ဗြိတိန်နဲ့ ဩစတြေးလျက သိပ္ပံပညာရှင်တွေက တိရစ္ဆာန်မစင်တွေမှာ နေထိုင်ကျက်စားလေ့ရှိကြတဲ့ အဲဒီ
အခွံမာချေးပိုးထိုး (Dung Beetle)လေးတွေရဲ့ စွမ်းဆောင်မှုဟာ ကိုယ်အလေးချိန် (၁၅၄) ပေါင်ရှိတဲ့လူ တစ်ယောက်က နှစ်ထပ်ဘတ်စ်ကား (၆)စင်းစာရှိတဲ့ တန်(၈၀) အလေးချိန်ကို မပြတာနဲ့ အတူတူပဲလို့ ပြောကြားလိုက်ကြပါတယ်။ ခုလိုမျိုး ထက်သန်အားကောင်းလှတဲ့ စွမ်းပကား ခွန်အားမျိုးဟာ ချေးပိုးထိုး ကောင် မျိုးစိတ်တိုင်းလိုလိုမှာ တွေ့ရလေ့ ရှိပေမယ့် သူတို့ရဲ့ မိတ်လိုက်မှု အလေ့အထုံအရ စွမ်းအားသတ္တိ ကွာခြားတတ်ပါတယ်။သဘာဝအားဖြင့်တော့ ချေးပိုးထိုးကောင်တွေဟာ မိတ်လိုက်ခါနီး အချိန်တွေမှာပိုပြီး အားအင်တိုးပွားလာတတ်တယ်လို့ သိရပါတယ်။
“အရင်ကတည်းက အင်းဆက်ပိုးတွေက သူတို့ရဲ့ လိင်မှုဘ၀အတွက် အားအင်ကိုပိုပြီး အသုံးချတတ်တယ် ဆိုတာ ကျွန်တော်တို့ ဖော်ထုတ်ထားနိုင်ပြီးသားပါ”လို့ လန်ဒန်တက္ကသိုလ်မှာရောက်နေတဲ့ ဩစတြေးလျ နိုင်ငံ၊ကွင်းမေရီက ဒေါက်တာရော့ဘ်နဲလ်က ပြောပြခဲ့ပါတယ်။ “ဒီမျိုးစိတ် ချေးပိုးထိုးကောင် တွေမှာတော့ အမတွေက မြေကြီးမှာ တွင်းတူးပြီး ၀င်နေလေ့ရှိပါတယ်။ အထီးတွေကတော့ အဲဒီတွင်းထဲ ၀င်လိုက်သွားကြ တာပေါ့။ တကယ်လို့ တွင်းထဲမှာတခြားအထီးတစ်ကောင်ရှိနေပြီဆိုရင်တော့ သူတို့အချင်းချင်း တိုက်ခိုက်ပြီး တခြားတစ်ကောင်ကို တွင်းအပြင်ရောက်သွားအောင် တွန်းထုတ်တတ်ပါတယ်”လို့ ဒေါက်တာရော့ဘ်နဲလ်က ဆိုပါတယ်။
အဲဒီလို တွန်းထိုးတိုက်ခိုက်တဲ့အခါ ချိုပါတဲ့ ချေးပိုးထိုးလေးတွေဆီက ထွက်လာတဲ့ခွန်အားဟာ အရွယ်နဲ့မမျှ အောင် ပြင်းထန်လှကြောင်းလည်း သိရပါတယ်။ ဒါဟာလိင်စိတ်က သတ္တ၀ါတွေရဲ့စွမ်းအင်သတ္တိ ထူးတွေကို နှိုးဆွပေးနိုင်တယ်ဆိုတဲ့ အထောက်အထားတစ်ခုလို့ ပြောရင်လည်းရကြောင်း ဒေါက်တာရော့ဘ်နဲလ် က မှတ်ချက်ပေးသွားပါသေးတယ်။
Credit : www.planet.com.mm
..........................
No comments:
Post a Comment