Thursday, March 5, 2009

လိပ်ပြာဝှက်တမ်း - ၀ိုင်းစုခိုင်သိန်း




Verse(1):
နှလုံးသားရဲ့ အတိမ်အနက်
ငါ့အတွက်တော့ အိပ်မက် မဟုတ်ဘူး
အချိန်နာရီ နေ့ရက်တွေ ပျော်စရာတွေ ဝေမျှခဲ့ဖူး
ခဏလေး မဟုတ်ဘူး ကြည်နူးခဲ့တာတွေ
အတူပျော်မြူးခဲ့တာတွေ
အမှတ်ရလို့ အောက်မေ့နေ ဘ၀ကတော့ ခြောက်သွေ့နေ
ဘယ်သူမှလဲ နားမလည်ကြဘူး
အသိစိတ်က ထိန်းချုပ်နေ မသိစိတ်ကသတိရနေ
ငါကိုယ်တိုင်တောင် နားမလည်တော့ဘူး

CHO:
ချစ်ခဲ့တာလား နင့်ကို ရူးခဲ့တာလား အချစ်ကို
ဟို အရင်လို နင်မရှိဘူး ငါ့မှာတော့ ယောင်ချာချာ တစ်ယောက်တည်းရူး
ချစ်ခဲ့တာလား နင့်ကို ရူးခဲ့တာလား အချစ်ကို
ဟို အရင်လို နင်မရှိဘူး ငါ့မှာတော့ ယောင်ချာချာ တစ်ယောက်တည်းရူး
ရူးနေပြီ....

Verse(2):
စိတ်ဓာတ်ကျအောင်လို့ ငါဘက်က လိုက်လုပ်နေလား
စိတ်ပျက်သွားအောင်လို့ တခါတလေမှာ ငါမှားခဲ့လား
ခဏလေးပါလား အတူသွားခဲ့တာတွေ အတူကစားခဲ့တာတွေ
နင်ပေးခဲ့တဲ့ အမှတ်တရတွေ ဝေးခဲ့တော့ တမ်းတနေ
ဘယ်သူမှလဲ နားမလည်ကြဘူး...
တိတ်တဆိတ် မင်းရောက်လာ တိတ်တဆိတ် မင်းထွက်ခွာ
ငါကိုယ်တိုင်တောင် နားမလည်တော့ဘူး...

CHO: x (2)



Download - (လိပ်ပြာဝှက်တမ်း - ဝိုင်းစုခိုင်သိန်း)


............

3 comments:

Welcome said...

သီချင်းလေး ဒေါင်းသွားတယ်။ ..
ကျေးဇူး ..
(သူလေးလည်း တိုးတက်လာတယ်လို့ မြင်မိတယ်)

Anonymous said...

နားထောင်ရင်း ငိုတောင်ငိုချင်လာတယ်.. အဟင့်..

Anonymous said...

ရှာနေတာတော်တော်ကြာပြီ... အခုမှရတော့တယ်... ကျေးဇူးကုဋေကဋာ