိုင်သည်။ ၎င်းင်း၏လိုင်းအားမှာနိမ့်ပါးပြီး
ယခင်က အင်တနာတိုင်ကို မြင့်မားစွာထောင်ပြီး ဖမ်းယူအသုံးပြုရသည်။
ယခုနောက်ပိုင်းတွင် လိုင်းပိုမို ကောင်းမွန်လာခဲ့ကြောင်းသိရသည်။

CDMA 450 MHz ဖုန်းများကို ၂၀၀၈ ခုနှစ်တွင် စတင်၍ကမ်းရိုးတမ်းသုံးနိုင်စေရန်
တိုင်ထောင်တပ်ဆင်ပြီး လွှင့်ထူခဲ့ရာ မြန်မာကမ်းရိုးတမ်း တလျှောက်တွင်
CDMA 450MHz ဖုန်းများနှင့် ပြောဆို ဆက်သွယ်နိုင်ခဲ့သည်။ ၎င်းင်းတို့၏
လိုင်းအားကောင်းမှုကြောင့် နောက်ပိုင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
မြန်မာတစ်ပြည်လုံးအသုံးပြုနိုင်ရန် တောင်ပေါ်မြေပြန့်မကျန် တပ်ဆင်ပြီး
CDMA 450MHz ဖုန်းများကိုအသုံးပြုခွင့်ပေးခဲ့သည်။
လိုင်းအားကောင်းမွန်မှုကြောင့် လူကြိုက်များ ခဲ့ပြီး ယခုအခါတွင် နေပြည်တော်မှာ
CDMA 450MHz ဖုန်းများကို အသုံးပြုနိုင်နေပြီဖြစ်သည်။

CDMA 450MHz ဖုန်းများသည် အထိုင်ဖုန်းနှင့် ဟန်းဆက်ဟူ၍ နှစ်မျိုး
အသုံးပြုနိုင်သည်။ ကတ်စနစ်ဖြင့် အသုံးပြုရခြင်းဖြစ်သည်။ နယ်မြို့များတွင်
အထိုင်ဖုန်းအဖြစ် အသုံးပြုမှုများပြားပြီး ဟန်းဆက်သုံးစွဲမှုမှာ
မြို့နေလူတန်းစားများမှ အများဆုံးအသုံးပြုကြကြောင်းသိရသည်။

အထိုင်ဖုန်းများသည် ဈေးနှုန်း ၂ သိန်းဝန်းကျင်ခန့်ရှိသလို လိုင်းအားကောင်းမွန်
ကြောင်း သိရသည်။ ဟန်းဆက်မှာလည်း ၁ သိန်းမှ ၂ သိန်းခွဲဝန်းကျင်ရှိ၍ လိုင်းအား
ကောင်းမွန်သည့် ဟန်းဆက်များဖြစ်သည်။

အထိုင်ဖုန်းများတွင် CDMA 450 MHz နှင့် 800 MHz ၂ မျိုးလုံးသုံးနိုင်သော်လည်း
ယခုနောက်ပိုင်းတွင် ဆက်သွယ်ရေးမှ Serverနှင့်Code များ ခွဲခြားလိုက်ခြင်းကြောင့် တွဲဖက်အသုံးပြုရန်မရနိုင်တော့ကြောင်း သိရသည်။ CDMA 450 MHz ဖုန်းများကို
လျှောက်ထားရာတွင် ၁၅သိန်း၅သောင်းဖြင့် ငှားရမ်းခွင့်ပေးထားပြီး
ပြင်ပဈေးကွက်တွင် ၁၈ သိန်းမှ ၂၀ အထိ ဈေးပေါက်လျှက် ရှိကြောင်း သိရသည်။

CDMA 800MHzသည်ယခင်က ရန်ကုန်နှင့်မန္တလေးတွင် အသုံးပြုသောဖုန်းများဖြစ်ပြီး
2000 MHz ဖုန်းများနှင့်လည်း အလားသဏ္ဍာန်တူသည်။ ယခု ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင်ချထားပေးနေသော ၅ သိန်းတန် CDMA ဟန်းဆက်များသည်
ကတ်စနစ်ဖြင့် အသုံးပြုရခြင်းဖြစ်၍ နယ်မြေဧရိယာကန့်သတ်ချက် များရှိနေသည်။ ကြိုးမဲ့အထိုင်ဖုန်းအနေဖြင့်သာ သုံးစွဲနိုင်ပြီး ဈေးနှုန်းသက်သာပြီး အသုံးဝင်သည့်
ဖုန်းအမျိုးအစားဖြစ်သည်။

