ကမ္ဘာ့ကွန်ပျူတာတွေရဲ့ Operation Systemလောကမှာ အထင်ကရ
အဖြစ်ဆုံး(၂)ခုဟာ ထိပ်တိုက်တွေ့ဖို့ အလားအလာ များနေပါပြီ။
Microsoftရဲ့ Windows 7ဟာ အောက်တိုဘာ (၂၂)ရက်နေ့မှာ တရားဝင်
ရောင်းချတော့မှာဖြစ်ပြီး အဲဒီမတိုင်ခင် လပိုင်းအလိုမှာ
Appleရဲ့ Mac Operation Systemဖြစ်တဲ့ Snow Leopard
နောက်ဆုံးVersionလည်း ဩဂုတ်လ (၂၈)ရက်နေ့မှာ ထွက်လာခဲ့ပြီးဖြစ်ပါတယ်။
ခုလိုမျိုး Operation Systemကြီးနှစ်ခု နှစ်လလောက်ပဲခြားပြီး ဈေးကွက်ထဲ
တပြိုင်တည်းရောက်လာတာ တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ပါဘူး။
အပြန်အလှန် အားသာချက်တွေ ရှိခဲ့တဲ့ Microsoftနဲ့ Appleတို့ရဲ့ အားစမ်းမှုဟာ
Operation Systemနှစ်ခုရဲ့ အရည်အသွေးနဲ့ အနိုင်အရှုံး ဆုံးဖြတ်ရမလား
စဉ်းစားချင်စရာပါ။ Snow Leopardရဲ့ နောက်ဆုံးVersion 10.6ဟာ
လောလောဆယ်မှာတော့ အစမ်းအဆင့်နဲ့တင် နာမည်ကောင်းရနေပေမယ့်
Microsoftရဲ့ Windows 7ကတော့ Vistaတုန်းက ခြောက်လှန့်ခဲ့တဲ့ နာမည်ပျက်
လောင်းရိပ်ကြောင့် သုံးစွဲသူတွေ သံသယနဲ့ စူးစမ်းတာ ခံနေရတုန်းပါ။နောက်ပြီးတော့
Appleရဲ့ Operation Systemသစ်ဟာ Spywareကာကွယ်ရေးအတွက်
လျှို့ဝှက်Serviceတစ်ခု ထည့်ပေးထားတယ်ဆိုတာကလည်း အထင်ကြီးစရာ
ဖြစ်နေပါတယ်။
Snow Leopardအတွက် လိုအပ်ချက်များ
- Intel Processorတပ်ဆင်ထားတဲ့ Macကွန်ပျူတာ (Solo Coreရော Duo Coreပါ
32-bitအတွက်ပဲ သုံးနိုင်ဖို့ ကန့်သတ်ထားပါတယ်။ x86-64နောက်ပိုင်း
ကွန်ပျူတာတွေကတော့ 64-bitပါ သုံးနိုင်ပါတယ်)
- Memoryက 1GB RAM
- Hard Disk Spaceက 5GB
- DVD Drive
Windows 7အတွက် လိုအပ်ချက်များ
- Processor Speed 1GHzနဲ့အထက်
- Memoryက 32-bitအတွက် 1GB RAMနဲ့ 64-bitအတွက် 2GB RAM
- DirectX 9ကို ထောက်ပံ့နိုင်မယ့် 128MBအထက် Graphic အရည်အသွေး
- Hard Disk Spaceက 20GB
- DVD Drive
မရှေးမနှောင်း ဈေးကွက်ထဲ ရောက်လာကြမယ့် Operation Systemနှစ်ခုကြား
သိသာတဲ့ ခြားနားချက်တွေကတော့ အောက်မှာပါတဲ့အတိုင်းပါပဲ။Interface
ပုံသဏ္ဍန်ပိုင်းအရတော့ ထူးထူးခြားခြား ပြောင်းလဲမှုမျိုး (၂)ခုစလုံးမှာ မရှိနိုင်ပါဘူး။
Snow Leopardဟာ ဆွဲဆောင်မှုရှိခဲ့တဲ့ Mac Operation Systemတွေကို ပြန်ပြီး
အခြေပြု တည်ဆောက်ထားတာပါ။ Microsoftကလည်း Vistaဆီက ပုံစံကို
နည်းနည်းပဲ ပြန်ယူထားတယ်ဆိုပေမယ့် သိသိသာသာ ကွာသွားတာမျိုး မရှိနိုင်ပါဘူး။
Snow Leopardရဲ့ ပရိသတ်တွေအတွက် အဓိက interface မွမ်းမံမှုမျိုး
မမြင်ရပေမယ့် အရေးပါတဲ့ UI involving Exposeနဲ့ Dockအပိုင်းတွေမှာ
သေသေချာချာ တိုးမြှင့်ထားပါတယ်။
Microsoftကတော့ OSXရဲ့ လှပပြီး ဆွဲဆောင်မှုကောင်းတဲ့ ပုံစံကိုအတုယူပြီး
Transparentဖြစ်တဲ့ Aeroဒီဇိုင်းနဲ့ မွမ်းမံမှုတွေ ပြုလုပ်ထားမယ်လို့ ဆိုပါတယ်။
နောက်ပြီးတော့ DirectX 11ဟာ 3D Graphicတွေအတွက် ပိုပြီးလှပသပ်ရပ်
လာမယ်လို့ ဆိုပါတယ်။ Microsoftရဲ့ DirectX 11ဟာ Macရဲ့ Open CLနည်းပညာနဲ့
ဆင်တူပါတယ်။ Open CLဟာ Graphicနဲ့ဆိုင်တဲ့ စွမ်းဆောင်ရည်တွေကို CPUက
တာဝန်ယူပေးရတဲ့ ပမာဏကို လျှော့ချပေးထားတဲ့အတွက် CPUရဲ့သက်တမ်းကို
ပိုကြာစေပါတယ်။ DirectX 11နဲ့ Open CLတို့ဟာ နည်းပညာ ပြိုင်ဆိုင်မှုကြောင့်
Hardwareပိုင်း ထိခိုက်တာတွေ သက်သာစေတဲ့ အသီးအပွင့်ကို ရရှိစေခဲ့ပါတယ်။
Search
ရှာဖွေမှုအပိုင်းမှာတော့ Windows 7က Vistaမှာ သုံးထားတဲ့
Windows Search featureကိုပဲ ပြန်သုံးထားပါတယ်။ Start Buttonကို
နှိပ်လိုက်တာနဲ့ Search Barတစ်ခု ပွင့်လာမှာဖြစ်ပြီး Browserတွေမှာ
ရှာဖွေတဲ့ပုံစံမျိုးနဲ့ ဆင်တူတဲ့ စာလုံးတွေရိုက်ပြီး ရှာနိုင်မှာပါ။
ဥပမာ - စာလုံးတစ်လုံး၊ ဒါမှမဟုတ် စာလုံးအပိုင်းအစလောက်
ရိုက်ထည့်လိုက်တာနဲ့ သူနဲ့စပ်ဆက်သမျှကို Windows Search featureက
စာရင်းထုတ်ပြီး ပြပေးမှာဖြစ်ပါတယ်။ နောက်ပြီးတော့ Windows 7ရဲ့
Searchingပိုင်းမှာ Librariesဆိုတဲ့ featureတစ်ခု ပါလာပါတယ်။
အဲဒီfeatureဟာ ဓာတ်ပုံတွေ၊ Documentတွေကို စုဆောင်းပေးတဲ့အတွက်
Searchingကဏ္ဍမှာ ပိုပြီးလွယ်ကူ လျင်မြန်စေမှာပါ။
Snow Leopardမှာတော့ Desktop Searchကို ပိုကောင်းအောင် လုပ်ပေးထားပါတယ်။
Appleဟာ Searchingပိုင်းမှာ ခုထက်ပိုပြီး လွှမ်းမိုးနိုင်သင့်တယ်လို့ ဝေဖန်ခံရပေမယ့်
ကြီးကြီးမားမား ပြင်ဆင်တာမျိုး လုပ်မထားပါဘူး။ Snow Leopardမှာ Spotlightဆိုတဲ့
Searchingနဲ့ ပတ်သတ်တဲ့ Default Behaviorတွေကို ပြောင်းလဲနိုင်တဲ့ featureတစ်ခု
ပါလာပါတယ်။ ဒါကြောင့် လက်တလော ရှာဖွေမှုတွေလုပ်နေတဲ့ Folderတွေအပြင်
အရင်က Searchingလုပ်ထားတဲ့ Locationတွေကိုပါ သိနိုင်မှာပါ။ Searching
ကဏ္ဍမှာတော့ Microsoftရဲ့ Windows 7က သာနေတုန်းပါပဲ။
Architecture
Operation System နှစ်ခုလုံး 64-bitအတွက်ပါ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
ဒါပေမယ့် ဒီ့အတွက် ကွန်ပျူတာရဲ့ Memoryစွမ်းဆောင်ရည် ပမာဏကို တိုးပေးဖို့တော့
လိုပါလိမ့်မယ်။ ဒါမှသာ 32-bitမှာ အဆင်ပြေပြေ Runထားတဲ့ featureတွေဟာ
64-bitမှာပါ ချောချောမောမော အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Windows 7ဟာ
Home Basicနဲ့ Ultimate Versionတွေကို 32-bitရော၊ 64-bitပါ ပြောင်းလဲသုံးစွဲနိုင်ဖို့
စီစဉ်ပေးထားပါတယ်။ Windows 7 Ultimateဆိုရင် 64-bitမှာ Memoryပမာဏ
192GBအထိကို သိရှိနိုင်မယ်လို့ ဆိုပါတယ်။
Appleရဲ့ Operation Systemကတော့ ပိုပြီးတောင် ကောင်းသေးတယ်လို့ ပြောရမှာပါ။
ထောက်ပံ့သိရှိနိုင်တဲ့ RAMပမာဏဟာ 16TBထိတောင် ရှိနေပါတယ်။
ဒါကြောင့် Operation System နှစ်ခုလုံးမှာ RAMတိုးမြှင့်ချင်ပေမယ့် Platformက
လိုက်မမီတဲ့ ပြဿနာမျိုး ကြုံစရာ မရှိနိုင်သလောက်ပါပဲ။ Snow Leopardဟာ
Appleထုတ်ကုန် Applicationတွေဖြစ်တဲ့ iChat၊ iCal၊ Finderနဲ့ Safariတို့ကို
ထည့်ပေးထားပြီး 64-bitမှာပါတဲ့ featureတွေဟာ 32-bitထက် လုံခြုံမှု
မြင့်မားတယ်လို့ ကြေညာထားပါတယ်။
Desktop Navigation
Windows 7ဟာ Pinလို့ခေါ်တဲ့ featureတစ်မျိုး ပါလာပြီး Installလုပ်ထားတဲ့
ဘယ်Applicationကိုမဆို Taskbarပေါ်မှာ ဆွဲတင်ထားလို့ ရပါပြီ။ Snapsလို့ခေါ်တဲ့
featureကတော့ Windowsတွေကို ဘေးတိုက်ဆွဲယူပြီး Screenအစွန်းတွေထိ
စိတ်ကြိုက်ချိန်ညှိလို့ ရပါတယ်။ တကယ်လို့ Windowsတော်တော်များများကို
တပြိုင်တည်း ဖွင့်ထားမယ်ဆိုရင် ကိုယ်လက်ရှိ အသုံးပြုချင်တဲ့ Windowsကို
ရွေးပြီးတော့ တစ်ချက်လောက် Shakeလုပ်လိုက်ရုံနဲ့ ကျန်တဲ့Windowsတွေ
အကုန်လုံး Minimizeလုပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။
Appleမှာတော့ ကိုယ်ကြိုက်တဲ့ Applicationရဲ့ iconကို Dockပေါ် တင်ထား
လို့ရပါတယ်။ နောက်ပြီးတော့ ဖွင့်ထားတဲ့ Windowsတွေကို Thumbnailပုံစံမျိုး
ပြောင်းပြီးတော့ စိတ်ကြိုက်ရွေးနိုင်ပါတယ်။
Applicationတွေကို အစီအစဉ်တကျ စီပေးထားတဲ့အတွက်
ကိုယ်သုံးချင်တဲ့ Applicationကို ရွေးတဲ့အခါ ပိုပြီးတော့ မြန်ဆန်မှာဖြစ်ပါတယ်။
Security
လုံခြုံရေးအတွက်ကတော့ Appleရော၊ Microsoftပါ စိန်ခေါ်မှုတွေ ကြီးကြီးမားမား
ကြုံနေရတာပါ။ Windowsတွေကတော့ ပိုဆိုးပါတယ်။ Vistaတုန်းကဆိုရင်
Microsoftအတွက် တော်တော်လေး သိက္ခာကျစရာတွေ ကြုံခဲ့ရတာပါ။
ဒါကြောင့်လည်း Windows 7မှာတော့ Data Execution Preventionလို
featureမျိုး ထည့်ပေးထားပါတယ်။ လုံခြုံရေးပိုင်း တိုးမြှင့်ထားသလို
Compliancy requirementတွေကိုလည်း ထည့်ပေးထားပါတယ်။
Bitlockerကိုလည်း ပိုပြီးအဆင့်မြှင့်ပေးထားတယ်လို့ Microsoftက ဆိုပါတယ်။
Appleကတော့ လုံခြုံရေးပိုင်းမှာ Microsoftထက် နာမည်ကောင်းရှိပါတယ်။
နောက်ပြီးတော့ Operation Systemပိုင်းမှာ တည်ငြိမ်မှုလည်း အရမ်းကောင်းပါတယ်။
Snow Leopardမှာဆိုရင် Built-in ထည့်ပေးထားတဲ့ malwareကာကွယ်မှု စနစ်တစ်ခု
ပါလာတော့မယ်လို့ Appleက ကြေညာပြီးသားပါ။ နောက်ပြီးတော့ OS Xမှာပါခဲ့တဲ့
လုံခြုံရေးစနစ်တွေထဲက ကောင်းတာတွေရွေးပြီး ပြန်ထည့်ထားပါတယ်။
Library Randomization စနစ်ဆိုရင် memoryတိုက်ခိုက်ခံရတာတွေကို
ကာကွယ်ပေးနိုင်မှာပါ။ နောက်ပြီးတော့ Safari Browser၊ E-mailနဲ့ iChatတို့မှာ
သီးသန့် malwareကာကွယ်ရေး စနစ်တွေ ထည့်ထားပေးပါသေးတယ်။ ဒါကြောင့်
အင်တာနက်အသုံးပြုမှု လုံခြုံရေးမှာ ပိုပြီးစိတ်ချလာရမယ့် အနေအထား ရှိပါတယ်။
Networking Business Use
Windowsဟာ အမြဲတမ်းလိုလို Business PCတွေရဲ့ ရွေးချယ်ရာ
Operation System ဖြစ်ခဲ့တာပါ။ Windows 7မှာလည်း Business Classအတွက်
စိတ်အနှောင့်အယှက် ဖြစ်စရာ မရှိပါဘူး။ Offline domain-joining၊ Branch Cacheနဲ့
Direct Accessတို့လို featureတွေ Windows 7မှာ ပါလာဦးမှာပါ။ ဒါတွေက
Windows 7ကို Businessကဏ္ဍအတွက် အားကောင်းလှတဲ့ Operation System
အဖြစ် ဆက်ရှိနေစေမှာ မလွဲပါဘူး။ Home Groupတွေဖွဲ့ပြီး SOHO userတွေ
အနေနဲ့ချိတ်ဆက်မှုတွေ လုပ်နိုင်မှာပါ။ အရင်တုန်းက Windowsတွေမှာ
ဖြစ်ခဲ့တဲ့ Home networkingအဆင့် တိုးမြှင့်မှု လိုအပ်တာတွေနဲ့
Workgroup featureတွေ နည်းနေတာတွေကို Windows 7မှာ
ပြင်ဆင်ထားပါတယ်။
Snow Leopardနဲ့ ပတ်သတ်ပြီး Businessကဏ္ဍအတွက် ဆောင်ရွက်ထားတဲ့
သတင်းထူးကတော့ ငွေကြေးလဲလှယ်မှု လုပ်ငန်းတွေအတွက် Native Support
ပေးသွားမယ် ဆိုတာပါပဲ။ ဒါပေမယ့် Exchange 2007 Serverနဲ့ ချိတ်ဆက်ဖို့တော့
လိုပါလိမ့်မယ်။ Appleက Snow Leopardကို ရုံးသုံးကဏ္ဍအတွက်ပါ ရည်ရွယ်ခဲ့ကြောင်း
ပြောထားပြီး File Sharingလုပ်တာတွေ၊ Networkအတွင်းက တခြားကွန်ပျူတာတွေမှာ
ရှာဖွေတာတွေကို လုပ်ခွင့်ပေးထားတယ်လို့ ဆိုပါတယ်။
Upgrading Price
Mac OSXကို ၀ယ်ထားပြီးပြီဆိုရင် Snow Leopardအတွက် (၂၉)ဒေါ်လာ
ထပ်ပေးရမှာပါ။ ဒါပေမယ့် (၂၀၀၉)ခုနှစ်၊ ဇွန်လ(၈)ရက်နေ့နောက်ပိုင်းက
Mac OSကို ၀ယ်ထားသူတွေအတွက် Snow Leopardအဆင့်ကို မြှင့်ချင်ရင်
(၉.၉၅)ဒေါ်လာပဲ ကျသင့်ပါလိမ့်မယ်။
ဒါပေမယ့် အရင်Operation Systemဟောင်း Tigerကို အသုံးပြုထားသူတွေအတွက်
ကတော့ Snow Leopardအဆင့် မြှင့်ချင်ရင် (၁၆၉.၉၉)ဒေါ်လာ ပေးရမှာလို့
ဆိုပါတယ်။ ဒါတောင်မှ Tigerသုံးထားတဲ့ ကွန်ပျူတာဟာ Intelအခြေခံ
Macကွန်ပျူတာ ဖြစ်ရမှာပါ။
Microsoftကတော့ XP၊ Vistaတို့ကနေ တိုက်ရိုက်အဆင့်မြှင့်နိုင်အောင်
Windows 7ကို စီစဉ်ပေးထားပါတယ်။ Vistaကနေ Windows 7ဖြစ်လာဖို့
Home Premiumအတွက် (၁၁၉)ဒေါ်လာနဲ့ Ultimateအတွက်
(၂၁၉.၉၉)ဒေါ်လာ ကျသင့်မှာပါ။ ဒါမှမဟုတ်ဘဲ ကွန်ပျူတာအသစ်အတွက်
သီးသန့်ဝယ်မယ်ဆိုရင်တော့ Home Premiumအတွက် (၁၉၉.၉၉)ဒေါ်လာနဲ့
Ultimateအတွက် (၃၁၉.၉၉)ဒေါ်လာ ပေးရမယ်လို့ Microsoftက ကြေညာထားပါတယ်။
Source: CNN
.......................................................
No comments:
Post a Comment