Tuesday, November 25, 2008

အင်တာနက်မွေးဖွားခြင်း (၄+၅)

Ref:Internet Journal


TCP/IP ကမ္ဘာသုံး အဖြစ် ရောက်ရှိလာခြင်း

အမေရိကန်ပြည်ထောင်စု ပြင်ပက ပထမဆုံး ARPANET ချိတ်ဆက်မှုကို ၁၉၇၃ ခုနှစ်မှာ နော်ဝေးနိုင်ငံ NORSAR ကွန်ရက်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး များမကြာမီမှာပဲ ဗြိတိန်နိုင်ငံနဲ့ ဆက်လက်ချိတ် ဆက်မှုပြုခဲ့ပါတယ်။ ၁၉၈၂ ခုနှစ် အရောက်မှာတော့ ဒီကွန်ရက်ဆက်ကြောင်းတွေကို တခြား ARPANET ကွန်ရက်တွေ အားလုံးနဲ့အတူပဲ TCP/IP အဖြစ် ပြောင်းလဲခဲ့ကြပါတယ်။


CERN နဲ့ ဒေသဆိုင်ရာ ကွန် ရက်များ ပေါ်ထွန်းလာခြင်း

၁၉၈၄ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အကြားမှာ CERN က ၎င်းင်းရဲ့ အဓိက ကွန်ပျူတာစနစ်တွေ၊ workstation တွေ၊ ပီစီတွေနဲ့ accelerator control စနစ်တို့ကို TCP/IP အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဒီအတောအတွင်း CERN အနေနဲ့ ၎င်းရဲ့ကိုယ်ပိုင် network protocol သုံးထားတဲ့ ကွန်ရက်တစ်ခုကို ဆက်လက် အသုံးပြုနေခဲ့ပါတယ်။ ဥရောပနိုင်ငံတွေအနေနဲ့ အဲဒီတုန်းက TCP/IP က စနစ်ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုဖို့ တွန့်ဆုတ်နေခဲ့ကြတာကြောင့် CERN TCP/IP intranet ဟာ ၁၉၈၉ ခုနှစ်အထိ အင်တာနက်ကွန်ရက်ကြီးနဲ့ ချိတ်ဆက်မမိနိုင်သေးဘဲ သီးခြားတည်ရှိနေခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ Amsterdam အခြေစိုက် CWI က Daniel Karrenberg ဟာ CERN နဲ့ TCP/IP ညှိနှိုင်းရေးမှူး Ben Segal နဲ့ တွေ့ဆုံပြီး ဥရောပတိုက်မှာ အသုံးပြုနေတဲ့ UUCP Use net ကွန်ရက်ကို TCP/IP အဖြစ် ပြောင်းလဲဖို့အတွက် ဆွေးနွေးခဲ့ပါတယ်။ Ben Segal။ ဟာ ၁၉၈၇ ခုနှစ်မှာကတည်းက Cisco လို့အမည်ရတဲ့ ကုမ္ပဏီငယ်လေးကနေ CERN အတွက် TCP/Ip router တွေ ၀ယ်ယူဖို့ စကားပြောဆိုပြီး ဖြစ်တာကြောင့် Kerren-berg ကို TCP/IPု နဲ့ ပတ်သက်ပြီး အသေးစိတ် ရှင်းလင်းပြောကြားနိုင်ခဲ့ တယ်လို့ ဆိုပါတယ်။ ၁၉၈၉ ခုနှစ် အရောက်မှာတော့ CERN ကနေ ၎င်းရဲ့ TCP/IP အသုံးပြု ကွန်ရက်ကို စတင်ဖွင့်လှစ် အသုံးပြုနိုင်ခဲ့ပါ တယ်။ တစ်ချိန်တည်းမှာပဲ IP ကွန်ရက် administrator တွေ စုပေါင်းပြီး RIPE (Reseaux IP Europeens) ဆိုတဲ့ အဖွဲ့တစ်ခုကို ဖွဲ့ခဲ့ကြပြီး ၁၉၉၂ ခုနှစ်မှာ ဒီ RIPE ဟာ တရားဝင်မှတ်ပုံတင်အဖွဲ့တစ် ခုဖြစ်လာခဲ့ပါတယ်။ သြစတြေးလျတက္ကသိုလ်တွေ ကလည်း ၎င်းတို့ရဲ့ X.25 နဲ့ UUCPNet နည်းပညာအသုံးပြု ကွန်ရက်တွေကို ARPA ကွန်ရက်နဲ့ ချိတ်ဆက်ပေးလာကြပါတယ်။ ဒါ ပေမယ့် ဒီကွန်ရက်တွေကို ကမ္ဘာ့ကွန်ရက်ကြီးနဲ့ ချိတ်ဆက်မှုပြုရာမှာတော့ ငွေကြေးအကုန်အကျ ကြီးမားတာကြောင့် အကန့်အသတ်နဲ့ပဲ ရှိနေခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာတော့ သြစတြေးလျတက္ကသိုလ် အများပူးပေါင်းကာ ၎င်းတို့ရဲ့ ကွန်ရက်အခြေခံစနစ်တွေကို IP protocol အဖြစ် ပြောင်းလဲအသုံး ပြုလာခဲ့ကြပါတယ်။ အာရှတိုက်အတွင်းကိုတော့ ၁၉၈၀ ပြည့်လွန်နှစ်နှောင်းပိုင်းမှာမှ အင်တာနက်ကွန်ရက်ရောက်ရှိလာ ခဲ့တာဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ် ကတည်းက UUCPက အခြေပြု ဂျပန်နိုင်ငံရဲ့ JUNET ဟာ ၁၉၈၉ ခုနှစ်မှာ NSFNet နဲ့ ၀င်ရောက် ချိတ်ဆက်လာခဲ့ပါတယ်။ စင်ကာပူ နိုင်ငံကတော့ ၁၉၉၀ ပြည့်နှစ်မှာ TECHNET ကွန်ရက်ကို ဖန်တီးခဲ့ ကာ ၁၉၉၂ ခုနှစ်မှာ ထိုင်းနိုင်ငံက ၎င်းရဲ့ချူလာလောင်ကွန်တက္ကသိုလ် နဲ့ UNNET တို့အကြား ကွန်ရက် ချိတ်ဆက်ပြီး အင်တာနက်ကွန် ရက်ကြီးနဲ့ စတင်ချိတ်ဆက်လာနိုင် ခဲ့ပါတယ်။


ဒီဂျစ်တယ်ကွာဟမှု

ဖွံ့ဖြိုးပြီးနိုင်ငံတွေအနေနဲ့ အင် တာနက်ကွန်ရက်ကြီးနဲ့ အသီးသီး ချိတ်ဆက်လာနိုင်ကြပေမယ့် ဖွံ့ဖြိုး ဆဲနိုင်ငံတွေမှာတော့ နည်းပညာ ဆိုင်ရာအခြေခံအဆောက်အအုံတွေ ဖြည့်ဆည်းပေးနိုင်မှု မရှိတာကြောင့် နိုင်ငံတစ်ခုနဲ့တစ်ခုအကြား ဒီဂျစ်တယ်ကွာဟမှုဟာ တဖြည်းဖြည်း ကြီးမားလာခဲ့ပါတယ်။ အာဖရိက ၁၉၉၀ ပြည့်နှစ်အစောပိုင်း ကာလတွေမှာ အာဖရိကနိုင်ငံတွေ ဟာ X.25 IPS နဲ့ 2400 baud modem UUCP link တွေကို ကြားခံပြီးမှ နိုင်ငံတကာကွန်ရက်နဲ့ ချိတ်ဆက်မှုပြုနိုင်ခဲ့ကြပါတယ်။ ၁၉၉၆ ခုနှစ်အရောက်မှာတော့ USAID ကနေ ရန်ပုံငွေထောက်ပံ့ ပြီး Leland initiative ကို စတင်ကာ အာဖရိကတိုက်နိုင်ငံတွေ အတွင်း အင်တာနက်ချိတ်ဆက် အသုံးပြုလို့ရနိုင်မယ့် စနစ်ကိုဖန်တီး ပေးခဲ့ပါတယ်။ အာဖရိကတိုက်ရဲ့ IP address တွေကို စီမံခန့်ခွဲဖို့ အတွက် မောရိသျှအခြေစိုက် AfriNIC ကနေ အဓိကတာဝန်ယူပြီး အင်တာနက်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို စည်းဝေး တိုင်ပင်ဆွေးနွေးနိုင်ဖို့အတွက် Internet Community of Operational Networking Specialists ဖိုရမ်ကိုလည်း ဖွဲ့စည်းခဲ့ကြပါတယ်။ အာရှနဲ့ ပင်လယ်ကျွန်းစုနိုင်ငံများ ဒီဒေသအတွက် IP address စီမံခန့်ခွဲမှုကို သြစတြေးလျ တိုက်မှာ အခြေစိုက်တဲ့ APNIC (Asia Pacific Network Information Centre) ကနေ တာဝန်ယူပြီး APRICOT (Asia-Pacific Regional Internet Conference on Operational Technologies) လို့ အမည်ပေးထားတဲ့ ဖိုရမ်တစ်ခုကိုလည်း ဖန်တီးထားကြပါတယ်။ ၁၉၉၁ ခုနှစ်မှာ တရုတ်နိုင်ငံက Tsinghuaက တက္ကသိုလ်မှာ TUNET လို့ အမည်ရတဲ့ TCP/IP ကွန်ရက် တစ်ခုကို ဖန်တီးခဲ့ပါတယ်။ အဲဒီ နောက် ၁၉၉၅ ခုနှစ်မှာ Beijing Electro-Spectrometer Collaboration နဲ့ Stanford တက္ကသိုလ်ရှိ Linear Accelerator Center တို့အကြား ချိတ်ဆက်မှုပြုပြီး အင်တာနက်ကွန်ရက်ထဲဝင်ရောက် လာနိုင်ခဲ့ပါတယ်။ လက်တင်အမေရိက တခြားဒေသတွေမှာ လိုမျိုးပဲ LACNIC (Latin American and Caribbean Internet Addresses Registry) ကနေ IP addressန နဲ့ တခြားလိုအပ်တဲ့နည်း ပညာဆိုင်ရာကိစ္စတွေကို စီမံခန့်ခွဲ တာဖြစ်ပါတယ်။ ဒီ LACNIC ဟာ ဥရုဂွေးနိုင်ငံမှ အခြေစိုက်ကာ DNS root, reverse DNS နဲ့ တခြားဝန်ဆောင်မှုတွေကိုလည်း ပေးနေတာကို တွေ့ရပါတယ်။


.................


အင်တာနက်ကို စီးပွားရေးလုပ်ငန်းသုံးအဖြစ် ဖွင့်ပေးလိုက်ခြင်း
အစောပိုင်းကာလတွေမှာ အင်တာနက်ကို စီးပွားရေးလုပ်ငန်းအနေနဲ့ အသုံးမပြုဖို့ တားမြစ်ထားပေမယ့် အဓိပ္ပာယ်အတိအကျနဲ့ တားမြစ်ထားမှုမရှိတဲ့အပြင် အများအားဖြင့် ကိုယ်ပိုင်သဘောဆန္ဒနဲ့ပဲ အသုံးမပြုဘဲနေကြတာကို တွေ့ရ ပါတယ်။ ဥပမာအားဖြင့် UUCPNet နဲ့ X.25 IPSS တို့မှာဆိုရင် ဒီလိုမျိုး ကန့်သတ်ထားတာမရှိတဲ့အတွက် စီးပွားရေးလုပ်ငန်းအတွက် အသုံးမပြုရလို့ တားမြစ်ထားတဲ့ ARPANET နဲ့ NSFNet တို့ကနေ ၎င်းတို့ကွန်ရက်ထဲ လာရောက်ချိတ်ဆက်မှုမပြုဖို့ ကန့်သတ်လိုက်တာမျိုး တွေ့ကြုံခဲ့ရပါတယ်။ ဒါပေမယ့် တချို့ UUCP link တွေကတော့ အင်တာနက်ကွန်ရက်ကြီးတွေနဲ့ ချိတ်ဆက်ထားမြဲရှိနေတာကို တွေ့ရပါတယ်။ ၁၉၈၀ ပြည့် နှောင်းပိုင်း ကာလတွေမှာတော့ ပထမဆုံးသော အင်တာနက် ၀န်ဆောင်မှုကုမ္ပဏီ (Internet Service Provider) တွေ ပေါ်ပေါက်လာပါတယ်။ ဒီအထဲက PSINet, UUNET, Netcom, Portal Software တွေဆိုရင် ဒေသတွင်း သုတေသန ကွန်ရက်တွေအတွက်သာမက UUCP အခြေပြု e-mail နဲ့ Usenet News စတဲ့ အများပြည်သူတွေအတွက် ၀န်ဆောင်မှုတွေကိုပါ ပေးလာတာကို တွေ့ရပါတယ်။ အမေရိကန်အနောက်ဘက်ကမ်းခြေအတွက် အခုအခါ Verio လို့လူသိများနေတဲ့ Best Internet ကို ၁၉၈၆ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး အရှေ့ဘက်ကမ်းခြေဒေသအတွက် ပထမဆုံး dial-up ကုမ္ပဏီ world.std.com ကို ၁၉၈၉ ခုနှစ် မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာ ARPANET စီမံကိန်းအဆုံးသတ်ခဲ့ပြီး ကွန်ရက် နည်းပညာသစ်တွေနဲ့ အစားထိုး အသုံးပြုလာခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာ NSFNet ကို ANSNET (Advanced Networks and Services) အဖြစ် အမည်ပေးကာ ကော်ပိုရေးရှင်းကြီးတွေအတွက် အမြတ်အစွန်းမယူတဲ့လုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့ ဖွင့်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အစိုးရဌာနတွေနဲ့ အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီတွေကနေ မိမိတို့ကိုယ်ပိုင် backbone တွေကို သုံးကာ အပြန်အလှန်ချိတ်ဆက်မှုပြုလာကြပါတယ်။ နောက်ပိုင်း ဒေသတွင်း NAP (network access point) တွေ ပေါ်လာတဲ့အခါမှာတော့ ကွန်ရက်တစ်ခုနဲ့တစ်ခုကြား အလွယ်တကူ ချိတ်ဆက်မှုပြုလာနိုင်ပြီး အင်တာနက်ကို စီးပွားရေးလုပ်ငန်းမှာ အသုံးမပြုဖို့ ကန့်သတ်ချက်ဟာလည်း အဆုံးသတ်သွားခဲ့ပါတယ်။

IETF နဲ့ စံညွှန်းများအတွက် စံညွှန်းသတ်မှတ်ချက်

အင်တာနက်ကွန်ရက်ကြီးဟာ ဘယ်သူတစ်ဦးတစ်ယောက်၊ ဘယ်ကုမ္ပဏီ၊ ဘယ်အဖွဲ့အစည်းကမှ ပိုင်ဆိုင်ထိန်းချုပ်ထားတာမျိုးမရှိဘဲ အလျင်အမြန်ကြီးထွားလာခဲ့ပေမယ့် ကွန်ရက်ကြီး ပြဿနာတစ်စုံတစ်ရာ မပေါ်ပေါက်ဘဲ လည်ပတ် လုပ်ဆောင်နိုင်ဖို့အတွက် အများလက်ခံသဘောထူထားတဲ့ စံညွှန်းတစ်ခု လိုအပ်နေတယ်ဆိုတာ သိမြင်လာကြပါတယ်။ ဒီလိုအင်တာနက်စံညွှန်းသတ် မှတ်ဖို့အတွက် RFC (Request for Comments) ကနေ စတင် ကြိုးပမ်းလုပ်ဆောင်ခဲ့ပါတယ်။ ၁၉၈၅ ခုနှစ် ဇန်န၀ါရီလမှာ အမေရိကန် အစိုးရရဲ့ငွေကြေးအထောက်အပံ့နဲ့ သုတေသနပညာရှင်တွေကနေ IETF ကို စတင်ဖွဲ့စည်းခဲ့ပါ တယ်။ IETF အစည်းအဝေးကို သုံးလတစ်ကြိမ် ပုံမှန်ကျင်းပပြီး စတုတ္ထမြောက်အစည်းအဝေးမှာတော့ အစိုးရမဟုတ်တဲ့ ကုမ္ပဏီတွေကနေ ပညာရှင်တွေ ပါဝင်တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ အဲဒီ နောက် IETF အစည်းအဝေးတွေကနေ လက်ခံတဲ့ စံညွှန်းတွေကို STD အဖြစ် အများက အသုံးပြုလာခဲ့ပါတယ်။ ၁၉၉၂ ခုနှစ် အရောက်မှာတော့ IETF ဟာ Internet Society ရဲ့ အောက်ကို ရောက်ရှိပြီး နိုင်ငံတကာစံညွှန်း သတ်မှတ်မှုများဆိုင်ရာ လွတ်လပ်တဲ့အဖွဲ့တစ်ခုဖြစ်လာခဲ့ပါတယ်။

NIC, InterNIC, IANA နဲ့ ICANN

အင်တာနက်ကွန်ရက်ကြီးတစ်ခုလုံးကို စီမံခန့်ခွဲဖို့အတွက် Network Information Centre (NIC) ကို ကာလီဖိုးနီးယားပြည်နယ် Menlo Park ရှိ Stanford သုတေသနဌာနမှာ ဖွင့်လှစ်ခဲ့ပါ တယ်။ ၁၉၇၂ ခုနှစ်အရောက်မှာ NIC ရဲ့ စီမံခန့်ခွဲမှုကို Internet Assigned Numbers Authority (IANA) က လွှဲပြောင်းယူခဲ့ပါ တယ်။ ARPANET ဖွံ့ဖြိုးစအစော ပိုင်း ကာလတွေမှာ့ သျအ တွေကို ၎င်းတို့ရဲ့ကိုယ်ပိုင်နာမည်နဲ့ခေါ်ဆိုမှုပြုခဲ့ပြီး Stanford သုတေသနရဲ့ SRI International ကနေ အင်တာနက်အတွင်းရှိ host တွေ အားလုံးဆီ အမည်စာရင်းကို HOSTS.TXT ဖိုင်အနေနဲ့ ပေးပို့နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အင်တာနက်ကွန်ရက်ကြီး ကမ္ဘာအနှံ့ ကျယ်ပြန့်လာခဲ့တဲ့အခါမှာ တော့ အခုလိုလုပ်ဆောင်ရတာဟာ အတော်ကြီးကို ခက်ခဲလာပါတယ်။ ဒီကိစ္စကို ဖြေရှင်းနိုင်ဖို့အတွက် Paul Mockapetris က ဒိုမိန်း အမည်ပေးစနစ် (Domain Name System) ကို ဖန်တီးခဲ့ပါတယ်။ အစောပိုင်းမှာ Stanford သုတေသနဌာနရှိ Defense Data Network- Network Information Centre (DDN-NIC) ကနေ .mil, .gov, .edu, .org, .net, .com, .us စတဲ့ top-level domain (TLD) တွေနဲ့ root nameserver စီမံခန့်ခွဲမှုတွေ၊ အင်တာနက် အမည်ပေးစနစ်တွေအားလုံးကို တာဝန်ယူခဲ့ပါတယ်။ ၁၉၉၁ ခုနှစ် အရောက်မှာ ကာကွယ်ရေး သတင်းအချက်အလက်စနစ် အေဂျင်စီ (DISA) ကနေ DDNNIC ကို Government Systems Inc ဆီ လွှဲပြောင်းပေးခဲ့ပါတယ်။ စစ်ရေးနဲ့ မပတ်သက်တဲ့ကဏ္ဍတွေကြောင့် အင်တာနက်စနစ် တစ်ဟုန်ထိုးတိုးတက်ကြီးထားလာတဲ့ နောက်မှာတော့ အမေရိကန်ကာကွယ်ရေးဌာနကနေ .mil ဒိုမိန်း ကလွဲပြီး အင်တာနက်မှတ်ပုံတင် ၀န်ဆောင်မှုတွေအတွက် ငွေကြေးအထောက်အပံ့ပေးမှုကို ရပ်ဆိုင်းခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာ အမေရိကန် အမျိုးသားသိပ္ပံဖောင်ဒေးရှင်းက InterNIC ကို တည်ထောင်ပြီး ကုမ္ပဏီ ၃ ခုကို လုပ်ငန်းတွေ ခွဲဝေပေးခဲ့ပါတယ်။ ဒီစနစ်အရ Network Solutions ဟာ ဒိုမိန်းမှတ်ပုံတင်ဝန်ဆောင်မှုကို တာဝန်ယူပြီး AT&T u directory နဲ့ database ၀န်ဆောင်မှုကို တာဝန်ယူရကာ General Atomics ကနေ သတင်းအချက်အလက်စနစ်အတွက် တာဝန်ယူခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်အရောက်မှာတော့ IANA နဲ့ InterNIC နှစ်ခုစလုံးဟာ ကာလီဖိုးနီးယားမှာ အခြေစိုက်တဲ့ အင်တာနက်ဒိုမိန်း မှတ်ပုံတင်ရေးအဖွဲ့ကြီး (ICANN) ရဲ့ လက်အောက်ကို ရောက်ရှိခဲ့ပါ တယ်။ အဲဒီနောက်ပိုင်းမှာ DNS စနစ်ကို ပုဂ္ဂလိကကုမ္ပဏီတွေဆီ လွှဲပြောင်းပေးခဲ့ပြီး အင်တာနက်အမည်များ စီမံခန့်ခွဲမှုကိုလည်း ကန်ထရိုက်စနစ်နဲ့ ကုမ္ပဏီတွေဆီ ချပေးခဲ့ပါတယ်။


.....................

No comments: