Saturday, February 6, 2010

CDMA အကြောင်းသိသမျှ - ၂

CDMA 450 ကွန်ရက်ကမ်းရိုးတန်းဖုန်းများအား တောင်ပေါ်ဒေသများနှင့် မြန်မာနိုင်ငံနေရာတော်တော်များများတွင် အသုံးပြုနိုင်လာပြီဖြစ်ကြောင်းသိရသည်။
ယခင်က ဧရာဝတီတိုင်းနှင့် ကမ်းရိုးတန်းဒေသနေရာများတွင်သာအသုံးပြုခဲ့ကြ
သော်လည်း ယခုအခါတွင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်း
တောင်ပေါ်ဒေသနေရာများတွင်ပါ အသုံးပြုနိုင်လာပြီဖြစ်သည်။

မြန်မာနိုင်ငံအထက်ပိုင်းတောင်ပေါ်ဒေသဖြစ်သော တောင်ကြီးနှင့်လားရှိုးမြို့
တို့တွင်လည်း CDMA 450 ကမ်းရိုးတန်းဖုန်းများအား အသုံးပြုနိုင်ပြီဖြစ်
ကြောင်းသိရသည်။ ယခုလအတွင်းတွင် တောင်ကြီးနှင့် လားရှိုးမြို့တို့အတွက်
CDMA 450 ကွန်ရက်ဖုန်းလိုင်းများ တပ်ဆင်ပေးခဲ့ကြောင်းသိရသည်။
တောင်ကြီးနှင့်လားရှိုးအတွက် ၄၅၀ တိုင်များအားပြုလုပ်ပေးခဲ့ပြီး CDMA 450
တစ်ခါသုံး Prepaid Card ဖုန်းများကိုလည်း ၎င်းဒေသတွင် အသုံးပြုနိုင်မည်
ဖြစ်ကြောင်း သိရသည်။

CDMA 450 ဖုန်းလိုင်းများအား ဧရာဝတီတိုင်းနှင့်ရန်ကုန်တိုင်း၊ မန္တလေး၊ စစ်ကိုင်း၊
သထုံ၊ မော်လမြိုင်၊ တောင်ကြီး၊ လားရှိုး၊ နေပြည်တော်ပျဉ်းမနား၊ ထားဝယ်၊ မြိတ်၊
မိုးကုတ်၊ စစ်တွေ အစရှိသောမြို့များနှင့် အခြားမြန်မာနိုင်ငံ အရပ်ဒေသနေရာ
အများအပြားတွင် အသုံးပြုနိုင်ပြီဖြစ်ကြောင်းသိရသည်။ ယင်းကဲ့သို့ CDMA 450
လိုင်းများအား တိုးချဲ့တပ်ဆင်ပေးခဲ့ခြင်းကြောင့် နေရာအနှံ့အပြားတွင်
CDMA 450 ဖုန်းများအား အသုံးပြုနိုင်မည်ဖြစ်ပြီး CDMA ဟန်းဆက်ဈေးကွက်
မှာလည်း သိသိသာသာတိုးတက်လာခဲ့ကြောင်းသိရသည်။

“ဆိုင်မှာခုဆိုရင် CDMA 450 ဟန်းဆက်တွေကို လာဝယ်တဲ့သူတွေ
တော်တော်များလာပါတယ်။ ပြီးတော့ ၀ယ်ကြတဲ့သူတွေကလည်း
နယ်ကလူတွေများပါတယ်။ နယ်တွေမှာ ဖုန်းသုံးလို့ရနေပြီဆိုတော့
ဟန်းဖုန်းကိုင်ချင်ကြတဲ့သူတွေက သုံးလို့ရပြီဆိုတာနဲ့ ရန်ကုန်ကို တက်ပြီး
လာဝယ်ကြတယ်။ တစ်ချို့ဆိုရင် တစ်ခါသုံး Prepaid Card တွေကိုပါ
ဝယ်သွားကြတယ်။ ခုဆိုရင် CDMA 450 အတွက် ဖုန်းတိုင်တွေကို
လုပ်ပေးထားပါတယ်။ ဖုန်းမချပေးသေးပေမယ့် ကတ်ဖုန်းတွေ
ဝယ်သုံးလို့ရနေတဲ့အတွက် ဖုန်းဈေးကွက်ကတက်လာတာပါ” ဟု
Mr.Fone၊ လူကြီးမင်းနှင့် MT မိုဘိုင်းဖုန်းအရောင်းဆိုင်တို့မှပြောသည်။

ယခုအခါတွင် မြန်မာနိုင်ငံ၏နေရာအများအပြားတွင် CDMA 450
ဖုန်းများအား အသုံးပြုနိုင်ပြီဖြစ်ပြီး ကမ်းရိုးတန်းဒေသ၊ မြေပြန့်ဒေသနှင့်
တောင်ပေါ်ဒေသများတွင်ပါ အသုံးပြုနိုင်ပြီဖြစ်ကြောင်းသိရသည်။

နေပြည်တော်တွင် ယခုအောက်တိုဘာလဒုတိယပတ်နှင့် တတိယပတ်တို့တွင်
CDMA 450 လိုင်းများအား စတင်အသုံးပြုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး
နောက်ပိုင်းတွင် ရန်ကုန်မြို့၏ CDMA ဟန်းဆက်ဈေးကွက်မှာ သိသိသာသာ
တိုးတက်ပြောင်းလဲလာခဲ့ပြီး နေပြည်တော်နှင့် နေ ပြည်တော်ပျဉ်းမနားတို့တွင်လည်း
CDMA ဟန်းဆက် ဈေးကွက် များစတင်ပေါ်ပေါက်လာခဲ့ကြောင်း သိရသည်။

“ခုဆိုရင် နေပြည်တော်နဲ့ ပျဉ်း မနားမြို့ပေါ်မှာ CDMA 450 ဖုန်းတွေကို သုံးနိုင်နေပါပြီ။
CDMA 450 ကို ကတ်ဖုန်းရော အထိုင်ဖုန်းတွေပါသုံးနိုင်ပါတယ်။ နေပြည်တော်ထဲမှာ
လည်း CDMA 450 နဲ့ဖုန်းပြောနိုင်နေပါပြီ။ ပျဉ်းမနားမြို့ပေါ် မှာလည်း သုံးနိုင်နေပါပြီ။
ဒါပေမယ့် ဖုန်းဆိုင်ဆိုပြီး ဟန်းဆက်ရောင်းတဲ့ဆိုင်၊ Prepaid ကတ်ရောင်းတဲ့ဆိုင်ဆိုပြီး
သီးသန့်တော့ မရှိသေးပါဘူး။ အဲဒီအတွက် ရန် ကုန်ကနေ နေပြည်တော်ကို
သွားမယ့်လူတွေက ဖုန်းသုံးလို့ရနေပြီ ဖြစ်တဲ့အတွက် ရန်ကုန်ကနေဟန်း ဆက်ရော
ကတ်ကိုပါတစ် ခါ တည်း ၀ယ်သွားကြတာ များပါ တယ်။ အဲဒီအတွက် ရန်ကုန်မှာ
အရင်ကဆို CDMA ဟန်းဆက်ဈေးကွက်ကပါးပေမယ့် ခုတော့ ဒီတစ်ပတ်အတွင်းမှာ
တင် အရင် ကထက် တစ်ဆခွဲနီးပါးလောက်ကို ရောင်းအားတက်လာပါတယ်။
Prepaid ကတ်တွေလည်း အရင်ကထက်ပိုပြီး ရောင်းလာရပါတယ်” ဟု Mr.Fone မှ တာဝန်ရှိဈေးကွက်ကျွမ်းကျင်သူ ကိုကိုအောင်မှပြောသည်။

ထို့ပြင် နေပြည်တော်ဖုန်းဈေး ကွက်တွင် ဖုန်းများအား ဆိုင်အချို့ တွင်သာ
ဝယ်ယူနိုင်ပြီးမိုဘိုင်းဖုန်း အရောင်းဆိုင်များအနေဖြင့် သီး သန့်မရှိသေးကြောင်း
သိရသည်။ ဖုန်းများအား ကတ်နှင့် ဟန်းဆက် အတွဲလိုက် ရောင်းချပေးပြီး ကတ်
သီးသန့်ကိုလည်း ရောင်းချ ပေး ကြောင်းသိရသည်။ ရောင်းဈေး များအနေဖြင့်
ဖုန်းနှင့်ကတ် အ တွဲလိုက်အား ကျပ်တစ်သိန်းမှ တစ် သိန်းခွဲဝန်းကျင်တွင်
ရောင်းချပေး လျက်ရှိပြီး အလည်အလတ် ဟန်း ဆက်များအား အများဆုံး
ရောင်းချပေးလျက်ရှိ ကြောင်းသိရသည်။

