ပြည်တွင်းအင်တာနက်လိုင်းများ ဖေဖော်ဝါရီတလလုံးနှေးကွေးနေခြင်းမှာ ရတနာပုံတယ်လီပို့ ISP အား ပြည်ပနိုင်ငံတွင်နေထိုင်သူ Attacker များမှတိုက်ခိုက်ခဲ့ခြင်းကြောင့်ဖြစ်ပြီး၊ယခု အဆိုပါတိုက်ခိုက်ခံရမှုကို
ရတနာပုံတယ်လီပို့ကုမ္ပဏီမှ အိုင်တီပညာရှင်များနှင့်ပူးပေါင်းဖြေရှင်းပြီးဖြစ်သဖြင့် အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်မြန်ဆန်လာပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး ကပြောကြားသည်။
DDoS(Distributed Denial of Service) စနစ်ဖြင့်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး၊ဆိုက်ဘာတိုက်ခိုက်မှုတစ်ခု ဖြစ်သည်။ရည်ရွယ်ချက်မှာ အင်တာနက်အသုံးပြုသူများအားအင်တာနက်များသုံးစွဲမရအောင်ရည်ရွယ် ကြိုးပမ်းခြင်းဖြစ်ကြောင်း သိရသည်။ထို့ကြောင့်ရတနာပုံတယ်လီပို့ ISPအား တိုက်ခိုက်ခဲ့ ခြင်းမှာ ရတနာပုံတယ်လီပို့ကုမ္ပဏီ၏ နာမည်ပျက်စေရန်နှင့် ယင်းISP၏၀န်ဆောင်မှုများအား သုံးစွဲသူများက ယုံကြည်မှုမရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအထက်ပါ တာဝန်ရှိသူ ကဆိုသည်။
“ပြီးခဲ့တဲ့တလလုံးရတနာပုံ ISP ကလိုင်းတွေနှေးကုန်တယ်။အင်တာနက်ပေါ်မှာလည်း ကွန်နက်ရှင်မကောင်း လို့ ဟိုတယ်တွေက ဘွတ်ကင်တွေမရဘူး။လေကြောင်းလိုင်းတွေလည်း အချိန်တွေ နှောင့်နှေးတယ်ဆိုပြီး သတင်းတွေအဆက်မပြတ်တက်လာတယ်။နိုင်ငံခြားမှာသာဆိုရင်အဲဒီ ISP ကသူနဲ့ဆက်စပ်နေတဲ့ လုပ်ငန်း တွေကို လျော်ကြေးပေးရပြီ “ ဟု ၄င်း ကဆက်လက်ပြောသည်။
ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလ ၁ ရက်နေ့နံနက် ၁၀နာရီ၃၀မိနစ် တွင်စတင်၍ DDoS စနစ်ဖြင့်တိုက်ခိုက်ခံခဲ့ရသော ရတနာပုံတယ်လီပို့ ISP အနေဖြင့် ပြည်တွင်းကွန်ပျူတာပညာရှင်များ ၊အိုင်တီကုမ္ပဏီများ ၊ပြည်ပမှ
အိုင်တီ ပညာရှင်များနှင့်ပူးပေါင်း၍ အဖြေရှာခဲ့ခြင်းကြောင့် ယခုလ ၁ရက်နေ့ မှစ၍ ယင်းနှင့်ချိတ်ဆက် ထားသော ပြည်တွင်းအင်တာနက် လိုင်းများပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်းသိရသည်။
“အခုအင်တာနက်လိုင်းတွေပြန်ကောင်းသွားပြီဆိုတာပြည်တွင်းရောပြည်ပကပညာရှင်တွေပေါင်းပြီးsolution တစ်ခုထွက်အောင်လုပ်ရတယ်။ပြီးတော့ ပြည်ပက ပိုမိုကောင်းမွန်တဲ့စက်ပစ္စည်းတွေနဲ့ပြန်ပြီး ပြုပြင်တပ်ဆင် လိုက်တော့ကောင်းသွားပါပြီ။နောက်တစ်ခါဒီလိုဘယ်တော့မှတိုက်ခိုက်လို့ မရတော့ပါဘူး။ဒီတစ်ခါ ရတနာပုံ နိုင်သွားပြီပေါ့။ရတနာပုံISPကိုDDoS စနစ်နဲ့တိုက်ခိုက်တဲ့သူတွေကို အင်တာနက်မှာစုံစမ်းကြည့်လိုက်တော့ ပြည်ပမှာနေတဲ့ Source (အရင်းမြစ်)နှစ်ခုကိုခန့်မှန်းလို့ရပေမယ့် အတိအကျတော့ မပြောနိုင်သေးပါဘူး။ ” ဟု ၄င်းကဆိုသည်။
နှေးကွေးခဲ့သောအင်တာနက်လိုင်းများယခင်ကဲ့သို့ ပြန်လည်ကောင်းမွန် မြန်ဆန်ရန်အတွက် February တစ်လလုံးအချိန်ယူခဲ့ရကြောင်း၊ ယခုကဲ့သို့ပြန်လည် မကောင်းမွန်မီ စတင်တိုက်ခိုက်ခံရသည့်အချိန်မှစ၍ အဆက်မပြတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းကဲ့သို့ တိုက်ခိုက်ခဲ့မှုများတွင် ISP ၏ သုံးစွဲသည့် Bandwidth ပမာဏသည် လွန်စွာများပြားသဖြင့် သုံးစွဲသူများအားသုံးစွဲခြင်းမပြုနိုင်အောင်လုပ်ခြင်း
သည်လည်း တစ်ချက်အပါအ၀င်ဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီတစ်လလုံးရတနာပုံတယ်လီပို့ ISP ၏ အင်တာနက်လိုင်းများမကြာခဏပြုတ်ကျခြင်း၊ ရပ်တန့်သွားခဲ့ခြင်းများကြောင့် ပြည်တွင်းရှိအင်တာနက်နှင့် ချိတ်ဆက်အသုံးပြုရသော လုပ်ငန်းများအားလုံး နီးပါး နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ကြောင်းစုံစမ်းသိရှိရသည်။
ရတနာပုံတယ်လီပို့သည် ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်း ၀န်ကြီးဌာနမှသာလုပ်ကိုင်ဆောင်ရွက်ခွင့် ရှိသော ပြည်တွင်း၏ဆက်သွယ်ရေးလုပ်ငန်းများကို အဆိုပါဝန်ကြီးဌာနနှင့်အတူပူးတွဲလုပ်ကိုင်ခွင့်ရသော တစ်ခုတည်းသောပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်သည်။
Ref:7daynews
.............................................
No comments:
Post a Comment