Monday, February 22, 2010

CDMA 800MHz ဖုန်းများ နယ်မြေကန့်သတ်ချက်ထက် ကျော်လွန်သုံးစွဲနိုင်




နယ်မြေကန့်သက်ချက်များဖြင့်သာ အသုံးပြုနိုင်မည်ဖြစ်သော CDMA 800 MHz
ဖုန်းများမှာ သတ်မှတ်ထားသော နယ်မြေများထက်ကျော်လွန်ကာ အသုံးပြု၍ရရှိ
လျက်ရှိကြောင်း သိရသည်။
ယင်း CDMA 800 MHz ဖုန်းများသည် နယ်မြေကန့်သတ်ချက်များဖြင့်သာ
အသုံးပြုနိုင်မည်ဟု သိရှိထားခဲ့ကြသော်လည်း ယခုအခါတွင် သတ်မှတ်ထားသော
နယ်မြေမြို့နယ်များထက် ပိုမိုကျယ်ပြန့်စွာအသုံးပြု၍ ရလျက်ရှိပြီး CDMA 800 MHz
Frequencyရှိသော မိနိုင်သောနေရာတိုင်းတွင်အသုံးပြု၍ရကြောင်း ယင်းဖုန်းအသုံးပြု
လျက်ရှိသူများထံမှ သိရှိရသည်။ “ကျွန်တော်တို့ခုကိုင်ထားတာ ခုနောက်ထုတ်ပေး
နေတဲ့ CDMA 800 MHz ဖုန်းပါ။ အစကတော့ အထိုင်ဖုန်းနဲ့ပဲ သုံးနေတာပါပဲ။
သူငယ်ချင်းတစ်ယောက်က ဖုန်းကို ဘယ်ထိသုံးလို့ရလဲစမ်းကြည့်မယ်ဆိုပြီးတော့
သူ့အထိုင်ဖုန်းကို သယ်သွားပါတယ်။ သူ့ဖုန်းက တာမွေမြို့နယ်ကအတွက်
လျောက်ထားတဲ့ဖုန်းပါ။ သူက မင်္ဂလာတောင်ညွန့်ထဲကိုရောက်တော့ ဖုန်းခေါ်တယ်၊ အဲဒါလည်းခေါ်လို့ရနေပါတယ်။ သူဆက်သယ်သွားပါတယ်။ ဒဂုံမြို့နယ်ကိုရောက်
တော့ ကျွန်တော်တို့ကို သူကပြန်ခေါ်ပါတယ်။ ပြောလို့ရပါတယ်။ သူ့ကိုပြန်ခေါ်
တော့လည်း ရပါတယ်။ သူ လသာဖက် ကိုသွားတော့လည်း ခေါ်လို့ရပါတယ်။
မြေနီကုန်း၊ လှည်းတန်း နေရာလောက်ထိကို ပြောလို့ရနေပါတယ်။ သူ့လိုင်းရှိတဲ့ နေရာမှန်သမျှမှာအသုံးပြုလို့ရနေပါတယ်” ဟု CDMA 800 MHz ဖုန်းအသုံးပြုသူ
တစ်စုမှ ပြောပြသည်။ “ကျွန်တော့်ဆိုင်ကိုလာတဲ့ Customer နှစ်ယောက်က သူတို့
မန္တလေးက CDMA 800 MHz ဖုန်းကတ်ကိုယူလာပါတယ်။ ဖုန်းဝယ်တော့
ဝယ်တဲ့ဖုန်းထဲကို အဲဒီမန္တလေးကတ်ကိုထည့်ပြီး ဆက်ကြည့်တော့ရပါတယ်” ဟု
Mr.Fone မို ဘိုင်းဖုန်းအရောင်းဆိုင်မှ တာဝန်ရှိသူ ကိုစည်သူမှပြောပြသည်။
CDMA 800 MHz ဖုန်းများသည် နယ်မြေကန့်သတ်ချက်ဖြင့်ဆိုသော်လည်း
ဖုန်းတိုင်မိသောနေရာတိုင်းတွင် အသုံးပြု၍ရလျက်ရှိကြောင်းသိရသည်။




Ref : Internet Journal
.....................................

No comments: