
ဇွန် ၁၁ ရက်နေ့ မှ ဇူလိုင်လ ၁၁ ရက်နေ့ ထိ တောင်အာဖရိကနိုင်ငံတွင် ကျင်းပမည့် ၂၀၁၀ ကမ္ဘာ့  ဖလားပွဲ အတွက် သီချင်းအား ကိုလံဘီယာ အဆိုတော် ရှကီရား ရေးစပ်သီဆိုထားသည့် This Time for Africa သီချင်း အား ယနေ့ စတင်ဖြန့် ချိလိုက်ပြီ ဖြစ်သည်။
၂၀၀၆ခုနှစ်က ဂျာမဏီနိုင်ငံတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ ဖလား ဘောလုံးပြိုင်ပွဲအတွက်The Times of Our Lives သီချင်းအား Divo နှင့် Toni Brxton တို့ မှ သီဆိုထားခြင်းဖြစ်သည်။ ၁၉၉၈ ခုနှစ် ပြင်သစ်နိုင်ငံတွင် ကမ္ဘာ့ဖလားပွဲကျင်းပစဉ်က အဆိုတော် ရစ်ကီမာတင် သီဆိုထားသည့် The Cup of Life သီချင်းမှာ ပြိုင်ပွဲ တစ်လျှောက် လူကြိုက်အများ ဆုံးသီချင်း ဖြစ်သည်။
၂၀၁၀ ကမ္ဘာ့ ဖလားတွင် အသင်းပေါင်း ၃၂သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး တောင်အာဖရိကမြို့ ကြီး ၁၁ မြို့ တွင်ကျင်းပမည် ဖြစ်သည်။ This Time of Africa သီချင်းကို ရှာကီရားက အာဖရိက ဘာသာ ၊အင်္ဂလိပ်
ဘာသာ တို့ ဖြင့်သီဆိုထားပြီး အာဖရိက ဗုံသံ ၊ လက်တင် ဆမ်ဘာ နှင့် ရောယှက် ကာ Break Beat စတိုင် ဖြင့်သီဆိုထားသည်။
အာဖရိကဘာသာဖြင့် သီဆိုထားသည့် သီချင်း၏ မူရင်းမှာ ကင်မရွန်း နိုင်ငံမှ နာမည်ကျော် သီချင်း ဇန်ဂါလ၀ါ ဇာမီနာ (၀ါကာ ၀ါကာ) ဖြစ်သည်။
၁၉၃၀ မှ စတင်ခဲ့သည့် ကမ္ဘာ့ ဖလားပြိုင်ပွဲ တစ်လျှောက်တွင် အီတလီ က ချံပီယံ ဆု လေးကြိမ် ရရှိပြီး ဘရာဇီး က ငါးကြိမ် ရရှိသည်။
MP3 Download Link
Download

ပုံတွင် ၂၀၁၀ ကမ္ဘာ့ ဖလား ကျင်ပမည့် တောင်အာဖရိက အားကစား ကွင်း များ ကို ဝေဟင် မှ တွေ့ ရစဉ်
............................
No comments:
Post a Comment