Monday, November 17, 2008

အမှုန်ရူပဗေဒအတွက် အကြီးကျယ်ဆုံးသုတေသန






အမှုန်ရူပဗေဒ particle physics လေ့လာရေးအတွက် အဓိကဆောင်ရွက်နေတဲ့ ကမ္ဘာ့အကြီးဆုံး သုတေသနအသင်းကြီးဖြစ်တဲ့ CERN ဟာ Large Hadron Collider (LHC) လို့ခေါ်တဲ့ particle accelerator တစ်ခုကိုတီထွင်ခဲ့ပါတယ်။ ဒီ accelerator ကိုလူတွေကတော့ atom smasher/အက်စတမ်ရို(လ်)ခွဲစက်လို့ပဲ အလွယ်ခေါ်ကြပါတယ်။ ဒီစက်ဟာ hadrons လို့ခေါ်တဲ့ subatomic particles အမှုန်တွေကို မြင့်မားတဲ့ အရှိန်နှုန်း high speeds နဲ့ သေးငယ်သထက်သေးငယ် တဲ့အစိတ်အပိုင်းတွေဖြစ်အောင်ပြုလုပ်ကာ အခြေခံအဆင့်အမှုန် elementary particles တွေဖြစ်တဲ့အထိ ခွဲစိတ်နိုင်မှာဖြစ်ပါတယ်။

Large Hadron Collider ဆိုတာဘာလဲ။
ဒါဟာ ကမ္ဘာ့အားအကြီးဆုံး particle accelerator တစ်ခုပါပဲ။ ၁၇ မိုင်နက်တဲ့
တွင်းထဲ မှာ ၎င်းကိုမြှုပ်နှံထားပြီး၊ detectors လို့ ခေါ်တဲ့ အပူချိန်သုံးစူးစမ်းရေး
ကိရိယာကြီးတွေနဲ့ ၀ိုင်းပတ်တပ်ဆင်ထားပါတယ်။

Hadron ဆိုတာ ဘာကိုခေါ်တာလဲ။

ဒါဟာ နျူထ ရွန်လို၊ ပရိုတွန်လိုအမှုန်တစ်မျိုးပါ။ အက်တမ်တစ်ခုခုရဲ့ နျူကလီးယပ်စ်
ထဲမှာတွေ့နိုင်ပါတယ်။

ဒီ Collider ကြီးကို တည်ဆောက်ဖို့ အချိန်ဘယ်လောက်ယူရပါသလဲ။ ဘယ်သူတွေပါဝင်လုပ်ဆောင်ခဲ့ပြီး၊တန်ဖိုးဘယ်လောက်ကုန်ကျခဲ့ရပါသလဲ။

ဒီစီမံကိန်းကို ၁၉၈၄ မှာ European Organization for Nuclear Research
သို့မဟုတ် CERN ရဲ့ သိပ္ပံပညာရှင်တွေက စတင် ခဲ့ကြတာပါ။ အဖွဲ့မှာ လေ့လာသူ
နိုင်ငံတွေအပါအ၀င် အဖွဲ့ဝင်နိုင်ငံပေါင်း ၂၀ ပါဝင်ပြီး စက်အတွက် ကုန်ကျစရိတ်
ဒေါ်လာ ၁၀ ဘီလျံရှိခဲ့ပါတယ်။

ဒီ Collider က ဘယ်လိုအလုပ်လုပ်ပါသလဲ။

ဒီ Collider ဟာ အလင်းရဲ့ အလျင်နှုန်း နီးပါးလောက်နဲ့ သူ့ကိုထည့်ထားတဲ့
တူးမြောင်းတွင်းကြီးထဲမှာရှိတဲ့ ပရိုတွန်တွေကိုပစ်ခွဲပါ တယ်။ အရှိန်နှုန်းက
တစ်စက္ကန့်ကို ၁၈၆,၀၀၀ မိုင်နှုန်းလောက်နဲ့ခွဲတာပါ။ Super Cooled magnets
တွေကလည်း တွင်းပတ်လည် မှာရှိတဲ့ ပရိုတွန်တွေကို ပြောင်းပြန် directions
ရအောင်လုပ်ပစ်ပါတယ်။ လေးစိတ်ကွဲမသွားခင်အထိပေါ့။

