သေဆုံးသွားလေရာ ကောင်းကင်ဘုံ၌ ဘုရားသခင်ရဲ့စစ်ဆေးမှု့ ကိုဖြေကြားနေရပါတယ်........
ဘုရားသခင် ။ ။ မင်းတို့ လူ့ ဘ၀တုံးက အိမ်ထောင်ရေး ဘယ်နှစ်ကြိမ် ဖောက်ပြန်ခဲ့သလဲ..?
ပထမလူ ။ ။ တခါ မှ မကျူးလွန်ခဲ့ပါဘူး....အဖ ဘုရားသခင်။
ဒုတိယလူ ။ ။ ၃ ကြိမ် ကျူးလွန်ဘူးပါတယ် ...ခင်ဗျား။
တတိယလူ ။ ။ ၅ ကြိမ် ပါ....။
ဘုရားသခင် ။ ။အင်း...ဒါဆို အမိန့်ချမယ်..
- တခါမှ မကျူးလွန်ဘူးတဲ့ သူက ကောင်းကင်ဘုံမှာ စီးဖို့ မာစီဒီး တခါး ၆
ပေါက်ပါ ကားတစီး ပိုင်ဆိုင်စေ......
- ၃ကြိမ် ကျူးလွန်ထားသူကတော့... Mark II ၁စိးပိုင်စေ....
- ၅ကြိမ်သမားကတော့ ဆလွန်း တပတ်နွမ်း ပိုင်စေ....လို့အမိန့်ချမှတ်လိုက်သတဲ့။
သူငယ်ချင်း ၃ယောက် လဲ ပျော်ရွှင်စွာနဲ့ပဲ ပထမလူကိုချီးမွှန်းစကားပြောပြီး
ကိုယ်ရထားတဲ့ ကားအသီးသီးကို ယူပြီ နှုတ်ဆက်ထွက်ခွာသွားလေရဲ့။
တနေ့တော့ သူငယ်ချင်း ၃ ယောက် ကောင်းကင်ဘုံက မီးပွိုင့် မှာပြန်ဆုံကြတော့....
ပထမလူကို...သူငယ်ချင်း ၂ ယောက်က...
မင်းကတော့ ..ကောင်းကင်ဘုံမှာ အကောင်းဆုံး ကားကြီးကို စီးနေရတော့
ကံကောင်းလိုက်တာကွာလို့ ၀ိုင်းပြောနေကြတယ်...
ပထမလူက ..သူငယ်ချင်းတို့ရာ မင်းတို့ကမသိလို့ ငါ့ကိုပြောနေတာပါ....
မနေ့က ငါ့မိန်းမကို ကောင်းကင်ဘုံမှာတွေ့လိုက်တယ်ကွ.
"စကိတ်အဟောင်းလေးကို စီးလို့ကွာ"တဲ့....
................
4 comments:
ငါကတော့ မာစီဒီး တခါး၆ပေါက်ကားပဲစီးရမှာ... :P
ဖိနပ်စုတ်နဲ့ ခြေကျင်လျှောက်တာ တွေ့သွားလို့ကတော့ ပိုရင်နာမိမှာ အမှန်ပဲ
ကျွန်တော်ကတော့ ဖိနပ်တောင်ပါပါ့မလားပဲ... :P
ကောင်းတယ်
Post a Comment