ငါကတော့မင်းကို ကျိတ်ပြီးလွမ်းနေတယ်…
ဒါပေမဲ့…မင်းကတော့ တခြားသူတယောက်ရဲ့ရင်ခွင်ထဲ….
မငြင်းနဲ့ ချစ်သူ…
ငွေနဲ့လုပ်တားတဲ့အသည်းက ပုံမှန်ထက်တော့သွားနှုန်းပိုမြန်တာပေါ့…
ဒါပေမဲ့…နင့်ကိုချစ်တဲ့စိတ်နဲ့ထပ်မိုက်ဦးမှာ…
ငါကို ခဏခဏ ထားထားသွားနင်ဟာ
ငါ့အတွက်တော့ ဘယ်အချိန် မိုးပြိုမလဲစောင့်နေရတာနဲ့တူတယ်…
ငါ့ရဲ့သွေးကြောတွေထဲမှာတောင် မင်းရဲ့အတွေးတွေထဲ့ပြီး
ဒရွတ်တိုက်စီးဆင်းချင်နေတာ…
ကျေးဇူးပြုပြီးမညာပါနဲ့ ချစ်သူရယ်…
မင်းညာနေတာကိုလဲသိတယ်… မင်းညာတော့မှာကိုလဲကြိုသိတယ်…
ဒါပေမဲ့…ဘာမှပြင်ဆင်ခွင့်မရလိုက်ခင်မှာပဲ…ငါအမြဲအလိမ်ခံရတယ်…
ဘဝမှာ စည်းစိမ်ခံရတဲ့အချိန်ဆိုလို့ မင်းနဲ့အတူတူ တစ်နာရီပိုပြီး
လွပ်လွပ်လပ်လပ် ပျံသန်းနေခွင့်ရတာပဲ ချစ်သူ……
အနက်ဆိုတာကိုတောင် မင်းကိုချစ်တဲ့စိတ်တွေနဲ့ အတင်းအဖြူမြင်ခဲ့တာ….
မင်းနဲ့ငါရဲ့ကြားမှာ လူတွေရဲ့နားနဲ့မတော်တဲ့
ကိစ္စတော်တော်များများ လဲရှိပါရဲ့…..
ဒါပေမဲ့…ငါညဉ်းခဲ့လား
ခံစားနေရတဲ့ငါ့ရင်ဘတ်ပဲ နာနာလာတာ…
မင်းကအိပ်ရေးတောင် မပျက်ဘူး
လတ်တလောပြင်ဆင်လို့မရတဲ့ တိုက်ဆိုင်မှု့တွေနဲ့..
ဘဝမှာ ငါဘာတွေရှေ့ဆက်မှားပေးရမလဲ ချစ်သူ….
လျှက်စီးလက်သလို မြားပြားလှတဲ့ ဘဝရဲ့ဒုက္ခတွေကြားမှာ
ချွေးဆိုတာဘာလဲ ငါသိခွင့်ရလာခဲ့တယ်
ဘဝကိုမောပန်းတကြီး ဖြတ်သန်းခွင့်လိုင်စင်ရုတ်တရက်ရလိုက်တဲ့ငါ…
အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေထဲမှာတောင် နင်က ထိပ်ဆုံးကပါတယ်…
အေးလေ….ဘာမှမဟုတ်တဲ့ ငါ့ရဲ့ပုံမှန်ရှင်သန်မှု့တွေထဲမှာ
တခါတလေတော့လည်း….နင်လဲငြီးငွေ့မှာပေါ့….
မင်းရဲ့ ဝင်သက်ထွက်သက်တွေထဲမှာ…
သဲတရှပ်ရှပ်နဲ့ ပျားရည်လျှက်ရတဲ့နေ့တွေလဲရှိတယ်
ခေါင်းဦးတခုလုံး မျက်ရည်ရွှဲရတဲ့နေ့တွေလဲရှိတယ်
နဂါးတကောင်ရဲ့မျက်လုံးတွေခဏရလာမိတဲ့နေ့တွေလဲ ရှိလိမ့်မယ်..
ဘယ်သူဘယ်သူ့ကိုမှအပြစ်မတင်ချင်သလို
ဘယ်သူတွေကရော အပြစ်ရှိတယ်လို့ပြောလို့ရလို့လဲ….။
မနက်မိုးလင်းတိုင်း မိုးလင်းတိုင်း…
အဆင်မပြေမှု့တွေနဲ့ပဲ မျက်နှာသစ်နေရတော့လည်း…..
နောက်ရောက်လာမဲ့ မနက်ဖြန်တွေကိုတောင် တွေးတွေးပြီးကြောက်နေမိတယ်….
ဘာပဲပြောပြော…..မနက်ဖြန်ရောက်ရင်
အားလုံးက အစအဆုံး တစ်ခါပြန်ဖြစ်ဦးမှာပါ…..။
....................................
2 comments:
အရမ်းမိုက်တယ်။ နာကြိုက်တယ်
That's called
intelligence+romantic
very difficult to find now a days...
Yours,
Joey ( Singapore Bitch)
Post a Comment