ရတနာပုံတယ်လီပို့ကုမ္ပဏီလီမိတက်မှ အင်တာနက်ဝန်ဆောင်မှုများအား ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာ စံတော်ချိန် နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် DDoS (Distributed Denial-of-Service) စနစ်ဖြင့် ပြည်ပမှ Cyber Attack ပြုလုပ်မှုများကြောင့် အင်တာနက်လိုင်းများနှေးကွေးခဲ့ကြောင်း သိရသည်။
ယခုအခါတွင် အဆိုပါAttackကိုကာကွယ်ရန်အတွက် စက်ပစ္စည်းအသစ်များနှင့် Solutionများကိုတပ်ဆင် အသုံးပြုပြီး ဖြစ်ရာ အင်တာနက်ဝန်ဆောင်မှုများအား ပုံမှန်အတိုင်း ပြန်လည် ၀န်ဆောင်မှု ပေးလာနိုင်ပြီ ဖြစ်သည်ဟု သိရသည်။နောက်ပိုင်းကာလများတွင်လည်း DDoS စနစ်ဖြင့် Cyber Attack ပြုလုပ်မှုကို ကာကွယ်နိုင်ပြီဖြစ်ကြောင်း ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူ တစ်ဦးက ထုတ်ဖော် ပြောကြားခဲ့သည်။
“ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ရတနာပုံတယ်လီပို့က ၀န်ဆောင်မှုပေးနေတဲ့ အင်တာနက်ဆားဗစ်တွေကို DDoS စနစ်နဲ့ အဆက်မပြတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီစနစ်ဟာ IP အတုအယောင်တွေနဲ့ အခြားသူတွေ ၀င်မရအောင်လုပ်တာဖြစ်တဲ့အတွက် ဒီမှာက သုံးတဲ့ IP အရမ်းများတဲ့အခါမှာ Cyber Attack ကြောင့်
IP အတုအယောင်တွေများပြီး ပြည်တွင်းကသူတွေ သုံးမရတဲ့အထိ Server တွေ Down ကုန်ပါတယ်။ ဒီကိစ္စတွေကိုဖြေရှင်းဖို့အတွက် ပြည်တွင်းအိုင်တီကုမ္ပဏီတွေ၊ ပညာရှင်တွေနဲ့ပူးပေါင်းပြီး ကာကွယ်ဖို့ နည်းလမ်း တွေကို စဉ်းစားရှာဖွေခဲ့ပါတယ်။ စဉ်းစားရှာဖွေပြီးတဲ့အခါမှာ လိုအပ်တဲ့စက်ပစ္စည်းတွေကို မှာယူခဲ့ပြီး ယခုလိုဆောင်ရွက်ခဲ့တာဖြစ် ပါတယ်” ဟု ရတနာပုံတယ်လီပို့ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။
ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်မှ အင်တာနက်ဝန်ဆောင်မှုများအားCyber Attacl ပြုလုပ်ခံရခြင်းမှာ ပထမအကြိမ်ဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ Cyber Attack ကိုကာကွယ်ရန် နည်းလမ်းကိုရတနာပုံ တယ်လီပို့အနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြည်တွင်းအိုင်တီ ကုမ္ပဏီများနှင့် ပြည်မှပညာရှင်များမှ ပူးပေါင်း၍ဖြေရှင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
Ref:Internet Journal
.................................
No comments:
Post a Comment