သာမန်လူတွေတောင် မနဲတက်ရတဲ့ ရသေ့တောင် ကနေ ရင်ပြင်တော် အထိကို
သူမှာတော့ နေ့တိုင်း တက်လိုက်ဆင်းလိုက်နဲ့ ဝမ်းစာအတွက် အလုပ်လုပ်နေရတယ်...
စပါးကြီးမြွေ
အဲ့ဒီ့ အချောင်းလေးက လူတွေ..သတ္တဝါတွေကို ညို့တဲ့ အချောင်းလေးတဲ့......
လေးချောင်းထောက်လိပ်ပြာ
ဘာလိပ်ပြာမျိုးစိတ်မှန်းတော့မသိဘူး... ဒါပေမဲ့ နားရင် အဲ့ဒီ့လို မတ်တတ်ကြီး
ခြေထောက်လေးချေင်းထောက်ပြီး နားတယ်..... ကျွန်တော်တို့တည်းတဲ့
ကျိုက်ထိုHotel နားနဲ့ ရင်ပြင်တော် နေရာတော်တော်များများမှာတွေရတယ်....
ဂျီသား
ကျီးကန်းပါးစပ် နဲ့ ရေတံခွန် သွားတဲ့လမ်းဆုံက ဦးတရုပ်ကြီး ဆိုင်မှာတွေ့ရတာ...
ဆိုင်ရှင်ကပြောတယ် ... လတ်တယ်တဲ့ ..မနေ့ကမှမုဆိုးတယောက်လာပို့ထားတာတဲ့...
ဂျီ / ဆတ်သားဖုတ်၁ဝသား = ၃၅၀၀ ကျပ် ...
မျောက်သားပေါက်လေး...
သင်းခွေချပ်
ကလေးဘဝ ကနေ အခုချိန်ထိ သင်းခွေချပ်ကို ပထမဆုံး အကြိမ်ကိုင်ဖူးခြင်းပဲ...
သင်းခွေချပ် ပိုင်ရှင်ကပြောပြတယ်.... ဒီကောင်တွေအသက်က နှုတ်သီးတဲ့..
အဲ့ဒါကြောင့် ရန်သူနဲ့တွေ့ရင်ပဲဖြစ်ဖြစ် ...အန္တရယ်နဲ့ကြုံရင်ပဲဖြစ်ဖြစ်...
နှုတ်သီးကိုအရင်ဖွက်တတ်ကြတာတဲ့.. ဟုတ်တော့လည်ဟုတ်တယ်...
တစ်ကိုယ်လုံးအကြေးခွန်တွေချည်းပဲ... နှုတ်သီးနားလေးပဲ အကြေးခွန် မရှိတာ။
သူတို့ရဲ့ခန္တာကိုယ်တည်ဆောက်ဖွဲ့စည်းပုံကလဲ အရမ်းဆန်းကြယ်တယ်။
အန္တရယ်နဲ့ကြုံလာတာနဲ့ နှုတ်သီးကိုဖွက်ပြီးခွေလိုက်ရင် အလုံးကြီးဖြစ်သွားရော...
အကြေးခွန်တွေ ကလဲမာတောင်နေတာပဲ.. ကဲ...အဲ့ဒီ့တော့ဘယ်အကောင်ကိုက်ကိုက်
အေးဆေး....အကြေးခွန်တွေ ကိုကျုံ့ထားလိုက်ရင်လဲ တစ်ခုနဲ့တစ်ခုထပ်ပြီးရေတောင်
မဝင်နှိုင်ဘူးလို့ ..သင်းခွေချပ် ပိုင်ရှင်ကပြောပြတယ်။ အကြေးခွန်တွေကသာ
ကျောက်ခဲလိုမာတောင်နေတာ အတွင်းထဲကအသားလေးတွေကျတော့
တော်တော်နူးညံ့တယ်..။
လသာတဲ့ညတွေရောက်လို့ လရောင်ထဲမှာသင်းခွေချပ်ရဲ့အကြေးခွန်တွေကို
တစ်ခုချင်းဆီ လိုက်ကိုင်ကြည့်လို့... လ ကချက်ချင်းကြီးဝင်သွားရင် အဲ့ဒီ့အကြေးခွန်ကို
မှတ်ထားပြီး ဆောင်ထားရင် ကိုယ်ဖျောက်နှိုင်တယ်လို့ရှေးအယူအဆ ရှိခဲ့တယ်လို့လဲ
သင်းခွေချပ် ပိုင်ရှင်ကပြောပြတယ်။ သူ့ရဲ့အစာကတော့ ပုရွက်ဆိတ် ၊ ခြ နဲ့
တခြားပိုးကောင်လေးတွေတဲ့....။ဒီကောင်ကတော့ တစ်နေ့လုံးအိမ်အောက်ဝင်ပြီး
တူးဆွနေတာပဲလို့ ပိုင်ရှင်ကပြောပြတယ်။
ရှည့်
ကျောက်ကား
ကျိုက်ထီးရိုးစေတီတော်ပုံစံ ဆင်တုံးမနွယ်ဥ
ဝါးညီနောင်
ဆောင်ထားရင် မီးကွင်းတယ်လို့ပြောတယ်...
အိမ်ကို သူခိုးကပ်ရင် တောက်တောက်တောက်တောက် နဲ့လဲအချက်ပေးတတ်တယ်တဲ့
ရောင်းမလားလို့ပြောတော့.... Noပါ တဲ့......
သမုဒ္ဓရာ ဝမ်းတစ်ထွာ
တောင်တက်ကားခ
..............................
3 comments:
ကျိုက်ထီးရိုးကို ပြီးခဲ့တဲ့ အပတ်က သွားမလို့ အစီအစဉ်ပျက်သွားတယ်။ ဓာတ်ပုံတွေ ဝေေ၀ဆာဆာ တင်ထားလို့ ကျေးဇူး။
http://winzaw-mdy.blogspot.com
မုန်းတယ်၊ ဒီနှစ်တော့ ငါမပါဘဲ သွားကြတယ်ပေါ့။ အရမ်းသတိရတာဘဲ၊ အရင်နှစ်ကခ၇ီးစဉ်ကို။ ငါတို.တွေလဲ အခုတော့ တစ်ယောက်တစ်နေရာ.....လွမ်းတယ်ဟာ
ဓာတ်ပုံတွေ အစုံနဲ့ ကိုယ်တိုင် ခရီးထွက် ရလိုပါပဲလားဗျ.. ကျေးဇူးပါ အဆန်းတွေ တစ်ခါမှ မမြင်ဖူးဘူးဗျ.. ကျိုက်ထီးရိုးလဲ တစ်ခါမှ မရောက်ဖူးသေးဘူး..
Post a Comment