Internet Connectionများ မြန်ဆန်စေရေးနှင့် ဆက်သွယ်ရေးလုံးဝပြတ်တောက်ခြင်း မရှိစေရေးအတွက် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထိုင်း၊ အိန္ဒိယနှင့် မြန်မာနိုင်ငံအကြားတွင် နယ်စပ်ဖြတ်ကျော် ဖိုင်ဘာဆက်ကြောင်းလေးခု ထပ်မံသွယ်တန်းမည်ဖြစ်ကြောင်း ထိုလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိတွင် နယ်စပ်ဖြတ်ကျော် ဖိုင်ဘာဆက်ကြောင်းအနေဖြင့် ထိုင်း၊ တရုတ်နိုင်ငံများနှင့် ဆက်သွယ်ထား ပြီး ထိုဆက်ကြောင်းများသည် Bandwidth capcity အားဖြင့် 10Gb (STM 64) စီရှိပြီး Microlink အဖြစ် 2.5Gb (STM 16) စီရှိသည်။ ယခုထပ်မံသွယ်တန်းမည့် ဖိုင်ဘာဆက်ကြောင်းများအဖြစ် မြန်မာနှင့်ထိုင်း အကြားတွင် မြ၀တီဘက်မှ ဆက်ကြောင်းနှစ်လိုင်း ထပ်မံသွယ် တန်းမည်ဖြစ်ပြီး မြန်မာနှင့် အိန္ဒိယအကြား တွင် တမူးဘက်မှ ဆက်ကြောင်းနှစ်လိုင်း သွယ်တန်းမည်ဖြစ်သည်။အဆိုပါဆက်ကြောင်းများသည် Bandwidth capcityအားဖြင့် 155Mb (STM 1) စီရှိမည်ဖြစ်ပြီး ထိုကဲ့သို့ နယ်စပ်ဖြတ်ကျော် ဖိုင်ဘာဆက် ကြောင်း သွယ်တန်းခြင်းအားဖြင့် အင်တာနက်အမြန်နှုန်းများ ပိုမိုမြန်ဆန်လာမည်ဖြစ်သည်။
“ဒီဆက်ကြောင်းတွေကို သွယ်တန်းပြီးရင် စတင်သုံးဖို့ကတော့ ၂လ၊၃လလောက်ကြာဦးမယ်။ ဒီဆက် ကြောင်းတွေကို ထပ်သွယ်ထားတော့ SEA-ME-WE 3 ရေအောက်Cable ပြတ်သွားလည်း အင်တာနက် ပြတ်သွားတာ မျိုး မဖြစ်နိုင်တော့ဘူး” ဟု ၎င်းကပြောကြားသည်။ မြန်မာ့ဆက်သွယ်ရေးမှထုတ်ပြန်သော တရားဝင်အချက် အလက်များအရ မြန်မာနိုင်ငံတွင် ပြည်ပဆက်သွယ်ရေးဆက်ကြောင်းအနေဖြင့် ဂြိုဟ်တု၊ ဖိုင်ဘာ၊ရေအောက် Cableနှင့် နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးစနစ်များရှိပြီး အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးချန်နယ်ပေါင်း ၂၆၂၁ ခုရှိသည်။
Ref : Internet Jornal
No comments:
Post a Comment