GSM,CDMA 450MHz, WCDMA, CDMA 800 MHz ဖုန်းများ၏ ခေါ်ဆိုခ နှုန်းထား
များကို တစ် မိနစ်လျင် ငွေကျပ် ၅၀ သို့ ပြောင်းလဲ သတ်မှတ် ခဲ့သော်လည်း SMS
သတင်းတိုပေးပို့ခမှာ ပြောင်းလဲခြင်းမရှိသေးကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
မှသိရှိ ရသည်။ ယခု အချိန်တွင် ပြည်တွင်း၌ မိုဘိုင်းဖုန်း အချင်းချင်း SMS သတင်းတို
ပေးပို့ရာတွင် ပေးပို့ခအနေဖြင့် စာလုံးရေ ၁၆၀ထက်မပိုသော သတင်းတစ်ပုဒ်
အတွက် ၂၅ ကျပ်ကို ကောက်ခံလျက် ရှိကြောင်း သိရှိရသည်။

GSM, CDMA450MHz, WCDMA,CDMA 800 MHz ဖုန်း တွေရဲ့ ခေါ်ဆိုခနှုန်းထား
တွေကိုဘဲ တရားဝင်ပြောင်းလဲဖို့ ညွှန်ကြားချက်ရောက်ရှိ လာတာဖြစ်ပါတယ်။
SMS သတင်းတို ပေးပို့ခ တွေရဲ့ဈေးနှုန်းပြောင်း လဲဖို့ ကိုတော့ ညွှန်ကြားထားခြင်း
မရှိ သေးပါဘူး''ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက
ပြောကြား ခဲ့သည်။ မိုဘိုင်းဖုန်း အချို့သည် ဇန်န၀ါ ရီလ ၁ ရက်နေ့မှ စတင်၍
ယခင်က မြို့တွင်း ခေါ်ဆိုခ တစ်မိနစ်လျင် ၂၅ ကျပ်မှ ၅၀ ကျပ်သို့ ပြောင်းလဲခဲ့သော်
လည်း ကြိုးဖုန်းများ ပါဝင်ခြင်း မရှိသည့် အတွက် အများပြည်သူသုံးတယ်လီဖုန်း
(PCO)ဖုန်းများ၏ အသုံးပြုခများ လည်းပြောင်းလဲမှုမရှိကြောင်း သိရှိရ သည်။

ထိုသို့ ဖုန်းခေါ်ဆိုခပြောင်းလဲမှု များ၊ သက်ဆိုင်ရာမှ ဖုန်းအမျိုးအစား သစ်များ
ထပ်မံချထားပေးမည့် အစီအ စဉ်များကြောင့် GSM ဖုန်းဈေးနှုန်း အချို့မှာ
အနည်းငယ်ပြောင်းလဲလာ ကြောင်း သိရှိရသည်။ ''GSM ဖုန်းခေါ်ဆိုခ တစ်မိနစ်ကို
၅၀ ကျပ် ဖြစ်တယ်ဆိုတဲ့ သတင်း စပေါ်တုန်းကတော့ တစ်ရက်၊ နှစ် ရက်အတွင်းမှာ
GSM ဖုန်းအရောင်း အ၀ယ်လုံးဝမလိုက်ဘဲ ဆယ်လူလာဖုန်းတွေကို အရင်ထက်
ဈေးပိုပေးပြီး ၀ယ်မယ့် လူတွေများနေတယ်။

ဆယ်လူလာဖုန်းကပြီးခဲ့တဲ့လတွေတုန်းက ဆိုရင် ပြင်ပရောင်းဈေးတစ်လုံးကို
ကျပ် ၈သိန်းခွဲနဲ့ ၉ သိန်း ကြားမှာ ရှိနေတာ ခေါ်ဆိုခနှုန်း ပြောင်းလဲမှု မရှိဘူး ဆိုတဲ့
သတင်း အတိအကျ လည်းထွက် ရောကျပ် ၁၀သိန်းဝန်း ကျင် အထိဖြစ် သွားတယ်။
GSM ဖုန်းကတော့အခုအ ချိန်မှာနံပါတ် ပေါ်မူတည်ပြီး ငွေကျပ် ၁၄ သိန်း ၀န်းကျင်
ဖြစ်သွားတယ်''ဟု မိုဘိုင်းဖုန်း အကျိုးဆောင် တစ်ဦးက ပြောကြား ခဲ့သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၏ GSM ဖုန်းများအတွက် တရားဝင်ငှားရမ်းသုံးစွဲခ
မှာ ငွေကျပ်၁၅ သိန်း ဖြစ်ကြောင်း သိရှိရသည်။




Ref : Internet Journal
..................................................

No comments: