အခု ကျွန်တော်တို့နိုင်ငံ(မြန်မာ) မှာ Mobile Phone Network တွေတော်တော်လေး
တိုးတက်များပြားလာပါပြီ.....။ ဒါ့ကြောင့် ဒီ Postလေးကလဲ တိုးတက်လာတဲ့
နည်းပညာတွေအကြောင်း ဗဟုသုတရစေရန် ရည်ရွယ်ပါတယ်..
CDMA = Code Division Multiple Access
WCDMA = WideBand Code Division Multiple Access
GSM = Global System for Mobile communications
CDMA 800MHz ဖုန်းများအား မကြာမီအသုံးပြုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်
လျက် ရှိပြီး ၎င်းဖုန်းများအား ကတ်စနစ်ဖြင့် ငှားရမ်းခွင့်ပေးသွားမည်ဖြစ်ကြောင်း
သိရသည်။ ယခင်က CDMA ဖုန်းများဖြစ်သော 70,71,72 နံ ပါတ်များနှင့် 0980
ဖုန်းများအား ကုတ်စနစ်ဖြင့် ငှားရမ်းခွင့်ပေးခဲ့သော်လည်း ယခုအသုံးပြုခွင့်ပေးမည့်
ဖုန်းများသည် ကုတ်စနစ်ဖြင့်မဟုတ်ပဲ ကတ်စနစ်ဖြင့်ဖြစ်ကြောင်း သိရသည်။
၎င်း CDMA 800MHz ဖုန်းများအတွက် ဖုန်းတိုင်များအနေဖြင့်လည်း ယခုအခါတွင်
၁၄ ခုခန့် ပြုလုပ်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။ယင်းဖုန်းများသည်
လိုင်းဖုန်း(ကြိုးဖုန်း) များကဲ့သို့ပင်ဖြစ်ပြီး Wireless Local စနစ်အသုံးပြုထားသော
ဖုန်းများဖြစ်ကြောင်း သိရသည်။ ၎င်းဖုန်းများအားအသုံးပြုရာတွင် မြို့နယ်အလိုက်
သတ်မှတ်ချက်ဖြင့် ချထားပေးမည်ဆိုသော်လည်း ယင်းမြို့နယ်အတွင်းရှိ
ဖုန်းတိုင်မှထုတ်လွှတ်သော လိုင်းဆွဲအားမိနိုင်သည့် နေရာအတွင်းတွင်သာ
အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင်၎င်း CDMA 800MHz ဖုန်းများအတွက် ဖုန်းနံပါတ်များအနေဖြင့်
ဂဏန်းရှစ်လုံးဖြင့် ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ဖုန်းအတွက် ဟန်းဆက် နှင့်
အထိုင်ဖုန်းစသည်တို့အား ကိုယ်တိုင်ဝယ်ယူအသုံးပြုကြရမည်ဖြစ်ကြောင်း သိရသည်။သို့ရာတွင်ယင်းဖုန်းများသည် မိုဘိုင်းအစစ်မဟုတ်သောကြောင့်
ဟန်းဆက်ဖြင့်အသုံးပြုရာတွင် ဖုန်း၏လိုင်းဆွဲအားနှင့် ပါဝါစနစ်များ
ကွဲပြားမှုကြောင့် ဟန်းဆက်ဖြင့်အသုံးပြုလိုပါက ဟန်းဆက်ပျက်စီးရန်
လွယ်ကူနိုင်ပြီး နေရာ တစ်ခုမှတစ်ခုသို့ ရွှေ့ပြောင်းပြုလုပ်ပါက
လိုင်းဖမ်းယူမှုအတွက် အခက်အခဲရှိနိုင်ကြောင်း သိရသည်။
ထို့ကြောင့် CDMA 800 MHz ဖုန်းများအား အထိုင်ဖုန်းများအဖြစ်သာ
အဓိကအသုံးပြုသင့်ကြောင်း သိရသည်။
CDMA 450 MHz နှင့် CDMA 800 MHz ဖုန်းများတွင် လိုင်းအားနည်းစနစ်များမှာ
ကွာခြားမှုများကြောင်းသိရှိရသည်။CDMA 450 MHz ဖုန်းများသည် နောက်ဆုံးပေါ်
လိုင်းအားမြင့်မားသည့် စက်ကြီးများနှင့် ထုတ်လွှင့်ဖမ်းယူပြီး မြန်မာကမ်းရိုးတန်း
တလျှောက် တောင်ပေါ်ဒေသ၊ မြေပြန့်ဒေသပါမကျန် အသုံးပြုနိုင်ပါတယ်..။
CDMA 800MHz ဖုန်းများမှာ ယခင်က ခြင်းဖုန်းဟုခေါ်တွင်ခဲ့သော ၇၂,၇၀,၇၁
အစရှိသော ဖုန်းနံပါတ်များနှင့်ပြောဆိုရသော ဖုန်းများဖြစ်သည်။
၀၉၈၀, ၀၉၈၁, ၀၉၈၂ အစရှိသဖြင့်ဖုန်းများအနေဖြင့်လည်း ရှိခဲ့သည်။
ယင်းဖုန်းများသည် နေရာဒေသ ကန့်သတ်ချက် များရှိနေသည်။
ရန်ကုန်နှင့် မန္တလေး မြို့များတွင်သာအသုံးပြုနိုင်ပြီး မည်သည့်နေရာသို့မဆို
သယ်ဆောင်သွားနိုင်ပြီး ပြောဆိုနိုင်သည်။ ၎င်းင်း၏လိုင်းအားမှာနိမ့်ပါးပြီး
ယခင်က အင်တနာတိုင်ကို မြင့်မားစွာထောင်ပြီး ဖမ်းယူအသုံးပြုရသည်။
ယခုနောက်ပိုင်းတွင် လိုင်းပိုမို ကောင်းမွန်လာခဲ့ကြောင်းသိရသည်။
CDMA 450 MHz ဖုန်းများကို ၂၀၀၈ ခုနှစ်တွင် စတင်၍ကမ်းရိုးတမ်းသုံးနိုင်စေရန်
တိုင်ထောင်တပ်ဆင်ပြီး လွှင့်ထူခဲ့ရာ မြန်မာကမ်းရိုးတမ်း တလျှောက်တွင်
CDMA 450MHz ဖုန်းများနှင့် ပြောဆို ဆက်သွယ်နိုင်ခဲ့သည်။ ၎င်းင်းတို့၏
လိုင်းအားကောင်းမှုကြောင့် နောက်ပိုင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
မြန်မာတစ်ပြည်လုံးအသုံးပြုနိုင်ရန် တောင်ပေါ်မြေပြန့်မကျန် တပ်ဆင်ပြီး
CDMA 450MHz ဖုန်းများကိုအသုံးပြုခွင့်ပေးခဲ့သည်။
လိုင်းအားကောင်းမွန်မှုကြောင့် လူကြိုက်များ ခဲ့ပြီး ယခုအခါတွင် နေပြည်တော်မှာ
CDMA 450MHz ဖုန်းများကို အသုံးပြုနိုင်နေပြီဖြစ်သည်။
CDMA 450MHz ဖုန်းများသည် အထိုင်ဖုန်းနှင့် ဟန်းဆက်ဟူ၍ နှစ်မျိုး
အသုံးပြုနိုင်သည်။ ကတ်စနစ်ဖြင့် အသုံးပြုရခြင်းဖြစ်သည်။ နယ်မြို့များတွင်
အထိုင်ဖုန်းအဖြစ် အသုံးပြုမှုများပြားပြီး ဟန်းဆက်သုံးစွဲမှုမှာ
မြို့နေလူတန်းစားများမှ အများဆုံးအသုံးပြုကြကြောင်းသိရသည်။
အထိုင်ဖုန်းများသည် ဈေးနှုန်း ၂ သိန်းဝန်းကျင်ခန့်ရှိသလို လိုင်းအားကောင်းမွန်
ကြောင်း သိရသည်။ ဟန်းဆက်မှာလည်း ၁ သိန်းမှ ၂ သိန်းခွဲဝန်းကျင်ရှိ၍ လိုင်းအား
ကောင်းမွန်သည့် ဟန်းဆက်များဖြစ်သည်။
အထိုင်ဖုန်းများတွင် CDMA 450 MHz နှင့် 800 MHz ၂ မျိုးလုံးသုံးနိုင်သော်လည်း
ယခုနောက်ပိုင်းတွင် ဆက်သွယ်ရေးမှ Serverနှင့်Code များ ခွဲခြားလိုက်ခြင်းကြောင့် တွဲဖက်အသုံးပြုရန်မရနိုင်တော့ကြောင်း သိရသည်။ CDMA 450 MHz ဖုန်းများကို
လျှောက်ထားရာတွင် ၁၅သိန်း၅သောင်းဖြင့် ငှားရမ်းခွင့်ပေးထားပြီး
ပြင်ပဈေးကွက်တွင် ၁၈ သိန်းမှ ၂၀ အထိ ဈေးပေါက်လျှက် ရှိကြောင်း သိရသည်။
CDMA 800MHzသည်ယခင်က ရန်ကုန်နှင့်မန္တလေးတွင် အသုံးပြုသောဖုန်းများဖြစ်ပြီး
2000 MHz ဖုန်းများနှင့်လည်း အလားသဏ္ဍာန်တူသည်။ ယခု ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင်ချထားပေးနေသော ၅ သိန်းတန် CDMA ဟန်းဆက်များသည်
ကတ်စနစ်ဖြင့် အသုံးပြုရခြင်းဖြစ်၍ နယ်မြေဧရိယာကန့်သတ်ချက် များရှိနေသည်။ ကြိုးမဲ့အထိုင်ဖုန်းအနေဖြင့်သာ သုံးစွဲနိုင်ပြီး ဈေးနှုန်းသက်သာပြီး အသုံးဝင်သည့်
ဖုန်းအမျိုးအစားဖြစ်သည်။
၎င်း၏အဓိကအားနည်းချက်ဖြစ်သော ရွှေ့ပြောင်းယူဆောင်သွားနိုင်မှု့မရှိခြင်းသည် အခက်အခဲတစ်ခုအဖြစ်ရှိနေသော်လည်း အထိုင်ဖုန်းအဖြစ်သုံးစွဲပါက
အသုံးဝင်သောဖုန်းဖြစ်သည်။ ရန်ကုန်မြို့နယ်များတွင် အသုံးပြုနိုင်သည်။
ဆက်သွယ်အသုံးပြုရန်မရနိုင်သော မြို့နယ်ဟူ၍ မရှိသလောက် နည်းပါးသည်။ လိုင်းအားမှာသုံးစွဲသူများလက်ထဲတွင် ရောက်ရှိမှုနည်းပါးနေသေးသည်။
နံပါတ် ၈ လုံးပါမည်ဟု ခန့်မှန်းကာ ၀၉ ဖြင့်စထားသော ဖုန်းနံပါတ်များဖြစ်ကြောင်း
သိရသည်။
Refaill စနစ်၊ Top-Up စနစ်များဖြင့် အသုံးပြုရမည်ဖြစ်ကြောင်းသိရသည်။
CDMA 800 MHz သည် ကြိုးမဲ့အထိုင်ဖုန်းစနစ်ကိုသာ ရည်ရွယ်ထားပြီး
CDMA 450MHz သည် မိုဘိုင်းနှင့် Network ကျယ်ပြန့်မှုကို အခြေတည်ထားသည်။
၎င်းကွန်ယက်နှစ်ခု၏ကွာခြားမှုသည် ကြီးမားသော်လည်း အသုံးဝင်မှုမှာ တူညီမှုရှိ၍
ဆက်သွယ်ရေးဖုန်း မရှိသူများ၏ ကွက်လပ်ကို အကောင်းဆုံး
ဖြည့်တင်းပေးနိုင်လိမ့်မည် ဟု သုံးစွဲသူများနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကပါ
ယုံကြည်လျက်ရှိသည်။
Ref : Internet Journal
....................................
No comments:
Post a Comment