Tuesday, November 25, 2008

Forward Mail ထဲကရထားတာလေးတွေပါ....(၁)

နားမလည်ဘူး

မိသားစု(၃)ယောက် ညစာတူတူ စားနေကြသည်။

သားငယ်က အဖေအား လှမ်းမေးသည်။

"ဖေဖေ မေမေ့ကို ဘာလို့ လက်ထပ်ခဲ့တာလဲ ဟင်"

ယောက်ျားလုပ်သူက မိန်းမအား လှည့်ပြောသည်

"တွေ့လား … ငါ့လုပ်ရပ်ကို ကလေးတောင် နားမလည်ဘူး"


စောစောပြန်မယ်

မိဘချင်း သဘောတူထားပြီး မကြာမီ လက်ထပ်တော့မည့် စုံတွဲတစ်တွဲ

အပြင်ထွက်လည်ကြသည်။ နေ့လည်ပိုင်းတွင် စားသောက်ဆိုင်တစ်ဆိုင်၌

ဝင်ထိုင်ကြရင်း အမျိုးသားကမေးသည်။

"ခင်ဗျား အရင်က ထားခဲ့ဖူးတဲ့ ရည်းစာတွေအကြောင်း ပြောပြပါလား"

အမျိုးသမီးက ပြန်ဖြေသည်။

"ဒီနေ့တော့ မပြောပြနိုင်ဘူး။ မေမေတို့ကို ဒီနေ့ မိုးမချုပ်ခင်

ပြန်လာမယ်လို့ ကတိပေးထားတယ်ရှင့်"


ဖိုးကံကောင်း

လက်ထပ်ပြီးစ ပုဂ္ဂိုလ်တစ်ဦး ထီပေါက်သည်။ သူငယ်ချင်းဖြစ်သူက ၄င်း

ကံကောင်းကြောင်း ချီးကျူးသည်။ ထို့နောက် သူငယ်ချင်းက မေးသည်။

"ဒါနဲ့ ထီပေါက်တာသိတော့ မင်းမိန်းမ ဘာပြောသေးလဲ"

ထီပေါက်သူက ဖြေသည်။

"ဟင့်အင်း … ၀မ်းသာလွန်းလို့ ဆွံ့အသွားလိုက်တာ ခုထိ စကားမပြောနိုင်သေးဘူး"

သူငယ်ချင်းက ပြောသည်။

"ကြည့်စမ်း၊ ကြည့်စမ်း … ကံကောင်းတဲ့သူတွေများ

ဆက်တိုက်ကို ကံကောင်းကြတာပါလား"


ကံကောင်းတဲ့ မောင်

လူတစ်ဦး ကားတိုက်ခံရပြီး ဆေးရုံသို့ ရောက်လာသည်။

သတင်းကြားသဖြင့် ဆေးရုံသို့ လိုက်လာသော ၄င်း၏ဇနီးက ၀မ်းသာအားရပြောသည်။

"မောင်ရယ်၊ ကံကောင်းလိုက်တာနော်။ မနေ့ကပဲ မောင် မတော်တဆမှုအတွက်

အာမခံလုပ်ထားလိုက်တယ်။ ဟော … ဒီနေ့ပဲ ကားတိုက်ခံရပြီ"


ပျော်ရှာမယ်

လက်ထပ်ပြီး သုံးလခန့်အကြာတွင်ဖြစ်သည်။ အလုပ်မှပြန်လာသော ယောက်ျားအား

မိန်းမလုပ်သူက အိမ်ပေါက်ဝတွင် ထွက်ကြိုပြီး ပြောသည်။

"မောင် လောလောဆယ် နှစ်ယောက်ပဲ နေတဲ့ကျွန်မတို့ အိမ်လေးမှာ မကြာခင်

သုံးယောက် ဖြစ်လာတော့မယ်"

ယောက်ျားဖြစ်သူ၏ မျက်နှာမှာ နူးညံ့ဝင်းထိန်သွားသည်။ ဇနီးသည်အား တယုတယ

ပွေ့ဖက်လိုက်ရင်း ကောင်းတာပေါ့ကွာလို့ တိုးတိုးလေး ပြောသည်။ ဇနီးသည်က

ဝမ်းသာအားရ ပြောသည်။

"မောင်ခုလို သဘောထားမျိုးရှိမှန်း သိလို့ရှိရင် နောက်အပါတ်ထဲဆို

ကျွန်မတို့အိမ်မှာ လာနေမယ့် မေမေတော့ အရမ်းပျော်ရှာမှာပဲ "


အလေလိုက်တဲ့လူ

သင်္ဘောတစ်စင်း မုန်တိုင်းမိပြီး နစ်မြုပ်သွားသည်။ လူတစ်ဦးမှာ

ပျဉ်ချပ်တစ်ချပ်တွင် တွယ်ပြီး ပင်လယ်ထဲတွင် တစ်ရက်ကျော်ကြာအောင်

မျောနေလေတော့သည်။ သို့သော်လည်း ကံကောင်းထောက်မပြီး ရေစီးကြောင်းက

သူ့အားကျွန်းတစ်ကျွန်းသို့ သယ်ဆောင်သွားသည်။ ထိုလူ ကမ်းပေါ်သို့ ဒယိမ်းဒယိုင်

တက်လာချိန်တွင် သင်္ဘောနစ်စဉ်က ၄င်းနှင့် လူချင်းကွဲသွားသည့် ဇနီးဖြစ်သူကို

တွေ့လိုက်ရသည်။ ခါးထောက်ပြီး ရပ်စောင့်နေသော ဇနီးဖြစ်သူက

၎င်းဘာမှမပြောနိုင်ခင် လှမ်းအော်သည်။

"(၂၄)နာရီလုံးလုံး ပျောက်နေရအောင် …. တော် ဘယ်နားသွားပြီး အလေလိုက်နေသလဲ ပြောစမ်း"


မေးသင့်တယ်

မင်္ဂလာပွဲသို့ မိခင်နှင့်အတူ ရောက်ရှိလာသော ကလေးငယ်က ၄င်း၏မိခင်အား မေးသည်။

"မေမေ … သတို့သမီးက ဘာလို့အဖြူရောင် ၀တ်တာလဲဟင်"

မိခင်ဖြစ်သူက စိတ်ရှည်ရှည်နှင့် ရှင်းပြသည်။

"သြော် … သားရယ်၊ သတို့သမီး အဖြူရောင်ဝတ်တာ ၀မ်းသာပျော်ရွှင်တဲ့

အထိမ်းအမှတ်အနေနဲ့ ၀တ်ထားတာလေ။ ဒီနေ့က သတို့သမီးရဲ့ဘ၀မှာ

အပျော်ဆုံးနေ့ဖြစ်တဲ့အကြောင်း အဖြူရောင်က ကိုယ်စားပြုတာကွဲ့"

ချာတိတ်လေး ခဏငြိမ်သွားသည်။ ပြီးတော့ သူ့အမေကို တိုးတိုးလေးမေးသည်။

"မေမေ … သတို့သားကရော ဘာလို့ အနက်ရောင်ဝတ်ထားတာလဲ ဟင်"


ဧည့်သည်

လင်မယားနှစ်ယောက် စကားများ ရန်ဖြစ်ပြီးကာစတွင်

အိမ်ရှေ့မှလူခေါ်ခေါင်းလောင်းသံ မြည်လာသည်။

ယောက်ျားလုပ်သူက တံခါးသွားဖွင့်ပေးသည်။

အပြင်တွင် ဓားမြှောင်ကိုင်ထားသော မျက်နှာဖုံးစွပ် လူတစ်ဦး ရပ်နေသည်။

ပြီးတော့ အသံအက်အက်ကြီးဖြင့် ယောက်ျားလုပ်သူအား ပြောသည်။

"ကျုပ်က လူသတ်သမားပဲ။ မိန်းမတွေကို လည်လှီးပြီး သတ်ပစ်ချင်တယ်"

ယောက်ျားဖြစ်သူက ထိုလူအား ဘာမှပြန်မပြောတော့ဘဲ အိမ်ထဲသို့ လှမ်းအော်သည်။

"မိန်းမရေ၊ ဟောဒီမှာ မင်းနဲ့တွေ့ချင်လို့တဲ့။ ဧည့်သည် လာတယ်ဟေ့။"


သွားမှဖြစ်မယ်

ဆရာဝန်တစ်ယောက် လက်ထပ်လိုက်သည်။ နှစ်ရက်အကြာတွင် သူငယ်ချင်း ဆရာဝန်တွေက

ဖုန်းလှမ်းဆက်သည်။

"ဟေ့ကောင် … ပိုကာဒေါင်းမယ်။ မြန်မြန်လာခဲ့။ ဒီမှာ တစ်အိမ်လိုနေလို့"

ဆရာဝန်က အရေးပေါ် ခွဲစိတ်မှုတစ်ခုအတွက် ဆေးရုံမှ ဖုန်းဆက်ကြောင်း

ဇနီးသည်အားပြောသည်။ အလောတကြီး အ၀တ်အစားလဲနေသော ယောက်ျားကိုကြည့်ရင်း

ဇနီးဖြစ်သူကမေးသည်။

"ဟိုမှာ တော်တော်လေး အရေးကြီးနေလို့လား မောင်"

ဆရာဝန်က ခပ်တည်တည်ပြန်ဖြေသည်။

"အရေးကြီးတာပေါ့။ ဟိုမှာ ဆရာဝန်(၄)ယောက်တောင် ရောက်နေကြပြီ"


ကြောက်သွားပြီ

သူငယ်ချင်းနှစ်ယောက် အရက်သောက်ရင်း စကားပြောနေကြသည်။

တစ်ယောက်ကပြောသည်။"တော်ပြီကွာ။ ငါခုတလော လျှော့သောက်နေတယ်"

အံ့သြသွားသော အခြားသူငယ်ချင်းက အကြောင်းရင်းကိုမေးရာ

ပထမတစ်ယောက်က ပြန်ဖြေသည်။

"တလောကကွာ။ ငါအပြင်မှာ သောက်တာ တော်တော်များသွားတယ်။ အဲဒါ

အိမ်လဲပြန်ရောက်ရော တံခါးဖွင့်ပေးတဲ့ ငါ့မိန်းမက နှစ်ယောက်ဖြစ်နေတယ်လို့

ငါ့မျက်လုံးထဲမှာ မြင်လိုက်ရတယ်။ နောက်တစ်ခါ အဲဒီလောက်

ကြောက်စရာကောင်းတဲ့ ခံစားချက်မျိုး ထပ်မဖြစ်ချင်တော့ဘူးကွာ"


မှတ်ကရော

အလုပ်များနေသော ခင်ပွန်းသည်အား အလိုက်မသိသော ဇနီးက စကားတွေ

တတွတ်တွတ်ပြောနေသည်။ ခင်ပွန်းဖြစ်သူက သူမစကားတွင် စိတ်မပါမှန်းလည်း

မရိပ်မိချေ။

"မောင် … ခင့်ကို ဘာလို့လက်ထပ်ခဲ့တာလဲဟင်။ ခင့်ရဲ့ မျက်နှာလေး

လှလွန်းလို့လား။ ဒါမှမဟုတ် ခင့်ကိုယ်လုံးကိုယ်ပေါက်လေးကို သဘောကျလို့လား။

အင်း … မဟုတ်ဘူးဆိုရင် ခင်ရဲ့ စိတ်ထားလေး ဖြူတာကို မြတ်နိုးလို့လား။ အဲ …

ဒါမှမဟုတ် …"

စိတ်မရှည်တော့သော ခင်ပွန်းက သူမဘက်လှည့်ပြီး တစ်ခွန်းတည်း ပြန်ဖြေသည်။

"မင်း ခုလို ဟာသပြောတတ်တာကို ကြိုက်လွန်းလို့ဟေ့"


နေလိုလူ

အိမ်ထောင်သက် (၁)လလောက်ရှိပြီဖြစ်သော သူမတို့ သူငယ်ချင်းကို

မိန်းကလေးများ ၀ိုင်းမေးကြသည်။

"ဟဲ့ နင့်ယောက်ျားအကြောင်း ပြောပြစမ်းပါ"

မိန်းကလေးကဖြေသည်။

"ငါ့ယောက်ျားက နေလို ယောက်ျားဟ"

သူငယ်ချင်းများက ၀ိုင်းပြောသည်။"တယ်လဲ ကောင်းတဲ့ ဥပမာပါလား။

နင့်ယောက်ျားက နေမင်းကြီးလို ကြီးကျယ်

မြင့်မြတ်တယ်လို့ ပြောချင်တာပေါ့"

မိန်းကလေးက ရှင်းပြသည်။

"ဟုတ်ပါဘူးဟာ။ နေဆိုတာ မနက်ဖက်ပဲရှိပြီး ညဘက်ဆိုရင်

ပျောက်သွားတယ်မဟုတ်လား"


တာ့တာ

လေယာဉ် ပြတင်းပေါက်ဘေးမှာ ထိုင်၍ လိုက်ပါလာသူ ခရီးသည်တစ်ယောက်သည်

တရွေ့ရွေ့လျားနေကြသော တိမ်စိုင်တိမ်ခဲကြီးများကို ကြည့်ရင်းအလွန်ကြည်နူးနေလေသည်။

ထိုစဉ် သူ့ပြတင်းပေါက်ရှေ့မှာ လေထီးသမားတစ်ဦးကိုမြင်လိုက်ရ၏။

လေထီးသမားက`ဘယ်လိုလဲ၊ ကျွန်တော်နဲ့ လိုက်ခဲ့မလား´ဟုလှမ်းမေး၏။

ဒီတော့ ခရီးသည်က.`ကျေးဇူးပဲ၊ မလိုက်တော့ပါဘူး။ တိမ်တွေကို ခုလိုကြည့်နေရတာ သိပ်အရသာ ရှိတယ်´

`ကောင်းပါလေ့ဗျာ။ ကျွန်တော်က တခြား လူမဟုတ်ပါဘူး။ ခင်ဗျားစီးနေတဲ့လေယာဉ်ပျံကြီးရဲ့ လေယာဉ်မှူးပါ။

ကဲသွားပြီ၊တာ့တာ´


ပျော်စရာက ဒုတိယ

ပထမ အလုပ်သမား ။ ။ `ခင်များသူဌေး ရဲ့ အသုဘကို သွားဦးမလား´

ဒုတိယ အလုပ်သမား ။ ။ `မသွားဘူးဗျာ…ကနေ့ ကျွန်တော် အလုပ်လုပ်လိုက်ဦးမယ်။

ကျွန်တော့်ဆောင်ပုဒ်က အလုပ် ကပထမ ၊ ပျော်စရာက ဒုတိယလေ´


.....................................

No comments: