Tuesday, November 11, 2008

မနိုင်းနိုင်းစနေ Blog မှ ဟာသများ

နေရာ ... စိတ္တဇဆေးရုံ


(၁)
ဆေးရုံအုပ်.... “မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား? နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက “အဟမ်း” လို့ ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား.. လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်”
နောက်တစ်နေ့ ....
နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင် ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့် လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က ရုတ်တရက်ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီး ပြောလိုက်သည်မှာက “မင်းဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်း မစားချင်ဘူးလားကွ” ဟူတည်း။


(၂)
လူနာတယောက် စာရွက်တရွက်နဲ့ စာတွေလျောက်ရေးနေတာကို နပ်စ်က
တွေ့တော့ မသိမသာနဲ့ စောင်းငှဲ့ ကြည့်မိတယ်။ လူနာက ကွယ်ဝှက်ပြီး ပေးမ
ကြည့်လို့ နပ်စ်က မေးလိုက်တယ်။
နပ်စ်......“ ဘယ်သူ့အတွက် ရေးနေတာလဲ ”
လူနာ.....“ ကိုယ့်အတွက် ရေးနေတာ”
နပ်စ်......“ ကိုယ့်အတွက် ဟုတ်လား...ဘာတွေ ရေးနေတာလဲ”
လူနာ.....“ ရှုးနေလား...စာတောင် မပို့ရသေးဘူး.. ဘာရေးထားလဲ ငါဘယ်လို
လုပ်သိမလဲ”


(၃)
လူနာတယောက်ဟာ ဆေးရုံထဲ ၀င်လာပါတယ်။
လူနာ.....“ ဆရာ...ဘယ်လိုလုပ်မလဲ....ကျွန်တော့်ကိုယ် ကျွန်တော် ကြက်တ
ကောင်လို့ ထင်နေတယ်”
ဆရာဝန်....“ဟာ...အခြေအနေ တော်တော်ဆိုးပါလား....ဘာဖြစ်လို့ စောစော
လာမကုတာလဲ”
လူနာ.....“အိမ်က လူတွေက ကျွန်တော် ဥ ဥမဲ့ နေ့အထိ စောင့်နေလို့ပါ”


(၄)
ဆရာဝန်က လူနာတယောက်ကို စမ်းသပ် မေးမြန်းတာပါ။
ဆရာဝန်..“ခင်ဗျားရဲ့ နားတဖက်ကို ဖြတ်လိုက်မယ်ဆိုရင် ဘယ်လိုခံစားရမလဲ”
လူနာ......“ကျွန်တော် မကြားရတော့ဘူးပေါ့”
ဆရာဝန်..“ အင်း....ဒါဟာ ပုံမှန်စိတ်ပဲ....နောက်နားတဖက်ကို ထပ်ဖြတ်လိုက်
မယ် ဆိုရင်ကော...”
လူနာ........“ ကျွန်တော် မမြင်ရတော့ဘူးပေါ့”
ဆရာဝန်....“ ဟာ...ဘာဖြစ်လို့လဲ”
လူနာ........“ ကျွန်တော့် မျက်မှန် ပြုတ်ကျသွားမှာပေါ့”


(၅)
ဆေးရုံဝင်းထဲမှာ လူနာတဦးဟာ အင်္ကျီအမဲရောင်နဲ့ ထီးအမဲကို ဆောင်းပြီး
အမြဲတမ်း တံခါးဝရှေ့မှာ ထိုင်နေခဲ့တယ်။ ဆရာဝန်တဦးက.. သူ့ကို ကုသဖို့ရာ
သူ့ အခြေအနေကို အရင်သိရမယ် လို့စဉ်းစားမိပြီး အဲဒီလူနာ နည်းတူ အင်္ကျီမဲ
ထီးမဲနဲ့ လူနာဘေးမှာ နုတ်ဆိတ်လို့ အတူ လိုက်ထိုင်ခဲ့တယ်။ ဒီလိုနဲ့ တလအ
ကြာမှာ လူနာဟာ စကား စပြောလာခဲ့တယ်။ သူပြောလိုက်တဲ့ စကားက......
“ ခင်ဗျားလဲ ကျွန်တော့်လို မှိုပဲလား” ဟူတည်း။


(၆)
နာမကျန်းတဲ့ အဘိုးအိုတစ်ဦး ဆရာဝန်သွားပြတော့ ဆရာဝန်က စမ်းသပ်ပြီး ရောဂါအခြေအနေ ဆိုးမှန်းသိတော့ အဘိုးအို လုပ်သင့်တာ လုပ်နိုင်အောင် မကွယ်မ၀ှက်ဘဲ ပြောပြလိုက်တယ်။
ဆရာဝန်က အဘိုးအိုကို “ခင်ဗျားလည်း ခင်ဗျားရောဂါ အခြေအနေအမှန်ကို သိချင်နေမယ်ထင်တယ်။ အခြေအနေကတော့ သိပ်မကောင်းဘူး။ ခင်ဗျားဘယ်သူနဲ့ တွေ့ချင်သလဲ ပြောပါ ကျွန်တော် ကူညီမယ်” လို့ ပြောတော့ အဘိုးအိုက ခေါင်းညိတ်ပြီး လေသံ တိုးတိုးလေးနဲ့ “ ဟုတ်ကဲ့... ကျွန်တော် နောက်ဆရာဝန် တစ်ဦးနဲ့ တွေ့ချင်တယ်” လို့ ပြောလိုက်တယ်။


(၇) အမျိုးသမီးတစ်ဦး ကလေးခေါ်ပြီး ကလေးဆေးရုံကို ရောက်လာခဲ့တယ်။
ဆရာဝန်။....။ ကလေးကို မိခင်နို့ တိုက်တာလား.. နွားနို့တိုက်တာလား...
အမျိုးသမီး။....။ မိခင်နို့ပါ။
ဆရာဝန်။....။ ကျွန်တော် စမ်းသပ်မလို့ ခင်ဗျား အင်္ကျီကို ချွတ်လိုက်ပါ။
အမျိုးသမီး။...။ ဟင်.. ဘာလို့လဲ..
ဆရာဝန်။....။ စိတ်မပူပါနဲ့။ ဒါ ဆေးရုံပါ။ ကျူးလွန်တာတွေ မရှိပါဘူး။
အမျိုးသမီးက ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ ဆရာဝန်ရဲ့ အစမ်းသပ်ကို ခံလိုက်တယ်။ ခဏလောက် စမ်းသပ်ပြီး ဆရာဝန်က “ ခင်ဗျားမှာ မိခင်နို့ရည်မှ မရှိတာ။ ဒါကြောင့် ကလေးက အာဟာရ ပြတ်နေတာပေါ့” လို့ ပြောတော့ အမျိုးသမီးက “ကျွန်မမှာ ဘယ်လိုလုပ်ပြီး မိခင်နို့ရည် ရှိမလဲ။ ကျွန်မက သူ့အန်တီ” လို့ ဒေါသတကြီး ပြန်အော်လိုက်တယ်။


(၈)
ဆေးခန်းကို လူနာတစ်ယောက် ရေးကြီးသုတ်ပြာ ပြေးလာပြီး
“ဆရာ..ဆရာ.. ကျွန်တော့်ကို ကယ်ပါ။ ကျွန်တော် ဓာတ်ဆီ မှားသောက်မိလို့” လို့ ပြောတော့ ဆရာဝန်က “ ကိစ္စမရှိဘူး။ ဒီရက်အတောအတွင်း ခင်ဗျား ဆေးလိပ်မသောက်နဲ့” လို့ ပြန်ဖြေသတဲ့။


(၉)
လူနာ။....။ ဆရာ ကျွန်တော် ချောင်းအရမ်းဆိုးနေတယ်။
ဆရာဝန်။...။ ခင်ဗျား အသက်
လူနာ။....။ ၇၅ပါ ဆရာ
ဆရာဝန်။....။ အသက် ၂၀မှာ ချောင်းဆိုးဖူးလား...
လူနာ။....။ မဆိုးဖူးပါဘူး
ဆရာဝန်။....။ အသက် ၄၀မှာရော ဆိုးဖူးလား...
လူနာ။....။ မဆိုးဖူးပါဘူး
ဆရာဝန်။....။ ဒါဆို ခုအသက်အရွယ်မှာမှ ချောင်းမဆိုးရင် ခင်ဗျား ဘယ်အရွယ်မှာမှ ချောင်းဆိုးချင်သလဲ...


(၁၀)
“ ခွဲစိတ်တဲ့ အခြေအနေ ဘယ်လိုနေလဲ ဆရာ”
“အော်... ဒီတစ်ခါနဲ့ဆို ကျွန်တော် ခွဲစိတ်တာ ၉၇ကြိမ် ရှိခဲ့ပြီ”
“ဟာ.. ဒါဆို ကျွန်တော် စိတ်ချရပြီဆရာ” “အင်း... ကျွန်တော်လဲ ဒီတစ်ကြိမ်တော့ အောင်မြင်မယ်လို့ ထင်ပါတယ်”


(၁၁)
ကင်ဆာရောဂါနဲ့ သေတော့မယ် လူတစ်ယောက်ကို သားဖြင့်သူက
“ကင်ဆာရောဂါ ဖြစ်နေတာကို ဘာဖြစ်လို့ သတင်းလာ မေးသူတိုင်းကို အေအိုင်ဒီအက်စ် ဖြစ်နေတယ်လို့ ပြောရတာလဲ ဖေဖေ” လို့ မေးတော့ အဖေဖြစ်သူ ဖြေလိုက်တာက
“ဒါမှ ငါသေသွားရင် မင်းအမေကို တစ်ခြားလူ မကြံမှာပေါ့ကွ” ဟူတည်း။


(၁၂)
လူနာ “အား... နာတယ်ဗျာ”
ဆရာဝန် “အပ်က ခင်ဗျားအသားကိုတောင် မထိရသေးဘူး”
လူနာ “ဒါပေမယ့် ကျွန်တော့်ခြေထောက်ကို ဆရာနင်းထားတယ်ဗျာ”




ကြိုပြောထားမယ်နော်။ ဒီဟာသက နည်းနည်းဝါ(ပြာ)တယ်။ အမြင်တစ်မျိုး ဖြစ်မယ်ဆိုရင် ဆက်မဖတ်တာ အကောင်းဆုံးပဲ။ မဖတ်ပါနဲ့ဆိုမှ ပိုဖတ်ချင်တယ်ဆိုရင်လည်း ဆက်ဖတ်ပေါ့နော် ဟာသရဲ့ အဓိပ္ပယ်ကိုတော့ သေချာမသိပါဘူး။ တချို့ကလဲ ချက်အောက်ပိုင်းက အရာမပါရင် ဟာသ မမြည်ဘူးလို့ ဆိုကြတယ်။ ဖတ်ဖူးတဲ့ ဟာသတွေကို မျှဝေလိုက်ပါတယ်။နယ်နိမိတ် ကျော်မကျော်၊ချက်အောက်ပိုင်း အရာမပါလဲ ဟာသမြှောက်မမြှောက် ဖတ်ကြည့်ကြပါ။ ဘာပဲဖြစ်ဖြစ် ရယ်မောသူသည် အသက်ရှည်၏တဲ့..


(၁၃)
အဘွားအိုတစ်ဦးဟာ မင်္ဂလာဆောင်ပြီး မကြာသေးတဲ့ ချွေးမကို ကြည့်ဖို့ သားအိမ်ကို ရောက်သွားခဲ့တယ်။ လူခေါ်ဘဲလ်တီးပြီး တံခါးဖွင့်လာတော့ ဘာအ၀တ်အစားမှ ၀တ်မထားတဲ့ ချွေးမကို တွေ့လိုက်တယ်။ ချွေးမကို ကြည့်ပြီး အဘွားအိုက အလန့်တကြား မေးတယ်။

“ ဒါ ဘာလုပ်တာလဲ”
“ယောကျာ်းအပြန်ကို စောင့်နေတာလေ”
“ဘာမှ မ၀တ်ဘဲ စောင့်နေရသလား”
“ဒါကို ည၀တ်အိပ် အချစ်အင်္ကျီလို့ ခေါ်တယ်”
“လုံးဝ ၀တ်မထားတာကို ဘာ ည၀တ်အင်္ကျီလို့ ခေါ်တာလဲ”
“ဒါပေမယ့် ကျွန်မ ယောက်ျားက ဒီည၀တ်အင်္ကျီကို ကြိုက်တယ်ရှင့်”

ချွေးမကို ဘာမှ ဆက်မပြောတော့ဘဲ အဘွားအို လှည့်ပြန်လာခဲ့တယ်။ အိမ်ရောက်တာနဲ့ အဘွားအိုဟာ ရေမိုးချိုး၊ အမွှေးအကြိုင်တွေ ဆွတ်ပြီး ဘာအ၀တ်အစားမှ မ၀တ်ဘဲ တံခါးဝမှာ သွားရပ်နေခဲ့တယ်။

တအောင့်ကြာတော့ အဘိုးအို ပြန်ရောက်လာတယ်။ အ၀တ်ဗလာနဲ့ ရပ်နေတဲ့ အဘွားအိုကို မြင်တော့ လန့်ပြီး “ဒါ ဘာလုပ်တာလဲ” လို့ အော်လိုက်တယ်။

“ဒါ ည၀တ် အချစ်အင်္ကျီလေ” လို့ ပြန်ဖြေလိုက်တော့ အဘိုးအိုက
“ ဟာ မင်းည၀တ်အင်္ကျီက မီးပူထိုးသင့်နေပြီ။ ကြည့်စမ်း ဟိုကြယ်သီးနှစ်လုံးကလဲ ပြုတ်ထွက်တော့မယ်”


(၁၄)
ကျောင်းသားတစ်ဦးသည် ဆရာမတစ်ဦးကို တိတ်တခိုး နှစ်သက်စွဲလမ်းနေမိသည်။ တစ်နေ့တွင် အရဲစွန့်ပြီး ဆရာမကို ချစ်ကြိုက်ကြောင်း ရင်ဖွင့်ခဲ့သည်။ ဆရာမက ကျောင်းသားနှင့် ဆရာမှာ မချစ်သင့်ကြောင်း၊ မယူသင့်ကြောင်း အမျိုးမျိုးပြောဆိုဆုံးမခဲ့သော်လည်း ကျောင်းသားက အချစ်တွင် အသက်အရွယ်၊ ရာထူးဂုဏ်သိက္ခာ မခွဲခြားကြောင်းပြောပြီး တစ်ဇွတ်ထိုး ရှေ့တိုးခဲ့သည်။

ဆရာမက မတတ်တာသည့်အဆုံး မင်းလို ကလေးကို ငါမချစ်နိုင်ဘူးဟူသည့်သဘောဖြင့် “ဆရာမ ကလေးမလိုချင်ဘူး” ဟုပြောလိုက်ရာ ကျောင်းသားပြန်ပြောလိုက်သည်မှာက
“ကလေးမရအောင် ကျွန်တော်သတိထားပြီး လုပ်ပါ့မယ်”


(၁၅)
ဘားတစ်ခုမှာ သူငယ်ချင်းသုံးယောက်ဆုံတော့ ကိုယ့်မိန်းမကို ၀ယ်ပေးတဲ့ လက်ဆောင်ပစ္စည်း အကြောင်း ပြောကြတယ်။ ပထမတစ်ယောက်က “ဟိုတလောက ငါ့မိန်းမကို ၆စက္ကန့်အတွင်း သုညကနေ ၁၀၀ အထိ ရောက်သွားနိုင်တဲ့ ပစ္စည်းတစ်ခု ၀ယ်ပေးလိုက်တယ်” လို့ ပြောတော့ ကျန်တဲ့ လူနှစ်ယောက်က ဘာပစ္စည်းမှန်း မသိတော့ သူက “ ငါ့မိန်းမကို Porsche လုပ် ပြိုင်ကားတစ်စီး ၀ယ်ပေးလိုက်တယ်လေ” လို့ပြောတယ်။

ဒုတိယတစ်ယောက်ကလည်း အားကျမခံ “ငါလည်း ငါ့မိန်းမကို ၄ စက္ကန့်အတွင်း သုညကနေ ၁၀၀ထိ ရောက်သွားနိုင်တဲ့ ပစ္စည်းတစ်ခု ၀ယ်ပေးလိုက်တယ်”
“နင်ဝယ်ပေးလိုက်တာ Ferrari ပြိုင်ကားမဟုတ်လား”
“ဟုတ်တယ်... ငါ့မိန်းမကို အနီရောင် Ferrari တစ်စီး ၀ယ်ပေးလိုက်တယ်”

တတိယတစ်ယောက်ကလည်း “ငါလည်း ငါ့မိန်းမကို ၂ စက္ကန့်အတွင်း သုညကနေ ၁၀၀ အထိ ရောက်သွား နိုင်တဲ့ပစ္စည်း ၀ယ်ပေးလိုက်တယ်”
“ဟာ...မဖြစ်နိုင်တာ.. Ferrari က ကမ္ဘာပေါ်မှာ အမြန်ဆုံးကားပဲ... မင်းကားက ဘာကားမို့ လို့လဲ”
“အင်း...ငါဝယ်ပေးတာ ကားတော့ မဟုတ်ဘူး...ဒါပေမယ့် တကယ်ပဲ ၂ စက္ကန့်အတွင်း သုညကနေ ၁၀၀ ထိ ရောက်သွားနိုင်တယ်”
“ ဘာမို့လိုလဲ... ဘာလဲ....” “ဘာလဲ..”
..............

...............


(၄)
ချစ်သူနှစ်ဦးဟာ ပျော်ပျော်ပါးပါး သွားချိန်းကြတယ်။ ညရောက်တော့ ကောင်
လေးက ကောင်မလေးကို အိမ်လိုက်ပို့ပေးပြီး မခွဲနိုင် မခွါရက်ဖြစ်ပြီး အိမ်ဝမှာ
ပဲ ကောင်မလေးကို ပွေ့ဖက်ပြီး နမ်းပါတော့တယ်။ ခဏကြာတော့ အိမ်အပေါ်
ထပ်က မီးလင်းလာပြီး ခြေသံ တဒုန်းဒုန်းနဲ့ ကောင်မလေး အဖေ ဆင်းလာပါ
တယ်။ တံခါးဖွင့်ပြီး ဒေါသတကြီးနဲ့ “ဟေ့ကောင်...ငါ့ခွင့်ပြုချက် မပါဘဲ ငါ့သမီးကို မင်းချိန်းခဲ့တယ်။ ညမိုးချုပ်မှ ပြန်လာပြီး ငါ့အိမ်ရှေ့မှာ ဒီလိုလာလုပ်နေတယ်... ဒါတွေ မင်းကို ငါအပြစ်မယူပါဘူး...ဒါပေမယ့် အဲဒီလူခေါ် ဘဲလ်ကို မင်းလက်နဲ့ မဖိထားလို့ မရဘူးလား”




အကြီးအကဲ


(၁)
လူတစ်ယောက်ဟာ သေပြီး နတ်ပြည်ရောက်သွားခဲ့တယ်။ နတ်သားတစ်ဦးက သူ့ကိုဦးဆောင်ပြီး နတ်ပြည်အနှံ့ လိုက်ပြခဲ့တယ်။ နောက်ဆုံးမှာ နာရီအပြည့်ချိတ်ထားတဲ့ အခန်းတစ်ခုကို ရောက်သွားခဲ့တယ်။ အခန်းထဲမှာရှိတဲ့ နာရီတစ်ချို့က အလုပ်လုပ်နေပြီး၊ တစ်ချို့က ရပ်နေတယ်။ နတ်သားက “ဒီနာရီတွေက လူ့ပြည်မှာရှိတဲ့ လူတွေရဲ့ ကိုယ်စားပြု နာရီတွေဖြစ်တယ်။ ခင်ဗျားနာရီလည်း ဒီထဲမှာရှိတယ်” လို့ ရှင်းပြတယ်။ နာရီတစ်ချို့က မြန်လိုက်၊ နှေးလိုက် ဖြစ်နေတာကို တွေ့တော့ နတ်သားက “ လူတစ်ချို့ မုသားစကားပြောနေတဲ့ အချိန်မှာ သူ့ကိုယ်စားပြု နာရီက အရမ်းမြန်နေတတ်တယ်” လို့ ထပ်ရှင်းပြတယ်။

နတ်သားရှင်းပြတာကို ကြားတော့ သူက စိတ်ဝင်တစား “ဒါဆို ကျွန်တော်တို့ နိုင်ငံတော်အကြီးအကဲရဲ့ နာရီမရှိဘူးလား ကျွန်တော့်ကို ခဏပြလို့ရမလား” လို့ တောင်းဆိုလိုက်တယ်။

နတ်သားပြန်ဖြေလိုက်တာက “ရှိတယ်။ ဒါပေမဲ့ ခဏနေမှကြည့်လို့ရမယ်။ နတ်မင်းကြီးက ပူလို့ဆိုပြီး အဲဒီနာရီကို ပန်ကာလုပ်ဖို့ ယူသွားလို့ပါ”


(၂)
တစ်ခါက နိုင်ငံ အကြီးအကဲ သုံးဦးဟာ ဘုရားသခင်ကို တွေ့ဖို့ အခွင့်အရေးရခဲ့တယ်။ ဘုရားသခင်က သူ့တို့ကို မေးခွန်းတစ်ခုစီ မေးဖို့ ခွင့်ပြုလိုက်တော့...

ပထမနိုင်ငံ အကြီးအကဲ “ဘုရားသခင် ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေ ကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ”
ဘုရားသခင် .....“ အနှစ် ၅၀ စောင့်ရလိမ့်မယ်”
ပထမနိုင်ငံ အကြီးအကဲ..... (စိတ်ပျက်ဝမ်းနည်းစွာနဲ့) “ဒါဆို ကျွန်တော် မမီတော့ဘူးထင်တယ်”

ဒုတိယနိုင်ငံ အကြီးအကဲ.... “ဘုရားသခင် ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေ ကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ”
ဘုရားသခင် .....“နှစ် ၁၀၀ စောင့်ရလိမ့်မယ်”
ဒုတိယနိုင်ငံ အကြီးအကဲ(စိတ်ပျက်ဝမ်းနည်းစွာနဲ့) .....“ဒါဆို ကျွန်တော် မမီတော့ဘူးထင်တယ်”

တတိယနိုင်ငံ အကြီးအကဲ .....“ဘုရားသခင် ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေ ကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ”
ဘုရားသခင် (စိတ်ပျက်ဝမ်းနည်းစွာနဲ့) ......“ အကျွန်ုပ် မမီတော့ဘူး ထင်တယ်”



(၃)
တခါက ပညာရေးဝန်ကြီး တဦးဟာ ကျောင်းတကျောင်းကို ကြည့်ရှုစစ်ဆေးဖို့ သွားရောက်ခဲ့တယ်။
အတန်းတတန်းထဲ ၀င်ကြည့်တော့ အခန်းထဲမှာ ကမ္ဘာလုံး တလုံး တင်ထားတာတွေ့လို့
ကျောင်းသားတယောက်ကို ခေါ်ပြီး ........
“ ဒီကမ္ဘာကြီးဟာ ဘာလို့ ၂၃ နှစ်ပိုင်းတပိုင်း ဒီဂရီ တိမ်းစောင်းနေသလဲ” လို့
မေးလိုက်တယ်။ အမေးခံရတဲ့ ကျောင်းသားက ပျာပျာသလဲ
“ကျွန်တော်လုပ်တာ မဟုတ်ဘူး...” လို့ ပြန်ဖြေတယ်။
ပညာရေးဝန်ကြီးက ၀င်လာတဲ့ နောက်ကျောင်းသားတဦးကို မေးလိုက်ပြန်တယ်။
ကျောင်းသားက လက်ကာပြပြီး...
“ကျွန်တော်အခုမှ ၀င်လာတာ.... ကျွန်တော်လုပ်တာ မဟုတ်ဘူး” လို့ ဖြေပြန်တယ်။
ပညာရေးဝန်ကြီးက ဆရာဖက်လှည့်ပြီး “ဒါ..ဘယ်လိုဖြစ်ရတာလဲ” လို့
(ဆရာက တပည့်တွေကို ဘယ်လို သင်ခဲ့သလဲဆိုတဲ့ ပုံစံနဲ့) မေးလိုက်တယ်။
ဆရာက တောင်းပန်တဲ့ လေသံနဲ့
“သူတို့ကို အပြစ်တင်လို့ မရဘူး..ဒီကမ္ဘာလုံးက ၀ယ်လာကတည်းက ၂၃ နှစ်ပိုင်းတပိုင်း ဒီဂရီတိမ်းစောင်းနေတာပါ” လို့ပြန်ဖြေတယ်။
ပညာရေးဝန်ကြီးက ခရမ်းချဉ်သီးလို့ ပေါက်ကွဲတော့မယ့် မျက်နှာနဲ့
ကျောင်းအုပ်ဖက် လှည့်ကြည့်လိုက်တယ် ဆိုရင်ပဲ ကျောင်းအုပ်ကြီးက
“ပြောရမှာ အားတော့နာတယ်...ကျောင်းက ရန်ပုံငွေ အခက်အခဲဖြစ်နေလို့ ဒီကမ္ဘာလုံး
ကို လမ်းဘေးဈေးမှာ ၀ယ်ခဲ့လို့ အခုလိုတိမ်းစောင်းနေတာပါ” လို့ ပြန်ဖြေလိုက်တော့တယ်။


(၄)
တခါက တိုင်းပြည် အကြီးအကဲ တဦးသည် မိမိ၏ နာမည်နှင့် ဂုဏ်ကို မြှင့်
တင်ချင်သည့်အတွက် ကိုယ့်ပုံကို တံဆိပ်ခေါင်းအဖြင့် ထုတ်ဝေခဲ့သည်။
ထုတ်ဝေပြီး တလအကြာတွင် ရောင်းအားကောင်းမကောင်း စာတိုက်ကြီး
သို့ ကိုယ်တိုင်သွားရောက် စုံစမ်းခဲ့သည်။

အကြီးအကဲ..... ငါ့ပုံနဲ့ တံဆိပ်ခေါင်း ရောင်းအား ကောင်းလားဟေ့
စာတိုက်မှုး......ကောင်းပါတယ်......ဒါပေမယ့် တံဆိပ်ခေါင်းကော် သိပ်မ
ကပ်ဘူးလို့ ပြောကြတယ်။
အကြီးအကဲ......မဖြစ်နိုင်တာ
ကိုယ်တိုင် တံဆိပ်ခေါင်း တခုကို ယူပြီး နောက်ကျောကို တံထွေး ထွေး
ကာ စာအိတ်ပေါ်တွင် ကပ်ကြည့်လိုက်သည်။
အကြီးအကဲ........ကပ်တာမှ မြဲနေတာပဲ
စာတိုက်မှုး.......သူတို့က တံထွေးကို တံဆိပ်ခေါင်းရှေ့ ထွေးကြလို့ပါ။


(၅)
တခါက အကြီးအကဲသည် ညအချိန်တွင် တယောက်တည်း အပြင်ထွက်မိရာ လမ်းတွင်
လုယုက်သူနှင့် တိုးသည်။
လုယုက်သူ.......ပါသမျှ ပိုက်ဆံ အကုန်ထုတ်
အကြီးအကဲ.....ငါဘယ်သူလဲ သိလား...ငါဟာ ဒီတိုင်းပြည်ရဲ့ အကြီးအကဲကွ
လုယုက်သူ......ဒါဆို ယူထားသမျှတွေ အကုန်ပြန်ပေး


(၇)
တခါက အကြီးအကဲသည် နောက်လိုက်များနှင့် အစည်းအဝေးအတွက် ခ
ရီးထွက်ကြသည်။ လမ်းတွင် မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပြီး အားလုံး
ဆေးရုံသို့ ရောက်သွားကြသည်။ အကြီးအကဲ၏ သတင်းကို မေးမြန်းစုံစမ်း
ရန်အတွက် သတင်းထောက်များ လာရောက်ပြီး ဆရာဝန်အား မေးမြန်းခဲ့
ကြသည်။

သတင်းထောက်....ဆရာ...ဆရာ..အကြီးအကဲ အခြေအနေ ဘယ်လိုလဲ
ဆရာဝန်..........အင်း...အခြေအနေ မကောင်းဘူး
သတင်းထောက်......သူ့ရဲ့ နောက်လိုက်တွေကော
ဆရာဝန်........သူတို့လဲ အခြေအနေ မကောင်းဘူး
သတင်းထောက်......ဒါဆို ဘယ်သူအခြေအနေ ကောင်းလဲ ဆရာ
ဆရာဝန်........ငါတို့တိုင်းပြည် အခြေအနေ ကောင်းပြီ


(၈)
တခါက အကြီးအကဲသည် စိတ္တဇဆေးရုံသို့ သွားရောက် ကြည့်ရှုခဲ့သည်။
ဆေးရုံရှိ လူနာများက အကြီးအကဲကို တွေ့သည်နှင့်.. “အကြီးအကဲ ကျန်း
မာပါစေ...နေကောင်းပါစေ....သက်တော်ရှည်ပါစေ...”ဟု ကောင်းချီးပေး
ကာ ကြိုဆိုကြသည်။ သို့သော် ထိုလူနာတဦးမှာ ဘာမှမပြောဘဲ အကြီးအ
ကဲအား မျက်နှာလွှဲပြီး နေသည်။ အကြီးအကဲက မြင်သော်
“ဒီလူနာက ငါ့ကိုမြင်တာတောင် မကြိုဆိုပါလား” ဟု ဆေးရုံအုပ်အား မေးလိုက်သည်။
ဆေးရုံအုပ် ပြန်ဖြေလိုက်သည်မှာ “လူနာရဲ့စိတ် ဒီနေ့ အခြေအနေကောင်း
နေတယ်”



အခြားရယ်စရာများ


(၁)
တစ်ခါက လှေတစ်စင်း မြုပ်လုနီးနီးမှာ ရဟတ်ယာဉ်တစ်စီး လာကယ်ခဲ့တယ်။
ရဟတ်ယာဉ်ပေါ်က ကြိုးတစ်ချောင်းကို ပစ်ချပြီးကယ်တော့ ယောကျာ်း၁ဝယောက်နဲ့
မိန်းမတစ်ယောက်က အဲဒီကြိုးမှာ ပါသွားခဲ့တယ်။ ကြိုးမှာချိတ်နေတဲ့ လူ၁၁ယောက်ကို
ရဟတ်ယာဉ်က မနိုင်ဘဲဖြစ်နေလို့ လူတစ်ယောက် လက်လွှတ်ပေးရမယ်ဆိုတော့ ယောကျာ်းတွေက လက်မလွှတ်ချင်ကြဘူး။
ကဲ “အားလုံးအတွက် ကျွန်မ အနစ်နာခံပါ့မယ်။ ကိုယ့်ယောက်ျားအတွက်၊ ကိုယ်ရင်သွေးတွေအတွက် ပေးဆပ်တာကို မမျှော်ကိုးဘဲ အမြဲစွန့်လွှတ် အနစ်နာခံနေရတဲ့ ကျွန်မတို့ မိန်းမသားတွေအတွက် ဒါမျိုးက ရိုးနေပါပြီ.. ”လို့ အော်ပြောလိုက်တယ်။
အမျိုးသမီးလဲ ပြောပြီးရော ယောကျာ်းတွေ အားလုံး လက်ခုပ်ဝိုင်းတီးကြတော့တယ်..


(၂)
ထောက်ဒဏ်၁၂နှစ် ကျခံနေတဲ့ လူတစ်ယောက်ဟာ ထောင်ထဲမှာ ပျင်းနေခဲ့တယ်။ ဒီလိုနဲ့ တစ်နေ့မှာ လူစကားကို နားလည်တဲ့ ပုရွတ်ဆိတ်တစ်ကောင်ကို သူတွေ့ခဲ့တယ်။ လူစကားကို နားလည်တဲ့
ပုရွတ်ဆိတ်ကို ကင်းမြီးကောက်ထောင်ခိုင်း၊ နောက်ဂျွမ်းပစ်ခိုင်း.. စတာတွေ လေ့ကျင့်ပေးပြီး
အကျေနပ်ကြီး ကျေနပ်နေခဲ့တယ်။

ဒီလိုနဲ့ ထောင်ထွက်တဲ့နေ့မှာပဲ သူလေ့ကျင့်ထားတဲ့ ပုရွတ်ဆိတ်ကို ကြွားချင်လွန်းလို့ လူစည်ကားတဲ့ အရက်ဆိုင်တစ်ဆိုင်ကို သူသွားခဲ့တယ်။ အရက်တစ်ခွက်မှာပြီး အင်္ကျီအိတ်ထဲက ပုရွတ်ဆိတ်ကို ထုတ်ပြီး ခုန်ပေါ်တင်လိုက်တယ်။ ပြီးတော့ စားပွဲထိုးကို “ ဒီပုရွတ်ဆိတ်ကို ကြည့်စမ်း” လို့ ပြောလိုက်တယ်။

စားပွဲထိုးက ပုရွတ်ဆိတ်ကို လက်ဖဝါးနဲ့ ချက်ချင်းရိုက်ချလိုက်ပြီး အားတုန့်အားနာနဲ့ “ ဆောရီးနော်..ကျွန်တော် နောက်တစ်ခွက် ချက်ချင်းလဲပေးမယ်” လို့ ပြောလိုက်တယ်။


(၃)
ဗေဒင်ဆရာ “ဟေ့.. ခင်ဗျား ပိုက်ဆံမရှင်းရသေးဘူး”
ဗေဒင်မေးသူ “ကျွန်မမှာ ပေးစရာပိုက်ဆံမရှိဘူးဆိုတာ အခုနားက ဆရာမတွက်မိဘူးလား”


(၄)
တစ်ခါက သဲကန္တာရမှာ ဆာလောင်ပြီး သေလုနီးနီး ဖြစ်နေတဲ့ လူမဲတစ်ယောက်ဟာ နတ်မီးခွက်တစ်လုံး ကောက်တွေ့သတဲ့။ မီးခွက်ကို ပွတ်လိုက်တော့ မီးခွက် စောင့်နတ်က ထွက်လာပြီး လိုရာဆု သုံးဆုကို တောင်းခိုင်းလိုက်တယ်။ သူက ခဏလောက် စဉ်းစားပြီး
(၁) နေ့တိုင်း ရေသောက်ရပါစေ
(၂) လူဖြူတစ်ယောက် ဖြစ်ရပါစေ
(၃) နေ့တိုင်း ကောင်မလေးတွေရဲ့ တင်ပါးကို မြင်ရပါစေ
လို့ ဆုတောင်းလိုက်တာနဲ့ ဘုန်းဆိုတဲ့ အသံနဲ့အတူ အဲဒီလူမဲဟာ...... --------
အိမ်သာအိုးတစ်လုံး ဖြစ်သွားသတဲ့


(၅)
“ကျွန်တော့်အိမ်ဘေးက အသစ်ပြောင်းလာတဲ့ လူတွေက ဆိုးတယ်ဗျ...မနေ့ည
သန်းခေါင်ယံ လူခြေတိတ်ချိန်မှာ ကျွန်တော့်အိမ် တံခါးကို တဒုန်းဒုန်း လာထုတယ်”
“ဟာ...တော်တော်ဆိုးတာပဲ...ခင်ဗျား ရဲမတိုင်ဘူးလား”
“မတိုင်ပါဘူး......သူတို့ကို ကျွန်တော်က အရှုးလို့ သဘောထားပြီး ကျွန်တော့်
စန္ဒားယားကို ကျွန်တော်ဆက်တီးနေလိုက်တယ်”


ကလေးအတွေး


(၁)
ဖခင်.....သား မတတ်တာ ဘာရှိလဲ ဖေဖေ့ကို ပြောပြ။
သား.....ဒီကမ္ဘာပေါ်မှာ သားမတတ်တာ (၂)ခုပဲရှိတယ်။
ဖခင်.....ဟာ....ငါ့သား တယ်တော်ပါလား...ဘယ်(၂)ခု မတတ်တာလဲ။
သား.....သား “ဒီဟာ” လဲ မတတ်ဘူး။ သား “ဟိုဟာ” လဲ မတတ်ဘူး။
ဖခင်.......... ^&(*&!")(!_)£$"

(၂)
ဖခင်..........သားကြီးလာရင် ဘယ်သူ့ကို ယူမလဲ
သား..........ဘွားဘွားက သားကို သိပ်ချစ်တယ်ဆိုတော့....သားကြီးလာ
ရင် ဘွားဘွားကိုယူမယ်။
ဖခင်.........ဟာ....ဖေဖေ့ မေမေကို သားယူလို့ ဘယ်ရမလဲ။ အဲဒီလို ပြော
လို့မရဘူး သား..
သား........ ဒါဆိုရင် ဘာဖြစ်လို့ သား မေမေကိုကျတော့ ဖေဖေယူလို့ရလဲ။
ဖခင်.........^&!()%^$%!$"*(

(၃)
ဖခင်........... သား ၁ နဲ့ ၁ ပေါင်း ဘယ်လောက်ရလဲ
သား........... မသိဘူး ဖေဖေ
ဖခင်......... လူအ..၂ ရတယ်...ဟင်း...ဒါလေးတောင်မသိဘူး။ ဒါဆိုရင်
ဖေဖေနဲ့ သားပေါင်းရင် ဘာရလဲ။
သား........... ဖေဖေနဲ့ သားပေါင်းရင် လူအ နှစ်ယောက်ရတယ်။
ဖခင်...........&^!*"^!%"$!£")(*)

(၄)
“နင့်အမှတ် ဘယ်လောက်ရလဲ”
“သုည ..နင်ကော”
“ငါလဲ သုညပဲရတယ်”
“အမှတ်ချင်း တူနေပြန်ပြီ ဆရာက ငါတို့ကို ခိုးကြည့်တယ် ပြောဦးမလား မသိ
ဘူး”

ဖခင်........ဟင်း....ကျောင်းဖွင့်ခါစပဲ ရှိသေးတယ်။ ရမှတ်က သုညတဲ့...ဟင်း
သား........ ဆရာမက ပြောတယ်..ဘယ်အရာမဆို သုညက စရမယ်တဲ့။
ဖခင်............&*!^"!%"!^%"!08

(၅)
ဖခင်.......... ကျောင်းကောင်းကောင်းထားပေးတာ စာမကြိုးစားချင်ဘူး။ ဖေဖေ့
တုန်းက ဆင်းရဲလို့ ကျောင်းတက်ချင်တာတောင် မတက်ခဲ့ရဘူး။
သား........... ဖေဖေ....သားတို့ ဘယ်တော့ ပြန်ဆင်းရဲမှာလဲဟင်....
ဖခင်............&*!^"!%"!^%"!08


.......

5 comments:

Anonymous said...

Buy Cialis, Viagra, Levitra, Tamiflu. Order Generic Medication In own Pharmacy. Buy Pills Central.
[url=http://buypillscentral.com/about_en-us.htm]Purchase Best Viagra, Cialis, Levitra, Tamiflu[/url]. canadian generic drugs. Top quality drugs pharmacy

Anonymous said...

Today it's rather fastidious to trust remarkable medical companies Best Discount Viagra Pharmacy On-line, unusually those who present their meds online.

Anonymous said...

When you body Viagra or some other meds in our shop you may be trustworthy buy Viagra now that this product only of first-rate quality bequeath be delivered to you systematically in time.

Anonymous said...

huh... interesting text )

Anonymous said...

Who else thinks that Russia bears walking the streets, and the vodka flows like water?
And anyone can know that in this country the most beautiful girls?