Thursday, August 13, 2009

Lover ဆိုတာ.....

လွဲမှားမှုလေးတွေ......လွဲမှားမှုလေးတွေ........ ။ ဘာလွဲမှားမှုတွေလည်းဆိုတော့ဗျာ..
အင်္ဂလိပ်စာလွဲမှားမှုလေးတွေ ဗျ။ကျွန်တော် ဟိုတစ်နေ့က မြို့တော်တည်းမှာ
လျှောက်ကြည့်ရင်းနဲ့ “ချစ်သူ”ဆိုတာကို “lover” လို့ သုံးထားတာတွေ့ရတယ်ဗျာ။
အဲဒါ တစ်ခြားလူတွေတော်တော်များများလည်း ဒီလိုပဲဗျ။ “ချစ်သူ” ဆိုတဲ့
စကားလုံးကို “lover” လို့ ထင်နေကြတယ်။ အဲလိုပဲ လူတော်တော်များများ
သုံးနေကြတယ်။ love ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကတော့ချစ်တယ် တဲ့။
ဒါတော့ လူတိုင်းသိမှာပါ။ အင်္ဂလိပ်စာ word/verb တစ်ခု ကို
နောက်ကနေ -er,-or ဆိုတဲ့ နောက်လိုက်လေးတွေ ထည့်လိုက်ရင် nounဖြစ်သွားတယ်
ဆိုတာလေးကိုလည်း လူတိုင်းလိုလိုသိကြတယ်။
အဲ.. အဲဒီမှာ ပြဿနာစတာပဲ။ မမှန်ဘူးတော့မဟုတ်ပါဘူး။ မှန်ပါတယ်။
ဒါပေမယ့် ဒီ lover ဆိုတဲ့နေရာမှာကျတော့ မှားနေပြီဗျ။ ကျွန်တော်တို့ တွေက
love (ချစ်တယ်) ဆိုတာကို အစွဲပြုပြီး နောက်မှာ -er ထည့်လိုက်ရင် lover(ချစ်သူ)
ဖြစ်ပြီ ထင်နေကြတယ်။ အမှန်တော့ lover ဆိုတာက ချစ်သူမဟုတ်ပါဘူး။
အောက်မှာ definition ရေးပေးလိုက်ပါတယ်။

lover (noun) - a partner in a sexual relationship outside marriage
အဓိပ္ပါယ်ကတော့... လက်မထပ်ပဲ လိင်ဆက်ဆံ ပေါင်းသင်းနေတဲ့ အဖော်တဲ့ ခင်ဗျ။
ဒါဟာ Oxford Advanced Learner's Dictionary ထဲက အတိုင်း ဖော်ပြထားတာပါ။
အဲ.. ချစ်သူ ဆိုတာကို အင်္ဂလိပ်လိုပြောချင်ရင် ...
ယောက်ျားလေးကို ဆိုရင်တော့ boyfriend ပေါ့။
မိန်းကလေးကို ဆိုရင်တော့ girlfriend ပေါ့။

ဒီ Site မှာဝင်ပြီး definition ကိုရှာကြည့်နှိုင်ပါတယ်ခင်ဗျာ
Oxford University Press

ဆရာလုပ်တာတော့မဟုတ်ပါဘူးခင်ဗျာ။ကျွန်တော်လည်း အပြောခံရဘူးလို့
မှတ်မိသွားတာဗျ။ ကျွန်တော့် ကောင်မလေးကို lover လို့ ပြောမိတာ၊
ကံကောင်းလို့ဗျာ။ သူက အင်္ဂလိပ်စာတော်တော်ကောင်းတယ်ဗျ။
သူကတော့ သိတယ်။ ဒါကြောင့် သူလည်း ကျွန်တော့်ကို ပြင်ပေးတော့မှ
ကျွန်တော်လည်း သိသွားတာဗျ။ ဒါကြောင့်ဗျာ.. ဒါလို လွဲမှားမှုတွေ မဖြစ်ပါစေနဲ့ဗျာ။
lover နဲ့ boyfriend & girlfriend အဓိပ္ပါယ်က အကွာကြီးကွာတယ်နော်။
မှားမသုံးမိပါစေနဲ့ဗျာ။ နောင်ပြင်ပြီးသုံးနိုင်မယ်ဆိုရင် ကျွန်တော် ဒါလေးရေးရတာ
ရေးရကျိုးနပ်ပါပြီဗျာ။

စာကြွင်းလေးပါ။ ။ ကျွန်တော် ပြောဖို့တောင် တစ်ခု မေ့ကျန်ခဲ့တယ်ဗျ။
ကိုယ်ချစ်တဲ့သူကိုလည်း my love လို့ ပြောနိုင်ပါသေးတယ်။
He/She is mylove ဆိုရင်လည်း ချစ်နှစ်သက်တဲ့လူဆိုတာ သိနိုင်ပါတယ်။
You are my love ဆိုရင်လည်း မင်းဟာ ငါ့အချစ်လေး လို့ အဓိပ္ပါယ်ရပါတယ်။

သူငယ်ချင်းတစ်ယောက်ပို့ လာတဲ့ Froward Mail ကပါ။ သတိပြုစရာကောင်းလို့ 
မျှဝေပေးလိုက်ပါတယ်။



.................................

1 comment:

Anonymous said...

ဟားဟား၊ music lover ဆိုရင် သီချင်းနဲ့ လက်မထပ်ပဲ လိင်ဆက်ဆံသူ ဖြစ်သွားတော့မှာပဲ။ မဟုတ်ပါဘူးဗျာ။ lover ဆိုတာ ကိုယ်ချစ်ခင် မြတ်နိုးတဲ့ အရာ အားလုံးကို ခေါ်တာပါ။ လိင်ဆက်ဆံတဲ့ အဖော်လဲ ပါတာပေါ့။ ရိုးရိုးသားသား သီချင်းချစ်သူ တွေလဲ ပါတာပေါ့။