၎င်း၏အဓိကအားနည်းချက်ဖြစ်သော ရွှေ့ပြောင်းယူဆောင်သွားနိုင်မှု့မရှိခြင်းသည် အခက်အခဲတစ်ခုအဖြစ်ရှိနေသော်လည်း အထိုင်ဖုန်းအဖြစ်သုံးစွဲပါက
အသုံးဝင်သောဖုန်းဖြစ်သည်။ ရန်ကုန်မြို့နယ်များတွင် အသုံးပြုနိုင်သည်။
ဆက်သွယ်အသုံးပြုရန်မရနိုင်သော မြို့နယ်ဟူ၍ မရှိသလောက် နည်းပါးသည်။ လိုင်းအားမှာသုံးစွဲသူများလက်ထဲတွင် ရောက်ရှိမှုနည်းပါးနေသေးသည်။
နံပါတ် ၈ လုံးပါမည်ဟု ခန့်မှန်းကာ ၀၉ ဖြင့်စထားသော ဖုန်းနံပါတ်များဖြစ်ကြောင်း
သိရသည်။

Refaill စနစ်၊ Top-Up စနစ်များဖြင့် အသုံးပြုရမည်ဖြစ်ကြောင်းသိရသည်။
CDMA 800 MHz သည် ကြိုးမဲ့အထိုင်ဖုန်းစနစ်ကိုသာ ရည်ရွယ်ထားပြီး
CDMA 450MHz သည် မိုဘိုင်းနှင့် Network ကျယ်ပြန့်မှုကို အခြေတည်ထားသည်။
၎င်းကွန်ယက်နှစ်ခု၏ကွာခြားမှုသည် ကြီးမားသော်လည်း အသုံးဝင်မှုမှာ တူညီမှုရှိ၍
ဆက်သွယ်ရေးဖုန်း မရှိသူများ၏ ကွက်လပ်ကို အကောင်းဆုံး
ဖြည့်တင်းပေးနိုင်လိမ့်မည် ဟု သုံးစွဲသူများနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကပါ
ယုံကြည်လျက်ရှိသည်။






Ref : Internet Journal
....................................

Saturday, December 19, 2009

viCrypt ဆိုတဲ့ကောင်

တနေ့က Software တစ်ခုရဲ့ Keygen နဲ့ Crack လေးတွေလိုချင်တာနဲ့ Internet ပေါ်
Seach လုပ်နေတုန်း လိုချင်နေတဲ့ Keygen လေးရလို့  rar file ကို Extract လုပ်ပြီး
Keygen ကို D-Click လုပ်လိုက်မိပါတယ်... ပြသနာကစတော့တာပဲ...
Download လုပ်ထားတဲ့ Folder ထဲက File တွေအကုန်လုံး extention တွေ
ပြောင်းကုန်တော့တာ။
ဥပမာ.. Sample.rar ဆိုရင် Sample.rar.Vicrypt ဆိုပြီး ပြောင်းသွားတာ...
Kaspersky နဲ Scan လုပ်တော့လဲ Kaspersky ကသိတောင်မသိဘူး....
ပြီးတော့ Virus Definition ကလဲ up to date ..။




















 သြော်... ဒီလောက်လေးများ.. အေးဆေးပေါ့ .... နောက်က Vicrypt  ကိုဖျက်ပြီး
rar File ပြန်ပြောင်းလိုက်တယ်... ရတော့ရတယ် rar File ပြန်ပြောင်းသွားတယ် ။
ဒါပေမဲ့ Extract လုပ်လို့မရတော့ဘူး... viCrypt Virus က ဝင်ထိန်းထားပုံရပါတယ်..
အဲ့ဒီ့ Download Folder ထဲကရှိမျှ .exe , .pdf , Youtube ကနေ Download
လုပ်ထားတဲ့ .MP4 Fileလေးတွေ အားလုံး ကုန်ရော...
နဂို original File Nameတွေပြန်ပြောင်းပြီး ဖွင့်ကြည့်လဲမရတော့ဘူး....
တော်တော်လဲ ညစ်သွားတယ်... ။ အဲ့ဒါနဲ့ပဲ ထုံးစံအတိုင်းပေါ့...
Googling လုပ်လိုက်တော့......တွေ့ရပါပြီ....
 Forum ထဲမှာရေးထားကြတာကတော့ သူတို့ကိုယ်တိုင်တောင်
Spyware လိုလို Malwareလိုလို Virus လိုလို သိပ်ဝေခွဲမရတဲ့ ပုံစံပါ.။
ဘယ်လိုပဲဖြစ်ဖြစ် Anti-viCrypt Software တစ်ခုတော့ရလိုက်ပါတယ် ။
http://www.exquisysltd.com ကနေရတာပါ..
လိုအပ်မယ်ဆိုရင် အောက်က Link မှာ Download လုပ်နိုင်ပါတယ်..။

Anti-viCrypt Software Download


















 viCrypt ရန်ကနေ ကင်းဝေးကြပါစေ.....။

.....................