CDMA 800MHz ဖုန်းများအား နယ်မြေများတိုးချဲ့အသုံးပြုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာပြီးစီး ပါက နယ်မြေကန့်သတ်ချက်များဖြစ်လာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။CDMA 800MHzဖုန်းများအား စတင် ငှားရမ်းအသုံးပြုစဉ်ကာလက နယ်မြေကန့်သတ်ချက်များဖြင့်သာ အသုံးပြုနိုင်မည်ဖြစ်သည် ဟု သိရှိထားခဲ့ကြသော်လည်း ယခုအချိန်တွင် သတ်မှတ်နယ်မြေများထက်ကျော်လွန်ကာ အသုံးပြုနိုင်လျက် ရှိကြောင်းသိရသည်။ သို့ရာတွင် နောက်ပိုင်း၌ 800MHz ဖုန်းများအား နယ်မြေများ တိုးချဲ့သတ်မှတ်မည် ဖြစ်ပြီး ဖုန်းတိုင်များပြီးစီးခဲ့ပါက နယ်မြေသတ်မှတ် ချက်များလည်း ဖြစ်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
CDMA 800MHz ဖုန်းများ စတင်ငှားရမ်းအသုံးပြုစဉ်ကာလတွင် ယင်းဖုန်းများအတွက် ဖုန်းအသုံးပြုနိုင်မည့် နယ်မြေများအဖြစ် မြို့နယ်သုံးဆယ့်တစ်မြို့နယ် အသုံးပြုနိုင်ရန်အတွက် စီစဉ်ထားခဲ့ပြီး မြို့နယ်အလိုက် ဖုန်းတိုင်များအား အသုံးပြုနိုင်ရန် စီစဉ်ထားခဲ့ကြောင်း သိရသည်။ CDMA 800MHz ဖုန်းများအား စတင် အသုံးပြုစဉ်ကာလတွင် ဖုန်းများအား နယ်မြေကန့်သတ် ချက်များထက်ကျော်လွန်ကာ အသုံးပြုနိုင်လျက်ရှိ သော်လည်း နောက်ပိုင်းတွင် နယ်မြေအလိုက် သတ်မှတ်ထားသော ဖုန်းတိုင်များ ဆောင်ရွက်မှုပြီးစီးခဲ့ပါက ဖုန်းတိုင်အလိုက် နယ်မြေကန့်သတ် ချက်များ ရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယင်းကဲ့သို့ နယ်မြေကန့်သတ်ချက်များမရှိပဲ အသုံးပြုနိုင်နေမှုများမှာ ဧပြီလကုန်ပိုင်းလောက်ထိသာ ရှိနိုင်နေမည်ဖြစ်ပြီး နောက်ပိုင်းတွင် သတ်မှတ်နယ်မြေတိုင်များပြီးစီးခဲ့ပါက နယ်မြေများဖြင့်သာ အသုံးပြု သွားရမည်ဖြစ်ကြောင်း သိရသည်။
“CDMA 800MHz ဖုန်းတွေက ခုချိန်မှာတော့ နယ်မြေကန့်သတ်ချက်ထက်ကျော်ပြီး အသုံးပြုနိုင်နေပါတယ်။ ဒါကလည်း သတ်မှတ်နယ်မြေတွေရဲ့ ဖုန်းတိုင်တွေအကုန်လုံးမပြီး သေးတာကြောင့်ပါ။ အဲဒါကြောင့်ဖုန်းတွေ က နယ်မြေကန့်သတ်ချက်သိပ်မရှိသေးပဲ အကုန်လုံးနီးပါးလောက်ကို အသုံးပြုလို့ရနေပါတယ်။ ဒါပေမယ့် သတ်မှတ်နယ်မြေတွေရဲ့ဖုန်းတိုင်တွေ အကုန်လုံးပြီးသွားတဲ့အချိန်ကျရင်တော့ သူ့အလိုလိုနယ်မြေကန့်သတ် ပြီး သားဖြစ်သွားမှာပါ” ဟု Elite မှ တာဝန်ရှိသူ တစ်ဦးမှ ပြောသည်။
Ref:Internet Journal
.................................
No comments:
Post a Comment