တတိယမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့သည့်အလောင်းမင်းတရားကြီးအကြောင်း
ကိုကာတွန်းအနေဖြင့် Oct 21 ရက်နေ့က ဖြန့်ချိလိုက်သည်ဟု သိရှိရသည်။
အလောင်းမင်းတရားကြီး ဘ၀ဇာတ်ကြောင်းကို Animation အဖြစ်ဖန်တီးမယ်
ဆိုတော့ မြန်မာ့သမိုင်းမှာထင်ရှားကျော်ကြားခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်တဲ့
အတွက်အထူးဂရုစိုက်ပြီးအကောင်းဆုံး ဖန်တီးခဲ့တယ်။နိုင်ငံတကာမှာတော့
သူတို့နိုင်ငံက လူစွမ်းကောင်းတွေကို သိရှိအမှတ်ရနေစေဖို့ ကာတွန်းကားတွေ
ဖန်တီးပြီး ကမ္ဘာကိုသိအောင်ပြုလုပ်ခဲ့တယ်။ ကျွန်တော်တို့အဖွဲ့ကလည်း
နောင်တစ်ချိန်မှာ မြန်မာ့သူရဲကောင်းတွေကိုကမ္ဘာကသိရှိလာစေရန်နဲ့ ကျွန်တော်တို့
နိုင်ငံက လူကြီး၊ လူငယ်မျိုးဆက်သစ်ကလေးများပါမကျန်သိထားသင့်တဲ့ သမိုင်းဆိုင်ရာ
အတ္ထုပ္ပတ္တိတွေကိုသိရှိမှတ်သားစေရန်ရုပ်ပုံတွေကိုအသက်သွင်းပြီးလှုပ်ရှားမှုနဲ့
အကောင်းဆုံးပုံဖော်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီကာတွန်းမှာတော့ အလောင်းမင်းတရားကြီး
မွေးတဲ့အချိန်ကစပြီး အလောင်းမင်းတရားကြီးဟု ဘွဲ့အမည်ခံတဲ့အထိရေးဆွဲထား
ပါတယ်ဟု4 DIMENSION အဖွဲ့မှ ဒါရိုက်တာကိုဇော်ထက်မှ ပြောသည်။
၎င်းင်းကာတွန်းကို စတင်ဖန်တီးချိန်မှစ၍ အချောသတ်ပြီးဆုံးချိန်ထိ အချိန်၎နှစ်ကျော်
ကြာခဲ့ရပြီးငွေကျပ်သိန်း ၁၇၀ ကျော်ခန့် ကုန်ကျခဲ့သည်ဟု သိရှိရသည်။
၎င်းင်းကာတွန်းခွေသည် VCD 2 ချပ်တွဲဖြစ်၍ ရောင်းဈေးမှာ ၁၄၀၀ကျပ်ဟုသိရှိရသည်။
.....
4 comments:
အတော်အသုံးမကျတဲ့ လူတွေ။ ကာတွန်းကား၁ကားကို ၄နှစ်ဟုတ်လား။ တော်တော်တိုးတတ်နေတာဘဲ။ အဆင့်ကောမှီလို.လား။
သြော် ... မရှိတာထက်စာရင်တော့ ကောင်းတာပေါ့။ အဲလိုပြောတာတော့မကောင်းပါ ....
bro ghostbell.....min ka yaw bar twe tat nay loh lal........
ko tine tot a thone ma kya woo...thu myarr kya tot pyaw chin tal
min tot lo kg twe kyaunt myanmar pyi ma toe tat tar.....
သိန်း(၁၇၀)တောင်ကုန်တာလား....
ဒါလေးတော့စဉ်းစားသင့်တယ်
မဖြစ်နိုင်ပါဘူး
Post a Comment