လှပတဲ့ ငန်းတစ်ကောင်က ပျံသန်းရင်း သန်မာတဲ့ ဘဲတစ်ကောင်ကို တွေ့တော့
ချက်ချင်းကြွေသွားတယ်။ ပုံစံမတူတဲ့ ဘဲကို တွေ့ပြီး ပြောမတက်အောင်ရင်ခုန်ခဲ့တယ်။
ငန်းရဲ့လှပတဲ့ စွဲဆောင်မှုကြောင့် ဘဲလဲချက်ချင်း ချစ်မိသွားတယ်။
သူတို့တွေ မြေပြင်မှာပဲ ပျော်မြူးနေကြတယ်။ ရေကန်ဘေးက ရွှံ့တွေကြောင့်
ငန်းလေးက တနေ့တခြား ဖြူဖွေးတဲ့ အမွေးအတောင်လေးတွေညစ်ပတ်လာတယ်။
လှပတဲ့ ခြေထောက်တွေလဲ ရောင်ရမ်းလာတယ်။
ဒါနဲ့ ငန်းက မခံနိုင်လာတော့ ဘဲကို နင်ပျံသန်းနိုင်အောင်ကြိုးစားပါလား
ငါတို့ ကောင်းကင်ပေါ်မှာ ပျော်မြူးကြရအောင်လို့ပြောတော့ ဘဲလဲ ငန်းအတွက်
ပျံသန်းဖို့ကြိုးစားတယ်။ ဒါပေမဲ့ သူက ဘဲက ဘဲပါပဲ။ မပျံတက်ဘူး။
နောက်ဆုံးမဖြစ်နိုင်တော့မှန်းသိတော့ ဘဲလေး စိတ်ပျက်အားငယ်ပြီး
လက်လျော့လိုက်တယ်။ဘဲက နင်ငါ့ကို ခေါ်ပြီး ပျံသန်းပါလား လို့ တောင်းဆိုတယ်။
ငန်းလဲ ဘဲကို ချစ်တော့ ခေါ်ပြီး ပျံသန်းတယ် ။
ဒါပေမဲ့ အားအင်တွေ အရမ်းကုန်ခမ်းတယ်။ခဏလေးပဲ ပျံသန်းနိုင်တယ်။မြေပြင်ကို
ရောက်တော့ဘဲကပြုံးတယ်။ကောင်းကင်ပေါ်ရဲ့ မြင်ကွင်းဟာအရမ်းကိုလှပတယ်။
ငန်းကို ချစ်မိတာ အရမ်းကောင်းတာပဲလို့ စဉ်းစားတယ်။အဲဒီနေ့ကနေစပြီး ဘဲက ငန်းကို ကောင်းကင်မှာပျံသန်းဖို့ ပြောတယ်။ အကြာကြီး ပျံသန်းခိုင်းတယ်။
မပျံသန်းနိုင်ရင် ဘဲက စိတ်ဆိုးတယ်။
ငန်းကဘဲကို ချစ်နေရတာ ပင်ပန်းလာတယ်။ ဘဲရဲ့တောင်းဆိုမှုတွေကို လိုက်လျောရင်းနဲ့
တစ်ရက်မှာ ငန်းက အမြင့်အမြင့်ဆုံးကို ပျံပြီး နက်ရှိုင်းစွား ဘဲကိုနမ်းလိုက်ပြီး
ဘဲက ထူးဆန်းနေတဲ့အချိန်မှာပဲ ဘဲကို ဆွဲထားတာကို တဖြည်းဖြည်းလွှတ်လိုက်တယ်…
အဲ့ဒီတော့
အားလုံးဟာ ချစ်သူဆီက ရနိုင်တာလေးနဲ့ ကျေနပ်ရောင့်ရဲတင်းတိမ်ရမယ်။
ရထားတာလေးကို မြတ်နိုးတတ်ရမယ်။ တောင်းတိုင်းရတယ်ဆိုပေမဲ့ အခွင့်အရေးကို
ရတိုင်းမယူပါနဲ့။ လိုချင်မှုတွေများလာလေလေ..ချစ်သူကိုဆုံးရှုံးရဖို့ပိုနီးနီးလာလေပါပဲ
ချစ်သူဆီမှာလည်းခံစားချက်တွေရှိပါတယ်....... ချစ်ရလွန်းလို့ ပင်ပန်းလာတာပါ ......
........................
2 comments:
ပုံပြင်လေးကကောင်းလိုက်တာ။ တကယ်ပဲနော်။ မတူညီတဲ့ ဘဝဟာ ဘာမှမကောင်းဘူး။ ဘဝချင်းမှမတူတာ တူညီအောင်လိုက်ညှိလည်း ခဏပဲ အဆင်ပြေမှာပေါ့။ အမြဲတမ်းအတွက်တော့----
susu
ပုံပြင်လေးကိုဖတ်ပြီးအတုပြီးအတုယူရမှာပေါ့နော်။ဟုတ်တာပေါ့လေဘ၀ချင်းမှမတူတာနော်။
Post a Comment