Detectors တွေကရော ဘာလုပ်ပါသလဲ။

Protons တွေ ကွဲသွားရင် detectors တွေဟာ အာကာသရဲ့သုံးဖက်မြင်ထု
three dimensions နဲ့ အချိန်ရဲ့ one dimension ကနေ ကွာခြား တဲ့
အပိုဒိုင်မင်းရှင်း extra dimensions တွေကိုရှာဖွေသွားမှာပါ။ ၎င်းင်းစက်တွေဟာ စကြာဝဠာကိုဖန်တီးထားတယ် လို့ယုံကြည်ရတဲ့ dark matter ကိုရှာဖွေသွားမှာပါ။
ဒီရုပ်ဒြပ်ဟာ ရုပ်ဒြပ် matter အားလုံးရဲ့အခြေခံပါပဲ။ တစ်ခါတလေမှာ God particle ဘုရားသခင်ဒြပ်မှုန်လို့တောင်ခေါ်ကြတယ်။ ဘာလို့လဲဆိုတော့ ဒီဒြပ်ကနေ အခြား
particles တွေထွက်တာလို့ ယုံကြည် ရလို့ပါ။ ယခင်ကတော့ ဒါတွေအားလုံးကို သီအိုရီထုတ်ပြီးခန့်မှန်းထားကြရတယ်။ အတည်မပြုရသေးပါဘူး။ Detectors တွေ
ထဲကတစ်ခုကတော့ စကြာဝဠာစတင်ဖြစ်တည်တယ်လို့ယူဆရတဲ့
မဟာပေါက်ကွဲမှုကြီး big bang ဖြစ်တုန်းကအခြေအနေ မျိုးမှာ ရှိခဲ့တဲ့
ions တွေကိုခွဲကြည့်မှာပါ။ သိပ္ပံပညာရှင်တွေဟာ ဒီစမ်းသပ်မှုကနေ
ရုပ်/matter တွေ ဘယ်လိုဖြစ်ပေါ်လာသလဲဆို တာ လေ့လာနိုင်မှာဖြစ်ပါတယ်။


ဒီလိုစမ်းသပ်တာဟာ လုံခြုံစိတ်ချရမှုရှိပါရဲ့လား။

အချို့ကတော့ ဒီ Collider စက်ကြီးဟာ black holes တွေ ဒါမှမဟုတ် ကမ္ဘာကို
တောင်ဖျက်ဆီးနိုင်တဲ့ စွမ်းအင်ပမာဏတွေထွက် လာစေမှာကို စိုးရိမ်နေကြပါတယ်။

သိပ္ပံပညာရှင်တွေဟာ ဒီစမ်းသပ်မှုကနေ တခြားဘာတွေများမျှော်လင့်ထားပါသေးသလဲ။

ဒီ Collider နဲ့ရှာဖွေလို့ particles အသစ်တွေရှိသေးကြောင်း သက်သေပြနိုင်ရင်
ဒါဟာ ရူပဗေပညာရဲ့ တွေးဆထားချက်/ hypo- thesis ဖြစ်တဲ့ String theory
ကိုစမ်းသပ်နိုင်ပါလိမ့်မယ်။ ဒီသီအိုရီက ကွမ်တန်မက္ကင်းနစ်နဲ့ အိုင်းစတိုင်းခေတ်ကစလို့
သိပ္ပံပညာရှင် များအားလုံးလက်ရှောင်ခဲ့ကြတဲ့ ဆွဲအားဖော်မြူလာတွေကို ပြန်လည်ပေါင်းစည်းဖိုကြိုးစားထားတဲ့သီအိုရီပါ။


ဒီ Collider ဟာ God ရဲ့တည်ရှိမှုကိုသက်သေပြနိုင်ပါ့မလား။

ဒီစမ်းသပ်ချက်ဟာ စကြာဝဠာဖြစ်ထွန်းစမှာ ဘာဖြစ်ခဲ့သလဲဆိုတာ စူးစမ်းမှာပါ။
ရုပ်လွန်သဘာဝတစ်ခုရဲ့ ရှိနေမှုကို ငြင်းဆန်ခြင်း၊ အတည်ပြုခြင်းတွေ လုပ်ဖို့မဟုတ်ပါဘူး။


..............

No comments: