Saturday, February 6, 2010

CDMA အကြောင်းသိသမျှ - ၁

အခု ကျွန်တော်တို့နိုင်ငံ(မြန်မာ) မှာ Mobile Phone Network တွေတော်တော်လေး
တိုးတက်များပြားလာပါပြီ.....။ ဒါ့ကြောင့် ဒီ Postလေးကလဲ တိုးတက်လာတဲ့
နည်းပညာတွေအကြောင်း ဗဟုသုတရစေရန် ရည်ရွယ်ပါတယ်..


CDMA = Code Division Multiple Access

WCDMA = WideBand Code Division Multiple Access

GSM = Global System for Mobile communications




CDMA 800MHz ဖုန်းများအား မကြာမီအသုံးပြုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်
လျက် ရှိပြီး ၎င်းဖုန်းများအား ကတ်စနစ်ဖြင့် ငှားရမ်းခွင့်ပေးသွားမည်ဖြစ်ကြောင်း
သိရသည်။ ယခင်က CDMA ဖုန်းများဖြစ်သော 70,71,72 နံ ပါတ်များနှင့် 0980
ဖုန်းများအား ကုတ်စနစ်ဖြင့် ငှားရမ်းခွင့်ပေးခဲ့သော်လည်း ယခုအသုံးပြုခွင့်ပေးမည့်
ဖုန်းများသည် ကုတ်စနစ်ဖြင့်မဟုတ်ပဲ ကတ်စနစ်ဖြင့်ဖြစ်ကြောင်း သိရသည်။

၎င်း CDMA 800MHz ဖုန်းများအတွက် ဖုန်းတိုင်များအနေဖြင့်လည်း ယခုအခါတွင်
၁၄ ခုခန့် ပြုလုပ်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။ယင်းဖုန်းများသည်
လိုင်းဖုန်း(ကြိုးဖုန်း) များကဲ့သို့ပင်ဖြစ်ပြီး Wireless Local စနစ်အသုံးပြုထားသော
ဖုန်းများဖြစ်ကြောင်း သိရသည်။ ၎င်းဖုန်းများအားအသုံးပြုရာတွင် မြို့နယ်အလိုက်
သတ်မှတ်ချက်ဖြင့် ချထားပေးမည်ဆိုသော်လည်း ယင်းမြို့နယ်အတွင်းရှိ
ဖုန်းတိုင်မှထုတ်လွှတ်သော လိုင်းဆွဲအားမိနိုင်သည့် နေရာအတွင်းတွင်သာ
အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင်၎င်း CDMA 800MHz ဖုန်းများအတွက် ဖုန်းနံပါတ်များအနေဖြင့်
ဂဏန်းရှစ်လုံးဖြင့် ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ဖုန်းအတွက် ဟန်းဆက် နှင့်
အထိုင်ဖုန်းစသည်တို့အား ကိုယ်တိုင်ဝယ်ယူအသုံးပြုကြရမည်ဖြစ်ကြောင်း သိရသည်။သို့ရာတွင်ယင်းဖုန်းများသည် မိုဘိုင်းအစစ်မဟုတ်သောကြောင့်
ဟန်းဆက်ဖြင့်အသုံးပြုရာတွင် ဖုန်း၏လိုင်းဆွဲအားနှင့် ပါဝါစနစ်များ
ကွဲပြားမှုကြောင့် ဟန်းဆက်ဖြင့်အသုံးပြုလိုပါက ဟန်းဆက်ပျက်စီးရန်
လွယ်ကူနိုင်ပြီး နေရာ တစ်ခုမှတစ်ခုသို့ ရွှေ့ပြောင်းပြုလုပ်ပါက
လိုင်းဖမ်းယူမှုအတွက် အခက်အခဲရှိနိုင်ကြောင်း သိရသည်။
ထို့ကြောင့် CDMA 800 MHz ဖုန်းများအား အထိုင်ဖုန်းများအဖြစ်သာ
အဓိကအသုံးပြုသင့်ကြောင်း သိရသည်။

CDMA 450 MHz နှင့် CDMA 800 MHz ဖုန်းများတွင် လိုင်းအားနည်းစနစ်များမှာ
ကွာခြားမှုများကြောင်းသိရှိရသည်။CDMA 450 MHz ဖုန်းများသည် နောက်ဆုံးပေါ်
လိုင်းအားမြင့်မားသည့် စက်ကြီးများနှင့် ထုတ်လွှင့်ဖမ်းယူပြီး မြန်မာကမ်းရိုးတန်း
တလျှောက် တောင်ပေါ်ဒေသ၊ မြေပြန့်ဒေသပါမကျန် အသုံးပြုနိုင်ပါတယ်..။

CDMA 800MHz ဖုန်းများမှာ ယခင်က ခြင်းဖုန်းဟုခေါ်တွင်ခဲ့သော ၇၂,၇၀,၇၁
အစရှိသော ဖုန်းနံပါတ်များနှင့်ပြောဆိုရသော ဖုန်းများဖြစ်သည်။
၀၉၈၀, ၀၉၈၁, ၀၉၈၂ အစရှိသဖြင့်ဖုန်းများအနေဖြင့်လည်း ရှိခဲ့သည်။
ယင်းဖုန်းများသည် နေရာဒေသ ကန့်သတ်ချက် များရှိနေသည်။
ရန်ကုန်နှင့် မန္တလေး မြို့များတွင်သာအသုံးပြုနိုင်ပြီး မည်သည့်နေရာသို့မဆို
သယ်ဆောင်သွားနိုင်ပြီး  ပြောဆိုနိုင်သည်။ ၎င်းင်း၏လိုင်းအားမှာနိမ့်ပါးပြီး
ယခင်က အင်တနာတိုင်ကို မြင့်မားစွာထောင်ပြီး ဖမ်းယူအသုံးပြုရသည်။
ယခုနောက်ပိုင်းတွင် လိုင်းပိုမို ကောင်းမွန်လာခဲ့ကြောင်းသိရသည်။

CDMA 450 MHz ဖုန်းများကို ၂၀၀၈ ခုနှစ်တွင် စတင်၍ကမ်းရိုးတမ်းသုံးနိုင်စေရန်
တိုင်ထောင်တပ်ဆင်ပြီး လွှင့်ထူခဲ့ရာ မြန်မာကမ်းရိုးတမ်း တလျှောက်တွင်
CDMA 450MHz ဖုန်းများနှင့် ပြောဆို ဆက်သွယ်နိုင်ခဲ့သည်။ ၎င်းင်းတို့၏
လိုင်းအားကောင်းမှုကြောင့် နောက်ပိုင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
မြန်မာတစ်ပြည်လုံးအသုံးပြုနိုင်ရန် တောင်ပေါ်မြေပြန့်မကျန် တပ်ဆင်ပြီး
CDMA 450MHz ဖုန်းများကိုအသုံးပြုခွင့်ပေးခဲ့သည်။
လိုင်းအားကောင်းမွန်မှုကြောင့် လူကြိုက်များ ခဲ့ပြီး ယခုအခါတွင် နေပြည်တော်မှာ
CDMA 450MHz ဖုန်းများကို အသုံးပြုနိုင်နေပြီဖြစ်သည်။

CDMA 450MHz ဖုန်းများသည် အထိုင်ဖုန်းနှင့် ဟန်းဆက်ဟူ၍ နှစ်မျိုး
အသုံးပြုနိုင်သည်။ ကတ်စနစ်ဖြင့် အသုံးပြုရခြင်းဖြစ်သည်။ နယ်မြို့များတွင်
အထိုင်ဖုန်းအဖြစ် အသုံးပြုမှုများပြားပြီး ဟန်းဆက်သုံးစွဲမှုမှာ
မြို့နေလူတန်းစားများမှ အများဆုံးအသုံးပြုကြကြောင်းသိရသည်။

အထိုင်ဖုန်းများသည် ဈေးနှုန်း ၂ သိန်းဝန်းကျင်ခန့်ရှိသလို လိုင်းအားကောင်းမွန်
ကြောင်း သိရသည်။ ဟန်းဆက်မှာလည်း ၁ သိန်းမှ ၂ သိန်းခွဲဝန်းကျင်ရှိ၍ လိုင်းအား
ကောင်းမွန်သည့် ဟန်းဆက်များဖြစ်သည်။

အထိုင်ဖုန်းများတွင် CDMA 450 MHz နှင့် 800 MHz ၂ မျိုးလုံးသုံးနိုင်သော်လည်း
ယခုနောက်ပိုင်းတွင် ဆက်သွယ်ရေးမှ Serverနှင့်Code များ ခွဲခြားလိုက်ခြင်းကြောင့် တွဲဖက်အသုံးပြုရန်မရနိုင်တော့ကြောင်း သိရသည်။ CDMA 450 MHz ဖုန်းများကို
လျှောက်ထားရာတွင် ၁၅သိန်း၅သောင်းဖြင့် ငှားရမ်းခွင့်ပေးထားပြီး
ပြင်ပဈေးကွက်တွင် ၁၈ သိန်းမှ ၂၀ အထိ ဈေးပေါက်လျှက် ရှိကြောင်း သိရသည်။

CDMA 800MHzသည်ယခင်က ရန်ကုန်နှင့်မန္တလေးတွင် အသုံးပြုသောဖုန်းများဖြစ်ပြီး
2000 MHz ဖုန်းများနှင့်လည်း အလားသဏ္ဍာန်တူသည်။ ယခု ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင်ချထားပေးနေသော ၅ သိန်းတန် CDMA ဟန်းဆက်များသည်
ကတ်စနစ်ဖြင့် အသုံးပြုရခြင်းဖြစ်၍ နယ်မြေဧရိယာကန့်သတ်ချက် များရှိနေသည်။ ကြိုးမဲ့အထိုင်ဖုန်းအနေဖြင့်သာ သုံးစွဲနိုင်ပြီး ဈေးနှုန်းသက်သာပြီး အသုံးဝင်သည့်
ဖုန်းအမျိုးအစားဖြစ်သည်။

၎င်း၏အဓိကအားနည်းချက်ဖြစ်သော ရွှေ့ပြောင်းယူဆောင်သွားနိုင်မှု့မရှိခြင်းသည် အခက်အခဲတစ်ခုအဖြစ်ရှိနေသော်လည်း အထိုင်ဖုန်းအဖြစ်သုံးစွဲပါက
အသုံးဝင်သောဖုန်းဖြစ်သည်။ ရန်ကုန်မြို့နယ်များတွင် အသုံးပြုနိုင်သည်။
ဆက်သွယ်အသုံးပြုရန်မရနိုင်သော မြို့နယ်ဟူ၍ မရှိသလောက် နည်းပါးသည်။ လိုင်းအားမှာသုံးစွဲသူများလက်ထဲတွင် ရောက်ရှိမှုနည်းပါးနေသေးသည်။
နံပါတ် ၈ လုံးပါမည်ဟု ခန့်မှန်းကာ ၀၉ ဖြင့်စထားသော ဖုန်းနံပါတ်များဖြစ်ကြောင်း
သိရသည်။

Refaill စနစ်၊ Top-Up စနစ်များဖြင့် အသုံးပြုရမည်ဖြစ်ကြောင်းသိရသည်။
CDMA 800 MHz သည် ကြိုးမဲ့အထိုင်ဖုန်းစနစ်ကိုသာ ရည်ရွယ်ထားပြီး
CDMA 450MHz သည် မိုဘိုင်းနှင့် Network ကျယ်ပြန့်မှုကို အခြေတည်ထားသည်။
၎င်းကွန်ယက်နှစ်ခု၏ကွာခြားမှုသည် ကြီးမားသော်လည်း အသုံးဝင်မှုမှာ တူညီမှုရှိ၍
ဆက်သွယ်ရေးဖုန်း မရှိသူများ၏ ကွက်လပ်ကို အကောင်းဆုံး
ဖြည့်တင်းပေးနိုင်လိမ့်မည် ဟု သုံးစွဲသူများနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကပါ
ယုံကြည်လျက်ရှိသည်။






Ref : Internet Journal
....................................

Saturday, January 9, 2010

2020ရောက် ၀န်ဆောင်မှု

စားသုံးသူ။ "ဟဲလို....အော်ပရေတာ..ကျွန်တော် မှာစရာရှိ..."

အော်ပရေတာ။ "ကျနော်တို့ ဆိုင်ကို ခေါ်ဆိုမှုအတွက် ကျေးဇူးတင်ပါတယ်။.."
"ဆရာရဲ့ စွယ်စုံသုံးကဒ် နံပါတ်လေး သိခွင့် ရှိမလား ခင်ဗျာ.."

စားသုံးသူ။ " အဲဒါ..အာ. ခဏ..
၈၈၉၈၃၆၄၈၅၀၃၇၂၆၂၉ ၂၃၇၂ -၄၈၈ -၄၂၇၂ ..."

အော်ပရေတာ။ "ဟုတ်ကဲ့ပါ ဦးတင်ရွှေ ခင်ဗျာ.. ဆရာ့ရဲ့ အိမ်လိပ်စာကတော့
၂၃ အလင်္ကာလမ်း ဖြစ်ပြီး ရုံးဖုန်း ၄၆၈၂၇၂၉ နဲ့ မိုဘိုင်းဖုန်း ၀၆၉၃၈၃၇၂၇
ဖြစ်ပါတယ်။ခု ဆရာ ဘယ်နံပါတ်က ခေါ်နေတာပါလဲ ခင်ဗျာ.."

စားသုံးသူ။ "အိမ်ကပေါ့ကွ။ မင်းဘယ်လိုလုပ် ငါ့ဖုန်းနံပါတ်တွေ အကုန်
သိနေတာလဲ..."

အော်ပရေတာ။ "ကျနော်တို့က စနစ်အားလုံးနဲ့ ချိတ်ဆက်ထားလို့ပါ ဆရာ.."

စားသုံးသူ။ "ထားပါတော့... ခု ပင်လယ်စာ ပီဇာ မှာ ချင်လို့ .. ရမလား..."

အော်ပရေတာ။ "အဲဒါ ဆရာ့ အတွက် သိပ်မကောင်းပါဘူး.."

စားသုံးသူ။ "ဟ.. ဘာဖြစ်လို့တုန်းကွ..."

အော်ပရေတာ။ "ဆရာ့ရဲ့ ဆေးစစ်ချက်မှတ်တမ်း အရ၊ အခု ဆရာ့မှာ
သွေးတိုးရှိနေတဲ့ အပြင် ကိုလက်စတော ပါဝင်မှုလည်းများနေပါတယ်..."

စားသုံးသူ။ "ဘာဖြစ်တယ်!!.. ဒါဆိုရင် မင်းကဘာကို စားသင့်တယ် ထင်လဲ..."

အော်ပရေတာ။ "ဆီပါဝင်မှုနည်းတဲ့ ဂျပန်စတိုင် ပီဇာ ကို စမ်းစားကြည့်ဖို့
ဖိတ်ခေါ်ချင်ပါတယ်.. ဆရာ ကြိုက်မှာပါ..."

စားသုံးသူ။ "မင်းက ဘာဖြစ်လို့ ငါကြိုက်မယ်လို့ သေချာပြောနိုင်ရတာလဲ..."

အော်ပရေတာ။ " ပြီးခဲ့တဲ့ အပတ်က ဆရာ နိုင်ငံပိုင် စာကြည့်တိုက်ကနေ
စာအုပ်တစ်အုပ် ဌားထားပါတယ်။ စာအုပ်နာမည်က
" ထင်ရှားသော ဂျပန်စတိုင် ဟင်းလျာများမို့လို့ပါ.."

စားသုံးသူ။ "ဟား.. ဟုတ်ပြီ. ဟုတ်ပြီ. ငါ အရှုံးပေးပြီ... ငါ့ကို မိသားစုစာ (၃) ခု
ပေးစမ်းကွာ.. ဘယ်လောက်ကျလဲ..."

အော်ပရေတာ။ "ဟုတ်ကဲ့.. ခုဟာကတော့ ဆရာ့ မိသားစု (၁၀) ယောက်လုံးစာ
လုံလောက်ပါတယ်... စုစုပေါင်း ၄၉.၉၉ ဒေါ်လာပါ..."

စားသုံးသူ။ "အကြွေးဝယ်ကဒ်နဲ့ ပေးလို့ရလား.."

အော်ပရေတာ။ "ဆရာ ကျနော်ကို လက်ငင်းငွေသားနဲ့ ရှင်းပေးစေချင်ပါတယ်...
ဆရာ့ အကြွေးဝယ်ကဒ်က သုံးခွင့်ပြုထားတဲ့ ပမာဏထက် ကျော်နေပါပြီ။
နောက်ပြီး ဆရာ ဘဏ်ကို ပေးစရာ ၃၄၇၆.၄၅ ဒေါ်လာ ရှိနေတာ ပြီးခဲ့တဲ့နှစ်
အောက်တိုဘာလ ကတည်းကပါ...အဲဒါ ဆရာ့အိမ်ဌားခ တွေမပါသေးပါဘူး..."

စားသုံးသူ။ "ဒါဆို မင်းဆီက လာပို့တဲ့လူ မလာခင် ငါက ဒီနားက အေတီအမ်စက်မှာ
သွားပြေးထုတ်ထားရမယ် ထင်တယ်..."

အော်ပရေတာ။ "ဆရာ ထုတ်လို့ရမှာ မဟုတ်ပါဘူး.. မှတ်တမ်းတွေအရ၊ ဆရာ
ဒီနေ့အတွက် ခွင့်ပြုပမာဏကို ထုတ်ယူပြီး ဖြစ်နေပါပြီ..."

စားသုံးသူ။ "ကိစ္စမရှိပါဘူး.. ပီဇာကို သာရောက်အောင် ပို့လိုက်ပါ..
ငါ့ဆီမှာ ငွေသားရှိပါတယ်... ဒါနဲ့ ဘယ်လောက် ကြာမလဲကွ..."

အော်ပရေတာ။ "(၄၅) မိနစ်လောက်တော့ ကြာပါမယ်ဆရာ..ဆရာ
မစောင့်နိုင်ဘူးဆိုရင်တော့ ဆရာ့ဆိုင်ကယ်ကို စီးပြီး လာယူလို့ရပါတယ်...

စားသုံးသူ။ "ဘာ!!!"

အော်ပရေတာ။ "စနစ်တွေမှာ ဖော်ပြထားတဲ့ အသေးစိတ် အချက်အလက်တွေအရ၊
ဆရာ့မှာ ဆိုင်ကယ်တစ်စီးရှိပြီးတော့ မှတ်ပုံတင်နံပါတ် ၉၂၇၃၄၈ .....

စားသုံးသူ။ "?????????"

အော်ပရေတာ။ "ဘာအလိုရှိသေးပါသလဲ ဆရာ.."

စားသုံးသူ။ " မရှိဘူး !! စကားမစပ် ကိုလာ (၃) လုံးလောက် ကြော်ငြာအနေနဲ့
မပေးနိုင်ဘူးလား.."

အော်ပရေတာ။ "သာမန်အားဖြင့်တော့ ပေးနိုင်ပါတယ်.. ဒါပေမယ့် မှတ်တမ်းတွေအရ..
ဆရာ့မှာ ဆီးချို....."

စားသုံးသူ။ “Sxxt …. Motherxxxxxx Opxxxxxx…Shut the Fxxkup "

အော်ပရေတာ။ "ဆရာ ပြောတာဆိုတာ ကိုကြည့်ပြောရင် ကောင်းပါမယ်..
ဆရာ ၁၉၈၇ ဇူလိုင်လ (၁၅) ရက် တုန်းက ဆရာ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုမှု အတွက်
အပြစ်ဒဏ်ချခံရဖူးတာ အမှတ်ရပါ.."

စားသုံးသူ။ မူးလဲသွားသည်။...



...............................

Friday, January 8, 2010

အပျော်အပါး မလိုက်စားသောယောက်ျား

စုတ်ပြတ် နုံချာနေသော အ၀တ်အစားဝတ် လူတစ်ဦးသည်
လမ်းသွားလမ်းလာတို့ထံမှ ပိုက်ဆံတောင်းနေသည်။

သားနားခန့်ညားစွာ ၀တ်ထားသောလူတစ်ဦး လမ်းလျှောက်လာသည်။

“နောင်ကြီးရယ်၊ စားစရာမရှိလို့ပါ၊ စေတနာရှိသမျှ မ,စပါခင်ဗျာ"

“မပေးနိုင်ဘူး၊ မင်းကို ငါးဒေါ်လာလောက် ပေးကြည့်၊
ချက်ချင်းအရက်သောက်ပစ်မှာ မဟုတ်လား”

“ကျွန်တော်အရက်မသောက်တတ်ပါဘူး ခင်ဗျာ”

“မသောက်လည်း မင်း…ဖဲကစားပစ်မှာပေါ့”

“ကျွန်တော် အလောင်းအစား မလုပ်တတ်ပါဘူး ခင်ဗျာ”

“အို…ဒါ မဟုတ်လည်း မကောင်းတဲ့မိန်းမဆီ မင်းသွားမှာပေါ့”

“ဒါလည်းဝါသနာ မပါပါဘူးခင်ဗျာ...”

လူကြီးသည် သူတောင်းစားကိုခြေဆုံးခေါင်းဆုံးကြည့်ပြီး……

“OK…မင်းကိုငါ ငါးဒေါ်လာပေးမယ်… ဒါပေမဲ့ မင်းငါအိမ်ကို ခဏလိုက်ခဲ့ရမယ် ဘာအပျော်အပါးမှမလိုက်စားတဲ့ယောက်ျားတွေ ဘယ်လိုဖြစ်တတ်တယ်ဆိုတာ
ငါ့မိန်းမကိုမြင်အောင်ပြချင်လို့….”


............................

Tuesday, December 29, 2009

အလုပ်သင်ဆရာဝန် ကိုအောင်ရဲကျော် ရဲ့  3D Animation




ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့  အခြေစိုက် Standard Chartered Bank မှ ပံ့ပိုးသော
Standard chartered bank anti HIV Animation ပြိုင်ပွဲမှာ မြန်မာနိုင်ငံမှ
ဝင်ရောက်ယှဉ်ပြိုင်သူ ကိုအောင်ရဲကျော် ရဲ့ 3D animation က ပထမဆု
ရရှိတယ်လို့ ပြိုင်ပွဲဖိတ်ခေါ်ခဲ့တဲ့ eyeka.com က နိုဝင်ဘာ (၂၆) ရက်က
ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

အလုပ်သင်ဆရာဝန်တစ်ဦးလည်းဖြစ်သူ မြန်မာပြည်က Neutron
( ကိုအောင်ရဲကျော် ) က ပထမ ဆုငွေအဖြစ် အမေရိကန်ဒေါ်လာ
(၅၀၀၀) ကို ရရှိမှာ ဖြစ်ပါတယ်။

နိုင်ငံတကာပြိုင်ပွဲမှာ ပြိုင်ပွဲဝင်သူ (၄၅) ဦးထဲမှာ ပထမဆုကို ဆွတ်ခူးခဲ့တာ
ဖြစ်ပါတယ်။ Neutron (ကိုအောင်ရဲကျော်) ဟာ မြန်မာနိုင်ငံရဲ့  ခက်ခဲလှတဲ့ အင်တာနက်ကွန်နက်ရှင်ကြားထဲကနေ ဒီ animation လေးကို ဖန်တီးပြီး
ကြိုးစားပေးပို့ ကာ ပြိုင်ပွဲဝင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ (၁) ရက်နေ့  - World AIDS Day အထိမ်းအမှတ်အဖြစ် ယခုလို
နိုင်ငံတကာပြိုင်ပွဲမှာ ပထမဆု ရရှိခဲ့မှုအတွက် ကျွန်တော်တို့  မြန်မာပြည်သူ
ပြည်သားတွေအနေနဲ့ အလုပ်သင်ဆရာဝန် ကိုအောင်ရဲကျော် (Neutron) ကို ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။


ပြိုင်ပွဲသတ်မှတ်ချက်အရ စက္ကန့်  (၃၀) မျှသာ ကြာမြင့်ရတဲ့ အလုပ်သင်ဆရာဝန်
ကိုအောင်ရဲကျော် (Neutron) ရဲ့  3D Animation လေးကို ကြည့်ရှူအားပေးရအောင်ပါ။



Link Here>>>>>

Link


Download Here>>>>

Download







...................................

တစ်ခုတည်းသော ဆု


အီဂျစ်နိုင်ငံတွင်ဖြစ်သည်။ မိန်းကလေးတစ်ဦးသည် မြေကြီးများကိုအပျင်းပြေ
တူးဆွနေသည်။ နောက်တော့ မထင်မှတ်ဘဲ ခပ်မာမာ သတ္တုကိုယ်ထည်တစ်ခုကို
သွားစမ်းမိသည်။ သိချင်စိတ်နှင့် မြေကြီးများကို ကြိုးစားယက်ထုတ်ရာ
ရှေးခေတ် ခေါင်းတလားကြီးတစ်လုံး ဘွားကနဲပေါ်လာသည်။
ပထမတော့ ကောင်မလေးကခေါင်းကိုမဖွင့်ရဲချေ။ နောက်တော့ ကြောက်စိတ်ကို
စပ်စုချင်သောစိတ်က အနိုင်ယူသွားသည်။ အခေါင်းဖုံးကို မနိုင်မနင်းနှင့်
ကြိုးစားပမ်းစားဖွင့်လိုက်သည်။

အခေါင်းထဲတွင်တော့ ရှေးခေတ်ဖာရိုးဘုရင်လေးတစ်ပါး၏ ရုပ်အလောင်းရှိသည်။
အလောင်းမှာ မပုပ်မသိုး အကောင်းအတိုင်းပင် ရှိနေ၏။ ဘုရင်ကလေးမှာ
နုနုငယ်ငယ်လေးဖြစ်ရုံမျှမက ရုပ်လဲအလွန်ချော၏။ ကောင်မလေးမှာ
ဘုရင်လေးကိုကြည့်ရင်း သနားသွားသည်။ သူမမျက်လုံးထဲမှမျက်ရည်များ
စီးကျလာပြီး ဘုရင်ကလေး၏ ရင်ဘတ်ပေါ်သို့ကျသွားသည်။

အလွန်အံ့သြစရာကောင်းသော အရာများဖြစ်လာသည်။ ဖာရိုးဘုရင်လေးသည်
မျက်လုံးများတဖြည်းဖြည်း ပွင့်လာပြီး ခေါင်းတလားထဲမှ ထထိုင်သည်။
ထို့နောက် မိန်းကလေး၏လက်ကို မဟာဆန်ဆန် အသာအယာဆုပ်ကိုင်ပြီး
ညင်သာသောအသံဖြင့် -

" မင်းဟာ သိပ်ကြင်နာတတ်ပြီး ချစ်စရာကောင်းတဲ့ မိန်းကလေးပဲ။
မင်းမျက်ရည်ကြောင့် ငါကိုယ်တော်မြတ် ပြန်လည်နိုးထလာနိုင်ခဲ့ပြီ။
မင်းအလိုရှိရာ ဆု (၁၀) ခုတောင်းပါ။
ငါကိုယ်တော်မြတ် ကျေးဇူးဆပ်တဲ့အနေနဲ့ ဖြည့်ဆည်းပေးမယ်"

အလွန်အံ့သြနေသောမိန်းကလေးသည် ပထမတော့ကြောင်ပြီး
စကားတစ်ခွန်းမျှ ပြန်မပြောနိုင်ချေ။ နောက်တော့မှ ထစ်ထစ်ငေါ့ငေါ့နှင့်
တိုးတိုးလေးပြောသည်။

" ဆု (၁၀) ခုဆို များလွန်းပါတယ်။ ဆုတစ်ခုပဲတောင်းပါ့မယ်။ ဒါပေမယ့်
(၁၀)ခါ ဖြည့်ဆည်းပေးရမယ်နော် "

ဘုရင်လေးက ကတိအတိုင်းလိုက်လျောသည်။ သို့သော် (၇) ခါမြောက်တွင်
ဘုရင်လေး ပြန်အသက်ထွက်သွားလေသည်။



...................................