Monday, January 19, 2009

တရားတော်မြတ်

Ref : Forward Mail


ကျွန်တော်အိမ်ကနေ ထွက်လာတော့ Dufife Scotch Whiskyတလုံးယူုလာတယ်။
တာမွေကို ရောက်တော့ တရားပွဲဆိုင်းဘုတ်ကို တွေ့တော့စူးစမ်းချင်တဲ့ စိတ်နဲ့
ဆိုင်ကို မ၀င်သေးဘဲ၊ တရားပွဲ ရှိတဲ့ ဓမ္မာစိန္တလမ်းဘက်ကို လျှောက်သွားမိတယ်။

အဲဒီလမ်းကို မရောက်ခင်မှာဘဲ၊အဝေးကြီးတည်းက လူတွေအများကြီးထိုင်နေတာကို
မြင်နေရတယ်။ Projector အကြီးကြီးတခုကိုလည်း လှမ်းမြင်နေရတယ်။
ကျွန်တော် ဒီလိုနဲ့လျှောက်လာရင်း၊ တရားဟောမဲ့လမ်းကို ရောက်လာတော့၊
လူ ၂သောင်းလောက်၊ လမ်းဟိုဘက်ထိပ်၊ ဒီဘက်ထိပ်ထိအပြည့်ထိုင်နေတာကို
တွေ့တော့ ကျွတ်သွားတယ်။ နောက်ထပ် Projector ၃လုံးကို လမ်းတလျှောက်မှာ
ချထားတယ်။ ဟိုးဘက်လမ်းထိပ်က တရားဟောမယ့်စင်ကို သေးသေးလေးဘဲ
မြင်နေရတယ်။ Projector တွေသာချမထားရင် ဘာမှမြင်ရမှာမဟုတ်ဘူး။

လေးဖြူ ရိုးပွဲလောက်တော့ သနားတယ်ဖြစ်သွားတယ်။ လမ်းထဲမှာ အပေါ်ကနေ
တန်းထားတဲ့ တံခွန်ကြိုးတွေမှာ 'သီတဂူ' လို့ရေးထားတာတွေ့မှ၊ သီတဂူဆရာတော်
ဘုရားကြီး ဟောမှာဆိုတာသိသွားတယ်။MRTV-4 မှာဘဲမြင်ဘူးတဲ့ ဆရာတော်ကြီးကို
ကျွန်တော်လည်းမြင်ဘူးချင်နေတာနဲ့၊ ဆရာတော်ကြီးကို ဖူးအုံးမှဘဲဆိုပြီး၊
ရပ်နေမိတယ်။အဲဒီအချိန်မှာဘဲ တာဝန်ရှိသူတွေက ဆရာတော်ကြီး ကြွလာပါပြီ၊
နေရာဖယ်ပေးကြပါ ဆိုပြီး ပြောကြပါတယ်။

ဆရာတော်ကြီးရဲ့ ကားဝင်လာပြီး၊ ဆရာတော်ကားပေါ်ကဆင်းလာတော့
အင်္ကျင်္ီအဖြူနဲ့ပုဆိုးဝတ်ထားတဲ့ ယောင်္ကျားလေး ၁၀ယောက်လောက်က ဆရာတော်ကို
ရွှေထီးတွေ မိုး၊ သာသနာ အလံတော်တွေကို ကိုင်ပြီး၊ တရားဟောမဲ့ စင်ကို ပင့်ပါတယ်။
အဲဒီ အချိန်မှာ သီတဂူ တရားတော်သီချင်းကိုဖွင့်ထားပါတယ်။

ဆရာတော်ကြီး ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် တရားစင်မြင့်ဆီကိုကြွသွားတာကို
ကျွန်တော်ကြည့်ရင်း၊ မြတ်စွာဘုရား တာဝတိ့သာမှာ စင်္ကြ၀ဌာတံတိုင်းအထိ၊
ဗြာဟ္မာ နတ်လူ ပရိသတ်အပြည့် နဲ့ ဟောတဲ့ အဘိဓ္ဘာန်တရားပွဲကို မြင်ယောင်မိပါတယ်။
စိတ်ကူးနဲ့တွေးရင်တောင် မပြည့်စုံနိုင်လောက်အောင် ကြီးကျယ်ခမ်းနားပါတယ်။
ဇေတ၀န်ကျောင်းတော်၊ပုပ္ပဒ္ဒါရုံကျောင်းတော်တွေက မြတ်စွာဘုရားရဲ့တရားပွဲတော်
တွေကိုလည်း မျက်စိထဲမြင်လာတယ်။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ သဒ္ဓါတရား၊ ကြည်ညိုကိုင်းရိုင်းမူတွေကို နဖူးတွေ့၊
ဒူးတွေ့မြင်ရတော့ ရင်ထဲမှာ ပြောမပြနိုင်လောက်အောင် ကြည်နူးမိတယ်။
ဟိုဘက်လမ်းထိပ်က တရားစင်ကို ရောက်ဖို့ ဆရာတော်ကြီး ငါးမိနစ်လောက်
လျှောက်ရပါတယ်။ ဆရာတော်ကြီး တရားစင်မြင့်ပေါ်ကို ကြွနေတာကို
Projector တွေကပြနေပါတယ်။ ဆရာတော်ကြီး တရားစင်မြင့်ထက် ထိုင်ပြီး
မကြာမှီမှာ၊ ကြေငြာသူတယောက်က လှူတန်းသူမျာရဲ့ နာမည်များကို ခေါ်ပြီး၊
ဆရာတော်ကြီးက လှူတန်းမူ့ သ၀ဏ်လွှာများကိုလှူတန်းသူများကို
တယောက်ချင်း ချီးမြှင့်ပါတယ်။

ကျွန်တော်လည်း ပွင့်ခဲ့ဖူးတဲ့ ဘုရားတွေ၊ သံဃာတော်အားလုံးကို
ရည်စူးပြီး တတ်အားသမျှ လျှူလိုက်တော့၊ ၀မ်းသာကြည်နူးမိတယ်။
အဲဒီနောက် တရားပွဲ စပါတယ်။ ပရိသတ်က လမ်းတလျှောက်လုံး
အခင်းတွေပေါ်အပြည့်မို့လို့ ၊ ထိုင်စရာမရှိလို့ မတ်တပ်ရက်ပြီး
တရားနာတဲ့သူတွေရှိသလို၊ လမ်းပေါ် ဖိနပ်ခုထိုင်ပြီးတရားနာတဲ့သူတွေ
အပြည့်ပါ။

ကျွန်တော်အစက လက်ထဲမှာ အရက်ပုလင်းကြီးကိုင်ထားတာ
မကောင်းလို့ ခဏဘဲ တရားနာပြီးပြန်မလို့ပါ။ ဒါပေမဲ့ ဆရာတော်ကြီးဟောတဲ့
မြတ်ဗုဒ္ဓတရားတော်တွေက အဆုံးထိခေါ်ဆောင်သွားလို့...........

ထူးထူးခြားခြား အရက်ပုလင်းကိုင်ပြီး တရားနာခဲ့ရလို့ ....
အမွန်မြတ်ဆုံး ဓမ္မဒါန အဖြစ်....

.........

2 comments:

ဒေါင်းမင်း said...

အဲဒါကိုzawphyowaiကိုယ်တိုင်အဖြစ်အပျက်လား..
ဟီးအရက်ပုလင်းကိုင်ပြီးတရားနာခဲ့တာ..တကယ်ကို့
မွန်မြတ်ပါပေတ.ယ်.ဆရာတော်ဟောကြားတဲ့တရားတော်မြတ်နဲ့.အရက်ဆိုင်သွားဖို့ပြင်နေသူတစ်ယောက်တရားတော်ကိုစိတ်ကြည်ဖြူထက်သန်စွာနဲ့တရားနာခဲ့တာကိုသာဓုခေါ်ပါတယ်..
ဒေါင်းမင်း

Welcome said...

သီတဂူဆရာတော်ကြီးရဲ့
တရားတွေ အကုန်နားထောင်ဖြစ်တယ်။
ဆရာတော်ကြီးရဲ့ တကယ့်အာသီတက
ဗုဒ္ဓဘာသာဝင်တိုင်း
အခြေခံဗုဒ္ဓကို သိရှိသင့်ပြီး၊ ဒီဗုဒ္ဓဘာသာကြီး
(ထေရ၀ါဒ)အဓွန့်ရှည် တည်တံ့ဖို့၊ မမှေးမှိန်ဖို့ကို
အားကြိုးမာန်တက်နဲ့ တရားပွဲတွေ လိုက်ဟော နေပါတယ်။ သာဓုခေါ်ပါတယ်။
(ပုလင်းလေး လက်ကမ်းလိုက်ပါ)