Thursday, March 5, 2009

လိပ်ပြာဝှက်တမ်း - ၀ိုင်းစုခိုင်သိန်း




Verse(1):
နှလုံးသားရဲ့ အတိမ်အနက်
ငါ့အတွက်တော့ အိပ်မက် မဟုတ်ဘူး
အချိန်နာရီ နေ့ရက်တွေ ပျော်စရာတွေ ဝေမျှခဲ့ဖူး
ခဏလေး မဟုတ်ဘူး ကြည်နူးခဲ့တာတွေ
အတူပျော်မြူးခဲ့တာတွေ
အမှတ်ရလို့ အောက်မေ့နေ ဘ၀ကတော့ ခြောက်သွေ့နေ
ဘယ်သူမှလဲ နားမလည်ကြဘူး
အသိစိတ်က ထိန်းချုပ်နေ မသိစိတ်ကသတိရနေ
ငါကိုယ်တိုင်တောင် နားမလည်တော့ဘူး

CHO:
ချစ်ခဲ့တာလား နင့်ကို ရူးခဲ့တာလား အချစ်ကို
ဟို အရင်လို နင်မရှိဘူး ငါ့မှာတော့ ယောင်ချာချာ တစ်ယောက်တည်းရူး
ချစ်ခဲ့တာလား နင့်ကို ရူးခဲ့တာလား အချစ်ကို
ဟို အရင်လို နင်မရှိဘူး ငါ့မှာတော့ ယောင်ချာချာ တစ်ယောက်တည်းရူး
ရူးနေပြီ....

Verse(2):
စိတ်ဓာတ်ကျအောင်လို့ ငါဘက်က လိုက်လုပ်နေလား
စိတ်ပျက်သွားအောင်လို့ တခါတလေမှာ ငါမှားခဲ့လား
ခဏလေးပါလား အတူသွားခဲ့တာတွေ အတူကစားခဲ့တာတွေ
နင်ပေးခဲ့တဲ့ အမှတ်တရတွေ ဝေးခဲ့တော့ တမ်းတနေ
ဘယ်သူမှလဲ နားမလည်ကြဘူး...
တိတ်တဆိတ် မင်းရောက်လာ တိတ်တဆိတ် မင်းထွက်ခွာ
ငါကိုယ်တိုင်တောင် နားမလည်တော့ဘူး...

CHO: x (2)



Download - (လိပ်ပြာဝှက်တမ်း - ဝိုင်းစုခိုင်သိန်း)


............

ပင်ပန်းတယ်

ယောင်္ကျားလုပ်သူထံ ထောင်ဝင်စာလာတွေ့ပြီး မိန်းမလုပ်သူသည်
ထောင်မှုးကြီးအားသွားတွေ့ကာ မေတ္တာရပ်ခံသည်။

“ထောင်မှုးကြီးရှင့်… ကျွန်မရဲ့ယောင်္ကျားကို ဒီထက်သက်သာတဲ့အလုပ်
မပေးနှိုင်ဘူးလားဟင်”

“စာအိပ်ပေါ်တံဆိပ်ကပ်ရတဲ့အလုပ်ထက်ပဲ သက်သာတာရှိဦးမလားဗျာ…”

“ဟုတ်တော့ဟုတ်ပါတယ်ရှင်…ဒါပေမဲ့..ညတိုင်းညတိုင်း တခြားထောင်သားတွေနဲ့အတူ
မြေအောက်လှိုင်ခေါင်းတူးရတာ ပင်ပန်းတယ်ပြောလို့ပါ”




...................

အရှက်ခွဲသူ

လုယက်မှု့ဖြင့်ထောင်ကျတစ်ဦး ရောက်လာသောမိန်းမထံမှစာကိုဖတ်ပြီး

တခြားထောင်သားများမမြင်အောင်ဝှက်လိုက်သည်။

“ဘာလဲ..အိမ်ရှင်မဆီက သတင်းမကောင်းဘူးထင်တယ်…”

“သတင်းမကောင်းတာကတော့ကွာ.. ပြောတောင်မပြောချင်တော့ဘူး….

ကျုပ်ရဲ့သားလေ..၂တန်းစာမေးပွဲကျလို့နောက်တနှစ်ဆက်နေရမယ်တဲ့…

မိဘတွေကိုတော်တော်အရှက်ခွဲတဲ့ကောင်”


.....................

Wednesday, March 4, 2009

Because Of You (or) အဘယ့်ကြောင့်ဆိုသော်

Kelly Clarkson ရဲ့ Because Of You သီချင်းနဲ့
ဖြူဖြူ ကျော်သိန်း
ရဲ့ အဘယ့်ကြောင့်ဆိုသော် သီချင်းလေးတွေပါ။
၂ပုဒ်စလုံး နားထောင်ရတာတော်တော်ကောင်းပါတယ်။

Kelly Clarkson ရဲ့ Because Of You သီချင်းကတော့ 2004 ကတည်းက
ထွက်နေတာပါ။Album Name ကတော့ Breakaway ပါ။













Download ( Kelly Clarkson ရဲ့ Because Of You )

Download ( ဖြူဖြူ ကျော်သိန်း ရဲ့ အဘယ့်ကြောင့်ဆိုသော် )




ကဲ... ဖြူဖြူ့အလှည့်...

အောက်ကစာသားတွေနဲ့ ပုံတွေကတော့ Forumတွေ နဲ့ Blogတွေမှာ သူ့ကိုကောင်းချီးပေးထားကြတာလေးတွေပါ..။ :P


သူသီချင်းဆိုရင် ကီးသွင်းပြီးမှဆိုတယ်နော် ... performance အရမ်းကောင်းတယ် ...
လူစင်စစ်ကနေ အတောင်တွေပေါက်တယ်... ကိုယ်ပေါ်မှာ ပါဝါရိန်းဂျား
လိုမျိုးအရောင်တွေလျှောက် ခြယ်ပြီး... စင်ပေါ်မှာ.. ဟိုဘက်လူး... ဒီဘက်လိမ့်တယ်...
ပရိသတ်ကိုခြောက်တယ်.......
:P
















......................

Tuesday, March 3, 2009

စကိတ်အဟောင်းလေး

တခါက သူငယ်ချင်း ၃ ယောက် ပါတီ ပွဲ မှအပြန် ကားမှောက်ပြီး
သေဆုံးသွားလေရာ ကောင်းကင်ဘုံ၌ ဘုရားသခင်ရဲ့စစ်ဆေးမှု့ ကိုဖြေကြားနေရပါတယ်........

ဘုရားသခင် ။ ။ မင်းတို့ လူ့ ဘ၀တုံးက အိမ်ထောင်ရေး ဘယ်နှစ်ကြိမ် ဖောက်ပြန်ခဲ့သလဲ..?

ပထမလူ ။ ။ တခါ မှ မကျူးလွန်ခဲ့ပါဘူး....အဖ ဘုရားသခင်။
ဒုတိယလူ ။ ။ ၃ ကြိမ် ကျူးလွန်ဘူးပါတယ် ...ခင်ဗျား။
တတိယလူ ။ ။ ၅ ကြိမ် ပါ....။

ဘုရားသခင် ။ ။အင်း...ဒါဆို အမိန့်ချမယ်..

- တခါမှ မကျူးလွန်ဘူးတဲ့ သူက ကောင်းကင်ဘုံမှာ စီးဖို့ မာစီဒီး တခါး ၆
ပေါက်ပါ ကားတစီး ပိုင်ဆိုင်စေ......

- ၃ကြိမ် ကျူးလွန်ထားသူကတော့... Mark II ၁စိးပိုင်စေ....

- ၅ကြိမ်သမားကတော့ ဆလွန်း တပတ်နွမ်း ပိုင်စေ....လို့အမိန့်ချမှတ်လိုက်သတဲ့။

သူငယ်ချင်း ၃ယောက် လဲ ပျော်ရွှင်စွာနဲ့ပဲ ပထမလူကိုချီးမွှန်းစကားပြောပြီး
ကိုယ်ရထားတဲ့ ကားအသီးသီးကို ယူပြီ နှုတ်ဆက်ထွက်ခွာသွားလေရဲ့။
တနေ့တော့ သူငယ်ချင်း ၃ ယောက် ကောင်းကင်ဘုံက မီးပွိုင့် မှာပြန်ဆုံကြတော့....
ပထမလူကို...သူငယ်ချင်း ၂ ယောက်က...

မင်းကတော့ ..ကောင်းကင်ဘုံမှာ အကောင်းဆုံး ကားကြီးကို စီးနေရတော့
ကံကောင်းလိုက်တာကွာလို့ ၀ိုင်းပြောနေကြတယ်...
ပထမလူက ..သူငယ်ချင်းတို့ရာ မင်းတို့ကမသိလို့ ငါ့ကိုပြောနေတာပါ....
မနေ့က ငါ့မိန်းမကို ကောင်းကင်ဘုံမှာတွေ့လိုက်တယ်ကွ....

"စကိတ်အဟောင်းလေးကို စီးလို့ကွာ"တဲ့....

................