Wednesday, November 19, 2008

Wi-Fi(ဝိုင်ဖိုင်)

၂၀၀၉ ခုနှစ် ဇန်န၀ါရီလမှစတင်၍ ရန်ကုန်မြို့တွင်း Wi-Fi စနစ်အား အသုံးပြုနိုင်ရန်
အတွက်စီစဉ်ဆောင်ရွက် လုပ်ကိုင်လျက်ရှိ ကြောင်းသိရှိရသည်။ အဆိုပါစီမံကိန်းအား
အကောင်အထည်ဖော် နိုင်ရန်အတွက် မြို့အတွင်း (၁၆) မြို့နယ်တွင် Wi-Fi စနစ်နှင့်
ပတ်သက်၍ Survey များပြုလုပ်လျက် ရှိကြောင်းသိရှိရသည်။ ၂၀၀၉ ခုနှစ်မှာရန်ကုန်
မြို့တွင်း Wi-Fi စနစ်အသုံးပြုနိုင်ဖို့အတွက် မြို့တွင်း(၁၆) မြို့နယ်မှာ Survey တွေလုပ်
နေပါတယ်။

အခု (၁၆) မြို့နယ်မှာ Survey လုပ်နေတယ်ဆိုတာကလည်း ရန်ကုန်မြို့မှာရှိပြီးသား
ဖွင့်ပြီးသား Wi-Fi စနစ်တွေကို ဘယ်နေရာတွေမှာသုံးလို့ရနေလဲ၊ဘယ်နေရာတွေမှာ
ကျန်နေသေးလဲဆိုတာတွေကိုသိချင်တာရယ်။ နောက်တစ်ချက်က တခြားသူတွေပါ
သုံးလို့ရ အောင်ဖွင့်ပေးထားတာလား။ ကိုယ်က Wi-Fi ဖွင့်ထားပြီးတခြားသူတွေ သုံးလို့ရနေတာဆိုတာမသိလို့လားဆိုတဲ့ အချက်တွေကို အစ်ကိုတို့က survey
ဆင်းတာပါ။ Wi-Fi စနစ်ကိုတခြားသူတွေသုံး လို့ရအောင်ဖွင့်ပေးထား တယ်ဆိုရင် လည်းဘယ်လိုအတိုင်းအတာအထိပေးမှာလဲ။ bandwidth ဘယ်လောက်အထိ
ပေးမလဲဆိုတာတွေကို မေးမြန်းပြီး Wi-Fi City စီမံကိန်းမှာပါဝင်ဖို့ ဆွေးနွေးမှာ
ဖြစ်ပါတယ်။ Surveyဆင်းလို.ရ လာတဲ့အချက်တွေကိုကြည့်ပြီး Wi-Fi ကွန်ရက်မရှိတဲ့
နေရာတွေမှာ wi-fi ကွန်ရက်တွေရအောင် ထောက်ပံ့လုပ်ဆောင်သွားမှာဖြစ်ပါတယ်”
ဟု ezy Network မှတာဝန်ရှိ သူဦးညွန့်ဝင်း ကသို့ဆိုပါတယ်

Survey ဆင်းထားတဲ့(၁၆)မြို့နယ်မှာဆိုရင် လက်ရှိအတိုင်း အတာအရ Wi-Fi ကွန်ရက်ကတော်တော်လေးလေး ပွင့်နေတာကို တွေ့ရတယ်။ အစ်ကိုတို့ Survey
ဆင်းဖို့ကျန်ခဲ့တာ ကဗိုလ်တထောင်မြို့နယ်တစ်ခုတည်းပါ။ ဒီမြို့နယ်က တော့ wifi ကွန်ရက်ကိုလုံးဝလွတ်နေတယ်။ ဒီလိုကျန်ခဲ့တဲ့နေရာတွေ က Wifi ကကွန်ရက်မရှိတဲ့
အတွက် အစ်ကိုတို့အနေနဲ့ လုံးဝအထောက်အပံ့ ပေးရမယ့်နေရာတွေဖြစ်ပါတယ်။
ဒီဘက်၁၆ မြို့နယ်ထဲကိုဝင်လာ တော့ ကွန်ရက်ရတဲ့နေရာတွေက တော်တော်လေး
များတယ်။မရတဲ့နေရာလေးတွေက ခပ်ကြဲကြဲရှိနေတဲ့အတွက် ကြောင့် လွတ်နေတဲ့
နေရာလေးတွေမှာ ဖြည့်ပေးမှာဖြစ်ပါတယ်။

အခုလက်ရှိမှာဆိုရင်၁၆ မြို့နယ်ထဲမှာ Wi-Fi ကွန်ရက်ရရှိတဲ့နေရာက ၈၅%နှုန်းလောက်
ရှိတယ်။ ဒီလိုရတဲ့ wifi ကွန်ရက်တွေထဲမှာတချို့ကွန်ရက်တွေက Open ရတာတွေလည်း
ရှိတယ်။ တချို့ကွန်ရက်က open မရတာတွေလည်းရှိပါတယ်။
ဒီလို open ဖွင့်ပေးထားတဲ့သူတွေကို တကယ်ပဲ ဖွင့်ပေးထားတာလား။
မသိလို့ ဖွင့်ပေးထားတာလားဆိုတာတွေကိုလည်းမေးမြန်းမှာဖြစ်ပါတယ်။
Wi-Fi စနစ်ကိုအစကတည်းက ပေးထားတာပါဆိုရင်စီမံကိန်းထဲမှာပါလာပါပြီ။
မသိလို့ပေးထား တာဆိုရင်လည်းဆက်ပေးပါ။ဒီဘက်ကနေ
Link Provide လုပ်ပေးမယ်ဆိုပြီး ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်” ဟု
၎င်းမှထပ်မံ ပြောကြားခဲ့သည်။ယခုလက်ရှိအချိန်တွင် Wi-Fi City စီမံကိန်းအတွက်
စီစဉ်ဆောင်ရွက်လျက် ရှိပြီး အဆိုပါစီမံကိန်းအား ဒီဇင်ဘာလအကုန်တွင်
စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး၂၀၀၉ ခုနှစ်ဇန်န၀ါရီလမှစတင်၍
Wi-Fi ကွန်ရက်အားအသုံးပြုနိုင် တော့ မည်ဟုသိရှိရသည်။


.................

No comments: