15.12.2009 ရက်နေ့က Blog ဖွင့်လိုက်တော့ ... CO.CC က Domain Name Expire
ဖြစ်နေပြီဆိုတဲ့ အကြောင်း Massage ပေးပါတယ်... Extended လုပ်ရင် Paypal
ကနေ US 3$ တောင်းပါတယ်.... ပထမကတော့ Free ပေးမလိုလို ဘာလိုလိုနဲ့
1 Year Free တင်ပေးပြီး နောက်တစ်နှစ်ကျတော့မှ ပိုက်ဆံတောင်းတာပါ..။
သြော်.. Online Service တွေ.......
စိတ်တော်တော်ပျက်မိတယ်... ကိုယ်ပိုင် Domain ဝယ်ရင်ကောင်းမလားလို့တောင်
စဉ်းစားမိပါသေးတယ်.... " .com " တို့ ".net "တို့ဆိုရင် 1 Year မှ US 12$- US 15$
အများဆုံးပါ... အခု သူ့ဟာက Blogspot URL လေး Forwarding လုပ်ပေးရုံနဲ့ US 3$
ဆိုတော့ ... နဲနဲလေးတော့ စိတ်ကသိကအောင့်ဖြစ်မိတယ်...
Domain အသစ်ဝယ်ဖို့ကလဲ ကိုယ် Blog ကို co.cc နဲ့ပဲသိထားကြတာ....
သိသမျှ Blog မိတ်ဆွေတွေ ကို အကုန်လုံး Address ပြောင်းကြောင်းလိုက်ပြောဖို့ကလဲ
မလွယ်....
Blogspot Address နဲ့ထားရအောင်ကလဲ... တချို့ Proxy မကျော်ခွတတ်တဲ့
သူငယ်ချင်းတွေ အတွက်လည်း ထည့်စဉ်းစားရပြန်ရော.....
ကဲ....ထားပါတော့... Extended လုပ်ဖို့ Paypal ကနေ Dollar ပေးရအောင်ကလည်း
ကျွန်တော်တို့နိုင်ငံက Online Banking တို့ Credit Card တို့ က W.H.E.R.E....????
အဲ့ဒါနဲ့ပဲ....
Paypal Account ရှိတဲ့ အချစ်ဆုံးဘော်ဒါကြီး "စိန်ကုလား"(နာမည်ကသာ
စိန်ကုလား ..အပြင်မှာကတော့ ဖွေးဆွတ်နေတဲ့ Chinese စစ်စစ်ကြီး... ဟီးးး)
ကို လှန်းပြီး ပိုက်ဆံ သွင်းပေးဖို့ အကူအညီတောင်းရပါတော့တယ်...
ဒီလိုနဲ့ပဲ... နောက်တစ်နှစ်ပေါ့......
................................
1 comment:
့ ကျွန်တော်တော့ personal ပါဆိုပြီး renew လုပ်လိုက်တာ free ပြန်ရတယ်ဗျ။ :P ပိုက်ပိုက် မကုန်တော့ဘူး
Post a Comment