Internet Connectionများ မြန်ဆန်စေရေးနှင့် ဆက်သွယ်ရေးလုံးဝပြတ်တောက်ခြင်း မရှိစေရေးအတွက် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထိုင်း၊ အိန္ဒိယနှင့် မြန်မာနိုင်ငံအကြားတွင် နယ်စပ်ဖြတ်ကျော် ဖိုင်ဘာဆက်ကြောင်းလေးခု ထပ်မံသွယ်တန်းမည်ဖြစ်ကြောင်း ထိုလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိတွင် နယ်စပ်ဖြတ်ကျော် ဖိုင်ဘာဆက်ကြောင်းအနေဖြင့် ထိုင်း၊ တရုတ်နိုင်ငံများနှင့် ဆက်သွယ်ထား ပြီး ထိုဆက်ကြောင်းများသည် Bandwidth capcity အားဖြင့် 10Gb (STM 64) စီရှိပြီး Microlink အဖြစ် 2.5Gb (STM 16) စီရှိသည်။ ယခုထပ်မံသွယ်တန်းမည့် ဖိုင်ဘာဆက်ကြောင်းများအဖြစ် မြန်မာနှင့်ထိုင်း အကြားတွင် မြ၀တီဘက်မှ ဆက်ကြောင်းနှစ်လိုင်း ထပ်မံသွယ် တန်းမည်ဖြစ်ပြီး မြန်မာနှင့် အိန္ဒိယအကြား တွင် တမူးဘက်မှ ဆက်ကြောင်းနှစ်လိုင်း သွယ်တန်းမည်ဖြစ်သည်။အဆိုပါဆက်ကြောင်းများသည် Bandwidth capcityအားဖြင့် 155Mb (STM 1) စီရှိမည်ဖြစ်ပြီး ထိုကဲ့သို့ နယ်စပ်ဖြတ်ကျော် ဖိုင်ဘာဆက် ကြောင်း သွယ်တန်းခြင်းအားဖြင့် အင်တာနက်အမြန်နှုန်းများ ပိုမိုမြန်ဆန်လာမည်ဖြစ်သည်။
“ဒီဆက်ကြောင်းတွေကို သွယ်တန်းပြီးရင် စတင်သုံးဖို့ကတော့ ၂လ၊၃လလောက်ကြာဦးမယ်။ ဒီဆက် ကြောင်းတွေကို ထပ်သွယ်ထားတော့ SEA-ME-WE 3 ရေအောက်Cable ပြတ်သွားလည်း အင်တာနက် ပြတ်သွားတာ မျိုး မဖြစ်နိုင်တော့ဘူး” ဟု ၎င်းကပြောကြားသည်။ မြန်မာ့ဆက်သွယ်ရေးမှထုတ်ပြန်သော တရားဝင်အချက် အလက်များအရ မြန်မာနိုင်ငံတွင် ပြည်ပဆက်သွယ်ရေးဆက်ကြောင်းအနေဖြင့် ဂြိုဟ်တု၊ ဖိုင်ဘာ၊ရေအောက် Cableနှင့် နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးစနစ်များရှိပြီး အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးချန်နယ်ပေါင်း ၂၆၂၁ ခုရှိသည်။
Ref : Internet Jornal
Wednesday, June 9, 2010
Wednesday, May 12, 2010
Funny Collection - 7
သရဲဆိုတာ….
ညဘက်အလုပ်ဆင်းရာကနေ ပြန်လာတဲ့ ကောင်မလေးရဲ့ နောက်မှာလူတယောက် ကပ်ပါလာတယ်။ ဒါကို ကောင်မလေး သတိထားမိပြီး လန့်နေမိတယ်။ ဖြစ်ချင်တော့ အပြန်လမ်းမှာ သချိုင်းတခုကို ဖြတ်ရတယ်။ ကောင်မလေးက ဖြတ်ထိုးဥာဏ်သုံးပြီး ဂူတခုရှေ့ ရပ်လိုက်တယ်။အဲ့ဒီနောက် ဂူကိုလက်နဲ့ ပုတ်ပြီး
” အဖေ..အဖေ ..သမီးပြန်လာပြီ..တံခါးဖွင့်ပေးအုန်း “
လို့ ပြောလိုက်တယ်။နောက်မှာပါလာတဲ့လူက ကောင်မလေးစကားကြောင့် ကြောက်လန့် ပြီး ထွက်ပြေးသွား တယ်။ ထွက်ပြေး သွားတဲ့ လူကိုကြည့်ပြီး ကောင်မလေး ရယ်မိတယ်။ အဲဒီအချိန်မှာ ဂူနောက်ကနေ အသံ တသံ ထွက်လာတယ် ။
” သမီးကလဲ သော့ယူသွားဖို့  မေ့ခဲ့ပြန်ပြီလား .”
အသံ ကြောင့် ကောင်မလေး ဂူရှေ့ ကနေထွက်ပြေးခဲ့ရ တယ်။ ကောင်မလေး ထွက်ပြေးပြီးတဲ့နောက် ဂူနောက်ကနေ ဂူဖောက်ထွင်းတဲ့ သူခိုးတယောက် ထွက်လာတယ်။
သူခိုးက” ငါ့အလုပ်ကို အနှောင့်အယှက်ပေးတဲ့လူတွေ မှတ်လောက်သားလောက်အောင် ခြောက်ပြစ်ရမယ် “ဆိုပြီး ရယ်နေခဲ့တယ်။ သူခိုးရယ်လို့ မပြီးခင် မလှမ်းမကမ်းမှာ မှတ်တိုင်ကိုင်ပြီး ရပ်နေတဲ့ အဘိုးအိုတယောက်ကို တွေ့ လိုက်ရတယ်။
သူခိုးက ” အဘိုးကြီး..ခင်ဗျားဘာလုပ်နေတာလဲ “လို့ မေးတော့ အဘိုးအိုက” တောက်..ဒီလူတွေ ငါ့နာမည်ကို မှားအောင်ရေးကြတယ်ကွာ “လို့ ပြောလိုက်တယ်။ အဘိုးအိုစကားကြားပြီး သူခိုးထွက်ပြေးသွားခဲ့တယ်။
ထွက် ပြေးသွားတဲ့သူခိုးကို ကြည့်ပြီး အဘိုးအို တဟားဟားနဲ့ ရယ်နေခဲ့တယ်။ အဘိုးအိုက” ငါ့စားကျက်ကို လုချင်တဲ့ကောင် မှတ်လောက်အောင် ဆုံးမရမယ် “လို့ ရေရွတ်လိုက်တယ်။ အဘိုးအို ရွတ်သံမဆုံးခင်မှာ လက်ထဲက သံတူရွင်းပြုတ်ကျသွားတယ်။ တူရွင်းကို ကုန်းကောက်ဖို့ ခါးညွတ်လိုက်တော့ ခြုံထဲကနေ လက်တဖက်နဲ့ အတူ
” ဘယ်ကောင်လဲကွ ငါ့မှတ်တိုင်ကို လျှောက်ဖျက်နေတာ “ဆိုတဲ့အသံတသံ ထွက်လာတယ်။
အဘိုးအို ကြောက်လန့် တကြား ထွက်ပြေးသွားခဲ့ရတယ်။ အဘိုးအို ထွက်ပြေးသွားပြီးတဲ့နောက် သံတိုသံစကောက်တဲ့သူ ခြုံထဲကနေ ထွက်လာတယ်။အဲ့ဒီလူက မြေပေါ်မှာ ကျနေတဲ့ သံတူရွင်းကို ကောက်ပြီး ရေရွတ်လိုက်ပုံက....
” တောက်..သံတိုသံစလေး ကောက်တာတောင် ဒီလောက်အပင်ပန်း ခံရတယ်လို့ ကွာ “
သူဌေးကြီး
ဆရာကကျောင်းသားများအား…..
မင်းတို့ သူဌေးကြီးဖြစ်ရင်ဘာလုပ်မလဲ။
ကျောင်းသားများတစ်ယောက်တစ်ပေါက်ဝိုင်းပြောကြတယ်။
မောင်ဘိုကြီးမင်းဘာလို့ မဖြေတာလဲ။
ကဲမင်းပြောပါဦး။မင်းသူဌေးကြီးဖြစ်ရင်ဘာလုပ်မလဲ။
ဘိုကြီး….ခဏစဉ်းစားရင်း
ကျွန်တော်သူဌေးကြီးဖြစ်မှဆက်ပြောကြတာပေါ့ဆရာ…..
သူကြီး
ဟေ့…အိမ်ရှေ့ကဘယ်သူလဲ…
ငါသူကြီးဟေ့အိမ်လည်လာတာ။
သြော်သူကြီးလား။ဒါနဲ့ မရိုမသေသူကြီးရေ
ခွေးလေးတချက်လောက်မောင်းပေးပါဦး။
ဒီမှာထမင်းစားနေလို့ ။
ငွေပဲလိုတယ်။
လူတစ်ယောက်နိုင်ငံခြားတွင်အလုပ်လုပ်ရန်အတွက်ပွဲစား(agent)ဆီလာစုံစမ်းတယ်။
အန်ကယ်…ကျွန်တော်နိုင်ငံခြားမှာအလုပ်သွားလုပ်ဖို့ ဘာတွေလိုအပ်မလဲ။
သြော်နိုင်ငံခြားမှာအလုပ်သွားလုပ်ဖို့ လား။
ဟုတ်ကဲ့….
မလိုဘူး….ဘာမှမလိုဘူး….ငွေပဲလိုတယ်။
ငါ့မိန်းမကိုအချစ်ဆုံး
မိန်းမ………ရှင်ကျွန်မကိုတကယ်ချစ်ရဲ့ လား။
ယောင်္ကျား…တကယ်ချစ်တာပေါ့မိန်းမရာ။
မိန်းမ………ရှင်မလိမ်နဲ့ နော်။
ယောင်္ကျား…တကယ်ပါမိန်းမရာ။
ဒါကြောင့်လည်းအခုလက်ရှိတွဲနေတဲ့ ကောင်မလေးတွေကို အပြတ်ပြောပြီးသား။
ငါ့မိန်းမကိုအချစ်ဆုံး ဒါကြောင့်ကွာမပေးနိုင်ဘူးလို့ ။
စက္ကရီထေရီ
စက္ကရီထေရီ အသစ်ခန့် ပြီးကတည်းက မင်းယောက်ကျားအိမ်ပြန်တာ
နောက်ကျတယ်ဆို။ အင်း… ဒါနဲ့ ပြောပါဦးခုဘယ်လိုလုပ်လိုက်လို့  အိမ်ကိုပုံမှန်ထက်စောစောပြန်လာရတာလဲ
နည်းလေးပေးပါဦး။
သြော်…သူ့ စက္ကရီထေရီထက်ချောတဲ့ အိမ်ဖော်မလေးခေါ်ထားလိုက်တယ်လေ။
အားငယ်တာပေါ့
တစ်နေ့ ဇက်ဆိပ်ကအရက်ဆိုင်ထဲမှာ လူမိုက်ရုပ်နဲ့ လူကြီးတစ်ယောက်အရက်သောက်နေတယ်။
ခဏကြာတော့ လူကြီးကစားပွဲခုံကိုဝုန်းခနဲထုရင်း
"ဟေ့…ဒီဇက်ဆိပ်ကို တစ်ယောက်တည်းလာခဲ့တာကွ။"
ပြီးတော့ အရက်ဆက်သောက်တယ်။ ဆိုင်ထဲကလူတွေလဲလူကြီးကိုကြည့်ပြီး အသံတွေတိတ်သွားတယ်။
ခဏကြာတော့စားပွဲကိုထုပြီးထပ်အော်ပြန်တယ်။
"ဟေ့…ဒီဇက်ဆိပ်ကို တစ်ယောက်တည်းလာခဲ့တာကွ။ "
အဲဒီအချိန်မှာပဲဆင်တဲကလူမိုက်တစ်စုဆိုင်ထဲဝင်လာတယ်။လူမိုက်တစ်ယောက်ကလူကြီးဆီသွားပြီးမေးတယ်။
"ဒီဇက်ဆိပ်ကိုတစ်ယောက်တည်းလာတော့ဘာဖြစ်လဲ။"
အဲဒီတော့လူကြီးက
"ဒီဇက်ဆိပ်ကို တစ်ယောက်တည်းလာတော့ အားငယ်တာပေါ့… "
ဒေါသကိုထိန်းနည်း
ယောက်ျားဖြစ်သူက မိန်းမကိုမေးတယ်။
"နင့်ကိုငါ စိတ်ညစ်အောင်လုပ်တာတောင် နင်ပြန်မငြင်းခဲ့ဘူးနော်!
နင့်ဒေါသကို နင်ဘယ်လို ထိန်းခဲ့တာလဲ!"
"ငါ အိမ်သာသွားဆေးတယ်လေ"
"ထူးလို့လား?"
"ထူးတာပေါ့။ နင့်ရဲ့သွားတိုက်တံနဲ့ ဆေးတာလေ"
"We do chicken right"
ဆရာက ကျောင်းသားတွေကို KFCရဲ့ကြော်ငြာဖြစ်တဲ့ "We do chicken right"ကို
ဘာသာပြန်ခိုင်းတော့ ကျောင်းသားတွေက မတူတဲ့အဖြေတွေနဲ့ အမှားလိုက်
ဘာသာပြန်ထားကြတာတွေ့ရတယ်။ သူတို့ ဘာသာပြန်ထားတာတွေက...
(၁) ကျွန်တော်တို့ ကြက်လုပ်တာမှန်တယ်
(၂) ကျွန်တော်တို့ ကြက်လုပ်တယ်
(၃) ကျွန်တော်တို့မှာ ကြက်လုပ်နိုင်တဲ့ အခွင့်အရေးရှိတယ်
(၄) ကျွန်တော်တို့က ကြက်ညာဖက်ပဲလုပ်တယ်
(၅) ကျွန်တော်တို့က ကြက်ရဲ့ညာဖက်ကိုပဲလုပ်တယ်
(၆) ကျွန်တော်တို့ ကြက်လုပ်နိုင်တယ်။ မှန်လား?
(၇) ကျွန်တော်တို့ ကြက်လုပ်တာပဲ ကောင်းတယ်
(၈) ကျွန်တော်တို့ကပဲ ကြက်လုပ်လို့ရတယ်
(၉) ကြက်ရှိတယ်... ညာကြည့်ပါ
(၁ဝ) ကျွန်တော်တို့ ကြက်ကိုကောင်းကောင်းဆက်ဆံရမယ်
(၁၁) ကျွန်တော်တို့ ကြက်မှန်မှန်ကန်ကန်လုပ်တယ်
(၁၂) ကျွန်တော်တို့ ကြက်စစ်စစ်လုပ်တယ်
(၁၃) ကျွန်တော်တို့ မှန်တဲ့ကြက်လုပ်တယ်
(၁၄) ကျွန်တော်တို့ လက်ရှိကြက်လုပ်တယ်
ညံ့သူခံ....
အိပ်ယာပေါ်တွင် ယောင်္ကျားဖြစ်သူက ပက်လက်လှန်၍ စာဖတ်နေသည် ။ မိန်းမဖြစ်သူက ရေချိုးရန် ရေချိုးခန်းထဲ ၀င်လိုက်သည်။ ထိုအခိုက် တံခါးခေါင်းလောင်း မည်လာလေသည်။ မိန်းမဖြစ်သူလည်း ရေချိုးခန်းသုံး တဘက်စောင်ကို ကမန်းကတန်း ပတ်ကာ အိမ်အောက်သို့ ခပ်လောလော ပြေးဆင်း လိုက်သည်။ တံခါးဖွင့်ပေးလိုက်ရာ တဖက်အိမ်မှ "ဘောဘ့်" ဖြစ်နေသည်။ သူမ ဘာမှမပြောရသေးခင် "ဘော့ဘ်" က "တဘက်စောင်လေးကိုဖယ်ပြီး မင်းရဲ့အလှအပတွေကိုပြပါလား ပါ.. $800 ပေးပါမယ် " ဟုဆိုလေသည်။
သူမ ခဏမျှမင်သက်သွားပြီး အင်း ငါ့ယောင်္ကျားလဲမသိလောက်ပါဘူးလေ ပြီးတော့လဲ ပဲ့ပါသွားတာမှ မဟုတ်တာ ဟု တွေးလိုက်လေသည်.. ထို့နောက် "ဘောဘ့်" ရှေ့တွင် တဘက်စောင်ကို ဖယ်ပြပြီး ခတ္တ ရပ်နေလိုက်သည်။ စက္ကန့် အနည်းငယ်ကြာပြီးနောက် ဘောဘ့် က $800 ကို ကမ်းပေးလိုက်ပြီး သူမအား ပြုံးပြကာ ပြန်သွားသည်။ မိန်းမဖြစ်သူလည်း တဘက်စောင်ကို အမြန်ပြန်ဝတ်ကာ အပေါ်ထပ်သို့ ပြန်တက် လာသည်။ ရေချိုခန်းနား အရောက်တွင် အထဲမှ ယောင်္ကျားဖြစ်သူက
"ဘယ်သူလဲ" ဟုမေး၏။ ဟိုဘက်အိမ်က "ဘောဘ့်"ပါ... ဟုသူမက ပြန်ဖြေ၏။ ယောင်္ကျားဖြစ်သူက
"ဟင်... ဒီကောင်..ငါ့ဆီကချေးထားတဲ့ $800 ပေးမသွားလူးလား? ခုနလေးကတင် Phone ထဲမှာပြောတော့ ငါအခုလာပေးမယ်ဆိုပြီး"
ချင်းက အုန်းသီးစားတော့
တခါက ချင်းတောင်က ချင်းအမျိုးသားတဦးဟာ မြစ်ဝကျွန်းပေါ်ဒေသ ကို ပထမဆုံးအနေနဲ့
အလည်အပတ်ရောက်လာ သတဲ့။ ချင်းတောင်မှာ အုန်းပင်မရှိလို့ အုန်းသီးတခါမှ မစားဘူးတဲ့ ချင်းအမျိုးသားက အုန်းသီးကိုစားကြည့်ပြီး မှတ်ချက်ချလိုက်ပုံက
"အောက်ပြည်အောက်ရွာက အုန်းသီးကောင်းတယ်ဆိုလို့ စားကြည့်ပါတယ်။
အရသာက ဖန်တွတ်တွတ်နဲ့၊ အစေ့ကလည်း အကြီးကြီး။"
အိုးရွဲ့နဲ့ စလောင်းပဲ့
တခါကရွာတစ်ရွာမှာ မောင်လှဆိုတဲ့လူရွယ်တစ်ဦးရှိသတဲ့။ မောင်လှအရွယ်ရောက်လာတော့
မိဘများက အိမ်ထောင်ချပေးချင်ပေမယ့် မောင်လှမှာ အောက်နှုတ်ခမ်းပြတ်နေလို့ ယူမယ့်လူ
မရှိဘူးတဲ့။ တနေ့တော့ မိတ်ဆွေဟောင်းတစ်ဦးဆီကတဆင့် တခြားရွာတစ်ရွာက သမီးပျိုကို
မိဘချင်း စကားကမ်းလှမ်းကြသတဲ့။ မောင်လှမိဘများက သူတို့သား အောက်နှုတ်ခမ်း မရှိတာကို ဖုံးကွယ်ထားချင်တော့ မင်္ဂလာ အခမ်းအနားကို ညဘက်မှာပဲ မီးမှောင်ချပြီး ကျင်းပရမယ်လို့
အဆိုပြုတယ်။ သတို့သမီးရှင်ဘက်ကလည်း ကန့်ကွက်ခြင်းမရှိတော့ မောင်လှရဲ့ မင်္ဂလာပွဲကို
နေ့ကောင်းရက်သာရွေးပြီး တညမှာ မီးမှောင်ချပြီး ကျင်းပကြသတဲ့။
မင်္ဂလာဦး ထမင်းစားဝိုင်းမှာ မောင်လှက ဟင်းချိုပူကြောင်းကို...
"ဟင်းချိုကလဲ ဝူလိုက်တာ"
လို့ပြောတော့ သတို့သမီးက ပြန်ပြောလိုက်ပုံက
"ဝူရင် ဝုတ်တောက်ပေါ့" တဲ့။
ပေါ်မဲ့ပေါ်တော့
အငြိမ့်ထဲမှာ မင်းသမီးက "အလို... ဘုရားရေ ဟို့ရှေ့က သစ်ပင်ပေါ်မှာ မဲမဲ မဲမဲ...
လှုပ်လှုပ်လှုပ်လှုပ်နဲ့" "လက်စသတ်တော့... အသင်ရုက္ခစိုး ပါလား..."
အဲဒီအခါမှာ ရုက္ခစိုး လုပ်တဲ့လူပြက်က
"အေး ... ငါနည်းနည်းပေါ်သွားတယ်..."
ဖောက်သည်ကိုး
တစ်ခါက ပြည့်တန်ဆာမ တဦးဟာ ပြည့်တန်ဆာမှုနဲ့ တရားရုံးရောက်လာပါရော။
တရားခွင်မှာ တရားသူကြီးက... "ဟဲ့... တရားခံမ နင့်နာမည် ဘယ်လိုခေါ်သလဲ..." လို့
မေးတဲ့အခါမှာ ပြည့်တန်ဆာမက ပြန်ဖြေလိုက်ပုံက "သိသားနဲ့..." တဲ့။
ရေနွေးကရားဖုံး
ပွဲခင်းထဲမှာ လူပြက်တစ်ယောက်က "ဒို့မင်းသမီးလေးဟာ အနုပညာကို
ဘယ်လောက်တန်ဘိုးထားသလဲဆိုရင် ရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲသွားတဲ့ အထိ
ပရိသတ်ကို ဖျော်ဖြေသွားမှာပဲ...
"။ ဒုတိယလူပြက်က "သူငယ်ချင်း မင်းသမီးလေးရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲသွားရင်
ငါ့ကို တခြမ်းပေးပါကွာ..." တဲ့။
ဒီတော့ပထမလူပြက်က "မင်းကဘာလုပ်မလို့တုံး..."။ ဒုတိယလူပျက်ဖြေလိုက်ပုံက
"ငါ့အိမ်မှာ ရေနွေးကရားဖုံး လုပ်မလို့ပါကွာတဲ့..."။
...................

Tuesday, May 11, 2010
Shakira သီဆိုထားသည့် ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ ဖလား သီချင်း

ဇွန် ၁၁ ရက်နေ့ မှ ဇူလိုင်လ ၁၁ ရက်နေ့ ထိ တောင်အာဖရိကနိုင်ငံတွင် ကျင်းပမည့် ၂၀၁၀ ကမ္ဘာ့  ဖလားပွဲ အတွက် သီချင်းအား ကိုလံဘီယာ အဆိုတော် ရှကီရား ရေးစပ်သီဆိုထားသည့် This Time for Africa သီချင်း အား ယနေ့ စတင်ဖြန့် ချိလိုက်ပြီ ဖြစ်သည်။
၂၀၀၆ခုနှစ်က ဂျာမဏီနိုင်ငံတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ ဖလား ဘောလုံးပြိုင်ပွဲအတွက်The Times of Our Lives သီချင်းအား Divo နှင့် Toni Brxton တို့ မှ သီဆိုထားခြင်းဖြစ်သည်။ ၁၉၉၈ ခုနှစ် ပြင်သစ်နိုင်ငံတွင် ကမ္ဘာ့ဖလားပွဲကျင်းပစဉ်က အဆိုတော် ရစ်ကီမာတင် သီဆိုထားသည့် The Cup of Life သီချင်းမှာ ပြိုင်ပွဲ တစ်လျှောက် လူကြိုက်အများ ဆုံးသီချင်း ဖြစ်သည်။
၂၀၁၀ ကမ္ဘာ့ ဖလားတွင် အသင်းပေါင်း ၃၂သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး တောင်အာဖရိကမြို့ ကြီး ၁၁ မြို့ တွင်ကျင်းပမည် ဖြစ်သည်။ This Time of Africa သီချင်းကို ရှာကီရားက အာဖရိက ဘာသာ ၊အင်္ဂလိပ်
ဘာသာ တို့ ဖြင့်သီဆိုထားပြီး အာဖရိက ဗုံသံ ၊ လက်တင် ဆမ်ဘာ နှင့် ရောယှက် ကာ Break Beat စတိုင် ဖြင့်သီဆိုထားသည်။
အာဖရိကဘာသာဖြင့် သီဆိုထားသည့် သီချင်း၏ မူရင်းမှာ ကင်မရွန်း နိုင်ငံမှ နာမည်ကျော် သီချင်း ဇန်ဂါလ၀ါ ဇာမီနာ (၀ါကာ ၀ါကာ) ဖြစ်သည်။
၁၉၃၀ မှ စတင်ခဲ့သည့် ကမ္ဘာ့ ဖလားပြိုင်ပွဲ တစ်လျှောက်တွင် အီတလီ က ချံပီယံ ဆု လေးကြိမ် ရရှိပြီး ဘရာဇီး က ငါးကြိမ် ရရှိသည်။
MP3 Download Link
Download
ပုံတွင် ၂၀၁၀ ကမ္ဘာ့ ဖလား ကျင်ပမည့် တောင်အာဖရိက အားကစား ကွင်း များ ကို ဝေဟင် မှ တွေ့ ရစဉ်
............................
Tuesday, May 4, 2010
မိုဘိုင်းဖုန်း ဘက်ထရီ အကြောင်း
ဖုန်းဘက်ထရီကို ကြာရှည်ခံအောင်သုံးစွဲနိုင်ဖို့ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို တင်ပြပေးချင်ပါတယ်။
ပထမဦးဆုံးအနေနဲ့ ဘက်ထရီနဲ့ပတ်သက်ပြီးသိသင့်တာလေးတွေကို အရင်ပြောပြပါ့မယ်။ မိုဘိုင်းဖုန်းအသစ် တစ်လုံးဝယ်လာပြီဆိုရင် ချက်ချင်းအားသွင်းတာမျိုး မလုပ်ဘဲ မူလပါတဲ့အားကို ကုန်အောင်သုံးလိုက် ပြီးမှ အားပြန်သွင်းသင့်ပါတယ်။အားသွင်းတဲ့အခါမှာလည်း ဖုန်းကိုပိတ်ပြီးမှ အားသွင်းသင့်ပြီး သီးခြားဖုန်းအားသွင်း စက်တွေကိုလဲ အရေးကြုံမှဘဲ သုံးသင့်ပါတယ်။ သီးခြားဖုန်းအားသွင်းစက်တွေမှာ ဓာတ်အားကိုထိန်းချုပ်မှု အားနည်း တတ်တာကြောင့်ပါ။
တစ်ကယ်လို့ ဘက်ထရီမှာ ဆဲလ်တွေ ဖောင်းလာပြီဆိုရင် မိုဘိုင်းဖုန်းကိုပါထိခိုက်နိုင်တာမို့ ဆက်မသုံးသင့် တော့ပါဘူး။ နောက်ပြီး ဖုန်းမှာမူလပါတဲ့ ဘက်ထရီကိုပဲ အားထား သုံးစွဲသင့်ပါတယ်။ ဘက်ထရီအပိုကိုတော့ အရေးကြုံမှဘဲသုံးသင့်ပြီး ဒီလိုသုံးတဲ့အခါမှာလည်း အနည်းဆုံး ဒုတိယတန်းစား အရည်အသွေးရှိ ဘက်ထရီ ကို အသုံးပြုသင့်ပါတယ်။ ဖုန်းသုံးစွဲသူတစ်ချို့က ဘက်ထရီကို အပို ဆောင်ထားပြီး လဲသုံးလေ့ရှိတယ်။ ဒါပေမယ့် ဘက်ထရီကို ဖြုတ်လိုက်တပ်လိုက် လုပ်တာ များလာရင် ဖုန်းရဲ့ဘက်ထရီတပ်တဲ့နေရာမှာ ပါတဲ့ပင်ချောင်းတွေ ချောင်လာတတ်တယ်။

နောက်ဆုံးပြောပြချင် တာက တစ်ကယ်လို့ သင့်မိုဘိုင်းဖုန်းကို မတော်တဆ ရေစိုသွားမယ် ဆိုရင် ပါဝါကို မပိတ်ဘဲ ဆက်သုံးတာမျိုး မလုပ်သင့်ပါဘူးဆိုတာပါ။ ရေစိုတာနဲ့ ပါဝါကိုချက်ချင်းပိတ်ပစ်ပြီး မိုဘိုင်းဖုန်း ဆားဗစ်စင်တာကို သွားရောက်ပြသသင့်ပါတယ်။
နောက်ပြီးတော့ ဘက်ထရီနဲ့ပတ်သက်ပြီး လျှပ်စစ်အမ်ပီယာအကြောင်းနဲ့ ဘက်ထရီ ဆဲလ်တွေအကြောင်းကို ပြောပြချင်ပါတယ်။
ဖုန်းဟန်းဆက်တွေရဲ့ ဘက်ထရီမှာက အမ်ပီယာအားဖြင့် 800 ကနေ 1300 အတွင်း ရှိတတ်ကြတယ်။ ဘက်ထရီ အားသွင်းစက် ပျက်သွားလို့ လဲရပြီဆိုရင် အော်ရီဂျင်နယ်ကို ၀ယ်သုံးနိုင်ရင် အဆင်ပြေပေမယ့် အော်ရီဂျင်နယ်အားသွင်းစက်ကို မရနိုင်တဲ့အခါမှာတော့ မူလအမ်ပီယာနဲ့ အနီးစပ်ဆုံးရတာကို သုံးသင့် ပါတယ်။
နောက်ထပ်ပြောပြချင်တာက ဘက်ထရီဆဲလ်တွေအကြောင်းပါ။
ဘက်ထရီအားက အိုင်ဖုန်းဆိုရင်အနည်းဆုံး ၃ ရာခိုင်နှုန်း၊ တခြားဖုန်းဆိုရင် ၅ရာခိုင်နှုန်း ကနေအများဆုံး ၂၀ရာခိုင်နှုန်းအထိ လောက်ပဲ ကျန်အောင်ချန်ပြီး အကုန်သုံးပစ်သင့်ပါတယ်။ ဘက်ထရီ ဆဲလ်တွေကို ကုန်အောင်မသုံးပစ်ဘဲ ခဏလေးနဲ့ အားပြန်သွင်းပြီး သုံးတဲ့အခါ နောက်ပိုင်းမှာ ဆဲလ်တွေမှာ လျှပ်စစ်အား အပိုဖြစ်ပြီး ကြာလာတဲ့အခါ အလုပ်မလုပ်တော့ တာမျိုးတွေ ရှိလာတယ်။
ပြီးတော့ ဘက်ထရီတွေမှာက ဓာတ်အားတိုင်းတာပေးတဲ့စနစ်ပါရှိတယ်။ ဒီစနစ်က ဆဲလ်တွေမှာ ဓာတ်အား ပြည့်၊ မပြည့်တိုင်းတာ ပေးတာဖြစ်ပြီး ပျက်စီးသွားတဲ့ဆဲလ်တွေကို ထည့်သွင်းမတိုင်းတာပါဘူး။ ဒါကြောင့် ဆဲလ်တွေ ပျက်စီးလာတဲ့အခါ ပုံမှန်နာရီပြည့်အောင် ဘတ်ထရီသုံးလို့မရတော့ဘဲ ဖုန်းကို အားသွင်းရင်လည်း ခဏလေးနဲ့ အားပြည့်နေကြောင်း Sign ပြနေပါလိမ့်မယ်။

မိုဘိုင်းဖုန်းတစ်လုံးမှာ ဘက်ထရီမကောင်းရင် အသုံးပြုရတာ အဆင်မပြေဖြစ်နိုင်သလို နောက်ဆုံးမှာ ဖုန်းကိုပါထိခိုက်ပျက်စီးစေ နိုင်တာမို့ ဘက်ထရီကောင်းတစ်လုံးကို ရွေး ချယ်အသုံးပြုတတ်ဖို့က အရေး ကြီးပါတယ်။ ဒီတော့ ဘက်ထရီဝယ်ပြီးမှ သင်စိတ်မညစ်ရစေဖို့ ဘက်ထရီအတု၊အစစ်ဘယ်လိုခွဲမလဲဆို တာကို တင်ပြပေးချင်ပါတယ်။
လက်ရှိဈေးကွက်ထဲမှာ ဘက်ထရီအတု ပြဿနာက အသုံးများတဲ့ မိုဘိုင်းဖုန်းအမျိုးအစားတွေဖြစ်တဲ့ နိုကီယာနဲ့ ဆိုနီအဲရစ်ဆင်မှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။
နိုကီယာဘက်ထရီမှာ အစိမ်းရောင်စတစ်ကာပါရှိပြီး ဘက်ထရီနံပါတ်လည်း ပါရှိပါတယ်။ အတုတွေမှာလည်း အစိမ်းရောင်စတစ်ကာပါရှိတတ်ပေမယ့် ဘက်ထရီအစစ်နဲ့ ဒုတိယတန်းစား ဘက်ထရီတွေမှာ ပါတာက Nokia Enahancement ဆိုတဲ့ စာသားပါတဲ့ သုံးဖက်မြင်စတစ်ကာပါ။ ဒီစတစ်ကာလေးက သုံးဖက်မြင် ဖြစ်တဲ့အတွက် စာသားကစတစ်ကာ မျက်နှာပြင်အပေါ်မှာရှိနေတာမျိုး မဟုတ်ဘဲအောက် တစ်နေရာမှာ ရှိနေသယောင် ဖြစ်နေပါတယ်။ ဘက်ထရီအတုတွေမှာတော့ အစိမ်းရောင်စတစ်ကာ ပါပေမယ့် သုံးဖက်မြင် ပုံရိပ်မျိုးကိုမြင်တွေ့ရမှာ မဟုတ်ပါဘူး။
ဆိုနီအဲရစ်ဆင်ဘက်ထရီတွေမှာတော့ သိသာထင်ရှားတဲ့ထူးခြားချက်နဲ့ ခွဲခြားလို့မရ နိုင်တဲ့အတွက် စမ်းသုံး ကြည့်မှဘဲ သိရမှာပါ။
ဒီတော့ သုံးကြည့်ပြီးလို့ သုံးလလောက်အတွင်းမှာ ဘက်ထရီက ဖောင်းကြွတက်လာပြီး အားအပြည့် သွင်းထားပေမယ့်လည်း ကြာရှည်မခံတာမျိုးဆိုရင် အတုဖြစ်နေတတ်ပါတယ်။
မိမိဟန်းဆက်ရဲ့ ဘက်ထရီသက်တမ်းကောင်း၊ မကောင်းကိုသိနိုင်ရန် နည်းလမ်းနှစ်မျိုးရှိပါတယ်။တစ်မျိုးက

Nokia ဖုန်းများရဲ့ ဘက်ထရီများတွင် ဘက်ထရီ ဗိုက်ဖောင်းလာခြင်းကို စားပွဲပေါ်တွင်တင်၍ လှည့်ကြည့် ခြင်းဖြင့် ဘက်ထရီ မွတ်နေအောင်လည်ပါက ဘက်ထရီ သိပ်မကောင်းတော့တာကို အလွယ်တကူ သိနိုင် ပါတယ်။
Sony Ericsson နှင့်အခြားbrand များမှ ဘက်ထရီများမှာတော့ Nokia ဖုန်းများကဲ့သို့ အလွယ်တကူမသိနိုင် သော်လည်း မိမိအသုံးပြုနေသော ဟန်းဆက်မှဘက် ထရီကိုဖြုတ်ပြီး မီတာဖြင့်ထောက်ကာ စမ်းကြည့်မယ် ဆိုရင် ကောင်းမွန်တဲ့ဘက်ထရီများသည် 3.9 Vပုံမှန်ရှိပြီး အနည်းဆုံးမှာ 3.7 V ရှိတတ်ကြပါတယ်။ အကယ်၍ ကြာမြင့်စွာ ဖုန်းအားသွင်းထားသော်လည်း 3.2, 3.3 V ထက်ပို၍သွင်းလို့မရတော့ဘူးဆိုရင် ဘက်ထရီ သိပ်မကောင်းတော့ဘူးဆိုတာ သိနိုင်ပါတယ်။
ဒီတော့ အထက်က ဖော်ပြခဲ့တဲ့နည်းလမ်းလေးကို အသုံးပြုလို့ ကိုယ့်အတွက် တကယ် အသုံးတည့်ပြီး ကြာရှည်ခံမယ့် ဖုန်းဘက်ထရီလေးတွေကို ရွေးချယ်ဝယ်ယူနိုင်ပါပြီလို့...။
Friday, April 30, 2010
အပူဒဏ်ကြောင့် အပူရှပ်ခြင်း၊ လေဖြတ်ခြင်းအပါအ၀င် ရုတ်တရက် အသက်သေဆုံးမှုများ ရှိလာ
လက်ရှိအချိန်တွင် လူအများသည်ပူပြင်းသော ရာသီဥတုနှင့်ကြုံတွေ့နေရပြီး အပူဒဏ်၏သက်ရောက်မှု ကြောင့် ဖြစ်ပေါ်သည့် ရောဂါဝေဒနာများ ဖြစ်ပွားလျက်ရှိနေကြောင်း အများပြည်သူများထံမှ စုံစမ်းသိရှိ ရပါသည်။
ရာသီဥတုပူပြင်းလာသည့် အချိန် တွင် ချွေးထွက်လွန်ခြင်း၊ ခန္ဓာကိုယ် အတွင်းရှိ ရေနှင့်ဓာတ်ဆားများဆုံးရှုံး စေနိုင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးမော်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေး ခြောက်ပြီးကိုယ်အပူချိန် အလွန်အကျွံ မြင့်တက်ခြင်း၊ သတိလစ်ခြင်း၊ မိတ်ကဲ့သို့ ယားနာများနှင့် အပူဖုများ ထွက်ရှိခြင်းစသည်တို့ ဖြစ်ပေါ်စေနိုင် ကြောင်း သိရှိရပါသည်။
''အပူချိန်မြင့်တဲ့အတွက် ချွေးထွက်များတယ်၊ ရေငတ်တယ်။ ရေသောက်ပေမယ့် ခန္ဓာကိုယ်ကဆုံးရှုံးသွားတာ ရေချည်းမဟုတ်ဘဲ ဓာတ်ဆားတွေပါတဲ့အတွက် ရေသောက်ပေမယ့် ဓာတ်ဆားဆုံးရှုံးမှုများလာရင် လူက နုံးချည့် လာတယ်၊ မူးဝေလာတယ်၊ ကြွက်တက်ချင်လာတယ်။ ဒါ့ပြင် ဦးနှောက်မှာရှိတဲ့ ကိုယ်တွင်းကိုယ်ပ အပူချိန်ထိန်းပေးတဲ့ အစိတ်အပိုင်းကလည်း အတိုးအလျော့လုပ်ပြီး ထိန်းညှိပေးနေရလွန်းတာကြောင့် ကြာတော့ အစွမ်းအစနည်းလာတယ်။ အဲဒီအချိန် တစ်ကိုယ်လုံးခြစ်ခြစ် တောက်ပူပြီး သတိလစ်တယ်၊ လူမှန်းသူမှန်းမသိလောက်အောင် မေ့မျောတတ်တယ်၊အသက်ဆုံးရှုံးတတ်တယ်။ တချို့က အပူရှပ်ပြီး လေသင်တုန်း ဖြတ်တယ်၊ တချို့ကျတော့ အပူချိန်မြင့်တဲ့အချိန် အရက်သောက်တဲ့ အတွက် ဦးနှောက် သွေးကြောပြတ်ပြီး သေတာမျိုးရှိပါတယ်'' ဟု အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ရှင်းပြခဲ့ပါသည်။
''ရာသီဥတုက အရမ်းပူလာတယ်။ ရန်ကုန်မှာ ၄၀-၄၁ ဒီဂရီ စင်တီဂရိတ်လောက် ပူပြင်းနေသလို နယ်ဘက် တွေမှာလည်း ၄၃-၄၄ ဒီ ဂရီစင်တီဂရိတ်ဝန်းကျင်လောက် ပူနေတယ်လို့ သိရတယ်။ ရာသီဥတုပူလာတာနဲ့ အမျှလူတွေက အပူဒဏ်ကနေ သက်သာချင်တဲ့အတွက် လုပ်မိ လုပ်ရာလုပ်တတ်ကြတယ်။
အဲ့ဒီလိုလုပ်ရာက နေရုတ်တရက် ဦးနှောက်သွေးကြောပြတ်ပြီး လေဖြတ်တာမျိုးကြုံရ တာအဖြစ်များလာ တယ်။ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချို ရောဂါတို့လို ရောဂါ အခံရှိသူတွေဆို အပူဒဏ်ကိုပြင်းပြင်းထန်ထန်ကိုခံစား နေကြရတယ်''ဟု အိမ်ထောင်ရှင် တစ်ဦးက ပြော ကြားပါသည်။
ယခုအချိန်တွင် အပူရှိန်ကို လူ တိုင်းနီးပါးခံစားရလျက်ရှိပြီး အမိုး အကာမဲ့နေရာတွင် အလုပ်လုပ်ရသူများ၊ လယ်ယာနှင့် ဥယျာဉ်ခြံမြေလုပ်သားများ၊လမ်းလုပ်သားများ၊ဆောက် လုပ်ရေးလုပ်သားများ၊ အုတ်ဖုတ်၊ သံ၊ သတ္တုကျိုလုပ်သားများ၊ ဘွိုင် လာအိုး၊ ပေါင်းအိုး၊ ပေါင်းဖိုအစရှိ သည့်တို့နှင့် အလုပ်လုပ်နေရသည့် လုပ်သား များ၊ စားဖိုဆောင်၊ မီးဖို ဆောင်လုပ်သားများစသည်တို့မှာ အပူဒဏ်ကို အပြင်းထန်ဆုံး ခံစားနေရသကဲ့ သို့ အပူဒဏ်ကြောင့်ဖြစ်ပေါ်သော ရောဂါဝေဒနာများကိုအများဆုံးတွေ့ ကြုံနေသူများဖြစ်ကြောင်းသိရသည်။
''အပူဒဏ်ရှိတဲ့လုပ်ငန်းခွင်တွေ မှာ အလုပ်လုပ်ရတဲ့အတွက် အခုလို ပူပြင်းတဲ့နွေအခါမှာ သတိပြုသွားဖို့လို ပါတယ်။ အခုလိုအပူရှိန်ပြင်းတဲ့အချိန် အလုပ်သမားတွေအနေနဲ့ အမိုးအကာမဲ့နေရာမှာ အလုပ်ချိန်ပြည့် တောက်လျောက်အလုပ်မလုပ် သင့်ပါဘူး။ အပူဒဏ်နဲ့ နာရီဝက်ဝန်းကျင် ထိတွေ့ပြီးတိုင်း အပူဒဏ်နဲ့ ဝေးရာ အရိပ်ရတဲ့နေရာမှာ ၁၀မိနစ်ဝန်းကျင်အနားယူဖို့လိုတယ်။ အချိုရည်၊ ဓာတ်ဆားရည်၊ဆားနည်းနည်းခပ်ထား တဲ့ရေးနွေးကြမ်းတို့လို အရည်မျိုး သောက်သုံးသင့်ပါတယ်။ အရမ်းပူ တဲ့နေရာကနေ အပူချိန်ကွာဟချက်များ တဲ့နေရာကို ရုတ်တရက်မ၀င်ရောက်သင့်ပါဘူး။ အပူချိန်မြင့်နေတဲ့အချိန်မှာ ရေလုံးဝမချိုးသင့်ဘူး၊ ဘွိုင်လာ အိုး၊ ပေါင်းအိုးတို့လိုနေရာ မျိုးနားကထွက်လာရင် လေအေးပေးစက်တပ်ထားတဲ့နေရာမျိုးကို တန်းဝင်သွား တာမျိုး လုံးဝမလုပ်သင့်ပါဘူး။ ဒါမှခန္ဓာကိုယ်ရဲ့အပူထိန်းအစိတ်အပိုင်းက အပြင်မှာဖြစ်နေတဲ့ အပူချိန်နဲ့ ကိုယ်တွင်းအပူချိန်ကွာဟချက်ကျဉ်း မြောင်းအောင်ထိန်းညှိပေးနိုင်မှာဖြစ် ပြီးအပူရှပ်တာနဲ့ လေဖြတ်တဲ့ အန္တရာယ်မကျရောက်အောင် ကာကွယ်ပေးနိုင် မှာဖြစ်ပါတယ်''ဟု လုပ်ငန်းခွင်ကျန်း မာရေးပညာရှင်တစ်ဦး ကပြောကြား ခဲ့ပါသည်။
လူတွင် ကိုယ်တွင်းအပူချိန် ၉၈ ဒသမ ၄ဒီဂရီဖာရင်ဟိုက် သို့မဟုတ် ၃၇ ဒသမ ၄ ဒီဂရီစင်တီဂရိတ်ရှိနေစေ ရန် ကိုယ်တွင်းအပူချိန်ထိန်းသိမ်း မှုအစိတ်အပိုင်းကထိန်းညှိပေးထား ပြီး ပြင်ပအပူချိန်ကိုခံနိုင်ရန် အတိုင်း အတာတစ်ခုအထိ ထိန်းညှိပေးနိုင်သော်လည်း အပူချိန်မြင့်မားလွန်းပါက စွမ်းဆောင်နိုင်စွမ်း နိမ့်ကျ တတ် ကြောင်း၊ ထို့ကြောင့် အပူချိန်မြင့်မားချိန်တွင် ရေချိုးခြင်းမှရှောင်ကြဉ်ရန်၊ နေပူထဲတွင် ကိုယ်လက်လှုပ်ရှားမှု ပြင်းထန်စွာမပြုလုပ်ရန်၊ အရက်သေ စာသောက်စားခြင်းမပြုရန်၊ နေ့ခင်းဘက် အပြင်ထွက်လျင်အမိုးအကာ ရစေသည့် ထီး၊ ဦးထုပ်များအသုံး ပြုရန်၊ အပူဒဏ်သက်သာစေသည့် အဖြူရောင်အပါအ၀င် အရောင်ဖျော့ သည့် အ၀တ်အစားများ ၀တ်ဆင်ရန်၊ ချည်ထည်များ ပိုမိုဝတ်ဆင်ရန်၊ ချွေးထွက်များပါက ဓာတ်ဆားရည် သောက်ရန်၊ ကိုယ်အပူချိန်မြင့်ပါက ရေအေးဖတ်တိုက်ရန်၊ သက်ကြီးရွယ်အို၊ ကလေးသူငယ်နှင့်နာတာရှည် ဝေဒနာရှင်များ အရိပ်ရပြီး လေ၀င်လေထွက်ကောင်းသော နေရာများတွင် နားနေရန်၊ မိတ်ဖု၊ ယားနာများ ထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊သနပ်ခါးလိမ်းခြင်း ပြုလုပ်ရန်စသည့် သတိပေးချက်ကို သက်ဆိုင်ရာမှ လည်း အသိပေးနှိုးဆော်ထားကြောင်း သတင်းရရှိပါသည်။
Credit : www.weeklyeleven.com/

Subscribe to:
Posts (Atom)