Tuesday, March 30, 2010

တရုတ်ပြည်မကြီးမှ Google ထွက်ခွာပြီ

တရုတ်ပြည်မကြီးအတွက် ၎င်းတို့၏ ထောက်ပံ့ထားသော ၀န်ဆောင်မှုများကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း
ကမ္ဘာ့အကြီးဆုံး Search Engine ကုမ္ပဏီကြီး Googleက အတည်ပြု ပြောကြားလိုက်သည်။ ထို့ကြောင့် ယခုအခါ တရုတ်ဘာသာဖြင့် Googleအား အသုံးပြုလိုသူများသည်ဟောင်ကောင်အခြေစိုက်Serverကိုသာ လွှဲပြောင်းအသုံးပြုရတော့မည်ဖြစ်သည်။

မတ်လ(၂၃)ရက်နေ့က Googleသည် တရုတ်ပြည်မကြီးရှိ ၎င်းတို့၏ ရှာဖွေရေးဝန်ဆောင်မှုများရပ်ဆိုင်းပြီဟု
ကမ္ဘာသိ ကြေညာခဲ့ပြီး သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကိုမူ ဆက်လက်ဆောင်ရွက်နေဦးမည်ဟု
အတည်ပြုခဲ့သည်။ တရုတ်အစိုးရက Google.cnတွင် ဆင်ဆာပြုလုပ်ရန် ဖိအားပေးမှုများ ပြုလုပ်ပြီးနောက်
Googleနှင့် တရုတ်အစိုးရကြား တင်းမာမှုများ စတင်ပေါ်ပေါက် လာခဲ့သည်။ တရုတ်နှင့် လပေါင်းများစွာ
ပြဿနာရှိနေခဲ့ပြီးနောက် Googleက ရွေးချယ်သွားသည့် လမ်းမှာ လုံးဝမှားယွင်းနေကြောင်း ဝေဖန်ခဲ့သည်။
Google၏ ဟောင်ကောင်အခြေစိုက် ၀က်ဘ် စာမျက်နှာတွင် “တရုတ်ဘာသာနဲ့ ရှာဖွေမှုတွေ ပြုလုပ်ချင် သူတွေ အတွက် ရိပ်မြုံသစ်လေးက ကြိုဆိုပါတယ်”ဟု တရုတ်ဘာသာဖြင့် မတ်လ(၂၂)ရက်နေ့ကတည်းက ဖော်ပြထားခဲ့သည်။

Google၏ ဥပဒေဌာနအကြီးအကဲ ဒေးဗစ်ဒရမ်မွန်းက “Googleရဲ့ Businessလုပ်ငန်းတွေကို တရုတ်ပြည်
မှာဆက်လုပ်နေတော့မှာ မဟုတ်ပါဘူး။ဒါပေမယ့် ဖွံ့ဖြိုးရေးနဲ့ သုတေသနစီမံကိန်းတွေကတော့ အရင်လိုပဲ
ဆက်ရှိနေမှာပါ။ နောက်ပြီးတော့ ပြင်ဆင်မှုနဲ့ အရောင်းကိစ္စတွေကလည်း တရုတ်ပြည်မှာ ဆက်ပြီးလည်
ပတ်နေပါဦးမယ်။ ဒါပေမယ့် တရုတ်ဘာသာစကားနဲ့ Googleကို သုံးချင်တဲ့ တရုတ်ပြည်သူတွေအတွက် အရင် Linkအစား Google.com.hkကို အစားထိုး သုံးသွားရ တော့မှာပါ”ဟု ပြောဆိုသွားသည်။

Googleသည် ဇန်န၀ါရီလအတွင်းက အင်တာနက်မှတဆင့် ထိုးဖောက်တိုက်ခိုက်မှု အကြိမ်(၂၀)မျှ ကြုံတွေ့ ခဲ့ရပြီး ထိုကိစ္စများသည် တရုတ်Hackerများ၏ လက်ချက်သာဖြစ်ကြောင်း သတင်းများကဖော်ပြခဲ့ပြီးနောက် Googleနှင့်တရုတ်တို့ကြားဆက်ဆံရေးသည် ပိုမိုဆိုးရွားလာခဲ့သည်။အခြေအနေအရပ်ရပ် ကြောင့်မိမိတို့၏ Google.cn၏ ရပ်တည်ရေးမှာပိုမိုခက်ခဲလာပြီး ဆက်လက်ညှိနှိုင်းမှုများပြုလုပ်ရန်မဖြစ်နိုင်တော့ဟု ဒရမ်မွန်း က ပြောကြားခဲ့သည်။ ယခုအခါ Google.cnကို ၀င်ရောက်သည့်အခါ အလိုအလျောက်ပင်Google.com.hk သို့ ပြောင်းလဲချိတ်ဆက်ထားပြီဖြစ်သည်။ Googleသည်ကမ္ဘာ အရပ်ရပ်တွင်ဝန်ထမ်း(၂၀၀၀၀)ကျော်ခန့် ထားပြီး ယင်းတို့အနက် တရုတ်ပြည်တွင် ၇၀၀ခန့်ရှိ ကြောင်းလည်း သတင်းရရှိသည်။



Credit : www.mymcnews.net
.......................

No comments: