Thursday, March 12, 2009

သြော်.... ဝိတ်...ဝိတ် ဝိတ်

လူတိုင်းအတွက် အသက်ရှည်စေတဲ့ ဆောင်ပုဒ်ကတော့
လေရှု ၊ လမ်းလျှေက် ၊ ရေပိုသောက် ၊ ဆီငန်သကြား လျှော့လို့စား ဖြစ်ပါတယ်။
The Longer Your Belt, The Shorter your Life..
ခါးပတ်ရှည်လေ..အသက်တိုလေဖြစ်ပါတယ်..
ကိုယ်အလေးချိန်ပုံမှန်ရှိသူတွေ ၊ အိုဗာဝိတ်တွေ ၊ အဝလွန် နေသူတွေအတွက် လေ့ကျင့်ခန်းလေးတွေရေးလိုက်ပါတယ်…

(1).လူတစ်ယောက် ထိုင်ခုံမှာထိုင်နေရင် တစ်နာရီလောင်ကျွမ်းတဲ့ ကယ်လိုရီမှာ 80 Cal/hr ဖြစ်ပါတယ်။
(2).တစ်နာရီကြာ ဘော်လီဘော ကစားရင်(သို့) တစ်နာရီကြာ ဝိတ်မမယ်ဆိုရင် လောင်ကျွမ်းတဲ့ ကယ်လိုရီမှာ 215 Cal/hr ဖြစ်ပါတယ်။
(3). တစ်နာရီကြာ ဂေါက်ရိုက်ရင် လောင်ကျွမ်းတဲ့ ကယ်လိုရီမှာ 80 Cal/hr ဖြစ်ပါတယ်။
(4). တစ်နာရီ(4) မိုင်နှုန်းနဲ့ တစ်နာရီ လမ်းလျှေက်ရင် 325 Cal/hr ဖြစ်သွားပါပြီ။
(5). တစ်နာရီကြာ လှေလှော်မယ်ဆိုရင်တော့ 360 Cal/hr ဖြစ်ပါတယ်။
(6). တစ်နာရီကြာ ချစ်သူနဲ့ နှစ်ပါးသွားကမယ်ဆိုရင်တော့ 390 Cal/hr ပါ။
(7). တစ်နာရီကြာ တောင်တက်မယ်ဆိုရင် 430 Cal/hr ဖြစ်ပါတယ်။
(8). Aerobic တစ်နာရီကြာ ကစားရင်တော့(သို့) တစ်နာရီ တင်းနစ်ရိုက်ရင် 505 Cal/hr ဖြစ်ပါတယ်။
(9). တစ်နာရီကြာ စကိတ် စီးတာပဲဖြစ်ဖြစ် ဟော်ကီကစားတာပဲဖြစ်ဖြစ် 575 Cal/hr လောင်ကျွမ်းပါတယ်။
(10). တစ်နာရီကြာ ကရာတေးဒို ကစားတာဖြစ်စေ.. စက်ဘီးကို တစ်နာရီ(15)မိုင်နှုန်းနဲ့ တစ်နာရီကြာ စီးတာဖြစ်စေ.. တစ်နာရီ(6)မိုင်နှုန်းနဲ့ ပြေးတာဖြစ်စေ 750 Cal/hr လောင်ကျွမ်းပါတယ်။
(11). ရေကူးတာကတော့…790 Cal/hr နှုန်းနဲ့ လောင်ကြွမ်းမှု့အများဆုံးဖြစ်ပါတယ်..။


ကဲ..ကြိုက်တဲ့လေ့ကျင့်ခန်းကို ရွေးချယ်နှိုင်ပါပြီ……. :P


............

6 comments:

Anonymous said...

I'll choose No.6 :P

Anonymous said...

ဒါဆိုရင်တော့ အထိုင်လျှော့မှ ဖြစ်တော့မယ် ဗျို့ ကျနော်က ၂၄ ရက်နေ့ မွေးတာဆိုတော့.. ဗေဒင်ဆရာကပြောတယ်ဗျ ၂ နဲ့ ၄ ပေါင်း ၆
".. ၆..ဂဏန်းသမားတဲ့ဗျ...

Welcome said...

ဟိုက်ရှလပတ်ရည်
ထိုင်နေရင်တောင် ကယ်လိုရီ ၈၀ လောက် လောင်သွားတယ်။ ၅ နာရီဆိုတော့ မနည်းဘူးပဲ။
ဇောက်ထိုးနေမှပဲ .. ..

(ဒီထဲမှာ ဇောက်ထိုးနေရင် ကုန်မည့် ကယ်ရိုရီ တန်ဖိုး မပါဘူး)

အဟိ အလန်းလေးတွေ ဖတ်သွားတယ်

Anonymous said...

ကို Hard ရေ...ကျွန်တော်လဲ.. Dec 15 မွေးတာဆိုတော့.. အဟီး...၆..ဂဏန်းသမားပဲဗျ..

ZawPhyoWai said...

ကိုဝင်းဇော်ရေ... သိပ်ပြီးမပျော်နဲ့ဦးဗျ ဟီးဟီး .. ထိုင်နေရင်း ကော်ဖီသောက်တယ်မဟုတ်လား ... အဲ့ဒီ့ကော်ဖီထဲမှာ တစ်နေ့တာလိုအပ်တဲ့ ကယ်လိုရီ ထက် ငါးဆပိုပါဝင်နိုင်တယ်တဲ့ .. ပြီးတော့..ရေခဲမုန့် တစ်ခွက်ကလဲ calories 1000 ဆိုတော့ ရေခဲမုန့် စားပြီးရင်... တောင်တက်ပြီးရေကူးဖို့သာပြင်ထား.. ဟီး..

♥ Acacia ♥ said...

ဘုရား.. ဘုရား... ဘယ်ဟာ အသက်သာဆုံးလဲဟင်..?