Tuesday, December 23, 2008

ကုလားကားတွေမရှိရင် ဘယ်တော့မှမသိနိုင်မယ့်အချက်များ

Reff : Forward Mail

မင်းသားနဲ့မင်းသမီးဟာ မိုးရေထဲမှာ အရင်မ“က”ရသေးသရွေ့ ချစ်သူမဖြစ်ရပါဘူး။

မိတ်ကပ်တွေဟာလည်း တစ်ခါလိမ်းပြီးရင် မိုးရွာရွာ နေပူပူ ဘယ်လိုအခြေအနေမှာ
ဖြစ်ဖြစ် ဒီအတိုင်းပဲရှိနေပါတယ်။

မင်းသားနဲ့မင်းသမီး ချစ်သူနှစ်ယောက် ကွင်းပြင်ထဲမှာကနေတုန်း ရုတ်တရက်
(ဘယ်ကရောက်လာသလဲဆိုတာ ဘုရားပဲ သိနိုင်တဲ့)လူ(၁၀၀)လောက်
ထွက်လာပြီး သူတို့နဲ့အတူ ၀င်ကလေ့ရှိပါတယ်။

မင်းသားဟာ အပြင်းထန်ဆုံး အရိုက်အနှက်ခံနေရချိန်မှာတောင်
နာကျင်ပုံမပြပေမယ့် မင်းသမီးက အနာကို သန့်စင်ပြီးဆေးထည့်ပေးတဲ့
အခါမှာတော့ နာကျင်ပြီးတွန့်သွားတတ်ပါတယ်။

ဇာတ်သိမ်းခန်းကျရင် မင်းသားဟာ သူနဲ့တိုက်ခိုက်နေတဲ့လူဆိုးက
သူ့အစ်ကိုဖြစ်ကြောင်း၊ သူ့ကိုကြည့်ရှုစောင့်ရှောက်နေတဲ့
အိမ်ဖော်မိန်းမကြီးက သူ့အမေဖြစ်ကြောင်း၊
ရဲအရာရှိကြီးက သူ့အဖေဖြစ်ကြောင်း၊
တရားသူကြီးက သူ့ဦးလေးဖြစ်ကြောင်း စသည်ဖြင့် စသည်ဖြင့်
ဖော်ထုတ်သိရှိသွားတတ်ပါတယ်။

ရုပ်ရှင်ထဲက စကားတွေကြားမှာ ခပ်ကျယ်ကျယ်ပြောပြီး
အများဆုံးညှပ်သုံးတတ်တဲ့ အင်္ဂလိပ်စကားလုံးတွေကတော့
့“Sorry”, “My God!”, “Get Out!”, “Shut Up!”,
“Impossible” နဲ့ “No Problem”တို့ဖြစ်ပါတယ်။

မင်းသား မင်းသမီးတွေဟာ သီချင်းဆိုနေတုန်းမှာပဲမြေကြီးပေါ်လှဲချပြီး
လူးလှိမ့်နိုင်သလို အ၀တ်အစားတွေလဲ အမျိုးမျိုးပြောင်းနိုင်ကြပါတယ်။

သူတို့တွေဟာ အုန်းပင်တွေကြားမှာ ပြေးလွှားခြင်း၊ သီချင်းဆိုခြင်း၊
မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်လုပ်ခြင်း၊ တစ်ယောက်နဲ့တစ်ယောက်
ဖြတ်ကနဲ အကြည့်ချင်းဖလှယ်ခြင်း၊ အ၀တ်အစားလဲခြင်းများကို
တပြိုင်ထဲမှာ လုံးဝမမောမပန်းဘဲ လုပ်နိုင်ကြပါတယ်။

......................

No comments: