တနေ့က Software တစ်ခုရဲ့ Keygen နဲ့ Crack လေးတွေလိုချင်တာနဲ့ Internet ပေါ်
Seach လုပ်နေတုန်း လိုချင်နေတဲ့ Keygen လေးရလို့ rar file ကို Extract လုပ်ပြီး
Keygen ကို D-Click လုပ်လိုက်မိပါတယ်... ပြသနာကစတော့တာပဲ...
Download လုပ်ထားတဲ့ Folder ထဲက File တွေအကုန်လုံး extention တွေ
ပြောင်းကုန်တော့တာ။
ဥပမာ.. Sample.rar ဆိုရင် Sample.rar.Vicrypt ဆိုပြီး ပြောင်းသွားတာ...
Kaspersky နဲ Scan လုပ်တော့လဲ Kaspersky ကသိတောင်မသိဘူး....
ပြီးတော့ Virus Definition ကလဲ up to date ..။
သြော်... ဒီလောက်လေးများ.. အေးဆေးပေါ့ .... နောက်က Vicrypt ကိုဖျက်ပြီး
rar File ပြန်ပြောင်းလိုက်တယ်... ရတော့ရတယ် rar File ပြန်ပြောင်းသွားတယ် ။
ဒါပေမဲ့ Extract လုပ်လို့မရတော့ဘူး... viCrypt Virus က ဝင်ထိန်းထားပုံရပါတယ်..
အဲ့ဒီ့ Download Folder ထဲကရှိမျှ .exe , .pdf , Youtube ကနေ Download
လုပ်ထားတဲ့ .MP4 Fileလေးတွေ အားလုံး ကုန်ရော...
နဂို original File Nameတွေပြန်ပြောင်းပြီး ဖွင့်ကြည့်လဲမရတော့ဘူး....
တော်တော်လဲ ညစ်သွားတယ်... ။ အဲ့ဒါနဲ့ပဲ ထုံးစံအတိုင်းပေါ့...
Googling လုပ်လိုက်တော့......တွေ့ရပါပြီ....
Forum ထဲမှာရေးထားကြတာကတော့ သူတို့ကိုယ်တိုင်တောင်
Spyware လိုလို Malwareလိုလို Virus လိုလို သိပ်ဝေခွဲမရတဲ့ ပုံစံပါ.။
ဘယ်လိုပဲဖြစ်ဖြစ် Anti-viCrypt Software တစ်ခုတော့ရလိုက်ပါတယ် ။
် http://www.exquisysltd.com ကနေရတာပါ..
လိုအပ်မယ်ဆိုရင် အောက်က Link မှာ Download လုပ်နိုင်ပါတယ်..။
Anti-viCrypt Software Download
viCrypt ရန်ကနေ ကင်းဝေးကြပါစေ.....။
.....................
No comments:
Post a Comment