Friday, September 25, 2009

ငါးထောင်ကျပ်တန် ငွေစက္ကူအမျိုးအစားသစ် ထုတ်ဝေမည်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် လက်ရှိသုံးစွဲနေသော ငွေကြေးများအပြင်
(၅၀၀၀)ကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို (၂၀၀၉)ခုနှစ်၊ အောက်တိုဘာ
(၁)ရက်နေ့မှ စတင်ထုတ်ဝေမည်ဖြစ်ကြောင်း တရားဝင်ကြေညာလိုက်သည်။
ယင်းငွေစက္ကူကို ပြည်သူများထံသို့ ဘဏ်ဖွင့်ချိန်အတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်
ငွေကြေးဌာနတွင်လည်းကောင်း၊ ဘဏ်များနှင့် အစိုးရ ငွေတိုက်များတွင်လည်းကောင်း
ထုတ်ပေးမည်ဟု ဆိုသည်။ ထို့အပြင် လက်ရှိလည်ပတ် သုံးစွဲနေသော ငွေစက္ကူနှင့်
ငွေအကြွေများသည် တရားဝင် သုံးစွဲငွေအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။


အရွယ်အစား ။ ။ ၁၅ x ၇ စင်တီမီတာ(1000 ကျပ်တန် အသေး Size အတိုင်း)

ပေါ်လွင်သောအရောင် ။ ။အနီရောင်





















မျက်နှာစာဘက် ထိပ်ပိုင်းတွင် “မြန်မာနိုင်ငံတော် ဗဟိုဘဏ်”စာတန်း ရိုက်နှိပ်ထားသည်။
အလယ်တွင် မြန်မာ့အနုပညာလက်ရာမြောက် ဆင်ဖြူတော်ပုံနှင့် ငွေစက္ကူ တန်ဖိုးကို
ဖော်ပြသည့် မြန်မာစာတန်း “ငါးထောင်ကျပ်”တို့ကို ရိုက်နှိပ်ထားပါသည်။
အောက်ခြေတွင်မူ မြန်မာ့အနုပညာ ကနုတ်ပန်းခက်များ ပါရှိသည်။ ငွေစက္ကူ၏
ထောင့်(၃)ထောင့်တွင် ငွေတန်ဖိုးကို ဖော်ပြထားပြီး ငွေစက္ကူနံပါတ်ကို မြန်မာအင်္ဂလိပ်
(၂)ဘာသာဖြင့် ရိုက်နှိပ်ထားသည်။ လက်ယာဘက်တွင် ဆင်ဖြူတော်ပုံ ရေစာပါရှိပြီး
ငွေစက္ကူအတွင်း လုံခြုံရေးကြိုးတစ်ချောင်းကို ထောင်လိုက်ထည့်သွင်းထားသည်။


ကျောဘက် ထိပ်ပိုင်းတွင် “Central Bank of Myanmar”ဟူသော စာတန်းကို ရိုက်နှိပ်
ထားပါသည်။ အောက်ခြေတွင် “Five Thousand Kyats”ဆိုသည့် စာတန်းကို
ရေးသားဖော်ပြထားသည်။ အလယ်တွင် လွှတ်တော်အဆောက်အအုံပုံ ပါရှိပြီး
ထောင့်(၃)ထောင့်တွင် ငွေစက္ကူတန်ဖိုးကို ဂဏန်းဖြင့် ဖော်ပြထားသည်။


 Ref : Planet.com / Mail
..........................

No comments: